ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” | ကောက်နုတ်ချက် ၆၀၀

အစအဦး၌ လူသားများအကြားတွင် မိသားစုများမရှိကြပေ၊ မိန်းမနှင့် ယောက်ျားဟူ၍ လူနှစ်မျိုးသာရှိခဲ့သည်။ မိသားစုများကို မဆိုထားနှင့် နိုင်ငံများပင် မရှိခဲ့ပေ၊ သို့သော်လည်း လူသား၏ ဖောက်ပြန်ပျက်စီးမှုကြောင့် အမျိုးစုံသော လူသားများအားလုံးသည် သူတို့ကိုယ်သူတို့ လူမျိုးစုအနွယ်များ တစ်ခုစီအဖြစ် ဖွဲ့စည်းခဲ့ကြပြီး၊ နောက်ပိုင်းတွင် နိုင်ငံများနှင့် တိုင်းပြည်များအဖြစ်သို့ တိုးတက်ပြောင်းလဲလာကြသည်။ ဤနိုင်ငံများနှင့် တိုင်းပြည်များကို သေးငယ်သည့် မိသားစုတစ်စုချင်းစီဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်၊ ထို့ပြင် ဤကဲ့သို့သောပုံစံဖြင့် အမျိုးစုံသော လူတို့သည် အမျိုးမျိုးသော လူမျိုးများအကြားတွင် ဘာသာစကား မတူညီမှုနှင့် ပိုင်းခြားထားသော နယ်ခြားစည်းများအားဖြင့် ပျံ့နှံ့သွားခဲ့ကြသည်။ စင်စစ်အားဖြင့် ကမ္ဘာပေါ်တွင် လူမျိုးများ မည်မျှပင်များပြားပါစေ၊ လူသားတို့၌ ဘိုးဘေးမျိုးနွယ် တစ်ခုသာရှိသည်။ အစအဦး၌ လူနှစ်မျိုးသာရှိခဲ့သည်၊ ထိုလူနှစ်မျိုးမှာ မိန်းမနှင့် ယောက်ျားတို့ဖြစ်ကြသည်။ သို့သော် ဘုရားသခင်၏အမှု တိုးတက်လာခြင်းကြောင့်၊ သမိုင်းကုန်လွန်သွားပြီး ပထဝီအနေအထားပြောင်းလဲမှုကြောင့်၊ ဤလူအမျိုးအစားနှစ်မျိုးမှသည် သာ၍များသောလူအမျိုးအစားအဖြစ်သို့ အမျိုးမျိုးသော အတိုင်းအတာထိ ဖွံ့ဖြိုးပွားများလာခဲ့သည်။ ထိုသို့ဆင်းသက်လာရာတွင်၊ လူသားမျိုးနွယ်စုများ မည်မျှပင် ပါဝင်နေစေကာမူ၊ လူသားအားလုံးသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းပင် ဖြစ်နေသေးသည်။ လူများသည် မည်သည့်လူမျိုးနှင့် သက်ဆိုင်နေပါစေ၊ သူတို့အားလုံးသည် သူ၏ဖန်ဆင်းခံသတ္တဝါများ ဖြစ်ကြသည်။ သူတို့အားလုံးသည် အာဒံနှင့် ဧဝမှ ဆင်းသက်လာသူများ ဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်၏လက်ဖြင့် ပြုလုပ်ခြင်းမခံရသော်လည်း၊ သူတို့သည် ဘုရားသခင်ကိုယ်တိုင် ဖန်ဆင်းထားသည့် အာဒံနှင့် ဧဝမှ ဆင်းသက်လာသူများ ဖြစ်ကြသည်။ လူတို့သည် မည်သို့သောအမျိုးအစားနှင့် သက်ဆိုင်နေပါစေ၊ သူတို့အားလုံးသည် ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများဖြစ်ကြသည်၊ သူတို့သည် ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားများနှင့် သက်ဆိုင်သောကြောင့်၊ သူတို့၏ ခရီးပန်းတိုင်မှာ လူသားများရှိသင့်သည့်အရာဖြစ်ပြီး၊ လူသားများကို စီမံထားသည့် စည်းမျဉ်းများအရ သူတို့ကို ခွဲခြားထားသည်။ မကောင်းမှုပြုသူများနှင့် ဖြောင့်မတ်သောသူများအားလုံးသည် စင်စစ်အားဖြင့် ဖန်ဆင်းခံသတ္တဝါများပင်ဖြစ်သည်ဟု ဆိုလိုသည်။ မကောင်းမှုကို ကျူးလွန်သည့် ဖန်ဆင်းခံသတ္တဝါများသည် နောက်ဆုံးတွင် ဖျက်ဆီးခံရမည်ဖြစ်ပြီး၊ ဖြောင့်မတ်သော လုပ်ဆောင်ချက်ကို ပြုသည့် ဖန်ဆင်းခံသတ္တဝါများသည် ဤနည်းဖြင့် အသက်ရှင်ကျန်ရစ်နေလိမ့်မည်။ ယင်းမှာ ဤဖန်ဆင်းခံသတ္တဝါနှစ်မျိုးအတွက် အသင့်တော်ဆုံးသော အစီအစဉ်ပင်တည်း။ မကောင်းမှုပြုသူများသည် သူတို့၏နာမခံမှုကြောင့် သူတို့မှာ ဘုရားသခင်၏ ဖန်ဆင်းခြင်းဖြစ်သည့်အကြောင်းကို မငြင်းဆန်နိုင်ကြဘဲ စာတန်၏လုယူမှုကို ခံခဲ့ရကာ ထိုအကြောင်းကြောင့် သူတို့သည် ကယ်တင်ခြင်းကို မခံရနိုင်ကြပေ။ ဖြောင့်မတ်သော အပြုအမူရှိသည့် ဖန်ဆင်းခံသတ္တဝါများသည် စာတန်၏ဖျက်ဆီးခြင်းကိုခံခဲ့ရပြီးနောက်၊ ဘုရားသခင်၏ ဖန်ဆင်းခံရခြင်းကို မငြင်းပယ်ရသေးသော်လည်း၊ သူတို့သည် အသက်ရှင်နေလိမ့်မည်၊ ကယ်တင်ခြင်းရရှိလိမ့်မည် ဟူသည့်အချက်ကို အမှီမပြုနိုင်ပေ။ မကောင်းမှုပြုသူများသည် ဘုရားသခင်ကို မနာခံသည့် ဖန်ဆင်းခံသတ္တဝါများ ဖြစ်ကြသည်၊ သူတို့သည် ကယ်တင်ခြင်းမခံရနိုင်သည့် ဖန်ဆင်းခံသတ္တဝါများဖြစ်ကြပြီး စာတန်၏ လုံးလုံးလျားလျား လုယူခြင်းခံထားရသူများ ဖြစ်ကြသည်။ မကောင်းမှု ကျူးလွန်သူများသည်လည်း လူများပင်ဖြစ်ကြသည်၊ သူတို့သည် လွန်ကဲစွာ ဖောက်ပြန်ပျက်စီးနေကြပြီး၊ ကယ်တင်ခြင်းမခံရနိုင်သည့် လူများဖြစ်ကြသည်။ သူတို့သည်လည်း ဖန်ဆင်းခံသတ္တဝါများ ဖြစ်သည့်အတိုင်း၊ ဖြောင့်မတ်သော အပြုအမူရှိသည့် လူများသည်လည်း ဖောက်ပြန်ပျက်စီးနေသည်၊ သို့သော် သူတို့သည် သူတို့၏ အကျင့်ပျက်သည့် စိတ်သဘောထားကို ချိုးဖျက်လွတ်မြောက်လိုသည့် ဆန္ဒရှိကြပြီး ဘုရားသခင်ကို နာခံနိုင်စွမ်းရှိကြသည်။ ဖြောင့်မတ်သော အပြုအမူရှိသည့် လူတို့သည် ဖြောင့်မတ်ခြင်းနှင့် ပြည့်လျှံမနေပါ၊ တကယ်တမ်းမှာ၊ သူတို့သည် ကယ်တင်ခြင်း ရရှိခဲ့ကြပြီး ဘုရားသခင်ကို နာခံရန်အတွက် သူတို့၏ အကျင့်ပျက်သည့် စိတ်သဘောထားမှ ချိုးဖျက်ပြီး လွတ်မြောက်ခဲ့ကြသည်၊ သူတို့သည် အဆုံးတွင် ခိုင်မာစွာ ရပ်တည်နေကြမည်၊ သို့သော် ဤအရာက သူတို့သည် စာတန်၏ဖျက်ဆီးခြင်းကို မခံခဲ့ရဟု ပြောရန်မဟုတ်ပေ။ ဘုရားသခင်၏အမှု အဆုံးသတ်ပြီးနောက်၊ သူ၏ဖန်ဆင်းခံသတ္တဝါအားလုံးအကြားတွင် ဖျက်ဆီးခံရမည့်သူများရှိသကဲ့သို့ အသက်ရှင်ကျန်မည့်သူများလည်း ရှိလိမ့်မည်။ ဤကား သူ့စီမံခန့်ခွဲမှုအလုပ်၏ မလွဲမသွေဖြစ်လာမည့် လားရာပင် ဖြစ်သည်။ မည်သူတစ်ဦးတယောက်မျှ ယင်းကိုမငြင်းနိုင်ပေ။ မကောင်းမှုပြုသူများသည် မရှင်သန်နိုင်ပေ၊ သူ့ကို နာခံပြီး သူ့နောက်သို့ အဆုံးထိတိုင် လိုက်သောသူများသည် ဧကန်အမှန်ပင် အသက်ရှင်ကျန်လိမ့်မည်။ ဤအမှုသည် လူသားများကို စီမံခန့်ခွဲမှုဖြစ်သည့်အတွက်၊ ကျန်ရစ်နေမည့်သူများနှင့် ပယ်ရှားခြင်းခံရမည့်လူများ ရှိလိမ့်မည်။ ယင်းတို့သည် မတူညီသော လူအမျိုးအစားတို့အတွက် မတူညီသည့် ရလဒ်များဖြစ်ပြီး၊ ယင်းတို့သည် သူ၏ ဖန်ဆင်းခံသတ္တဝါများအတွက် အသင့်တော်ဆုံးသော စီစဉ်မှုများဖြစ်သည်။ ဘုရားသခင်၏ လူသားမျိုးနွယ်အတွက် နောက်ဆုံးအစီအစဉ်မှာ မိသားစုများကို အစိတ်စိတ်အမွှာမွှာ ကွဲကွာစေခြင်းအားဖြင့် ခွဲခြားရန်၊ တိုင်းနိုင်ငံများကို အစိတ်စိတ်အမွှာမွှာ ကွဲကွာစေခြင်းနှင့် နိုင်ငံနယ်နိမိတ်များကို အစိတ်စိတ်အမွှာမွှာ ကွဲကွာစေခြင်းဖြင့် ခွဲခြားရန် ဖြစ်သည်။ ထိုအရာကား မိသားစုများနှင့် တိုင်းနိုင်ငံနယ်နိမိတ်များမရှိသည့် အစီအစဉ်တစ်ခုဖြစ်သည်၊ အကြောင်းမှာ လူသားသည် စင်စစ်အားဖြင့် ဘိုးဘေးမျိုးနွယ်တစ်ခုတည်းရှိပြီး ဘုရားသခင်၏ဖန်ဆင်းခြင်းဖြစ်သောကြောင့်တည်း။ အတိုချုပ်ပြောရလျှင်၊ မကောင်းမှုပြုသည့် ဖန်ဆင်းခံသတ္တဝါများသည် ဖျက်ဆီးခြင်းခံရမည်ဖြစ်ပြီး၊ ဘုရားသခင်ကို နာခံသည့် ဖန်ဆင်းခံသတ္တဝါများသည် အသက်ရှင်လိမ့်မည်။ ဤနည်းလမ်းအားဖြင့် မိသားစုမရှိ၊ နိုင်ငံများမရှိ အထူးသဖြင့် ကျန်ရှိနေသည့် အနာဂတ်တွင် တိုင်းပြည်များ ရှိမည်မဟုတ်ပေ၊ ဤကဲ့သို့သော လူသားများသည် အသန့်ရှင်းဆုံးသော လူသားအမျိုးအစားဖြစ်သည်။ လူသားသည် ကမ္ဘာမြေကြီးပေါ်ရှိ အရာအားလုံးကို ကြည့်ရှုစောင့်ရှောက်နိုင်ရန်အတွက် အာဒံနှင့် ဧဝတို့သည့် မူလအစက ဖန်ဆင်းခံခဲ့ရခြင်းဖြစ်သည်၊ လူသားသည် မူလအစက အရာအားလုံး၏ အရှင်သခင်ဖြစ်ခဲ့သည်။ ယေဟောဝါ၏ လူသားကို ဖန်ဆင်းရခြင်း ရည်ရွယ်ချက်မှာ လူသားကို ကမ္ဘာမြေကြီးပေါ်တွင် အသက်ရှင်နေထိုင်ခွင့်ပြုပြီး၊ ယင်းပေါ်တွင်ရှိသည့် အရာအားလုံးကိုလည်း ကြည့်ရှုစောင့်ရှောက်စေရန်ဖြစ်သည်၊ အကြောင်းမှာ မူလအစတွင် လူသားသည် ဖောက်ပြန်ပျက်စီးခြင်းမရှိခဲ့သေးဘဲ မကောင်းမှုကို ကျူးလွန်ခြင်းငှာ မတတ်စွမ်းနိုင်သောကြောင့်လည်းဖြစ်သည်။ သို့သော် လူသားသည် အကျင့်ပျက်လာပြီးနောက်တွင် သူသည် အရာအားလုံးကို ကြည့်ရှုစောင့်ရှောက်သူ မဟုတ်တော့ပေ။ ဘုရားသခင်၏ ကယ်တင်ခြင်း ရည်ရွယ်ချက်မှာ လူသား၏ ဤတာဝန်ကို မူလအတိုင်းပြန်ဖြစ်စေရန်၊ လူသား၏ မူလအသိစိတ်နှင့် သူ၏မူလနာခံမှုကို မူလကအတိုင်းပြန်ဖြစ်စေရန်ဖြစ်သည်၊ အနားယူလျက်ရှိသည့် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းအမှုမှ ရရှိရန်မျှော်လင့်သည့် ရလဒ်၏ ပြယုဂ်ပင်ဖြစ်ပါလိမ့်မည်။ ယင်းမှာ ဧဒင်ဥယျာဉ်ထဲမှ အသက်တာတစ်ခုကဲ့သို့သော အသက်တာဖြစ်တော့မည် မဟုတ်သော်လည်း၊ ယင်း၏အနှစ်သာရက အတူတူပင် ဖြစ်လိမ့်မည်၊ လူသားတို့သည် အစောပိုင်း မဖောက်ပြန်မပျက်စီးသည့်ကိုယ်မျိုး ရှိတော့မည်မဟုတ်ဘဲ၊ ထိုအစား ဖျက်ဆီးခံရပြီးနောက်တွင် ကယ်တင်ခြင်းခံရသော လူသားများဖြစ်လိမ့်မည်။ ကယ်တင်ခြင်းရရှိသည့် ဤလူသားများသည် နောက်ဆုံးတွင် (ဘုရားသခင်၏အမှု ပြီးဆုံးပြီးနောက်တွင်ဟုဆိုလိုသည်) အနားယူခြင်းထဲသို့ ဝင်ရောက်ကြလိမ့်မည်။ ထိုနည်းတူစွာပင် အပြစ်ဒဏ်ပေးခြင်းခံရသူများ၏ ရလဒ်များသည်လည်း အဆုံးတွင် လုံးဝထုတ်ဖော်ခြင်းခံရမည်၊ ထို့ပြင် ဘုရားသခင်၏အမှု ပြီးဆုံးသွားပြီးမှ ထိုသူတို့သည် ဖျက်ဆီးခံရလိမ့်မည်။ ဆိုလိုသည်မှာ သူ၏အမှု ပြီးဆုံးသွားပြီးမှ မကောင်းမှုပြုသူများနှင့် ကယ်တင်ခြင်းခံရသည့် လူများအားလုံးတို့သည် ထုတ်ဖော်ခြင်းခံရလိမ့်မည်၊ အကြောင်းမှာ လူအမျိုးအစားအားလုံးအား (သူတို့သည် မကောင်းမှုပြုသူများဖြစ်စေ သို့မဟုတ် ကယ်တင်ခြင်းခံရသည့်သူများဖြစ်စေ) ထုတ်ဖော်ခြင်းအမှုကို လူသားအားလုံးအပေါ် တစ်ပြိုင်နက်တည်း ဆောင်ရွက်သွားမည်ဖြစ်သောကြောင့်တည်း။ မကောင်းမှုပြုသူများသည် ပယ်ရှားခြင်းခံရမည်ဖြစ်ပြီး၊ ကျန်ရှိနေနိုင်မည့် လူများသည် တစ်ပြိုင်နက်တည်း ထုတ်ဖော်ခြင်း ခံရလိမ့်မည်။ ထို့ကြောင့် လူအမျိုးအစားအားလုံး၏ ရလဒ်များသည် တစ်ပြိုင်နက်တည်း ထုတ်ဖော်ခြင်း ခံရလိမ့်မည်။ မကောင်းမှုပြုသူများကို တစ်ကြိမ်လျှင် အနည်းငယ်စီမျှ ဘေးဖယ်ခြင်းနှင့် တရားစီရင်ခြင်း သို့မဟုတ် အပြစ်ဒဏ်ခတ်ခြင်းတို့ကို မပြုလုပ်မီတွင်၊ သူသည် ကယ်တင်ခြင်းခံထားရသော လူတစ်စုကို အနားယူခြင်းထဲသို့ ဝင်ရောက်ရန် ဦးစွာခွင့်ပြုမည်မဟုတ်ပေ၊ အမှန်တရားက အမှန်တကယ်တွင် ဤကဲ့သို့မဟုတ်ပေ။ မကောင်းမှုပြုသူများ ဖျက်ဆီးခြင်းခံရပြီး အသက်ရှင်သန်နိုင်သူတို့သည် အနားယူခြင်းထဲသို့ ဝင်ရောက်ကြချိန်တွင် စကြဝဠာတစ်ခုလုံးရှိ သူ၏အမှုသည် ပြီးမြောက်သွားလိမ့်မည်။ ကောင်းချီးရရှိသူများနှင့် ကံဆိုးမှုကို ခံစားရသူများအကြားတွင် ဦးစားပေး အစီအစဉ်မရှိပေ၊ ကောင်းချီးရရှိသူများက ထာဝရအသက်ရှင်မည်ဖြစ်ပြီး ကံဆိုးမှုကို ခံစားရသူများက ထာဝရကာလတိုင် ပျက်စီးကြလိမ့်မည်။ အမှု၏ ဤအဆင့်နှစ်ဆင့်သည် တစ်ပြိုင်နက်တည်း ပြီးမြောက်လိမ့်သည်။ နာခံခြင်းမရှိသောသူများ ရှိခြင်းကြောင့် နာခံသော သူတို့၏ဖြောင့်မတ်ခြင်းသည် ဖော်ထုတ်ခံရမည်မှာ အသေအချာဖြစ်သည်၊ ကောင်းချီးများရရှိသော သူတို့ရှိသောကြောင့် မိမိတို့၏ ကောက်ကျစ်စဉ်းလဲသော အပြုအမူအတွက် မကောင်းမှုလုပ်သူတို့ ခံစားကြရမည့် ကံဆိုးခြင်းသည် ဖော်ထုတ်ခံရမည်မှာ အသေအချာဖြစ်သည်။ မကောင်းမှုလုပ်သူတို့ကို ဘုရားသခင် မဖော်ထုတ်ခဲ့ပါက ဘုရားသခင်ကို ရိုးသားစွာ နာခံသောသူတို့သည် မည်သည့်အခါမျှ နေကို မြင်ကြရမည်မဟုတ်ပေ၊ ဘုရားသခင်သည် သူ့ကို နာခံသူတို့ကို သင့်တင့်လျောက်ပတ်သော ခရီးပန်းတိုင်ထဲသို့ မဆောင်ယူခဲ့ပါက ဘုရားသခင်ကို နာခံခြင်းမရှိသူတို့သည် မိမိတို့ရသင့်သော အပြစ်ဒဏ်ပေးခြင်းကို ရရှိနိုင်လိမ့်မည်မဟုတ်ပေ။ ယင်းသည် သူ့အမှု၏လုပ်ငန်းစဉ်ပင်ဖြစ်သည်။ အကယ်၍ သူသည် မကောင်းသောသူများကို အပြစ်ဒဏ်ပေးပြီး ကောင်းသောသူများကို ဆုလာဘ်ပေးသည့် အမှုကို မလုပ်ဆောင်ခဲ့ပါက သူ၏ဖန်ဆင်းခံသတ္တဝါများသည် သူတို့၏ သက်ဆိုင်သော ခရီးပန်းတိုင်များသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်မည် မဟုတ်ပေ။ လူသားမျိုးနွယ်တို့ အနားယူခြင်းထဲသို့ ဝင်ရောက်သည်နှင့် တစ်ပြိုင်နက် မကောင်းမှု ပြုသူတို့သည် ဖျက်ဆီးခြင်းခံရကြလိမ့်မည်၊ လူသားအားလုံးသည် မှန်ကန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်လိမ့်မည် ဖြစ်ပြီး လူပုဂ္ဂိုလ်အမျိုးအစားတိုင်းသည် သူတို့လုပ်ဆောင်သင့်သော တာဝန်များနှင့်အညီ မိမိတို့၏ ကိုယ်ပိုင်အမျိုးအစားနှင့်အတူ ရှိကြလိမ့်မည်။ ယင်းသည်သာလျှင် လူသားတို့၏ အနားယူရာနေ့ဖြစ်လိမ့်မည်ဖြစ်ပြီး လူသားတို့၏ ဖြစ်ပေါ်တိုးတက်မှုအတွက် မလွှဲမရှောင်သာသော လားရာဖြစ်လိမ့်မည်၊ ထို့ပြင် လူသားတို့ အနားယူခြင်းထဲသို့ ဝင်ရောက်သောအခါမှသာ ဘုရားသခင်၏ ကြီးမြတ်ပြီး အဆုံးစွန်သော ဖြစ်ထွန်းမှုတို့သည် ပြီးဆုံးခြင်းသို့ ရောက်လိမ့်မည်၊ ယင်းသည် သူ့အလုပ်၏ နိဂုံးဖြစ်လိမ့်မည်။ ဤအမှုသည် လူသားအားလုံးတို့၏ ယိုယွင်းသောရုပ်ပိုင်းဆိုင်ရာ အသက်တာကို အဆုံးသတ်ပေးလိမ့်မည်ဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော လူသားတို့၏ အသက်တာကို အဆုံးသတ်ပေးလိမ့်မည်။ ဤနေရာမှစ၍ လူသားတို့သည် နယ်ပယ်သစ်တစ်ခုထဲသို့ ဝင်ရောက်လိမ့်မည်။ လူသားသည် ရုပ်ပိုင်းဆိုင်ရာ တည်ရှိမှုကို ဦးဆောင်သော်လည်း သူ့အသက်တာ၏ အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးသော လူသားတို့၏ အသက်တာ အနှစ်သာရအကြားတွင် ထင်ရှားသော ခြားနားချက်များရှိသည်။ သူ့တည်ရှိမှု၏ အဓိပ္ပာယ်နှင့် ဖောက်ပြန်ပျက်စီးသော လူသားတို့ တည်ရှိမှု၏ အဓိပ္ပာယ်များသည်လည်း ခြားနားကြသည်။ ယင်းသည် လူပုဂ္ဂိုလ်အမျိုးအစားသစ်၏ အသက်တာ မဟုတ်သော်လည်း ကယ်တင်ခြင်းရရှိသော လူသား၏ အသက်တာ၊ လူ့သဘာဝနှင့် အသိစိတ်တို့ ပြန်လည်ရရှိထားသော အသက်တာဖြစ်သည်ဟု ဆိုနိုင်သည်။ ထိုသူတို့သည် တစ်ချိန်က ဘုရားသခင်ကို မနာခံခဲ့သူများဖြစ်ကြပြီး၊ တစ်ချိန်တွင် ဘုရားသခင်၏ သိမ်းပိုက်ခြင်း ခံခဲ့ရပြီးနောက် သူ၏ကယ်တင်ခြင်းကိုခံခဲ့ရသည်၊ ထိုသူတို့သည် ဘုရားသခင်ကို စော်ကားခဲ့သူများဖြစ်ကြပြီး နောက်ပိုင်းတွင် သူ့ကို သက်သေခံခဲ့သူများဖြစ်ကြသည်။ ဘုရားသခင်၏ စမ်းသပ်ခြင်းကို တွေ့ကြုံကာ လွန်မြောက်ပြီးနောက်တွင် သူတို့၏တည်ရှိမှုသည် အဓိပ္ပာယ်အရှိဆုံးသော တည်ရှိမှုဖြစ်သည်၊ သူတို့သည် စာတန်၏ ရှေ့မှောက်တွင် ဘုရားသခင်ကို သက်သေခံသူများဖြစ်ကြသည်၊ သူတို့သည် အသက်ရှင်ရန် သင့်တော်သူများဖြစ်သည်။ ဖျက်ဆီးခြင်းခံရမည့်သူများမှာ ဘုရားသခင်အတွက် သက်သေခံရပ်တည်ခြင်း မပြုနိုင်သူများဖြစ်ပြီး၊ အသက်ရှင်ရန် မသင့်လျော်သူများဖြစ်သည်။ သူတို့၏ ပျက်စီးခြင်းသည် သူတို့၏ ကောက်ကျစ်စဉ်းလဲသော လုပ်ဆောင်မှုကြောင့် ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ပျက်စီးခြင်းသည် သူတို့အတွက် အကောင်းဆုံး ခရီးပန်းတိုင်ဖြစ်သည်။ လူသားသည် နောက်ပိုင်းတွင် ကောင်းသောနယ်ပယ်ထဲသို့ ဝင်ရောက်သောအခါ သူ့အနေဖြင့် တွေ့ရှိမည်ဟု တွေးထင်ထားသော ခင်ပွန်းနှင့် ဇနီးအကြား၊ ဖခင်နှင့် သမီးအကြား သို့မဟုတ် မိခင်နှင့် သားအကြား ဆက်ဆံရေးများသည်လည်း တစ်ခုမျှ ရှိတော့မည် မဟုတ်ပေ။ ထိုအချိန်တွင် လူသားသည် သူ၏ ကိုယ်ပိုင်အမျိုးအစားနောက်ကို လိုက်လိမ့်မည်ဖြစ်ပြီး မိသားစုသည် အစိတ်စိတ်အမွှာမွှာပြိုကွဲနှင့်ပြီး ဖြစ်လိမ့်မည်။ အလုံးစုံကျဆုံးသွားသဖြင့် စာတန်သည် လူသားကို မည်သည့်အခါမျှ ထပ်မံနှောင့်ယှက်တော့မည်မဟုတ်ဘဲ လူသား၌ ဖောက်ပြန်ပျက်စီးသော စာတန်နှင့်ဆိုင်သည့် စိတ်သဘောထား ရှိတော့မည်မဟုတ်ပေ။ နာခံခြင်းမရှိသော သူတို့သည် ဖျက်ဆီးခံရနှင့်ပြီး ဖြစ်လိမ့်မည်၊ ထို့ပြင် နာခံသူများသည်သာ အသက်ရှင်လိမ့်မည်။ သို့ဖြစ်ရာ မိသားစု အနည်းငယ်သာလျှင် မပျက်မစီးဘဲ ရှင်သန်လိမ့်မည်၊ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများသည် မည်သို့လျှင်ဆက်လက်တည်ရှိနေနိုင်ဦးမည်နည်း။ လူသား၏ အတိတ်က ရုပ်ပိုင်းဆိုင်ရာ အသက်တာသည် လုံးဝတားမြစ်ခံရလိမ့်မည်။ လူတို့အကြား ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများသည် မည်သို့လျှင် တည်ရှိနိုင်မည်နည်း။ ဖောက်ပြန်ပျက်စီးသော စာတန်နှင့်ဆိုင်သည့် စိတ်သဘောထားမရှိဘဲ လူများ၏ အသက်တာသည် အတိတ်က အသက်တာဟောင်းဖြစ်တော့မည် မဟုတ်ဘဲ အသစ်သောအသက်တာ ဖြစ်လိမ့်မည်။ မိဘများသည် သားသမီးများကို ဆုံးရှုံးလိမ့်မည်ဖြစ်ပြီး သားသမီးများသည်လည်း မိဘများကို ဆုံးရှုံးလိမ့်မည်။ ခင်ပွန်းများသည် ဇနီးများကို ဆုံးရှုံးလိမ့်မည်ဖြစ်ပြီး ဇနီးများသည် ခင်ပွန်းများကို ဆုံးရှုံးလိမ့်မည်။ ယခုအခါ လူများသည် တစ်ဦးနှင့်တစ်ဦးအကြား ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများရှိကြသည်။ သူတို့အားလုံး အနားယူခြင်းထဲသို့ ဝင်ရောက်သောအခါ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများ ရှိတော့မည်မဟုတ်ပေ။ ထိုသို့သော လူသားတို့၌သာ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ ရှိလိမ့်မည်ဖြစ်ပြီး၊ ထိုသို့သော လူသားတို့သည်သာ ဘုရားသခင်ကို ကိုးကွယ်သောသူများ ဖြစ်ကြလိမ့်မည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်၏အလိုတော်နှင့် လိုက်လျောညီထွေစွာ အစေခံနည်း” | ကောက်နုတ်ချက် ၄၅၄

ယေရှုသည် သူ၏ကိုယ်ရေးကိုယ်တာအစီအစဉ်များနှင့် ကိုယ့်အကျိုးကိုထည့်သွင်းမစဉ်းစားဘဲ ဘုရားသခင်၏ အလိုတော်ကို လေးနက်စွာ ဆောင်ရွက်ခဲ့သောကြောင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု” | ကောက်နုတ်ချက် ၄၄၉

ပညာမရှိသော ထိုသူများသာမက မာနကြီးသူများသည် ၎င်းတို့အတတ်နိုင်ဆုံး ကြိုးစားခြင်း သို့မဟုတ် ၎င်းတို့၏တာဝန်ကို လုပ်ဆောင်ရမည့်အစား ၎င်းတို့...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်သည် ဖန်ဆင်းရာအားလုံး၏ သခင်ဖြစ်တော်မူ၏” | ကောက်နုတ်ချက် ၂၀၆

လွန်ခဲ့သော ခေတ်နှစ်ခေတ်၏ အလုပ်အဆင့်တစ်ဆင့်ကို ဣသရေလပြည်၌ ဆောင်ရွက်ခဲ့ပြီးဖြစ်၍ ကျန်တစ်ဆင့်ကို ယုဒပြည်တွင် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” | ကောက်နုတ်ချက် ၂၆

နောက်ဆုံးသောကာလ၏ အလုပ်မှာ နှုတ်ကပတ်တော်များပြောရန် ဖြစ်သည်။ နှုတ်ကပတ်တော်များမှတစ်ဆင့် လူတွင် ကြီးမားသော အပြောင်းအလဲများ သက်ရောက်နိုင်သည်။...