ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၉၀

လူအတော်များများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုသည်နှင့် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန် မည်သည်တို့ကို လုပ်ရမည့် အကြောင်းကိုမူ လူအနည်းငယ်သည်သာ သိနားလည်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ လူများသည် “ဘုရားသခင်” နှင့် “ဘုရားသခင်၏ အမှု” ဟူသော စကားစုများနှင့် ရင်းနှီးသော်လည်း ဘုရားသခင်ကို မသိသောကြောင့် ဖြစ်ပါသည်။ ဘုရားသခင်၏ အမှုကို သူတို့သိရန်မှာ သာ၍ပင် ဝေးပါသေးသည်။ ဘုရားသခင်ကို မသိသောသူများအားလုံးတွင် ရှုပ်ထွေးသော ယုံကြည်မှုတစ်ခု ရှိသည်မှာ မထူးဆန်းပါ။ လူများသည် ဘုရားသခင်ကို အလေးအနက် မယုံကြည်ကြခြင်း အကြောင်းမှာ ဘုရားသခင်ကို ယုံကြည်ခြင်းအမှုသည် သူတို့နှင့် အလွန်ပင်စိမ်းနေပြီး အလွန်ထူးဆန်းဖွယ်ရာ ဖြစ်နေသောကြောင့် ဖြစ်သည်။ ဤနည်းဖြင့် သူတို့သည် ဘုရားသခင်၏ တောင်းဆိုမှုများကို ပြည့်မီနိုင်ခြင်း မရှိတော့။ တစ်နည်းအားဖြင့်ဆိုသော် လူများသည် ဘုရားသခင်နှင့် ဘုရားသခင်၏ အမှုကို မသိပါက ၎င်းတို့သည် ဘုရားသခင်အတွက် အသုံးမဝင်ဘဲ ဘုရားသခင်၏ အလိုကို ပြည့်အောင်ဖြည့်ခြင်းမှာ ပို၍ပင် မဖြစ်နိုင်ချေ။ “ဘုရားသခင်ကို ယုံကြည်ခြင်း” ဆိုသည်မှာ ဘုရားသခင်တစ်ပါး ရှိကြောင်းကို ယုံကြည်ခြင်းဖြစ်သည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အရိုးရှင်းဆုံး အယူအဆပင် ဖြစ်၏။ ထို့အပြင် ဘုရားသခင်တစ်ပါး ရှိကြောင်း ယုံကြည်ခြင်းသည် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်းနှင့် မတူပါ၊ ဆိုရလျှင် ယင်းမှာ ခိုင်မာသော ဘာသာရေး အငွေ့အသက်ပါသည့် ရိုးရှင်းသော ယုံကြည်မှုတစ်မျိုး ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း ဆိုသည်မှာ အရာအားလုံးအပေါ် ဘုရားသခင်၏ အာဏာ တည်ကြောင်းကို ယုံကြည်သည့်အပေါ် အခြေခံပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို တွေ့ကြုံခံစားခြင်း ဖြစ်သည်။ သင်၏ ဖောက်ပြန်သော စိတ်သဘောထားမှ ကင်းလွတ်မည်ဖြစ်ပြီး ဘုရားသခင်၏ အလိုကို ပြည့်စေနိုင်မည့်အပြင် ဘုရားသခင်ကိုလည်း သိလာမည်ဖြစ်သည်။ ဤခရီးလမ်းအတိုင်း သွားမှသာ ဘုရားသခင်ကို ယုံကြည်သည်ဟု သင်ဆိုနိုင်ပါမည်။ သို့သော် လူအများက ဘုရားသခင်ကို ယုံကြည်ခြင်းသည် အလွန်ရိုးရှင်းပြီး ပေါ့ပေါ့ပါးပါး ကိစ္စသာဖြစ်သည်ဟု မြင်တတ်ကြသည်။ ထိုသို့သော လူများ၏ ယုံကြည်မှုမှာ အဓိပ္ပာယ်ကင်းမဲ့ပြီး ဘုရားသခင်ထံမှ အတည်ပြုခြင်းကို မည်သည့်အခါမျှ ရမည် မဟုတ်ပါ။ အကြောင်းမှာ သူတို့သည် လမ်းမှားတွင် လျှောက်နေသောကြောင့် ဖြစ်ပါသည်။ အနှစ်သာရ ကင်းမဲ့သည့် အယူဝါဒများတွင် ဘုရားသခင်ကို စကားလုံးများဖြင့်သာ ယုံကြည်နေသူများ ယနေ့တိုင် ရှိနေပါ သည်။ သူတို့၏ ဘုရားသခင်ကို ယုံကြည်မှုတွင် အနှစ်သာရ မရှိကြောင်းနှင့် သူတို့သည် ဘုရားသခင်၏ အတည်ပြုခြင်းကို မရရှိနိုင်ကြောင်းတို့ကို သူတို့ ဂရုမပြုကြဘဲ ဘုရားသခင်ထံမှ ငြိမ်သက်ခြင်းနှင့် လုံလောက်သော ဆုကျေးဇူးကို ဆုတောင်းနေဆဲ ဖြစ်သည်။ ငါတို့သည် ရပ်တန့်ပြီး မိမိကိုယ်မိမိ မေးသင့်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကမ္ဘာပေါ်တွင် အမှန်တကယ် လွယ်ကူသောအရာ ဖြစ်နိုင်ပါသလား။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ထံမှ ဆုကျေးဇူးကို လက်ခံရရှိခြင်းထက် ဘာမျှမပိုဘူးလား။ ဘုရားသခင်ကို မသိဘဲလျက် ဘုရားသခင်ကို ယုံကြည်သူ၊ ဘုရားသခင်ကို ယုံကြည်သော်လည်း ဆန့်ကျင်သူတို့သည် ဘုရားသခင်၏အလိုကို အမှန်တကယ်ဖြည့်ဆည်း နိုင်ပါသလား။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၃၉

သင်သည် ငါ့အိမ်ထောင်ရှိ လူများထဲမှ တစ်ဦးဖြစ်သောကြောင့်နှင့် ငါ၏ နိုင်ငံတော်အပေါ်သင်သည် သစ္စာစောင့်သိသောကြောင့် သင်လုပ်သမျှ အရာအားလုံးသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၇၁

ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်က အဆုံးသို့ ရောက်လုနီးပြီ ဖြစ်သည်။ ထို့ပြင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၉၉

ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်သည် အနှစ်ခြောက်ထောင် သက်တမ်းရှိပြီး ယင်းကို သူ့အမှု၏ ကွဲပြားခြားနားမှုများအပေါ် အခြေခံ၍...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၄၀

သင်တို့၏ ယုံကြည်ခြင်းသည် အလွန်နှစ်လိုဖွယ်ကောင်း၏။ သင်တို့သည် ငါ၏အမှုကိုယ်စား သင်တို့၏အသက်တာ တစ်ခုလုံးကို အသုံးပြုရန် လိုလားလျက်ရှိပြီး၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။