ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၈၉

ဖန်ဆင်းရှင်သည် သက်ရှိသတ္တဝါအားလုံးကို စီစဉ်ညွှန်ကြားရန် ရည်ရွယ်၏။ သူလုပ်သည့်အရာတစ်ခုကိုမျှ သင်စွန့်ပစ်ခြင်း သို့မဟုတ် မနာခံခြင်း မပြုရ။ သူ့အပေါ် ဆန့်ကျင်ခြင်းလည်း မပြုသင့်ပေ။ သူဆောင်ရွက်သည့်အမှုသည် အဆုံးတွင် ဖြစ်မြောက်မည်ဖြစ်၍ ဤသည်၌ သူသည် ဘုန်းအာနုဘော်ကို ရရှိလိမ့်မည်။ ယနေ့ သင်သည် မောဘမှ ဆင်းသက်လာသူများဖြစ်ကြောင်း သို့မဟုတ် အဆင်းနီသောနဂါးကြီး၏ အမျိုးအနွယ်ဖြစ်ကြောင်း အဘယ်ကြောင့် မပြောကြသနည်း။ အဘယ်ကြောင့် ရွေးချယ်ထားသူများအကြောင်း မပြောဘဲ သက်ရှိသတ္တဝါများအကြောင်းသာ ပြောသနည်း။ လူသား၏နဂိုမူလအမည်မှာ သက်ရှိသတ္တဝါဟူ၍ဖြစ်ပြီး ဤသည်မှာ သူ၏ကိုယ်ပိုင်ဝိသေသလက္ခဏာ ဖြစ်သည်။ ခေတ်များနှင့် အမှု၏ကာလများကွဲပြားသဖြင့်သာ အမည်နာမများ ကွဲပြားခြင်းဖြစ်၏။ အကယ်စင်စစ်မူ လူသားသည် သာမန်သက်ရှိသတ္တဝါတစ်ဦးသာဖြစ်၏။ အပျက်စီးဆုံးဖြစ်စေ၊ အသန့်ရှင်းဆုံးဖြစ်စေ၊ သတ္တဝါအားလုံးသည် သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။ ဘုရားသခင်သည် သိမ်းပိုက်ခြင်းအမှုကို ထမ်းဆောင်သည့်အခါ၊ သူသည် သင်၏အလားအလာများ၊ ကံကြမ္မာ သို့မဟုတ် ခရီးပန်းတိုင်ကို အသုံးပြု၍ သင့်ကို ချုပ်ကိုင်ထားခြင်း မရှိပေ။ အကယ်စင်စစ် ဤသို့ဆောင်ရွက်ရန် မလိုအပ်ပေ။ သိမ်းပိုက်ခြင်းအမှု၏ရည်ရွယ်ချက်မှာ လူသားအား သတ္တဝါတစ်ဦး၏တာဝန်ကို ထမ်းဆောင်စေရန်၊ ဖန်ဆင်းရှင်ကို ဝတ်ပြုစေရန်ဖြစ်၍၊ ဤသို့ပြုလုပ်ပြီးမှသာလျှင် သူသည် အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။ လူသား၏ကံကြမ္မာကို ဘုရားသခင်၏လက်များမှ ထိန်းချုပ်ထား၏။ သင့်ကိုယ်သင် ထိန်းချုပ်နိုင်စွမ်း မရှိပေ- လူသားသည် မိမိအဖို့ အမြဲအပြေးအလွှားနှင့် အလုပ်ရှုပ်နေသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းမရှိပေ။ သင်သည် သင်ကိုယ်တိုင်၏အလားအလာများကို သိနိုင်ပါက၊ သင်၏ကံကြမ္မာကို ချုပ်ကိုင်နိုင်ပါက၊ သင်သည် သတ္တဝါတစ်ဦး ဖြစ်နေဦးမည်လော။ အတိုပြောရလျှင် ဘုရားသခင်သည် မည်သို့ပင် အမှုဆောင်စေကာမူ သူ၏အမှုအားလုံးသည် လူသားအတွက်ဖြစ်၏။ ဥပမာအားဖြင့် လူသားအတွက်အစေခံရန် ဘုရားသခင် ဖန်ဆင်းသည့် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ကြည့်ပါ၊ လူသားအတွက် သူဖန်ဆင်းသည့် လ၊ နေနှင့် ကြယ်များ၊ တိရစ္ဆာန်များနှင့် အပင်များ၊ နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာသီ စသည်တို့ အားလုံးသည် လူသား၏ဖြစ်တည်ရေးအတွက် ဖြစ်၏။ ထို့ကြောင့် သူသည် လူသားကို မည်သို့ပင် ပြစ်တင်ဆုံးမ၍ တရားစီရင် စေကာမူ၊ ဤသည်တို့အားလုံးမှာ လူသား၏ကယ်တင်ခြင်းအတွက်သာ ဖြစ်၏။ သူသည် လူသားထံမှ ဇာတိပကတိဆန်သည့် မျှော်လင့်ချက်များကို ဖယ်ရှားပစ်သော်လည်း၊ ဤသည်မှာ လူသားကို သန့်စင်ရန်ဖြစ်၍ လူသားကိုသန့်စင်ခြင်းသည် သူ၏ဖြစ်တည်ရေးအတွက်ဖြစ်၏။ လူသား၏ ခရီးပန်းတိုင်သည် ဖန်ဆင်းရှင်၏ လက်ထဲတွင်ရှိသဖြင့်၊ လူသားသည် သူ့ကိုယ်သူ မည်သို့ ထိန်းချုပ်နိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း | ကောက်နုတ်ချက် ၈၅

ငါ၏နှုတ်ကပတ်တော်များသည် ခက်ထန်ကောင်း ခက်ထန်နိုင်သော်လည်း၊ ငါသည် နှုတ်ကပတ်တော်များကိုသာ ပြောဆိုနေပြီး လူသား၏ ခန္ဓာကို အပြစ်ပေးနေခြင်း...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၅၇

ဝင်ရောက်မှုကို ရှာဖွေစဉ်တွင်၊ ကိစ္စရပ်တိုင်းကို လေ့လာဆန်းစစ်ရမည်။ ဘုရားသခင်၏ အလိုတော်နှင့် လုံးဝ ကိုက်ညီသည့် နည်းလမ်းတစ်ခုဖြင့် မည်သို့...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၃၆

ယခုတွင် ငါသည် သင်တို့အတွက် ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပြဋ္ဌာန်းသည်။ (လူအမျိုးမျိုးတို့ကို အမျိုးမျိုးသော...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၄၀

မ္ဘာမြေကြီးသို့ ဘုရားသခင်လာသည့်အခါတိုင်း သူ၏ နာမတော်၊ သူ၏ လိင်သဘာဝ၊ သူ၏ပုံသဏ္ဌာန်နှင့် သူ၏ အလုပ်တို့ကို ပြောင်းလဲသည်၊ သူသည်သူ၏ အလုပ်ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။