ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၈၉

ပေတရုသည် ငါ့အပေါ်နှစ်ပေါင်းများစွာ သစ္စာရှိခဲ့သော်လည်း သူသည် မည်သည့်အခါမျှ ငြီးတွားခြင်း မပြုခဲ့၊ သို့မဟုတ် ညည်းညူသည့် နှလုံးသား မရှိခဲ့။ ထို့အပြင် ယောဘသည်ပင် ၎င်းနှင့်တန်းတူ မဟုတ်ခဲ့။ ခေတ်ကာလများတစ်လျှောက်၊ သန့်ရှင်းသူများသည်လည်း သူ၏စံချိန်မမီပေ။ သူသည် ငါ့ကိုသိရန် လုပ်ဆောင်ခဲ့သည်သာမက စာတန်သည် ၎င်း၏လှည့်ဖြားသော အကြံအစည်များကို အကောင်အထည်ဖော်နေစဉ် ငါ့ကို သိလာခဲ့ခြင်းလည်း ဖြစ်၏။ ဤသည်မှနေ၍ ငါ၏စိတ်နှလုံးနှင့် ညီညွတ်သည့် အစေခံမှုကို နှစ်ပေါင်းများစွာ ပြုခဲ့၏။ ရလဒ်အနေဖြင့် သူသည် မည်သည့်အခါမျှ စာတန်၏ အခွင့်ကောင်းယူခြင်းကို မခံခဲ့ရပေ။ ပေတရုသည် ယောဘ၏ယုံကြည်ခြင်းမှ ခွန်အားယူခဲ့၏။ သို့ရာတွင် ယောဘ၏အားနည်းချက်များကိုလည်း ရှင်းလင်းစွာ သူသတိမူမိခဲ့၏။ ယောဘ၏ယုံကြည်ခြင်းသည် ကြီးမားသော်လည်း၊ သူသည် ဝိညာဉ်လောကမှ ကိစ္စရပ်များပေါ် အသိကင်းမဲ့ခဲ့သည်။ ထို့ကြောင့် သူသည် လက်တွေ့အရှိတရားနှင့် ကိုက်ညီခြင်းမရှိသည့် စကားများစွာပြောခဲ့၏။ ဤသည်မှာ သူ၏အသိဉာဏ်သည် တိမ်သေးကြောင်းနှင့် စုံလင်စေခြင်းခံနိုင်စွမ်း မရှိကြောင်းကို ပြ၏။ ထို့ကြောင့် ပေတရုသည် ဝိညာဉ်အပေါ် အသိဉာဏ်ရရှိရန် အစဉ်မျှော်လင့်ခဲ့၍ ဝိညာဉ်လောက၏ လှုပ်ရှားပြောင်းလဲစေသည့် အင်အားစုများအပေါ် လေ့လာရေးကို အစဉ်အလေးထားခဲ့၏။ ရလဒ်အနေဖြင့်၊ သူသည် ငါ၏အလိုဆန္ဒများအား အတိုင်းအတာ တစ်ရပ်အထိ သေချာအောင်လုပ်နိုင်ခဲ့ရုံမက၊ စာတန်၏ လှည့်ဖြားသည့် အကြံအစည် အနည်းငယ်ကိုလည်း နားလည်သဖြင့် သူ၏အသိဉာဏ်သည် ခေတ်ကာလများတစ်လျှောက် အခြားသူများထက် သာ၍ကြီးမားခဲ့၏။

ပေတရု၏အတွေ့အကြုံများအရ လူသားသည် ငါ့ကိုသိလိုပါက၊ သူသည် ဝိညာဉ်ကို ဂရုပြု၍ စဉ်းစားခြင်းအပေါ် အာရုံစိုက်ရမည်ဆိုသည်ကို တွေ့ရန် မခက်ခဲပေ။ ငါ့ကို ပြင်ပမှ ကြီးစွာဆက်ကပ်ဆည်းပူးရန် သင့်အား ငါမတောင်းဆိုပေ။ ဤသည်မှာ အဓိကစိုးရိမ်စရာမဟုတ်ပေ။ သင်သည် ငါ့ကိုမသိလျှင်၊ သင်ပြောဆိုသည့် ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် သစ္စာရှိခြင်းတို့အားလုံးသည် ထင်ယောင်မှားမှုများသာဖြစ်၏။ ၎င်းတို့သည် အရည်မရ အဖတ်မရများဖြစ်၏။ ထို့အပြင် သင်သည် ငါ့ရှေ့မှောက် ဝါကြွားမှုကြီးများ ပြုလုပ်သော်လည်း မိမိကိုယ်မိမိ မသိသူတစ်ဦးဖြစ်ရန် သေချာ၏။ ထို့ကြောင့် သင်သည် စာတန်၏ ကျော့ကွင်းတွင် တစ်ဖန်မိပြန်ကာ သင့်ကိုယ်သင် လွတ်မြောက်အောင် လုပ်နိုင်မည်မဟုတ်ပေ။ သင်သည် ပျက်စီးခြင်း၏ သားဖြစ်သွားကာ ဖျက်ဆီးရမည့်အရာဖြစ်သွားလိမ့်မည်။ သို့ရာတွင် သင်သည် ငါ့နှုတ်ကပတ်တော်များအပေါ် စိမ်းကား၍ စာနာစိတ်ကင်းပါက၊ သင်သည် ငါ့ကို ဆန့်ကျင်သည်မှာ သေချာ၏။ ဤသည်မှာ အမှန်တရားဖြစ်၍၊ ငါပြစ်တင်ဆုံးမသည့် များစွာသောဝိညာဉ်အမျိုးမျိုးကို သင်သည် ဝိညာဉ်လောက တံခါးပေါက်မှတစ်ဆင့် ကြည့်လျှင် ကောင်းမည်။ ၎င်းတို့အနက် မည်သူသည် ငါ၏နှုတ်ကပတ်တော်တို့အပေါ် မလှုပ်မရှားဘဲနေသနည်း။ ထို့အပြင် ဂရုမစိုက်၊ လက်မခံဘဲနေသနည်း။ ၎င်းတို့အနက် မည်သူသည် ငါ၏နှုတ်ကပတ်တော်တို့အပေါ် အဆိုးမမြင်ဘဲနေသနည်း။ ၎င်းတို့အနက် မည်သူသည် ငါ၏နှုတ်ကပတ်တော်များကို သိမ်းပိုက်ရန် မကြိုးစားဘဲနေသနည်း။ ၎င်းတို့အနက် မည်သူသည် ငါ၏နှုတ်ကပတ်တော်များကို သူတို့ကိုယ်သူတို့ ကာကွယ်ရန် ခုခံသည့်လက်နက်အဖြစ် အသုံးမပြုခဲ့သနည်း။ သူတို့သည် ငါ၏နှုတ်ကပတ်တော်များအားဖြင့် ငါ့ကိုသိရန် မကြိုးစားကြဘဲ ဆော့ကစားရန် အရုပ်များအဖြစ်သာ သုံးခဲ့ကြသည်။ ဤနေရာတွင်၊ ထိုသူတို့သည် ငါ့ကို တိုက်ရိုက်ဆန့်ကျင်သည် မဟုတ်လော။ ငါ၏နှုတ်ကပတ်တော်တို့သည် မည်သူတို့နည်း။ ငါ၏ဝိညာဉ်သည် မည်သူနည်း။ ငါသည် သင်တို့အား ဤကဲ့သို့သောစကားများစွာ ပြောဆိုခဲ့သော်လည်း သင်တို့၏အမြင်များသည် သာ၍မြင့်မားကာ ရှင်းလင်းခဲ့ဖူးသည်လော။ သင်တို့၏အတွေ့အကြုံများသည် စစ်မှန်ခဲ့ဖူးသည်လော။ ငါသည် သင်တို့ကို တစ်ဖန် သတိပေးဦးမည်- ငါ၏နှုတ်ကပတ်တော်များကို သင်တို့မသိလျှင်၊ သင်တို့ လက်မခံလျှင်၊ ထို့အပြင် လက်တွေ့ကျင့်သုံးခြင်း မရှိလျှင်၊ သင်တို့သည် ငါ၏ပြစ်တင်ဆုံးမခြင်းကို ခံရမည့်အရာဖြစ်မည်မှာ မလွဲဧကန်ဖြစ်၏။ သင်သည် စာတန်၏ သားကောင်ဖြစ်သွားမည်မှာ သေချာ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၈)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၅၈

လူကို စာတန် ဖျက်ဆီးသည့် နောက်ဆုံးနည်းလမ်းမှာ လူမှုရေး ရေပန်းစားမှုများ မှတဆင့် ဖြစ်သည်။ “လူမှုရေး ရေပန်းစားမှုများ” တွင် အကြောင်းအရာများစွာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၁၆

ဖန်ဆင်းရှင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် စစ်မှန်ပြီး ထင်ရှားသည် ဘုရားသခင်က နိနေဝေမြို့သားများအတွက် သူ့နှလုံးသားကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း | ကောက်နုတ်ချက် ၈၇

လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် မည်သည့်အရာအားဖြင့် ပြီးမြောက်အောင်မြင်သနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၉၆

အရာအားလုံးနှင့် သက်ရှိသတ္တဝါအားလုံးအပေါ်တွင် ဘုရားသခင် ထိန်းချုပ်ခြင်းနှင့် အုပ်စိုးခြင်းအချက်က ဖန်ဆင်းရှင်၏ စစ်မှန်သည့် သြဇာအာဏာ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။