ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၃၈

06.08.2020

ဘုရားသခင်သည် သူ၏သာမန်လူ့သဘာဝကို ပြည့်စုံစေဖို့ မြေကြီးပေါ်သို့ ကြွလာခြင်းမဟုတ်ပါ။ သူသည် သာမန်လူ့သဘာဝ၏အလုပ်ကို လုပ်ဆောင်ရန် မဟုတ်ဘဲ၊ ဘုရားသဘောသဘာဝ၏ အမှုကိုသာ သာမန်လူ့သဘာဝထဲ၌ လုပ်ဆောင်ရန် ကြွလာခြင်းဖြစ်သည်။ ဘုရားသခင်မိန့်မြွက်သော သာမန်လူ့သဘာဝသည် လူက စိတ်ကူးပုံဖော်ထားသည့်အရာ မဟုတ်ပေ။ လူက “သာမန်လူ့သဘာဝ” ကို ဇနီးမယားတစ်ဦး သို့မဟုတ် လင်ယောက်ျားတစ်ဦး သို့မဟုတ် သားသမီးများရှိခြင်းဟု အနက်ဖွင့်၏။ ဤအရာများသည် တစ်စုံတစ်ဦးမှာ သာမန်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟူသော သက်သေသက္ကာယဖြစ်သည်။ သို့သော် ဘုရားသခင်က ဤနည်းလမ်းဖြင့် မရှုမြင်ပါ။ သူက သာမန်လူ့သဘာဝကို သာမန်လူသား အတွေးအခေါ်၊ သာမန်လူသားဘဝများရှိခြင်းနှင့် သာမန်လူတို့မှ မွေးဖွားခြင်းအဖြစ် ရှုမြင်သည်။ သို့သော် သူ၏သာမန်အခြေအနေတွင် လူကနားလည်ထားသည့် သာမန်အခြေအနေပုံစံဖြစ်သည့် ဇနီးမယားတစ်ဦး သို့မဟုတ် လင်ယောက်ျားတစ်ဦး သို့မဟုတ် သားသမီးများ ရှိခြင်းတို့ မပါဝင်ပါ။ ဆိုရလျှင် လူ့အတွက်မူ ဘုရားသခင်မိန့်မြွက်သည့် သာမန်လူ့သဘာဝမှာ လူ့သဘာဝကင်းမဲ့သည်ဟု လူက သတ်မှတ်လိမ့်မည့်အရာဖြစ်ပြီး၊ သာမန်ပုဂ္ဂိုလ်တစ်ဦး၏ အပြင်ပန်းသာရှိကာ သာမန်ပုဂ္ဂိုလ်တစ်ဦး၏ ပုံပန်းသဏ္ဌာန်ကို ဆောင်ယူခဲ့သော်လည်း အနှစ်သာရအားဖြင့် သာမန်ပုဂ္ဂိုလ်တစ်ဦး ပိုင်ဆိုင်ထားသင့်သည့် အရာအားလုံးကို ပြည့်ပြည့်စုံစုံ မပိုင်ဆိုင်ခဲ့သော ယေရှုကဲ့သို့ပင် စိတ်ခံစားမှုမရှိသလောက်ဖြစ်ကာ သွေးသားလိုအပ်ချက်များ ကင်းမဲ့သည့်ပုံပေါက်သည်။ လူ့ဇာတိခံယူထားသော ဘုရားသခင်၏ ဖြစ်တည်မှုက သာမန်လူ့သဘာဝတစ်ခုလုံးကို ခြုံငုံမိခြင်းမရှိသည်ကို ဤအရာမှ မြင်နိုင်ပေသည်၊ သို့သော် သာမန်လူသားဘဝများ၏ လုပ်ရိုးလုပ်စဉ်များကို ထောက်ပံ့ပေးရန်နှင့် သာမန်လူသား အသိစိတ်စွမ်းအားများကို တည်တံ့စေဖို့ရန်အတွက် လူတို့အသင့်ရှိထားသင့်သည့်အရာများ၏ အစိတ်အပိုင်းတစ်ခုသာ ခြုံငုံမိပေသည်။ သို့သော် ဤအရာတို့သည် လူတို့သတ်မှတ်ထားသည့် သာမန်လူ့သဘာဝနှင့် လားလားမျှ မသက်ဆိုင်ပါ။ ၎င်းတို့မှာ လူ့ဇာတိခံယူထားသော ဘုရားသခင် ပိုင်ဆိုင်သင့်သည့် အရာများဖြစ်ကြသည်။ သို့သော် ဤသူတို့က လူ့ဇာတိခံယူထားသော ဘုရားသခင်မှာ ဇနီးတစ်ဦးနှင့် သားနှင့်သမီးများရှိမှသာ သာမန်လူ့သဘာဝကို ပိုင်ဆိုင်သည်ဟု ဆိုနိုင်မည်ဟူ၍ လက်ခံထားကြ၏။ ဤအရာများမရှိဘဲ သူသည် သာမန်ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပါဟု ၎င်းတို့ဆိုကြ၏။ သို့ဆိုလျှင်၊ “ဘုရားသခင်တွင် ဇနီးမယားတစ်ဦး ရှိသလော၊ ဘုရားသခင်အတွက် လင်ယောက်ျားတစ်ဦး ရှိဖို့ရန် ဖြစ်နိုင်သလော၊ ဘုရားသခင်တွင် ကလေးများရှိနိုင်သလော” ဟု သင်တို့ကို ငါမေးမည်။ ဤအရာတို့မှာ ယုတ္တိအမှားများ ဖြစ်သည်မဟုတ်လော၊ သို့သော် ကျောက်ဆောင်များကြား အက်ကြောင်းတစ်ခုမှ လူ့ဇာတိခံယူထားသော ဘုရားသခင် ထွက်ပေါ်မလာနိုင်သလို ကောင်းကင်မှ ဆင်းကျမလာနိုင်ပါ။ သူသည် သာမန်လူသားမိသားစုတစ်ခုထဲ၌သာ ဖွားမြင်နိုင်ပေသည်။ ယင်းမှာ သူ့၌ မိဘများနှင့် နှမများရှိရသည့်အကြောင်းရင်း ဖြစ်သည်။ ဤအရာများသည် လူ့ဇာတိခံယူထားသော ဘုရားသခင်၏ သာမန်လူ့သဘာဝက ရှိထားသင့်သည့်အရာများဖြစ်သည်။ ယေရှုသည်လည်း ယင်းကဲ့သို့ပင် ဖြစ်ခဲ့သည်။ ယေရှုသည် မိခင်၊ ဖခင်နှင့် ညီအစ်ကိုမောင်နှမများ ရှိခဲ့ပေသည်။ ဤအရာအားလုံးက သာမန်ဖြစ်ခဲ့သည်။ သို့သော်၊ အကယ်၍ သူ့မှာ ဇနီးတစ်ဦးနှင့် သားသမီးများရှိခဲ့လျှင် သူပိုင်ဆိုင်သည့်အရာမှာ လူ့ဇာတိခံယူထားသော ဘုရားသခင် ပိုင်ဆိုင်ဖို့ရန်အတွက် ဘုရားသခင် ရည်ရွယ်တော်မူခဲ့သည့် သာမန်လူ့သဘာဝ ဖြစ်ခဲ့လိမ့်မည်မဟုတ်ပေ။ ဤသို့ဖြစ်ခဲ့လျှင်၊ သူသည် ဘုရားသဘောသဘာဝ၏ကိုယ်စား အမှုတော်ကို ဆောင်ရွက်နိုင်ခဲ့လိမ့်မည် မဟုတ်ပါ။ သူ့မှာ ဇနီး သို့မဟုတ် ကလေးများမရှိခဲ့သော်လည်း သာမန်မိသားစုထဲ၌ သာမန်လူတို့မှ မွေးဖွားခဲ့ခြင်းကြောင့်သက်သက်သာ ဘုရားသဘောသဘာဝ၏ အမှုတော်ကို သူဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဤအရာကို ထပ်မံရှင်းလင်းအောင် ပြောရလျှင်၊ ဘုရားသခင်သတ်မှတ်သော သာမန်ပုဂ္ဂိုလ်ဆိုသည့်အရာမှာ သာမန်မိသားစုထဲတွင် မွေးဖွားလာသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးသည်သာ ဘုရားသဘောသဘာဝ၏ အမှုတော်ကို ဆောင်ရွက်ဖို့ အရည်အချင်းရှိသည်။ အခြားတစ်ဖက်တွင်၊ အကယ်၍ ပုဂ္ဂိုလ်တစ်ဦးသည် ဇနီး၊ ကလေးများ သို့မဟုတ် လင်ယောက်ျားရှိလျှင် ထိုသို့သော ပုဂ္ဂိုလ်သည် ဘုရားသဘောသဘာဝ၏ အမှုတော်ကို ဆောင်ရွက်နိုင်လိမ့်မည်မဟုတ်ပါ၊ အဘယ့်ကြောင့်ဆိုသော် သူသည် လူသားတို့ လိုအပ်သည့် သာမန်လူ့သဘာဝသာရှိမည်ဖြစ်ပြီး ဘုရားသခင်လိုအပ်သည့် သာမန်လူ့သဘာဝကို ပိုင်ဆိုင်လိမ့်မည် မဟုတ်ခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင် စဉ်းစားထားသည့်အရာနှင့် လူတို့နားလည်သောအရာတို့သည် မကြာခဏ ကြီးမားစွာ ကွဲပြားနေတတ်ပြီး၊ အမျိုးအစား တခြားစီ ဖြစ်နေတတ်ပေသည်။ ဘုရားသခင့်အမှုတော်၏ ဤအဆင့်တွင်၊ လူတို့၏ အယူအဆများနှင့် ဆန့်ကျင်ပြီး ကြီးကြီးမားမား ကွဲပြားခြားနားနေသောအရာများစွာရှိ၏။ ဘုရားသခင့်အမှုတော်၏ ဤအဆင့်တွင်၊ လူသားမျိုးနွယ်က ဇာတ်ပို့အခန်းကဏ္ဍတွင် ကပြခြင်းနှင့်အတူ ဘုရားသဘောသဘာဝ၏ လက်တွေ့လုပ်ဆောင်မှု လုံးလုံးလျားလျားပါဝင်သည်ဟု တစ်စုံတစ်ဦးက ပြောနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် လူကို သူ၏လက်လျှိုခွင့်ပြုခြင်းထက် သူ၏အမှုတော်ကို သူကိုယ်တိုင်ဖော်ဆောင်ဖို့ရန်အတွက် ကမ္ဘာမြေပေါ် ကြွလာသောကြောင့်ဖြစ်သည်။ ဤသည်မှာ သူ၏အမှုတော်လုပ်ဆောင်ဖို့ရန် အဘယ်ကြောင့် သူ ဇာတိခန္ဓာထဲသို့ (မပြည့်စုံသော၊ သာမန်ပုဂ္ဂိုလ်တစ်ဦး၌) လူ့ဇာတိခံယူရသည့် အကြောင်းရင်းဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို ခေတ်ကာလအသစ်ကို တင်ဆက်ဖို့၊ သူ့အမှုတော်၏နောက်တစ်ဆင့်ကို လူသားမျိုးနွယ်အား ပြောပြဖို့နှင့် သူ၏နှုတ်ကပတ်တော်များထဲ၌ ဖော်ပြထားသည့် လမ်းကြောင်းနှင့်အညီ ကျင့်သုံးကြဖို့ ၎င်းတို့ကိုစေခိုင်းရန် ဤလူ့ဇာတိခံယူခြင်းကို ကောင်းစွာအသုံးပြုခဲ့လေသည်။ ဤအရာနှင့်အတူ၊ ဇာတိခန္ဓာ၌ သူ၏အမှုတော်ကို အပြီးသတ်ပြီး လူသားမျိုးနွယ်ကို သူစွန့်ခွာတော့မည်ဖြစ်သလို၊ သာမန်လူ့သဘာဝ၏ ဇာတိခန္ဓာထဲ၌ နေထိုင်တော့မည် မဟုတ်ဘဲ သူ့အမှုတော်၏ အခြားသောအစိတ်အပိုင်းအပေါ် ဆက်လက် ဆောင်ရွက်ရန်အတွက် လူ့ထံမှ အဝေးသို့ ရွေ့လျားခြင်းဖြစ်သည်။ ထို့နောက်၊ သူ၏စိတ်နှလုံးနှင့်ညီသော လူတို့ကို အသုံးပြုရင်း၊ ကမ္ဘာမြေပေါ် ဤလူစုအကြား သူ၏အမှုတော်ကို ဆက်လက် လုပ်ဆောင်သော်ငြားလည်း၊ ၎င်းတို့၏ လူ့သဘာဝထဲ၌ လုပ်ဆောင်ခြင်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင် အသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက်

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။