ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၉၀

23.08.2020

လူသားသည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ သူသည် ဘုရားသခင်၏ ခြေလှမ်းများကို အနီးကပ်၊ တစ်လှမ်းပြီး တစ်လှမ်း၊ လိုက်လျှောက်သင့်သည်။ သူသည် “သိုးသငယ်သွားလေရာရာ အရပ်သို့ နောက်တော်၌ လိုက်သောသူ” ဖြစ်သင့်သည်။ ဤကဲ့သို့သော လူများသာလျှင် မှန်သော လမ်းကြောင်းကို ရှာဖွေသူ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သိသောသူများသာ ဖြစ်ကြသည်။ စကားလုံးများနှင့် အယူဝါဒများကို စုံမှိတ်ပြီး လိုက်လျှောက်သော လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ ပယ်ရှားခြင်းကို ခံရသည့် သူများဖြစ်ကြသည်။ အချိန်ကာလ တစ်ခုစီအတွင်းတွင်၊ ဘုရားသခင်သည် အလုပ်သစ်ကို စတင်လိမ့်မည်။ ထို့နောက် အချိန်ကာလတစ်ခုစီ အတွင်းတွင်၊ လူသားများအကြား အသစ်သော စတင်မှု တစ်ခုရှိလိမ့်မည်။ ခေတ်တစ်ခုအတွက်သာ အကျိုးသက်ရောက်မှုရှိသည့် “ယေဟောဝါသည် ဘုရားသခင်ဖြစ်သည်” နှင့် “ယေရှုသည် ခရစ်တော်ဖြစ်သည်” ဟူသည့် အမှန်တရားများကိုသာ လူသားက လိုက်နာနေပါက၊ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဘယ်သောအခါမျှ အမီလိုက်နိုင်မည် မဟုတ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ထာဝရ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင် မည်သို့ပင် လုပ်ဆောင်သည်ဖြစ်စေ၊ လူသားသည် သံသယ စိုးစဉ်းမျှမရှိဘဲ လိုက်လျှောက်ပြီး၊ နီးကပ်စွာ လိုက်လျှောက်သည်။ ဤနည်းလမ်းအားဖြင့်၊ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖယ်ရှားခြင်းကို မည်သို့လျှင် ခံရနိုင်မည်နည်း။ ဘုရားသခင် မည်သည့် အရာကိုပင် လုပ်ဆောင်နေပါစေ၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်ဟု လူသားဘက်က သေချာနေပြီး၊ သံသယအနည်းငယ်မျှ မရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပူးပေါင်းဆောင်ရွက်ကာ၊ ဘုရားသခင်၏ သတ်မှတ်ချက်များသို့ ရောက်ရှိအောင် ကြိုးစားနေသရွေ့၊ သူသည်မည်သို့လျှင် အပြစ်ဒဏ်ပေးခြင်း ခံရမည်နည်း။ ဘုရားသခင်၏ အလုပ်သည် ဘယ်သောအခါမျှ ရပ်တန့်သွားခြင်းမရှိ၊ သူ့ခြေလှမ်းများသည် ဘယ်သောအခါမျှ ရပ်နားခြင်းမရှိပေ။ ထို့အတူ သူ့အလုပ် စီမံခန့်ခွဲမှု ပြီးဆုံးခြင်း မတိုင်မီတွင်၊ သူသည် အစဉ်အမြဲ အလုပ်ရှုပ်နေပြီး၊ ဘယ်သောအခါမျှ ရပ်တန့်ခြင်းမရှိချေ။ သို့သော် လူသားက ကွဲပြားသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အနည်းသော အလုပ်ကိုသာ ရရှိသော်လည်း၊ ယင်းကို ဘယ်သောအခါမျှ ပြောင်းလဲခြင်းမရှိသကဲ့သို့ သဘောထားသည်။ အသိပညာ အနည်းငယ်သာရရှိသော်လည်း၊ ဘုရားသခင်၏ ပို၍သစ်သော အလုပ်ခြေလှမ်းများကို သူရှေ့တိုးပြီး နောက်ထပ်မလိုက်လျှောက်ပေ။ ဘုရားသခင်၏ အလုပ်အနည်းငယ်ကိုသာ သူမြင်ခဲ့သည်ဖြစ်သော်လည်း၊ ဘုရားသခင်ကို တစ်စုံတစ်ရာသော သစ်သားပုံတော်တစ်ခုအဖြစ် သူချက်ချင်း သရုပ်ဖော်ပြီး၊ သူ့ရှေ့တွင် သူမြင်သည့် ပုံသဏ္ဌာန်အတိုင်း ဘုရားသခင်က အစဉ်အမြဲ တည်ရှိနေလိမ့်မည်ဟု သူယုံကြည်သည်။ ယင်းမှာ ယခင်က ထိုသို့ ဖြစ်နေသည့်အတွက် အနာဂတ်တွင်လည်း ထိုကဲ့သို့ အမြဲ ဖြစ်နေလိမ့်မည်ဟု ယုံကြည်သည်။ အပေါ်ယံ အသိပညာကို ရရှိယုံမျှဖြင့်၊ လူသည် အလွန်ထောင်လွှားသဖြင့် သူ့ကိုယ်သူ မေ့လျော့ပြီး အကယ်ပင် တည်ရှိမှု မရှိသည့် ဘုရားသခင်၏ သဘောထားနှင့် ဖြစ်ခြင်းကို လက်လွတ်စပယ် စတင်ကြေညာသည်။ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အဆင့်တစ်ခုအပေါ် တွယ်ထားပြီးဖြစ်ရာ ဘုရားသခင်၏ အလုပ်သစ်ကို ကြေညာသည့် မည်သို့သော လူပုဂ္ဂိုလ်မျိုးပင် ဖြစ်စေကာမူ လူသည် ယင်းကို လက်မခံပေ။ ဤသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ်ကို လက်မခံနိုင်သည့် လူများ ဖြစ်ကြသည်။ သူတို့သည် အလွန် ရှေးရိုးစွဲသူများဖြစ်ကြပြီး၊ အသစ်သော အရာများကို လက်မခံနိုင်ကြပေ။ ထိုသို့သော လူများသည် ဘုရားသခင်ကို ယုံကြည်သော်လည်း ငြင်းပယ်ကြသူများဖြစ်သည်။ ဣသရေလလူမျိုးတို့သည် “ယေဟောဝါကိုသာ ယုံကြည်ပြီး ယေရှုကို မယုံကြည်ကြ” သည့်အတွက် မှားယွင်းနေသည်ဟု လူကယုံကြည်သည်။ သို့သော် လူအများစုတို့သည် “ယေဟောဝါကိုသာ ယုံကြည်ပြီး ယေရှုကို ငြင်းပယ်သည်” နှင့် “မေရှိယ ပြန်ကြွလာခြင်းကို တောင့်တသည်၊ သို့သော် ယေရှုဟုခေါ်သည့် မေရှိယကို ဆန့်ကျင်သည်” ဟူသည့် ဇာတ်ထုပ်ကို ကနေကြသည်။ သို့ဖြစ်၍ ထိုလူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်တစ်ဆင့်ကို လက်ခံပြီးသည့်နောက် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်နေဆဲဖြစ်ပြီး၊ ဘုရားသခင်၏ ကောင်းချီးများကို မရရှိဆဲဖြစ်သည်မှာ မထူးဆန်းပေ။ ဤသည်ကား လူသားပုန်ကန်မှု၏ ရလဒ်ပင် မဟုတ်ပေလော။ ယနေ့၏ အလုပ်သစ်ကို လိုက်မမီသည့် ကမ္ဘာတစ်လွှားရှိ ခရစ်ယာန်များသည် သူတို့၏ ဆန္ဒတစ်ခုချင်းစီကို ဘုရားသခင်က ဖြည့်ဆည်းပေးသည့်အတွက် သူတို့က ကံကောင်းသူများဖြစ်ကြသည်ဟူသော ယုံကြည်မှုကို ဆုပ်ကိုင်ထားကြသည်။ သို့တိုင် သူတို့စိတ်ကူးထားသည့် နေ့ရက်တွင် ယေရှုသည် ဖြူသောမိုးတိမ်ကို စီးပြီး ဧကန်အမှန် ရောက်လာ မလာကို သူတို့သည် မုချသေချာမှုနှင့် ပြောနိုင်ရန် မဆိုထားနှင့်၊ ဘုရားသခင်က သူတို့ကို အဘယ်ကြောင့် တတိယကောင်းကင်သို့ ခေါ်ဆောင်သွားမည်ကို သူတို့ သေချာမပြောနိုင်သကဲ့သို့၊ ဘုရားသခင်က ဖြူသောမိုးတိမ်ကို စီးပြီး သူတို့ကို မည်သို့ လာရောက်ကောက်ယူမည့် အကြောင်းနှင့် ပတ်သက်၍လည်း သူတို့မသေချာပေ။ သူတို့အားလုံးတို့သည် သောကရောက်နေပြီး အဘယ်အရာ လုပ်ရမည်မှန်းမသိ ဖြစ်နေကြသည်။ ဘုရားသခင်က ဂိုဏ်းဂဏတစ်ခုစီမှ ကွဲပြားသည့် သေးငယ်သော လူလက်တစ်ဆုပ်စာ ဖြစ်သည့် သူတို့တစ်ယောက်စီကို ခေါ်မည် မခေါ်မည်ကိုပင် သူတို့ကိုယ်တိုင် မသိရှိကြပေ။ လက်ရှိခေတ်တွင် ဘုရားသခင်ပြုသည့် အမှုမှာ ဘုရားသခင်၏ အလိုတော်ဖြစ်သည်၊ သူတို့သည် ယင်းတို့၏ တစ်စုံတစ်ရာကိုမျှ နားလည်သဘောပေါက်ခြင်းမရှိ၊ ဘာကိုမျှ မလုပ်နိုင်ဘဲ၊ သူတို့၏လက်ချောင်းများကို ချိုးကာ နေ့ရက်များကိုသာ ရေတွက်နေကြသည်။ သိုးသငယ်၏ ခြေလှမ်းများကို အဆုံးတိုင် လိုက်လျှောက်သည့် ထိုသူများသာလျှင် နောက်ဆုံး ကောင်းချီးကို ရရှိနိုင်သည်။ ထိုစဉ် အဆုံးထိ လိုက်မလျှောက်နိုင်သော်လည်း သူတို့ အလုံးစုံကို ရရှိပြီးပြီဟု ယုံကြည်ကြသည့် ထို “လူတော်များ” သည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သက်သေမခံနိုင်ကြပေ။ သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် အတော်ဆုံးလူများဖြစ်ကြသည်ဟု သူတို့အားလုံးက ယုံကြည်နေကြပြီး၊ အဘယ် အကြောင်းပြချက်မျှ မရှိဘဲ ဘုရားသခင် အလုပ်၏ ဆက်လက်၍ဖွံ့ဖြိုးမှုကို သူတို့က ဖြတ်တောက်လိုက်သည်။ ပြီးလျှင် သူတို့သည် “ဘုရားသခင်ကို အဆုံးစွန်သစ္စာရှိသူ၊ ဘုရားသခင်နောက်လိုက်သူနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာသူ” များဖြစ်သည့် သူတို့ကို ဘုရားသခင်က ကောင်းကင်ဘုံသို့ ချီဆောင်သွားလိမ့်မည်ဟု မုချသေချာစွာဖြင့် ယုံကြည်နေပုံပေါက်သည်။ သူတို့သည် ဘုရားသခင်ပြောခဲ့သော နှုတ်ကပတ်တော်များကို “အဆုံးစွန်သစ္စာရှိ” သော်လည်း၊ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို ဆန့်ကျင်ပြီး၊ ဆိုးယုတ်မှုနှင့် လှည့်ဖြားမှုများကို ကျူးလွန်သည့်အတွက်၊ သူတို့၏ စကားများနှင့် လုပ်ရပ်များသည် ရွံ့ရှာဖွယ်ခံစားရဆဲ ဖြစ်သည်။ အဆုံးထိတိုင် လိုက်မလျှောက်သော သူတို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အမီမလိုက်သောသူတို့နှင့်၊ ဟောင်းသောအလုပ်ကို ဖက်တွယ်သူတို့သည် ဘုရားသခင်အား သစ္စာရှိခြင်း မရှိသည့်အပြင်၊ ဆန့်ကျက်ဘက်ဖြစ်သည့်၊ ဘုရားသခင်ကို ဆန့်ကျင်သူများဖြစ်လာကာ၊ သူတို့သည် အပြစ်ဒဏ်ပေးခြင်းခံရမည့်သူ၊ ခေတ်သစ်က ငြင်းပယ်ခြင်းကို ခံရသည့်သူများ ဖြစ်လာကြသည်။ သူတို့ထက်ပိုပြီး သနားဂရုဏာသက်စရာ တစ်စုံတစ်ရာ ရှိသေးသလော။ ပညတ်ဟောင်းကို ပယ်ဖျက်ပြီး အလုပ်သစ်ကို လက်ခံသူတို့သည် အသိစိတ်မရှိသူများဟုပင် များစွာသော လူတို့က ယုံကြည်ကြသည်။ “အသိစိတ်” ကိုသာ ပြောဆိုကြသည့် ဤလူတို့သည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မသိဘဲ၊ သူတို့ကိုယ်တိုင်၏ အသိစိတ်များဖြင့်သာ သူတို့၏ မျှော်လင့်ချက်များ တိုတောင်းသွားပါလိမ့်မည်။ ဘုရားသခင်၏ အမှုသည် အယူဝါဒကို လိုက်နာခြင်းမရှိ၊ ယင်းသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုဖြစ်သော်ငြားလည်း သူသည် ယင်းကို ဖက်တွယ်ထားခြင်း မရှိပေ။ ငြင်းပယ်သင့်သည့်အရာကို ငြင်းပယ်ပြီး၊ ဖယ်ထုတ်သင့်သည့်အရာကို ဖယ်ထုတ်ရမည်။ လူသားသည် ဘုရားသခင်စီမံခန့်ခွဲမှု အလုပ်၏ အစိတ်အပိုင်း အသေးလေးတစ်ခုကိုသာ ဆုပ်ကိုင်ပြီး၊ သူ့ကိုယ်သူ ဘုရားသခင်အား ရန်လိုသည့်နေရာကို ယူထားသည်။ ဤသည်မှာ လူသား၏ ရယ်ဖွယ်ကောင်းခြင်းတစ်ခု မဟုတ်လော။ ဤသည်မှာ လူသား၏ မသိနားမလည်မှု မဟုတ်လော။ လူသားများသည် ဘုရားသခင်၏ ကောင်းချီးများ မရရှိမည်ကို ကြောက်ရွံ့သည့်အတွက် သူတို့သည် တွန့်ဆုတ်ပြီး လိုသည်ထက် ပိုသတိရှိနေလေ၊ သူတို့သည် နောက်ဆုံးသော ကောင်းချီးနှင့် သာ၍ ကြီးမားသည့် ကောင်းချီးများကို ပိုမိုမရရှိနိုင်လေ ဖြစ်သည်။ ပညတ်တော်ကို စုံမှိတ်ပြီး လိုက်နာသည့် ထိုသူများ အားလုံးသည် ပညတ်တော်အပေါ် အဆုံးစွန် သစ္စာရှိပြကြသည်။ သူတို့သည် ပညတ်တော်အပေါ် ထိုသို့ပိုပြီး သစ္စာရှိပြလေ၊ သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့် ပုန်ကန်သူများ ပိုဖြစ်လေပင် ဖြစ်သည်။ အကြောင်းမှာ ယခုသည် နိုင်ငံတော်ခေတ်ဖြစ်ပြီး ပညတ်တော်ခတ်မဟုတ်ပေ၊ ယနေ့အလုပ်ကို ယခင်ကအလုပ်နှင့် ယှဉ်၍ မရပေ၊ ထို့အတူ ယခင်က အလုပ်ကိုလည်း ယနေ့အလုပ်နှင့် နှိုင်းယှဉ်၍ မရပေ။ ဘုရားသခင်၏ အလုပ်သည် ပြောင်းလဲခဲ့ပြီး၊ လူသား၏ လက်တွေ့ လုပ်ဆောင်မှုသည်လည်း ပြောင်းလဲခဲ့ပြီ ဖြစ်သည်။ ပညတ်တော်ကို ကိုင်စွဲထားရန် သို့မဟုတ် လက်ဝါးကပ်တိုင်ကို ထမ်းထားရန် မဟုတ်တော့ပါ။ ထို့ကြောင့် ပညတ်တော်နှင့် လက်ဝါးကပ်တိုင်ကို လူတို့၏ သစ္စာရှိမှုသည် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိမည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။