ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၇၂

27.09.2020

လူသားမျိုးနွယ်သည် ငါ၏နွေးထွေးခြင်းကို တွေ့ကြုံခံစား ခဲ့ရသည်၊ ၎င်းတို့သည် ငါ့ကိုစိတ်ရင်းမှန်နှင့် အစေခံခဲ့ကြပြီး ငါ၏ မျက်မှောက်တွင် ငါ့အတွက် အရာခပ်သိမ်းကို လုပ်ဆောင်လျက် ငါ့ကို စိတ်ရင်းမှန်နှင့် နာခံခဲ့ကြသည်။ သို့သော်လည်း ယနေ့ကာလ၏ လူများသည် ဤဖြစ်တည်ခြင်း သဘောကို ရောက်ရှိခြင်းငှာ တစ်နည်းနည်းနှင့် အောင်မြင်စွာ မဆောင်ရွက်နိုင်ဘဲ ရှိသည်၊ အူလိမ်မတတ် ဆာလောင်နေသော ဝံပုလွေ၏ အတင်းအကြပ် လုယူသွားခြင်းကို ခံခဲ့ရသည့်အလား ၎င်းတို့သည် မိမိတို့၏ ဝိညာဉ်အတွင်း၌ ဝမ်းနည်းပူဆွေးရုံသာ တတ်နိုင်သည်။ ၎င်းတို့သည် ကူညီပေးပါရန် ငါ့ကို မရပ်မနား ဟစ်အော်လျက် အားကိုးရာမဲ့စွာနှင့် ငါ့ကို ကြည့်နိုင်ရုံသာ ရှိသည်၊ သို့သော်လည်း အဆုံးတွင်မူ ၎င်းတို့သည် မိမိတို့၏ အကျပ်အတည်းမှ လွတ်မြောက်ရန် မစွမ်းနိုင်ဘဲ ရှိသည်။ အတိတ်ကာလမှ လူတို့သည် ငါ၏ မျက်မှောက်၌ ငါ၏ ကြင်နာခြင်းကို ၎င်းတို့၏ ချစ်ခင်တွယ်တာမှုနှင့် ပြန်လည်ပေးဆပ်ရန် ကောင်းကင်နှင့် မြေကြီးကို တိုင်တည် ကျိန်ဆိုလျက် ငါ၏ မျက်မှောက်တွင် မည်ကဲ့သို့ ကတိများ ပေးခဲ့ပုံကို ငါပြန်အောက်မေ့သည်။ ၎င်းတို့သည် ငါ၏ ရှေ့မှောက်တွင် ဝမ်းနည်းပက်လက် ငိုကြွေးခဲ့ကြပြီး ၎င်းတို့၏ ငိုကြွေးသံများသည် ကြေကွဲဖွယ်ရာဖြစ်ပြီး ခံရခက်လှသည်။ လူသားမျိုးနွယ်ကို ၎င်းတို့၏ စိတ်ပိုင်းဖြတ်မှုအပေါ်အခြေခံ၍ ငါ၏ အကူအညီကို မကြာခဏပင် ငါသည် ချပေးခဲ့သည်။ မေ့ပျောက်နိုင်ရန် ခဲယဉ်းသော ချစ်ချင်စဖွယ် ဟန်ပန်နှင့် လူတို့သည် ငါ့ထံ၌ ကျိုးနွံနာခံရန် ငါ၏ ရှေ့မှောက်သို့ အကြိမ်ပေါင်း မရေမတွက်နိုင်အောင်ပင် လာခဲ့ကြသည်။ မယိမ်းယိုင်သော သစ္စာစောင့်သိမှုနှင့် ၎င်းတို့သည် အကြိမ်ပေါင်း မရေမတွက်နိုင်အောင်ပင် ငါ့ကိုချစ်ခဲ့ကြပြီး ၎င်းတို့၏ စိတ်ရင်းမှန်သော စိတ်ခံစားမှုသည် နှစ်လိုစဖွယ် ဖြစ်ခဲ့သည်။ မရေမတွက်နိုင်သော ကာလများတွင် လူတို့သည် မိမိတို့၏ အသက်များကိုပင် စွန့်လွှတ်သည့် အတိုင်းအတာအထိ ငါ့ကိုချစ်ခဲ့ကြသည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်ထက် ပို၍ ငါ့ကို ချစ်ခဲ့ကြသည်၊ ၎င်းတို့၏ စိတ်ရင်းမှန်မှုကို တွေ့မြင်၍ ငါသည် ၎င်းတို့၏ ချစ်ခြင်းမေတ္တာကို လက်ခံခဲ့၏။ မရေမတွက်နိုင်သော ကာလများ၌ လူတို့သည် ငါ့အတွက် သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင် ဥပေက္ခာ ပြုခဲ့ကြလျက် မိမိတို့ကိုယ်မိမိ ငါ့မျက်မှောက်၌ ပူဇော်ခဲ့ကြသည်၊ ငါသည်လည်း ၎င်းတို့၏ နဖူးများမှ သောကဗျာပါဒကို ချောမွေ့စေခဲ့ပြီး ၎င်းတို့၏ မျက်နှာရိပ်မျက်နှာကဲများကို ဂရုတစိုက်ရှိစွာနှင့် ဆင်ခြင်သုံးသပ်ခဲ့သည်။ ၎င်းတို့ကို ငါကိုယ်တိုင်၏ ရတနာများအဖြစ် ချစ်မြတ်နိုးခဲ့သော အချိန်များ မရေမတွက်နိုင်အောင် ရှိခဲ့ဖူးပြီး ၎င်းတို့ကို ငါကိုယ်တိုင်၏ ရန်သူများအဖြစ် မုန်းတီးခဲ့သော အချိန်များလည်း မရေမတွက်နိုင်အောင် ရှိခဲ့ဖူးသည်။ ငါသည်ထိုကဲ့သို့ ဖြစ်၏— ငါ့စိတ်ထဲတွင် ရှိနေသည့်အရာကို လူသားသည် မည်သည့်အခါမျှ နားလည်သဘောပေါက်နိုင်မည် မဟုတ်ပေ။ လူတို့သည် ဝမ်းနည်းသောအခါ ၎င်းတို့ကို နှစ်သိမ့်ပေးရန် ငါကြွလာသည်၊ ၎င်းတို့ အားနည်းသောအခါ ၎င်းတို့ကို ကူညီဖေးမရန် ငါကြွလာသည်။ ၎င်းတို့ လမ်းပျောက်သောအခါ ငါသည် ၎င်းတို့ကို လမ်းညွှန်ပေးသည်။ ၎င်းတို့ ငိုကြွေးသောအခါ ငါသည် ၎င်းတို့၏ မျက်ရည်များကို သုတ်ပေး၏။ သို့သော်ငြားလည်း ငါဝမ်းနည်းသော အခါတွင်မူ မည်သူသည် စိတ်နှလုံးပါလျက် ငါ့ကို နှစ်သိမ့်ပေးနိုင်သနည်း။ ငါသည် အလွန်အမင်း စိတ်ပူပန်သောအခါ မည်သူသည် ငါ၏ ခံစားချက်များကို ထောက်ထားပေးသနည်း။ ငါသည် ပူဆွေးသောအခါ မည်သူသည် ငါ့နှလုံးသားထဲမှ ဒဏ်ရာများကို ဖာထေးနိုင်သနည်း။ ငါသည် တစ်စုံတစ်ယောက်ကို လိုအပ်သောအခါ မည်သူသည် ငါနှင့်အတူ အတူတကွ လုပ်ဆောင်ရန် လိုလိုလားလားနှင့် ဆပ်ကပ်လိမ့်မည်နည်း။ ယခင်က လူတို့၏ ငါ့အပေါ်ထားရှိသော စိတ်သဘောထားသည် ယခုတွင် ပျောက်သွားကာ မည်သည့်အခါမျှ ပြန်မရနိုင်တော့ခြင်းမျိုး ဖြစ်နိုင်သလော။ အဘယ်ကြောင့် ၎င်းတို့၏ မှတ်ဉာဏ်များထဲတွင် ထိုစိတ်သဘောထားမျိုး တစ်စက်မျှပင် မကျန်ရှိရသနည်း။ ဤအရာများ အားလုံးကို လူတို့သည် မည်သို့လျှင် မေ့ပျောက်သွားရသနည်း။ ဤသည်အားလုံးမှာ လူသား မျိုးနွယ်သည် ၎င်းတို့၏ ရန်သူ၏ ယိုယွင်းဖျက်ဆီးခြင်း ခံခဲ့ရသောကြောင့်ပင် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၇)

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။