သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃) အပိုင်း နှစ်

ပုံမှန် လူ့သဘာဝ၌ နေထိုင်သောလူများသည် ရုပ်ခန္ဓာဆိုင်ရာ ပင်ကိုယ်သဘာဝများစွာနှင့် ရုပ်ခန္ဓာဆိုင်ရာ လိုအပ်ချက်များစွာ၏ ကန့်သတ်ခြင်းကိုလည်း ခံရသည်။ ဥပမာအနေနှင့် တစ်ခါတစ်ရံတွင် လူတို့သည် အလွန်မောပန်းနေသောကြောင့် သို့မဟုတ် နာမကျန်းဖြစ်ပြီး အနားယူရန် လိုအပ်သောကြောင့် မိမိတို့၏ တာဝန်များကို လုပ်ဆောင်ရာတွင် ရက်အနည်းငယ် ကြန့်ကြာနိုင်သည်၊ တစ်ခါတစ်ရံတွင် တင်းမာသော ပတ်ဝန်းကျင်ကြောင့် ၎င်းတို့သည် ကြောက်ရွံ့မှုကို ခံစားရပြီး မိမိတို့၏ တာဝန်များကို လုပ်ဆောင်ရန် စိတ်တည်ငြိမ်အောင် မထားနိုင်ပေ၊ သို့မဟုတ် ၎င်းတို့၏ အကန့်အသတ်ရှိသော အစွမ်းအစနှင့် စွမ်းရည်များကြောင့် အချို့သော အလုပ် သို့မဟုတ် တာဝန်တစ်မျိုးမျိုးတွင် အရည်အချင်း မပြည့်မီနိုင်သောကြောင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် အကြွေးတင်ခြင်းနှင့် ဝမ်းနည်းခြင်း ခံစားချက်ကို မကြာခဏ ခံစားရနိုင်သည်၊ ဤအရာအားလုံးသည် ပုံမှန် လူ့သဘာဝ၏ ဘောင်အတွင်း ကျရောက်သော ပုံမှန် သရုပ်သကန်များ ဖြစ်ကြသည်။ တစ်ခါတစ်ရံတွင် လူတို့သည် ခံစားချက်များနှင့် ရုပ်ခန္ဓာဆိုင်ရာ လိုအပ်ချက်များ၏ ဘောင်ခတ်ခြင်းကို ခံရနိုင်ပြီး တစ်ခါတစ်ရံတွင် ရုပ်ခန္ဓာဆိုင်ရာ ပင်ကိုယ်သဘာဝများ၏ ကန့်သတ်ချက်များကိုဖြစ်စေ၊ အချိန်နှင့် ပင်ကိုစရိုက်တို့၏ ကန့်သတ်ချက်များကိုဖြစ်စေ ခံရနိုင်သည်၊ ဤသည်မှာ ပုံမှန်ဖြစ်ပြီး သဘာဝကျသည်။ ဥပမာအနေနှင့်၊ အချို့သောသူတို့သည် ငယ်စဉ်ကတည်းကပင် အတော်အတန် သီးသန့်နေထိုင်တတ်ကြ၏။ သူတို့သည် စကားပြောရန် မနှစ်သက်ကြသည့်အပြင် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရေးတွင်လည်း ရုန်းကန်ကြရသည်။ အသက် သုံးဆယ်၊ လေးဆယ်အရွယ်သို့ ရောက်သည့်တိုင် ဤပင်ကိုစရိုက်ကို သူတို့ ကျော်လွှားနိုင်ခြင်း မရှိသေးပေ။ သူတို့သည် စကားပြောဆိုရာ၌ ကျွမ်းကျင်မှုမရှိသေးပေ၊ သို့မဟုတ် စကားကောင်းကောင်း မပြောတတ်ပေ၊ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရေး၌လည်း ကောင်းမွန်ခြင်းမရှိကြသေးပေ။ သူတို့သည် ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီးသည့်နောက်တွင် ဤပင်ကိုစရိုက်လက္ခဏာသည် သူတို့၏အလုပ်ကို အတိုင်းအတာတစ်ခုအထိ ကန့်သတ်ပြီး အဟန့်အတားဖြစ်စေကာ ဤသည်က သူတို့ကို မကြာခဏ စိတ်ဆင်းရဲမှုနှင့် စိတ်ပျက်အားငယ်မှုကို ဖြစ်စေလျက် အလွန် ဘောင်ခတ်ခံနေရသကဲ့သို့ ခံစားရစေသည်။ သီးသန့်နေတတ်ခြင်းနှင့် စကားပြောရန် မနှစ်သက်ခြင်းတို့သည် ပုံမှန် လူ့သဘာဝ၏ သရုပ်သကန်များ ဖြစ်ကြသည်။ ၎င်းတို့သည် ပုံမှန်လူ့သဘာဝ၏ သရုပ်သကန်များဖြစ်ကြသောကြောင့် ယင်းတို့ကို ဘုရားသခင်အား ပြစ်မှားခြင်းများဟု ယူဆရမည်လော။ မဟုတ်ပေ၊ ယင်းတို့သည် ပြစ်မှားခြင်းများ မဟုတ်ကြသည့်အပြင် ဘုရားသခင်သည် ၎င်းတို့ကို မှန်မှန်ကန်ကန် ဆက်ဆံလိမ့်မည်။ သင်၏ပြဿနာများ၊ ချို့ယွင်းချက်များ၊ သို့မဟုတ် အပြစ်အနာအဆာများ မည်သို့ပင်ရှိစေ ဘုရားသခင်၏အမြင်တွင် ဤအရာများအနက်မှ တစ်ခုမှ ပြဿနာများမဟုတ်ကြချေ။ ပုံမှန်လူ့သဘာဝ၏ ပင်ကိုအခြေအနေများအောက်တွင် သမ္မာတရားကို သင်မည်သို့ရှာဖွေပုံ၊ သမ္မာတရားကို သင်မည်သို့လက်တွေ့လုပ်ဆောင်ပုံ၊ သမ္မာတရားစည်းမျဉ်းများနှင့်အညီ သင်မည်သို့ပြုမူပုံနှင့် ဘုရားသခင်၏ လမ်းခရီးနောက်သို့ သင်မည်သို့လိုက်လျှောက်ပုံတို့ကိုသာ ဘုရားသခင်က ကြည့်သည်။ ဤအရာများသည် ဘုရားသခင်က ကြည့်သည့်အရာများ ဖြစ်ကြသည်။ ထို့ကြောင့် သမ္မာတရားစည်းမျဉ်းများနှင့် သက်ဆိုင်သည့်ကိစ္စများတွင် ပုံမှန်လူ့သဘာဝ၏ အစွမ်းအစ၊ ပင်ကိုယ်သဘာဝများ၊ ပင်ကိုစရိုက်၊ အကျင့်များနှင့် ရှင်သန်နေထိုင်သည့်ပုံစံများကဲ့သို့သော အခြေခံအခြေအနေများက သင့်ကို ကန့်သတ်သည်ကို မခံနှင့်။ မှန်ပေသည်၊ ဤအခြေခံအခြေအနေများကို ကျော်လွှားဖို့ ကြိုးစားရာတွင် သင်၏စွမ်းအင်နှင့် အချိန်တို့ကို မသုံးသင့်သကဲ့သို့ ယင်းတို့ကို ပြောင်းလဲဖို့ ကြိုးစားရာတွင်လည်း မသုံးသင့်သည်မှာလည်း ပြောစရာမလိုပေ။ ဥပမာအနေနှင့် သင်သည် သီးသန့်နေတတ်သော ပင်ကိုစရိုက်ရှိပြီး စကားပြောရသည်ကို မနှစ်သက်ဘဲ စကား အဆီအငေါ်တည့်အောင် မပြောတတ်သည့်အပြင် လူတို့နှင့် ပေါင်းသင်းဆက်ဆံရာတွင် မကျွမ်းကျင်လျှင် ဤအရာများထဲမှ တစ်ခုမျှ ပြဿနာမဟုတ်ပေ။ ဘွင်းဘွင်းနှင့်ပျော်ပျော်နေတတ်သူများသည် စကားပြောရသည်ကို နှစ်သက်သော်လည်း ၎င်းတို့ပြောသမျှအားလုံးသည် အသုံးဝင်ခြင်း သို့မဟုတ် သမ္မာတရားနှင့် ကိုက်ညီခြင်း မဟုတ်ပေ၊ ထို့ကြောင့် သီးသန့်နေတတ်ခြင်းသည် ပြဿနာမဟုတ်ဘဲ သင်သည် ယင်းကို ပြောင်းလဲရန် ကြိုးစားရန်မလိုအပ်ပေ။ သင်က “ကျွန်ုပ်သည် သာမန်နောက်လိုက်တစ်ဦးဖြစ်ခဲ့လျှင် သီးသန့်နေတတ်သော ပင်ကိုစရိုက်ရှိခြင်းသည် ကျွန်ုပ်အတွက် ပြဿနာဖြစ်မည်မဟုတ်ပါ၊ သို့သော် ယခု ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦးဖြစ်နေပြီ၊ သို့ဖြစ်၍ ကျွန်ုပ်၏ သီးသန့်နေတတ်သော ဤပင်ကိုစရိုက်ကို ပြောင်းလဲရန် မလိုအပ်ဘူးလော” ဟု ဆိုကောင်းဆိုနိုင်သည်။ သင်သည် ယင်းကို အမှန်တကယ် ပြောင်းလဲလိုလျှင် အခြားသူများနှင့် မည်သို့ ပေါင်းသင်းရမည်ကို သင်ယူရန် သင် ကြိုးစားနိုင်သည်၊ သို့မဟုတ် တစ်နေ့တာအတွင်း မည်မျှပြောဆိုမည်၊ အမှုအရာမည်မျှကို ကိုင်တွယ်မည်၊ လူအမျိုးအစားမည်မျှနှင့် ဆက်ဆံမည်ဟူသော စည်းမျဉ်းတစ်ခုကို သင် ပြုလုပ်နိုင်သည်။ အကယ်၍ သင်သည် သင်၏ မွေးရာပါ ပင်ကိုစရိုက်ကို ပြောင်းလဲနိုင်စွမ်း အမှန်တကယ်ရှိလျှင် ဤသည်မှာ သင် အသင်းတော်၏ အလုပ်ကို လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ မကောင်းသောအရာတစ်ခု ဟုတ်ချင်မှ ဟုတ်မည်မှာ ပြောစရာမလိုပေ။ သို့ရာတွင် သင်သည် မွေးရာပါ သီးသန့်နေတတ်သော ပင်ကိုစရိုက်ရှိပြီး စကား အဆီအငေါ်တည့်အောင် မပြောတတ်သည့်အပြင် လူမှုရေးတွင် မကျွမ်းကျင်ဘဲ အခြားသူများနှင့် မည်သို့ စကားစမြည်ပြောဆိုရမည် သို့မဟုတ် ဆက်ဆံရမည်ကို မသိလျှင် ဤအရာကို မည်သူမျှ မပြောင်းလဲနိုင်ပေ။ အချို့လူများသည် သီးသန့်နေတတ်သော ပင်ကိုစရိုက်ရှိသည်၊ ၎င်းတို့သည် အခြားသူများနှင့် ဆက်ဆံရန် သို့မဟုတ် စကားစမြည်ပြောဆိုရန် မလိုလားကြသည့်အပြင် ၎င်းတို့တွင် ပြောစရာ ထိုမျှများများစားစား မရှိပေ။ ၎င်းတို့သည် အသုံးဝင်သောအရာတစ်ခုခုကို ပြောဆိုခြင်းသာ မှန်ကန်သည်ဟု အမြဲခံစားရပြီး မလိုအပ်သောအရာများကို ပြောရန်မလိုအပ်ဟု ခံစားရသောကြောင့် ၎င်းတို့သည် များများစားစား ပြောဆိုရန် မလိုလားကြပေ။ အချို့လူများအတွက်မူ ၎င်းတို့သည် အလွန်ငယ်ရွယ်ပြီး ဘဝအတွေ့အကြုံမရှိဘဲ စကားလုံးများ ချို့တဲ့သောကြောင့် ဖြစ်နိုင်သည်၊ အခြားလူများအတွက်မူ ၎င်းတို့သည် မငယ်တော့ဘဲ ဘဝအတွေ့အကြုံ ရှိပြီးဖြစ်သော်လည်း ဤသီးသန့်နေတတ်သော ပင်ကိုစရိုက် ရှိနေဆဲ ဖြစ်နိုင်သည်။ သင်သည် ဤပင်ကိုစရိုက်မျိုးကို ပြောင်းလဲရန် ကြိုးစားပြီး ယင်းကို ပြောင်းလဲရန် နည်းလမ်းအမျိုးမျိုးကို ကျင့်သုံးလျှင် ငါ့အနေဖြင့် သင့်ကို ပြောမည်၊ သင်သည် သင်၏ တစ်သက်တာလုံးတွင် ယင်းကို မည်သည့်အခါမျှ ပြောင်းလဲနိုင်မည်မဟုတ်ပေ၊ အကြောင်းမှာ ဘုရားသခင်သည် ဤအလုပ်မျိုးကို မလုပ်ဆောင်သောကြောင့် ဖြစ်သည်။ သင်၏ မျက်နှာ သို့မဟုတ် ရုပ်သွင်သည် သင်၏ ဖခင်၊ သင်၏ မိခင် သို့မဟုတ် အခြားမည်သည့် ဆွေမျိုးနှင့်ပင် တူသည်ဖြစ်စေ၊ ဤရုပ်သွင်သည် ပြောင်းလဲမည်မဟုတ်သကဲ့သို့ သင်၏ ပင်ကိုစရိုက်သည် အထူးသဖြင့် ပို၍ပင် ပြောင်းလဲမည်မဟုတ်ပေ။ အချို့လူများက “သီးသန့်နေတတ်သော ပင်ကိုစရိုက်ကို ပြောင်းလဲရန် ခက်ခဲသည်၊ သို့ဆိုလျှင် ဘွင်းဘွင်းနှင့်ပျော်ပျော် နေတတ်သော ပင်ကိုစရိုက်ကို ပြောင်းလဲရန် လွယ်ကူသလော” ဟု ဆိုကြသည်။ ဘွင်းဘွင်းနှင့်ပျော်ပျော် နေတတ်သော ပင်ကိုစရိုက်ကို ပြောင်းလဲရန်လည်း ထိုနည်းတူ ခက်ခဲသည်။ ဘွင်းဘွင်းနှင့်ပျော်ပျော် နေတတ်သောသူများသည် စကားပြောရသည်ကို နှစ်သက်ပြီး ၎င်းတို့ ပြောလိုသည့်အရာများစွာ ရှိသည်၊ သင်က ၎င်းတို့ကို စကားမပြောရန် သို့မဟုတ် လျှော့ပြောရန် တောင်းဆိုလျှင် ၎င်းတို့သည် မိမိတို့ကိုယ်ကို မထိန်းချုပ်နိုင်ကြပေ၊ မည်သူမဆို ၎င်းတို့ကို စကားပြောခြင်းမှ ကန့်သတ်လျှင် ယင်းမှာ ၎င်းတို့၏ အသက်ကို နုတ်ယူခြင်းနှင့်တူသည်။ သီးသန့်နေတတ်သူတစ်ဦးကို ဘွင်းဘွင်းနှင့်ပျော်ပျော် နေတတ်သောသူတစ်ဦးနှင့် ပေါင်းသင်းစေလျှင် ၎င်းတို့သည် အချင်းချင်း လွှမ်းမိုးကြမည်လော။ အစပိုင်းတွင် ၎င်းတို့သည် အနည်းငယ် လွှမ်းမိုးကောင်း လွှမ်းမိုးကြလိမ့်မည်၊ သိက္ခာမကျရန်အတွက် လူနှစ်ဦးသည် အချင်းချင်း အလိုက်သင့်နေထိုင်ပြီး သည်းခံခွင့်လွှတ်ကြလိမ့်မည်၊ သို့မဟုတ် အချင်းချင်း စိတ်ရှည်ပြီး နားလည်ပေးကြလိမ့်မည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် အချင်းချင်း သိကျွမ်းလာပြီး တစ်ဦး၏ ပင်ကိုစရိုက်ကို တစ်ဦးက ရှင်းလင်းစွာ သိမြင်လာကြလိမ့်မည်ဖြစ်ရာ အချင်းချင်း ထိုသို့ စိတ်ရှည်ပြီး ထောက်ထားစာနာစွာ ပြုမူရန် မလိုအပ်တော့ပေ၊ ထို့ကြောင့် ၎င်းတို့သည် မူလအခြေအနေများသို့ လျင်မြန်စွာ ပြန်ရောက်သွားကြလိမ့်မည်။ သင်သည် မူလက သီးသန့်နေတတ်သော ပင်ကိုစရိုက်ရှိခဲ့လျှင် သင်သည် ယခုလည်း သီးသန့်နေတတ်သူ ဖြစ်နေဆဲဖြစ်သည်၊ သင် စကားပြောဆိုသည့်အခါနှင့် စကားလက်ဆုံကျသည့်အခါတွင် စကားလုံးအနည်းငယ် သို့မဟုတ် ဝါကျအနည်းငယ်သာ ပြောဆိုပြီး အခြားပြောစရာမရှိပေ။ တစ်စုံတစ်ဦးက “သင် အပြင်ထွက်ခဲ့သလား” ဟု မေးလျှင် သင်က “ထွက်ခဲ့သည်” ဟု ဖြေသည်။ ထို့နောက် ၎င်းတို့က “မည်သည့်အချိန်တွင် ပြန်ရောက်သနည်း” ဟု မေးလျှင်၊ သင်က “ယခုလေးတင် ပြန်ရောက်သည်” ဟု ဖြေသည်။ သင်သည် မည်သည့်အရာဖြစ်ခဲ့သည်ကို မပြောသကဲ့သို့ ထိုသူ ကြားလိုသည့်အရာကိုလည်း မပြောပေ။ ဆန့်ကျင်ဘက်အားဖြင့် ဘွင်းဘွင်းနှင့် ပျော်ပျော် နေတတ်သူများသည် စက်သေနတ်ကဲ့သို့ စကားလုံးများကို မရပ်မနား ပစ်လွှတ်ကြပြီး သင်က ၎င်းတို့ကို ကြားဖြတ်ပြောလျှင်ပင် ခဏအကြာတွင် ၎င်းတို့သည် ဆက်လက်ပြောဆိုကြလိမ့်မည်။ လူတစ်ဦး၏ ပင်ကိုစရိုက်သည် ပြောင်းလဲရန် လွယ်ကူသလော။ (မလွယ်ကူပါ။) ဤသည်မှာ ဖန်ဆင်းခံလူသားတိုင်း မွေးရာပါအရာတစ်ခု ဖြစ်သည်။ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သို့မဟုတ် လူတစ်ဦး၏ လူ့သဘာဝ အနှစ်သာရနှင့် မည်သို့မျှ မသက်ဆိုင်ပေ၊ ယင်းမှာ လူတို့ အပြင်ဘက်မှ မြင်နိုင်သည့် အနေအထားတစ်ခုနှင့် လူတစ်ဦးက လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ချဉ်းကပ်သည့် နည်းလမ်းတစ်ခုသာ ဖြစ်သည်။ အချို့လူများသည် မိမိတို့၏ စိတ်ထဲရှိသည့်အရာကို ထုတ်ပြောရာတွင် တော်ကြပြီး အချို့မှာမူ မတော်ကြချေ၊ အချို့သည် အမှုအရာများကို သရုပ်ဖော်ပြရသည်ကို နှစ်သက်ကြပြီး အချို့မှာမူ မနှစ်သက်ကြပေ၊ အချို့သည် မိမိတို့၏ အတွေးများကို မိမိတို့ဘာသာ စိတ်ထဲထားရသည်ကို နှစ်သက်ကြပြီး အချို့မှာမူ အတွေးများကို စိတ်ထဲထားရသည်ကို မနှစ်သက်ဘဲ လူတိုင်းက ၎င်းတို့ကို ကြားနိုင်ရန် အသံကျယ်ကျယ်ဖြင့် ထုတ်ပြောပြလိုကြပြီး ထိုအခါမှသာ ၎င်းတို့သည် ပျော်ရွှင်သည်ဟု ခံစားရသည်။ ဤအရာများသည် လူတို့က ဘဝနှင့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ကိုင်တွယ်သည့် မတူညီသော နည်းလမ်းများဖြစ်သည်၊ ဤအရာများသည် လူတို့၏ ပင်ကိုစရိုက်များ ဖြစ်ကြသည်။ သင်၏ ပင်ကိုစရိုက်သည် သင်၏ မွေးရာပါအရာတစ်ခု ဖြစ်သည်။ သင်သည် အကြိမ်များစွာ ကြိုးစားပြီးနောက်၌ပင် ယင်းကို ပြောင်းလဲရန် ပျက်ကွက်ခဲ့လျှင် ငါ့အနေဖြင့် သင့်ကို ပြောမည်၊ သင်သည် ယခု အနားယူနိုင်ပြီ၊ ထိုမျှလောက် မိမိကိုယ်ကို ပင်ပန်းအောင်လုပ်ရန် မလိုအပ်ပေ။ ယင်းကို မပြောင်းလဲနိုင်ပေ၊ ထို့ကြောင့် ယင်းကို ပြောင်းလဲရန် မကြိုးစားနှင့်။ သင်၏ နဂို ပင်ကိုစရိုက်က မည်သို့ပင်ဖြစ်နေပါစေ ယင်းသည် သင်၏ပင်ကိုစရိုက်အဖြစ်ပင် ဆက်ရှိနေဦးမည်။ ကယ်တင်ခြင်းခံရဖို့အတွက်သက်သက်ဖြင့် သင်၏ပင်ကိုစရိုက်ကို ပြောင်းလဲဖို့ မကြိုးစားနှင့်။ ဤသည်မှာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် စိတ်ကူးတစ်ခုဖြစ်သည်။ သင့်တွင် မည်သည့်ပင်ကိုစရိုက်ရှိနေပါစေ၊ ထိုအချက်သည် ဓမ္မဓိဋ္ဌာန်ကျသော အချက်တစ်ခုပင်ဖြစ်ပြီး ယင်းကို သင်မပြောင်းလဲနိုင်ပေ။ ဤအတွက် ဓမ္မဓိဋ္ဌာန်ကျသည့် အကြောင်းပြချက်များအရ သူ၏အမှုတော်တွင် ရယူဖို့ ဘုရားသခင် လိုချင်သည့်ရလဒ်သည် သင်၏ပင်ကိုစရိုက်နှင့် မည်သို့မျှမပတ်သက်ချေ။ သင်ကယ်တင်ခြင်း ခံရနိုင်မနိုင်ဆိုသည်မှာလည်း သင်၏ပင်ကိုစရိုက်နှင့် ဆက်စပ်မှုမရှိချေ။ ထို့အပြင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရား လက်တွေ့ကျမှုရှိသည့် လူတစ်ဦးဖြစ်မဖြစ်ဆိုသည်မှာ သင်၏ပင်ကိုစရိုက်နှင့် မည်သို့မျှမပတ်သက်ပေ။ ထို့ကြောင့် သင်သည် ထိုထိုသောအချို့တာဝန်များကို ထမ်းဆောင်နေရသောကြောင့် သို့မဟုတ် ထိုထိုသော အချို့လုပ်ငန်းကိစ္စများကို ကြီးကြပ်သူတစ်ဦးအနေဖြင့် တာဝန်ထမ်းဆောင်သောကြောင့် သင်၏ပင်ကိုစရိုက်ကို ပြောင်းလဲဖို့ မကြိုးစားနှင့်။ ဤသည်မှာ မှားယွင်းသောစိတ်ကူးတစ်ခုပင်ဖြစ်သည်။ သို့ဆိုလျှင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်၏ပင်ကိုစရိုက် သို့မဟုတ် ပင်ကိုအခြေအနေများကို ထည့်မစဉ်းစားဘဲ သင်သည် သမ္မာတရားစည်းမျဉ်းများကို လိုက်နာစောင့်ထိန်းပြီး လက်တွေ့လုပ်ဆောင်သင့်သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် သင်သည် သူ၏ လမ်းခရီးကို လိုက်လျှောက်ခြင်း ရှိမရှိ သို့မဟုတ် ကယ်တင်ခြင်းကို ရရှိနိုင်ခြင်း ရှိမရှိကို သင်၏ ပင်ကိုစရိုက်အပေါ်၌ဖြစ်စေ၊ သင် ပိုင်ဆိုင်သော ပင်ကို အစွမ်းအစ၊ ကျွမ်းကျင်မှု၊ စွမ်းရည်၊ ဆုကျေးဇူးများ သို့မဟုတ် ပါရမီများအပေါ်၌ဖြစ်စေ မူတည်၍ တိုင်းတာဆုံးဖြတ်ခြင်း မဟုတ်ပေ။ ထို့ပြင် မလွဲဧကန်ပင် ဘုရားသခင်သည် သင်၏ ရုပ်ပိုင်းဆိုင်ရာ ပင်ကိုယ်သဘာဝများနှင့် လိုအပ်ချက်များကို မည်မျှအထိ ချုပ်တည်းခဲ့သည်ကိုလည်း မကြည့်ချေ။ ထိုအစား ဘုရားသခင်နောက်သို့ လိုက်လျှောက်ပြီး သင်၏တာဝန်များကို ထမ်းဆောင်နေစဉ်အတွင်း သင်သည် သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံနေခြင်း ရှိမရှိ၊ သင့်တွင် သမ္မာတရားကို လိုက်စားဖို့ လိုလားခြင်းနှင့် စိတ်ပိုင်းဖြတ်ထားခြင်းတို့ ရှိမရှိနှင့် နောက်ဆုံးတွင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏လမ်းခရီးကို လိုက်လျှောက်ခြင်းတို့ကို စွမ်းဆောင်ရရှိပြီး ရှိမရှိတို့ကို ဘုရားသခင်က ကြည့်သည်။ ဤသည်မှာ ဘုရားသခင်က ကြည့်သည့်အရာဖြစ်သည်။ ဤသည်ကို နားလည်သလော။ (ဟုတ်ကဲ့၊ နားလည်ပါသည်။)

အချို့အမျိုးသမီးများသည် ပြုမူဆောင်ရွက်သည့်အခါ ၎င်းတို့သည် အမှုအရာများကို လျှပ်ပြက်သကဲ့သို့ လျင်မြန်ပြီး အားမာန်အပြည့်ဖြင့် ဆိုးခနဲ ဆတ်ခနဲ လုပ်ဆောင်ကြကာ ချက်ချင်းလက်ငင်း ပြတ်သားသော ဆုံးဖြတ်ချက်များ ချကြသည်၊ ၎င်းတို့၏ ပင်ကိုစရိုက်သည် ယောက်ျားတစ်ဦး၏ ပင်ကိုစရိုက်နှင့် တူလှသည်။ ယနေ့ခေတ်တွင် ၎င်းတို့ကို ဖော်ပြရန် အသုံးပြုသည့် လူကြိုက်များသော ဝေါဟာရမှာ အဘယ်နည်း။ ယောက်ျားဆန်သော အမျိုးသမီးများ ဖြစ်သည်။ “ယောက်ျားဆန်သော အမျိုးသမီးများ” ဟုဆိုရာတွင် လူတို့က ဤဝေါဟာရဖြင့် ရည်ညွှန်းခဲ့သော မိုက်မဲပြီး ကြီးမားကာ ထွားကျိုင်းသော ငတုံးများ မဟုတ်ကြတော့ပေ။ ယင်းသည် အထင်သေးသော ဝေါဟာရတစ်ခုမဟုတ်၊ ချီးကျူးသော ဝေါဟာရတစ်ခု ဖြစ်သည်။ သို့သော် ဘုရားသခင်သည် ဤချီးကျူးသော ဝေါဟာရကို မည်သို့ သဘောထားသနည်း။ သင်သည် လျှပ်ပြက်သကဲ့သို့ လျင်မြန်ပြီး အားမာန်အပြည့်ဖြင့် သင်၏ လုပ်ဆောင်ချက်များတွင် ရဲရင့်ပြီး ပြတ်သားစွာ ဆုံးဖြတ်တတ်သည်၊ သို့သော် သင်၏ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများနှင့် သင်၏ လုပ်ဆောင်ချက်များအတွက် အခြေခံမှာ အဘယ်နည်း။ ယင်းမှာ သမ္မာတရားလော။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များလော။ ဤသည်မှာ အဓိကကျသည်။ အမျိုးသားတစ်ဦးသည် သူ၏ လုပ်ဆောင်ချက်များတွင် နှေးကွေးပြီး စေ့စပ်သေချာလျှင် ဘာသာတရား မရှိသူများ၏ စကားအရ သူသည် ခြေဖဝါးကို ချိုး၍ စည်းထားသော အမျိုးသမီးကဲ့သို့ ဖြစ်သည်၊ အချို့က သူသည် “အနည်းငယ် မိန်းမဆန်သည်” ဟုဆိုကာ အထင်သေးသော ဝေါဟာရတစ်ခုကိုပင် အသုံးပြုကြသည်၊ သို့သော် ဘုရားသခင်သည် သူ့ကို မည်သို့ ရှုမြင်သနည်း။ လူတစ်ဦးသည် အမှုအရာများကို လုပ်ဆောင်ရာတွင် လျှပ်ပြက်သကဲ့သို့ လျင်မြန်ပြီး အားမာန်အပြည့်ဖြင့် ရှိကာ ရဲရင့်ပြီး ပြတ်သားစွာ ဆုံးဖြတ်သည်ဖြစ်စေ၊ သို့မဟုတ် ခြေဖဝါးကို ချိုး၍ စည်းထားသော အမျိုးသမီးကဲ့သို့ ပြုမူပြီး သူ၏ လုပ်ဆောင်ချက်များတွင် အနည်းငယ် မိန်းမဆန်သည်ဖြစ်စေ ဤအရာများထဲမှ တစ်ခုခုသည် ပြဿနာများလော။ (မဟုတ်ပါ။) လျှပ်ပြက်သကဲ့သို့ လျင်မြန်ပြီး အားမာန်အပြည့်ဖြင့် ရှိကာ ရဲရင့်ပြီး ပြတ်သားစွာ ဆုံးဖြတ်ခြင်းသည် အားသာချက်တစ်ခုလော။ (မလွဲမသွေဖြစ်ခြင်းမျိုး မဟုတ်ပါ။) သို့ဆိုလျှင် ခြေဖဝါးကို ချိုး၍ စည်းထားသော အမျိုးသမီးကဲ့သို့ ပြုမူခြင်းသည် အားနည်းချက်တစ်ခုလော။ (ထိုနည်းတူ မဟုတ်ပါ၊ မလွဲမသွေဖြစ်ခြင်းမျိုး မဟုတ်ပါ။) “ယောက်ျားဆန်သော အမျိုးသမီးများ” နှင့် “အနည်းငယ် မိန်းမဆန်သည်” ဟူသော ဝေါဟာရနှစ်ခုအနက် တစ်ခုက ချီးကျူးပြီး အခြားတစ်ခုက အထင်သေးသော်လည်း ဤအပြုအမူ သို့မဟုတ် အမှုအရာလုပ်ဆောင်နည်း အမျိုးအစားနှစ်ခု၏ အနှစ်သာရကို ၎င်းတို့၏ စာသားအတိုင်း အဓိပ္ပာယ်များအပေါ် အခြေခံ၍ မဆုံးဖြတ်သင့်ပေ။ ဤအရာကို ဆုံးဖြတ်ရန် အဘယ်အရာကို အသုံးပြုသင့်သနည်း။ (တစ်စုံတစ်ဦး လက်တွေ့လုပ်ဆောင်သည့်အရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဟုတ်မဟုတ်ဟူသည်ကို ဖြစ်ပါသည်။) ၎င်းတို့၏ လုပ်ဆောင်ချက်များ၏ အခြေခံနှင့် ၎င်းတို့ ရရှိရန် ရည်ရွယ်သည့် အကျိုးသက်ရောက်မှုကို ဤအရာကို ဆုံးဖြတ်ရန် အသုံးပြုသင့်သည်။ ၎င်းတို့၏ လုပ်ဆောင်ချက်များ၏ အခြေခံသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သမ္မာတရား စည်းမျဉ်းများဖြစ်လျှင် ၎င်းတို့သည် အမှားမလုပ်မိကြောင်း အခြေခံအားဖြင့် ၉၀ ရာခိုင်နှုန်း သေချာသည်။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများအတိုင်း အမှုအရာများကို လုပ်ဆောင်သည်သာမက ၎င်းတို့ ရရှိရန် ရည်ရွယ်သည့် အကျိုးသက်ရောက်မှုသည် ဘုရားသခင်၏ သက်သေခံချက်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ခြင်းနှင့် ပိုများသော ညီအစ်ကိုမောင်နှမများကို တည်ဆောက်မှု ရရှိစေခြင်းဖြစ်လျှင် ၎င်းတို့သည် အမှားမလုပ်မိကြောင်း ကျွန်ုပ်တို့ ၁၀၀ ရာခိုင်နှုန်း သေချာနိုင်သည်။ ၎င်းတို့သည် ရဲရင့်ပြီး ပြတ်သားစွာ ဆုံးဖြတ်သည်ဖြစ်စေ သို့မဟုတ် ခြေဖဝါးကို ချိုး၍ စည်းထားသော အမျိုးသမီးကဲ့သို့ ဖြစ်သည်ဖြစ်စေ ဂရုမစိုက်နှင့်၊ ၎င်းတို့ အပြင်ပန်း ပြုမူသည့်နည်းလမ်းကို ဂရုမစိုက်နှင့်၊ ယင်းမှာ အရေးမကြီးပေ။ အရေးကြီးသည်မှာ သမ္မာတရား စည်းမျဉ်းများသည် ၎င်းတို့၏ လုပ်ဆောင်ချက်များ၏ အခြေခံ ဟုတ်မဟုတ်၊ ၎င်းတို့၏ လုပ်ဆောင်ချက်များ၏ ပန်းတိုင်နှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များမှတစ်ဆင့် ရရှိရန် ရည်ရွယ်သည့် အကျိုးသက်ရောက်မှုသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အသင်းတော်၏ အလုပ်ကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် ပိုများသော လူများ တည်ဆောက်မှု ရရှိစေခြင်း ဟုတ်မဟုတ် ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့၏ လုပ်ဆောင်ချက်များက ယူဆောင်သည့် ပုံစံသည် အရေးကြီးသလော။ (မကြီးပါ။) သင်သည် ယောက်ျားဆန်သော အမျိုးသမီးဖြစ်စေ သို့မဟုတ် ခြေဖဝါးကို ချိုး၍ စည်းထားသော အမျိုးသမီးကဲ့သို့ဖြစ်စေ ဤသည်မှာ ဘုရားသခင် ကြည့်ရှုသည့်အရာ မဟုတ်ပေ၊ ဤသည်မှာ ဘုရားသခင်က လူတို့ကို အကဲဖြတ်ရန် အသုံးပြုသည့် စံနှုန်းမဟုတ်ပေ။ သို့ဖြစ်၍ အမျိုးသမီးတစ်ဦးသည် ယောက်ျားဆန်သော အမျိုးသမီးကဲ့သို့ထင်ရပြီး သူမ၏ လုပ်ဆောင်ချက်များတွင် သူမသည် လျှပ်စီးကဲ့သို့ လျင်မြန်ပြီး အားအင်အပြည့်ဖြင့် ရှိကာ ရဲရင့်ပြီး ပြတ်သားစွာ ဆုံးဖြတ်လျှင် ဤသည်မှာ ချီးကျူးခြင်းနှင့် လေးစားခြင်းကို ရထိုက်သလော။ (မရထိုက်ပါ။) လျှပ်ပြက်သကဲ့သို့ လျင်မြန်ပြီး အားမာန်အပြည့်ဖြင့် ရှိကာ ရဲရင့်ပြီး ပြတ်သားစွာ ဆုံးဖြတ်ခြင်းသည် အမှုအရာများကို လုပ်ဆောင်ရန် စည်းမျဉ်းတစ်ခုလော။ (မဟုတ်ပါ။) သင်သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ရဲရင့်ပြီး ပြတ်သားစွာ ဆုံးဖြတ်ခြင်းနှင့် လျှပ်ပြက်သကဲ့သို့ လျင်မြန်ပြီး အားမာန်အပြည့်ဖြင့် ရှိခြင်းသည် အမှုအရာများကို လုပ်ဆောင်ရန် စည်းမျဉ်းတစ်ခု မဟုတ်ပေ။ သို့ဆိုလျှင် အမှုအရာများကို လုပ်ဆောင်ရန် စည်းမျဉ်းတစ်ခုမှာ အဘယ်နည်း။ (လူတစ်ဦးသည် သမ္မာတရား စည်းမျဉ်းများအတိုင်း အမှုအရာများကို လုပ်ဆောင်ရမည်ဖြစ်ပြီး လူတစ်ဦး ရရှိရန် ရည်ရွယ်သည့် အကျိုးသက်ရောက်မှုသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန်နှင့် ပိုများသော လူများ တည်ဆောက်မှု ရရှိစေရန် ဖြစ်ရမည်၊ ဤသည်မှာ စည်းမျဉ်းတစ်ခု ဖြစ်ပါသည်။) ဤသည်မှာ တိကျသော စည်းမျဉ်းတစ်ခု ဖြစ်သည်။ သင်သည် ဤစည်းမျဉ်းအတိုင်း ပြုမူလျှင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သည်၊ သင်သည် ဤစည်းမျဉ်းအတိုင်း မပြုမူလျှင် ငါ၏ အမြင်တွင် သင်၏ ရဲရင့်ပြီး ပြတ်သားစွာ ဆုံးဖြတ်ခြင်း၊ လျှပ်ပြက်သကဲ့သို့ လျင်မြန်ပြီး အားမာန်အပြည့်ဖြင့် ရှိခြင်းကို အကောင်းဆုံး အဓိပ္ပာယ်ဖွင့်ဆိုသည့် စကားရပ်မှာ “မကောင်းသည့်အရာများပြုရင်း ဆူပူသောင်းကျန်းခြင်း” ဖြစ်သည်။ မကောင်းသည့်အရာများပြုရင်း ဆူပူသောင်းကျန်းခြင်းသည် သမ္မာတရား စည်းမျဉ်းများအပေါ် အခြေခံ၍ ပြုမူခြင်းမဟုတ်သည်မှာ သိသာထင်ရှားသည်၊ သင်သည် သင်၏ လုပ်ဆောင်ချက်များတွင် ဆုံးဖြတ်ချက်ခိုင်မာပြီး မတွန့်ဆုတ်ဘဲ ခေါင်းဆောင် သို့မဟုတ် ဘုရင်တစ်ပါး၏ အရှိန်အဝါရှိပုံပေါ်သော်လည်း လက်တွေ့တွင် သင်သည် မကောင်းသည့်အရာများပြုရင်း ဆူပူသောင်းကျန်းခြင်း ဖြစ်သည်။ မကောင်းသည့်အရာများပြုရင်း ဆူပူသောင်းကျန်းခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ ယင်းသည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေပြီး အသင်းတော်၏ အလုပ်ကို ဖျက်ဆီးသည်။ သို့ဆိုလျှင် ဘုရားသခင်သည် ဤအရာကို အမှတ်ရမည်လော။ (အမှတ်မရပါ။) ဘုရားသခင်သည် ဤအရာကို အမှတ်မရမည်သာမက သူသည် ယင်းကို ပြစ်တင်ရှုတ်ချလိမ့်မည်။ သို့ဖြစ်၍ သင်က မိမိသည် ယောက်ျားဆန်သော အမျိုးသမီးဖြစ်ပြီး သင်၏ လုပ်ဆောင်ချက်များတွင် သင်သည် လျှပ်ပြက်သကဲ့သို့ လျင်မြန်ပြီး အားမာန်အပြည့်ဖြင့် ရှိကာ ရဲရင့်ပြီး ပြတ်သားစွာ ဆုံးဖြတ်သည်ဟု ဆိုသည်၊ သို့သော် ယင်းမှာ အသုံးဝင်သလော။ (မဝင်ပါ။) သမ္မာတရားကို ရှာဖွေပြီး သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူခြင်းကိုသာ စစ်မှန်သော စွမ်းရည်ဟု ခေါ်ဆိုနိုင်သည်၊ ဤသည်သာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းဖြစ်ပြီး ဤသည်သာ ပုံမှန် လူ့သဘာဝရှိသော လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်က “ဤသည်မှာ ကျွန်ုပ်၏ ပင်ကိုစရိုက်သာဖြစ်ပြီး ယင်းကို မပြောင်းလဲနိုင်ပါ၊ သို့ဆိုလျှင် ကျွန်ုပ် ဘာလုပ်ရမည်နည်း” ဟု ပြောသည် ဆိုကြပါစို့။ လွယ်ကူသော ဖြေရှင်းချက်တစ်ခု ရှိသည်။ သင်သည် လျင်မြန်သောသူဖြစ်စေ၊ နှေးကွေးသော စိတ်နေစိတ်ထားရှိသည်ဖြစ်စေ ပြဿနာမဟုတ်ပေ၊ ဤအရာကြောင့် ဘောင်ခတ်ခြင်း မခံရနှင့်။ သင်သည် စည်းမျဉ်းများအတိုင်း ပြုမူလိုသောကြောင့် သင်၏ အမှုအရာလုပ်ဆောင်နည်းကို ကြိုးစားပြောင်းလဲရန်လည်း မလိုအပ်ပေ။ သင်၏ နည်းလမ်း မည်သို့ပင်ဖြစ်စေ သင်၏ လုပ်ဆောင်ချက်များ၏ အခြေခံသည် သမ္မာတရား စည်းမျဉ်းများဖြစ်ပြီး သင် ရရှိသည့် အကျိုးသက်ရောက်မှုသည် ဘုရားသခင်၏ သက်သေခံချက်၊ ဘုရားသခင်၏ အကျိုးစီးပွားများနှင့် ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်ခြင်းဖြစ်လျှင် ဤအရာများသည် ကောင်းမှုများဖြစ်ပြီး ၎င်းတို့ကို ဘုရားသခင်က အမှတ်ရတော်မူလိမ့်မည်။ ဆန့်ကျင်ဘက်အားဖြင့် သင်သည် အပြင်ပန်းအားဖြင့် ခြေဖဝါးကို စည်းထားသော အမျိုးသမီးကဲ့သို့ ရှက်ရွံ့ပြီး တွန့်ဆုတ်နေသည်ဖြစ်စေ၊ ခေါင်းဆောင် သို့မဟုတ် ဘုရင်တစ်ပါးကဲ့သို့ လျှပ်ပြက်သကဲ့သို့ လျင်မြန်ပြီး အားမာန်အပြည့်ဖြင့် ရှိသည်ဖြစ်စေ၊ သင်၏ လုပ်ဆောင်ချက်များ၏ အပြင်ပန်းပုံစံ မည်သို့ပင်ဖြစ်စေ သင်သည် သမ္မာတရား စည်းမျဉ်းများအတိုင်း မပြုမူလျှင် သင်သည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေခြင်းဖြစ်ပြီး ဤအရာများသည် ဒုစရိုက်အမှုများဖြစ်ကာ ယင်းတို့ကို ဘုရားသခင်က ပြစ်တင်ရှုတ်ချမည်ဖြစ်သည့်အပြင် ဘုရားသခင်က အမှတ်ရတော်မူမည် မဟုတ်ပေ။ ဤသည်မှာ လူတစ်ဦးသည် ကောင်းသည် သို့မဟုတ် ဆိုးသည်ကို ဆုံးဖြတ်ရန် စည်းမျဉ်းဖြစ်သည်။ သင်တို့ နားလည်ပြီလော။ (နားလည်ပါပြီ။) သို့ဆိုလျှင် ယခု ကျွန်ုပ်တို့ ဤအရာများနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ပြီးစီးပြီဖြစ်ရာ ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်၍ လူတို့တွင် မည်သည့် အယူအဆများနှင့် စိတ်ကူးများ ရှိသည်ကို သင်တို့ အနည်းငယ် နားလည်ပြီလော။ (နားလည်ပါပြီ။) ယခု သင်တို့ နားလည်ပြီဖြစ်ရာ ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားသည့် ဖြစ်စဉ်တွင် လူတို့တွင်ရှိသော သွေဖည်မှုအချို့ကို သင်တို့ သိပြီလော။ သင်တို့ မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်ကိုလည်း ရှင်းလင်းပြီလော။ (ရှင်းလင်းပါပြီ။)

လူတို့၏ အယူအဆများနှင့် စိတ်ကူးများကို နားလည်ခြင်း၏ ရည်ရွယ်ချက်မှာ တစ်ဖက်တွင်မူ လူတို့အား ဤအယူအဆများနှင့် စိတ်ကူးများအတိုင်း အသက်ရှင်ခြင်းနှင့် မှားယွင်းသော ဘဝလမ်းကြောင်းကို လျှောက်လှမ်းခြင်းတို့မှ ရပ်တန့်စေရန် ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ လူတို့အား ဤအယူအဆများနှင့် စိတ်ကူးများကို ၎င်းတို့ စွန့်လွှတ်နေစဉ်တွင် ပုံမှန် လူ့သဘာဝအတွင်း အသက်ရှင်နေထိုင်ပြီး ၎င်းတို့၏ တာဝန်ဝတ္တရားများကို လွယ်ကူပျော်ရွှင်စွာဖြင့် ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းနိုင်စေရန်နှင့် ၎င်းတို့ မလုပ်ဆောင်နိုင်သည့်အရာများကို မိမိတို့ကိုယ်ကို အတင်းအကျပ်မခိုင်းစေရန် ဖြစ်သည်။ သင်အောင်မြင်နိုင်ပြီး လုပ်ဆောင်သင့်သည့် အရာတစ်ခုခုရှိပါက ယင်းကို လုပ်ဆောင်ရန် သင်၏ အကောင်းဆုံးကြိုးစားအားထုတ်မှုကို အသုံးပြုလော့။ တစ်စုံတစ်ခုသည် သင်၏ အစွမ်းအစနှင့် စွမ်းရည်ထက် ကျော်လွန်နေပါက ယင်းနှင့်ပတ်သက်၍ သင်နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် တစ်စုံတစ်ဦးကို ရှာဖွေပါ သို့မဟုတ် အခြားညီအစ်ကိုမောင်နှမများထံမှ အကူအညီတောင်းပြီး သင်၏ အကောင်းဆုံးစွမ်းရည်ဖြင့် လုပ်ဆောင်လော့၊ ဤသည်တို့မှာ စည်းမျဉ်းများ ဖြစ်ကြသည်။ အနှစ်ချုပ်အားဖြင့် ဤကိစ္စနှင့်ပတ်သက်၍ လူတို့နားလည်သင့်သည့်အရာမှာ ဘုရားသခင် အလုပ်လုပ်သည့် ကာလအတောအတွင်းတွင် လူတိုင်း၏ လူ့သဘာဝသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံသည့် ဖြစ်စဉ်တွင် ကောင်းမွန်သော ဦးတည်ချက်တစ်ခုသို့ တဖြည်းဖြည်း တိုးတက်နေခြင်းဖြစ်ပြီး ပုံပျက်ပန်းပျက်ဖြစ်ခြင်း၊ သဘာဝလွန်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်ခြင်းတို့ ဖြစ်လာမည့်အစား ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော ပင်ကိုအခြေခံအခြေအနေများ၏ ဘောင်အတွင်း၌ ရှိနေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သင်ထမ်းဆောင်သော တာဝန်တွင် နည်းပညာပိုင်းဆိုင်ရာ သို့မဟုတ် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတစ်ခု ပါဝင်ပါက ထိုတာဝန်ကို ကောင်းစွာထမ်းဆောင်ရန်အလို့ငှာ သင်သည် ထိုနည်းပညာပိုင်းဆိုင်ရာ သို့မဟုတ် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကို လုံ့လဝီရိယရှိရှိ လေ့လာပြီး နှိုက်နှိုက်ချွတ်ချွတ် စူးစမ်းရန် ကြိုးစားအားထုတ်သင့်သည်။ သင်ကိုယ်တိုင် ကျွမ်းကျင်မှုကို လေ့လာရန် ကြိုးစားအားထုတ်မှုမရှိဘဲ “ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်ပြီး လူတို့ မလုပ်ဆောင်နိုင်သည့် မည်သည့်အရာမဆို ကျွန်ုပ်တို့ သူ့ထံ ဆုတောင်းလိုက်ပါက ဘုရားသခင်က ပြီးမြောက်အောင်မြင်စေနိုင်သည်” ဟူသော အတွေးအခေါ်များနှင့် အမြင်များအပြင် သဘာဝလွန်အရာများနှင့်ပတ်သက်သည့် စိတ်ကူးများကို အခြေခံ၍ ဘုရားသခင် အလုပ်လုပ်ရန် ကြောင်းကျိုးမမြင်ဘဲ စောင့်ဆိုင်းမနေသင့်ပေ။ သင်၏ အစွမ်းအစက ဖြစ်မြောက်အောင်မြင်စေနိုင်သည့် ဘောင်အတွင်း၌ရှိသော အရာကို လုပ်ဆောင်ရာတွင် သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှကို စိုက်ထုတ်သင့်ပြီး သင်၏ အစွမ်းအစနှင့် စွမ်းရည်များထက် ကျော်လွန်သည့်အရာနှင့် ပတ်သက်လာလျှင် သင်ကိုယ်တိုင်အတွက် အခက်အခဲမဖြစ်စေနှင့်၊ မည်သည့်နည်းလမ်းဖြင့်မျှ သင့်ကိုယ်သင် ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်း၊ ဖိစီးစေခြင်း သို့မဟုတ် ဖိအားပေးခြင်းတို့ မပြုဘဲ သင့်ကိုယ်သင် သက်ညှာလော့။ ဥပမာအားဖြင့် ကွန်ပျူတာကျွမ်းကျင်မှုများကို လေ့လာခြင်းကို ကြည့်လော့။ သင်သည် အသက်အရွယ် ကြီးရင့်လာပြီဖြစ်ပြီး သင်၏ အသက်၊ သင်၏ အစွမ်းအစနှင့် သင်၏ လက်ရှိအခြေအနေများကို အခြေခံ၍ စာရိုက်ခြင်းကို လေ့လာရုံမျှဖြင့် သင့်အတွက် အတော်အတန် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်နေပြီဆိုကြပါစို့။ သင်သည် ညီအစ်ကိုမောင်နှမများကို ဆက်သွယ်ရန်နှင့် အွန်လိုင်းပေါ်တွင် အလုပ်လုပ်ရန်လည်း လေ့လာနိုင်ပါက ယင်းမှာ အတော်လေး ကောင်းမွန်နေပြီဖြစ်သည်။ သို့သော် သင်သည် မည်သည့်အခါမျှ မကျေနပ်ဘဲ ပို၍လိုချင်စိတ် ရှိနေဆဲဖြစ်သည်၊ သင်သည် ပရိုဂရမ်များရေးဆွဲနည်းနှင့် ကွန်ရက်လုံခြုံရေးကို ထိန်းသိမ်းနည်း လေ့လာလိုပြီး အင်တာနက်ကွန်ရက် အင်ဂျင်နီယာများနှင့် အဆင့်မြင့်နည်းပညာဝန်ထမ်းများသာ လုပ်ဆောင်နိုင်သည့် အလုပ်အချို့ကို လုပ်ဆောင်လိုသည်။ ဤသည်မှာ မိုက်မဲခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ဤအရာများကို မသင်ယူနိုင်သောကြောင့် အပျက်သဘောဆောင်လာပြီး ဘုရားသခင်အကြောင်း မကျေမနပ်ပြောသည်။ “အို ဘုရားသခင်၊ အဘယ်ကြောင့် ကျွန်ုပ်သည် ဤအရာများကို မကျွမ်းကျင်နိုင်ရသနည်း။ ကိုယ်တော်က ကျွန်ုပ်ကို အဘယ်ကြောင့် ဤသို့သော အစွမ်းအစမျိုး ပေးခဲ့သနည်း။ ကျွန်ုပ် အလွန်အသက်ကြီးနေပြီ၊ အဘယ်ကြောင့် ကိုယ်တော်က ကျွန်ုပ်ကို တစ်ဖန်ပြန်၍ ငယ်ရွယ်အောင် မလုပ်ပေးနိုင်ရသနည်း။ ဘုရားသခင်သည် အနန္တတန်ခိုးရှင် မဟုတ်လော” ဟူ၍ ဖြစ်သည်။ သင်၌ ထိုသို့သော အတွေးများရှိခြင်းနှင့် ထိုသို့သော တောင်းဆိုမှုများ ပြုလုပ်ခြင်းသည် မှားယွင်းသည်။ “မိမိတတ်စွမ်းသမျှကို လုပ်ဆောင်ခြင်းနှင့် မိမိ၏ အစွမ်းအစ၊ စွမ်းရည်များနှင့် ပင်ကိုယ်သဘာဝများကို မကျော်လွန်ခြင်း” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ သင်၏ အစွမ်းအစနှင့် စွမ်းရည်များက သင့်ကို ဖြစ်မြောက်အောင်မြင်စေနိုင်သည့် မည်သည့်အရာမဆိုမှာ ဘုရားသခင်က သင့်ထံမှ တောင်းဆိုသည့်အရာ ဖြစ်သည်။ သင့်အစွမ်းအစထက် ကျော်လွန်သည့် မည်သည့်အရာကိုမဆို ဘုရားသခင်က သင့်ထံမှ မတောင်းဆိုသကဲ့သို့ သင်သည်လည်း သင့်ကိုယ်သင် တောင်းဆိုရန် မလိုအပ်ပေ။ သင်သည် တစ်စုံတစ်ခုကို မလုပ်ဆောင်နိုင်ပါက လုပ်ဆောင်နိုင်သည့် အခြားသူများ ရှိသည်၊ ဘုရားသခင်က သင်လုပ်ဆောင်ရမည်ဟု မတောင်းဆိုပေ။ သင်က “ကျွန်ုပ် အသက်ကြီးပြီ၊ ဗီဒီယိုများ မည်သို့တင်ရမည်ကို ကျွန်ုပ်မသိ၊ အင်တာနက်ကွန်ရက်ကို မည်သို့လုံခြုံအောင်ထားရမည်ကိုလည်း ကျွန်ုပ်မသိသည့်အပြင် ပရိုဂရမ်များ မည်သို့ရေးဆွဲရမည်ကို သာ၍ပင် မသိပါ” ဟု ပြောသည့်တိုင် သင်သည် ဤအရာများကို မရမက သင်ယူနေသည်၊ ဘုရားအိမ်တော်က သင့်ကို ဤအလုပ်လုပ်ရန် လိုအပ်ခြင်း ရှိမရှိကို သင်မေးပြီးပြီလော။ သင်၏ ကိုယ်ပိုင်အလုပ်ကို ကောင်းစွာလုပ်ဆောင်ပြီးပြီလော။ သင်၏ အစွမ်းအစက သင့်ကို ဖြစ်မြောက်အောင်မြင်စေနိုင်သည့် အလုပ်ကို သင်ကောင်းစွာ လုပ်ဆောင်ပြီးပြီလော။ သင်သည် ယင်းကို ကောင်းစွာ မလုပ်ဆောင်ရသေးဘဲ သင်၏ လက်လှမ်းမမီသည့်အရာ၊ သင် နားလည်သဘောပေါက်ခြင်း မရှိနိုင်သည့်အရာ၊ သင်၏ တစ်သက်တာလုံးတွင်ပင် သင် မည်သည့်အခါမျှ လေ့လာနိုင်မည်မဟုတ်သည့် အရာများကို မရမက လုပ်ဆောင်နေဆဲဖြစ်ပါက သင်သည် သင့်ကိုယ်သင် ဆန့်ကျင်တိုက်ခိုက်နေသည်ဟု ထင်သလော၊ သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်တိုက်ခိုက်နေသည်ဟု ထင်သလော။ ဤသည်မှာ အလွန် စိတ်အနှောင့်အယှက်ဖြစ်စရာ မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် သင့်ကိုယ်သင် အမြဲ ကျော်လွန်လိုပြီး စွမ်းအားရှင်တစ်ဦး ဖြစ်ချင်သော်လည်း ဘုရားသခင်က သင့်ကို ထိုသို့လုပ်ဆောင်ရန် မတောင်းဆိုခဲ့ပေ။ သင် စွမ်းအားရှင်တစ်ဦး ဖြစ်ချင်ရသည့် အကြောင်းရင်းတစ်ခုသာ ရှိနိုင်သည်၊ ယင်းမှာ သင်သည် မိမိကိုယ်ကို ကိုယ်ရည်သွေးလိုပြီး ရှုံးနိမ့်ကြောင်း ဝန်မခံလိုခြင်း သို့မဟုတ် အသက်အရွယ်ကြီးရင့်မှုကို အလျှော့မပေးလိုခြင်း ဖြစ်သည်။ သင်သည် ဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိပြီး အဖိုးအခပေးဆပ်ခြင်းမှာ သင်၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ရန်အလို့ငှာ မဟုတ်ပေ၊ သင်သည် ကောင်းစွာပြုမူကျင့်ကြံခြင်းနှင့် သင်၏ သင့်တော်သောနေရာကို ခိုင်မြဲစွာကိုင်စွဲခြင်းဟူသော စည်းမျဉ်းအတိုင်း သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်း မဟုတ်ပေ။ သင်သည် သင်၏ ကိုယ်ပိုင်အစွမ်းအစနှင့် စွမ်းရည်များကို စိန်ခေါ်ခြင်းအားဖြင့် သင်အသက်မကြီးသေးကြောင်း သက်သေပြလိုသည်။ သင်က “ကျွန်ုပ် လုပ်နိုင်သေးသည်” ဟု တွေးထင်သည်။ “ကျွန်ုပ်သည် အခြားသူများကဲ့သို့ပင် တော်သည်၊ အခြားလူများ လုပ်နိုင်သည့် မည်သည့်အရာကိုမဆို ကျွန်ုပ်လုပ်နိုင်သည်” ဟု တွေးထင်သည်။ ဤသည်မှာ အဓိပ္ပာယ်ရှိသလော။ (မရှိပါ။) ယင်းမှာ အဓိပ္ပာယ်မရှိပေ။ သင် စိုက်ထုတ်နေသော ဤကြိုးစားအားထုတ်မှုအားလုံးသည် အချည်းနှီးဖြစ်ပြီး တန်ဖိုးမရှိပေ။ သင်ဖြစ်မြောက်အောင်မြင်ရန် အခြေအနေပေးလာသည့်အရာကို ကောင်းစွာလုပ်ဆောင်ရန် သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှကို သင် စိုက်ထုတ်ပါက ဘုရားသခင် ကျေနပ်တော်မူလိမ့်မည်။ သင့်ကိုယ်သင် စိန်မခေါ်ပါနှင့်၊ သို့မဟုတ် သင်၏လုပ်နိုင်စွမ်းရှိသည်ထက် ကျော်လွန်၍ လုပ်နိုင်အောင် တွန်းအားပေးဖို့ မရှာဖွေပါနှင့်။ ဘုရားသခင်က သင်၏အစွမ်းအစနှင့် လုပ်နိုင်စွမ်းတို့က မည်သို့ရှိသည်ကို သိသည်။ မည်သည့်အစွမ်းအစနှင့် လုပ်နိုင်စွမ်းတို့ကို ဘုရားသခင်က သင့်အား ပေးထားသည်ဆိုသည်ကို ဟိုးယခင်ကတည်းကပင် သူက ကြိုတင်သတ်မှတ်ထားပြီးဖြစ်သည်။ ဤသည်များကို အစဉ်သဖြင့် သာလွန်လိုခြင်းမှာ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို အထင်ကြီးခြင်းဖြစ်သည်၊ ယင်းက ကိုယ့်ဒုက္ခကိုယ်ရှာနေခြင်းဖြစ်ကာ မလွဲဧကန် ရှုံးနိမ့်ခြင်းဖြင့် အဆုံးသတ်လိမ့်မည်။ ထိုကဲ့သို့သောလူများသည် သူတို့၏သင့်တော်သောလုပ်ငန်းတာဝန်များကို လျစ်လျူရှုနေကြခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) သူတို့သည် စည်းမျဉ်းလိုက်နာသည့်ပုံစံဖြင့် ကျင့်ကြံပြုမူခြင်း မရှိကြဘဲ ဖန်ဆင်းခံ၏တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းရန်အတွက် သူတို့၏ သင့်တော်သောနေရာများကို မြဲအောင် မထိန်းထားပေ။ ၎င်းတို့သည် သူတို့၏လုပ်ရပ်များတွင် ဤစည်းမျဉ်းများအတိုင်း မလုပ်ကြပေ။ သို့သော် သူတို့သည် ကြွားဝါဖို့ အမြဲ ကြိုးစားနေကြသည်။ “အဒေါ်ကြီးက နှုတ်ခမ်းနီဆိုးသည်၊ သင်သတိပြုမိအောင်” ဟူ၍ အပိုင်းနှစ်ပိုင်းပါသောဆိုရိုးစကားရှိပါသည်။ “အဒေါ်ကြီး” က မည်သည့်ရည်ရွယ်ချက်ဖြင့် ဤသည်ကို လုပ်ရသနည်း။ (သူမကိုယ်သူမ ကြွားဝါဖို့ဖြစ်သည်။) “ကျွန်မသည် အဘွားကြီးဖြစ်သောကြောင့် သာမန်မဟုတ်ပါ၊ ထူးခြားတာတစ်ခုခု သင့်ကို ကျွန်မ ပြပါမည်” ဟူ၍ အဘွားကြီးက သင့်ကို ပြလိုသည်။ သူမသည် အထင်သေးမခံချင်ဘဲ၊ ထိုအစား အထင်ကြီးလေးစား၍ ချစ်ကြောက်ရိုသေခြင်းခံချင်သည်။ သူမသည် သူမ၏လုပ်နိုင်စွမ်းကို စိန်ခေါ်ကြည့်ချင်ပြီး သူမကိုယ်သူမ သာလွန်ချင်သည်။ ဤသည်မှာ မာနထောင်လွှားသောသဘာဝရှိခြင်းမဟုတ်လော။ (ဟုတ်ပါသည်။) သင့်တွင် မာနထောင်လွှားသောသဘာဝရှိပါက သင်သည် စည်းနှင့်ဘောင်နှင့် မနေတော့ပေ။ သင်သည် ကိုယ့်နေရာနှင့်ကိုယ် ကျင့်ကြုံပြုမူလိုခြင်း မရှိပေ။ သင်သည် သင့်ကိုယ်သင် အမြဲ စိန်ခေါ်ချင်သည်။ အခြားလူများက လုပ်နိုင်သည့်ဘာမဆိုကို သင်လည်း လုပ်နိုင်ချင်သည်။ အခြားလူများက ၎င်းတို့ကို ပေါ်လွင်စေသည့်အရာများ၊ ရလဒ်များရရှိစေသည့်အရာများကို လုပ်ဆောင်သည့်အခါ သို့မဟုတ် ထည့်ဝင်ထောက်ပံ့၍ လူတိုင်း၏ချီးကျူးခြင်းကို ခံရသောအခါ သင်သည် မသက်မသာခံစားရသည်၊ မနာလိုဖြစ်ပြီး စိတ်မကျေနပ်ချက်ကို ခံစားရသည်။ သင်သည် ထိုအခါတွင် သင့်ကို ထင်ပေါ်စေသည့်အလုပ်ကို လက်ခံဆောင်ရွက်ဖို့အတွက် သင်၏လက်ရှိလုပ်ငန်းတာဝန်များကို စွန့်ပစ်ချင်ကာ အထင်ကြီးလေးစားသည်ကိုလည်း ခံချင်သည်။ သို့သော် သင်သည် မိမိအား ထင်ပေါ်စေသည့်အလုပ်ကို လုပ်နိုင်စွမ်းမရှိချေ။ သို့ဖြစ်လျှင် ဤသည်မှာ အချိန်ဖြုန်းတီးခြင်းမဟုတ်လော။ ဤသည်မှာ သင်၏သင့်တော်သောလုပ်ငန်းတာဝန်များကို လျစ်လျူရှုခြင်းမဟုတ်လော။ (ဟုတ်ပါသည်။) လုပ်သင့်လုပ်ထိုက်သော လုပ်ငန်းဆောင်တာများကို လျစ်လျူမရှုနှင့်၊ အကြောင်းမှာ ယင်းတို့ကို လျစ်လျူရှုခြင်းသည် အဆုံးသတ်ကောင်းမည် မဟုတ်သောကြောင့်ဖြစ်၏။ ယင်းသည် အမှုအရာများကို နှောင့်နှေးစေကာ အချိန်ဖြုန်းတီးပစ်၍ သင့်အပေါ် အခြားလူများက အထင်အမြင်သေးစေရုံသာမက ယင်းသည် ဘုရားသခင်ကိုလည်း သင့်အား စက်ဆုပ်ရွံရှာစေသည်၊ ပြီးလျှင် အဆုံးတွင် သင်သည် အတော်ပင် အပျက်သဘောဆောင်လာသည်အထိ သင့်ကိုယ်သင် ညှဉ်းပန်းလေသည်။ လူတစ်ဦး၏ အသက်အရွယ် မည်သို့ပင်ဖြစ်စေ၊ ၎င်းသည် လူငယ်၊ သက်လတ်ပိုင်း သို့မဟုတ် သက်ကြီးရွယ်အို ဖြစ်စေ ၎င်းတွင် ၎င်း၏ အစွမ်းအစနှင့် စွမ်းရည်များအရ ကန့်သတ်ချက်များ ရှိသည်၊ မည်သူမျှ စုံလင်ခြင်းမရှိပေ။ စုံလင်သောလူတစ်ဦးဖြစ်ခြင်းကို အိပ်မက်ပင်မမက်နှင့်၊ အရာအားလုံးကို လုပ်ဆောင်နည်းသိခြင်း၊ အရာအားလုံးကို လုပ်ဆောင်နိုင်ခြင်းနှင့် အရာအားလုံးကို နားလည်ခြင်းတို့ကို အိပ်မက်ပင်မမက်နှင့်၊ သင်၌ ဤသို့သော စိတ်သဘောထားမျိုးရှိပါက ယင်းမှာ စိတ်အနှောင့်အယှက် ဖြစ်စရာပေတည်း။

ဘုရားသခင်၏ အလုပ်အတွင်းတွင် သူက လူအမျိုးမျိုးကို မည်သည့်အကြောင်းအရာ သို့မဟုတ် မည်သည့်ပြဿနာမျိုးနှင့်ပတ်သက်၍မဆို စကားပြောသည့်အခါ အဘယ်ကြောင့် သူသည် မတူညီသော အနေအထားများနှင့် အခြေအနေများကို ပြောဆိုလျက် အကြောင်းအရာတစ်ခုတည်းကို ထပ်ခါတလဲလဲ ပြောဆိုရသနည်း။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သူတို့က “ဤနည်းလမ်းဖြင့် ပြောဆိုခြင်းသည် အလွန်အသေးစိတ်ကျပြီး ရှည်လျားလွန်းသည်၊ ကျွန်ုပ်တို့ နားလည်ပြီးသားဖြစ်သည်” ဟု တွေးထင်ကြသည်။ သင်နားလည်ပြီးသား ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အခြားသူများက နားမလည်ကြသေးပေ၊ သင်နားလည်လျှင်ပင် အမျိုးမျိုးသော အခြေအနေများ၏ ပြဿနာများကို သင်ဖြေရှင်းနိုင်သလော။ သင်မဖြေရှင်းနိုင်ပါက သင်သည် အပြည့်အဝ နားမလည်သေးဟု ဆိုလိုသည်၊ ထို့ကြောင့် သင်နားလည်သယောင် ဟန်မဆောင်နှင့်။ လူတို့၏ အခြေအနေများမှာ အားလုံးမတူညီကြပေ။ လူအမျိုးအစားတစ်မျိုးစီ၏ အခြေအနေအားလုံးကို ပြောဆိုပြီးမှသာလျှင်၊ အမျိုးမျိုးသော အခြေအနေအားလုံးကို ထည့်သွင်းပြောဆိုပြီးမှသာလျှင်၊ ဆိုလိုသည်မှာ အချို့သော အဓိကပြဿနာအတွင်းရှိ လူအမျိုးအစားအားလုံး၏ အခြေအနေများကို ဆွေးနွေးပြီးမှသာလျှင်၊ လူတိုင်းသည် ဤသမ္မာတရားကဏ္ဍကို နားလည်မှသာလျှင် ဤပြဿနာကို အသေအချာ ရှင်းပြပြီးဖြစ်ပေမည်။ ဤအရာဖြင့် ငါ မည်သည့်အရာကို ဆိုလိုသနည်း။ လူတိုင်းသည် ကိုယ့်အခြေအနေနှင့်ကိုယ် နေထိုင်နေစဉ် မတူညီသော ပြဿနာများ ဖြစ်ပေါ်လာသည်ကို ဆိုလိုသည်၊ လူတိုင်း၏ ပြဿနာများမှာ မတူညီကြသကဲ့သို့ လူတိုင်း၏ ပင်ကိုစရိုက်များ၊ အားသာချက်များနှင့် ၎င်းတို့ကျွမ်းကျင်သည့်အရာများမှာလည်း မတူညီကြပေ။ ထို့ကြောင့် လူတိုင်းတွင် ကိုယ့်အခြေအနေနှင့်ကိုယ်၊ ကိုယ့်အခက်အခဲနှင့်ကိုယ်၊ ၎င်းတို့၏ မတူညီသော အတွေးအခေါ်များနှင့် အမြင်များ ရှိကြသည်။ သို့သော် လူတို့၏ ကိုယ်ပိုင်အခြေအနေများ မည်မျှပင်ကွဲပြားနေပါစေ၊ ၎င်းတို့၏ စွမ်းရည်များ၊ အစွမ်းအစများ၊ အမြင်အဆင့်၊ ပင်ကိုစရိုက်များနှင့် အလေ့အထများ မည်မျှပင်ကွဲပြားနေပါစေ၊ လူသားတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သဘာဝ အနှစ်သာရမှာ တူညီကြသည်။ ဆိုလိုသည်မှာ လူတို့၏ လူ့သဘာဝနှင့်ဆိုင်သော အမျိုးမျိုးသောအခြေအနေများ မည်မျှပင်ကွဲပြားနေပါစေ၊ လူတို့သည် တူညီသော ဘုံလက္ခဏာများကို ပိုင်ဆိုင်ကြသည်။ အဘယ်ကြောင့် လူသားများသည် တူညီသော ဘုံလက္ခဏာများ ရှိကြသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားများ ရှင်သန်ရေးအတွက် မှီခိုအားထားရသည့် စိတ်သဘောထား အနှစ်သာရမှာ တူညီသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူအမျိုးမျိုး၏ အခြေအနေများနှင့် ပြဿနာများကို ဖော်ထုတ်ပြီးနောက်တွင် လူသားများလုပ်ဆောင်ရန် လိုအပ်သည့်အရာမှာ ဘုရားသခင်တောင်းဆိုသော သမ္မာတရားများနှင့် စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်ရန်ဖြစ်ပြီး ထိုသို့ဆိုလျှင် လူသားမျိုးနွယ်၏ ဘုံပြဿနာများ ဖြေရှင်းပြီးဖြစ်လိမ့်မည်။ သင်၏ ပင်ကိုစရိုက် သို့မဟုတ် အစွမ်းအစ မည်သို့ပင်ဖြစ်စေ၊ သင်မည်မျှပင် စွမ်းဆောင်နိုင်သည်ဖြစ်စေ၊ သင်သည် ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ၊ အနောက်နိုင်ငံတွင် မွေးဖွားသည်ဖြစ်စေ၊ အရှေ့တိုင်းတွင် မွေးဖွားသည်ဖြစ်စေ၊ တောင်ပိုင်းမှဖြစ်စေ မြောက်ပိုင်းမှဖြစ်စေ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သမ္မာတရားကို လက်ခံခြင်းအားဖြင့်လည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံခြင်းအားဖြင့်လည်းကောင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်လည်းကောင်း ဖြေရှင်းသမျှကာလပတ်လုံး သင်၏ အခက်အခဲများ ဖြေရှင်းပြီးဖြစ်လိမ့်မည်။ ဤသည်မှာ လူသားတို့၏ ဘုံပြဿနာများမှ ဖြစ်ပေါ်လာသော အမျိုးမျိုးသော အခြေအနေအားလုံးကိုလည်း ဖြေရှင်းနိုင်သည်ဟု ဆိုလိုသည်။ အဘယ်ကြောင့် လူတို့၌ အမျိုးမျိုးသောအခြေအနေများ ဖြစ်ပေါ်လာသနည်း။ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးစီ ပိုင်ဆိုင်သည့် လူ့သဘာဝ၏ ပင်ကိုအခြေအနေများမှာ မတူညီသောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် သင်သည် တောင်ပိုင်းတွင် နေထိုင်ပြီး သင့်တွင် တောင်ပိုင်းသားတို့၏ နေထိုင်မှုအလေ့အထများနှင့် ပုံစံအချို့ရှိကာ တောင်ပိုင်းသားတို့အတွက် သီးသန့်ဖြစ်သော ပင်ကိုစရိုက်နှင့် နေထိုင်မှုပုံစံ လက္ခဏာအချို့ကိုလည်း သင် ရရှိထားပါက ထိုသို့သော နောက်ကြောင်းရာဇဝင်မျိုးဖြင့် သင်သည် အချို့သော သီးခြားအယူအဆများနှင့် စိတ်ကူးများ၊ သီးခြားအတွေးအခေါ်များနှင့် အမြင်များနှင့် သီးခြားအခြေအနေများကို ဖြစ်ပေါ်လာလိမ့်မည်။ သင်သည် မြောက်ပိုင်းတွင် မွေးဖွားခဲ့ပါက သင့်တွင် မြောက်ပိုင်းသားတို့၏ ပင်ကိုစရိုက်နှင့် နေထိုင်မှုအလေ့အထများ သို့မဟုတ် မြောက်ပိုင်းသားတို့၏ ပင်ကိုဖြစ်သော ဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှုနောက်ကြောင်းရာဇဝင်၊ ပညာရေးနည်းလမ်းများနှင့် အခြားထိုသို့သောအရာများမှ ဖြစ်ပေါ်လာသော အခြေအနေအချို့ ရှိပေမည်။ ဤနည်းအားဖြင့် တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် နေထိုင်သော လူတို့၌ ဖြစ်ပေါ်လာသော အခြေအနေများမှာ မတူညီကြပေ။ သို့သော် ပြဿနာတစ်ခုတည်းမှ ဖြစ်ပေါ်လာသော အခြေအနေများ၏ အရင်းအမြစ်နှင့် အနှစ်သာရမှာ တူညီသောကြောင့် ၎င်းတို့အားလုံးကို တူညီသော သမ္မာတရားများဖြင့် ဖြေရှင်းနိုင်သည်။ ဤသို့ဖြစ်နေသောကြောင့် သင်သည် မြောက်ပိုင်းမှဖြစ်စေ တောင်ပိုင်းမှဖြစ်စေ၊ အရှေ့တိုင်းမှဖြစ်စေ အနောက်နိုင်ငံမှဖြစ်စေ အရေးမကြီးပေ၊ သင်သည် ဖန်ဆင်းခံလူသားတစ်ဦးဖြစ်နေသမျှကာလပတ်လုံး သင်၏ ပြဿနာများအားလုံးကို သမ္မာတရားများဖြင့် ဖြေရှင်းနိုင်သည်။ သင်နားလည်ပြီလော။ ဤပြဿနာသည် ရှုပ်ထွေးသလော။ (ယခု ရှင်းပြသည်ကို ကြားပြီးနောက်တွင် ကျွန်ုပ်သည် ယင်းမှာ မရှုပ်ထွေးတော့ဟု ခံစားရပါသည်။) အဘယ်ကြောင့် ဤပြဿနာသည် မရှုပ်ထွေးဟု သင်ပြောသနည်း။ (လူတို့၏ ကိုယ်ပိုင်အခြေအနေများ၊ နောက်ကြောင်းရာဇဝင်များနှင့် ပင်ကိုစရိုက်များမှာ မတူညီကြသော်လည်း ဤသည်မှာ မတူညီသော အခြေအနေများကို သဘာဝကျကျ ဖြစ်ပေါ်စေသည်၊ ဤမတူညီသော အခြေအနေများ၏ အရင်းခံအကြောင်းရင်းမှာ တူညီပြီး လူတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရမှာ တူညီပါသည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မည်မျှပင်ထုတ်ဖော်ပါစေ ယင်းကို တူညီသော သမ္မာတရားများဖြင့် ဖြေရှင်းနိုင်သည်၊ ထို့ကြောင့် သမ္မာတရားများသည် လူတိုင်း၏ ပြဿနာများကို ဖြေရှင်းနိုင်ပါသည်။) လူတို့သည် တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့တိုင်း သို့မဟုတ် အနောက်နိုင်ငံမှ ဖြစ်စေ၊ ၎င်းတို့သည် ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ၊ လူငယ်ဖြစ်စေ လူကြီးဖြစ်စေ၊ ၎င်းတို့၏ ကိုယ်ပိုင်အခြေအနေများ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ တူညီကြပြီး ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ဖြစ်ပေါ်စေသည့် အမျိုးမျိုးသော အခြေအနေများ၊ အတွေးအခေါ်များ၊ အမြင်များနှင့် သမ္မာတရားအပေါ် သဘောထားများတွင် ဘုံလက္ခဏာတစ်ခု ရှိသည်။ ဤဘုံလက္ခဏာကား အဘယ်နည်း။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ဖြစ်ပေါ်လာသော အရာအားလုံးသည် စာတန်နှင့်ဆိုင်ပြီး သမ္မာတရားနှင့် မကိုက်ညီပေ။ ပို၍တိတိကျကျပြောရလျှင် ယင်းသည် သမ္မာတရားနှင့် ဆန့်ကျင်ဘက်ဖြစ်သည်ဟု ဆိုနိုင်သည်မှာ ပြောစရာမလိုပေ။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ လူမျိုး၊ ဘာသာတရား သို့မဟုတ် ယဉ်ကျေးမှုများအကြား မည်သို့ပင် ကွဲပြားမှုများရှိနေပါစေ၊ လူတို့တွင် အဝါ၊ အဖြူ၊ အညို သို့မဟုတ် အနက်ရောင် အသားအရေ ရှိသည်ဖြစ်စေ ၎င်းတို့အားလုံးသည် ဖောက်ပြန်ပျက်စီးသော လူသားများဖြစ်ကြပြီး လူသားများအားလုံးတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် တူညီသော အနှစ်သာရရှိသည်။ ဤသည်မှာ ၎င်းတို့တွင် ဘုံဖြစ်သော အရာတစ်ခုဖြစ်သည်။ ထို့ကြောင့် လူတို့သည် မည်သည့်နိုင်ငံမှဖြစ်စေ၊ မည်သည့်လူမျိုးဖြစ်စေ အရေးမကြီးဘဲ ၎င်းတို့ကို ဖောက်ပြန်ပျက်စီးသော လူသားများဟု စုပေါင်းရည်ညွှန်းသည်။ ဆိုလိုသည်မှာ ဤလူမျိုးများသည် ၎င်းတို့၏ အသားအရောင်၊ ရုပ်ရည်၊ ဘဝအလေ့အထ သို့မဟုတ် လူမျိုးရေးယဉ်ကျေးမှုအရ မြင့်မြတ်သည်ဖြစ်စေ နိမ့်ကျသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ၊ ၎င်းတို့ရရှိခဲ့သော ပညာရေး မည်သို့ပင်ဖြစ်စေ၊ မည်သို့သောအခြေအနေတွင်မဆို ၎င်းတို့ရှင်သန်ရေးအတွက် မှီခိုအားထားရသည့် စည်းမျဉ်းများသည် စာတန်ထံမှလာပြီး သမ္မာတရားနှင့် မကိုက်ညီသည့်အပြင် ဘုရားသခင်ကို အတိုက်အခံလုပ်သည်။ လူတို့သည် မြင့်မားသော ဘာသာရေး နောက်ကြောင်းရာဇဝင်ရှိသည့် ကြွယ်ဝချမ်းသာပြီး မြင့်မြတ်သော လူမျိုးတစ်မျိုးနှင့် သက်ဆိုင်လျှင်ပင် ၎င်းတို့၏ အနှစ်သာရမှာ ဖောက်ပြန်ပျက်စီးသော လူသားများ၏ အနှစ်သာရသာ ဖြစ်နေဆဲဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်သော စာတန်၏ မျိုးနွယ်သာ ဖြစ်နေဆဲဖြစ်သည်၊ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော လူသားများသာဖြစ်နေဆဲဖြစ်သည်၊ ၎င်းတို့အားလုံးသည် ဘုရားသခင်ကို အတိုက်အခံလုပ်ကြသည်၊ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ အလုပ်အတွင်း တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ခံရသောသူများဖြစ်ကြပြီး ၎င်းတို့အထဲမှ သမ္မာတရားကို လက်ခံနိုင်သူများသည် ဘုရားသခင်ကယ်တင်ရန် ရည်ရွယ်ထားသူများ ဖြစ်ကြသည်။ ဤအရာ၏ သွယ်ဝိုက်ညွှန်းဆိုသော အဓိပ္ပာယ်မှာ အဘယ်နည်း။ သင်သည် ကယ်တင်ခြင်းမခံရမီတွင် သင်၏ ယဉ်ကျေးမှု နောက်ကြောင်းရာဇဝင်၊ ပညာရေး နောက်ကြောင်းရာဇဝင်နှင့် ဘာသာရေး နောက်ကြောင်းရာဇဝင်တို့ မည်မျှပင် မြင့်မားနေပါစေ၊ သင်၏ အနှစ်သာရမှာ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ဘုရားသခင်ကို ရန်လိုနေဆဲဖြစ်သည်ကို ဆိုလိုသည်။ ထိုသို့ဖြစ်သဖြင့် လူသားတို့၏ အနှစ်သာရသည် ၎င်းတို့၏ အသားအရောင်၊ ဘာသာတရား၊ မွေးဖွားရာနိုင်ငံ သို့မဟုတ် ၎င်းတို့၏ ပညာရေးနောက်ကြောင်းရာဇဝင် သို့မဟုတ် ယဉ်ကျေးမှုနောက်ကြောင်းရာဇဝင်တို့ကြောင့် ပြောင်းလဲမည် မဟုတ်ပေ။ အလားတူပင် လူတစ်ဦးသည် မည်သည့်လူမျိုးပင်ဖြစ်စေ၊ ၎င်းသည် မိမိ၏ ကိုယ်ပိုင်အခြေအနေများကြောင့် ဘုရားသခင်၏ အမြင်တွင် မြင့်မြတ်လာခြင်း သို့မဟုတ် နိမ့်ကျသွားခြင်းတို့ ဖြစ်မည်မဟုတ်ပေ။ သို့ဆိုလျှင် ဘုရားသခင်၏ အမြင်တွင် လူတို့သည် မြင့်မြတ်ခြင်း သို့မဟုတ် နိမ့်ကျခြင်းရှိမရှိကို အကဲဖြတ်ရန် စံနှုန်းမှာ အဘယ်နည်း။ စံနှုန်းတစ်ခုတည်းသာရှိသည်၊ ယင်းမှာ သင်သည် သမ္မာတရားကို လက်ခံခြင်းရှိမရှိပင် ဖြစ်သည်။ သင်သည် သမ္မာတရားကို လက်ခံပါက သင်၏ လူမျိုး သို့မဟုတ် သင်၏ အသားအရောင် မည်သို့ပင်ဖြစ်စေ သင်သည် မြင့်မြတ်သည်။ သင်သည် သမ္မာတရားကို လက်မခံပါက သင်က “ကျွန်ုပ်တွင် အဖြူရောင်အသားအရေ၊ ရွှေရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးများရှိပြီး ကျွန်ုပ်၏ မိသားစုသည် မျိုးဆက်ပေါင်းများစွာ တော်ဝင်မျိုးနွယ်ဖြစ်ခဲ့သည်” ဟု ပြောလျှင်ပင် ယင်း၌ အသုံးမဝင်ပေ။ သင်သည် လူသားမျိုးနွယ်အကြားတွင် မြင့်မြတ်လျှင်ပင် သင်သည် သမ္မာတရားကို လက်မခံပါက ဘုရားသခင်၏ အမြင်တွင် သင်သည် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးသာ ဖြစ်နေဆဲဖြစ်သည်၊ သင်သည် အခြားမည်သည့် ဖောက်ပြန်ပျက်စီးသော လူသားနှင့်မဆို တူညီသည်၊ ကွာခြားမှုမရှိပေ။ လူသားမျိုးနွယ်ဝင် မည်မျှများများက သင့်ကို အထင်ကြီးလေးစားသည်ဖြစ်စေ၊ ကြည်ညိုသည်ဖြစ်စေ၊ သင့်အား ပူဇော်သက္ကာများ ဆက်သသည်ဖြစ်စေ အရေးမကြီးပေ၊ ယင်းမှာ အသုံးမဝင်သကဲ့သို့ ဘုရားသခင်၏ အမြင်ရှိ သင်၏ အဆင့်အတန်း၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ပြောင်းလဲစေမည်မဟုတ်ပေ။ သေချာပေါက်ပင် လူသားတို့ကို အကဲဖြတ်ရန် ဘုရားသခင်၌ ပင်ကိုရှိသော စံနှုန်းနှင့် မြင့်မားသော စံချိန်စံညွှန်းလည်း ဖြစ်သည့် လူသားတို့ကို အကဲဖြတ်ရန် ဘုရားသခင်၏ စံနှုန်းသည် ၎င်းတို့ကို သမ္မာတရားဖြင့် အကဲဖြတ်ရန် ဖြစ်သည်။ သင်သည် သမ္မာတရားကို ချစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပါက သင်သည် မြင့်မြတ်သည်၊ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပါက သင်၏ ဤဇာတိပကတိဟောင်းသည် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးဖြစ်သည်၊ ယင်းမှာ တစ်ပြားတစ်ချပ်မှ မတန်သည့်အပြင် မြေပေါ်ရှိ ပုရွက်ဆိတ်တစ်ကောင်လောက်ပင် တန်ဖိုးမရှိပေ။ လူတို့မမြင်နိုင်သော အဏုဇီဝသက်ရှိများမှလွဲ၍ ပုရွက်ဆိတ်များသည် သက်ရှိအားလုံးတွင် အတော်အတန်သေးငယ်သည်။ ၎င်းတို့၏ နေထိုင်မှုပုံစံများ၊ ရှင်သန်မှုစည်းမျဉ်းများနှင့် ပင်ကိုယ်သဘာဝများသည် ဘုရားသခင် သတ်မှတ်ထားသော နိယာမများကို အပြည့်အဝ လိုက်နာသည်။ ၎င်းတို့၏ အလုပ်လုပ်ခြင်းနှင့် အနားယူခြင်းအချိန်ဇယားသည် ရာသီလေးခု၏ ရာသီဥတုနှင့် အပူချိန်အတက်အကျအလိုက် ပြောင်းလဲပြီး ၎င်းတို့သည် ဤပုံစံများနှင့် စည်းမျဉ်းများကို မည်သည့်အခါမျှ တက်ကြွစွာ ပြောင်းလဲမည်မဟုတ်ပေ။ သို့သော် လူသားများမှာ မတူညီပေ။ လူသားများသည် ရှိရင်းစွဲအခြေအနေနှင့် ကမ္ဘာကြီးကို အမြဲ ပြောင်းလဲလိုကြသည်၊ ၎င်းတို့တွင် အမြဲ ရည်မှန်းချက်များရှိပြီး ၎င်းတို့သည် သစ္စာဖောက်ခြင်းနှင့် ပုန်ကန်ခြင်းတို့ကို အဆက်မပြတ် ပြုလုပ်ကြသည်။ ပုရွက်ဆိတ်များတွင် သမ္မာတရားကို လက်ခံနိုင်သည့် စွမ်းရည်မရှိသကဲ့သို့ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်းလည်း မရှိသော်လည်း အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ဘုရားသခင်ကို အတိုက်အခံ မလုပ်ကြပေ။ လူသားများမှာ ကွဲပြားသည်၊ ၎င်းတို့သည် ဘုရားသခင်ကို တိုက်ခိုက်ရန်နှင့် အတိုက်အခံလုပ်ရန် တက်ကြွစွာ ရှေ့ထွက်လာကြလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်၏ အမြင်တွင် သမ္မာတရားကို မရရှိသေးသော၊ ကယ်တင်ခြင်းမခံရသေးသော လူသားများသည် တန်ဖိုးမရှိပေ။ ဤသည်မှာ အမှန်တရားမဟုတ်လော။ (ဟုတ်ပါသည်။) ဤအမှန်တရားကို အခြေခံ၍ လူတို့ကို အကဲဖြတ်ခြင်းနှင့် သတ်မှတ်ပိုင်းခြားခြင်းသည် သမ္မာတရား စည်းမျဉ်းများနှင့် လုံးဝကိုက်ညီသည်။ ဤပြဿနာများကို မိတ်သဟာယဖွဲ့ခြင်းအားဖြင့် လူတို့သည် လူသားမျိုးနွယ်၏ အနှစ်သာရနှင့် ဘုရားသခင်၏ အလုပ်က အောင်မြင်စေရန် ရည်ရွယ်သည့် အကျိုးသက်ရောက်မှုအပေါ် မှန်ကန်သော အမြင်နှင့် နားလည်မှုတစ်ခု ရှိသင့်သည်။ သင်သည် ဤသမ္မာတရားကဏ္ဍကို နားလည်ပြီးနောက်တွင် လူတို့အား ဧဝံဂေလိတရားဟောသည့်အခါ သို့မဟုတ် ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံပြီး မိတ်သဟာယဖွဲ့သည့်အခါတွင် ၎င်းတို့သည် မည်သည့်လူအမျိုးအစားပင်ဖြစ်စေ၊ ၎င်းတို့တွင် ဘာသာရေး နောက်ကြောင်းရာဇဝင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ၎င်းတို့သည် လူ့အဖွဲ့အစည်းတွင် ရာထူးအဆင့်အတန်း ရှိသည်ဖြစ်စေ၊ နိမ့်ကျသော လူမှုအဆင့်အတန်းရှိသည်ဖြစ်စေ၊ ၎င်းတို့သည် လူဖြူဖြစ်စေ အသားအရောင်ရှိသူတစ်ဦးဖြစ်စေ အရေးမကြီးဘဲ သင်သည် ဘောင်ခတ်ခံရခြင်း ပို၍ နည်းသွားမည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ဤသမ္မာတရားများကို နားမလည်ပါက အခြားလူမျိုးများမှ လူတို့ကို အမြဲ အထင်ကြီးလေ့ရှိမည် သို့မဟုတ် ၎င်းတို့ကို သင် ဉာဏ်မမီနိုင်ဟု ခံစားရပြီး ၎င်းတို့နှင့် မည်သို့မိတ်သဟာယဖွဲ့ရမည် သို့မဟုတ် ပေါင်းသင်းဆက်ဆံရမည်ကို မသိဖြစ်နေမည်။ ဤသမ္မာတရားများကို နားလည်ခြင်းက ထိုလူများနှင့် ပေါင်းသင်းဆက်ဆံရာတွင် သင်တို့ကို အထောက်အကူမပြုပေလော။ ယင်းက လူသားမျိုးနွယ်တစ်ရပ်လုံးကို မှန်ကန်သော ရပ်တည်ချက်နှင့် မှန်ကန်သော ရှုမြင်ပုံမှ ကြည့်မြင်ရန် သင်တို့ကို ကူညီလိမ့်မည်။ ဤသည်မှာ သမ္မာတရားကို နားလည်ခြင်း၏ အကျိုးကျေးဇူးဖြစ်သည်။ သင်သည် သမ္မာတရားကို နားလည်သောအခါ အမှုအရာများအပေါ် သင်၏ ရှုမြင်ပုံသည် မှန်ကန်မည်ဖြစ်ပြီး ယင်းမှာ အတော်အတန် အမြင်ကျယ်မည်ဖြစ်ကာ ထိုမျှ အမြင်ကျဉ်းမြောင်းတော့မည် မဟုတ်ပေ။ သို့တည်းမဟုတ်ပါက သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် ယုံကြည်မှု အစဉ်သဖြင့် ကင်းမဲ့နေလိမ့်မည်။ ပထမဦးစွာ သင်သည် ဘဝအတွေ့အကြုံမရှိဟု ခံစားရလိမ့်မည်။ ဒုတိယအနေဖြင့် သင်သည် လုံလောက်သော အတွေ့အကြုံများမရှိခဲ့ဟု ခံစားရလိမ့်မည်။ တတိယအနေဖြင့် သင်သည် စကားပြောမကောင်းဟု ခံစားရပြီး လူအများစု၏ အခြေအနေများကို ထွင်းဖောက်မမြင်နိုင်ဟု ခံစားရလိမ့်မည်၊ အထူးသဖြင့် သင်သည် အသက်ကြီးသူများကို မြင်သောအခါ ကြောက်ရွံ့ပြီး စိတ်လှုပ်ရှားကာ စကားမပြောရဲဖြစ်လိမ့်မည်။ အချို့လူများက “အထူးသဖြင့် သက်တမ်းကြာ ဘာသာရေးယုံကြည်သူများသည် သမ္မာကျမ်းစာ အသိပညာအချို့ ရှိသည်ကို ကျွန်ုပ်မြင်သောအခါ ၎င်းတို့အား ဧဝံဂေလိတရားကို မည်သို့ဟောပြောရမည်ကို ကျွန်ုပ်မသိတော့ဘဲ ကြောက်ရွံ့ကာ ၎င်းတို့ထက် နိမ့်ကျသည်ဟု ခံစားရသည်” ဟု ပြောကြသည်။ သင်သည် သမ္မာတရားများစွာကို နားလည်သည်၊ သို့ဆိုလျှင် သင်ကြောက်နေသည့်အရာမှာ အဘယ်နည်း။ ဤသည်မှာ ကိစ္စရပ်များကို ထွင်းဖောက်မမြင်နိုင်ခြင်း မဟုတ်လော။ လူတို့သည် သမ္မာတရားကို နားလည်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဤကိစ္စရပ်များနှင့် ပြဿနာများကို ဖြေရှင်းနိုင်သင့်ပြီး ၎င်းတို့သည် ဤအရာများ၏ ဘောင်ခတ်ခြင်းကို ခံရတော့မည်မဟုတ်ပေ။

ယနေ့ ငါတို့မိတ်သဟာယဖွဲ့ခဲ့သော အကြောင်းအရာများမှတစ်ဆင့် သင်တို့သည် မည်သည့်သမ္မာတရားကဏ္ဍများကို နားလည်ခဲ့သနည်း။ သင်တို့သည် ဘုရားသခင်၏ အလုပ်အကြောင်း၊ ဘုရားသခင်က လူတို့ကို မည်သို့ကယ်တင်ပုံ၊ လူတို့ကို ကယ်တင်သည့် ဘုရားသခင်၏ နည်းလမ်းများနှင့် ဘုရားသခင်ပြောင်းလဲသည့် လူတို့၏ ကဏ္ဍများအကြောင်း ရှင်းလင်းပြီလော။ (ရှင်းလင်းပါသည်။) ယခု သင်တို့သည် ဤအရာများကို ရှင်းလင်းပြီဖြစ်သောကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် အရာခပ်သိမ်းကို သမ္မာတရားဖြင့် အကဲဖြတ်ခြင်း၏ အရေးကြီးမှုကို သင်တို့ သာ၍ပင် မခံစားရပေလော။ (ခံစားရပါသည်။) သမ္မာတရားကို လိုက်စားခြင်းနှင့် နားလည်ခြင်းသည် အလွန်အရေးကြီးသည်ဟု သင်တို့ သာ၍ပင် မထင်ပေလော။ တစ်စုံတစ်ဦးသည် သမ္မာတရားကို နားမလည်ပါက ၎င်းသည် မည်သည့်ကိစ္စကိုမျှ ထွင်းဖောက်မမြင်နိုင်၊ လူအမျိုးအစားအားလုံးကို ထွင်းဖောက်မမြင်နိုင်၊ နိုင်ငံအားလုံးနှင့် လူမျိုးစုအားလုံးမှ လူတို့ကို ထွင်းဖောက်မမြင်နိုင်ပေ၊ ထို့ကြောင့် ၎င်းသည် လူမိုက်၊ လူအတစ်ဦး ဖြစ်သည်။ အချို့သောသူများသည် မျက်မှန်တပ်ထားသူများကို မြင်သောအခါ ထိုလူတို့သည် ပါမောက္ခများ သို့မဟုတ် ပညာတတ်များဖြစ်သည်ဟု ယူဆကြပြီး ထို့ကြောင့် ၎င်းတို့သည် ဘောင်ခတ်ခံရသည်ဟု ခံစားရကာ စကားမပြောရဲဖြစ်ကြသည်၊ အရပ်ရှည်ပြီး ရုပ်ရည်ကြည့်ကောင်းသူများကို မြင်သည့်အခါတိုင်း ၎င်းတို့သည် သူတို့ထက် နိမ့်ကျသည်ဟု ခံစားရသည်။ သမ္မာတရားကို နားလည်ပြီးနောက်တွင် လူတို့သည် အခြေခံအားဖြင့် ဤအရာများ၏ သက်ရောက်မှုကို ခံရတော့မည်မဟုတ်ပေလော။ တစ်ဖက်တွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘောင်ခတ်တော့မည်မဟုတ်၊ အခြားတစ်ဖက်တွင် ၎င်းတို့သည် လူများနှင့် အမှုအရာများနှင့် ဆက်ဆံရာတွင် မိမိတို့၏ သဘောထားနှင့် ရှုမြင်ပုံကို အတိုင်းအတာတစ်ခုအထိ တိုးတက်စေမည်ဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ ထိုးထွင်းသိမြင်မှုအချို့လည်း ရှိလာမည်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန်အတွက် အကျိုးရှိမည်ဖြစ်ပြီး အထူးသဖြင့် အဆင့်ဆင့်ရှိ ခေါင်းဆောင်များနှင့် အမှုဆောင်များ အလုပ်လုပ်ဆောင်ရာတွင် အကျိုးရှိမည်ဖြစ်သည်။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။