အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

အမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)

ယေရှု၏ လူ့ဇာတိခံယူသော သမ္မာတရားသည် ဖြစ်တည်လာပြီးနောက်ပိုင်းတွင်မှ လူသည် ဤသို့နားလည် လာသည်မှာ ကောင်းကင်ဘုံ၌ ခမည်းတော် တစ်ပါးတည်းသာ ရှိသည်မဟုတ်၊ သူ၏ သားတော်လည်း ရှိပြီး၊ ဝိညာဉ်တော်ပါ ရှိသေးသည် ဟူ၍ဖြစ်သည်။ ကောင်းကင်ဘုံ၌ ဤသို့သော ဘုရားသခင် တစ်ပါး (သုံးပါးတစ်ဆူဖြစ်သည့် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်) ရှိသည်ဆိုသည်မှာ လူကိုင်စွဲထားသော သမားရိုးကျ အယူအဆပင်ဖြစ်သည်။ လူသားမျိုးနွယ် အားလုံးတွင် ဤအယူအဆရှိသည် (ဘုရားသခင်သည် တစ်ဆူတည်း ဖြစ်သော်လည်း အပိုင်းသုံးပိုင်းနှင့် ဖွဲ့စည်းထားသည်၊ သမားရိုးကျ အယူအဆများတွင် အလွန်အမင်းခိုင်မာစွာ အမြစ်တွယ်နေသော အရာမှာ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်)ဟူ၍ပင် ဖြစ်သည်။ ထိုအပိုင်း သုံးပိုင်းပေါင်း၍ တစ်ပါး ဖြစ်ခြင်းသည် ဘုရားသခင်၏ အလုံးစုံပင်ဖြစ်သည်။ သန့်ရှင်းသော ခမည်းတော်မပါပဲနှင့်၊ ဘုရားသခင်သည် တစ်လုံးတစ်ဝတည်း မဖြစ်နိုင်။ အလားတူ၊ သားတော် သို့မဟုတ် သန့်ရှင်းသော ဝိညာဥ်တော် မပါပဲနှင့်လည်း ဘုရားသခင်သည် တစ်လုံးတစ်ဝတည်း မဖြစ်နိုင်။ သူတို့၏ အယူအဆများထဲတွင် ခမည်းတော်တစ်ပါးတည်း သို့တည်းမဟုတ် သားတော်တစ်ပါးတည်းဆိုလျှင် ဘုရားသခင်ဟု သတ်မှတ်၍ မရဟု သူတို့ ယုံကြည်ကြ သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဥ်တော် အတူတကွဖြစ်မှသာလျှင် ဘုရားသခင် ကိုယ်တိုင် ဖြစ်သည်ဟု မှတ်ယူသည်။ ယခုတွင် သင်တို့အထဲမှ နောက်လိုက်သူများ အယောက်ချင်းစီတိုင်း အပါအဝင်၊ ဘာသာရေး ယုံကြည်သူ အားလုံးတို့သည် ဤယုံကြည်ချက်ကို စွဲကိုင်ထားကြသည်။ သို့သော်လည်း ဤယုံကြည်ချက်မှာ မှန်ကန်ခြင်း ရှိ၊ မရှိဟူသည့် အရာကိုမူ၊ မည်သူမျှ ရှင်းမပြနိုင်ကြပေ၊ အကြောင်းမှာ သင်တို့သည် ဘုရားသခင်ကိုယ်တိုင်နှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် မရေရာ ရှုပ်ထွေးမှု မြူမှိုင်းထဲ၌ အမြဲရှိနေသော ကြောင့်ဖြစ်သည်။ သင်တို့သည် ဘာသာရေး အယူအဆများ၏ ကြီးလေးစွာ ညစ်ညူးခြင်းကို ခံထားရသဖြင့်၊ ဤအရာများသည် အယူအဆများသာ ဖြစ်သော်လည်း၊ သင်တို့ကမူ ၎င်းတို့ မှန်၏၊ မှား၏ ဆိုသည်ကိုပင် မသိချေ။ သင်တို့သည် ဤသမားရိုးကျ ဘာသာရေး အယူအဆများကို အလွန် နက်နက်ရှိုင်းရှိုင်းပင် လက်ခံထားပြီး၊ ဤအဆိပ်အတောက်သည် သင်တို့အထဲတွင် အလွန် နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဤကိစ္စတွင်လည်း သင်တို့သည် အန္တရာယ်ကြီးမားလှသော ဤလွှမ်းမိုး မှုကို လက်လျှော့ခံယူပြီးသား ဖြစ်သည်၊ အကြောင်းမှာ သုံးပါးတစ်ဆူသည် အကယ်ပင် မရှိပေ။ ဆိုလိုသည်မှာ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဥ်တော်ဟူသည့် သုံးပါးတစ်ဆူ အကယ်မရှိ။ ဤအရာ အားလုံးသည် လူ၏ သမားရိုးကျ အယူအဆများသာဖြစ်ပြီး၊ လူ၏ မှားယွင်းနေသော ယုံကြည်ချက်များပင် ဖြစ်သည်။ များစွာသော ရာစုနှစ်များ တစ်လျှောက်တွင်၊ လူ၏စိတ်ထဲမှ အယူအဆများဖြင့် ရုပ်လုံး ဖော်ထားသော၊ လူမှ လုပ်ကြံဖန်တီးထားသော၊ လူသည် ယခင်က တစ်ခါမျှ မမြင်ဖူးသော ဤသုံးပါးတစ်ဆူကို လူမှ ယုံကြည်နေခဲ့သည်။ ဤများစွာသော နှစ်များတစ်လျှောက်တွင် သုံးပါးတစ်ဆူ၏ "စစ်မှန်သော အဓိပ္ပာယ်" ကို ရှင်းပြခဲ့သည့် ဝိညာဥ်ရေးရာ ပုဂ္ဂိုလ်ကြီးများ များစွာရှိခဲ့သော်လည်း၊ ယင်းကဲ့သို့ ကွဲပြားသည့် ပေါင်းစည်းထားသော ပုဂ္ဂိုလ်သုံးဦးအဖြစ် သုံးပါးတစ်ဆူအား ရှင်းပြချက်များသည် မရေရာ၊ မရှင်းလင်းခဲ့ပဲ အားလုံးတို့သည် ဘုရားသခင်၏ "ဖွဲ့စည်း တည်ဆောက်ပုံ" နှင့်ပတ်သက်၍ စိတ်ရှုပ်ထွေး ခဲ့ကြသည်။ မည်သည့် ပုဂ္ဂိုလ်ကြီးများမှ ရှင်းလင်းစေ့စပ်သော ရှင်းပြချက်များ ပေးနိုင်ခြင်း မရှိခဲ့ကြ၊ ရှင်းပြချက် အများစုသည် ကျိုးကြောင်းသင့် တွေးခေါ်ခြင်းနှင့် စာရွက်ပေါ်တွင်တော့ လက်ခံနိုင်လောက်သော်လည်း၊ မည်သည့် လူတစ်ဦးတစ်ယောက်မျှ ယင်း၏ အဓိပ္ပာယ်အား ပြည့်ဝရှင်းလင်းစွာ နားလည်ခြင်း မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် လူ၏ နှလုံးသားထဲတွင် စွဲကိုင်ထားသော ဤမဟာ သုံးပါးတစ်ဆူဆိုသည်မှာ အကယ် မရှိသောကြောင့်ပင် ဖြစ်သည်။ အကြောင်းမှာ မည်သူကမျှ ဘုရားသခင်၏ စစ်မှန်သော မျက်နှာကို မမြင်ဖူးကြ၊ သို့မဟုတ် ဘုရားသခင်၏ ကိန်းဝပ်ရာသို့ အလည်အပတ်အနေနှင့် ကံကောင်းထောက်မစွာ တက်ရောက်ခွင့်ရရှိကာ ဘုရားသခင် ကျိန်းဝပ်သောနေရာတွင် အဘယ်အရာများ ရှိသည်ကို ဆန်းစစ်ရန်၊ "ဘုရားသခင်၏ အိမ်တော်" တွင် မျိုးဆက်များ ကုဋေကုဋာပေါင်း မည်မျှရှိသည်ကို အတိအကျ ဆုံးဖြတ်ရန် သို့မဟုတ် ဘုရားသခင်၏ ပင်ကိုယ်ဖွဲ့စည်း တည်ဆောက်ပုံတွင် အစိတ်အပိုင်း မည်မျှပါဝင်သည်ကို စူးစမ်း ရှာဖွေခွင့်ရရှိသူ တစ်စုံတစ်ယောက်မျှ မရှိသောကြောင့် ဖြစ်သည်။ အဓိကအားဖြင့် ဆန်းစစ်ရန် လိုသည့်အရာမှာ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဥ်တော်၏ သက်တမ်း၊ တစ်ပါးချင်းစီတိုင်း၏ သက်ဆိုင်ရာ အသွင်အပြင်၊ သူတို့၏ ခွဲခွာပုံ အတိအကျနှင့် သူတို့ တစ်ဆူတည်းဖြစ်သည်မှာ မည်ကဲ့သို့နည်း စသည်တို့ပင် ဖြစ်သည်။ အကြောင်းမလှစွာပင်၊ ဤနှစ်များစွာအတွင်း ယင်းကိစ္စရပ်များ၏ သမ္မာတရားကို ပိုင်းဖြတ်နိုင်ရန် မည်သူ တစ်ဦးတစ်ယောက်ကမျှ မတတ်နိုင်ခဲ့ကြပါ။ ယင်းတို့အားလုံးသည် မှန်းဆခြင်းမျှသာ ဖြစ်သည်၊ အကြောင်းမှာ ကောင်းကင်ဘုံသို့ အလည်အပတ်အဖြစ် တက်သွားခဲ့ပြီး လူသားမျိုးနွယ် အားလုံးအတွက် "စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ" ဖြင့် သုံးပါးတစ်ဆူနှင့် ပတ်သက်သော အကြောင်းအရာ၏ သမ္မာတရားကို ထက်သန် ကိုင်းရှိုင်းသော ဘာသာရေး ယုံကြည်သူများအား အစီရင်ခံတင်ပြရန် အလို့ငှာ ပြန်လာခဲ့သူ တစ်ဦး တစ်ယောက်မျှ မရှိသောကြောင့်ပင် ဖြစ်သည်။ ထိုကဲ့သို့သော အယူအဆများ ထုတ်ကြသည့် လူအပေါ် အပြစ်ဖို့၍ မရသည်မှာ မှန်ပါသည်၊ အကြောင်းမှာ ခမည်းတော် ယေဟောဝါသည် သူ့ လူသားမျိုးနွယ်ကို ဖန်ဆင်းချိန်တွင် အဘယ့်ကြောင့် သားတော် ယေရှုနှင့်အတူ မတွဲဖက်ခဲ့သနည်း။ အကယ်၍ အစအဦး၌ အရာအားလုံးကို ယေဟောဝါအမည်နှင့်သာ လုပ်ခဲ့ပါက ပို၍ကောင်းခဲ့ပေလိမ့်မည်။ အကယ်၍ အပြစ်ဖို့ရမည် ဆိုပါက၊ ဖန်ဆင်းခြင်းအချိန်တွင် သားတော်နှင့် သန့်ရှင်းသော ဝိညာဥ်တော်အား သူ၏ ရှေ့မှောက်သို့ မခေါ်ခဲ့ပဲ ထိုအစား သူ၏အလုပ်ကို တစ်ဦးတည်း လုပ်ဆောင်ခဲ့သော ယေဟောဝါ ဘုရားသခင်၏ တဒင်္ဂ သတိ လက်လွတ် ဖြစ်သွားခြင်းအပေါ် အပြစ်ဖို့ပါလေ့စေ။ အကယ်၍ သူတို့အားလုံးသည် တစ်ပြိုင်တည်း အလုပ် လုပ်ခဲ့ပါက၊ သူတို့သည် တစ်ဆူတည်း ဖြစ်လာခဲ့လိမ့်မည် မဟုတ်လော။ အကယ်၍များသာ အစအဦးမှ နိဂုံးအဆုံးတိုင်အောင် ယေဟောဝါ၏ အမည်တစ်ခုသာရှိခဲ့ပြီး၊ ကျေးဇူးတော်ခေတ်မှ ယေရှုအမည် မရှိခဲ့ပါက၊ သို့မဟုတ် ယင်းခေတ်တွင်ပင် သူ့အား ယေဟောဝါဟူ၍သာ ခေါ်ဆိုသေးမည် ဆိုပါက၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဤကဲ့သို့သော ပိုင်းစိတ်ခြင်းဒဏ်မှ ချမ်းသာရာရခဲ့လိမ့်မည် မဟုတ်လော။ ယေဟောဝါမှာ ဤအရာအားလုံးအတွက် မြည်တမ်း၍ မရသည်မှာ သေချာပါသည်၊ အပြစ်ဖို့ရမည် ဆိုပါက သန့်ရှင်းသော ဝိညာဉ်တော်ကိုပင် အပြစ်ဖို့ပါလေ့စေ။ အဘယ်ကြောင့်ဆိုသော် နှစ်ထောင်ပေါင်း များစွာကြာအောင် သူ၏ အလုပ်အား ယေဟောဝါ၏ အမည်၊ ယေရှု၏ အမည်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် အမည်နှင့်ပင် ဆက်လက်လုပ်ဆောင်ခဲ့ပြီး လူအား ဘုရားသခင်မှာ မည်သူဖြစ်သည် ဟူ၍ အတိအကျ မသိနိုင်အောင် စိတ်ရှုပ်ထွေးစေသော ကြောင့်ပင်ဖြစ်သည်။ အကယ်၍ သန့်ရှင်းသော ဝိညာဉ်တော် ကိုယ်တိုင်သည် အဆင်းသဏ္ဌာန် သို့မဟုတ် ပုံရိပ်မပါပဲနှင့် အလုပ် လုပ်ခဲ့မည်ဆိုပါက၊ ထို့အပြင် ယေရှုကဲ့သို့သော အမည်မပါဘဲနှင့် လုပ်ခဲ့မည်ဆိုပါက၊ လူသည် သူ့အား ထိတွေ့၍မရ၊ မမြင်ရဘဲ၊ မိုးချုန်းသံများကိုသာ ကြားရမည်ဆိုပါက၊ ဤကဲ့သို့သော အလုပ်မျိုးသည် လူသား မျိုးနွယ်အတွက် သာ၍ အကျိုးဖြစ်ထွန်းစေခဲ့မည် မဟုတ်လော။ ယခု၌မူ မည်သည်ကို လုပ်၍ရနိုင်သနည်း။ လူ၏ အယူအဆများ မြောက်မြားလှပုံမှာ တောင်ကဲ့သို့ မြင့်မားပြီး ပင်လယ်ကဲ့သို့ ကျယ်ပြန့်လှသည်၊ ယနေ့ကာလ ဘုရားသခင်မှပင် သည်းမခံနိုင်တော့သည့် အတိုင်းအတာထိ ရောက်နေပြီး အကြွင်းမဲ့ လမ်းစ ပျောက်နေ၏။ ယေဟောဝါ၊ ယေရှုနှင့် ထိုနှစ်ပါးကြား သန့်ရှင်းသော ဝိညာဥ်တော်သာ ရှိသော အတိတ်ကာလ တွင်ပင်၊ လူသည် မည်သို့ရင်ဆိုင် နားလည်ရမည်ဆိုသည်အား လမ်းစပျောက်နေပြီးသား ဖြစ်၏၊ ယခုတွင်မူ ထပ်တိုးအနေနှင့် မိမိကိုယ်ကို ဘုရားသခင်၏ တစ်ဌာနဖြစ်သည်ဟူသော အနန္တတန်ခိုးရှင်ပါ ရှိလာသည်။ သူသည် မည်သူဖြစ်သည်နှင့် သုံးပါးတစ်ဆူ၏ မည်သည့်အပါးထဲတွင် နှစ်ပေါင်းမည်မျှကြာအောင် ရောယှက် နေခဲ့သည် သို့မဟုတ် သိုဝှက်နေခဲ့သည်ကို မည်သူသိမည်နည်း။ လူသည် ဤအရာကို မည်သို့ ခံယူနိုင် မည်နည်း။ သုံးပါးတစ်ဆူ တစ်ခုတည်းကို ရှင်းပြရန် လူသည် တစ်ဘဝစာ အချိန်ယူခဲ့ရသည်၊ ယခုတွင်မူ "လေးပါးတစ်ဆူ" ရှိလာပေပြီ။ ဤအရာကို မည်ကဲ့သို့ ရှင်းပြနိုင်မည်နည်း။ သင်ရှင်းပြနိုင်သလော။ ညီအစ်ကို မောင်နှမတို့။ ထိုကဲ့သို့သော ဘုရားသခင်ကို သင်တို့ ယနေ့အချိန်ထိ မည်ကဲ့သို့ ယုံကြည်ခဲ့ကြသနည်း။ ငါသင်တို့ကို ချီးကျူးပါသည်။ သုံးပါးတစ်ဆူကိုပင် မနည်းခံယူခဲ့ရသည်၊ သို့သော်ငြားလည်း ယခုသင်တို့သည် ဤလေးပါးတစ်ဆူအားလည်း ယင်းကဲ့သို့ မယိမ်းယိုင်သော ယုံကြည်ခြင်းမျိုး ဆက်လက်ထားရှိသည်။ သင်တို့အား ထွက်သွားရန် တိုက်တွန်းခြင်းခံရသော်လည်း၊ သင်တို့ ငြင်းဆို၏။ စိတ်ကူး၍ပင် မရနိုင်လောက် အောင်ပင်တည်း။ သင်တို့သည် အကယ်ပင် တမူထူးသော သူများဖြစ်ကြ၏။ လူတစ်ဦးသည် လေးပါးတစ်ဆူ အထိပင် ယုံကြည်နိုင်သော်လည်း ထိုအရာအား နားမလည်၊ ဤအချက်သည် နိမိတ်လက္ခဏာ တစ်ခုပင် ဖြစ်သည်ဟု သင်တို့ မထင်သလော။ သင်တို့သည် ယင်းကဲ့သို့သော နိမိတ်လက္ခဏာကြီးကို ပြုနိုင်စွမ်းရှိသည် ဆိုခြင်းကို ငါနားမလည်ခဲ့။ ငါသင်တို့ကို ပြောပါရစေ၊ အမှန်စင်စစ်တွင်၊ သုံးပါးတစ်ဆူသည် ဤစကြဝဠာ ကြီးထဲ မည်သည့်နေရာတွင်မျှ တည်ရှိမနေ။ ဘုရားသခင်၌ ခမည်းတော်နှင့် သားတော်တို့ ပူးပေါင်း အသုံးပြုသော ကိရိယာ တန်ဆာပလာ တစ်ခုဆိုသည့် အယူဝါဒဖြစ်သော သန့်ရှင်းသော ဝိညာဥ်တော်ရှိရန် မဆိုထားနှင့် ခမည်းတော်နှင့် သားတော်ပါ မရှိချေ။ ဤအရာအားလုံးသည် အကြီးကျယ်ဆုံးသော ယုတ္တိအမှား ဖြစ်ပြီး ဤလောကကြီးထဲတွင် အမှန်တည်ရှိမနေပါ။ သို့သော်ငြားလည်း ထိုကဲ့သို့သော ယုတ္တိအမှားတွင်ပင် ယင်း၏ မူလရင်းမြစ်ရှိပြီး အခြေအမြစ် လုံးဝမဲ့နေခြင်းကား မဟုတ်ပါ၊ အကြောင်းမှာ သင်တို့၏ စိတ်များသည် ရိုးစင်းလွန်းသည် မဟုတ်ပဲ၊ သင်တို့၏ အတွေးအခေါ်များသည်လည်း ကျိုးကြောင်းမဲ့ခြင်းကား မဟုတ်သောကြောင့်ပင်။ ထိုအစား ယင်းတို့မှာ အတော်အတန် သင့်လျော်ပြီး ထူးခြား ပြောင်မြောက်သည့် အတွက် ၎င်းတို့အား မည်သည့် စာတန်မျှပင် မထိုးဖောက်နိုင်။ သနားဖွယ်ကောင်းသည်မှာ ဤအတွေး အခေါ်များ အားလုံးသည် ယုတ္တိအမှားများသာဖြစ်ပြီး အမှန်တည်ရှိမနေခြင်းပင် ဖြစ်သည်။ သင်တို့သည် စစ်မှန်သော သမ္မာတရားကို လုံးဝမမြင်ဖူး၊ သင်တို့သည် ရုပ်လုံးဖော်ခြင်းများနှင့် အယူအဆများကိုသာ ပြုနေကြခြင်း ဖြစ်ပြီး၊ ယင်းအယူအဆများ အားလုံးကို အကြောင်းအရာ တစ်ခုအဖြစ်သို့ ဖန်တီး၍ အခြားသူများ၏ ယုံကြည်မှုကို စဥ်းလဲစွာရယူရန်နှင့် ထက်သန်သော ဉာဏ်သို့မဟုတ် ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်း မရှိသော ထိုမိုက်မဲသည့် လူများအပေါ် လွှမ်းမိုးမှုရယူရန် လုပ်ကြံဖန်တီးကြသည်။ ထိုမှတစ်ဆင့် သင်၏ ကြီးကျယ်၍ ကျော်ကြားသော "ကျွမ်းကျင် သွန်သင်ချက်များ" ကို ၎င်းတို့ ယုံကြည်လာကြစေရန် ဖြစ်သည်။ ဤအရာသည် သမ္မာတရား ပင်လော။ ဤအရာသည် လူမှ လက်ခံရရှိသင့်သည့် အသက်၏ လမ်းခရီးပင်လော။ ယင်းတို့ အားလုံးသည် ယုတ္တိမရှိသော အရာများပင် ဖြစ်သည်။ စကားလုံးတစ်လုံးမျှပင် သင့်လျော်ခြင်းမရှိပေ။ ဤနှစ်များစွာ တစ်လျှောက်တွင်၊ ဘုရားသခင်သည် သင်တို့၏ ဤကဲ့သို့သော ပိုင်းစိတ်ခြင်းကို ခံနေခဲ့ရသည်၊ မျိုးဆက်အသီးသီး၏ ပိုကောင်း သည်ထက် ကောင်းအောင် ပိုင်းစိတ်ခြင်း၊ ဘုရားသခင် တစ်ပါးတည်းမှ ဘုရားသခင် သုံးပါး ဖြစ်သွားသည့် အတိုင်းအတာအထိ ပွင့်လင်းစွာ ပိုင်းစိတ်ခြင်းကို ခံနေခဲ့ရသည်။ ယခုတွင်မူ ဘုရားသခင်အား တစ်ပါးတည်း အဖြစ်သို့ ပြန်လည် ပေါင်းစပ်ရန်ဆိုသည်မှာ လူအတွက် အကယ်ပင် မဖြစ်နိုင်တော့ပေ၊ အကြောင်းမှာ သင်တို့သည် သူ့အား အလွန့်အလွန် ခမ်းနားစွာ ပိုင်းစိတ်ထားပြီး ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ငါ၏ အလွန် နောက်မကျခင် ချက်ချင်း လုပ်ဆောင်ခြင်းကြောင့်သာ မဟုတ်လျှင်၊ သင်တို့သည် ဤလမ်းအတိုင်း ရဲရဲ တင်းတင်းနှင့် မည်မျှကြာရှည်စွာ ဆက်လိုက်နေကြဦးမည်ကို ပြောရန် ခက်သည်။ ဘုရားသခင်အား ဤလမ်း အတိုင်းပင် ဆက်၍ ပိုင်းစိတ်နေလျှင်၊ သူသည် သင်တို့၏ဘုရားသခင်အဖြစ် မည်ကဲ့သို့ ဆက်ရှိနေနိုင်မည်နည်း။ သင်တို့သည် ဘုရားသခင်အား အသိအမှတ် ပြုကြဦးမည်လော။ သင်တို့သည် သူ့ထံသို့ လှည့်ပြန်ကြဦး မည်လော။ ငါသည် အနည်းငယ်သာ နောက်ကျ၍ ရောက်လာခဲ့မည် ဆိုပါက၊ သင်တို့သည် "ခမည်းတော်နှင့် သားတော်"၊ ယေဟောဝါနှင့် ယေရှုကို ဣသရေလသို့ ပြန်ပို့ပြီး၊ သင်တို့ကိုယ်သင်တို့ ဘုရားသခင်၏ တစ်ဌာန ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုကြဖွယ် ရှိသည်။ ဝမ်းသာစရာမှာ ယခုသည် နောက်ဆုံးသော ကာလဖြစ်၏။ နောက်ဆုံးတွင် ငါရှည်ကြာစွာ စောင့်ခဲ့ရသော ဤနေ့ရက်သည် ရောက်လာခဲ့ပြီ၊ အလုပ်၏ ဤအဆင့်ကို ငါ၏လက်နှင့် ငါကိုယ်တိုင် ထမ်းဆောင်ပြီးစီးသည့် နောက်ပိုင်းတွင်မှ သင်တို့၏ ဘုရားသခင် ကိုယ်တိုင်အား ပိုင်းစိတ်ခြင်းသည် ရပ်တန့်သွားမည်ဖြစ်သည်။ ဤအတွက်ကြောင့်သာ မဟုတ်လျှင်၊ သင်တို့သည် သာ၍ ပြင်းထန်လာပြီး၊ သင်တို့အထဲမှ စာတန်များ အားလုံးကိုပင် ဝတ်ပြုကိုးကွယ်ရန် ယဇ်ပလ္လင်များအပေါ် နေရာ ပေးထားကြလောက်သည်။ ဤသည်မှာ သင်တို့၏ လှည့်ဖြားမှုပင်ဖြစ်သည်။ ဘုရားသခင်အား ပိုင်းစိတ်သော သင်တို့၏ နည်းလမ်းပင်တကား။ ယခုတွင် သင်တို့သည် ယင်းကဲ့သို့ ဆက်လုပ်ဦးမည်လော။ သင်တို့အား ငါမေးပါရစေ၊ ဘုရားသခင် ဘယ်နှစ်ပါးရှိသနည်း။ အဘယ်ဘုရားသခင်သည် သင့်အား ကယ်တင်ခြင်းကို ယူလာပေးမည်နည်း။ ယင်းသည် သင်တို့ အမြဲ ဆုတောင်းလေ့ရှိသော ပထမ ဘုရားသခင်လော၊ ဒုတိယလော သို့မဟုတ် တတိယလော။ ယင်းတို့ထဲမှ မည်သူကို သင်တို့ အမြဲယုံကြည်သနည်း။ ယင်းမှာ ခမည်းတော်လော။ သို့မဟုတ် သားတော်လော။ သို့မဟုတ် ဝိညာဥ်တော်လော။ သင်ယုံကြည်သောသူမှာ အဘယ်သူဖြစ်သည်ကို ငါ့အားပြောပြပါ။ ဘုရားသခင်အား ယုံကြည်သည်ဟု စကားလုံးတိုင်းတွင် သင်ပြောသော်ငြားလည်း၊ သင်တို့ အမှန်ယုံကြည်သောအရာမှာ သင်၏ ကိုယ်ပိုင် ဦးနှောက် ကိုပင်ဖြစ်သည် ။ သင်တို့၏ နှလုံးသား ထဲတွင် ဘုရားသခင် အကယ်ပင်မရှိ။ သို့သော်ငြားလည်း သင်တို့၏ စိတ်များထဲတွင်တော့ ထိုကဲ့သို့သော "သုံးပါးတစ်ဆူများ" အတော်များများ ရှိကြ၏။ သင်တို့ သဘောမတူသလော။

အကယ်၍သာ အလုပ်၏ အဆင့်သုံးဆင့်ကို သုံးပါးတစ်ဆူ၏ ဤအယူအဆနှင့်အညီ အကဲဖြတ် ရမည်ဆိုပါက၊ အသီးသီးလုပ်ဆောင်ခဲ့သော အလုပ်များမှာ မတူညီသည့်အတွက် ဘုရားသခင် သုံးပါးရှိရ ပေမည်။ အကယ်၍ သင်တို့အထဲတွင် သုံးပါးတစ်ဆူသည် အမှန်ပင် တည်ရှိသည်ဟု ပြောဆိုသူရှိပါက၊ ဘုရားသခင်တစ်ဆူထဲတွင် မည်ကဲ့သို့ ပုဂ္ဂိုလ်သုံးပါး ရှိနေသည်ကို အတိအကျ ရှင်းပြလော့။ သန့်ရှင်းသော ခမည်းတော် ဆိုသည်မှာ အဘယ်နည်း။ သားတော်ဆိုသည်မှာ အဘယ်နည်း။ သန့်ရှင်းသော ဝိညာဥ်တော် ဆိုသည်မှာ အဘယ်နည်း။ ယေဟောဝါသည် သန့်ရှင်းသော ခမည်းတော်လော။ ယေရှုသည် သားတော်လော။ ဤသို့ဆိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်မှာ မည်သည်နည်း။ ခမည်းတော်သည် ဝိညာဥ်တော်ဖြစ်သည် မဟုတ်လော။ သားတော်၏ အနှစ်သာရသည်လည်း ဝိညာဥ်တော်ပင် ဖြစ်သည် မဟုတ်လော။ ယေရှု၏ အလုပ်သည် သန့်ရှင်းသော ဝိညာဥ်တော်၏ အလုပ်ပင် မဟုတ်လော။ ထိုအချိန်က ယေဟောဝါ၏ အလုပ်အား ဆောင်ရွက် ခဲ့သည့် ဝိညာဥ်တော်မှာ ယေရှုတုန်းကနှင့် အတူတူပင် မဟုတ်လော။ ဘုရားသခင်တွင် ဝိညာဥ်တော်များ မည်မျှရှိနိင်မည်နည်း။ သင်၏ ရှင်းပြချက်အရ ဆိုပါက၊ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဥ်တော် ပုဂ္ဂိုလ်သုံးပါးပေါင်း တစ်ဆူဟုဆိုသည်၊ ဤသို့ဆိုပါက၊ ဝိညာဥ်တော် သုံးပါးရှိပေမည်၊ သို့သော် ဝိညာဥ်တော် သုံးပါးရှိခြင်းသည် ဘုရားသခင်သုံးဆူ ရှိသည်ဟု ဆိုလိုသည်။ ဤအရာသည် စစ်မှန်သော ဘုရားသခင် တစ်ဆူတည်းမရှိဟု ဆိုလိုနေသည်၊ ဤကဲ့သို့သော ဘုရားသခင်မျိုးသည် အဘယ်နည်းနှင့် ဘုရားသခင်၏ ပင်ကိုယ်အနှစ်သာရ ဆက်ရှိနိုင်နေမည်နည်း။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်ဟု သင်လက်ခံလျှင် သူ့မှာ အဘယ်နည်းနှင့် သားတော်တစ်ပါး ရှိကာ ခမည်းတော်ဖြစ် နေနိုင်မည်နည်း။ ဤအရာများ အားလုံးသည် သင်၏ အယူအဆများပင် မဟုတ်လော။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်၊ ဤဘုရားသခင်တွင် ပုဂ္ဂိုလ်တစ်ပါးတည်းနှင့် ဘုရားသခင်၏ ဝိညာဥ်တော် တစ်ပါးတည်းသာ ရှိသည်၊ ထိုနည်းတူ သမ္မာကျမ်းစာထဲ၌လည်း "သန့်ရှင်းသော ဝိညာဉ်တော် တစ်ပါးတည်းသာရှိ၍ ဘုရားသခင် တစ်ဆူတည်းသာ ရှိတော်မူ၏" ဟူ၍ ရေးသားထားသည်။ သင်ပြောသည့် ခမည်းတော်ဖြစ်ဖြစ်၊ သားတော်ဖြစ်ဖြစ် တည်ရှိသည်ဖြစ်စေ၊ စင်စစ်မူကား ဘုရားသခင် တစ်ဆူတည်းသာ ရှိ၏၊ သင်တို့ယုံကြည်သော ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဥ်တော်၏ အနှစ်သာရသည် သန့်ရှင်းသော ဝိညာဥ်တော်၏ အနှစ်သာရပင် ဖြစ်သည်။ တစ်နည်းဆိုရလျှင်၊ ဘုရားသခင်သည် ဝိညာဥ်တော်ဖြစ်၏၊ သို့သော် သူသည် လူ့ဇာတိခံယူနိုင်၍ လူတို့အကြား နေထိုင်နိုင်ပြီး၊ အရာအားလုံး၏ အထက်၌လည်း ဖြစ်နေနိုင်သည်။ သူ၏ ဝိညာဉ်တော်သည် အလုံးစုံ ပြည့်ဝပြီး နေရာတိုင်းတွင် တစ်ပြိုင်နက် ရှိနေသည်။ သူသည် ဇာတိခန္ဓာထဲနှင့် စကြဝဠာတစ်လျှောက်လုံးတွင် တစ်ပြိုင်နက်တည်း ရှိနေနိုင်သည်။ လူအားလုံးသည် စစ်မှန်သောဘုရားသခင် တစ်ဆူတည်းသာ ရှိသည်ဟု ပြောကြသည် ဖြစ်၍၊ မည်သူမျှ စိတ်ထင်တိုင်း ပိုင်းစိတ်၍မရသော ဘုရားသခင်တစ်ဆူတည်း ရှိပေမည်။ ဘုရားသခင်သည် ဝိညာဥ်တော် တစ်ပါးတည်း၊ ပုဂ္ဂိုလ်တစ်ပါးတည်းသာ ဖြစ်၏၊ ယင်းသည်ပင် ဘုရားသခင်၏ ဝိညာဥ်တော် ဖြစ်သည်။ အကယ်၍ သင်တို့ ဆိုကြသည့်အတိုင်း၊ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဥ်တော် ဟူ၍ ဖြစ်သည်ဆိုပါက၊ ယင်းတို့သည် ဘုရားသခင် သုံးဆူဖြစ်နေသည် မဟုတ်လော။ သန့်ရှင်းသော ဝိညာဉ်တော်က တစ်ပါးဖြစ်ပြီး၊ သားတော်က အခြားတစ်ပါး၊ ခမည်းတော်ကလည်း နောက်အခြား တစ်ပါး ဖြစ်နေမည်။ သူတို့သည် မတူညီသော အနှစ်သာရများရှိသည့် ကွဲပြားသော ပုဂ္ဂိုလ်သုံးပါး ဖြစ်သည်၊ သို့ကြောင့် ထိုသူအသီးသီးတို့သည် အဘယ်နည်းနှင့် ဘုရားသခင် တစ်ဆူတည်း၏ အစိတ်အပိုင်းများ ဖြစ်နိုင် မည်နည်း။ သန့်ရှင်းသော ဝိညာဥ်တော်သည် ဝိညာဥ်တော်ပင်ဖြစ်သည်၊ ဤအချက်မှာမူ လူအတွက် နားလည်ရန် လွယ်ကူသည်။ ထိုသို့ဆိုလျှင်၊ ခမည်းတော်သည် ဝိညာဥ်တော် သာ၍ဖြစ်သေးသည်။ သူသည် ကမ္ဘာမြေသို့ မည်သည့်အခါမျှ မဆင်းကြွခဲ့သည်သာမက မည်သည့်အခါမျှ လူ့ဇာတိလည်း မခံယူခဲ့ပေ။ လူ၏ နှလုံးသားထဲတွင် သူသည် ယေဟောဝါ ဘုရားသခင်ဖြစ်ပြီး၊ သူသည်လည်း ဝိညာဥ်တော် အမှန်ပင်ဖြစ်၏။ ဤသို့ဆိုလျှင် သူနှင့် သန့်ရှင်းသော ဝိညာဉ်တော်ကြားရှိ ဆက်နွှယ်မှုသည် အဘယ်နည်း။ ယင်းမှာ ခမည်းတော်နှင့် သားတော်ကြားရှိ ဆက်နွှယ်မှုလော။ သို့တည်းမဟုတ် သန့်ရှင်းသော ဝိညာဥ်တော်နှင့် ခမည်းတော်၏ ဝိညာဉ်တော်ကြားရှိ ဆက်နွှယ်မှုလော။ ဝိညာဥ်တော် အသီးသီး၏ အနှစ်သာရသည် အတူ တူပင် ဖြစ်သလော။ သို့မဟုတ် သန့်ရှင်းသော ဝိညာဥ်တော်သည် ခမည်းတော်၏ အသုံးခံတန်ဆာပလာ တစ်ခုလော။ ဤအရာအား မည်ကဲ့သို့ ရှင်းပြ၍ ရနိုင်မည်နည်း။ ပြီးနောက်တွင် သားတော်နှင့် သန့်ရှင်းသော ဝိညာဥ်တော်အကြားရှိ ဆက်နွှယ်မှုသည် အဘယ်နည်း။ ယင်းသည် ဝိညာဉ်တော်နှစ်ပါးကြားရှိ ဆက်နွှယ်မှုလော၊ သို့မဟုတ် လူသားတစ်ဦးနှင့် ဝိညာဉ်တော် တစ်ပါးအကြားရှိ ဆက်နွှယ်မှုလော။ ဤအရာအားလုံးသည် ရှင်းပြချက် ဘာမျှမရှိသော အရာများပင်ဖြစ်သည်။ အကယ်၍ ထိုသူတို့ အားလုံးသည် ဝိညာဥ်တော် တစ်ပါး တည်း ဆိုပါက၊ ပုဂ္ဂိုလ်သုံးပါးအကြောင်း ပြောနေ၍မရနိုင်ပါ၊ အကြောင်းမှာ ထိုသူတို့သည် ဝိညာဥ်တော် တစ်ပါးတည်းကိုသာ ပိုင်ဆိုင်ထားကြ၍ ဖြစ်သည်။ အကယ်၍သာ သူတို့သည် ကွဲပြားသော ပုဂ္ဂိုလ်သုံးပါး ဆိုပါက သူတို့၏ ဝိညာဥ်တော်များသည် အစွမ်းခွန်အားအရ ကွဲပြားနေလိမ့်မည် ဖြစ်ပြီး၊ သူတို့သည် အမှန်ပင် ဝိညာဥ်တော် တစ်ပါးတည်း ဖြစ်၍မနေနိုင်ပါ။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဥ်တော်ဟူသည့် ဤအယူအဆသည် လုံးဝအဓိပ္ပာယ်မရှိသော အရာပင်ဖြစ်သည်။ ယင်းသည် ဘုရားသခင်အား ပိုင်းစိတ်ကာ သူ့အား တစ်ဦးချင်းစီတွင် ဂုဏ်ပုဒ်နှင့် ဝိညာဥ်တော်ရှိသော ပုဂ္ဂိုလ်သုံးပါးအဖြစ်သို့ ခွဲခြမ်းပစ်သည်၊ ဤတွင် သူသည် အဘယ်နည်းနှင့် ဝိညာဥ်တော်တစ်ပါးနှင့် ဘုရားသခင်တစ်ဆူတည်းအဖြစ် ဆက်ရှိနေနိုင်မည်နည်း။ ငါ့ကိုပြောပါ၊ ကောင်းကင်၊ မြေကြီးနှင့် ထိုအထဲမှ အရာများအားလုံးကို ဖန်ဆင်းခဲ့သည်မှာ ခမည်းတော်လော၊ သားတော်လော၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဥ်တော်ပင်လော။ ယင်းတို့ကို သူတို့အားလုံး အတူတကွ ဖန်ဆင်းခဲ့သည်ဟု အချို့က ပြောကြသည်။ ဤသို့ဆိုလျှင် လူသားမျိုးနွယ်အား မည်သူက ရွေးနှုတ်ခဲ့သနည်း။ ထိုသူမှာ သန့်ရှင်းသော ဝိညာဥ်တော်လော၊ သားတော်လော၊ သို့တည်းမဟုတ် ခမည်းတော်လော။ လူသား မျိုးနွယ်အား ရွေးနှုတ်ခဲ့သူမှာ သားတော်ပင်ဖြစ်သည်ဟု အချို့က ဆိုကြသည်။ ဤသို့ဆိုလျှင် အနှစ်သာရအရတွင်ကား သားတော်သည် အဘယ်သူဖြစ်သနည်း။ သူသည် ဘုရားသခင် ဝိညာဥ်တော်၏ လူ့ဇာတိခံယူခြင်းပင် မဟုတ်ပေလော။ ဖန်ဆင်းခံလူတစ်ဦး၏ ရှုမြင်ပုံအရ အဆိုပါလူ့ဇာတိခံယူသူသည် ကောင်းကင်ဘုံမှ ဘုရားသခင်ကို ခမည်းတော်ဟူသော အမည်ဖြင့် ခေါ်ဆိုသည်။ ယေရှုသည် သန့်ရှင်းသော ဝိညာဥ်တော်အားဖြင့် ပဋိသန္ဓေ တည်၍ မွေးဖွားခဲ့သည်ကို သင်သတိမပြုမိသလော။ သူ၏အတွင်းတွင် သန့်ရှင်းသော ဝိညာဥ်တော်ပင် ဖြစ်သည်၊ သင်မည်သို့ပင် ဆိုသည်ဖြစ်စေ၊ သူသည် ကောင်းကင်ဘုံမှ ခမည်းတော်နှင့် တစ်လုံးတစ်ဝတည်းပင် ဖြစ်နေသေးသည်၊ အကြောင်းမှာသူသည် ဘုရားသခင်ဝိညာဥ်တော်၏ လူ့ဇာတိခံယူခြင်းပင် ဖြစ်သောကြောင့် ဖြစ်သည်။ ဤသားတော်ဟူသော စိတ်ကူးအကြံသည် တကယ်ပင် မမှန်ကန်ပါ။ ယင်းသည် အလုပ်အားလုံးကို ဆောင်ရွက်သော ဝိညာဥ်တော် တစ်ပါးတည်းသာ ဖြစ်သည်၊ ဘုရားသခင် ကိုယ်တိုင်သာလျှင်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ဝိညာဥ်တော်သာလျှင် သူ၏အလုပ်အား ဆောင်ရွက်သူဖြစ်သည်။ ဘုရားသခင်၏ ဝိညာဥ်တော် ဆိုသည်မှာ မည်သူနည်း။ ယင်းမှာ သန့်ရှင်းသော ဝိညာဥ်တော်ပင် မဟုတ်လော။ ယေရှု၏ အထဲ၌ အလုပ်လုပ်သော သန့်ရှင်းသော ဝိညာဥ်တော်ပင် မဟုတ်လော။ အကယ်၍ အလုပ်အား သန့်ရှင်းသော ဝိညာဥ်တော်မှ (ဘုရားသခင်၏ ဝိညာဥ်တော်ဟု ဆိုလိုသည်) ဆောင်ရွက်ခဲ့ခြင်း မရှိလျှင်၊ သူ၏ အလုပ်သည် ဘုရားသခင်ကိုယ်တိုင်အား ကိုယ်စားပြုနိုင်ခဲ့မည်လော။ ယေရှုသည် သူဆုတောင်းခဲ့စဥ်တွင် ကောင်းကင်ဘုံမှ ဘုရားသခင်အား ခမည်းတော်ဟူသည့် အမည်ဖြင့် ခေါ်ဆိုခဲ့ခြင်းသည်၊ ဖန်ဆင်းခံ လူသားတစ်ဦး၏ ရှုထောင့် အရ ထိုသို့ခေါ်ခဲ့ခြင်း ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ဝိညာဥ်တော်သည် သူ့ကိုယ်သူ သာမန်ဖြစ်သော ပုံမှန်လူသားအဖြစ် ခြုံလွှမ်းထားခဲ့ပြီး၊ ဖန်ဆင်းခံ သက်ရှိတစ်ဦး၏ အပြင်ပန်းသဏ္ဍာန် ရှိခဲ့သောကြောင့်သာ ဖြစ်သည်။ သူ၏အထဲမှာမူ ဘုရားသခင်၏ ဝိညာဥ်တော် ဖြစ်နေခဲ့သော်လည်း၊ သူ၏ အပြင်ပန်း သွင်ပြင်သည် သာမန်လူသားတစ်ယောက် အတိုင်းသာ ရှိခဲ့သည်၊ တစ်နည်းဆိုရလျှင်၊ သူသည် ယေရှုကိုယ်တိုင် အပါအဝင်၊ လူများအားလုံး ပြောဆိုကြသော "လူသား၏သား" ဖြစ်လာခဲ့သည်။ သူသည် လူသား၏သားဟု ခေါ်ဆိုခံရခြင်းကို ထည့်တွက်ပါက၊ သူသည် လူပုဂ္ဂိုလ်တစ်ဦး ပင်ဖြစ်သည်။ (လူယောကျာ်းဖြစ်စေ၊ လူမိန်းမဖြစ်စေ၊ မည်သည့် အနေအထားတွင်မဆို သက်ရှိလူသား၏ အပြင်ပန်း အခွံနှင့် ဖြစ်သော) သာမန်လူတို့၏ ပုံမှန်မိသားစုထဲတွင် မွေးဖွားလာခဲ့သော လူပုဂ္ဂိုလ်တစ်ဦး ပင်ဖြစ်သည်။ ထို့ကြောင့်၊ ယေရှုသည် ကောင်းကင်ဘုံမှ ဘုရားသခင်ကို ခမည်းတော်ဟူသည့် အမည်နာမဖြင့် ခေါ်ဆိုခြင်းမှာ သင်တို့သည် ကနဦးတွင် သူ့အား ခမည်းတော်ဟု ခေါ်ဆို ခဲ့ခြင်းနှင့် အတူတူပင်ဖြစ်သည်၊ သူသည် ဖန်ဆင်းခံ လူသားတစ်ဦး၏ ရှုထောင့်မှနေ၍ ထိုကဲ့သို့ ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။ သင်တို့အား အလွတ်ကျက်မှတ်ရန် ယေရှုမှ သွန်သင်ပေးခဲ့သော ပဌာနာတော်ကို သင်တို့ မှတ်မိ သေးလား။ "ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့၏ အဖ…" သူသည် လူအားလုံးကို ကောင်းကင်ဘုံမှ ဘုရားသခင်အား ခမည်းတော် (အဖ) ဟူသည့် အမည်နှင့်ပင် ခေါ်ဆိုရန် သင်ကြားပေးခဲ့သည်။ သူသည်လည်း ဘုရားသခင်အား ခမည်းတော်ဟု ခေါ်ဆိုခဲ့ခြင်းမှာ၊ သင်တို့အားလုံးနှင့် တန်းတူနေရာတွင် ရပ်တည်သူတစ်ဦး၏ ရှုထောင့်မှနေ၍ ထိုကဲ့သို့ ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ သင်သည် ကောင်းကင်ဘုံမှ ဘုရား သခင်အား ခမည်းတော်ဟူသော အမည်နှင့် ခေါ်ဆိုသည့်အတွက်၊ ယေရှုသည် သူ့ကိုယ်သူ သင်တို့နှင့် တန်းတူ ဖြစ်ခြင်းနှင့် ဘုရားသခင်၏ ရွေးချယ် ခံရသည့် ကမ္ဘာပေါ်မှ လူသားတစ်ဦးအဖြစ် (ဆိုလိုသည်မှာ၊ ဘုရားသခင်၏ သားတော် အနေနှင့်) ရှုမြင်ခဲ့ခြင်းကို ဤအရာက ပြသည်။ သင်တို့သည် ဘုရားသခင်အား "ခမည်းတော်" ဟူ၍ ခေါ်ဆိုလျှင်၊ ယင်းက သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်နေ၍ပင် မဟုတ်လော။ ယေရှု၏ သြဇာအာဏာသည် ကမ္ဘာပေါ်တွင် မည်မျှပင် ကြီးမားစေကာမူ၊ ကားတိုင်ပေါ်တွင် အသေမခံမီ၊ သူသည် လူသား၏သားတစ်ဦးမျှသာ ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဥ်တော်၏ (ဘုရားသခင်ဟု ဆိုလိုသည်) အုပ်စိုးခြင်း ခံရသော၊ ကမ္ဘာကြီးရှိ ဖန်ဆင်းခံ သတ္တဝါများထဲမှ တစ်ဦးသာ ဖြစ်ခဲ့သည်၊ အကြောင်းမှာ သူသည် သူ၏ အလုပ်အား ပြီးစီးရန် လိုနေခဲ့သေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဘုံမှ ဘုရားသခင်အား ခမည်းတော်ဟု သူခေါ်ဆိုခြင်းသည် သူ၏ နှိမ့်ချခြင်းနှင့် နာခံခြင်း လုံးလုံးကြောင့်သာ ဖြစ်သည်။ သူ၏ ဘုရားသခင်အား (ကောင်းကင်ဘုံမှ ဝိညာဥ်တော်ကို ဆိုလိုသည်) ထိုကဲ့သို့သော ခေါ်ဆိုခြင်းသည်၊ မည်သို့ ဆိုစေကာမူ၊ သူသည် ကောင်းကင်ဘုံမှ ဘုရားသခင် ဝိညာဥ်တော်၏ သားတော်ဖြစ်သည် ဆိုခြင်းအား သက်သေမပြပါ။ ထိုအစား သူ၏ ရှုထောင့်သာ ပြောင်းသွားခြင်း ကွဲပြားခြားနားနေခြင်း ဖြစ်ပြီး၊ သူသည် ကွဲပြား ခြားနားသော ပုဂ္ဂိုလ်တစ်ပါး ဖြစ်နေခြင်း မဟုတ်ပါ။ ကွဲပြားသော ပုဂ္ဂိုလ်များ အပါးပါး တည်ရှိသည် ဆိုခြင်းမှာ ယုတ္တိအမှားသာလျှင် ဖြစ်သည်။ ကားတိုင်ပေါ်၌ အသေမခံမီတွင်၊ ယေရှုသည် ဇာတိပကတိ၏ ကန့်သတ်ချက်များဖြင့် ဖွဲ့နှောင်ထားခံရသည့် လူသား၏သားတစ်ဦးမျှသာ ဖြစ်ပြီး၊ ဝိညာဥ်တော်၏ သြဇာအာဏာကို သူသည် အပြည့်အဝ မပိုင်ဆိုင်ခဲ့ပါ။ ဤအကြောင်းကြောင့် သူသည် ခမည်းတော် ဘုရားသခင်၏ အလိုကို ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ရှုထောင့်မှနေ၍သာ ရှာဖွေနိုင်ခဲ့ခြင်းဖြစ်သည်။ ဂေသရှေမန် ဥယျာဥ်တွင် သုံးကြိမ်သုံးခါတိုင် သူဆုတောင်းခဲ့သည့် အတိုင်းပင် ဖြစ်သည်။ "အကျွန်ုပ် အလိုရှိသည် အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည် အတိုင်း ဖြစ်ပါစေသော" သူသည် ကားတိုင်ပေါ်တွင် အတင် မခံရမီ၊ ယုဒလူမျိုးများ၏ ရှင်ဘုရင်မျှသာ ဖြစ်ခဲ့သည်၊ သူသည် ခရစ်တော်၊ လူသား၏သားဖြစ်ခဲ့ပြီး၊ ဘုန်းနှင့် ပြည့်စုံသော ကိုယ်မဟုတ်ခဲ့။ ထို့ကြောင့်ပင် ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ရပ်တည်ချက်မှနေ၍ သူသည် ဘုရားသခင်အား ခမည်းတော်ဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ ယခု၊ ဘုရားသခင်ကို ခမည်းတော်ဟု ခေါ်ဆိုသူများအား သားတော်ဟု သင်ပြော၍ မရနိုင်ပါ။ ဤအတိုင်းသာ ခေါ်ရမည် ဆိုပါက၊ တစ်ခါက ယေရှုမှ သင်တို့ကို ပဌနာတော် သင်ပေး ခဲ့သည့်အတွက် သင်တို့ အားလုံးသည်လည်း သားတော်ပင် ဖြစ်လာခဲ့လိမ့်မည် မဟုတ်ပေလော။ သင်တို့သည် မယုံကြည်သေးဘူး ဆိုပါက၊ ငါ့ကိုပြောပါ၊ သင်တို့ ခမည်းတော် (အဖ) ဟု ခေါ်ဆိုသော သူမှာ မည်သူနည်း။ အကယ်၍ သင်တို့သည် ယေရှုကို ညွှန်းဆိုနေခြင်း ဖြစ်သည်ဆိုပါက၊ ယေရှု၏ ခမည်းတော်မှာ မည်သူနည်း။ ယေရှု ထွက်ခွာသွားပြီး နောက်ပိုင်းတွင်မူ၊ ဤခမည်းတော်နှင့် သားတော်ဟူသော စိတ်ကူးအကြံသည် မရှိ တော့ပါ။ ဤစိတ်ကူးအကြံသည် ယေရှုမှ လူ့ဇာတိခံယူသည့် နှစ်များအတွက်သာ သင့်လျော်ခဲ့သည်၊ အခြား မည်သည့် အခြေအနေ အမျိုးမျိုး အောက်တွင်မဆို၊ သင်သည် ဘုရားသခင်အား ခမည်းတော် (အဖ) ဟု ခေါ်ဆိုသောအခါ ဖန်ဆင်းခြင်းသခင်နှင့် ဖန်ဆင်းခံ သတ္တဝါတို့ အကြားရှိ ဆက်နွှယ်မှုကြောင့်ပင် ဖြစ်သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဥ်တော်ဟူသည့် သုံးပါးတစ်ဆူ စိတ်ကူးအကြံ ရပ်တည် နိုင်သည့် အချိန်ကာလ မရှိပါ၊ ယင်းသည် ခေတ်ကာလများ တစ်လျှောက် မြင်ရခဲသော ယုတ္တိအမှားသာဖြစ်ပြီး တည်ရှိမနေပါ။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ဘုရားသခင်၏ အလုပ်ကို ကိုယ်တွေ့ ကြုံတွေ့သော သူသာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၆ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၉ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၀ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၆ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၉ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၄ ဘုရားသခင်သည် လူသားအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်ထား၏ အကျင့်ပျက်သောလူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင် ပြီးပြည့်စုံလင်စေခြင်း ခံရပြီးသော သူတို့ဆီသို့ ကတိတော်များ ဆိုးသွမ်းသောသူသည် အပြစ်ဒဏ်ပေးခြင်းခံရမည် ခေတ်သစ်၏ ပညတ်တော်များ အနှစ်တစ်ထောင် နိုင်ငံတော် ရောက်ရှိလာပြီ လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့် ဘုရားအသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက် ဘုရားသခင်အား ယုံကြည်ခြင်း၌ ဘာသာရေး ထုံးတမ်းဓလေ့များထက် လက်တွေ့အရှိတရားအပေါ်တွင် အာရုံစိုက်သင့်သည် ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် - အပိုင်း နှစ် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် - အပိုင်း တစ် ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် - အပိုင်း တစ် ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် - အပိုင်း နှစ် ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေကို ခံနိုင်ကြသည် ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည် မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း တစ် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း နှစ် ဘုရားသခင်နှင့် ပတ်သက်၍ သင်မည်သို့ နားလည်သနည်း အမျက်ဒေါသကျရောက်မည့်နေ့ကို ဇာတိပကတိဖြစ်သောသူ အဘယ်သူမှ လွတ်မြောက်နိုင်မည် မဟုတ်ပါ ကယ်တင်ရှင်သည် "ဖြူသောမိုးတိမ်" အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည် ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည် ဘုရားသခင်ကို မိမိ၏ အယူအဆများထဲတွင် အနက်အဓိပ္ပာယ် ဖွင့်ဆိုထားပြီးဖြစ်သော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း တစ် ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း သုံး ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း တစ် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း တစ် ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း နှစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း တစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း နှစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း သုံး ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန် လွန်စွာအရေးကြီး၏ နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ် သင်တို့၏ လုပ်ဆောင်ချက်တို့ကို သင်တို့ ပြန်စဉ်းစားသင့်သည် ဘုရားသခင်သည် လူ့အသက်တာ၏ အရင်းအမြစ်ဖြစ်သည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၉

00:00
00:00

0ရှာဖွေခြင်း ရလဒ်များ