ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၈၆

ဖာရိရှဲတို့ ယေရှုကိုဆန့်ကျင်ရခြင်းအကြောင်းရင်းကို သင်တို့သိလိုပါသလား။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိလိုပါသလား။ ၎င်းတို့သည် မေရှိယအကြောင်း စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်နေခဲ့ကြသည်။ ထို့အပြင် မေရှိယလာမည်ဟုသာ ၎င်းတို့ယုံကြည်ခဲ့ပြီး အသက်တာ၏ သမ္မာတရားကို မရှာခဲ့ကြ။ ထို့ကြောင့် ၎င်းတို့သည် ယနေ့တိုင် မေရှိယကို စောင့်နေဆဲဖြစ်၏။ ထိုသူတို့သည် အသက်တာ၏ သမ္မာတရားကို မသိ၊ သမ္မာတရား၏လမ်းခရီးကိုလည်း မသိသောကြောင့် ဖြစ်၏။ ဤသို့ မိုက်မဲ၊ ခေါင်းမာ၍ အသိဉာဏ်ကင်းမဲ့သူတို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားရမည်ဟုသင်မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို သူတို့သည်မည်သို့ မြင်နိုင်ကြမည်နည်း။ ထိုသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်၏လမ်းညွှန်ချက်ကို မသိသဖြင့် ယေရှုကိုဆန့်ကျင်၏။ ဤသည်မှာ ယေရှုပြောသည့် သမ္မာတရား၏လမ်းခရီးကို မသိသောကြောင့်ဖြစ်၏။ ထို့အပြင် ထိုသူတို့သည် မေရှိယကိုနားမလည်သောကြောင့်လည်း ဖြစ်၏။ ထို့အပြင် ထိုသူတို့သည် မေရှိယကို တစ်ခါမျှမြင်ဖူးခြင်းမရှိ၊ မေရှိယနှင့်အတူ တစ်ခါမျှအဖော်ပြုခြင်း မရှိခြင်း တို့ကြောင့် မေရှိယ၏အနှစ်သာရကို နည်းအမျိုးစုံဖြင့် ဆန့်ကျင်နေစဉ်အခါပင် မေရှိယ၏ နာမအပေါ် အချည်းနှီးသောချီးကျူးဂုဏ်ပြုမှုကို ပေး၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာ၍ ဝင့်ဝါပြီး သမ္မာတရားကို နာခံခြင်းမရှိကြ။ ထိုသူတို့ ဘုရားသခင်ကို ယုံကြည်ရခြင်း၏ အခြေခံသဘောတရားမှာ ကိုယ်တော်ရှင်၏တရားတော် မည်မျှပင်လေးနက်သည်ဖြစ်စေ၊ ကိုယ်တော်ရှင်၏တန်ခိုးအာဏာ မည်မျှပင်မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု အခေါ်မခံရလျှင် ကိုယ်တော်ရှင်သည် ခရစ်တော် မဟုတ်ဟူ၍ဖြစ်သည်။ ဤအမြင်များသည် ကြီးကျယ်လွန်း၍ ရယ်ဖွယ်မကောင်းပါသလား။ သင်တို့သည် ယေရှုကို အနည်းငယ်မျှပင် နားမလည်သည့်အတွက် ရှေးအကျဆုံးသော ဖာရိရှဲတို့၏ အမှားများကို သင်တို့ ကျူးလွန်ရန် အလွန်မလွယ်ကူပေဘူးလားဟု ငါ သင်တို့ကို တစ်ဖန်ပြန်မေး၏။ သင်သည် သမ္မာတရား၏လမ်းခရီးကို သိမြင်နိုင်သလား။ သင်သည် ခရစ်တော်ကို ဆန့်ကျင်ခြင်းမပြုဟု အမှန်တကယ်အာမခံနိုင်သလား။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်နောက် လိုက်နိုင်မည်လား။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်၊ ဆန့်ကျင်ခြင်းမပြုမည်ကို မသိပါက သင်သည် သေခြင်း၏ချောက်ကမ်းပါးတွင် နေလျက်ရှိနေပြီဟု ငါဆိုသည်။ မေရှိယကို မသိခဲ့သောသူခပ်သိမ်းသည် ယေရှုကိုဆန့်ကျင်ခြင်း၊ ယေရှုကိုငြင်းပယ်ခြင်း၊ ကိုယ်တော်ကို အသရေဖျက်ခြင်းများ လုပ်နိုင်စွမ်းရှိသည်။ ယေရှုကို နားမလည်သူခပ်သိမ်းသည် ကိုယ်တော်ကို ငြင်းပယ်ခြင်းနှင့် ကိုယ်တော်ကို ဝေဖန်ပုတ်ခတ်ခြင်းများ ပြုနိုင်စွမ်းရှိသည်။ ထို့အပြင် ၎င်းတို့အားလုံးသည် ယေရှုတစ်ဖန်ကြွလာခြင်းကို စာတန်၏ လှည့်ဖြားမှုဟု မြင်နိုင်စွမ်းရှိကြပြီး ယေရှုခရစ် ဇာတိပကတိတစ်ဖန်ခံယူ၍ပြန်လာခဲ့သည်ကို သာ၍ များသောသူများက ရှုတ်ချလိမ့်မည်။ ဤသည်အားလုံးတို့သည် သင်တို့အား ကြောက်ရွံ့စိတ် မပေါ်စေဘူးလား။ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်မှ အသင်းတော်တို့ကို ပြောသည့်စကားများကို ပျက်စီးစေခြင်းနှင့် ယေရှုမှထုတ်ဖော်ပြောဆိုခဲ့သည့် အရာခပ်သိမ်းကို ပစ်ပယ်ခြင်းတို့နှင့် သင်တို့ရင်ဆိုင်ရမည်။ သင်တို့ဤမျှစိတ်ရှုပ်ထွေးနေပါက ယေရှုထံမှ မည်သည့်အရာရနိုင်မည်နည်း။ သင်တို့၏အမှားများကို အသိအမှတ်ပြုရန် ခေါင်းမာစွာ ငြင်းဆိုပါက တိမ်ဖြူပေါ်မှ ဇာတိပကတိအဖြစ်သို့ ယေရှု ပြန်ကြွလာချိန်တွင် ကိုယ်တော်ရှင်၏ အမှုတော်ကို သင်တို့မည်သို့ နားလည်နိုင်မည်နည်း။ သမ္မာတရားကို လက်မခံသော်လည်း ယေရှု တိမ်ဖြူပေါ်မှ ကြွလာသည်ကို ဆင်ကန်းတောတိုးစောင့်သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားမည်မှာသေချာပြီး ထိုသူတို့သည် ပျက်စီးခြင်းသို့ရောက်မည့် လူမျိုးများဖြစ်ကြောင်း ငါ သင်တို့ကိုပြော၏။ သင်တို့သည် ယေရှု၏ကျေးဇူးတော်ကိုသာ လိုလား၍ ပျော်ရွှင်ဖွယ်ရာ ကောင်းကင်ဘုံကိုသာ ခံစားလိုကြသော်လည်း ယေရှု၏ပြောစကားများကို မည်သည့်အခါကမျှ နာခံခဲ့ခြင်းမရှိဘဲ ကိုယ်တော်ရှင် ဇာတိပကတိခံယူ၍ တစ်ဖန်ကြွလာချိန်တွင် ထုတ်ဖော်ပြောခဲ့သည့် သမ္မာတရားကို မည်သည့်အခါမျှ လက်ခံရရှိခြင်းမရှိခဲ့ပါ။ တိမ်ဖြူပေါ်မှယေရှုတစ်ဖန်ကြွလာသည့်အချက်အတွက် အလဲအလှယ်အဖြစ် သင်တို့ မည်သည့် အရာကို ခိုင်မြဲစွာကိုင်ဆွဲထားမည်နည်း။ အပြစ်များ ကြိမ်ဖန်များစွာကျူးလွန်၍ ထပ်တလဲလဲ အပြစ်ဝန်ခံသည့် သင်တို့၏ရိုးဖြောင့်မှုလား။ တိမ်ဖြူပေါ်မှ တစ်ဖန်ကြွလာသည့်ယေရှုအတွက် သင်တို့မည်သည့်အရာကို ဆက်ကပ်ပူဇော်မည်နည်း။ သင်တို့ကိုယ်သင်တို့ချီးမြှောက်သည့် နှစ်ပေါင်းများစွာသော အလုပ်လား။ တစ်ဖန်ပြန်ကြွလာသည့်ယေရှု သင်တို့အပေါ် ယုံကြည် စိတ်ချရန် သင်တို့မည်သည့်အရာကို ခိုင်မာစွာကိုင်ဆွဲထားမည်နည်း။ မည်သည့်သမ္မာတရားကိုမျှ လိုက်နာခြင်းမရှိသည့် သင်တို့၏ဝင့်ဝါသောသဘောထားလား။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၅၄

လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က အသိပညာကို အသုံးပြုပြီး လူသားကို ထိန်းချုပ်ရန် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အသုံးပြုသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၂၄

လူသား၏ ဇာတိပကတိ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်ခြင်း အမှုအတွက် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်ထက် မည်သူမျှ သာ၍ မသင့်တော်သကဲ့သို့ သာ၍...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၉၀

သိမ်းပိုက်အောင်နိုင်ခြင်းအမှုပြီးဆုံးသည်နှင့် လူသားသည် လှပသောကမ္ဘာသို့ ခေါ်ဆောင်ခြင်းခံရလိမ့်မည်။ ဤဘဝသည် ကမ္ဘာမြေကြီးပေါ်တွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၂၁

သူ၏ခန္ဓာ လုံးဝ ပြိုကွဲပျက်စီးလုနီး ဖြစ်ခဲ့ချိန်တွင် ပေတရု၏ အတွေ့အကြုံများထဲ၌ အထွတ်အထိပ်အခြေအနေတစ်ခု ရှိခဲ့သည်၊ သို့သော် ယေရှုက သူ့ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။