ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၅၇

အလုပ်နှင့်ပတ်သက်၍ လူသားသည် အလုပ်ဆိုသည်မှာ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးခြင်း၊ နေရာတိုင်း၌ တရားဟောခြင်းနှင့် သူ့အတွက် သုံးစွဲခြင်းဖြစ်သည်ဟု ယုံကြည် သည်။ ထိုသို့ ယုံကြည်ခြင်းသည် မှန်သော်လည်း တစ်ဖက်သတ် ဆန်လွန်းလှသည်။ ဘုရားသခင်က လူကို တောင်းဆိုသည့်အရာမှာ သူ့အတွက် ဟိုပြေးသည်ပြေးလုပ်ရန်သာ မဟုတ်ပေ၊ ထိုထက် ကျော်လွန်၍ ဤအမှုသည် အမှုတော်နှင့် ဝိညာဉ်တော်အတွင်း၌ ထောက်ပံ့မှုတို့နှင့်ပါ သက်ဆိုင်သည်။ ညီအစ်ကိုမောင်နှမ တော်တော်များများသည် နှစ်ပေါင်းများစွာ အတွေ့အကြုံရရှိပြီး သည့်တိုင် ဘုရားသခင်အတွက် အလုပ်လုပ်ဖို့ တခါမျှ မစဉ်းစားဖူးပေ၊ အဘယ်ကြောင့်ဆိုသော် လူသား ထင်မြင်ထားသော အလုပ်ဟူသည့် အရာသည် ဘုရားသခင် တောင်းဆိုသည့်အရာနှင့် မလိုက်ဖက်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသားသည် အလုပ် ကိစ္စတွင် မည်သည့်အရာပင်ဖြစ်စေ စိတ်ဝင်စားမှု လုံးဝမရှိပေ၊ ထို့ကြောင့် လူသား၏ ဝင်ရောက်မှုသည်လည်း အလွန်ပင် တစ်ဖက်သတ် ဖြစ်နေခြင်း ဖြစ်သည်။ သင်တို့အားလုံးသည် ဘုရားသခင်အတွက် အလုပ်လုပ်ခြင်းအားဖြင့် စတင်ဝင်ရောက် သင့်သည်၊ ယင်းနှင့် ဆိုင်သော ကဏ္ဍအားလုံးကို သင်တို့ သာ၍ ကြုံတွေ့ခံစားနိုင်ဖို့ ဖြစ်သည်။ ယင်းသည် သင်တို့ ဝင်ရောက်သင့်သည့်အရာ ဖြစ်သည်။ အလုပ်ဆိုသည်မှာ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးခြင်းကို မရည်ညွှန်းဘဲ၊ လူသား၏အသက်တာနှင့် လူသား၏ အသက်ရှင်ခြင်းသည် ဘုရားသခင်အတွက် ပျော်ရွှင်မှုပေးနိုင်ခြင်း ရှိမရှိကို ရည်ညွှန်းသည်။ အလုပ်ဆိုသည်မှာ လူသားတို့က ဘုရားသခင် အပေါ်၌ထားသော သူတို့၏ ဆက်ကပ်ခြင်းနှင့် သူတို့၌ ရှိသည့် အသိပညာကို ဘုရားသခင်အကြောင်း သက်သေခံရန်နှင့် လူသားအပေါ် အမှုတော်ဆောင်ရန်အတွက်လည်း အသုံးပြုခြင်းကို ရည်ညွှန်းသည်။ ထိုအရာသည် လူသား၏တာဝန် နှင့် လူသားအားလုံး နားလည်သဘောပေါက်သင့်သည့် အရာဖြစ်သည်။ သင်တို့၏ ဝင်ရောက်မှုသည် သင်တို့၏ အလုပ်ဖြစ်ပြီး၊ ဘုရားသခင်အတွက် အလုပ်လုပ်နေစဉ်တွင် သင်တို့သည် ဝင်ရောက်ဖို့ ကြိုးစားနေသည်ဟု ဆိုနိုင်သည်။ ဘုရားသခင်နှင့် တွေ့ကြုံခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မှီဝဲသုံးဆောင်ပုံကို သိခြင်းသာ မဟုတ်ပေ၊ သာ၍ အရေးကြီးသည်မှာ သင်တို့သည် ဘုရားသခင်၏အကြောင်း သက်သေခံပုံကို သိရမည်ဖြစ်ပြီး ဘုရားသခင်ကို အစေခံနိုင်ရမည်ဖြစ်ကာ၊ လူသားအပေါ် အမှုတော်ဆောင်ကာ လူသားကို ထောက်ပံ့ပေး နိုင်ရမည်။ ယင်းသည် အလုပ်ဖြစ်သည်၊ သင်တို့၏ ဝင်ရောက်မှုလည်း ဖြစ်သည်၊ ဤသည်ကား လူတိုင်း ပြီးမြောက်အောင် လုပ်သင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးလွှားပြီး နေရာအားလုံး၌ တရားဟောခြင်းတို့ကိုသာ အာရုံစိုက်ပြီး ၎င်းတို့၏ ကိုယ်ပိုင် အတွေ့အကြုံကို သတိမထားမိသူများ၊ ၎င်းတို့၏ ဝိညာဉ်အသက်တာသို့ ဝင်ရောက်ခြင်းကို လျစ်လျူရှုထားသောသူ များစွာ ရှိသည်။ ယင်းသည် ဘုရားသခင်ကို အစေခံသူများအား ဘုရားသခင်ကို မနာခံသူများ ဖြစ်လာစေသည့် အကြောင်းအရင်း ဖြစ်သည်။ နှစ်ပေါင်းများစွာကြာအောင် ဘုရားသခင်ကို အစေခံနေခဲ့သူများနှင့် လူသားတို့အပေါ် အမှုတော်ဆောင်နေခဲ့ သူများသည် အလုပ်လုပ်ခြင်းနှင့် တရားဟောခြင်းကို ဝင်ရောက်မှု အဖြစ်သာ သတ်မှတ်ခဲ့ကြပြီး၊ မည်သူကမျှ ၎င်းတို့၏ ဝိညာဉ်ရေးရာ နှင့်ဆိုင်သော ကိုယ်ပိုင်အတွေ့အကြုံကို အရေးကြီးသော ဝင်ရောက်မှုအဖြစ် မသတ်မှတ်ခဲ့ကြပေ။ ထိုသို့ သတ်မှတ်မည့်အစား၊ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကရသည့် ဉာဏ်အလင်းပေးခြင်းကို အခြားသူများကို သင်ကြားပေးရန်အတွက် အရင်းအနှီးအဖြစ် သတ်မှတ်ခဲ့ကြသည်။ တရားဟောသောအခါ၌ သူတို့သည် အလွန်အမင်း ဝန်ပိနေကြလျက် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လက်ခံကြပြီး၊ ဤနည်းအားဖြင့် သူတို့သည်သန့်ရှင်းသော ဝိညာဉ်တော်၏အသံကို ထွက်လာ စေသည်။ ဤအချိန်၌၊ အလုပ်လုပ်သော သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ၎င်းတို့၏ ကိုယ်ပိုင်ဝိညာဉ်ရေးရာ အတွေ့အကြုံကဲ့သို့ ခံစားရပြီး ကိုယ့်ကိုယ်ကို အလွန်အမင်း အားရ ကျေနပ်နေကြသည်။ သူတို့ ပြောနေသည့် စကားများအားလုံးသည် သူတို့၏ ကိုယ်ပိုင်အဖြစ် သူတို့ ခံစားရသော်လည်း သူတို့၏ ကိုယ်ပိုင်အတွေ့အကြုံသည် သူတို့ ပြောပြသလောက် မရှင်း သလိုလည်း ခံစားရသည်။ ထို့အပြင် စကားမပြောမီတွင် သူတို့ မည်သည့်အရာ ပြောမည်ကို အရိပ်အမြွက်ပင် မသိကြ။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်က သူတို့အတွင်း၌ အလုပ်လုပ် သောအခါ သူတို့၏စကားများသည် သူတို့ထံမှ အဆက်မပြတ် တရစပ် ထွက်လာတတ်သည်။ သင်သည် ထိုသို့ တစ်ကြိမ် တရားဟောဖူးပြီးချိန်တွင် သင်၏ ဝိညာဉ်အသက်တာအစစ်သည် အရင်က သင်ထင်ထားသလောက် မသေးငယ်ဟု ခံစားရပြီး၊ ထို့နောက်တွင် သန့်ရှင်းသော ဝိညာဉ်တော်က သင်၌ အကြိမ်ကြိမ် အလုပ်လုပ် ပြီးသောအခြေအနေတွင်ကဲ့သို့ သင့်မှာ ဝိညာဉ်အသက်တာ ရှိပြီးဖြစ်သည်ဟု ဆုံးဖြတ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် သင်၏ ကိုယ်ပိုင် ဝင်ရောက်မှုနှင့် သင်၏ဖြစ်တည်မှုဖြစ်သည်ဟု လွဲမှားစွာ ယုံကြည်တတ်သည်။ သင်သည် ထိုသို့ အစဉ်အမြဲ တွေ့ကြုံခံစားရသောအခါ သင်၏ ကိုယ်ပိုင် ဝင်ရောက်မှုနှင့် ပတ်သက်ပြီး လျော့တိလျော့ရဲ ဖြစ်လာတတ်သည်၊ သင်သည် သတိမထားမိဘဲ ပျင်းရိလာတတ်ပြီး၊ သင်ကိုယ်တိုင်၏ဝင်ရောက်မှုကို အရေးကြီးသည်ဟု လုံးဝ သဘောမထားဘဲ နေလာတတ်သည်။ ဤအကြောင်းကြောင့် သင်သည် အခြားသူတို့အပေါ် အမှုတော်ဆောင်သောအခါ၌ သင်၏ ဝိညာဉ်အသက်တာနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်ရမည်။ ထိုသို့ သိမြင်ခြင်းက သင်၏ ဝင်ရောက်မှုကို သာ၍ လွယ်ကူချောမောစေလိမ့်မည် ဖြစ်ပြီး သင်၏ အတွေ့အကြုံကို သာ၍ အကျိုးရှိစေလိမ့်မည်။ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မိမိတို့ကိုယ်တိုင်၏ အတွေ့အကြုံအဖြစ် သတ်မှတ်သောအခါ ယင်းသည် ဆုတ်ယုတ်မှု၏ အစဖြစ်သွားသည်။ ထို့ကြောင့် သင်တို့သည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ သင်တို့၏ ဝင်ရောက်မှုကို အရေးကြီးသော သင်ခန်းစာတစ်ခုအဖြစ် သင်တို့ မှတ်ယူသင့်သည်ဟု ငါပြောခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၂)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၂၅

စတုတ္ထဆုံမှတ်- အိမ်ထောင်ပြုခြင်း လူတစ်ယောက်က အသက်ကြီးလာပြီး ရင့်ကျက်လာသည့်အခါ သူ့မိဘများနှင့် သူမွေးဖွားကြီးပြင်းခဲ့သည့် ပတ်ဝန်းကျင်နှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၆၄

လူသားသည် ငါ့ကိုယုံကြည်သော်လည်း ငါ့အတွက် သက်သေခံနိုင်ခြင်းမရှိ။ ထို့အပြင် ငါမည်သူဖြစ်ကြောင်း အသိမပေးမီ လူသားသည် ငါ့အတွက် သက်သေခံနိုင်ခြင်း...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၂၆

ခေတ်သစ်ထဲ၌ ပညတ်တော်များကို ပြဋ္ဌာန်းခြင်းသည် ဤရေစီးကြောင်းတွင်ရှိသည့် လူများအားလုံး၊ ဘုရားသခင်၏အသံကို ယနေ့ ကြားသောသူအားလုံးသည် ခေတ်သစ်သို့...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၃၄

မတူညီသော ခေတ်အမျိုးမျိုးတွင် ဘုရားသခင်သည် ခေတ်အပေါ်မူတည်ပြီး သူ၏ နှုတ်ကပတ်တော်များကို ပြောသည်၊ သူ့အလုပ်ကို လုပ်ဆောင်သည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။