ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” | ကောက်နုတ်ချက် ၅၉၇

လူသားတို့ အနားယူခြင်းထဲသို့ မဝင်ရောက်မီ၊ မည်သည့်ပုဂ္ဂိုလ်မျိုးသည် အပြစ်ဒဏ်ပေးခံရမည် သို့မဟုတ် ဆုလာဘ်ရရှိမည်ဆိုသည်ကို သူတို့သည် သမ္မာတရားကို ရှာဖွေသလော၊ သူတို့သည် ဘုရားသခင်ကို သိသလော၊ သူတို့မြင်တွေ့နိုင်သော ဘုရားသခင်ကို နာခံနိုင်သလော ဆိုသည်တို့အပေါ် မူတည်ပြီး ဆုံးဖြတ်လိမ့်မည်။ မြင်တွေ့နိုင်သော ဘုရားသခင်ကို အစေခံခဲ့သော်လည်း သူ့ကိုမသိသေးသောသူများ၌ သို့မဟုတ် မနာခံသေးသောသူများ၌ သမ္မာတရား မရှိကြပါ။ ဤလူများသည် မကောင်းမှု ကျူးလွန်သူများဖြစ်ပြီး မကောင်းမှုကျူးလွန်သူများသည် ဧကန်အမှန်ပင် အပြစ်ဒဏ်ပေးခံကြရမည်။ ထို့အပြင် သူတို့သည် သူတို့၏ ကောက်ကျစ်စဉ်းလဲသော လုပ်ရပ်အတိုင်း အပြစ်ဒဏ်ပေးခံကြရလိမ့်မည်။ လူသားအတွက် ဘုရားသခင်သည် ယုံကြည်ရမည့်အရာဖြစ်သည်၊ ထို့ပြင် သူသည် လူသား၏ နာခံမှုနှင့်လည်း ထိုက်တန်သည်။ မရေရာ၍ မမြင်တွေ့နိုင်သော ဘုရားသခင်ကိုသာ ယုံကြည်သူတို့သည် ဘုရားသခင်ကို မယုံကြည်သူများဖြစ်ကြသည်။ ထို့အပြင် သူတို့သည် ဘုရားသခင်ကို မနာခံနိုင်ကြပေ။ ဘုရားသခင်၏ သိမ်းပိုက်ခြင်းအမှု ပြီးဆုံးသွားသည့် အချိန်တွင် ထိုသူတို့သည် မြင်တွေ့နိုင်သော ဘုရားသခင်ကို မယုံကြည်သေးပါက၊ ထို့ပြင် လူ့ဇာတိ၌ မြင်တွေ့နိုင်သော ဘုရားသခင်ကို ဆက်လက်၍ မနာခံဘဲ ခုခံနေပါက၊ ထိုမရေရာသောသူများသည် ဖျက်ဆီးခံကြရမည်မှာ ယုံမှားဖွယ်ရာမရှိပေ။ သင်တို့အကြားတွင် လက်ရှိအခြေအနေအတိုင်းသာဖြစ်သည်၊ လူ့ဇာတိခံယူသော ဘုရားသခင်ကို နှုတ်အားဖြင့် အသိအမှတ်ပြုသော်လည်း လူ့ဇာတိခံယူသော ဘုရားသခင်ကို နာခံခြင်း၏ သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်ခြင်း မရှိသောသူမှန်သမျှသည် အဆုံးတွင် ဖယ်ရှားခံရပြီး ဖျက်ဆီးခံရလိမ့်မည်၊ ထို့ပြင် မြင်တွေ့နိုင်သော ဘုရားသခင်ကို နှုတ်အားဖြင့် အသိအမှတ်ပြုပြီး မြင်တွေ့နိုင်သော ဘုရားသခင်ဖော်ပြသည့် သမ္မာတရားကိုပါ စားသောက်သော်လည်း မရေရာ၍ မမြင်တွေ့နိုင်သော ဘုရားသခင်ကို ရှာဖွေသောသူမှန်သမျှသည် အနာဂတ်တွင် သာ၍ပင် ဖျက်ဆီးခြင်းကို ခံကြရမည်။ ဘုရားသခင်၏အမှု ပြီးစီးသည့်နောက် အနားယူခြင်း အချိန်ရောက်သည်အထိ ထိုသူတို့အထဲမှ မည်သူမျှ ကျန်ရှိနိုင်မည်မဟုတ်ပေ၊ အနားယူခြင်း အချိန်အထိ ကျန်ရှိမည့် ထိုသူများနှင့်တူသူ မည်သူမျှ မရှိနိုင်ပေ။ ဆိုးသွမ်းသော သူတို့သည် သမ္မာတရားကို လက်တွေ့မကျင့်သုံးသောသူများဖြစ်ကြသည်၊ သူတို့၏ အနှစ်သာရမှာ ဘုရားသခင်ကို ခုခံခြင်းနှင့် မနာခံခြင်းဖြစ်သည်၊ ထို့ပြင် သူတို့တွင် ဘုရားသခင်ကို နာခံရန် ရည်ရွယ်ချက်များ စိုးစဉ်းမျှ မရှိကြပေ။ ထိုသို့သော လူများအားလုံးသည် ဖျက်ဆီးခံကြရလိမ့်မည်။ သင့်တွင် သမ္မာတရား ရှိမရှိနှင့် သင်သည် ဘုရားသခင်ကို ခုခံခြင်းရှိမရှိတို့ကို သင်၏သွင်ပြင် သို့မဟုတ် သင်၏ အခါအားလျော်စွာ ပြောဆိုပြုမူမှုများအပေါ် မူတည်ဆုံးဖြတ်ခြင်း မဟုတ်ဘဲ သင်၏ အနှစ်သာရပေါ်တွင် ဆုံးဖြတ်သည်။ လူပုဂ္ဂိုလ်တိုင်း၏ အနှစ်သာရသည် ထိုသူတို့ ဖျက်ဆီးခြင်း ခံရမည် မခံရမည်ကို အဆုံးအဖြတ်ပေးသည်။ ယင်းမှာ သူတို့၏ လုပ်ဆောင်မှုနှင့် သူတို့၏ သမ္မာတရားအပေါ် လိုက်လျှောက်မှုအားဖြင့် ဖော်ထုတ်ခံရသည့် အနှစ်သာရအရ ဆုံးဖြတ်ခြင်းဖြစ်သည်။ တစ်ပုံစံတည်း အလုပ်လုပ်ပြီး တူညီသောအလုပ်ပမာဏများကိုလည်း လုပ်သည့် လူများအကြားတွင် လူသားအနှစ်သာရ ကောင်းမွန်သောလူများနှင့် သမ္မာတရားကို ပိုင်ဆိုင်သောလူများသည် ကျန်ရစ်မည့်သူများဖြစ်သော်လည်း လူသားအနှစ်သာရ မကောင်းသူများနှင့် မြင်တွေ့နိုင်သော ဘုရားသခင်ကို မနာခံသူတို့သည် ဖျက်ဆီးခြင်းခံရမည့် သူများဖြစ်သည်။ လူသား၏ ခရီးပန်းတိုင်ကို ရည်စူးထားသော ဘုရားသခင်၏အမှု သို့မဟုတ် နှုတ်ကပတ်တော်များသည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အနှစ်သာရအပေါ်မူတည်၍ လူသားတို့နှင့် သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းသည်။ မတော်တဆဖြစ်ခြင်းများ ရှိမည်မဟုတ်ဘဲ အနည်းငယ် မှားယွင်းမှုလည်း လုံးဝရှိမည် မဟုတ်ပေ။ လူတစ်ဦးသည် အလုပ်ကို လုပ်ဆောင်သော အခါမှသာ လူသား၏စိတ်ခံစားမှု သို့မဟုတ် အဓိပ္ပာယ်တို့ ရောနှောပါဝင်လာမည်ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သော အမှုသည် အသင့်လျော်ဆုံးဖြစ်သည်။ သူသည် မည်သည့်ဖန်ဆင်းခံသတ္တဝါကိုမျှ မှားယွင်းစွာ တောင်းဆိုမည် မဟုတ်သည်မှာ သေချာပေသည်။ ယခုအခါတွင် လူသားတို့၏ အနာဂတ် ခရီးပန်းတိုင်ကို သိမြင်နိုင်ခြင်းမရှိသော လူများစွာရှိနေပြီး ငါပြောသော နှုတ်ကပတ်တော်များကိုလည်း မယုံကြည်ကြသောသူ များစွာရှိနေ၏။ မယုံကြည်သော လူအားလုံးတို့သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းမရှိသော သူတို့နှင့်အတူ နတ်ဆိုးများ ဖြစ်ကြသည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၁၀)” | ကောက်နုတ်ချက် ၂၅၆

ဘုရားသခင် ကိုယ်တိုင်သည် သမ္မာတရား ဖြစ်သည်။ သူကိုယ်တိုင် သမ္မာတရားကို ပိုင်ဆိုင်ပြီး၊ သူသည် သမ္မာတရား၏ ရင်းမြစ်ဖြစ်သည်။ အပြုသဘောဆောင်သော...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ- အခန်း ၇၄” | ကောက်နုတ်ချက် ၂၃၄

ငါ၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး ထိုနှုတ်ကပတ်တော်များ ပြည့်စုံလာမည်ဟု ယုံကြည်သော သူများသည် မင်္ဂလာရှိကြ၏။ ငါသည် သင့်အား လုံးဝ နှိပ်စက်မည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်၏အလိုတော်နှင့် လိုက်လျောညီထွေစွာ အစေခံနည်း” | ကောက်နုတ်ချက် ၄၅၄

ယေရှုသည် သူ၏ကိုယ်ရေးကိုယ်တာအစီအစဉ်များနှင့် ကိုယ့်အကျိုးကိုထည့်သွင်းမစဉ်းစားဘဲ ဘုရားသခင်၏ အလိုတော်ကို လေးနက်စွာ ဆောင်ရွက်ခဲ့သောကြောင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည်” | ကောက်နုတ်ချက် ၁၄၈

သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုများသည် အမြဲတမ်းပင် အလိုအလျောက် ပြီးမြောက်သည်။ သူ့အလုပ်ကို စီစဉ်သတ်မှတ်သည့် အချိန်တိုင်းမှာ သန့်ရှင်းသော...