ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၈၈

22.09.2020

ထိုစဉ်က ယေရှု၏အမှုတော်၏ တစ်စိတ်တစ်ပိုင်းမှာ ဓမ္မဟောင်းကျမ်းနှင့်အညီ ဖြစ်ပြီး၊ ပညတ်တော်ခေတ် အတွင်းက မောရှေ၏ ပညတ်တရားများနှင့် ယေဟောဝါ၏ နှုတ်ကပတ်တော်များနှင့်အညီလည်း ဖြစ်ခဲ့သည်။ ယေရှုသည် ၎င်းတို့ အားလုံးကို သူ၏အမှုတော်ဆိုင်ရာ တစ်စိတ်တစ်ပိုင်းအဖြစ် လုပ်ဆောင်ခဲ့သည်။ သူသည် တရားစရပ်များ၌ လူများအား တရားဟောကြားခဲ့ပြီး သွန်သင်ပေးခဲ့ကာ သူ့အပေါ် ရန်လိုနေခဲ့ကြသည့် ဖာရိရှဲများကို ပြစ်တင်ရန် ဓမ္မဟောင်းကျမ်းမှ ပရောဖက်များ၏ ကြိုတင်ဟောကြေားချက်များကို အသုံးချခဲ့ပြီး၊ သူတို့၏ မနာခံမှုကို ထုတ်ဖော်ရန်နှင့် သူတို့ကို ရှုတ်ချရန် အတွက် ကျမ်းစာထဲက နှုတ်ကပတ်တော်များကို အသုံးချခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ယေရှု လုပ်ဆောင်ခဲ့သည်ကို စက်ဆုပ်ခဲ့ကြသည့်အတွက်၊ အထူးသဖြင့်၊ ယေရှု၏အမှုတော် အများအပြားတို့မှာ သမ္မာကျမ်းထဲက ပညတ်တရားများ နှင့် အညီ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ကြဘဲ၊ ထို့အပြင် သူ သွန်သင်ခဲ့သည့်အရာက သူတို့၏ ကိုယ်ပိုင် စကားလုံးများထက် ပိုမြင့်မြတ်ခဲ့ပြီး သမ္မာကျမ်းထဲက ပရောဖက်များ၏ ကြိုတင်ဟောကြားချက်များထက်ပင် ပိုမြင့်မားခဲ့သည့်အတွက် ဖြစ်သည်။ ယေရှု၏ အမှုတော်မှာ လူသား၏ ရွေးနှုတ်ခြင်းနှင့် ကားစင်တင်ခံရခြင်းအတွက်သာ ဖြစ်သည်၊ သို့ဖြစ်၍၊ လူသားတစ်ဦးဦးကို သိမ်းပိုက်ရန် သူသည် နောက်ထပ် နှုတ်ကပတ်တော်များကို ဟောကြားရန် မလိုအပ်ခဲ့ပေ။ လူသားကို သူသွန်သင်ပေးခဲ့သည့် အရာအထဲက အများအပြားသည် သမ္မာကျမ်းစာလာ နှုတ်ကပတ်တော်များမှ ဖြစ်ပြီး၊ သူ့အမှုတော်က သမ္မာကျမ်းစာများကို မကျော်လွန်ခဲ့သော်မှ၊ သူသည် ကားစင်တင်အသတ်ခံရခြင်းအမှုကို ပြီးအောင် ဆောင်ရွက်နိုင်စွမ်းရှိခဲ့သည်။ သူ့အမှုတော်မှာ နှုတ်ကပတ်တော်၏ အမှုတော် မဟုတ်ခဲ့ပေ၊ လူသားမျိုးနွယ်အား သိမ်းပိုက်ဖို့အလို့ငှာလည်း မဟုတ်ခဲ့ဘဲ၊ လူသားမျိုးနွယ်အား ရွေးနှုတ်ရန် ဖြစ်သည်။ သူသည် လူသားမျိုးနွယ်အတွက် အပြစ်ဖြေရာယဇ်အဖြစ်သာ ပြုမူခဲ့ပြီး လူသားမျိုးနွယ်အတွက် နှုတ်ကပတ်တော်၏ အရင်းအမြစ်အဖြစ် မပြုမူခဲ့ပေ။ လူသားကို သိမ်းပိုက်ခြင်းအမှုဖြစ်သည့် တစ်ပါးအမျိုးသားများ၏ အလုပ်ကို သူမလုပ်ဆောင်ခဲ့ဘဲ ဘုရားသခင် ရှိကြောင်းကို ယုံကြည်ကြသည့် လူများအကြားမှာ လုပ်ဆောင်ခဲ့သည့်အမှုဖြစ်သည့် ကားစင်တင်အသတ်ခံရခြင်း အမှုကို လုပ်ဆောင်ခဲ့သည်။ သူ၏ အမှုကို သမ္မာကျမ်းစာ၏ အခြေခံအုတ်မြစ်ပေါ်တွင် လုပ်ဆောင်ခဲ့သော်လည်း၊ ထို့အပြင် သူသည် ဖာရိရှဲများကို ရှုတ်ချရန် ပရောဖက်ဟောင်းများ၏ ဟောကြားချက်များကို အသုံးချခဲ့သော်လည်း၊ ၎င်းမှာ ကားစင်တင် အသတ်ခံရခြင်းအမှုတော်ကို ပြီးမြောက်စေရန်အတွက် လုံလောက်ခဲ့သည်။ အကယ်၍ ယနေ့အမှုကို သမ္မာကျမ်းစာထဲရှိ ပရောဖက်ဟောင်းများ၏ ဟောကြားချက်များ၏ အခြေခံအုတ်မြစ်ပေါ်တွင် လုပ်ဆောင်ကြဦးမည်ဆိုလျှင်၊ ဓမ္မဟောင်းကျမ်းထဲတွင် သင်တို့ တရုတ်လူမျိုးများ၏ မနာခံမှုနှင့် အပြစ်များအကြောင်း မှတ်တမ်းများ မပါဝင်သည့်အတွက်နှင့် ၎င်းထဲတွင် သင်တို့ အပြစ်များ၏သမိုင်းဟူ၍ မရှိသည့်အတွက်၊ သင်တို့ကို သိမ်းပိုက်ဖို့ရန်မှာ ဖြစ်နိုင်မည်မဟုတ်ပေ။ သို့ဖြစ်၍ ဤအမှုသည် သမ္မာကျမ်းထဲတွင် စွဲကျန်နေဆဲဖြစ်ပါက၊ သင်တို့သည် မည်သည့်အခါမျှ အလျှော့ပေးမည် မဟုတ်ပေ။ သမ္မာကျမ်းထဲတွင် ဣသရေလအမျိုးသားများ၏ သမိုင်းအနည်းအကျဉ်းသာ မှတ်တမ်းတင်ပေးခဲ့ပြီး၊ ထိုသမိုင်းသည် သင်တို့ ဆိုးသည် သို့မဟုတ် ကောင်းသည်ကို ၎င်းက သတ်မှတ် ပေးနိုင်စွမ်း မရှိသကဲ့သို့၊ သင်တို့ကို စီရင်နိုင်စွမ်းလည်း မရှိပေ။ ငါသည် သင်တို့ကို ဣသရေလအမျိုးသားတို့၏ သမိုင်းကို အခြေခံပြီး စီရင်ရန်ဖြစ်သည်ဟု စိတ်ကူးကြည့်ကြလော့— သင်တို့သည် ယနေ့ကဲ့သို့ပင် ငါ့နောက် လိုက်နေကြဦးမည်လော။ သင်တို့သည် မည်မျှခက်ခဲကြသည်ကို သင်တို့ သိကြသလော။ ဤအဆင့်၌ မည်သည့် နှုတ်ကပတ်တော်ကိုမျှ မပြောဆိုဘဲ နေပါက၊ သိမ်းပိုက်ခြင်းအမှုကို ပြီးမြောက်အောင် ပြုလုပ်ရန် မဖြစ်နိုင်ပေ။ ငါလာခဲ့သည်မှာ လက်ဝါးစင်ပေါ် သံမှိုရိုက်ခံရန် မဟုတ်သောကြောင့်၊ သင်တို့သိမ်းပိုက်ခြင်းခံရနိုင်ရန် ငါသည် သမ္မာကျမ်းစာနှင့် ကွဲပြားသည့် စကားလုံးများကို ပြောဆိုရမည်။ ယေရှုလုပ်ဆောင်ခဲ့သည့် အမှုမှာ ဓမ္မဟောင်းကျမ်းထက် တစ်ဆင့်မျှသာ ပိုမြင့်ခဲ့သည်၊ ခေတ်တစ်ခေတ်ကို စတင်ပေးရန်နှင့် ထိုခေတ်ကို ဦးဆောင်ပေးရန်အတွက် ၎င်းကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ “ပညတ်တရားများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှါ ငါလာသတည်း။” ဆိုပြီး သူပြောခဲ့သည်မှာ မည်သည့် အတွက်ကြောင့်နည်း။ သို့ရာတွင် သူ၏အမှုတော်ထဲ၌ ဓမ္မဟောင်းကျမ်း၏ ဣသရေလအမျိုးသားများ လက်တွေ့ကျင့်သုံးခဲ့ကြသည့် ပညတ်တရားများ၊ ပညတ်တော်များနှင့် ကွဲပြားမှုများ များပြားခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် သူလာခဲ့သည်မှာ ပညတ်တရားကို နာခံရန် မဟုတ်ဘဲ၊ ၎င်းကို ပြည့်စုံစေရန် ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းကို ပြည့်စုံစေခြင်း လုပ်ငန်းစဉ်ထဲတွင် လက်တွေ့ကျသည့် အမှုအရာများစွာ ပါဝင်သည်- သူ့အမှုမှာ ပို၍လက်တွေ့ကျကာ ပို၍စစ်မှန်ခဲ့သည်၊ ထို့အပြင် ၎င်းမှာ အသက်ရှင်ပြီး၊ စည်းကမ်းများကို မစဉ်းစား မဆင်ခြင်ဘဲ လိုက်နာခြင်းလည်း မဟုတ်ပေ။ ဣသရေလ အမျိုးသားများတို့က ဥပုသ်နေ့ကို စောင့်ထိန်းခဲ့ကြသည် မဟုတ်လော။ ယေရှု ရောက်လာချိန်၌ သူသည် ဥပုသ်နေ့ကို စောင့်ထိန်းခဲ့ခြင်း မရှိခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် လူသားသည် ဥပုသ်နေ့ကို အစိုးရပြီး၊ ဥပုသ်နေ့ကို အစိုးရသူရောက်လာသည့်အခါ သူ့စိတ်ကြိုက် သူလုပ်ဆောင်လိမ့်မည်ဟု ပြောခဲ့သောကြောင့် ဖြစ်သည်။ သူသည် ဓမ္မဟောင်းကျမ်းထဲက ပညတ်တရားများကို ဖြည့်ဆည်းရန်နှင့် ပညတ်တရားများကို ပြောင်းလဲရန်အတွက် ကြွလာခြင်း ဖြစ်သည်။ ယနေ့ လုပ်ဆောင်ပြီးခဲ့သည့် အရာအားလုံးမှာ ပစ္စုပ္ပန်ကို အခြေခံထားသော်လည်း၊ ပညတ်တော်ခေတ်က ယေဟောဝါ၏အမှု၏ အခြေခံအုတ်မြစ်ပေါ်၌ အခြေခံထားဆဲ ဖြစ်ပြီး ယင်းအတိုင်းအတာကို မကျော်လွန်ပေ။ ဥပမာ မိမိနှုတ်ကို စောင့်ထိန်းရန်နှင့် သူများ သားမယားကို မပြစ်မှားရန်ဟူသည်တို့မှာ ဓမ္မဟောင်းကျမ်း၏ ပညတ်များဖြစ်သည် မဟုတ်လော။ ယနေ့တွင် သင်တို့ထံမှ တောင်းဆိုနေသည်များမှာ ပညတ်တော်ဆယ်ပါးသာ မကဘဲ၊ ယခင်က ကျင့်သုံးခဲ့ကြသည့် ပညတ်ချက်များနှင့် ပညတ်တော်များထက် ပို၍မြင့်မားသည့် ညွှန်ကြားချက် ပါဝင်ပေသည်။ သို့သော် ဘုရားသခင်၏ အမှုတော်၏ အဆင့်တစ်ခုစီကို ယခင်ကအဆင့်၏ အခြေခံအုတ်မြစ်အပေါ်၌ လုပ်ဆောင်ခြင်း ဖြစ်သည့်အတွက်၊ ထိုသို့ ပြောဆိုမှုက ယခင်က အရာများပယ်ဖျက်ခဲ့ပြီဟု မဆိုလိုပေ။ ယဇ်ပူဇော်ရန်၊ မိဘများကို ရိုသေစွာပြုရန်၊ ရုပ်တုများကို မကိုးကွယ်ရန်၊ အခြားသူတို့အား မစော်ကားရန်၊ သူတစ်ပါးကို မတိုက်ခိုက်ရန် သို့မဟုတ် မကျိန်ဆဲရန်၊ သူများ သားမယားကို မပြစ်မှားရန်၊ ဆေးလိပ် သို့မဟုတ် အရက် မသောက်ရန်၊ သေသောအရာများကို မစားရန်၊ သွေးကို မသောက်ရန် လူတို့အပေါ်သတ်မှတ်ထားခြင်းကဲ့သို့ ဣသရေလ အမျိုးသားများအား ယေဟောဝါက မိတ်ဆက်ပေးခဲ့သည့် အရာတို့မှာ ယနေ့တွင်ပင် သင်တို့၏ လက်တွေ့လုပ်ဆောင်မှု၏ အခြေခံအုတ်မြစ် ဖြစ်သည် မဟုတ်လော။ အတိတ်ကာလများ၏ အခြေခံအုတ်မြစ် အပေါ်မှာသာ အမှုများကို ယနေ့အထိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အတိတ်ကပညတ်ချက်များကို မဖေါ်ပြတော့ဘဲ သင့်အား တောင်းဆိုချက် အသစ်များကို ပြုလုပ်ခဲ့သော်လည်း၊ ဤပညတ်ချက်များကို မပယ်ဖျက်ခဲ့ဘဲ ၎င်းတို့ကို ပို၍မြင့်မားသော အနေအထားသို့ မြှင့်တင်ခဲ့သည်။ ၎င်းတို့ကို ပယ်ဖျက်လိုက်ပြီဟု ဆိုလျှင် ယခင်ခေတ်မှာ ဟောင်းသွားပြီဟု ဆိုလိုခြင်းဖြစ်သော်လည်း၊ သင့်အနေနှင့် ထာ၀ရ လိုက်နာရမည့် ပညတ်တော် အချို့ ရှိနေဆဲ ဖြစ်သည်။ အတိတ်က ပညတ်တော်များကို လက်တွေ့လုပ်ဆောင်ခဲ့ကြပြီး ဖြစ်သလို လူသား၏ ဖြစ်တည်မှု ဖြစ်လာနှင့်ခဲ့ပြီဖြစ်သည်၊ ထို့အပြင် “ဆေးလိပ် မသောက်ရ၊” “အရက်မသောက်ရ၊” စသဖြင့် ပညတ်တော်များကို အထူးအလေးပေးရန် မလိုတော့ပေ။ ဤအခြေခံအုတ်မြစ် အပေါ်၌၊ သင်တို့၏ ယနေ့ လိုအပ်ချက်များနှင့်အညီ၊ သင်တို့၏ ဝိညာဉ်အသက်တာနှင့်အညီ၊ ယနေ့၏အမှုနှင့်အညီ၊ ပညတ်ချက် အသစ်များကို ချမှတ်သည်။ ခေတ်သစ်၏ ပညတ်ချက်များကို ထုတ်ပြန်ကြေညာခြင်းမှာ ခေတ်ဟောင်း၏ ပညတ်ချက်များကို ပယ်ဖျက်ခြင်းဟု မဆိုလိုဘဲ၊ လူသား၏ လုပ်ဆောင်ချက်များကို ပိုပြီးပြည့်စုံစေရန်နှင့် လက်တွေ့နှင့်ပိုပြီးကိုက်ညီလာစေရန် အတွက် ထိုအခြေခံအုတ်မြစ်ပေါ်မှာ ၎င်းတို့ကို ပိုမြင့်မားလာအောင် မြှင့်တင်ပေးခြင်း ဖြစ်သည်။ အကယ်၍၊ ယနေ့တွင် သင်တို့သည် ဓမ္မဟောင်းကျမ်းထဲက ပညတ်ချက်များနှင့် ပညတ်တရားများကို၊ ဣသရေလ အမျိုးသားများကဲ့သို့ပင်၊ လိုက်နာစောင့်ထိန်းရန်သာ လိုအပ်ခဲ့မည်၊ ထို့အပြင် ယေဟောဝါမှ ချမှတ်ပေးခဲ့သည့် ပညတ်တရားများကို အာဂုံဆောင်ထားရန်ကိုပင် သင်တို့အပေါ် သတ်မှတ်ထားမည် ဆိုပါက၊ သင်တို့ ပြောင်းလဲလာနိုင်မည့် အလားအလာ မရှိနိုင်ပေ။ သင်တို့သည် ထိုကဲ့သို့သော ပညတ်ချက်အနည်းငယ်ကိုသာ စောင့်ထိန်းရန် သို့မဟုတ် မရေတွက်နိုင်သော ပညတ်ချက်များကို အာဂုံဆောင်ထားရန်သာ သတ်မှတ်ထားမည် ဆိုပါက၊ သင်တို့၏ သဘာဝဗီဇအဟောင်းသည် နက်ရှိုင်းစွာ နှစ်မြုပ်လျက် ရှိနေမည် ဖြစ်ပြီး ၎င်းကို အမြစ်ပြုတ်ရန် နည်းလမ်း ရှိမည်မဟုတ်ပေ။ သို့ဖြစ်၍ သင်တို့သည် အကျင့်စာရိတ္တ တိုး၍ ပျက်ပြားလာမည်ဖြစ်ပြီး သင်တို့အထဲက မည်သူမျှ နာခံလာမည် မဟုတ်ပေ။ ယင်းမှာ ရိုးရှင်းသည့် ပညတ်တော် အချို့ သို့မဟုတ် ရေတွက်မရနိုင်သည့် ပညတ်ချက်များသည် ယေဟောဝါ၏ လုပ်ဆောင်ချက်များကို သင်တို့ သိနားလည်အောင် လုပ်နိုင်စွမ်း မရှိဟု ဆိုလိုသည်။ သင်တို့သည် ဣသရေလအမျိုးသားများနှင့် မတူကြပေ- သူတို့သည် ပညတ်တရားများကို လိုက်နာရင်း ပညတ်တော်များကို အာဂုံဆောင်ရင်း ယေဟောဝါ၏ လုပ်ဆောင်ချက်များကို မြင်နိုင်ခဲ့ကြပြီး ကိုယ်တော်တစ်ပါးတည်းကိုသာ သူတို့ ဆက်ကပ်နိုင်ခဲ့ကြသည်။ သို့သော် သင်တို့သည် ဤအရာကို မစွမ်းဆောင်နိုင်ပေ၊ ထို့အပြင် ဓမ္မဟောင်းခေတ်မှ အချို့ပညတ်တော်များသည် သင်တို့အား သင်တို့၏ စိတ်နှလုံးများကို ပေးအပ်လာစေရန် သို့မဟုတ် သင်တို့ကို ကာကွယ်ပေးရန် လုပ်နိုင်စွမ်း မရှိကြဘဲ၊ ထိုသို့ပြုမည့်အစား သင်တို့ကို စည်းကမ်းလျော့ရဲလာစေပြီး သင်တို့ကို မရဏနိုင်ငံအတွင်းသို့ ကျဆင်းစေလိမ့်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ငါ၏အမှုမှာ သိမ်းပိုက်ခြင်းအမှု ဖြစ်ပြီး၊ သင်တို့၏ မနာခံမှုနှင့် သဘာဝဗီဇဟောင်းကို ချိန်ရွယ်ထားသည့် အတွက်ဖြစ်သည်။ ယေဟောဝါနှင့် ယေရှုတို့၏ ကြင်နာသည့် နှုတ်ကပတ်တော်များမှာ ယနေ့ စီရင်ချက်၏ ပြင်းထန်သည့် စကားလုံးများကို မီရန် များစွာ လိုပေသည်။ ယင်းကဲ့သို့သော ပြင်းထန်သည့် စကားလုံးများ မရှိကြပါက၊ နှစ်ပေါင်းထောင်ချီ၍ နာခံလာခဲ့ခြင်း မရှိခဲ့ကြသည့် သင်တို့ကဲ့သို့သော “ပါရဂူ” များကို သိမ်းပိုက်ရန် မဖြစ်နိုင်ပေ။ ဓမ္မဟောင်းကျမ်းထဲက ပညတ်တော်များသည် သင်တို့အပေါ်အာဏာမရှိကြတော့သည်မှာ ကြာပြီ ဖြစ်ပြီး၊ ယနေ့၏စီရင်ချက်မှာ ပညတ်ချက်အဟောင်းများနှင့် စာလျှင် များစွာပို၍ အစွမ်းရှိပေသည်။ သင်တို့သည် အစအဦးက လူသားမျိုးနွယ် မဟုတ်ဘဲ၊ နှစ်ပေါင်း ထောင်ချီ အကျင့်ပျက်လာခဲ့သည့် လူသားမျိုးနွယ် ဖြစ်ကြသောကြောင့်၊ သင်တို့အတွက် အသင့်တော်ဆုံးမှာ မပြောပလောက်သော ပညတ်တရား၏ချုပ်ခြယ်မှုများ မဟုတ်ဘဲ စီရင်ချက်သာ ဖြစ်သည်။ ယခု လူသားအနေဖြင့်ကြိုးပမ်းရမည်မှာ ယနေ့ လူသား၏ လက်တွေ့ အခြေအနေနှင့်အညီ၊ ပစ္စုပ္ပန်လူသား၏ အရည်အချင်းနှင့် လူသား၏ တကယ့် ဝိညာဉ်အသက်တာနှင့်အညီ ဖြစ်ပြီး၊ သင်သည် အယူဝါဒများကို လိုက်နာရန်မလိုအပ်ပေ။ ဤသည်မှာ အပြောင်းအလဲများကို သင်၏ သဘာဝဗီဇ အဟောင်းဖြင့် ရယူနိုင်စေရန်နှင့် သင်၏ အယူအဆများကို သင့်အနေနှင့် ဖယ်ရှားနိုင်စေရန် အတွက်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၁)

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။