ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၀၈

01.07.2020

ဘုရားသခင်၏ အမျက်ဒေါသသည် တရားမျှတသည့် စွမ်းအား အားလုံးနှင့် အပြုသဘောဆောင်သည့် အရာအားလုံးအတွက် အကွယ်အကာဖြစ်သည်

ထိပါးစော်ကားခြင်းအပေါ် ဘုရားသခင်၏ သည်းမခံခြင်းက သူ၏ အထူးအနှစ်သာရတစ်ခုဖြစ်ပါသည်။ ဘုရားသခင်၏ အမျက်ဒေါသက သူ၏ အထူး စိတ်သဘောထားဖြစ်ပါသည်။ ဘုရားသခင်၏ ဘုန်းအာနုဘော်က သူ၏အထူးအနှစ်သာရ ဖြစ်ပါသည်။ ဘုရားသခင်၏ ဒေါသနောက်က သဘောတရားသည် သူသာလျှင်ပိုင်ဆိုင်သည့် ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်တို့ကို ထုတ်ဖော်ပြသပါသည်။ ဤသည်မှာ အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရ၏ သင်္ကေတလည်းဖြစ်ကြောင်းကို ပြောစရာမလိုပေ။ ဘုရားသခင်၏ စိတ်သဘောထားသည် သူ၏ကိုယ်ပိုင် ပင်ကို အနှစ်သာရဖြစ်ပါသည်။ ဤသည်မှာ အချိန်ကုန်သည်နှင့်အမျှ ပြောင်းလဲခြင်း လုံးဝမရှိသကဲ့သို့ တည်နေရာပြောင်းသည့်အချိန်တိုင်းမှာလည်း မပြောင်းပေ။ သူ၏ ပင်ကိုစိတ်သဘောထားသည် သူ၏ မရှိမဖြစ် အနှစ်သာရဖြစ်ပါသည်။ သူ့အလုပ်ကို မည်သူ့အပေါ်မှာ လုပ်ဆောင်သည်ဖြစ်စေ သူ၏ အနှစ်သာရသည် မပြောင်းလဲပေ။ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားလည်း မပြောင်းလဲပေ။ လူတစ်ယောက်သည် ဘုရားသခင်ကို ဒေါသထွက်စေသည့်အခါမှာ သူထုတ်လွှတ်သည့်အရာက သူ၏ ပင်ကိုစိတ်သဘောထားဖြစ်ပါသည်။ ဤအချိန်မှာ သူ၏ဒေါသနောက်က သဘောတရားက မပြောင်းလဲသကဲ့သို့ သူ၏အတုမရှိသည့် ဝိသေသလက္ခဏာနှင့် အခြေအနေကလည်း မပြောင်းလဲပေ။ သူ၏အနှစ်သာရသည် ပြောင်းလဲမှုတစ်ခုကြောင့် သို့မဟုတ် သူ့စိတ်သဘောထားသည် မတူညီသည့် သဘောတရားများ ထုတ်သည့်အတွက်ကြောင့် သူစိတ်ဆိုးလာခြင်း မဟုတ်ပေ။ သို့သော်လည်း သူ့အပေါ် လူသား၏ ဆန့်ကျင်ခြင်းကြောင့် သူ့စိတ်သဘောထားကို ထိပါးစေပါသည်။ ဘုရားသခင်အပေါ် လူသား၏ ပြောင်ပြောင်တင်းတင်း ရန်စခြင်းက ဘုရားသခင်၏ ကိုယ်ပိုင် ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်အတွက် အလွန်ပြင်းထန်သည့် စိန်ခေါ်မှုတစ်ခုပင်ဖြစ်သည်။ ဘုရားသခင်၏ အမြင်မှာ လူသားက သူ့ကို စိန်ခေါ်သည့်အခါ လူသားသည် သူ့ကိုယှဉ်ပြိုင်နေခြင်းဖြစ်ပြီး သူ၏ဒေါသကို စမ်းသပ်နေခြင်းဖြစ်ပါသည်။ လူသားက ဘုရားသခင်ကို ဆန့်ကျင်သည့်အခါ၊ လူသားက ဘုရားသခင်ကို ယှဉ်ပြိုင်သည့်အခါ၊ အပြစ်တရားက သောင်းကျန်းသည့် အချိန်လည်းဖြစ်သည့် လူသားက ဘုရားသခင်၏ ဒေါသကို အဆက်မပြတ် စမ်းသပ်သည့်အခါမှာ ဘုရားသခင်၏ အမျက်ဒေါသသည် သူ့အလိုအလျောက်ထုတ်ဖော်ပြီး ထွက်ပေါ်လာသည်။ ထို့ကြောင့် သူ၏အမျက်ဒေါသအပေါ် ဘုရားသခင်၏ ဖော်ပြချက်က မကောင်းသောစွမ်းအား အားလုံးသည် ပျောက်ကွယ်လိမ့်မည်ဆိုသည်ကို သင်္ကေတပြုနေပါသည်။ ရန်ပြုတတ်သည့် အစွမ်းအားလုံးသည် ဖျက်ဆီးခံရမည်ဆိုသည်ကို သင်္ကေတပြုနေပါသည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ အတုမရှိမှု၊ ဘုရားသခင်၏ အမျက်ဒေါသ၏ အတုမရှိမှုဖြစ်သည်။ ဘုရားသခင်၏ ဂုဏ်နှင့် သန့်ရှင်းခြင်းကို စိန်ခေါ်ခံရသည့်အခါမှာ တရားမျှတသည့် စွမ်းအားများသည် ပိတ်ဆို့နေပြီး ၎င်းတို့ကို လူသားက မမြင်ရသည့်အခါ ဘုရားသခင်သည် သူ၏အမျက်ဒေါသကို စေလွှတ်ပါလိမ့်မည်။ ဘုရားသခင်၏ အနှစ်သာရကြောင့် ဘုရားသခင်ကို ယှဉ်ပြိုင်သည့်၊ သူ့ကိုဆန့်ကျင်ပြီး သူ့ကိုရင်ဆိုင်သည့် အစွမ်းအားလုံးသည် ဆိုးယုတ်၊ ဖောက်ပြန်ပျက်စီးပြီး တရားမမျှတသည့် အစွမ်းများပင်ဖြစ်သည်။ သူတို့သည် စာတန်ဆီမှလာပြီး စာတန်နှင့် သက်ဆိုင်ပါသည်။ ဘုရားသခင်သည် တရားမျှတသည့်အတွက်ကြောင့်၊ အလင်းဖြစ်ပြီး အပြစ်အနာအဆာကင်းမဲ့စွာ သန့်ရှင်းသည့်အတွက်ကြောင့် ဆိုးယုတ်၊ ဖောက်ပြန်ပျက်စီးသည့် စာတန်နှင့်သက်ဆိုင်သည့် အရာအားလုံးသည် ဘုရားသခင်၏ အမျက်ဒေါသ ထုတ်လွှတ်မှုနှင့်အတူ ပျောက်ကွယ်သွားပါလိမ့်မည်။

ဘုရားသခင်၏ အမျက်ဒေါသကို သွန်ချခြင်းက သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ ဖော်ပြချက်၏ လက္ခဏာသွင်ပြင်တစ်ခုဖြစ်သော်လည်း ဘုရားသခင်၏ ဒေါသသည် သူ၏ပစ်မှတ်အပေါ်မှာ မစဉ်းမစားလုပ်ခြင်း သို့မဟုတ် စည်းမျဉ်းမပါဘဲလုပ်ခြင်းမရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်က စိတ်တိုရာ၌ လျင်မြန်ခြင်း လုံးဝမရှိသကဲ့သို့ သူ၏အမျက်ဒေါသနှင့် သူ၏ ဘုန်းအာနုဘော်ကို အလောတကြီး ထုတ်ဖော်ခြင်း မပြုလုပ်ပေ။ ထပ်ဖြည့်စွက်ရလျှင် ဘုရားသခင်၏ အမျက်ဒေါသသည် အတော်ပင်ထိန်းချုပ်ပြီး ချင့်ချင့်ချိန်ချိန်ရှိသည်။ လူသားက ချက်ချင်း ဒေါသထွက်လာခြင်းမျိုး သို့မဟုတ် သူ၏ ဒေါသကို ဖွင့်ချခြင်းမျိုးနှင့် လုံးဝ နှိုင်းယှဉ်၍မရပေ။ လူသားနှင့်ဘုရားသခင်ကြားက စကားပြောဆိုမှု များစွာကို သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားပါသည်။ ဤလူတို့ထဲက တစ်ချို့၏ စကားလုံးများက မလေးနက်ပေ၊ ပညာမဲ့ပြီး ကလေးဆန်သည်။ သို့သော်လည်း ဘုရားသခင်က သူတို့ကို ရိုက်မချသကဲ့သို့ သူတို့ကို ရှုတ်ချခြင်းမရှိပေ။ အထူးသဖြင့် ယောဘ၏ စမ်းသပ်မှုအချိန်ကာလအတွင်းမှာ ယောဘ၏ သူငယ်ချင်းသုံးယောက်နှင့် အခြားလူများက ယောဘကို ပြောခဲ့သည့် စကားများကို ယေဟောဝါဘုရားသခင်က ကြားပြီးနောက်မှာ သူတို့ကို သူက မည်သို့ ဆက်ဆံခဲ့သနည်း။ သူတို့ကို သူ ရှုတ်ချသလော။ သူတို့အပေါ် ဒေါသထွက်သွားသလော။ ဤကဲ့သို့ တစ်ခုမှ မလုပ်ခဲ့ပေ။ ဤကဲ့သို့မလုပ်ဘဲ သူတို့အတွက် အသနားခံတောင်းလျှောက်ဖို့၊ သူတို့အတွက် ဆုတောင်းပေးဖို့ ယောဘကို သူပြောခဲ့သည်။ အခြားတစ်ဖက်မှာ ဘုရားသခင်သည် သူတို့အမှားများကို ဗွေမယူခဲ့ပေ။ ဤဖြစ်ရပ်များအားလုံးသည် လက်ရှိအခြေအနေအရ ဖောက်ပြန်ပျက်စီး၍ ပညာမဲ့သည့် လူသားမျိုးနွယ်ကို ဘုရားသခင်က ဆက်ဆံသည့် အဓိက သဘောထားကို ကိုယ်စားပြုပါသည်။ ထို့ကြောင့် ဘုရားသခင်၏ အမျက်ဒေါသကို ထုတ်လွှတ်ခြင်းက သူ၏စိတ်ခံစားချက်၏ ဖော်ပြချက် သို့မဟုတ် ဖွင့်ချခြင်း လုံးဝ မဟုတ်ပေ။ ဘုရားသခင်၏ အမျက်ဒေါသက လူများနားလည်သကဲ့သို့ ပြည့်ကျပ်ပြီး ပေါက်ကွဲထွက်ခြင်း မဟုတ်ပေ။ ဘုရားသခင်က သူ၏ကိုယ်ပိုင် စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်၍၊ သို့မဟုတ် သူ၏ဒေါသက အထွတ်အထိပ်ရောက်နေပြီး ဖွင့်ချရတော့မည့်အတွက် သူ၏အမျက်ဒေါသကို ထုတ်လွှတ်ခြင်းမဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူ၏ အမျက်ဒေါသသည် သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို ပြသခြင်းဖြစ်ပြီး သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ စစ်မှန်သည့် ဖော်ပြချက်ဖြစ်ပါသည်။ ဤသည်မှာ သူ၏သန့်ရှင်းသည့် အနှစ်သာရကို သင်္ကေတနှင့် ထုတ်ဖော်ခြင်းပင်ဖြစ်သည်။ ဘုရားသခင်သည် အမျက်ဒေါသဖြစ်သည်။ ထိပါးစော်ကားမှုများကို သည်းမခံပေ။ ဤသည်မှာ ဘုရားသခင်၏ ဒေါသသည် အကြောင်းတရားများကြား ခွဲခြားမှုမရှိဟုလည်းကောင်း၊ မူမရှိဟုလည်းကောင်း ဆိုခြင်းမဟုတ်ပေ။ အကြောင်းတရားများကို မခွဲခြားဘဲ ဒေါသပေါက်ကွဲခြင်းက စည်းမရှိခြင်း၌ အထူးသီးသန့်မူပိုင်ရှိသည့် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်ပင်ဖြစ်သည်။ လူသားတစ်ယောက်က အဆင့်အတန်းရှိသည့်အခါမှာ သူ့စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့ ခက်နေခြင်းကို သူမကြာခဏတွေ့ရလိမ့်မည်။ ထို့ကြောင့် သူ၏မကျေနပ်မှုများကို ဖော်ပြပြီး သူ၏ စိတ်ခံစားချက်များကို ဖွင့်ချဖို့ ဖြစ်ရပ်များကို အမိအရဆုပ်ကိုင်ခြင်းကို နှစ်သက်လိမ့်မည်။ သိသာသည့်အကြောင်းပြချက်မရှိဘဲ သူသည် စိတ်တိုဒေါသထွက်လိမ့်မည်။ သူ၏အရည်အချင်းကို ထုတ်ဖော်ဖို့နှင့် သူ၏ အဆင့်အတန်းနှင့် ဝိသေသလက္ခဏာများသည် သာမန်လူတို့မှ ကွဲပြားသည်ဆိုသည်ကို အခြားလူများ သိစေဖို့အတွက် ဖြစ်ပါသည်။ မှန်ပါသည်၊ အဆင့်အတန်းမရှိသည့် ဖောက်ပြန်ပျက်စီးသည့် လူတို့ကတော့ မကြာခဏ စိတ်လွတ်လွတ်သွားပါလိမ့်မည်။ သူတို့၏ဒေါသသည် သူတို့၏တစ်ဦးချင်း အကျိုးအမြတ်ကို ထိခိုက်ခြင်းအားဖြင့် မကြာခဏ ဖြစ်ပွားတတ်ပါသည်။ သူတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် သူတို့၏ စိတ်ခံစားချက်များကို မကြာခဏ ဖွင့်ချပြီး သူတို့၏ မာနကြီးသည့်သဘောများကို ဖွင့်ပြပါလိမ့်မည်။ လူသားသည် အပြစ်တည်ရှိမှုကို ခုခံကာကွယ်ဖို့အတွက် သူ၏ စိတ်ခံစားချက်များကို ဖွင့်ချပြီး ဒေါသထွက်ပါလိမ့်မည်။ ဤလုပ်ရပ်များသည် လူသားက သူ၏ မကျေနပ်မှုများကို ဖော်ပြသည့် နည်းလမ်းများဖြစ်ပါသည်။ ဤလုပ်ရပ်များသည် အညစ်အကြေးများနှင့်၊ မကောင်းကြံစည်ခြင်းများနှင့် လျှို့ဝှက်ကြံစည်မှုများနှင့်၊ လူသား၏ ဖောက်ပြန်ပျက်စီးမှုနှင့် မကောင်းမှုတို့နှင့်အပြင် အခြား မည်သည့်အရာမဆိုထက်ပိုပြီး လူသား၏ ခက်ထန်သည့် ရည်မှန်းချက်များနှင့် ဆန္ဒများနှင့် ပြည့်လျှံနေပါသည်။ တရားမျှတမှုသည် ဆိုးယုတ်မှုနှင့် ယှဉ်ပြိုင်သည့်အခါ၌ လူသားသည် တရားမျှတမှု၏ ဖြစ်တည်မှုကို ခုခံကာကွယ်ဖို့ စိတ်တိုဒေါသထွက်မှာမဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် တရားမျှတခြင်း၏ စွမ်းအားကို ခြိမ်းခြောက်ခံရသည့်အခါ၊ ညှဉ်းဆဲခံရသည့်အခါ၊ တိုက်ခိုက်ခံရသည့်အခါ၊ လူသား၏ သဘောထားသည် လျစ်လျူရှုခြင်း၊ ရှောင်ကြဉ်ခြင်း သို့မဟုတ် တွန့်ဆုတ်ခြင်းတို့ ဖြစ်ပါသည်။ သို့သော်လည်း မကောင်းမှု၏ စွမ်းအားများနှင့် ရင်ဆိုင်ရသည့်အခါမှာ လူသား၏ သဘောထားသည် ဖြည့်ဆည်းပေးခြင်း၊ မျက်နှာချိုသွေးခြင်းတို့ဖြစ်ပါသည်။ ထို့ကြောင့် လူသား၏ စိတ်ဖွင့်ချခြင်းသည် မကောင်းမှု၏ စွမ်းအားတို့အတွက် လွတ်လမ်း၊ ထကြွသောင်းကျန်းခြင်း၏ ဖော်ပြချက်တစ်ခုနှင့် ဇာတိပကတိဖြစ်သည့် လူသား၏ ရပ်တန့်၍မရနိုင်သည့် မကောင်းသည့် အပြုအမူဖြစ်ပါသည်။ သို့သော်လည်း ဘုရားသခင်က သူ၏ အမျက်ဒေါသကို ထုတ်လွှတ်သည့်အခါမှာ မကောင်းသည့် စွမ်းအား အားလုံးသည် ရပ်သွားပါလိမ့်မည်။ လူသားကို အန္တရာယ်ပြုသည့် အပြစ်တရားအားလုံးသည် ရပ်တန့်သွားပါလိမ့်မည်။ ဘုရားသခင်၏ လုပ်ဆောင်မှုကို ပိတ်ပင်တားဆီးသည့် ရန်မူသည့် စွမ်းအားများ အားလုံးသည် သိသာထင်ရှားလာမည်၊ ကွဲပြားလာပြီး ကျိန်ဆဲခြင်းကိုခံရမည်။ ဘုရားသခင်ကို ဆန့်ကျင်သည့် စာတန်၏ ကြံရာပါအားလုံးသည် အပြစ်ဒဏ်ခတ်ခံရမှာဖြစ်ပြီး အမြစ်ဖြတ်ပစ်ခံရမှာဖြစ်ပါသည်။ သူတို့၏နေရာမှာ ဘုရားသခင်၏လုပ်ဆောင်မှုသည် ပိတ်ပင်တားဆီးမှုတို့မရှိဘဲ လွတ်လပ်စွာ ရှေ့ဆက်ပါလိမ့်မည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်သည် စီစဉ်ထားချက်နှင့်အညီ တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက် တိုးတက်ဖြစ်ပေါ်လာပါလိမ့်မည်။ ဘုရားသခင်ရွေးချယ်ထားသည့်လူများသည် စာတန်၏ နှောင့်ယှက်ခြင်းနှင့် လှည့်စားခြင်းမှ လွတ်ကင်းပါလိမ့်မည်။ ဘုရားသခင်နောက်ကိုလိုက်သူများသည် ငြိမ်သက်အေးချမ်းသည့် ပတ်ဝန်းကျင်ထဲတွင် ဘုရားသခင်၏ ဦးဆောင်မှုနှင့် အထောက်အပံ့ကို ခံစားကြရပါလိမ့်မည်။ ဘုရားသခင်၏ အမျက်ဒေါသသည် မကောင်းသည့် အစွမ်းများ ထပ်ဆင့်ပွားများခြင်းနှင့် ထကြွသောင်းကျန်းခြင်းတို့မှ တားဆီးပေးသည့် အကာအကွယ်တစ်ခုဖြစ်ပါသည်။ တရားမျှတမှုနှင့် အပြုသဘောဆောင်သည့်အရာများအားလုံး ဖြစ်တည်မှုနှင့် ပျံနှံ့ခြင်းကို ကာကွယ်ပေးပြီး ဖိနှိပ်ခံရခြင်းနှင့် ထိုအရာများကို ဖျက်လိုဖျက်ဆီးလုပ်ခံရခြင်းတို့မှ ထာဝရကာကွယ်စောင့်ရှောက်ပေးသည့် အကာအကွယ်တစ်ခုလည်း ဖြစ်ပါသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။