ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၉၆

ယေရှု လူ့ဇာတိခံယူခြင်းနှင့် သက်ဆိုင်သည့် အမှန်တရား ဖြစ်တည်လာပြီးနောက်တွင် ကောင်းကင်ဘုံ၌ ခမည်းတော်သာ ရှိသည်မဟုတ်ဘဲ သားတော်လည်း ရှိပြီး ဝိညာဉ်တော်ပင် ရှိသည်ဟူ၍ လူက ယုံကြည်သွား၏။ ကောင်းကင်ဘုံ၌ ဤသို့သော ဘုရားသခင် တစ်ပါးရှိသည်- ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့ ဖြစ်သည့် သုံးပါးတစ်ဆူ ဘုရားသခင်ရှိသည်ဟူသည်မှာ လူက ကိုင်စွဲထားသော သမားရိုးကျ အယူအဆ ဖြစ်သည်။ လူသားမျိုးနွယ် အားလုံးက ဤအယူအဆများရှိသည်- ဘုရားသခင်သည် တစ်ဆူတည်းသော ဘုရားသခင် ဖြစ်သော်လည်း၊ အစိတ်အပိုင်းသုံးခု ဖွဲ့စည်းထားသည်၊ သမားရိုးကျ အယူအဆများတွင် ဆိုးဆိုးရွားရွား အမြစ်တွယ်နေသော အရာအားလုံးမှာ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်ဟူ၍ ဖြစ်သည်။ ထိုအစိတ်အပိုင်း သုံးခုက ဖန်တီးသည့် တစ်ပါးသည် ဘုရားသခင်၏ အလုံးစုံဖြစ်သည်။ သန့်ရှင်းသော ခမည်းတော်မပါဘဲနှင့်၊ ဘုရားသခင်သည် တစ်လုံးတစ်ဝတည်း မဖြစ်နိုင်။ အလားတူ၊ သားတော် သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော် မပါဘဲနှင့်လည်း ဘုရားသခင်သည် တစ်လုံးတစ်ဝတည်း မဖြစ်နိုင်။ ၎င်းတို့၏ အယူအဆများထဲတွင် ခမည်းတော်တစ်ပါးတည်း သို့တည်းမဟုတ် သားတော်တစ်ပါးတည်းကို ဘုရားသခင်ကိုယ်တော်တိုင်အဖြစ် ယူဆ၍ မရဟု ၎င်းတို့ ယုံကြည်ကြသည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် အတူတကွ ဖြစ်မှသာလျှင် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ဟု မှတ်ယူနိုင်သည်။ ယခုတွင် ဘာသာရေး ယုံကြည်သူများ အားလုံးနှင့် သင်တို့အထဲမှ နောက်လိုက် အသီးသီးပင်လျှင် ဤယုံကြည်မှုကို စွဲကိုင်ထားကြသည်။ သို့သော် သင်တို့သည် ဘုရားသခင်ကိုယ်တော်တိုင်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရှုပ်ထွေးခြင်း မြူထဲတွင် အမြဲရှိကြသည့်အတွက်၊ ဤယုံကြည်မှု မှန်ကန်ခြင်း ရှိ မရှိဆိုသည်အတွက်မူ၊ မည်သူမျှ ရှင်းမပြနိုင်ကြပေ။ သင်တို့သည် ဘာသာရေး အယူအဆများအားဖြင့် အလွန် ဆိုးဆိုးရွားရွား ကူးစက်ခံထားရသည့်အတွက်၊ ဤအရာများသည် အယူအဆများသာ ဖြစ်သော်လည်း၊ ယင်းတို့ မှန်သည်၊ သို့မဟုတ် မှားသည် ဆိုသည်ကို သင်တို့ မသိချေ။ သင်တို့သည် ဘာသာတရား၏ ဤသမားရိုးကျ အယူအဆများကို အလွန် နက်နက်ရှိုင်းရှိုင်း လက်ခံထားပြီးဖြစ်ကာ၊ ဤအဆိပ်အတောက်သည် သင်တို့အထဲတွင် အလွန် နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်ပြီးဖြစ်သည်။ ထို့ကြောင့် သုံးပါးတစ်ဆူ ဘုရားသခင်သည် တကယ်ကို မတည်ရှိသည့်အတွက်၊ ဤကိစ္စတွင်လည်း သင်တို့သည် မသိမသာ ဖျက်ဆီးတတ်သည့် ဤလွှမ်းမိုးမှုကို မလွန်ဆန်နိုင်ကြလေပြီ။ ဆိုလိုသည်မှာ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့နှင့်ဆိုင်သည့် သုံးပါးတစ်ဆူ တကယ်ကို မတည်ရှိပေ။ ဤအရာ အားလုံးသည် လူ၏ သမားရိုးကျ အယူအဆများ သက်သက်ဖြစ်ပြီး၊ လူ၏ မှားယွင်းသော ယုံကြည်မှုများ ဖြစ်သည်။ များစွာသော ရာစုနှစ်များ တစ်လျှောက်တွင်၊ လူ၏စိတ်ထဲတွင် အယူအဆများဖြင့် ရုပ်လုံးဖော်ထားသော၊ လူက လုပ်ကြံဖန်တီးထားပြီး၊ ယခင်က လုံးဝ မမြင်ဖူးသည့် ဤသုံးပါးတစ်ဆူကို လူက ယုံကြည်ထားပြီး ဖြစ်သည်။ ဤများစွာသော နှစ်များတစ်လျှောက်တွင် သုံးပါးတစ်ဆူ၏ “စစ်မှန်သော အဓိပ္ပာယ်” ကို ရှင်းပြကြပြီးဖြစ်သည့် သမ္မာကျမ်းစာ ရှင်းလင်းဖော်ပြသူများစွာရှိထားပြီးဖြစ်သော်လည်း၊ ထိုသို့သော ထင်ရှားသော အနှစ်သာရတူညီသည့် ပုဂ္ဂိုလ်သုံးဦးအဖြစ် သုံးပါးတစ်ဆူ ဘုရားသခင်နှင့်ဆိုင်သည့် ရှင်းပြချက်များသည် မရေရာသကဲ့သို့ မရှင်းလင်းဘဲ၊ လူအားလုံးသည် ဘုရားသခင်၏ “တည်ဆောက်ပုံ” ကြောင့်၊ စိတ်ရှုပ်ထွေးခဲ့ကြသည်။ မည်သည့် ကြီးမြတ်သည့် ပုဂ္ဂိုလ်များကမျှ စေ့စပ်သေချာသော ရှင်းပြချက်များ ပေးနိုင်ခြင်း မရှိကြလေပြီ။ ရှင်းပြချက် အများစုသည် တွေးခေါ်မြော်မြင်မှုနှင့် စာဖြင့်ရေးသားချက်တို့အရ လက်သင့်ခံနိုင်ဖွယ်ဖြစ်သော်လည်း၊ မည်သည့် လူတစ်ဦးတစ်ယောက်ကမျှ ယင်း၏ အဓိပ္ပာယ်နှင့်သက်ဆိုင်သည့် ပြည့်ဝရှင်းလင်းသော သိနားလည်မှု မရှိကြပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူက ၎င်း၏ နှလုံးသားထဲ စွဲကိုင်ထားသော ဤကြီးမြတ်သည့် သုံးပါးတစ်ဆူ ဆိုသည်မှာ တကယ်ကို မတည်ရှိသောကြောင့် ဖြစ်သည်။ အကြောင်းမှာ မည်သူကမျှ ဘုရားသခင်၏ စစ်မှန်သော မျက်နှာကို မမြင်ဖူးကြသကဲ့သို့၊ ဘုရားသခင် ကျိန်းဝပ်ရာနေရာတွင် မည်သည့်အရာများ ရှိသည်ကို ဆန်းစစ်ရန်၊ “ဘုရားသခင်၏ အိမ်တော်” တွင် မျိုးဆက်များ ကုဋေကုဋာပေါင်း မည်မျှရှိသည်ကို အတိအကျ ဆုံးဖြတ်ရန် သို့မဟုတ် ဘုရားသခင်၏ ပင်ကိုဖွဲ့စည်းတည်ဆောက်ပုံတွင် အစိတ်အပိုင်း မည်မျှပါဝင်သည်ကိုသာ စုံစမ်းစစ်ဆေးဖို့ ဘုရားသခင်၏ ဘုံဗိမာန်သို့ အလည်အပတ်အတွက် တက်ရောက်ရလောက်အောင် မည်သူမျှ ကံမကောင်းကြသေးသောကြောင့် ဖြစ်သည်။ ဆန်းစစ်ရန် အဓိက လိုအပ်သည့်အရာမှာ ဤသို့ဖြစ်သည်- ခမည်းတော်၊ သားတော်အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ ခေတ်၊ ပုဂ္ဂိုလ်အသီးသီး၏ သက်ဆိုင်ရာ အသွင်အပြင်၊ ၎င်းတို့၏ ခွဲထွက်ပုံ အတိအကျနှင့် ၎င်းတို့ တစ်ဆူတည်း မည်သို့ဖြစ်သည်တို့ ဖြစ်သည်။ အကြောင်းမလှစွာ၊ ဤနှစ်များစွာအတွင်းတွင်၊ လူတစ်ဦးတစ်ယောက်ကမျှ ဤကိစ္စရပ်များ၏ အမှန်တရားကို မစူးစမ်းနိုင်ကြသေးချေ။ မည်သည့် လူတစ်ဦးတစ်ယောက်ကမျှ ကောင်းကင်ဘုံသို့ အလည်အပတ်အတွက် တစ်ကြိမ်တစ်ခါမျှ မတက်ရောက်ဖူးသကဲ့သို့၊ သုံးပါးတစ်ဆူအကြောင်း အလေးထားကြသည့် ထက်သန်ပြီး ဘုရားတရား ကိုင်းရှိုင်းကြသည့် ဘာသာရေး ယုံကြည်သူများအားလုံးထံ ကိစ္စရပ်၏ အမှန်တရားနှင့် ပတ်သက်၍ သတင်းပို့ရန်အလို့ငှာ လူသားမျိုးနွယ်အားလုံးအတွက် “စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ” တစ်ခုဖြင့် မည်သူမျှ ပြန်မလာကြဖူးသည့်အတွက်၊ ယင်းတို့အားလုံးသည် ထင်ကြေးသက်သက် ဖြစ်ပေသည်။ ဟုတ်ပေ၏၊ ထိုသို့သော အယူအဆများကို ဖြစ်ပေါ်စေခြင်းအတွက်၊ လူအပေါ် အပြစ်ဖို့၍ မရပေ၊ အကြောင်းမှာ ခမည်းတော် ယေဟောဝါသည် လူသားမျိုးနွယ်ကို သူဖန်ဆင်းချိန်တွင် အဘယ့်ကြောင့် သားတော် ယေရှုကို သူနှင့်အတူ မပါရှိစေခဲ့ပါသနည်း။ အကယ်၍ အစအဦး၌ အရာအားလုံးကို ယေဟောဝါနာမဖြင့် လုပ်ဆောင်ပြီးခဲ့မည်ဆိုပါက၊ ပို၍ ကောင်းခဲ့လိမ့်မည်ဖြစ်ပေသည်။ အကယ်၍ အပြစ်ဖို့ရမည် ဆိုပါက၊ ဖန်ဆင်းခြင်းအချိန်တွင် သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်အား သူ၏ ရှေ့မှောက်သို့ မခေါ်ခဲ့ဘဲ၊ ယင်းထက် သူ၏အလုပ်ကို တစ်ဦးတည်း လုပ်ဆောင်ခဲ့သော ယေဟောဝါ ဘုရားသခင်၏ တဒင်္ဂ သတိလစ်ဟင်းမှုအပေါ် အပြစ်ဖို့ပါလေ့စေ။ အကယ်၍ သူတို့အားလုံး တစ်ပြိုင်တည်း အလုပ်လုပ်ခဲ့ပြီးဖြစ်ပါက၊ သူတို့သည် တစ်ဆူတည်း ဖြစ်လာခဲ့မည် မဟုတ်လော။ အကယ်၍ အစအဦးမှ အဆုံးတိုင်အောင် ယေဟောဝါ၏ နာမတစ်ခုသာရှိခဲ့ပြီး၊ ကျေးဇူးတော်ခေတ်မှ ယေရှုနာမ မရှိခဲ့ပါက၊ သို့မဟုတ် ယင်းခေတ်တွင်ပင် သူ့အား ယေဟောဝါဟူ၍သာ ခေါ်ဆိုဆဲဖြစ်ခဲ့မည် ဆိုပါက၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဤခွဲခြားခြင်းဒုက္ခမှ လွတ်ပြီးဖြစ်မည် မဟုတ်လော။ ဤအရာအားလုံးအတွက် ယေဟောဝါကို အပြစ်တင်၍ မရသည်မှာ သေချာပါသည်။ အပြစ်ဖို့ရမည် ဆိုပါက၊ လူအား ဘုရားသခင်မှာ မည်သူဖြစ်သည်ကို အတိအကျ မသိနိုင်စေဖို့ စိတ်ရှုပ်ထွေးစေကာ မရှင်းမလင်းဖြစ်စေလျက်၊ နှစ်ထောင်ပေါင်း များစွာကြာ သူ၏ အလုပ်အား ယေဟောဝါ၏ နာမ၊ ယေရှု၏ နာမနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ နာမနှင့်ပင် ဆက်လက် လုပ်ဆောင်ခဲ့သည့် သန့်ရှင်းသော ဝိညာဉ်တော်ကို အပြစ်ဖို့ပါလေ့စေ။ အကယ်၍ သန့်ရှင်းသော ဝိညာဉ်တော် ကိုယ်တိုင်သည် အဆင်းသဏ္ဌာန် သို့မဟုတ် ပုံရိပ်မပါဘဲနှင့် ထို့အပြင် ယေရှုကဲ့သို့သော နာမမပါဘဲနှင့် လုပ်ခဲ့ပြီးဖြစ်ကာ၊ လူသည် မိုးချုန်းသံများကိုသာ ကြားရလျက်၊ သူ့အား ထိတွေ့၍မရသကဲ့သို့ မမြင်နိုင်ခဲ့ပါက၊ ဤအလုပ်မျိုးသည် လူသားမျိုးနွယ်အတွက် သာ၍ အကျိုးရှိပြီးဖြစ်မည် မဟုတ်လော။ ယခုတွင် မည်သည့်အရာကို လုပ်၍ရနိုင်သနည်း။ လူ၏ အယူအဆများ စုဆောင်းထားသည်မှာ တောင်ကဲ့သို့ မြင့်မားပြီး ပင်လယ်ကဲ့သို့ ကျယ်ပြန့်လှသည်၊ မျက်မှောက်ခေတ်၏ ဘုရားသခင်သည် ယင်းတို့ကို သည်းမခံနိုင်တော့သကဲ့သို့၊ ဘာလုပ်ရမှန်းမသိ လုံးဝ ဖြစ်သွားသည့် အတိုင်းအတာထိ ဖြစ်သည်။ ယေဟောဝါ၊ ယေရှုနှင့် ၎င်းတို့အကြား သန့်ရှင်းသော ဝိညာဉ်တော်သာ ရှိသော အတိတ်ကာလတွင်၊ လူသည် မည်သို့ နိုင်နိုင်နင်းနင်း ကိုင်တွယ်ရမည်ဆိုသည်တွင် လုံးဝ ဘာလုပ်ရမှန်းမသိ ဖြစ်နှင့်ခဲ့ပြီးသား ဖြစ်ပြီး၊ ယခုတွင် ဘုရားသခင်၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်ဟုပင် ပြောဆိုသော နောက်ထပ် အနန္တတန်ခိုးရှင် ရှိလေသည်။ သူသည် မည်သူဖြစ်သည်ဆိုသည်နှင့် သုံးပါးတစ်ဆူ၏ မည်သည့်ပုဂ္ဂိုလ်ထဲတွင် နှစ်ပေါင်းမည်မျှကြာ ရောယှက် နေခဲ့သည် သို့မဟုတ် ကွယ်ဝှက်နေခဲ့သည်ကို မည်သူသိသနည်း။ လူသည် ဤအရာကို မည်သို့ ခံယူနိုင်မည်နည်း။ သုံးပါးတစ်ဆူ ဘုရားသခင် တစ်ခုတည်းကို ရှင်းပြရန် လူသည် တစ်သက်တာလောက် အချိန်ယူခဲ့ရသည်၊ သို့သော် ယခုတွင် “လေးပါးတစ်ဆူ” ရှိသွားချေပြီ။ ဤအရာကို မည်ကဲ့သို့ ရှင်းပြနိုင်မည်နည်း။ သင်ရှင်းပြနိုင်သလော။ ညီအစ်ကို မောင်နှမတို့။ ထိုသို့သော ဘုရားသခင်ကို သင်တို့သည် ယနေ့ထိ မည်သို့ ယုံကြည်ကြလေပြီနည်း။ သင်တို့ကို ငါချီးကျူးပါသည်။ သုံးပါးတစ်ဆူ ဘုရားသခင်ကို မနည်းလက်ခံယူခဲ့ရသည်၊ သင်တို့သည် ဤလေးပါးတစ်ဆူအားလည်း ယင်းကဲ့သို့ မယိမ်းယိုင်သော ယုံကြည်ခြင်းမျိုး အဘယ်သို့ ဆက်လက်ထားရှိနိုင်မည်နည်း။ သင်တို့သည် ထွက်သွားရန် တိုက်တွန်းခြင်းခံရသော်လည်း၊ သင်တို့ ငြင်းဆို၏။ စိတ်ကူး၍ မရနိုင်လောက်အောင်ပင်တည်း။ သင်တို့သည် အမှန်တကယ် တစ်မူထူးကြ၏။ လူတစ်ဦးသည် ဘုရားလေးပါးကို ယုံကြည်သည်အထိ လုပ်ဆောင်နိုင်သော်လည်း၊ ယင်းကို လုံးဝ နားမလည်နိုင်ပေ။ ဤအရာကို အံ့ဖွယ်အမှုတစ်ခုဖြစ်သည်ဟု သင်တို့ မထင်သလော။ သင်တို့ကို ကြည့်လျှင် ထိုသို့သော ကြီးမြတ်သည့် အံ့ဖွယ်အမှုအား သင်တို့ပြုနိုင်သည် ဆိုသည်ကို မည်သူမျှ သိလိမ့်မည်မဟုတ်။ အမှန်တွင်၊ သုံးပါးတစ်ဆူ ဘုရားသခင်သည် ဤစကြဝဠာကြီးထဲ မည်သည့်နေရာတွင်မျှ တည်ရှိမနေဟု သင်တို့ကို ငါ ပြောပါရစေ။ ခမည်းတော်နှင့် သားတော်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို တန်ဆာပလာတစ်ခုအဖြစ် အတူပူးတွဲ အသုံးပြုသည်ဆိုသည့် အယူအဆတစ်ခု ရှိဖို့မဆိုထားနှင့်၊ ဘုရားသခင်၌ ခမည်းတော်နှင့် သားတော်ဟူ၍ မရှိပေ။ ဤအရာအားလုံးသည် ဤလောကကြီးထဲတွင် အကြီးမားဆုံးသော အတွေးမှား တစ်ခုဖြစ်ပြီး အမှန်တကယ် တည်ရှိမနေပေ။ သို့သော်ငြားလည်း သင်တို့၏ စိတ်များသည် ရိုးစင်းလွန်းသည် မဟုတ်ဘဲ၊ သင်တို့၏ အတွေးအခေါ်များသည် ဆင်ခြင်တုံတရား မမဲ့သည့်အတွက်၊ ထိုသို့သော အတွေးမှားတွင်ပင် ယင်း၏ မူလရင်းမြစ်ရှိပြီး အခြေအမြစ် လုံးဝမရှိခြင်း မဟုတ်ပေ။ ထို့ထက် ယင်းတို့သည် အတော်အတန် သင့်လျော်ပြီး ထွင်ဉာဏ်ကောင်းသည့်အတွက် ၎င်းတို့အား မည်သည့် စာတန်ကမျှပင် မထိုးဖောက်နိုင်ပေ။ သနားဖွယ် ကောင်းသည်မှာ ဤအတွေးအခေါ်များ အားလုံးသည် အတွေးမှားများသာ ဖြစ်ပြီး တကယ်ကို တည်ရှိမနေပေ။ သင်တို့သည် စစ်မှန်သည့် အမှန်တရားကို လုံးဝ မမြင်ကြလေပြီ။ သင်တို့သည် မှန်းဆခြင်းများနှင့် စိတ်ကူးများကိုသာ ပြုနေကြခြင်း ဖြစ်ပြီး၊ အခြားသူများ၏ယုံကြည်မှုကို လှည့်ဖြားလျက် ရယူဖို့နှင့် ၎င်းတို့အနေဖြင့် သင်တို့၏ ကြီးမြတ်ပြီး ကျော်ကြားသော “ကျွမ်းကျင် သွန်သင်ချက်များ” ကို ၎င်းတို့ ယုံကြည်လာကြစေရန်အလို့ငှာ အသိဉာဏ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိသည့် အမိုက်မဲဆုံးသော လူများအပေါ် လွှမ်းမိုးမှုရယူရန် ယင်းကို အဖြစ်အပျက်တစ်ခုထဲသို့ လုံးလုံး လုပ်ကြံဖန်တီးကြသည်။ ဤအရာသည် သမ္မာတရား ဖြစ်သလော။ ဤအရာသည် လူ လက်ခံရရှိသင့်သည့် အသက်၏ လမ်းခရီးလော။ ထိုအရာအားလုံး အဓိပ္ပာယ်မရှိချေ။ စကားလုံးတစ်လုံးမျှ သင့်လျော်ခြင်း မရှိပေ။ ဤနှစ်များစွာ တစ်လျှောက်တွင်၊ ဘုရားတစ်ပါးတည်းက ဘုရားသုံးပါးအဖြစ်သို့ ပွင့်ပွင့်လင်းလင်း ခွဲခြားခံရပြီးဖြစ်သည့် အတိုင်းအတာအထိ မျိုးဆက်အသီးသီးက သာ၍ အနုစိတ်သထက် အနုစိတ်အောင် ခွဲရင်းဖြင့် ဘုရားသခင်ကို သင်တို့က ဤနည်းဖြင့် ခွဲခဲ့ကြသည်။ ယခုတွင်မူ သင်တို့သည် ဘုရားသခင်ကို အနုစိတ်လွန်းစွာ ခွဲကြပြီးဖြစ်သည့်အတွက်၊ သူ့ကို တစ်ပါးတည်း အဖြစ်သို့ ပြန်လည် ပေါင်းစပ်ရန်ဆိုသည်မှာ လူသားအတွက် တကယ့်ကို မဖြစ်နိုင်ချေ။ အလွန် နောက်မကျခင် ငါ၏မဆိုင်းမတွ လုပ်ဆောင်ခြင်းကြောင့်သာ မဟုတ်ပါက၊ သင်တို့သည် ဤနည်းလမ်းအတိုင်း အရှက်မရှိ မည်မျှ ကြာကြာ ဆက်သွားကြမည်မှာ ပြောဖို့ခက်သည်။ ဤနည်းဖြင့် ဘုရားသခင်ကို ဆက်လက်ခွဲဖို့ရန်မှာ၊ သူသည် သင်တို့၏ ဘုရားသခင်အဖြစ် မည်သို့ ဆက်ဖြစ်နိုင်သေးသနည်း။ သင်တို့သည် ဘုရားသခင်အား အသိအမှတ်ပြုကြဦးမည်လော။ သင်တို့သည် သင်တို့၏ မူလဇာစ်မြစ်ကို ရှာတွေ့ကြဦးမည်လော။ ငါသည် အနည်းငယ် နောက်ကျ၍ ရောက်ရှိခဲ့ပြီး ဖြစ်မည်ဆိုပါက၊ သင်တို့သည် “ခမည်းတော်နှင့် သားတော်”၊ ယေဟောဝါနှင့် ယေရှုကို ဣသရေလသို့ ပြန်ပို့ပြီး၊ သင်တို့ကိုယ်တိုင်က ဘုရားသခင်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုကြဖွယ် ရှိသည်။ ကံအားလျော်စွာ၊ ယခုသည် နောက်ဆုံးသော ကာလဖြစ်၏။ နောက်ဆုံးတွင် ငါရှည်ကြာစွာ စောင့်ခဲ့ရသော ဤနေ့ရက်သည် ရောက်လာပြီဖြစ်ပြီး၊ ငါ ကိုယ်တိုင်၏ လက်ဖြင့် အမှု၏ ဤအဆင့်ကို ငါဆောင်ရွက်ခဲ့သည့် နောက်ပိုင်းတွင်သာ သင်တို့၏ ဘုရားသခင် ကိုယ်တိုင်အား ခွဲခြင်းသည် ရပ်တန့်ပြီးဖြစ်ပေမည်။ ဤအတွက်ကြောင့် မဟုတ်ပါက၊ သင်တို့သည် သင်တို့အလယ်မှ စာတန်များ အားလုံးကိုပင် ဝတ်ပြုကိုးကွယ်ခြင်းအတွက် သင်တို့၏ စားပွဲများအပေါ် ထားရှိရင်း၊ သင်တို့ အရှိန်မြှင့်ကြပြီး ဖြစ်ပေမည်။ ဤသည်မှာ သင်တို့၏ လှည့်ဖြားမှု ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို သင်တို့၏ ခွဲခြင်းနည်းလမ်း ဖြစ်သည်။ ယခု သင်တို့သည် ထိုသို့ ဆက်လုပ်မည်လော။ သင်တို့အား ငါမေးပါရစေ- ဘုရားသခင် မည်မျှရှိပါသနည်း။ အဘယ်ဘုရားသခင်သည် သင့်ထံ ကယ်တင်ခြင်း ဆောင်ကြဉ်း ပေးမည်နည်း။ သင်တို့ အမြဲ ဆုတောင်းလေ့ရှိသည်မှာ ပထမ ဘုရားသခင်လော၊ ဒုတိယလော သို့မဟုတ် တတိယလော။ မည်သူကို သင်တို့ အမြဲယုံကြည်သနည်း။ ခမည်းတော်လော။ သို့မဟုတ် သားတော်လော။ သို့မဟုတ် ဝိညာဉ်တော်လော။ သင်ယုံကြည်သောသူမှာ အဘယ်သူဖြစ်သည်ကို ငါ့အားပြောပြလော့။ ဘုရားသခင်အား ယုံကြည်သည်ဟု စကားလုံးတိုင်းဖြင့် သင် ပြောသော်ငြားလည်း၊ သင်တို့ အမှန်ယုံကြည်သောအရာမှာ သင်၏ ကိုယ်ပိုင် ဦးနှောက်များ ဖြစ်သည်။ သင်တို့သည် သင်တို့၏ နှလုံးသားများထဲတွင် ဘုရားသခင် တကယ်ကို မရှိပေ။ သို့သော်ငြားလည်း သင်တို့၏ စိတ်များထဲတွင် ထိုသို့သော သုံးပါးတစ်ဆူများ များစွာ ရှိကြ၏။ သင်တို့ သဘောမတူကြပါသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၉၁

ဘုရားသခင်သည် မယုံကြည်သူများ၏ ရှင်ခြင်းနှင့်သေခြင်း သံသရာအတွက် အလွန်ပင် အမှားမခံဘဲ တင်းကျပ်သော စစ်ဆေးမှုများနှင့် စီမံအုပ်ချုပ်မှု ရှိသည်ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၇၅

ယေရှုသည် လူငါးထောင်ကို အစာကျွေးမွေး၏ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၆:၈-၁၃ ရှိမုန်ပေတရု၏ညီ အန္ဒြေအမည်ရှိသော တပည့်တော်က၊ မုယောမုန့်ငါးလုံးနှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၀၇

သင်တို့အားလုံးသည် စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းတို့အလယ်တွင် ရှိကြ၏။ စစ်ဆေးခြင်းအတွင်းတွင် သင်သည် ဘုရားသခင်ကို အဘယ်သို့ ချစ်သင့်သနည်း။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၈

ဘုရားသခင်ကို ကြောက်ရွံခြင်း၏အစမှာ သူ့အား ဘုရားသခင်အဖြစ် ဆက်ဆံခြင်း ဖြစ်သည် တစ်စုံတစ်ဦးက ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယောဘထက်ပင်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။