ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၉၂

အတိတ်ကာလတွင် လူအများသည် အားကြီးသော ရည်မှန်းချက်နှင့် အယူအဆများဖြင့် ရှာဖွေခဲ့ကြသည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင်မျှော်လင့်ချက်များ၏ အကျိုးဆက်အဖြစ် ရှာဖွေကြခြင်းဖြစ်သည်။ ထိုကဲ့သို့သော အကြောင်းကိစ္စများအား ခဏတာမျှ ဘေးဖယ်ထားကြပါစို့၊ ယခု အဓိကအရေးကြီးသော အရာမှာ သင်တို့တစ်ဦးစီကို ဘုရားသခင်၏ ရှေ့မှောက်တွင် ကောင်းမွန်သင့်လျော်သော အခြေအနေတစ်ခုကို ထိန်းသိမ်းစေ၍ စာတန်၏ လွမ်းမိုးခြင်း အချုပ်အနှောင်များမှ တဖြည်းဖြည်းလွတ်မြောက်စေမည့် လက်တွေ့ကျင့်သုံးမှု နည်းလမ်းတစ်ခုအား ရှာဖွေရန်ဖြစ်သည်၊ ဤသို့အားဖြင့် သင်သည် ဘုရားသခင်၏ ရယူခြင်းခံရနိုင်ရန်နှင့် သင့်အား ဘုရားသခင်စေခိုင်းသည့်အရာကို လောကတွင် အသက်ရှင်နေထိုင်နိုင်ရန် ဖြစ်သည်။ ဤနည်းအားဖြင့်သာလျှင် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များအား ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။ လူအများသည် ဘုရားသခင်အား ယုံကြည်ကြသည်၊ သို့သော် ဘုရားသခင်အလိုရှိသည်မှာ အဘယ်အရာဖြစ်သည် သို့မဟုတ် စာတန်အလိုရှိသည်မှာ အဘယ်အရာဖြစ်သည်ကိုလည်း မသိကြပေ။ သူတို့သည် ရူးမိုက်စွာ၊ ယောင်ချာချာနှင့် ယုံကြည်ကြပြီး ရေလိုက်ငါးလိုက်ဖြင့်သာ လိုက်လျှောက်ကြသဖြင့် လျော်ကန်သော ခရစ်ယာန်အသက်တာကို မည်သည့်အခါမျှ ရရှိခဲ့ခြင်းမရှိပေ။ ထို့ထက်ပို၍ သူတို့သည် ဘုရားသခင်နှင့် ကောင်းမွန်သင့်လျော်သော ဆက်ဆံရေးမဆိုထားနှင့်၊ ကောင်းမွန်သင့်လျော်သော ပုဂ္ဂိုလ်ရေးဆက်ဆံရေးများလည်း မည်သည့်အခါမျှ မရှိခဲ့ကြပေ။ ဤအရာမှနေ၍ လူသား၏ အခက်အခဲများ၊ အားနည်းချက်များနှင့် ဘုရားသခင်၏ အလိုတော်ကို ကဖျက်ယဖျက်လုပ်နိုင်သည့် အခြားသောအရာများမှာ များပြားကြောင်း တွေ့ရှိနိုင်သည်။ လူသားတို့သည် မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရောက်ရှိနေခြင်း မရှိသေးသကဲ့သို့ လူ့ဘ၀၏ စစ်မှန်သော အတွေ့အကြုံအတွင်း ၀င်ရောက်ပြီးခြင်း မရှိသေးကြောင်း ဤအခြင်းအရာက အလုံအလောက် သက်သေပြနေသည်။ ထိုသို့ဆိုလျှင် လမ်းကြောင်းမှန်ပေါ် ရောက်ရှိခြင်းသည် အဘယ်အရာကို ဆိုလိုသနည်း။ လမ်းကြောင်းမှန်ပေါ် ရောက်ရှိခြင်းဆိုသည်မှာ ဘုရားသခင်၏ ရှေ့တော်မှောက်တွင် မိမိ၏နှလုံးသားအား အချိန်တိုင်းတွင် ငြိမ်သက်စေနိုင်ခြင်းနှင့် ဘုရားသခင်နှင့် ကောင်းမွန်သင့်လျော်စွာ ဆက်ဆံပြောဆိုနိုင်ခြင်း၊ လူသားတို့၌ ကင်းမဲ့လျက်ရှိနေသောအရာကို တဖြည်းဖြည်းသိလာပြီး ဘုရားသခင်အပေါ် သာ၍နက်နဲစွာ သိနားလည်လာမှုအား တဖြည်းဖြည်းရရှိခြင်းကို ဆိုလိုသည်။ ဤအရာမှတစ်ဆင့် သင်၏ဝိညာဉ်သည် နေ့စဉ်တိုင်းတွင် အသစ်သော ထိုးထွင်းသိမြင်ခြင်းနှင့် အသစ်သော ဉာဏ်အလင်းပွင့်ခြင်းတို့ကို ရရှိသည်၊ သင်၏တောင့်တခြင်းသည် ကြီးထွားလာ၏၊ သင်သည် သမ္မာတရားအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းပြီး၊ နေ့ရက်တိုင်းတွင် အသစ်သောအလင်းနှင့် အသစ်သောနားလည်ခြင်းတို့ ရှိလာမည် ဖြစ်သည်။ ဤလမ်းကြောင်းမှတစ်ဆင့် သင်သည် စာတန်၏ လွှမ်းမိုးခြင်းကို တဖြည်းဖြည်းချိုးဖျက်ပြီး သင်၏အသက်တာ၌ ပိုမိုကြီးထွားလာမည် ဖြစ်သည်။ ထိုကဲ့သို့သောသူများသည် လမ်းကြောင်းမှန်ပေါ်တွင် ၀င်ရောက်ပြီးဖြစ်သည်။ သင်ကိုယ်တိုင်၏ အမှန်တကယ် အတွေ့အကြုံများအား စစ်ဆေးကာ သင်၏ယုံကြည်ခြင်း၌ လျှောက်လှမ်းခဲ့သောလမ်းအား ဆန်းစစ်လော့။ သင့်ကိုယ်သင် ဤအရာများအားလုံးဖြင့် တိုင်းတာလော့- သင်သည် လမ်းကြောင်းမှန်ပေါ်တွင် ရောက်ရှိပြီလော။ မည်သည့်ကိစ္စရပ်များတွင် သင်သည် စာတန်မာရ်နတ်၏ ချုပ်နှောင်မှုများနှင့် စာတန်မာရ်နတ်၏ စွမ်းအားမှ လွတ်မြောက်ခဲ့ပြီးဖြစ်သနည်း။ သင်သည် လမ်းကြောင်းအမှန်ပေါ်တွင် ရောက်ရှိရန် လိုအပ်နေသေးလျှင် စာတန်နှင့်သင်၏ ဆက်နွှယ်မှုသည် မဖြတ်တောက်ရသေးပေ။ ဤသည်မှာ မှန်ကန်ပါက၊ ဘုရားသခင်ကို ချစ်ရန် သင်၏ ကြိုးစားခြင်းသည် သင့်အား စစ်မှန်သော၊ မြဲမြံ၍ သန့်ရှင်းသော ချစ်ခြင်းမေတ္တာတစ်ခုသို့ ဦးဆောင်လမ်းပြမည်လော။ ဘုရားသခင်အား သင်၏ချစ်ခြင်းသည် မဆုတ်မနစ်၊ နှလုံးသားဖြင့် အူလှိုက်သည်းလှိုက် ခံစားသောချစ်ခြင်းဟု သင်ပြောသော်လည်း စာတန်မာရ်နတ်၏ ချုပ်နှောင်ခြင်းမှ သင်လွတ်မြောက်ခြင်း မရှိသေးပေ။ သင်သည် ဘုရားသခင်အား လှည့်စားနေခြင်း မဟုတ်လော။ ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းသည် မသန့်ရှင်းခြင်းကင်းသည့် အခြေအနေတစ်ရပ်ကို သင်ရရှိလိုပြီး၊ ဘုရားသခင်၏ ရယူခြင်းကို အပြည့်အဝခံရလိုကာ နိုင်ငံတော်၏ လူများထဲတွင် ထည့်တွက်ခံရလိုပါက သင့်ကိုယ်သင် လမ်းကြောင်းမှန်ပေါ် ရောက်ရှိရန် အရင်ဆုံး လုပ်ဆောင်ရမည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်သူများသည် မည်သည့်ရှုထောင့်အား ဆုပ်ကိုင်ထားသင့်သနည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၆၂

ယနေ့ သင်တို့အား ပြုထားသော တောင်းဆိုချက်ဖြစ်သည့် သဟဇာတကျစွာ အတူတကွ အလုပ်လုပ်ခြင်းမှာ ဣသရေလ အမျိုးသားများအား ယေဟောဝါ တောင်းဆိုခဲ့သည့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၂၀

ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များကို စားသောက်စဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆပြီး ဆုတောင်းခြင်းသည် ဘုရားသခင် ရှေ့မှောက်တွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၉၂

လူသားများ၏အရည်အသွေးသည် ညံ့ဖျင်းလွန်း၍ ၎င်းတို့၏ ဝိညာဉ်သည် အတော်ထုံထိုင်းနေကာ ၎င်းတို့ အားလုံးသည် ဘုရားသခင်လုပ်ဆောင်နေသည့်အရာကို သတိပြုခြင်း...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၀၀

သြဇာအာဏာကိုယ်၌ကို ဘုရားသခင်၏ တန်ခိုးအဖြစ် ရှင်းပြနိုင်သည်။ ပထမဦးဆုံး သြဇာအာဏာနှင့် တန်ခိုးတို့သည် အပြုသဘောဆောင်သည်ကို သေချာပေါက်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။