ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၆၅

ထို့ကြောင့် သင်သည် ငါ့ကို အဘယ်ကြောင့်ယုံကြည်သည်ကို အမှန်တကယ်သိပါသလား။ ငါ့အမှုတော်၏ ရည်ရွယ်ချက်နှင့် အရေးပါမှု တို့ကို သင်အမှန်တကယ်သိပါသလား။ သင့်တာဝန်ကို သင်အမှန်တကယ်သိပါသလား။ ငါ၏သက်သေခံချက်ကို သင်အမှန်တကယ်သိပါသလား။ သင်သည် ငါ့ကိုယုံကြည်ရုံမျှသာဖြစ်၍ ငါ၏ ဘုန်းတန်ခိုးဖြစ်စေ၊ ငါ၏သက်သေခံချက်ဖြစ်စေ သင့်တွင် မမြင်ရပါက ငါသည် သင့်ကို ကြာမြင့် ချိန် ကတည်းက စွန့်ပစ်ခဲ့ပြီဖြစ်သည်။ အထူးသဖြင့် မိမိကိုယ်ကိုယ် အရာအားလုံးသိသည်ဟု ထင်သောသူများမူကား ငါ့မျက်စိထဲတွင် ဆူးများကဲ့သို့ သာ၍ဖြစ်ပြီး ငါ၏အိမ်တော်တွင် ထိုသူတို့သည် ထိမိ၍လဲစရာများသာလျှင် ဖြစ်၏။ ထိုသူတို့သည် အနည်းငယ်မျှ အသုံးမဝင်၊ သြဇာသက်ရောက်မှု မရှိသော တောမျိုးစေ့များဖြစ်၍ ငါ၏အမှုတော်မှ လုံးဝလှေ့ထုတ်ရမည်။ ငါသည် ထိုသူတို့ကို ရွံရှာခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သက်သေခံချက်မရှိသူများအတွက်မူကား ငါ၏ဒေါသသည် ထိုသူတို့အပေါ် အစဉ်ဖြစ်ပေါ်လျှက်ရှိ၍ ငါ၏ လှံတံသည် ထိုသူတို့ထံမှ မည်သည့်အခါမျှ သွေဖီ၍သွားမည်မဟုတ်။ ထိုသူတို့ကို မာရ်နတ်၏လက်ထဲသို့ ငါ လွှဲပြောင်းပေးခဲ့သည်မှာ ကြာပြီဖြစ်ပြီး ထိုသူတို့သည် ငါ၏ကောင်းချီးမင်္ဂလာ တစ်ခုမျှ မရရှိခဲ့ပါ။ ထိုနေ့တွင် ထိုသူတို့၏ အပြစ်ဒဏ်သည် မိုက်မဲသောမိန်းမတို့ထက် များစွာသာ၍ နာကျင်စေလိမ့်မည်။ ယခု ငါသည် ငါ့တာဝန်ဖြစ်သည့် အမှုတော်ကိုသာ ဆောင်ရွက်နေ၏။ ငါသည် စပါးပင်အားလုံးတို့ကို တောပင်တို့နှင့်အတူ စည်းနှောင်မည်။ ဤသည်မှာ ယခု ငါ၏အမှုဖြစ်၏။ ငါစပါးလှေ့သည့်အခါ ထိုတောမျိုးစေ့တို့ကို လှေ့ထုတ်လိုက်မည်။ ထိုအခါ စပါးစေ့တို့ကို ကျီတွင်စုသိမ်းပြီး လှေ့ထားသည့်တောပင်တို့ကို ပြာကျစေရန် မီးအတွင်းသို့ချမည်။ ယခုငါ့အလုပ်မှာ လူသားအားလုံးကို စည်းနှောင်ရန်သာ၊ သူတို့အားလုံးကို လုံးဝစိုးမိုးရန်သာ ဖြစ်သည်။ ထိုနောက်တွင် ငါသည် လူသားအားလုံး၏အဆုံးကို ဖော်ပြခြင်းငှာ စပါး စတင်၍လှေ့မည်။ ထို့ကြောင့် သင်သည် ငါကျေနပ်စေရန် မည်သို့လုပ်ဆောင်ရမည်နှင့် ငါ့ကို ယုံကြည်ရာတွင် လမ်းကြောင်းမှန်ရောက်အောင် မည်သို့လုပ်ဆောင်သင့်သည်ကို ယခု သိသင့်သည်။ ငါတောင်းဆိုသည်မှာ ယခုသင်၏သစ္စာရှိမှုနှင့်နာခံမှု၊ ယခု သင်၏ချစ်ခြင်းမေတ္တာနှင့် သက်သေခံချက်တို့ ဖြစ်သည်။ သင်သည်သက်သေခံချက် သို့မဟုတ် မေတ္တာဟူသည် အဘယ်အရာဆိုသည်ကို ယခုအခိုက်အတန့်တွင် မသိသော်ငြားလည်း ငါ့အတွက် တတ်နိုင်သမျှဆောင်ရွက်ပေးပြီး သင့်တွင်ရှိသမျှသောရတနာများဖြစ်သည့် သစ္စာရှိမှုနှင့် နာခံမှုတို့ကို ငါ့လက်သို့ အပ်သင့်သည်။ စာတန်အပေါ်ငါအောင်နိုင်ခြင်း၏အရေးယူမှုမှာ လူသား၏ သစ္စာရှိမှုနှင့်နာခံမှုတွင် တည်ရှိနေသည်ကို သင် သိသင့်သည်။ လူသားအပေါ် ငါလုံးဝသိမ်းပိုက်ခြင်း၏ သက်သေခံချက်မှာလည်း ဤသို့ပင်ဖြစ်သည်။ ငါ့အပေါ် သင့်ယုံကြည်ခြင်းအတွက် တာဝန်မှာ ငါ့အတွက်သက်သေခံရန်၊ အခြားမည်သူ့အပေါ်မျှ မဟုတ်ဘဲ ငါ့အပေါ် သစ္စာရှိရန်နှင့် အဆုံးတိုင်အောင် နာခံရန်ဖြစ်သည်။ ငါ၏အမှုတော်အတွက် ငါ နောက်အဆင့် မစတင်မီ သင်သည် ငါ့အတွက်မည်သို့ သက်သေခံမည်နည်း။ သင်သည် ငါ့အပေါ်မည်သို့သစ္စာရှိ၍ နာခံမည်နည်း။ သင်၏သစ္စာရှိမှုကို သင်၏ တာဝန်ဝတ္တရားအတွက် ဆက်ကပ်သလား။ သို့မဟုတ် အရှုံးပေးရုံပဲလား။ သင်သည် (သေသည်ဖြစ်စေ၊ ပျက်စီးခြင်းသို့ ရောက်သည် ဖြစ်စေ) ငါ၏စီမံခန့်ခွဲမှုတိုင်းကို နာခံမည်လား။ သို့မဟုတ် ငါ၏အဆုံးအမကို ရှောင်ရှားရန် လမ်းတစ်ဝက်တွင် ထွက်ပြေးမည်လား။ သင်သည် ငါ့အတွက်သက်သေခံရန်နှင့် ငါ့အပေါ်သစ္စာရှိပြီး ငါ့ကိုနာခံရန် ငါသင့်ကို ဆုံးမခြင်းဖြစ်သည်။ ထို့အပြင် ပစ္စုပ္ပန်တွင်ဆုံးမခြင်းမှာ ငါ၏အမှုတော်နောက်အဆင့်ကို ဖော်ပြရန်ဖြစ်ပြီး အမှုတော်ကို အတားအဆီးမရှိ တိုးတက်စေရန်လည်းဖြစ်သည်။ သို့ဖြစ်၍ သင်သည်အမြော်အမြင်ရှိရန်နှင့် သင်၏ ဘဝဖြစ်စေ၊ သင်၏အသက်ရှင်တည်ရှိနေမှု၏ အရေးပါမှုကိုဖြစ်စေ တန်ဖိုးမဲ့သည့်သဲကဲ့သို့ သဘောမထားရန် ငါတိုက်တွန်း၏။ ငါ၏လာမည့်အမှုသည် မည်သို့ဖြစ်မည်ကို သင်အတိအကျသိနိုင်ပါမည်လား။ လာမည့် နေ့ရက်များတွင် ငါမည်သို့လုပ်ဆောင်မည်နှင့် ငါ၏အမှုမည်သို့ဖြစ်မည်ကို သင်သိပါသလား။ သင်သည် ငါ၏အမှု၌ သင့်အတွေ့အကြုံ၏အရေးပါပုံကို သိသင့်သည်။ ထို့အပြင် ငါ့အပေါ်သင့်ယုံကြည်ခြင်း၏ အရေးပါပုံကိုလည်း သိသင့်သည်။ ငါသည် များစွာလုပ်ဆောင်ခဲ့ပြီ ဖြစ်သည်။ သင်စိတ်ကူးယဉ်သည့်အတိုင်း ငါသည် လမ်းတစ်ဝက်တွင် မည်သို့ လက်မြှောက်အရှုံးပေးနိုင်မည်နည်း။ ငါသည် ဤကဲ့သို့ ကျယ်ပြန့်သည့်အမှုကို ပြုခဲ့ပြီဖြစ်သည်။ ၎င်းကို မည်သို့ ဖျက်ဆီးပစ်နိုင်မည်နည်း။ အကယ်စင်စစ် ငါသည် ဤခေတ်ကို အဆုံးသတ်ရန် ရောက်လာခြင်းဖြစ်သည်။ ဤသည်မှာ အမှန်ဖြစ်သော်လည်း ငါသည် ခေတ်သစ်ကိုစတင်၍ အမှုတော်အသစ်ကို စတင်ဆောင်ရွက်ကာ အဓိကကျဆုံးအနေဖြင့် နိုင်ငံတော်၏ဧဝံဂေလိတရား ဖြန့်ရမည်ဖြစ်ကြောင်းကို သင်သိရမည်။ သို့ဖြစ်၍ ယခုအလုပ်သည် ခေတ်တစ်ရပ်စတင်ရန်သာဖြစ်ကြောင်းနှင့် ဧဝံဂေလိတရားဖြန့်ရေးအတွက် အုတ်မြစ်ချရန်နှင့် ဤခေတ်ကို နောင်ကာလ၌ အဆုံးသတ်ရန်သာဆိုသည်ကို သင်သိသင့်သည်။ ငါ၏အမှုတော်သည် သင်ထင်သကဲ့သို့ မလွယ်ပါ။ သင်ယုံကြည်သည့်အတိုင်း တန်ဖိုးမဲ့သည်လည်း မဟုတ်၊ အဓိပ္ပါယ်မဲ့သည်လည်း မဟုတ်ပါ။ ထို့ကြောင့် ယခင်ကကဲ့သို့ ငါပြောမည်- ငါ၏အမှုတော်အတွက် သင်၏အသက်ကို ပေးသင့်သည်။ ထို့အပြင် ငါ၏ ဘုန်းအတွက် သင့်ကိုယ်သင် ဆက်ကပ်သင့်သည်။ ၎င်းအပြင် သင်ငါ့အတွက်သက်သေခံခြင်းမှာ ငါကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသောအရာဖြစ်ပြီး ငါ၏ဧဝံဂေလိတရားကို သင်ဖြန့်ရန် ငါသည် သာ၍တမ်းတလျက်ရှိ၏။ ငါ့စိတ်နှလုံးအတွင်း၌ အဘယ်အရာရှိသည်ကို သင်နားလည်သင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၆၇

တိုတိုပြောရလျှင်၊ မိမိ၏ ယုံကြည်ခြင်းတွင် ပေတရု၏ လမ်းကြောင်းကို လျှောက်လှမ်းခြင်းသည် သမ္မာတရားကို အားထုတ်ခြင်း လမ်းကြောင်းကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၁၁

အကယ်၍ သင်သည် ဘုရားသခင်ကို ယုံကြည်ပါက၊ ဘုရားသခင်ကို နာခံရမည်၊ သမ္မာတရားကို လက်တွေ့ကျင့်သုံးကာ သင်၏တာဝန်အားလုံးကို ကျေပွန်အောင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၄၉

လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က ရိုးရာယဉ်ကျေးမှုကို အသုံးပြုပုံ ရိုးရာယဉ်ကျေးမှု၏ အစိတ်အပိုင်းအဖြစ် မှတ်ယူခြင်း ခံရသည့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၆၂

ကျွန်ုပ်တို့၏ ဖြစ်တည်မှုအလုံးစုံမှာ ဘုရားသခင်အထံတော်မှလာပြီး ဘုရားသခင်၏ အချုပ်အခြာ အာဏာတော်၏ ကျေးဇူးတော်ကို တွေ့မြင်နိုင်သောကြောင့်၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။