ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “သင်၏အနာဂတ်တာဝန်ကို မည်သို့ အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း” | ကောက်နုတ်ချက် ၄၆၃

ခေတ်ကာလနှင့်ပတ်သက်သည့် ဘုရားသခင်၏စိတ်သဘောထားကို ခေတ်ကာလအလိုက် အရေးပါမှုရှိသော သင့်တော်ရာ ဘာသာစကားဖြင့် သင်ဖော်ပြနိုင်ပါသလား။ ဘုရားသခင်၏အလုပ်နှင့် သင်ကြုံတွေ့ခဲ့သည့် အတွေ့အကြုံများမှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားကို သင်အသေးစိတ် ဖော်ပြနိုင်ပါသလား။ ထိုဖော်ပြမှုမှတဆင့် အခြားသူများမှ သင်၏အတွေ့အကြုံများအကြောင်းကို သိနိုင်စေရန်အလို့ငှာ ၎င်းအား မည်ကဲ့သို့အံဝင်ခွင်ကျစွာနှင့် ဆီလျော်မှုရှိစွာ သင်ဖော်ပြနိုင်ပါမည်လဲ။ ဖြောင့်မတ်မှုကို ဆာလောင်ငတ်မွတ်နေလျက် သင်၏ဉီးဆောင်လမ်းပြမှုကို စောင့်မျှော်နေသည့် သနားစရာကောင်းပြီး၊ ဆင်းရဲမွဲတေနေသော၊ ဘာသာတရားကို ရိုသေကိုင်းရှိုင်းစွာ ကိုးကွယ်ယုံကြည်သူများအား သင်၏တွေ့မြင်မှုများနှင့် အတွေ့အကြုံများကို မည်သို့လက်ဆင့်ကမ်းပေးမည်နည်း။ မည်သို့သောသူများက ၎င်းတို့အား ဦးဆောင်လမ်းပြပေးရန်အတွက် သင့်ကို စောင့်မျှော်နေကြသနည်း။ သင်တွေးတော စိတ်ကူးကြည့်နိုင်ပါသလား။ သင့်အတွက် ဝန်ထုပ်ဝန်ပိုးများ၊ စေခိုင်းထားသည့်လုပ်ငန်းနှင့် သင်၏တာဝန်ဝတ္တရားများကို သိရှိပါသလား။ သမိုင်းတွင်သော သာသနာပြုလုပ်ငန်းတစ်ရပ်အတွက် သင်၏ခံယူမှုမှာ အဘယ်နည်း။ နောင်လာမည့်ခေတ်အတွက် ကောင်းမွန်သောအကြီးအကဲတစ်ဉီးအဖြစ် သင် မည်သို့တာဝန်ထမ်းဆောင်မည်နည်း။ အကြီးအကဲကောင်းတစ်ဦးထားရမည့် စိတ်ဓါတ်မျိုး သင့်တွင်ရှိသလော။ အရာခပ်သိမ်းတို့၏အရှင်သခင်ဟူသည်ကို သင်အဘယ်သို့ရှင်းပြမည်နည်း။ ထိုအရာက ကမ္ဘာပေါ်ရှိ အရာဝတ္ထုမှန်သမျှနှင့် သတ္တဝါခပ်သိမ်းတို့၏အရှင်သခင်လော။ အလုပ်၏နောင်လာမည့် အဆင့်အတွက် တိုးတက်မှုရှိစေရန် သင့်တွင် မည်သည့်အစီအစဉ်များရှိပါသနည်း။ သင်၏ ဦးဆောင်လမ်းပြမှုကို စောင့်စားနေသည့်သူ မည်မျှရှိနေပါသနည်း။ သင်၏တာဝန်သည် ကြီးလေးသော လုပ်ငန်းတာဝန်တစ်ခုလော။ ထိုသူများမှာ ဆင်းရဲမွဲတေလျက် သနားဖွယ်ရာ လမ်းပျောက်နေသူ မျက်ကန်းများဖြစ်၍ “လမ်းဘယ်မှာလဲ” ဟုဆိုကာ အမှောင်ထဲတွင် ငိုကြွေးမြည်တမ်းနေကြသည်။ ထိုသူများမှာ လူသားတို့အား နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ချယ်ထားသည့် အမှောင်ထု၏အင်အားကို ဖြိုခွင်း၍ ကြယ်တံခွန်ကဲ့သို့ ရုတ်တရက် ဆင်းသက်လာမည့် အလင်းရောင်ကို အလွန်တမ်းတနေသူများဖြစ်သည်။ ထိုအလင်းရောင်ကို ၎င်းတို့မည်မျှ စိုးရိမ်တကြီးဖြင့် မျှော်လင့်နေကြသည်၊ နေ့ရောညပါ အောက်မေ့တမ်းတနေကြသည်ကို မည်သူသိနိုင်မည်နည်း။ ဒုက္ခအလွန်အမင်းခံစားနေရသော ထိုသူတို့သည် လွတ်မြောက်ရန် မျှော်လင့်ချက် ကင်းစွာဖြင့်၊ အလင်းရောင် လျှပ်တပြက်ဖြတ်သန်းသည့်နေ့တွင်ပင်၊ အမှောင်လွှမ်းသည့်အကျဉ်းတိုက်များထဲတွင် ရှိနေကြ၏။ မည်သည့်အခါတွင် ၎င်းတို့မငိုတော့ဘဲနေမည်နည်း။ မည်သည့်အချိန်ကမျှ အနားမရခဲ့သော ထိုကြေမွလွယ်သည့် ဝိညာဉ်များမှာ ဆိုးရွားလှသည့်ကံကြမ္မာကို အမှန်တကယ်ပင် အလူးအလဲခံနေရပါသည်။ ရပ်တန့်နေသည့်သမိုင်းတွင် ၎င်းတို့ သည် ရက်စက်လှသည့် အကြင်နာမဲ့ကြိုးများဖြင့် ချုပ်နှောင်ထားခြင်းခံနေရသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ထိုသူတို့၏ ငိုကြွေးသံကို မည်သူကြားဖူးပါသနည်း။ ထိုသူတို့၏ စိတ်မချမ်းမြေ့သော မျက်နှာသွင်ပြင်ကို မည်သူမြင်ဖူးပါသနည်း။ ဘုရားသခင်၏စိတ်နှလုံးသည် မည်မျှ စိုးရိမ်ပူပန်၍ ဝမ်းနည်းပူဆွေးနေမည်ကို သင်တွေးမိပါလော။ ဘုရားသခင်သည် သူ့လက်ဖြင့်ကိုယ်တိုင်ဖန်ဆင်းခဲ့သော အပြစ်မဲ့လူသားများ ဤမျှညှဉ်းဆဲမှုဒဏ် ခံစားရနေသည်ကို မြင်ရန် ခံနိုင်ရည် မည်သို့ ရှိနိုင်မည်နည်း။ တကယ်တမ်းမူ လူသားမျိုးနွယ်မှာ အဆိပ်ခတ်ခံခဲ့ရသည့် ကံဆိုးသူများဖြစ်ပေသည်။ ဤနေ့အထိ ထိုသူတို့ အသက်ရှင်ကျန်ရစ် နေသော်လည်း ၎င်းတို့သည် မာရ်နတ်၏ အဆိပ်ခတ်ခြင်းကို ခံခဲ့ရသည်မှာ နှစ်ပေါင်းကြာမြင့်ပြီဟု မည်သူက တွေးခဲ့မိနိုင်မည်နည်း။ သင်သည်လည်း အဆိပ်ခတ်ခံရသူများထဲမှ တစ်ယောက်ဟူသည်ကို မေ့နေပြီလော။ ဘုရားသခင်ကို ချစ်ခင်လေးစားသမှုဖြင့် ထိုအသက်ရှင်ကျန်ရစ်သူများကို သင်ကယ်တင်ဖို့ ကြိုးစားလိုစိတ် မရှိပေဘူးလော။ လူသားမျိုးနွယ်အား သူ၏သွေးသားသဖွယ်ချစ်ခင်သည့် ဘုရားသခင်၏ကျေးဇူးကို ပြန်လည်ပေးဆပ်ရန် သင်၏ ကြိုးစားအားထုတ်မှုမှန်သမျှကို အသုံးမချလိုဘူးလော။ သင်၏အံ့မခန်းထူးကဲလှတဲ့ဘဝကို နေထိုင်နိုင်ရန်အတွက် ဘုရားသခင်၏အသုံးပြုခြင်းကို သင်မည်သို့အဓိပ္ပါယ်ကောက်ယူသနည်း။ ဘာသာတရားကိုင်းရှိုင်း၍ ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်သူတစ်ယောက်အဖြစ် အဓိပ္ပာယ်ရှိသောဘဝတွင် နေထိုင်သွားရန် သန္နိဌာန်နှင့် မိမိကိုယ်ကိုယ်ယုံကြည်စိတ် သင့်တွင်အမှန်တကယ်ရှိပါသလား။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

သင့်သာသနာလုပ်ငန်းကို သင်သတိပြုမိလား

သင့်ပခုံးပေါ်က ဝန်ထုပ်၊ တာဝန်နဲ့ စေခိုင်းချက်တွေကို အို… သတိပြုမိရဲ့လား ဘယ်မှာလဲ သမိုင်းတွင်မယ့် ခံယူချက်တွေနဲ့ သာသနာတော်စေခိုင်းမှုတွေပေါ့ နောင်ကာလ မှာကောင်းသောသခင်ဖြစ်ဖို့ ဘယ်လိုလုပ်မလဲ အကြီးအကဲ ကောင်းတွင်ရှိသော စိတ်ဓာတ်မျိုး သင် ၌ ရှိ ရဲ့လား ခပ်သိမ်းတို့ ၏ အရှင်ဖြစ်သည်ကို သင်သည်ဘယ်လိုရှင်းပြမယ် ခပ်သိမ်းသောသက်ရှိများ ရုပ်ဝတ္ထုလောကတစ်ခုလုံးရဲ့ အစစ်အမှန် ကယ်တင်ရှင်လား အိုး… အမှုတော် နောက်တစ်ဆင့်အတွက် သင့်အစီအမံတွေဘာဖြစ်မလဲ လူဘယ်လောက်များ သင့်ကို ဦးဆောင်လမ်းပြပေးဖို့ရန် စောင့်နေမလဲ သင့်ရဲ့တာဝန်သည် အလွန်ပင် ကြီးလေးသောတာဝန် မဟုတ် ပေ လော

ထိုဝိညာဉ်များ သနားဖွယ်ရာ၊ ကန်း၍နေကာ၊ အို… လမ်းပျောက်လို့နေကြ မှောင်မိုက်ထဲ ငိုကြွေး၊ လွတ်မြောက်ရာလမ်း မျှော်နေ နှစ်တွေ ကြာ နှိပ်စက်ခဲ့တဲ့ အမှောင်ထုကို ဖြိုခွင်းဖို့လာမယ့် ကြယ်တံခွန်လို အလင်းတန်းကြီး တမ်းတလို့မျှော်နေ နေ့ညမပြတ် သူတို့တမ်းတခြင်းကို ဘယ်သူသိသလဲ အလင်းတစ်ပြက်လင်းခိုက် ထိုစက်ဆုပ်ဖွယ် ရာ ဒုက္ခရောက်သူများသည် မှောင်မိုက်ထဲ၌ အကျဉ်းကျ၊ လွတ်မြောက်ရန်အတွက် မျှော်လင့်ချက်တွေမဲ့ ထိုသူတွေ ငိုကြွေးသံ ဘယ်ချိန် မှာ အဆုံးသတ်မလဲ ထိုချည့်နဲ့နေသောဝိညာဉ်များစွာ ကံဆိုးခြင်းမိုးမှောင်ကျ အကြင်နာမဲ့နှောင်ကြိုးတွေ၊ အေးစက်သောအတိတ်သမိုင်းတစ်လျှောက် အချိန်တွေ ကြာမြင့်စွာ လှောင်ပိတ်ထားခဲ့ပြီ သူတို့ရဲ့ငိုကြွေးသံ ဘယ်သူ တွေ ကြားလဲ၊ သူတို့ရဲ့ဒုက္ခကို ဘယ်သူတွေ မြင်သလဲ

ဘုရားရဲ့အကြောင်းတွေကို သင်သည်တွေးတောမိရဲ့လား သူဘယ်လောက်များ စိုးရိမ်သောက ရှိနေမလဲ လက်တော်နဲ့ ဖန်ဆင်းခံသော လူသားများဒုက္ခခံတာ ကိုယ်တော်ဘုရား ဘယ်လိုကြည့်ဝံ့မှာလဲ လူသည် အဆိပ်သင့်နေသော ကံဆိုးသောသူများသာ ယနေ့တိုင် အသက်ရှင်နေလည်း အတန်ကြာ နတ်ဆိုးရဲ့အဆိပ်သင့်နေခဲ့တယ် သင့်ကိုယ်သင် သားကောင်ဖြစ်မှန်း မသိအောင် မေ့ပျောက်လို့သွားပြီလား မေ့ပျောက်လို့သွားပြီလား ဘုရားရဲ့ချစ်မေတ္တာကြောင့် ကျန်ရစ်သူတို့ကို ကယ်တင်လိုသလား အစွမ်းရှိသမျှနဲ့ ဘုရားကို ကျေးဇူးဆပ်ရန်အတွက် လူသားတို့ကို သူ့အသွေးသားနည်းတူ ချစ်သောသူ ထူးခြားသောအသက်တာ ရှင်သန်ဖို့ကို ဘုရားရဲ့အသုံးပြုခံရခြင်းအား သင်မည်သို့နားလည်သလဲ အဓိပ္ပာယ်ရှိသော၊ စင်ကြယ်သော အသက်တာ၌ ရှင်သန်ဖို့၊ ဘုရားကို အစေခံဖို့အသက်ရှင်ရန် သင့် ၌ စစ်မှန်သော စိတ်ဆန္ဒနှင့်ယုံကြည်မှု ရှိပြီလား။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “စုံလင်ခြင်းသို့ ရောက်သော သူများသာ အဓိပ္ပာယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်” | ကောက်နုတ်ချက် ၂၁၃

သိမ်းပိုက်ခြင်းအလုပ်၏ အဓိကရည်မှန်းချက်မှာ သမ္မာတရားကို လူသားတို့ ပိုင်ဆိုင်နိုင်ရန်အတွက် လူသားမျိုးနွယ်ကို သန့်ရှင်းစေရန်ဖြစ်သည်၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” | ကောက်နုတ်ချက် ၂၉၀

လူသားသည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ သူသည် ဘုရားသခင်၏ ခြေလှမ်းများကို အနီးကပ်၊ တစ်လှမ်းပြီး တစ်လှမ်း၊ လိုက်လျှောက်သင့်သည်။ သူသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်းသည်သာလျှင် စစ်မှန်မှုအား ပိုင်ဆိုင်ခြင်းဖြစ်သည်” | ကောက်နုတ်ချက် ၄၃၀

လူသားအပေါ် ဘုရားသခင်တောင်းဆိုသောအရာသည် စစ်မှန်မှု အကြောင်း ပြောဆိုနိုင်စွမ်းရှိရုံမျှသာမဟုတ်ပေ။ ယင်းသည် အလွန် လွယ်ကူနေမည် မဟုတ်သလော။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်၏အလိုတော်နှင့် လိုက်လျောညီထွေစွာ အစေခံနည်း” | ကောက်နုတ်ချက် ၄၅၃

သန္နိဌာန်ချထားသောသူအားလုံးသည် ဘုရားသခင်ကို အစေခံနိုင်သည်။ သို့သော် ဘုရားသခင်၏အလိုတော်ကို နားလည်သူများနှင့် ဘုရားသခင်၏အလိုတော်ကို...