ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၁၇

လူသားသည် မှောင်မိုက်လွှမ်းမိုးမှု အရိပ်အောက်နှင့် မည်သို့မျှ လွတ်မြောက်နိုင်ခြင်း မရှိသည့် စာတန်လွှမ်းမိုးမှု၏ အချုပ်အနှောင်တွင် နေနေခဲ့ပါသည်။ စာတန်၏ပြောင်းလဲမှု ခံရပြီးနောက် လူသား၏ စိတ်နေသဘောထားသည် တိုး၍အကျင့်ပျက်လာနေ၏။ လူသားသည် အကျင့်ပျက်သည့် စာတန်ဆန်သော စိတ်နေသဘောထားဖြင့် ဘုရားသခင်ကို စစ်မှန်စွာမချစ်နိုင်ဘဲ အမြဲရှိနေခဲ့သည်ဟု ဆိုနိုင်သည်။ သို့ဖြစ်၍ လူသားသည် ဘုရားသခင်ကို ချစ်လိုပါက မိမိကိုယ်ကို သူတစ်ပါးထက် သာ၍ဖြောင့်မှန်သည်၊ သာ၍ အရေးပါသည် ဟူသောစိတ်၊ ဝင့်ဝါစိတ်၊ အထင်ကြီးစိတ်တို့ကို ပယ်ချွတ်ရမည်ဖြစ်သည်။ ၎င်းတို့အားလုံးမှာ စာတန်၏ စိတ်နေသဘောထားများ ဖြစ်သည်။ သို့မဟုတ်ပါက လူသား၏ ချစ်ခြင်းသည် မသန့်စင်သော ချစ်ခြင်း၊ စာတန်၏ ချစ်ခြင်းဖြစ်ပြီး ဘုရားသခင်မှ လုံးဝ လက်မခံနိုင်သော ချစ်ခြင်းဖြစ်၏။ စုံလင်စေရန် တိုက်ရိုက် လုပ်ဆောင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ ချိုးဖဲ့ခြင်း၊ ချိုးနှိမ်ခြင်း၊ ပြုပြင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ စစ်ဆေးခြင်း မရှိဘဲ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်မှ သန့်စင်ခြင်း မရှိဘဲ မည်သူမျှ ဘုရားသခင်ကို စစ်မှန်စွာ ချစ်နိုင်မည် မဟုတ်ပါ။ သင်၏ စိတ်နေသဘောထား တစ်စိတ်တစ်ပိုင်းသည် ဘုရားသခင်ကို ကိုယ်စားပြုသဖြင့် သင်သည် ဘုရားသခင်ကို စစ်မှန်စွာ ချစ်နိုင်သည်ဟု ဆိုလျှင် သင်သည် ဝင့်ဝါစိတ်ဖြင့် ပြောဆိုသူဖြစ်ပြီး ရယ်ဖွယ်ကောင်းသူ ဖြစ်၏။ ထိုသို့သော လူသားများသည် ကောင်းကင်တမန်မင်း ဖြစ်၏။ လူသား၏ မွေးရာပါ သဘောသဘာဝသည် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်။ ဘုရားသခင်မှ စုံလင်စေခြင်း အားဖြင့် လူသားသည် ၎င်း၏မွေးရာပါ သဘောသဘာဝ စိတ်ကို စွန့်ပစ်ရမည်။ ထို့နောက် ဘုရားသခင်၏ အလိုကို ဂရုပြုခြင်းအားဖြင့်သာ ဘုရားသခင် အလိုကို ဖြည့်ဆည်းသည့်အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ခံယူမှသာ ဘုရားသခင်သည် ထိုသူ၏ အသက်တာကို လက်ခံနိုင်မည် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်မှ အသုံးပြုသူ မဟုတ်လျှင် ဇာတိပကတိ၌ နေထိုင်သူ အဘယ်သူမျှ ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်မှ အသုံးပြုသောသူ ပင်လျှင် ၎င်း၏စိတ်သဘောထားနှင့် အသက်ရှင်နေထိုင်မှုတို့သည် ဘုရားသခင်ကို လုံးဝ ကိုယ်စား ပြုသည်ဟု မဆိုနိုင်။ ၎င်း၏ အသက်ရှင်နေထိုင်မှုကို သန့်ရှင်းသော ဝိညာဉ်တော်မှ လမ်းပြသည်ဟုသာ ဆိုနိုင်သည်။ ထိုသို့သော လူသား၏ စိတ်နေသဘောထားသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါ။

လူသား၏ စိတ်နေသဘောထားကို ဘုရားသခင်မှ ချမှတ်သည်ဟု ဆိုခြင်းမှာ မေးခွန်းထုတ်စရာ မလိုသော အရာဖြစ်ပြီး အပြုသဘောဆောင်သည်ဟု ယူဆနိုင်ပါသည်။ ထိုစိတ်နေသဘောထားကို စာတန်မှ ပြောင်းလဲပြီးပြီ ဖြစ်သည်။ ထို့ကြောင့် လူသား၏ စိတ်နေသဘောထား တစ်ရပ်လုံးသည် စာတန်၏ စိတ်နေသဘောထား ဖြစ်သည်။ ဘုရားသခင်သည် စိတ်နေသဘောထားအရ အမှုအရာများကို ဆောင်ရွက်ရာတွင် ရိုးစင်းသဖြင့် လူသားသည်လည်း ဤသို့ပြုမူ၍ ဤသို့ အကျင့်စာရိတ္တ ရှိသောကြောင့် ၎င်း၏ ဤစိတ်နေသဘောထားသည် ဘုရားသခင်ကို ကိုယ်စားပြုသည်ဟု တစ်စုံတစ်ဦးက ဆိုကောင်းဆိုနိုင်သည်။ ထိုသူသည် မည်သို့သော သူနည်း။ အကျင့်ပျက်သည့် စာတန်ဆန်သော စိတ်နေသဘောထားသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင် သလော။ ၎င်း၏ စိတ်နေသဘောထားသည် ဘုရားသခင်ကို ကိုယ်စားပြုသည်ဟုဆိုသူ မည်သူမဆိုသည် ဘုရားသခင်အား ပြစ်မှား၍ သန့်ရှင်းသော ဝိညာဉ်တော်အား စော်ကားခြင်း ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဆောင်ရွက်ခြင်း ရှုထောင့်မှဆိုလျှင် ဘုရားသခင် မြေကြီးပေါ်တွင် ဆောင်ရွက်သည့် အမှုသည် သိမ်းပိုက်စိုးမိုး အောင်နိုင်ရန်အတွက်သာ ဖြစ်၏။ ထို့ကြောင့် လူသား၏ စာတန်ဆန်သော ပျက်စီးသည့် စိတ်နေသဘောထား အများအပြားမှာ သန့်ရှင်းစင်ကြယ်ခြင်း မရှိသေးပါ။ ၎င်းအပြင် လူသား၏ အသက်ရှင်မှုသည် ထိုအတွက်ကြောင့် စာတန်၏ရုပ်သွင်သာ ရှိနေသေးခြင်းဖြစ်သည်။ လူ၏ ကောင်းမွန်ခြင်းသာဖြစ်ပြီး လူသား၏ ဇာတိပကတိ လုပ်ရပ်များကို ကိုယ်စားပြုသည်။ သို့မဟုတ် ပို၍တိကျစွာ ပြောရလျှင် ဤသည်မှာ စာတန်ကို ကိုယ်စားပြုပြီး ဘုရားသခင်ကို လုံးဝ ကိုယ်စားမပြုနိုင်ပါ။ လူသားသည် မြေကြီးပေါ်တွင် ကောင်းကင်ဘုံဘဝကဲ့သို့ နေထိုင်နိုင်သည့် အတိုင်းအတာအထိ ဘုရားသခင်အပေါ် ချစ်ခြင်းမေတ္တာ ရှိနေခဲ့ပြီး၊ “အို ဘုရားသခင်၊ ကိုယ်တော့်အပေါ် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာမှာ မလုံလောက်ပါ” ဟူသော ပြောဆိုမှုများ ပြုလုပ်နိုင်ကာ အမြင့်ဆုံးဘုံတွင် ရောက်နေသော်လည်း ထိုသူသည် ဘုရားသခင်၏ အသက်တာအတိုင်း အသက်ရှင်သည်၊ သို့မဟုတ် ဘုရားသခင်ကို ကိုယ်စားပြုသည်ဟု သင်မဆိုနိုင်သေးပါ။ အကြောင်းမှာ လူသား၏ အနှစ်သာရသည် ဘုရားသခင်၏ အနှစ်သာရနှင့် မတူသောကြောင့် ဖြစ်သည်။ လူသားသည် ဘုရားဖြစ်ရန် မဆိုနှင့် ဘုရားသခင်၏ အသက်တာအတိုင်း မည်သည့်အခါမျှ နေနိုင်မည် မဟုတ်။ သန့်ရှင်းသော ဝိညာဉ်တော်မှ လူသား၏ အသက်တာကို လမ်းပြခဲ့သည်မှာ ဘုရားသခင်မှ လူသားကို စေခိုင်းသည်နှင့် အညီသာ ဖြစ်သည်။

စာတန်၏ ပြုမူဆောင်ရွက်ချက်အားလုံးသည် လူသားတွင်ထင်ရှားနေ၏။ ထို့ကြောင့် လူသား၏ ပြုမူ ဆောင်ရွက်ချက် အားလုံးသည် စာတန်၏ ဖော်ပြချက်သာဖြစ်၍ ဘုရားသခင်ကို ကိုယ်စားမပြုနိုင်။ လူသားသည် စာတန်၏ ပြယုဂ်ဖြစ်ပြီး လူသား၏ စိတ်နေသဘောထားသည် ဘုရားသခင်၏ စိတ်နေ သဘောထားကို ကိုယ်စားမပြုနိုင်ပါ။ လူအချို့သည် အကျင့်ကောင်းကြ၏။ ထိုသူတို့၏ အကျင့်စာရိတ္တမှ တဆင့် ဘုရားသခင်သည် အမှုအချို့ ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်ပြီး၊ ထိုသူတို့ ပြုသောအမှုကို သန့်ရှင်းသော ဝိညာဉ်တော်မှ လမ်းပြခြင်းဖြစ်သည်။ သို့သော် ထိုသူတို့၏ စိတ်နေသဘောထားသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါ။ ထိုသူတို့အပေါ် ဘုရားသခင်၏ အမှုသည် အတွင်းတွင် ရှိပြီးသား အရာနှင့်သာ လုပ်ကိုင်၍ ချဲ့ထွင်ခြင်းဖြစ်သည်။ ပရောဖက်များဖြစ်စေ၊ အတိတ်ကာလများက ဘုရားသခင် အသုံးပြုခဲ့သော လူသားများဖြစ်စေ၊ မည်သူမျှ သူ့ကို တိုက်ရိုက်ကိုယ်စားမပြုနိုင်။ အခြေအနေအရ အကျပ်ကိုင်ခံရသည့် အခါမှသာ လူသားအားလုံးသည် ဘုရားသခင်ကို ချစ်လာကြပြီး တစ်ဦးမျှ မိမိဆန္ဒအလျောက် ပူးပေါင်းလုပ်ကိုင်ရန် ကြိုးပမ်းခြင်းမရှိပါ။ မည်သည့်အရာတို့က ကောင်းသောအရာ များနည်း။ ဘုရားသခင်ထံမှ တိုက်ရိုက်လာသည့် အရာအားလုံးသည် ကောင်း၏။ သို့ရာတွင် လူသား၏ စိတ်နေသဘောထားကို စာတန်မှ ပြောင်းလဲခဲ့ပြီဖြစ်၍ ဘုရားသခင်ကို ကိုယ်စားမပြုနိုင်။ လူ့ဇာတိ ခံယူသော ဘုရားသခင် သူ၏မေတ္တာ၊ သူ၏ ဒုက္ခခံလိုခြင်း၊ သူ၏ ဖြောင့်မတ်ခြင်း၊ နာခံခြင်း၊ နှိမ့်ချခြင်းနှင့် သိုဝှက်ခြင်းတို့အားလုံးသာလျှင် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားပြု၏။ ဤသည်မှာ သူကြွလာစဉ်က သူသည် အပြစ်ကင်းစင်ပြီး ဘုရားသခင်ထံမှ တိုက်ရိုက်ကြွလာကာ စာတန်၏ ပြောင်းလဲမှု ခံခဲ့ရခြင်း မရှိ၍ဖြစ်သည်။ ယေရှုသည် အပြစ်ရှိသည့် ဇာတိပကတိ သဏ္ဌာန်သာလျှင် ရှိပြီး အပြစ်ကို ကိုယ်စားမပြုပါ။ ထို့ကြောင့် ကားစင်တင်ခြင်းအားဖြင့် သူ၏အမှု အောင်မြင်စွာ မပြီးဆုံးမီ အချိန်အထိ (သူ့ကို ကားစင်တင်သည့်အချိန် အပါအဝင်) သူ၏ ပြုမူ ဆောင်ရွက်ချက်များ၊ စကားများ အားလုံးသည် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားပြုသည်။ အပြစ်သဘောရှိသော လူသားသည် ဘုရားသခင်ကို ကိုယ်စား မပြုနိုင်ကြောင်းနှင့် လူသား၏အပြစ်သည် စာတန်ကို ကိုယ်စားပြုကြောင်း သက်သေပြရန် ယေရှု၏ နမူနာမှာ လုံလောက် ပါသည်။ အပြစ်သည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းမရှိ၊ ဘုရားသခင်သည် အပြစ်မဲ့သည်ဟု ဆိုလိုသည်။ သန့်ရှင်းသော ဝိညာဉ်တော်မှ လူသား၌ ဆောင်ရွက်ခဲ့သည့် အမှုပင်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုကြောင့်ဟုသာ ယူဆနိုင်ပြီး လူသားမှ ဘုရားသခင်ကိုယ်စား ဆောင်ရွက်ခဲ့ခြင်းဟု မဆိုနိုင်ပါ။ သို့သော် လူသားနှင့်ပတ်သက်၍ ၎င်း၏အပြစ်သော်လည်းကောင်း၊ ၎င်း၏ စိတ်နေသဘောထားသော် လည်းကောင်း၊ ဘုရားသခင်ကို ကိုယ်စားပြုခြင်းမရှိ။ ယနေ့နှင့် အတိတ်ကာလ တစ်လျှောက်လုံး သန့်ရှင်းသော ဝိညာဉ်တော်မှ လူသားအပေါ် ဆောင်ရွက်ချက်၏ ရှုထောင့်မှနေ၍၊ လူသားအပေါ် သန့်ရှင်းသော ဝိညာဉ်တော်က ဆောင်ရွက်ချက်အများစု ပြုလုပ်ခဲ့ခြင်းဖြစ်၏။ ဤသည်ကြောင့် လူသားသည် ၎င်းနေထိုင်သော အသက်တာ ရှိနေခြင်းဖြစ်သည်။ သို့ရာတွင် ဤသည်မှာ တစ်ဖက်သတ်သာဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်မှ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်း ခံရပြီးနောက် လူသားအနည်းငယ်သာလျှင် သမ္မာတရားအတိုင်း အသက်ရှင်နိုင်၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရာသာလျှင် ရှိပြီး လူသား၏ ပါဝင်မှု ကင်းမဲ့နေသည်ဟု ဆိုလိုသည်။ ယခု ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီလား။ သို့ဖြစ်လျှင် သန့်ရှင်းသော ဝိညာဉ်တော် အမှုဆောင်နေစဉ် သူနှင့်အတူ သင်အတတ်နိုင်ဆုံး အမှုဆောင်ပြီး သင်၏တာဝန် ကျေပွန်ရန် သင်ဘာလုပ်သင့်သနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးသော လူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၀၀

ယနေ့ သင့်အနေဖြင့် မည်ကဲ့သို့ သိမ်းပိုက်ခံရရန်နှင့် လူတို့အနေဖြင့် သိမ်းပိုက်ခံရပြီးနောက် မည်သို့ ကိုယ်တိုင်ပြုမူ ကျင့်ကြံကြသည်ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၁၂

သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၉၈

ဘုရားသခင်ကိုယ်တော်တိုင်၏ ကိုယ်ပိုင်လက္ခဏာနှင့် ဂုဏ်ဒြပ် ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးတော်မူ၍ အရာခပ်သိမ်းကို စီမံအုပ်ချုပ်တော်မူသောသူ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၇၂

သမ္မာကျမ်းစာကိုဖတ်ပြီးသူတိုင်း သခင်ယေရှုမွေးဖွားသောအခါ၌ အကြောင်းအရာများပြားစွာဖြစ်ခဲ့သည်ဆိုခြင်းကို သိသည်။ ထိုအကြောင်းအရာတို့ထဲတွင်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။