သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃) အပိုင်း သုံး
၂။ မိမိ၏ ကိုယ်ပိုင် ပင်ကိုအခြေအနေများကို မှန်ကန်စွာ ချဉ်းကပ်နည်း
လူတို့သည် ဘုရားသခင်၏ အလုပ်၏ ပစ်မှတ်များနှင့် စစ်မှန်သော အဓိပ္ပာယ်ကို နားလည်ပြီးနောက်တွင် မိမိတို့၏ ပင်ကိုအခြေအနေများကို မှန်ကန်စွာ ချဉ်းကပ်ရန်အလို့ငှာ မည်သို့ပြုမူဆောင်ရွက်သင့်သနည်း။ စည်းမျဉ်းမည်မျှရှိသနည်း။ (ကျွန်ုပ်စဉ်းစားနိုင်သည်များမှာ လူတို့သည် မိမိတို့၏ ပင်ကိုစရိုက်၊ အစွမ်းအစနှင့် အခြားအခြေအနေများကို မှန်ကန်စွာ ရှုမြင်သင့်သည်၊ သဘာဝလွန်အရာများကို လိုက်စားခြင်းကို ရပ်တန့်ပြီး စွမ်းအားရှင်ဖြစ်ရန် ကြိုးပမ်းခြင်းကို ရပ်တန့်သင့်သည်၊ မိမိတို့တတ်စွမ်းသမျှကို အကောင်းဆုံးလုပ်ဆောင်သင့်ပြီး မိမိတို့ လက်လှမ်းမမီသည့်အရာကို အောင်မြင်ရန် မိမိတို့ကိုယ်ကို အတင်းအကျပ်မခိုင်းသင့်ပေ။ ထိုနည်းအားဖြင့် ၎င်းတို့၏ ဘဝသည် ပို၍လွတ်မြောက်မည်ဖြစ်ပြီး ၎င်းတို့၏ လူ့သဘာဝသည် တိုး၍ ပုံမှန်ဖြစ်လာမည်ဖြစ်သည်။) ပထမဦးစွာ သင်သည် မိုက်မဲသော သို့မဟုတ် တုံးအသောအရာများကို ရှောင်ရှားလိုပါက သင်သည် သင်၏ ကိုယ်ပိုင်အခြေအနေများကို ဦးစွာနားလည်ရမည်။ သင်၏ အစွမ်းအစသည် မည်သို့ရှိသည်၊ သင်၏ အားသာချက်များမှာ အဘယ်နည်း၊ သင် မည်သည့်အရာကို ကျွမ်းကျင်ပြီး မည်သည့်အရာကို မကျွမ်းကျင်သနည်း၊ သင်၏ အသက်၊ လိင်၊ သင်ပိုင်ဆိုင်သော အသိပညာနှင့် သင်၏ ထိုးထွင်းသိမြင်မှုများနှင့် ဘဝအတွေ့အကြုံတို့ကို အခြေခံ၍ သင်လုပ်နိုင်သည့်အရာများနှင့် မလုပ်နိုင်သည့်အရာများမှာ အဘယ်အရာများဖြစ်သည်ကို နားလည်ရမည်။ ဆိုလိုသည်မှာ သင်ထမ်းဆောင်သော တာဝန်နှင့် သင်လုပ်ဆောင်သော အလုပ်တွင် သင်၏ အားသာချက်များနှင့် အားနည်းချက်များမှာ အဘယ်အရာများဖြစ်သည်ကိုလည်းကောင်း၊ သင်၏ ကိုယ်ပိုင်ပင်ကိုစရိုက်၏ ချို့ယွင်းချက်များနှင့် အားသာချက်များမှာ အဘယ်အရာများ ဖြစ်သည်ကိုလည်းကောင်း သင်ရှင်းလင်းနေသင့်သည်။ သင်သည် သင်၏ ကိုယ်ပိုင်အခြေအနေများ၊ ကောင်းကျိုးများနှင့် ချို့ယွင်းချက်များကို ရှင်းလင်းသည်နှင့်တစ်ပြိုင်နက် မည်သည့်ကောင်းကျိုးများနှင့် အားသာချက်များကို ဆက်လက်ထိန်းသိမ်းသင့်သည်၊ မည်သည့်ချို့ယွင်းချက်များနှင့် အပြစ်အနာအဆာများကို ကျော်လွှားနိုင်သည်၊ မည်သည့်အရာများကို လုံးဝကျော်လွှားနိုင်မည်မဟုတ်သည်ကို သင် ကြည့်သင့်သည်၊ သင်သည် ဤအရာများကို ရှင်းလင်းစွာ သိရှိရမည်။ ဤရှင်းလင်းမှုကို ရရှိရန်အလို့ငှာ တစ်ဖက်တွင် သင်သည် သမ္မာတရားကို ရှာဖွေသင့်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ အမှန်တကယ်အခြေအနေနှင့် နှိုင်းယှဉ်ခြင်းအားဖြင့် ဤအရာများကို ဆင်ခြင်ပြီး သိမြင်မှုရယူသင့်သည်၊ တစ်ချိန်တည်းတွင် ဤအရာများကို ထုတ်ဖော်ပေးရန် ဘုရားသခင်ထံ ဆုတောင်းသင့်သည်။ အခြားတစ်ဖက်တွင် သင်သည် သင်၏ ပတ်ဝန်းကျင်ရှိ ညီအစ်ကိုမောင်နှမများကိုလည်း မေးမြန်းနိုင်ပြီး ၎င်းတို့အား သင့်ကို သတိပေးချက်များနှင့် လမ်းညွှန်ချက်များ ပေးစေနိုင်သည်။ ထိုနည်းအားဖြင့် သင်သည် သင့်ကိုယ်သင် ပိုမိုနက်ရှိုင်းစွာ နားလည်လာမည်ဖြစ်ပြီး သင့်ကိုယ်သင် သိခြင်းကိစ္စနှင့် ပတ်သက်လာလျှင် သင့်တွင် အတွေးအခေါ်များနှင့် သဲလွန်စများ ပိုမိုရှိလာမည်ဖြစ်သည်။ လူတို့ မဖြေရှင်းနိုင်သည့် ပြဿနာအချို့ ရှိသည်။ ဥပမာအနေဖြင့် သင်သည် အခြားသူများကို စကားပြောနေချိန်တွင် စိတ်လှုပ်ရှားတတ်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အခြေအနေများနှင့် သင် ရင်ဆိုင်ရသည့်အခါ သင့်ထံတွင် ကိုယ်ပိုင် စိတ်ကူးများနှင့် ရှုထောင့်များ ရှိကောင်းရှိနိုင်သော်လည်း ယင်းတို့ကို ရှင်းလင်းစွာ သင် မပြောဆိုနိုင်ပေ။ အထူးသဖြင့် လူများစွာ ရှိနေချိန်တွင် သင် စိတ်လှုပ်ရှားသည်။ သင် ဗလုံးဗထွေးပြောဆိုပြီး သင်၏ ပါးစပ်က တုန်တုန်ယင်ယင်ဖြစ်နေသည်။ လူအချို့သည် သာ၍ပင် စကားထစ်ကြသည်။ အခြားသူများအတွက်မူ ဆန့်ကျင်ဖက်လိင်တစ်ဦး ရှိနေလျှင် ၎င်းတို့သည် ပို၍ ရှင်းလင်းစွာ မပြောနိုင်ဖြစ်ကာ မည်သည့်အရာ ပြောရမည်ကိုဖြစ်စေ၊ မည်သည့်အရာ လုပ်ဆောင်ရမည်ကိုဖြစ်စေ တကယ်ပင် မသိပေ။ ဤသည်မှာ အောင်မြင်ကျော်လွှားရန် လွယ်ကူသလော။ (မလွယ်ကူပါ။) ဤချို့ယွင်းချက်သည် သင်၏ ပင်ကိုအခြေအနေများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သောကြောင့် အနည်းဆုံးအားဖြင့် ကာလတိုအတွင်း၌ ယင်းကို ကျော်လွှားနိုင်ရန် မလွယ်ကူလှပေ။ လအနည်းငယ် လေ့ကျင့်ပြီးသည့်နောက်တွင်ပင် သင်တို့သည် စိတ်လှုပ်ရှားနေဆဲဖြစ်ပါက ထိုစိတ်လှုပ်ရှားမှုသည် ဖိအားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ပြီး ထိုဖိအားကြောင့် သင်သည် စကားပြောဆိုရန်၊ လူများနှင့် တွေ့ဆုံရန်၊ စုဝေးပွဲများ တက်ရောက်ရန် သို့မဟုတ် တရားဒေသနာဟောကြားရန် ကြောက်ရွံ့လာကြလိမ့်မည်၊ ထို့ပြင် ဤကြောက်ရွံ့မှုများက သင့်ကို လွှမ်းမိုးဖိစီးသွားလိမ့်မည်။ သို့ဆိုလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင့်အနေဖြင့် ဤပြဿနာကို တွေးဆကာ အခြားသူများနှင့် ဆွေးနွေးပြောဆိုနိုင်သည်။ အခြားသူများက ဤပြဿနာကို ကြုံရသည့်အခါ မည်သည့် စိတ်ဓာတ်ရှိပြီး မည်သို့ ဖြေရှင်းသည်ကို ကြည့်လော့။ ထို့နောက်တွင် သင်သည်လည်း ဤသို့ သင့်ဘာသာ လက်တွေ့လုပ်ဆောင်သင့်ပေသည်။ ယနေ့စုဝေးပွဲအတွင်း သင်သည် အတော်လေး ကောင်းမွန်သော အခြေအနေတွင် ရှိသည် ဆိုကြပါစို့၊ သင်သည် ပျော်ရွှင်သော စိတ်နေစိတ်ထားတွင် ရှိပြီး ထို့ထက်မက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းဖြင့်လည်း စိတ်နှိုးဆော်ခံရကာ သင့်ကိုယ်သင် ဖော်ပြလိုသော ထူးခြားသောဆန္ဒတစ်ခုကို ခံစားရသည်။ ယင်းမှာ လူအနည်းငယ်သာရှိသော အဖွဲ့ငယ်စုဝေးပွဲတစ်ခု ဖြစ်နေသောကြောင့် သင်သည် စကားအနည်းငယ်ကို မိတ်သဟာယဖွဲ့ကြည့်ရာ အတော်လေး ကောင်းသည်ဟု ခံစားရပြီး စိတ်မလှုပ်ရှားပေ။ ဤအခြေအနေတွင် သင်သည် မည်သည့်ဖိအားအောက်တွင်မှ မရှိဘဲ လုံးဝ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသည့်အခါ သင်သည် သင့်ကိုယ်သင် အလွန်ကောင်းမွန်စွာ လွတ်လွတ်လပ်လပ် ဖော်ပြပြီး လူတိုင်းသည် ယင်းကြောင့် အမှန်တကယ် စိတ်နှိုးဆော်ခံရကာ တည်ဆောက်ခြင်းခံရသည်။ ဤသည်မှာ တိုးတက်မှုမဟုတ်လော။ လူအနည်းငယ်သာရှိသော အဖွဲ့ငယ်စုဝေးပွဲများတွင် စကားပြောခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းကို စတင်လေ့ကျင့်လော့၊ ပြီးလျှင် တဖြည်းဖြည်း သင်သည် ပုံမှန်စကားပြောနိုင်လာမည်ဖြစ်ပြီး သင်၏ စိတ်လှုပ်ရှားမှုများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မည်။ ဤနည်းလမ်းဖြင့် လေ့ကျင့်ခြင်းသည် အကောင်းဆုံးရလဒ်များကို ရရှိစေလိမ့်မည်။ ပထမဦးစွာ သင်၏ ဤအပြစ်အနာအဆာကို ကျော်လွှားရန်အလို့ငှာ သင်သည် စကားစမြည်ပြောနေသည့်အလား ကောက်ကာငင်ကာ စကားပြောခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းဖြင့် ဤအရာကို လေ့ကျင့်ရန် လူအနည်းငယ်သာရှိသော အဖွဲ့ငယ်စုဝေးပွဲ သို့မဟုတ် ပေါ့ပေါ့ပါးပါး အခြေအနေတစ်ခုကို ရွေးချယ်လော့။ တစ်ခါတစ်ရံ တစ်မိနစ်ခန့် စကားပြောပြီးနောက် သင်သည် အနည်းငယ် စိတ်လှုပ်ရှားသည်ဟု ခံစားရနိုင်သည်၊ သင်စကားများများပြောလေ ယုံကြည်မှုနည်းလာလေဟု ခံစားရနိုင်ပြီး သင်ဆက်ပြောလေ ပြောစရာနည်းလာလေ ဖြစ်နိုင်သည်၊ ထိုသို့သောအခြေအနေများတွင် နောက်ထပ်စကားမပြောတော့ဘဲ လျင်မြန်စွာ အဆုံးသတ်ပြီး ရပ်တန့်လိုက်လော့။ တစ်ခါတစ်ရံ သင်သည် ခဏတာစကားပြောပြီးနောက် လူတိုင်းသည် နားထောင်လိုစိတ်ရှိပြီး အလွန်လွတ်မြောက်သည်ဟု ခံစားရနိုင်သည်၊ ထိုသို့သော ဝန်းကျင်တွင် သင်၏ စိတ်လှုပ်ရှားမှုများနှင့် ဖိစီးမှုများသည် သင်သတိမထားမိဘဲ ပျောက်ကွယ်သွားလိမ့်မည်။ ထိုသို့သော အခြေအနေများအောက်တွင်သာ သင်၏ ဤပျော့ကွက်သည် တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာနိုင်သည်၊ သို့သော် ယင်းကို ကျော်လွှားနိုင်မည်မဟုတ်ပေ။ တစ်လကြာ လေ့ကျင့်ပြီးနောက်တွင် သင်၏ အခြေအနေက များစွာ မတိုးတက်သေးဘဲသင်၏ စိတ်နှလုံးတွင် ဖိအားတစ်မျိုးဖြစ်ပေါ်ကာ သင့်ကို ပိုစိတ်လှုပ်ရှားသည်ထက် စိတ်လှုပ်ရှားစေလျက်၊ ယင်းက သင်၏ ပုံမှန် အလုပ်၊ ဘဝနှင့် တာဝန်ထမ်းဆောင်မှုတို့ကို ထိခိုက်စေလျှင် သင် ဆက်လေ့ကျင့်ရန် မလိုအပ်ပေ။ သင်၏ တာဝန်ကို ပုံမှန်ထမ်းဆောင်နိုင်လျှင် လုံလောက်၏။ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းကိုသာ အာရုံစိုက်လော့။ ဤသည်မှာ မှန်၏။ ထိုချို့ယွင်းချက်၊ ထိုအားနည်းချက်ကို သင်၏စိတ်နှလုံးထဲ၌ စွဲမှတ်ထားလော့၊ ဘုရားသခင်ထံသို့ တိတ်တဆိတ် ဆုတောင်းလော့၊ ထို့နောက် စကားလုံးတိုင်းကို ရှင်းလင်းပြတ်သားစွာ ဆို၍ အစီအစဉ်တကျ ရှင်းလင်းစွာ ပြောဆိုခြင်းဖြင့် သင်ပြောလိုသည့်အရာကို ဖော်ပြလျက် လူအများနှင့် စကားပြောဆိုပြီး ပေါင်းသင်းဆက်ဆံရာတွင် ကြိုးစားဆောင်ရွက်ရန် သင့်တော်သော အခါအခွင့်များကို ကြိုးစားရှာဖွေလော့။ ဤနည်းဖြင့် သင်၏ ချို့ယွင်းချက်၊ ဤအပြစ်အနာအဆာသည် တဖြည်းဖြည်း သက်သာသွားလိမ့်မည်။ တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် ကြာပြီးနောက်တွင် သင်သည် အသက်အရွယ်အရ ပိုမိုရင့်ကျက်လာနိုင်ပြီး သင်၏ ပတ်ဝန်းကျင်ရှိ လူများနှင့် ပိုမိုရင်းနှီးကျွမ်းဝင်လာနိုင်ကာ သူတို့၏ စိုက်ကြည့်မှုများ၊ သဘောထားအမြင်များနှင့် လူများအားလုံးနှင့် အတူရှိနေချိန်တွင် ဖြစ်ပေါ်လာသော အငွေ့အသက်တို့သည် သင့်အပေါ် ဖိအားပေးမှု၊ ချည်နှောင်မှု သို့မဟုတ် ဘောင်ခတ်မှုတို့ကို ဖြစ်ပေါ်စေတော့မည် မဟုတ်ဘဲ ထိုအခါ ဤလူများ၏အလယ်တွင် သင်၏ ချို့ယွင်းချက်ကို ကျော်လွှားဖြေရှင်းနိုင်ပေလိမ့်မည်။ ဤသည်ကား ဤချို့ယွင်းချက်ကို အပြင်းထန်ဆုံးပုံစံဖြင့် ခံစားရသော လူစားမျိုးဖြစ်၏။ သူတို့သည် ထိုကဲ့သို့သော ပတ်ဝန်းကျင်များတွင် ကာလရှည်ကြာ ကြံ့ခိုင်ဖွံ့ဖြိုးအောင် လုပ်ခြင်းနှင့် လေ့ကျင့်ခြင်းတို့အားဖြင့်သာလျှင် ယင်းကို ကျော်လွှားနိုင်ကြပေမည်။ ၃လမှ ၅ လကြာ တိုတောင်းသော ကာလတွင် ဤအပြစ်အနာအဆာကို တဖြည်းဖြည်း ဖြေရှင်းကြသည့် လူများလည်းရှိသည်မှာ အမှန်ဖြစ်၏။ ၎င်းတို့သည် အခမ်းအနားကြီးများကို ရင်ဆိုင်ရသည့်အခါတွင်မှလွဲ၍ ပုံမှန် အခြေအနေများတွင် အခြားသူများနှင့် ဆက်ဆံကာ စကားပြောသည့်အခါ စိတ်မလှုပ်ရှားကြပေ။ ထို့ကြောင့် အချိန်တိုတိုဖြင့် ဤချို့ယွင်းချက်၊ ဤအပြစ်အနာအဆာကို သင် အောင်မြင်ကျော်လွှားနိုင်လျှင် ထိုသို့လုပ်ဆောင်လော့။ အောင်မြင်ကျော်လွှားရန် ခက်ခဲလျှင် ဒုက္ခမခံနှင့်။ ထိုအရာကို မတွန်းလှန်နှင့်။ သင့်ကိုယ်သင် အခက်မတွေ့စေနှင့်။ ထိုအရာကို သင် အောင်မြင်ကျော်လွှားနိုင်ခြင်း မရှိလျှင် အပျက်သဘောမဆောင်သင့်သည်မှာ အမှန်ဖြစ်၏။ သင်၏ တစ်သက်တာတွင် ထိုအရာကို သင် လုံးဝ အောင်မြင်ကျော်လွှားနိုင်ခြင်း မရှိလျှင်ပင် ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မဟုတ်သည့်အတွက် ဘုရားသခင်က သင့်ကို ရှုတ်ချလိမ့်မည် မဟုတ်။ သင်၏ စင်မြင့်ကြောက်ခြင်း၊ သင်၏ စိတ်လှုပ်ရှားခြင်းနှင့် အကြောက်တရားဖြစ်သည့် ဤသရုပ်သကန်များသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မထင်ဟပ်ပေ။ ယင်းတို့သည် မွေးရာပါဖြစ်စေ၊ ဘဝတွင် နောက်ပိုင်း၌ ပတ်ဝန်းကျင်ကြောင့် ဖြစ်ပေါ်သည်ဖြစ်စေ၊ ယင်းတို့သည် အလွန်ဆုံးအနေဖြင့် သင့်လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု၊ အပြစ်အနာအဆာတစ်ခု ဖြစ်သည်။ ရေရှည်တွင်ဖြစ်စေ၊ သင်၏တစ်သက်တာတွင်ပင်ဖြစ်စေ ထိုအရာကို သင် မပြောင်းလဲနိုင်လျှင် ထိုအရာကို တဝဲလည်လည် မတွေးနှင့်။ သင့်အား ဘောင်ခတ်ခွင့် မပေးနှင့်။ ပြီးလျှင် ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မဟုတ်သည့်အတွက် ထိုအရာကြောင့် သင် အပျက်သဘောမဆောင်သင့်ပေ။ ထိုအရာကို ပြောင်းလဲရန် သို့မဟုတ် ထိုအရာကို တွန်းလှန်ရန် ကြိုးစားရာတွင် အသုံးဝင်မှု မရှိပေ။ ထိုအရာကို သင် မပြောင်းလဲနိုင်လျှင်၊ လက်ခံလော့။ ထိုအရာကို တည်ရှိခွင့်ပေးကာ မှန်မှန်ကန်ကန် သဘောထားလော့။ အဘယ်ကြောင့်ဆိုသော် သင်သည် ဤချို့ယွင်းချက်၊ ဤအပြစ်အနာအဆာနှင့်အတူ ယှဉ်တွဲနေထိုင်နိုင်သောကြောင့် ဖြစ်သည်။ သင့်ထံတွင် ထိုအရာရှိခြင်းသည် သင်၏ ဘုရားသခင်နောက် လိုက်လျှောက်ခြင်းနှင့် သင်၏ တာဝန်များကို ထမ်းဆောင်ခြင်းတို့အား မထိခိုက်ပေ။ သမ္မာတရားကို သင် လက်ခံကာ သင်၏ တာဝန်များကို အစွမ်းကုန် ထမ်းဆောင်သရွေ့၊ သင် ကယ်တင်ခံရနိုင်သေး၏။ ထိုအရာသည် သင်၏ သမ္မာတရားလက်ခံခြင်းအား မထိခိုက်သကဲ့သို့ သင်၏ ကယ်တင်ခြင်း ရရှိခြင်းကို မထိခိုက်ပေ။ ထို့ကြောင့် သင်သည် သင်၏ လူ့သဘာဝတွင်ရှိသည့် ချို့ယွင်းချက် သို့မဟုတ် အပြစ်အနာအဆာတစ်ခုခုအားဖြင့် မကြာခဏ ဘောင်ခတ်မခံရသင့်သကဲ့သို့ မကြာခဏ အပျက်သဘောဆောင်ကာ စိတ်ဓာတ်မကျသင့်ပေ၊ သို့မဟုတ် ထိုအကြောင်းရင်းကြောင့်ပင် သင်၏ တာဝန်ကိုပင်လျှင် စွန့်လွှတ်ကာ သမ္မာတရား လိုက်စားခြင်းအား လက်လျှော့၍ ကယ်တင်ခံရမည့် အခွင့်အရေးဖြင့် မလွဲချော်သင့်ပေ။ ထိုအရာသည် လုံးဝ မတန်ပေ။ ယင်းမှာ မိုက်မဲသည့်၊ မသိနားမလည်သော လူများ လုပ်ဆောင်မည့်အရာ ဖြစ်သည်။
လူအချို့သည် သီချင်းဆိုသောအခါ အနေတော်ကီးကိုသာ သီဆိုနိုင်ပြီး မည်မျှပင် လေ့ကျင့်သည်ဖြစ်စေ မြင့်သောကီးများကို မသီဆိုနိုင်ကြပေ။ သို့ဆိုလျှင် ဤအရာနှင့်ပတ်သက်၍ အဘယ်အရာ လုပ်ဆောင်နိုင်သနည်း။ အနေတော်ကီးနှင့် နိမ့်သောကီး အတိုင်းအတာအတွင်းရှိ သံစဉ်များကိုသာ ဆိုလော့။ ထိုသံစဉ်များကို ကောင်းစွာဆိုနိုင်ရုံမျှဖြင့် အဆင်ပြေပါသည်။ သင်က “ကျွန်ုပ်သည် အနေတော်ကီးများကို ကောင်းစွာ ဆိုနိုင်ပါသည်။ ကျွန်ုပ်သည် မြင့်သောကီးများကို ဆိုနိုင်ရန် ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ချင်သည်” ဟုဆိုလျက် သင့်ကိုယ်သင် အဆက်မပြတ် စိန်ခေါ်လိုလျှင် သင်သည် ဤစိန်ခေါ်မှုတွင် အောင်မြင်လျှင်ပင် အဓိပ္ပာယ်မဲ့မည်ဖြစ်ပြီး သင်သည် သမ္မာတရားကို ရရှိပြီးဖြစ်သည်ဟု ဆိုလိုမည်မဟုတ်ပေ။ အလွန်ဆုံးအနေဖြင့် သင်သည် အပိုစွမ်းရည်တစ်ခုကို ရရှိခဲ့သည်၊ အပိုတာဝန်တစ်ခုကို ထမ်းဆောင်နိုင်သည်၊ သီချင်းအချို့ကို ပို၍ဆိုနိုင်သည်၊ အနည်းငယ်ပို၍ ထင်ပေါ်ကျော်ကြားနိုင်သည်ဟုသာ ဆိုလိုပေမည်။ ထိုသို့ဖြစ်လျှင်လည်း အဘယ်အရာ ဖြစ်မည်နည်း။ ပို၍ ထင်ပေါ်ကျော်ကြားခြင်းက သင်သည် သမ္မာတရားကို ပို၍ လက်တွေ့လုပ်ဆောင်နေသည်ဟု ဆိုလိုသလော။ ဤအရာနှစ်ခုကြားတွင် ဆက်စပ်မှုတစ်ခု ရှိသလော။ (မရှိပါ။) သင်သည် အနေတော်ကီးများကို ဆိုနိုင်လျှင် ယင်းတို့ကို ကောင်းစွာဆိုလော့။ သင်သည် မြင့်သောကီးများကို ကောင်းစွာမဆိုနိုင်သော်လည်း ယင်းတို့ကိုဆိုရန် အားစိုက်၍ မရမကဆိုပြီး နောက်ဆုံးတွင် ယင်းတို့ကို မှန်ကန်စွာ မဆိုနိုင်ဘဲ ပင်ပန်းနွမ်းနယ်မှုကြောင့်လည်း သင့်ကိုယ်သင် ဖျားနာစေသည်ဆိုလျှင် ဘုရားသခင်သည် ဤအရာကို အမှတ်ရမည် မဟုတ်ပေ။ သင်သည် မြင့်သောကီးများကို၊ သို့မဟုတ် အနေတော်ကီးများကို ဆိုနိုင်သည်ဖြစ်စေ အရေးမကြီးပေ၊ သင်သည် ကောင်းစွာသီဆိုနိုင်သရွေ့ သင်၏ တာဝန်တွင် သစ္စာစောင့်သိပြီး သင်၏ အစွမ်းရှိသမျှကို ပေးသရွေ့ ဝတ်ကျေတမ်းကျေလုပ်ခြင်းမရှိဘဲ၊ သို့မဟုတ် ကောက်ကျစ်စဉ်းလဲပြီး ခိုကပ်ခြင်းမရှိဘဲ၊ သို့မဟုတ် ဒုစရိုက်အမှုများကို ထင်ရာစိုင်းကျူးလွန်ခြင်းမရှိဘဲ၊ သို့မဟုတ် ဟိတ်ကြီးဟန်ကြီးနိုင်သော အတွေးအခေါ်များကို လေကြီးမိုးကြီး ပြောခြင်းမရှိဘဲ နည်းစနစ်ပိုင်းတွင်ဖြစ်စေ၊ စိတ်ခံစားမှုပိုင်းတွင်ဖြစ်စေ၊ အသံအရည်အသွေးပိုင်းတွင်ဖြစ်စေ၊ သံစဉ်ပိုင်းတွင်ဖြစ်စေ စံမီပြီး လှပကာ နှလုံးသားကိုထိစေသည့် နည်းလမ်းဖြင့် သီဆိုရန်နှင့် လူတို့ကို တို့ထိနိုင်ပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် လူတို့၏ စိတ်နှလုံးများကို ငြိမ်သက်စေနိုင်ကာ သင့်ကို နားထောင်သောအခါ လူတို့ကို တည်ဆောက်မှုဖြစ်စေနိုင်သည့် နည်းလမ်းဖြင့် သီဆိုရန် ကြိုးပမ်းနေသရွေ့ ဤသည်မှာ စံနှုန်းပြည့်မီသော နည်းလမ်းဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်သည်။ သင်သည် သင်၏ ကန့်သတ်ချက်များကို အမြဲ စိန်ခေါ်လိုလျှင်လည်းကောင်း၊ အစဉ်သဖြင့် စံချိန်သစ်တင်ရန်နှင့် သင့်ကိုယ်သင် တိုးတက်သည်ထက် တိုးတက်အောင်လုပ်ဖို့ အမြဲလိုလားနေလျှင်လည်းကောင်း ဤသည်မှာ သင်၏ စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ထုတ်ဖော်နေခြင်းဖြစ်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်း မဟုတ်ပေ။ သင်သည် သင်၏ ကိုယ်ပိုင်အလုပ်ကို ကောင်းစွာ လုပ်ဆောင်ပြီးနောက်တွင်လည်းကောင်း၊ သင်အောင်မြင်နိုင်သည့်အရာကို ကောင်းစွာ လုပ်ဆောင်ပြီးနောက်တွင်လည်းကောင်း သင်၏ အားလပ်ချိန်၌ သင်၏ တာဝန်အတွက် အသုံးဝင်သောအရာတစ်ခုခုကို သင်ယူခြင်းသည် အဆင်ပြေပါသည်၊ သို့သော် ဤသည်မှာ ဘုရားသခင် တောင်းဆိုသည့်အရာ မဟုတ်ပေ။ သင်သည် အနေတော်ကီးများကို ကောင်းစွာဆိုပြီး သင်၏ အားလပ်ချိန်တွင် မြင့်သောကီးများကို ဆိုရန် လေ့ကျင့်သည် ဆိုပါစို့။ အချိန်ကာလတစ်ခုကြာပြီးနောက် သင်သည် စံချိန်သစ်တင်ပြီး နှစ်နှစ် သို့မဟုတ် သုံးနှစ်ကြာ ကြိုးစားလုပ်ဆောင်ပြီးနောက်တွင် သင်သည် မြင့်သောကီးများကိုလည်း ကောင်းစွာသီဆိုနိုင်လာသည်။ သင်သည် အနေတော်ကီးနှင့် မြင့်သောကီး နှစ်မျိုးလုံးကို ဆိုနိုင်ပြီး ဤတာဝန်နှစ်ခုလုံးကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်သည်၊ သင်သည် ဤတာဝန်နှစ်ခုလုံးကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ ထမ်းဆောင်နိုင်ပြီး ဝတ်ကျေတမ်းကျေလုပ်ခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်း သို့မဟုတ် ခိုကပ်ခြင်း သို့မဟုတ် ဟိတ်ကြီးဟန်ကြီးနိုင်သော အတွေးအခေါ်များကို ထုတ်ပြောခြင်းမရှိဘဲ သင်၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် သီဆိုနိုင်သည် ဆိုပါစို့။ ဤသည်မှာ သာ၍ပင် ကောင်းမွန်သည်၊ ယင်းမှာ ကောင်းမှုတစ်ခုဖြစ်ပြီး ဘုရားသခင်သည် ယင်းကို အမှတ်ရပေမည်။ သို့သော် သင်သည် ဤအရာကို မအောင်မြင်နိုင်ဘဲ “ဘုရားသခင်က ကျွန်ုပ်အပေါ် မျှော်လင့်ချက်ကြီးကြီးထားသည်၊ ကျွန်ုပ်က အနေတော်ကီးများသာဆိုလျှင် ကောက်ကျစ်စဉ်းလဲပြီး ခိုကပ်နေခြင်း မဟုတ်လော။ ဘုရားသခင် စိတ်ကျေနပ်မှုမရှိပါ” ဟု အမြဲတွေးနေသေးသည် ဆိုပါစို့။ ယင်းမှာ သင်၏ ကိုယ်ပိုင်စိတ်ကူး ဖြစ်သည်။ သင်သည် ဘုရားသခင်အကြောင်းကို မှန်းဆနေခြင်းဖြစ်ပြီး “မြင့်မြတ်သူကို ယုတ်ညံ့သူ၏ စံနှုန်းများဖြင့် အကဲဖြတ်ခြင်း” ကို ကျင့်သုံးနေခြင်း ဖြစ်သည်။ ဘုရားသခင်သည် သင့်အပေါ်၌ ထိုသို့သော တောင်းဆိုချက်များကို မထားရှိခဲ့ပေ။ ဘုရားသခင် သင့်ထံမှ တောင်းဆိုသည့်အရာမှာ သင်၏ ပင်ကို အစွမ်းအစနှင့် စွမ်းရည်များ၏ အတိုင်းအတာအတွင်း သင်လုပ်ဆောင်သင့်သည့်အရာကို ကောင်းစွာ လုပ်ဆောင်ရန်ဖြစ်ပြီး သင်သည် ယင်းကို ဘုရားသခင် တောင်းဆိုသော စည်းမျဉ်းများနှင့်အညီ ကောင်းစွာ လုပ်ဆောင်လျှင် ဘုရားသခင်သည် သင့်အား အမှတ်ပြည့် ပေးပြီးဖြစ်ပေမည်။ သို့သော် သင်အောင်မြင်နိုင်သည့်အရာကို ကောင်းစွာလုပ်ဆောင်ရန် သင်မကြိုးစားလျှင်လည်းကောင်း၊ သင်သည် ယင်းကို စည်းမျဉ်းများနှင့်အညီ မလုပ်ဆောင်လျှင်လည်းကောင်း၊ သင်သည် အမြဲ ကောက်ကျစ်စဉ်းလဲပြီး ခိုကပ်ကာ ဟိတ်ကြီးဟန်ကြီးနိုင်သော အတွေးအခေါ်များကို အမြဲလေကြီးမိုးကြီး ပြောလိုနေလျှင်လည်းကောင်း၊ သင်သည် အမျိုးမျိုးသော သီဆိုခြင်းနည်းစနစ်များကို မလေ့ကျင့်ဘဲ သင်၏ ကန့်သတ်ချက်များကို စိန်ခေါ်လိုနေသေးလျှင်လည်းကောင်း သင် ဤသို့ပြုမူခြင်းသည် ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းဖြစ်ပြီး မာနထောင်လွှားမှုနှင့် မသိနားမလည်မှု၏ သရုပ်သကန်တစ်ခုဖြစ်ကာ ဘုရားသခင်သည် နှစ်သက်မည်မဟုတ်ပေ။ ဘုရားသခင်က “ဤလူသည် အနေတော်ကီးများကို ဆိုနိုင်ပြီး မြင့်သောကီးများကိုလည်း ဆိုရန် ကြိုးစားနေသည်။ သူသည် အမြင့်သံများကို ကောင်းစွာ မဆိုနိုင်သော်လည်း ဤသည်မှာ သူ့ဘက်မှ အတော်လေး စေတနာရှိခြင်းဖြစ်ပြီး ယင်းသည် လုံလောက်ပြီ” ဟု လုံးဝပြောဆိုမည် မဟုတ်ပေ။ ဘုရားသခင်သည် သင့်ကို ထိုနည်းလမ်းဖြင့် ရှုမြင်မည်မဟုတ်သောကြောင့် သင့်ကိုယ်သင် ကျေနပ်မနေနှင့်။ ဘုရားသခင်က သင်သည် မိမိ၏နေရာနှင့်အညီ ကျင့်ကြံပြုမူခြင်း ရှိမရှိနှင့် သင်သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ကောင်းစွာထမ်းဆောင်သူတစ်ဦး ဟုတ်မဟုတ်ကိုသာ စောင့်ကြည့်လေ့လာသည်။ ဘုရားသခင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သူ သင့်အား ပေးထားသော ပင်ကိုအခြေအနေများအောက်၌ သင်၏ စိတ်နှလုံးနှင့် အစွမ်းသတ္တိ အားလုံးကို အသုံးပြုခြင်း ရှိမရှိနှင့် သင်သည် စည်းမျဉ်းများနှင့်အညီ ပြုမူပြီး ဘုရားသခင် အလိုရှိသောရလဒ်များကို ရရှိအောင်မြင်ခြင်း ရှိမရှိကို စောင့်ကြည့်လေ့လာသည်။ သင်သည် ဤအရာအားလုံးကို ပြီးမြောက်အောင်မြင်နိုင်လျှင် ဘုရားသခင်သည် သင့်အား အမှတ်ပြည့်ပေးသည်။ သင်သည် အမှုအရာများကို ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ မလုပ်ဆောင်ဘဲ သင်ကြိုးစားပြီး အားထုတ်လျှင်ပင် သင်လုပ်ဆောင်သမျှ အားလုံးသည် သင့်ကိုယ်သင် ကြွားလုံးထုတ်ပြီး ကိုယ်ရည်သွေးခြင်းသာဖြစ်ကာ သင်သည် သမ္မာတရား စည်းမျဉ်းများနှင့်အညီ မလုပ်ဆောင် သို့မဟုတ် သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် သင်၏ စိတ်နှလုံးနှင့် အစွမ်းသတ္တိအားလုံးကို မပေးဟုဆိုပါစို့။ ထိုသို့ဆိုလျှင် သင်၏ သရုပ်သကန်များနှင့် အပြုအမူသည် ဘုရားသခင်အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်။ အဘယ်ကြောင့် ဘုရားသခင်က ယင်းတို့ကို စက်ဆုပ်ရွံရှာသနည်း။ ဘုရားသခင်က သင်သည် လုပ်သင့်လုပ်ထိုက်သော တာဝန်များအပေါ် အာရုံမစိုက်၊ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ သို့မဟုတ် ဉာဏ်စွမ်းရှိသမျှ မထည့်ထားဘဲ လမ်းကြောင်းမှန်ကို မလိုက်လျှောက်ဟု မိန့်တော်မူသည်။ ဘုရားသခင် သင့်အား ပေးထားသော အစွမ်းအစ၊ ဆုကျေးဇူးများနှင့် ပင်ကိုစွမ်းရည်များသည် လုံလောက်ပြီးဖြစ်သည်၊ သင်ကသာ စိတ်ကျေနပ်မှုမရှိခြင်း၊ သင်၏ တာဝန်ကို စိတ်ရောကိုယ်ပါ သစ္စာမစောင့်သိခြင်း၊ သင်၏နေရာကို မည်သည့်အခါမျှ မသိခြင်း၊ ဟိတ်ကြီးဟန်ကြီးနိုင်သော အတွေးအခေါ်များကို လေကြီးမိုးကြီး ပြောပြီး ကိုယ်ရည်သွေးရန် အမြဲလိုလားနေခြင်းဖြစ်ပြီး နောက်ဆုံးတွင် သင်၏ တာဝန်များကို ကမောက်ကမဖြစ်စေသည်။ သင်သည် ဘုရားသခင် သင့်အား ပေးထားသော အစွမ်းအစ၊ ဆုကျေးဇူးများနှင့် ပင်ကိုစွမ်းရည်များကို အသုံးမချခဲ့ပေ၊ သင်သည် အပြည့်အဝ အားမထုတ်ခဲ့သကဲ့သို့ မည်သည့်ရလဒ်ကိုမျှ မရရှိခဲ့ပေ။ သင်သည် အတော်လေး အလုပ်များနေနိုင်သော်လည်း ဘုရားသခင်က သင်သည် ကိုယ့်နေရာကိုယ် သိကာ မိမိ၏ လုပ်သင့်လုပ်ထိုက်သော လုပ်ငန်းဆောင်တာများကို အာရုံစိုက်သော လူတစ်ဦးမဟုတ်ဘဲ လူပြက်တစ်ဦးကဲ့သို့ ဖြစ်သည်ဟု မိန့်တော်မူသည်။ ဘုရားသခင်သည် ထိုသို့သောလူများကို မနှစ်သက်ပေ။ ထို့ကြောင့် သင်၏ အစီအစဉ်များနှင့် ပန်းတိုင်များက မည်သို့ပင်ဖြစ်စေ၊ အဆုံးတွင် သင်သည် ဘုရားသခင် သင့်အား ပေးထားသော ပင်ကို အစွမ်းအစ၊ ဆုကျေးဇူးများ၊ ပင်ကိုစွမ်းရည်များ၊ လုပ်နိုင်စွမ်းများနှင့် အခြားအခြေအနေများကို အခြေခံ၍ သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှတို့ဖြင့် ဘုရားသခင် တောင်းဆိုသော စည်းမျဉ်းများနှင့်အညီ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းသို့ မရောက်လျှင် ဘုရားသခင်သည် သင်လုပ်ဆောင်ခဲ့သည့်အရာကို အမှတ်ရမည်မဟုတ်ဘဲ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်း မဟုတ်ဘဲ မကောင်းမှုကို ပြုနေခြင်းသာ ဖြစ်ပေလိမ့်မည်။
သင်၏ ပင်ကိုအခြေအနေများဖြစ်သော သင်၏ ကိုယ်ပိုင်အခြေအနေများ၊ အားသာချက်များနှင့် ချို့ယွင်းချက်များကို မှန်ကန်စွာ ချဉ်းကပ်နည်းအတွက် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းကို သင် နားလည်ပြီလော။ (နားလည်ပါပြီ။) ပထမအဆင့်မှာ အဘယ်အရာနည်း။ ပထမဦးစွာ ဘုရားသခင် သင့်အား ပေးထားသော ပင်ကိုနှင့် ရှိရင်းစွဲ ဆုကျေးဇူးများ၊ စွမ်းရည်များနှင့် အားသာချက်များအပြင် သင်ရယူအောင်မြင်နိုင်သည့် နည်းပညာပိုင်းဆိုင်ရာ သို့မဟုတ် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို အပြည့်စုံဆုံး အသုံးချလော့၊ ထိမ်ချန်မထားနှင့်။ ဤအရာအားလုံးနှင့်ပတ်သက်၍ သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်စေပြီးဖြစ်သည့်အပြင် သင်သည် တစ်ဆင့်ထက်တစ်ဆင့် ပို၍မြင့်မားလာနိုင်သေးသည်ဟု ခံစားရလျှင် သင်၏ အစွမ်းအစက အောင်မြင်နိုင်သည့် အတိုင်းအတာအတွင်း သင်တိုးတက်နိုင်သော သို့မဟုတ် စံချိန်သစ်တင်နိုင်သော မည်သည့် နည်းပညာပိုင်းဆိုင်ရာ သို့မဟုတ် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ ရှိသည်ကို ကြည့်ရှုလော့။ သင်၏ ကိုယ်ပိုင်အစွမ်းအစဖြင့် သင်ရရှိနိုင်သည့်အရာကို အခြေခံ၍ ဆက်လက်သင်ယူပြီး တိုးတက်နိုင်သည်။ သို့ဆိုလျှင် ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်သည့် မိမိ၏ အယူအဆများနှင့် စိတ်ကူးများကို စွန့်လွှတ်ရန် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ပထမဦးစွာ သင်သည် သင်၏ ပင်ကိုအခြေအနေများကား အဘယ်အရာဖြစ်သည်၊ ဘုရားသခင်က သင့်အား အဘယ်အရာ ပေးထားသည်၊ သင်သည် ဤအရာများကို မည်သို့ အသုံးပြုသင့်သည်၊ ယင်းတို့၏ အလားအလာအပြည့်အဝကို မည်သို့ ထုတ်ဖော်စေပြီး ယင်းတို့ကို အပြည့်စုံဆုံး အသုံးချကာ သင်၏ တာဝန်ကို သစ္စာစောင့်သိ၍ ထမ်းဆောင်ခြင်းသို့ ရောက်လာရန်အတွက် ယင်းတို့ကို အတားအဆီးများအဖြစ်သို့ ပြောင်းလဲမည့်အစား အခြေခံအခြေအနေများအဖြစ်သို့ မည်သို့ ပြောင်းလဲရမည်ကို နားလည်ရမည်။ သင်သည် ကိုယ့်အားသာချက်များကို နားလည်ပြီး ယင်းတို့ကို အသုံးချလော့။ သင်၏ ကိုယ်ပိုင်ဟာကွက်များနှင့် ချို့ယွင်းချက်များကို နားလည်ပြီး အချိန်တိုအတွင်း ပြောင်းလဲနိုင်လျှင် ပြောင်းလဲလော့၊ ပြောင်းလဲရန် မလွယ်ကူလျှင် သင်၏ တာဝန်ကို ထမ်းဆောင်သည့် ဖြစ်စဉ်တွင် ယင်းတို့ကို ခလုတ်တံသင်းများ သို့မဟုတ် အတားအဆီးများ မဖြစ်စေနှင့်၊ ယင်းတို့၏ ဘောင်ခတ်ခြင်း သို့မဟုတ် လွှမ်းမိုးခြင်းကို မခံနှင့်၊ ယင်းတို့၏ ချည်နှောင်ခြင်း သို့မဟုတ် လက်ခြေများ ချည်နှောင်ခံရခြင်းကို မခံနှင့်။ ဥပမာအားဖြင့် သင်သည် ကျန်းမာရေးမကောင်းဘဲ အားနည်းသော ကိုယ်ခန္ဓာဖြင့် မွေးဖွားလာပြီး ဤအရာကို အဆက်မပြတ် ကျော်လွှားလိုကာ ပုံမှန်လူတစ်ဦးကဲ့သို့ စားနိုင်၊ သောက်နိုင်ပြီး ညဉ့်နက်သည်အထိ နေနိုင်လိုသော်လည်း ဘုရားသခင်က သင့်အား ထိုအရင်းအနှီးကို မပေးခဲ့ဟု ဆိုကြပါစို့။ သို့ဆိုလျှင် သင်သည် သင်၏ ကိုယ်ပိုင်အခြေအနေများကို အခြေခံ၍ နေ့ရက်တိုင်းကို ရင်ဆိုင်ဖြေရှင်းသင့်ပြီး ဘုရားသခင် တောင်းဆိုသော စည်းမျဉ်းများနှင့်အညီ အမှုအရာများကို လုပ်ဆောင်သင့်သည်။ သင့်ကိုယ်သင် စိန်မခေါ်နှင့်၊ သင်၏ ကိုယ်ပိုင်ဟာကွက်များနှင့် ချို့ယွင်းချက်များကို ဘုရားသခင်နောက်လိုက်ခြင်း၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းဟူသော သင်၏ လမ်းကြောင်းပေါ်တွင် ခလုတ်တံသင်းများနှင့် အတားအဆီးများ မဖြစ်စေနှင့်၊ သင့်အား အပျက်သဘောဆောင်စေရန် မီးစမဖြစ်စေနှင့်၊ သင်၌ အချို့သော ချို့ယွင်းချက်များ၊ ဟာကွက်များနှင့် မလုံလောက်မှုများ ရှိရုံဖြင့် သမ္မာတရားကို လိုက်စားခြင်းကို သို့မဟုတ် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းကို သာ၍ပင် မစွန့်လွှတ်နှင့်၊ သို့မဟုတ် အခြားသူများအပေါ် မနာလိုခြင်းနှင့် မုန်းတီးခြင်း မခံစားနှင့်၊ ဤအရာများထဲမှ တစ်ခုမျှ မရှိသင့်ပေ။ သင်သည် သင်၏ ကိုယ်ပိုင်ချို့ယွင်းချက်များနှင့် ဟာကွက်များကို မှန်ကန်စွာ ချဉ်းကပ်ရမည်၊ သင်သည် ယင်းတို့ကို မပြောင်းလဲနိုင်လျှင် ယင်းတို့ကို တည်ရှိခွင့်ပြုသင့်ပြီး ထို့နောက် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန် သမ္မာတရားကို ရှာဖွေကာ ယင်းတို့ကို မှန်ကန်စွာ ချဉ်းကပ်နိုင်ပြီး ယင်းတို့၏ ဘောင်ခတ်ခြင်းကို မခံရသင့်ပေ။ အဘယ်ကြောင့် သင်သည် ထိုသို့လုပ်ဆောင်ရသနည်း။ ဤသည်မှာ ပုံမှန် လူ့သဘာဝ၌ ရှိသင့်သည့် ဆင်ခြင်တုံတရားပင် ဖြစ်သည်။ သင့်လူ့သဘာဝ၏ ဆင်ခြင်တုံတရားက ပုံမှန်ဖြစ်လျှင် မှန်ကန်သည့် ပုံစံဖြင့် သင်၏ ချို့ယွင်းချက်များနှင့် အပြစ်အနာအဆာများကို သင် ရင်ဆိုင်သင့်သည်။ ယင်းတို့ကို သင် အသိအမှတ်ပြုကာ လက်ခံသင့်သည်။ ဤသည်မှာ သင့်အတွက် အကျိုးရှိပေသည်။ ယင်းတို့ကို လက်ခံခြင်းဟူသည်မှာ ယင်းတို့၏ ဘောင်ခတ်မှုကို ခံရခြင်းကို မဆိုလိုသကဲ့သို့ ယင်းတို့ကြောင့် မကြာခဏ အပျက်သဘောဆောင်နေခြင်းကိုလည်း ဆိုလိုခြင်းမဟုတ်ဘဲ ထိုအစား ယင်းတို့၏ ဘောင်ခတ်မှု မခံရဘဲ သင်သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင် သာမန်တစ်ဦးသာဖြစ်၍ မိမိကိုယ်ပိုင် ချို့ယွင်းချက်များနှင့် အားနည်းချက်များရှိကာ ဝါကြွားစရာ တစ်စက်မျှ မရှိကြောင်း၊ တာဝန်ထမ်းဆောင်ရန် လူတို့ကို ချီးမြှောက်သောသူမှာ ဘုရားသခင်ဖြစ်ကြောင်းနှင့် ဘုရားသခင်သည် သူတို့အား ကယ်တင်ခြင်းကို ရရှိစေပြီး စာတန်၏ စွမ်းအားမှ လွတ်မြောက်စေရန်အလို့ငှာ သူတို့အတွင်းသို့ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အသက်ကို သွင်းပေးရန် ရည်ရွယ်ကြောင်း၊ ဤသည်မှာ ဘုရားသခင်က လူတို့ကို ချီးမြှောက်ခြင်းသာ လုံးဝဥဿုံ ဖြစ်ကြောင်းကို အသိအမှတ်ပြုခြင်းကို ဆိုလိုပေသည်။ လူတိုင်းတွင် ချို့ယွင်းချက်များနှင့် အားနည်းချက်များ ရှိကြသည်။ သင်သည် သင်၏ ချို့ယွင်းချက်များနှင့် အားနည်းချက်များကို သင်နှင့်အတူ ယှဉ်တွဲတည်ရှိခွင့်ပြုသင့်၏။ ယင်းတို့ကို ရှောင်ကြဉ်ခြင်း သို့မဟုတ် ဖုံးကွယ်ခြင်း မပြုပါနှင့်။ ယင်းတို့ကြောင့် စိတ်ထဲ၌ မကြာခဏ ဖိနှိပ်ခံစားရခြင်း သို့မဟုတ် အမြဲတစေ သိမ်ငယ်စိတ် ဝင်နေခြင်းမျိုးလည်း မဖြစ်သင့်ပေ။ သင်သည် မနိမ့်ကျပေ။ သင်သည် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှဖြင့်၊ အစွမ်းကုန် ထမ်းဆောင်နိုင်ပြီး ရိုးသားစစ်မှန်သည့် စိတ်နှလုံးတစ်ခုရှိလျှင် ဘုရားသခင်၏ ရှေ့မှောက်၌ သင်သည် ရွှေတမျှတန်ဖိုးရှိပေသည်။ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် အဖိုးအခ မပေးနိုင်သကဲ့သို့ သစ္စာစောင့်သိမှု ကင်းမဲ့လျှင် သင်၏ ပင်ကိုအခြေအနေများက ထိုသာမန်လူထက် ပိုကောင်းလျှင်ပင် ဘုရားသခင်၏ ရှေ့မှောက်၌ သင်သည် တန်ဖိုးမရှိ၊ သင်သည် သဲတစ်ပွင့်မျှပင် တန်ဖိုးမရှိပေ။ သင်နားလည်ပြီလော။ (နားလည်ပါပြီ။) သင်၏ ပင်ကိုရုပ်ရည်ဖြစ်စေ၊ သင်၏ ပင်ကိုအစွမ်းအစနှင့် ပင်ကိုစွမ်းရည်များဖြစ်စေ၊ သင်၏ လူ့သဘာဝ၏ အသွင်အပြင်တစ်ရပ်ရပ်၏ ချို့ယွင်းချက်များနှင့် မလုံလောက်မှုများဖြစ်စေ ယင်း၏ ဘောင်ခတ်ခြင်းကို မခံရစေနှင့်၊ ပြီးလျှင် သင်၏ ဘုရားသခင်အပေါ် သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံမှုကို သက်ရောက်မှု မရှိစေနှင့်၊ သင်၏ သမ္မာတရားကို လိုက်စားခြင်းအပေါ် သက်ရောက်မှုမရှိစေနှင့်၊ ပြီးလျှင် မုချပင် သင်၏ ကယ်တင်ခြင်းတည်းဟူသော ကြီးမြတ်သည့်ကိစ္စရပ်အပေါ် ပို၍ပင် သက်ရောက်မှုမရှိစေနှင့်။ သင်သည် သင်၏ ချို့ယွင်းချက်များနှင့် မလုံလောက်မှုများကို မှန်ကန်စွာ ချဉ်းကပ်သင့်ပြီး ယင်းတို့အား သင်နှင့်အတူ ယှဉ်တွဲတည်ရှိခွင့်ပြုသင့်သည်၊ ဆိုလိုသည်မှာ သင်သည် ယင်းတို့ကို ပြောင်းလဲရန် မကြိုးစားသင့်တော့ပေ၊ အကြောင်းမှာ ယင်းတို့သည် သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှတို့ဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် အနည်းငယ်မျှ သက်ရောက်မှုရှိမည်မဟုတ်သကဲ့သို့ မုချပင် ယင်းတို့သည် စည်းမျဉ်းများနှင့်အညီ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ်လည်း သက်ရောက်မှု ရှိမည်မဟုတ်ပေ၊ သင်၏ ဘုရားသခင်ကို ယုံကြည်ခြင်း၌ တစ်သက်တာ သမ္မာတရားကို လိုက်စားခြင်းအပေါ် သာ၍ပင် သက်ရောက်မှု ရှိမည်မဟုတ်သကဲ့သို့ သမ္မာတရားကို လိုက်စားသည့် ဖြစ်စဉ်တွင် လူများနှင့် အမှုအရာများကို သင် ရှုမြင်ပုံနှင့် သင်ကိုယ်တိုင် ကျင့်ကြံပြုမူပြီး လုပ်ဆောင်ပုံတို့ကိုလည်း သက်ရောက်မှု ရှိမည်မဟုတ်ပေ။ မုချပင် သင်သည် “ဤဟာကွက်ကို မပြနှင့်၊ အခြားသူများကို ကျွန်ုပ်၏ ချို့ယွင်းချက်များကို မမြင်စေနှင့်၊ အခြားသူများကို ကျွန်ုပ်အား အထင်မသေးစေနှင့်” ဟုတွေးလျက် သင့်ကိုယ်သင် တောင်းဆိုမှုများ အစဉ်သဖြင့် မလုပ်သင့်ပေ။ သင်ထိုသို့လုပ်လျှင် သင်သည် အလွန်ပင်ပန်းသော ဘဝဖြင့် အသက်ရှင်ရလိမ့်မည်။ သင်သည် သင်၏ ချို့ယွင်းချက်များနှင့် ဟာကွက်များကို သင်နှင့်အတူ ယှဉ်တွဲတည်ရှိခွင့်ပြုလျှင် ယင်းတို့ကို တည်ရှိခွင့်ပြုလော့၊ အခြားသူများက သင်၏ ချို့ယွင်းချက်များကို မြင်လျှင်ပင် ဤသည်မှာ သင့်အတွက် အကျိုးရှိနိုင်ပြီး သင်မာနထောင်လွှားကာ စိတ်ကြီးဝင်ခြင်းမှ ကာကွယ်ပေးသည့် အကာအကွယ်တစ်ခုလည်း ဖြစ်သည်။ မုချပင် လူများစွာအတွက် မိမိတို့၏ ကိုယ်ပိုင်ချို့ယွင်းချက်များနှင့် ဟာကွက်များကို ထုတ်ဖော်ရန် သတ္တိလိုအပ်သည်။ အချို့လူများက “လူတိုင်းက မိမိတို့၏ အားသာချက်များနှင့် ကောင်းကွက်များကို ထုတ်ဖော်ကြသည်။ မည်သူကများ မိမိတို့ကိုယ်တိုင်၏ အားနည်းချက်များနှင့် ချို့ယွင်းချက်များကို တမင်သက်သက် ထုတ်ဖော်မည်နည်း” ဟုဆိုကြသည်။ သင်က ယင်းတို့ကို တမင်သက်သက် ထုတ်ဖော်ခြင်းမဟုတ်ဘဲ ယင်းတို့ကို ထုတ်ဖော်ခံရခွင့်ပြုခြင်း ဖြစ်သည်။ ဥပမာအားဖြင့် သင်သည် ကြောက်တတ်ပြီး လူများစွာရှိသည့်အခါ စကားပြောရန် မကြာခဏ စိတ်လှုပ်ရှားလျှင် သင်သည် အခြားသူများကို “ကျွန်ုပ်က စကားပြောလျှင် အလွယ်တကူ စိတ်လှုပ်ရှားတတ်သည်၊ လူတိုင်းက နားလည်ပေးပြီး ကျွန်ုပ်ကို အပြစ်မတင်ဖို့ ကျွန်ုပ် တောင်းဆိုပါသည်” ဟု အလျင်ဦးအောင် ပြောနိုင်သည်။ သင်သည် သင်၏ ချို့ယွင်းချက်များနှင့် ဟာကွက်များကို လူတိုင်းအား မိမိဘာသာ ထုတ်ဖော်ခြင်းဖြင့် ၎င်းတို့က သင့်ကို နားလည်ပေးပြီး သည်းခံခွင့်လွှတ်နိုင်ရန်နှင့် လူတိုင်းက သင့်ကို သိလာစေရန် ဖြစ်သည်။ လူတိုင်းက သင့်ကို ပို၍သိလာလေလေ၊ သင်၏ စိတ်နှလုံးသည် ပို၍ စိတ်သက်သာရာရလေလေဖြစ်ပြီး သင်သည် သင်၏ ချို့ယွင်းချက်များနှင့် ဟာကွက်များ၏ ဘောင်ခတ်ခြင်းကို ခံရခြင်း နည်းပါးလေလေ ဖြစ်လိမ့်မည်။ ဤသည်မှာ အမှန်တကယ်တွင် သင့်အတွက် အကျိုးရှိပြီး အထောက်အကူ ဖြစ်ပေလိမ့်မည်။ သင်၏ ချို့ယွင်းချက်များနှင့် ဟာကွက်များကို အမြဲဖုံးကွယ်ထားခြင်းက သင်သည် ၎င်းတို့နှင့်အတူ ယှဉ်တွဲတည်ရှိလိုခြင်းမရှိကြောင်း သက်သေပြသည်။ သင်သည် ယင်းတို့ကို သင်နှင့်အတူ ယှဉ်တွဲတည်ရှိခွင့်ပြုလျှင် ယင်းတို့ကို ထုတ်ဖော်ရမည်၊ ရှက်သည်ဟု သို့မဟုတ် စိတ်ဓာတ်ကျသည်ဟု မခံစားနှင့်၊ အခြားသူများထက် နိမ့်ကျသည်ဟု မခံစားနှင့်၊ သို့မဟုတ် သင်သည် မကောင်းဟုဖြစ်စေ၊ ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်မရှိဟုဖြစ်စေ မထင်နှင့်။ သင်သည် သမ္မာတရားကို လိုက်စားနိုင်သရွေ့၊ သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှတို့ဖြင့် စည်းမျဉ်းများနှင့်အညီ သင်၏ တာဝန်ကို ထမ်းဆောင်နိုင်သရွေ့၊ သင်၏ စိတ်နှလုံးသည် ရိုးသားစစ်မှန်ပြီး သင်သည် ဘုရားသခင်အပေါ် ဝတ်ကျေတမ်းကျေလုပ်နေခြင်း မဟုတ်သရွေ့ သင်သည် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်ရှိသည်။ တစ်စုံတစ်ဦးက “သင် မည်မျှ အသုံးမကျဘဲ ကြောက်တတ်လိုက်သည်ကို ကြည့်လော့။ စကားအနည်းငယ် ပြောရုံမျှဖြင့် သင်ထိုမျှ စိတ်လှုပ်ရှားပြီး သင်၏ မျက်နှာတစ်ခုလုံး နီရဲသွားသည်” ဟုဆိုလျှင် သင်က “ကျွန်ုပ်က အစွမ်းအစညံ့ပြီး လုံးစေ့ပတ်စေ့ မပြောတတ်ပါ။ သင်တို့က ကျွန်ုပ်ကို အားပေးလျှင် စကားပြောလေ့ကျင့်ဖို့ သတ္တိရှိလာမည်ဖြစ်သည်” ဟု ဆိုသင့်သည်။ သင်သည် မတော်ဟုဖြစ်စေ၊ သင်သည် ရှက်စရာတစ်ခု ဖြစ်သည်ဟုဖြစ်စေ မထင်လေနှင့်။ ဤအရာများသည် သင်၏ ချို့ယွင်းချက်များနှင့် သင်၏ လူ့သဘာဝနှင့်ဆိုင်သော ပြဿနာများ ဖြစ်ကြောင်း သင်သိသောကြောင့် ယင်းတို့ကို ရင်ဆိုင်ပြီး လက်ခံသင့်သည်။ ယင်းတို့ကြောင့် မည်သည့်နည်းနှင့်မျှ အထိခိုက် မခံနှင့်။ ဤချို့ယွင်းချက်များနှင့် ဟာကွက်များ မည်သည့်အချိန်တွင် ပြောင်းလဲမည်ကိုမူ သင်ကိုယ်တိုင် အာရုံမစိုက်နှင့်။ ဤနည်းလမ်းဖြင့် ပုံမှန်အသက်ရှင်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရန်သာ အာရုံစိုက်လော့။ သင်သည် ဤအရာကိုသာ အမှတ်ရရမည်။ လူ့သဘာဝ၏ ဤချို့ယွင်းချက်များနှင့် ဟာကွက်များသည် အပျက်သဘောဆောင်သော အရာများ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မဟုတ်ကြပေ၊ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မဟုတ်သရွေ့ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း သို့မဟုတ် သမ္မာတရားကို သင်၏ လိုက်စားခြင်းအပေါ် သက်ရောက်မှု ရှိမည်မဟုတ်သကဲ့သို့ သင်၏ ကယ်တင်ခြင်းကို ရရှိခြင်းအပေါ် သာ၍ပင် သက်ရောက်မှုရှိမည်မဟုတ်ပေ၊ မုချပင် သာ၍အရေးကြီးသည်မှာ ယင်းတို့သည် ဘုရားသခင် သင့်အား ရှုမြင်ပုံအပေါ် သက်ရောက်မှု ရှိမည်မဟုတ်ခြင်း ဖြစ်သည်။ ယင်းက သင့်စိတ်ကို သက်သာရာရစေသည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် အခြားလူများ၏ အထင်သေးခြင်းကို ခံရမည်ကို စိုးရိမ်နေသေးလျှင် ယင်းမှာ သင်၏ မာနထောင်လွှားသော စိတ်သဘောထား၏ ပြဿနာဖြစ်ပြီး သင်သည် မာနထောင်လွှားသော ဤစိတ်သဘောထားကို ဖြေရှင်းရမည်။ ဤသည်မှာ သင်၏ ကိုယ်ပိုင်ချို့ယွင်းချက်များနှင့် ဟာကွက်များကို မှန်ကန်စွာ ချဉ်းကပ်ရန် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်း ဖြစ်သည်။ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းက သင့်အား ဤအရာများကို စွန့်လွှတ်ရန်နှင့် ၎င်းတို့၏ ဘောင်ခတ်ခြင်းကို မခံရတော့ရန် လွယ်ကူစေသည် မဟုတ်လော။ (ဟုတ်ပါသည်။)
လူတစ်ဦး၏ တာဝန်ကို ပုံမှန်ထမ်းဆောင်ခြင်းနှင့် သူ၏ လူ့သဘာဝ၏ ချို့ယွင်းချက်များနှင့် ဟာကွက်များသည် တစ်ခုနှင့်တစ်ခု သက်ရောက်မှု ရှိမည်လော။ (ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် လူ့သဘာဝ၏ ချို့ယွင်းချက်များနှင့် ဟာကွက်များသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မဟုတ်ကြောင်းနှင့် ယင်းတို့သည် လူတို့၏ တာဝန်များကို ပုံမှန်ထမ်းဆောင်ခြင်းအပေါ် သက်ရောက်မှု ရှိမည်မဟုတ်ကြောင်းကို ယခု ကျွန်မနားလည်ပါသည်။ လူတို့သည် မိမိတို့၏ တာဝန်များကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ ထမ်းဆောင်သရွေ့ ၎င်းတို့သည် ကောင်းသောရလဒ်များကို ရရှိကြလိမ့်မည်။ လူ့သဘာဝ၏ ချို့ယွင်းချက်များနှင့် မလုံလောက်မှုများနှင့်ပတ်သက်၍မူ ကျွန်ုပ်တို့သည် ယင်းတို့ကို ကျော်လွှားနိုင်လျှင် ကျော်လွှားနိုင်ပါသည်။ အချိန်တိုအတွင်း မကျော်လွှားနိုင်လျှင် ယင်းတို့ကို တည်ရှိခွင့်ပြုသင့်ပြီး ယင်းတို့ကို မှန်ကန်စွာ ချဉ်းကပ်နိုင်သင့်ပါသည်။) သင်သည် ပညာအရည်အချင်း နိမ့်သော်လည်း သင်၏ တာဝန်တွင် ပညာရပ်ဆိုင်ရာ အသိပညာကို အသုံးချရန်လိုအပ်လျှင် ဤသည်မှာ ချို့တဲ့မှုတစ်မျိုး မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤအခက်အခဲကို မည်သို့ ဖြေရှင်းနိုင်သနည်း။ (ကျွန်တော်၏ ပညာအရည်အချင်းအဆင့်ကို အခြေခံ၍ ကျွန်တော်နှင့် သင့်တော်သော တာဝန်တစ်ခုကို ကျွန်တော် ထမ်းဆောင်နိုင်ပါသည်။ သို့မဟုတ် ဤတာဝန်သည် ကျွန်တော်နှင့် သင့်တော်သော်လည်း ပညာရပ်ဆိုင်ရာ အသိပညာ အတိုင်းအတာတစ်ခု လိုအပ်လျှင် ကျွန်တော်နှင့် ပူးပေါင်းဆောင်ရွက်ရန် ပညာတတ် ညီအစ်ကိုမောင်နှမအချို့ကို ကျွန်တော်ရှာဖွေနိုင်သည်၊ ကျွန်ုပ်တို့သည် မိမိတို့၏ အားနည်းချက်များကို ဖြည့်ဆည်းရန် တစ်ဦး၏ အားသာချက်များကို တစ်ဦး အသုံးပြုနိုင်ပြီး ဤတာဝန်ကို အတူတကွ ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ပါသည်။) သမ္မာတရားသည် ပညာအရည်အချင်းနိမ့်ကျမှုကို ဖြည့်စွက်ပေးနိုင်သလော။ (ဖြည့်စွက်ပေးနိုင်ပါသည်၊ အကြောင်းမှာ လူတစ်ဦး၌ သမ္မာတရားရှိသောအခါ ၎င်းတို့သည် အမှုအရာများကို ထွင်းဖောက်မြင်နိုင်သောကြောင့် ဖြစ်ပါသည်။) ပညာရေးသည် အသိပညာအဆင့်ရှိ အရာတစ်ခုဖြစ်သည်။ သင်သည် မည်မျှပင် အသိပညာကြွယ်ဝသည်ဖြစ်စေ သမ္မာတရားကို နားမလည်လျှင် သင်စကားပြောသောအခါ သို့မဟုတ် ဆောင်းပါးများ ရေးသောအခါ သင်သည် မှန်ကန်သော သဒ္ဒါကိုသာ အသုံးပြုနိုင်မည်ဖြစ်ပြီး သမ္မာတရားနှင့် သက်ဆိုင်သော ပြဿနာများကို ရှင်းလင်းစွာ ရှင်းပြနိုင်မည် သို့မဟုတ် ဖြေရှင်းနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ပညာရေးသည် အရေးမကြီးပေ၊ သမ္မာတရားသည် ပညာရေးထက် ပို၍အရေးကြီးသည်။ မုချပင် သင်သည် ပညာရေး အခြေခံမရှိလျှင်၊ သင်ထမ်းဆောင်သော တာဝန်တွင် ပညာရပ်ဆိုင်ရာ အသိပညာပါဝင်လျှင် သင်သည် ယင်း၌ တာဝန်ယူနိုင်လိမ့်မည်မဟုတ်ပေ။ သို့သော် သင်သည် သမ္မာတရားကို နားလည်လျှင် သင်သည် အခြားလူများကို လမ်းညွှန်နိုင်သည်၊ သင်သည် သမ္မာတရား စည်းမျဉ်းများအရ စိစစ်ခြင်းကို လုပ်ဆောင်နိုင်သည်။ သင်သည် ပညာအရည်အချင်းနိမ့်ပြီး သင့်ကိုယ်သင် ဖော်ပြနိုင်စွမ်းမရှိလျှင်၊ သင်သည် တရားဒေသနာများ ဟောကြားလိုလျှင် သို့မဟုတ် သမ္မာတရားကို မိတ်သဟာယဖွဲ့လိုလျှင် သင်၏ စာကြမ်းများကို သပ်သပ်ရပ်ရပ် ပြုပြင်ပြင်ဆင်ရာတွင် ကူညီပေးရန် ပညာတတ်တစ်ဦးကို သင်ရှာဖွေနိုင်သည်။ ထို့နောက် သင်မိတ်သဟာယဖွဲ့သောအခါ သို့မဟုတ် တရားဟောသောအခါ ရလဒ်များရရှိရန် သင့်အတွက် လွယ်ကူပေလိမ့်မည်။ သို့သော် အနည်းဆုံးအားဖြင့် သင်သည် သမ္မာတရားကို နားလည်ရမည်။ သင်သည် သမ္မာတရားကို နားမလည်လျှင်၊ ပညာမတတ်သူလည်း ဖြစ်လျှင် သင်သည် ပညာရပ်ဆိုင်ရာ အသိပညာပါဝင်သော တာဝန်များကို ထမ်းဆောင်နိုင်မည် မဟုတ်သောကြောင့် သင်၏ ပညာအရည်အချင်းအဆင့်နှင့် သင့်တော်သော တာဝန်တစ်ခုကို သင်ထမ်းဆောင်သင့်သည်။ ဤသည်က ပြဿနာကို ဖြေရှင်းပြီးဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဖြစ်၍ သမ္မာတရား လိုက်စားခြင်းကို မည်သည့်ရှုထောင့်မှ သင်ကြည့်သည်ဖြစ်စေ ယင်းသည် အရေးအကြီးဆုံးအရာ ဖြစ်သည်။ လူ့သဘာဝ၏ချို့ယွင်းချက်များနှင့် ပျော့ကွက်များကို သင်ရှောင်ရှားနိုင်သော်လည်း သင်သည် သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်းကို မည်သည့်အခါမျှ ရှောင်လွှဲနိုင်မည်မဟုတ်ချေ။ သင်၏ လူ့သဘာဝက မည်မျှပြီးပြည့်စုံနေနိုင်သည်ဖြစ်စေ၊ မြင့်မြတ်နေနိုင်သည်ဖြစ်စေ၊ အခြားလူများထက် သင့်တွင် ပို၍နည်းပါးသော အပြစ်အနာအဆာများနှင့် ချို့ယွင်းချက်များ ရှိကောင်းရှိနိုင်ပြီး ပို၍များသော အားသာချက်များကို ပိုင်ဆိုင်သည်ဖြစ်စေ၊ ဤသည်မှာ သင်သည် သမ္မာတရားကို နားလည်သည်ဟု မညွှန်ပြသကဲ့သို့ ယင်းက သင်၏ သမ္မာတရားလိုက်စားခြင်းကိုလည်း အစားမထိုးနိုင်ချေ။ ယင်းနှင့်ပြောင်းပြန်အနေဖြင့် အကယ်၍ သင်သည် သမ္မာတရားကို လိုက်စားပါက၊ သမ္မာတရားအကြောင်း များစွာ နားလည်ပြီး ယင်းနှင့်ပတ်သက်၍ လုံလောက်စွာ နက်နက်ရှိုင်းရှိုင်းနှင့် လက်တွေ့ကျကျ နားလည်မှုရှိပါက သင်၏ လူ့သဘာဝရှိ ချို့ယွင်းချက်များနှင့် ပြဿနာများ အမြောက်အမြားကို ဤအရာက ထေမိစေလိမ့်မည်။ ဥပမာအားဖြင့် သင်သည် ကြောက်တတ်ပြီး သီးသန့်နေတတ်သူဖြစ်သည်၊ သင်သည် စကားထစ်သည်၊ သင်သည် ပညာကောင်းစွာမတတ်ဟု ဆိုကြပါစို့၊ ဆိုလိုသည်မှာ သင်၌ ချို့ယွင်းချက်များနှင့် မလုံလောက်မှုများစွာ ရှိသည်၊ သို့သော် သင်၌ လက်တွေ့ကျသော အတွေ့အကြုံရှိပြီး သင်စကားပြောသောအခါ စကားထစ်သော်လည်း သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့နိုင်သည်၊ ဤမိတ်သဟာယဖွဲ့ခြင်းကို လူတိုင်းကြားသောအခါ ၎င်းတို့ကို တည်ဆောက်မှုဖြစ်စေသည်၊ ပြဿနာများကို ဖြေရှင်းပေးသည်၊ လူတို့ကို အပျက်သဘောဆောင်ခြင်းမှ လွတ်မြောက်လာစေပြီး ဘုရားသခင်အပေါ် ၎င်းတို့၏ မကျေမနပ်ပြောဆိုမှုများနှင့် နားလည်မှုလွဲမှားခြင်းများကို ဖယ်ရှားပေးသည်။ ကြည့်လော့၊ သင်သည် သင်၏ စကားလုံးများကို ထစ်ထစ်ငေါ့ငေါ့ ပြောဆိုသော်လည်း ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းပေးနိုင်သည်၊ ဤစကားလုံးများ အရေးကြီးလှပါတကား။ အပြင်လူများ ကြားသောအခါ ၎င်းတို့က သင်သည် ပညာမတတ်သူတစ်ဦး ဖြစ်သည်၊ သင်စကားပြောသောအခါ သဒ္ဒါစည်းမျဉ်းများကို မလိုက်နာ၊ တစ်ခါတစ်ရံ သင်အသုံးပြုသော စကားလုံးများသည်လည်း အမှန်တကယ် မသင့်တော်ဟု ဆိုကြသည်။ သင်သည် ဒေသသုံးစကား သို့မဟုတ် နေ့စဉ်သုံးဘာသာစကားကို အသုံးပြုခြင်းဖြစ်နိုင်ပြီး သင်၏ စကားလုံးများသည် အလွန်တရာ ချက်ကျလက်ကျ ပြောဆိုသော အလွန်ပညာတတ်သူများ၏ အဆင့်အတန်းနှင့် ဟန်ပန်တို့ ကင်းမဲ့နေနိုင်သည်။ သို့သော် သင်၏ မိတ်သဟာယဖွဲ့ခြင်းတွင် သမ္မာတရား လက်တွေ့ကျမှု ပါဝင်သည်၊ ယင်းက လူတို့၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ပြီး လူတို့ကြားပြီးနောက် ၎င်းတို့ပတ်လည်ရှိ မှောင်မိုက်တိမ်တိုက်အားလုံး ပျောက်ကွယ်သွားကာ ၎င်းတို့၏ ပြဿနာအားလုံး ဖြေရှင်းပြီးဖြစ်သည်။ သင်မြင်သလော၊ သမ္မာတရားကို နားလည်ခြင်းသည် အရေးမကြီးသလော။ (အရေးကြီးပါသည်။) သင်သည် သမ္မာတရားကို နားလည်ခြင်းမရှိဟု ဆိုကြပါစို့၊ သင်၌ ပညာရပ်ဆိုင်ရာ အသိပညာအချို့ရှိပြီး သင်သည် ချက်ကျလက်ကျ ပြောဆိုသော်လည်း လူတိုင်းက သင်ပြောသည်ကို ကြားသောအခါ ၎င်းတို့က “သင်၏ စကားလုံးများသည် အယူဝါဒများသာဖြစ်သည်၊ ယင်းတို့ထဲတွင် သမ္မာတရား လက်တွေ့ကျမှု တစ်စက်မျှမရှိဘဲ ယင်းတို့သည် စစ်မှန်သော ပြဿနာများကို လုံးဝမဖြေရှင်းနိုင်ပေ၊ သို့ဆိုလျှင် သင်၏ ဤစကားလုံးများအားလုံးသည် အနှစ်မဲ့သည် မဟုတ်လော။ သင်သည် သမ္မာတရားကို နားမလည်ပေ။ သင်သည် ဖာရိရှဲတစ်ဦးမျှသာ မဟုတ်လော” ဟု တွေးကြသည်။ သင်သည် အယူဝါဒများစွာကို ပြောခဲ့သော်လည်း ပြဿနာများသည် ဖြေရှင်းပြီးမဖြစ်ဘဲ ကျန်ရှိနေဆဲဖြစ်ပြီး သင်ကိုယ်တိုင်က “ကျွန်ုပ်က အတော်ပင် ရိုးသားစွာ အလေးအနက်ထားပြီး ပြောခဲ့ခြင်းဖြစ်သည်။ သင်တို့သည် ကျွန်ုပ်ပြောသည့်အရာကို အဘယ့်ကြောင့်များ နားမလည်ကြသနည်း” ဟု တွေးသည်။ သင်သည် အယူဝါဒများ အစုအပုံလိုက်ကို ပြောခဲ့သော်လည်း အပျက်သဘောဆောင်သူများသည် အပျက်သဘောဆောင်ဆဲဖြစ်ပြီး ဘုရားသခင်အပေါ် နားလည်မှုလွဲမှားခြင်းများ ရှိသူများသည် ထိုနားလည်မှုလွဲမှားခြင်းများ ရှိနေဆဲဖြစ်ကာ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် တည်ရှိသော အခက်အခဲများထဲမှ တစ်ခုမျှ ဖြေရှင်းပြီးမဖြစ်ပေ၊ ဤသည်မှာ သင်ပြောခဲ့သော စကားလုံးများသည် အနှစ်သာရမရှိသော စကားများသာဖြစ်သည်ဟု ဆိုလိုသည်။ သင်၏ လူ့သဘာဝ၌ ချို့ယွင်းချက်များနှင့် ဟာကွက်များ မည်မျှပင်ရှိသည်ဖြစ်စေ သင်ပြောသော စကားလုံးများတွင် သမ္မာတရား လက်တွေ့ကျမှု ပါဝင်လျှင် သင်၏ မိတ်သဟာယဖွဲ့ခြင်းသည် ပြဿနာများကို ဖြေရှင်းပေးနိုင်သည်၊ သင်ပြောသော စကားလုံးများသည် အယူဝါဒများဖြစ်ပြီး ၎င်းတို့တွင် လက်တွေ့ကျသော သိနားလည်မှု စိုးစဉ်းမျှ ကင်းမဲ့နေလျှင် သင်မည်မျှပင် ပြောသည်ဖြစ်စေ သင်သည် လူတို့၏ စစ်မှန်သော ပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။ လူတို့က သင့်ကို မည်သို့ပင် ရှုမြင်သည်ဖြစ်စေ သင်ပြောသော အရာများသည် သမ္မာတရားနှင့် မကိုက်ညီသရွေ့၊ ၎င်းတို့သည် လူတို့၏ အခြေအနေများကို မကိုင်တွယ်နိုင်သရွေ့ သို့မဟုတ် လူတို့၏ အခက်အခဲများကို မဖြေရှင်းနိုင်သရွေ့ လူတို့သည် ယင်းတို့ကို နားထောင်လိုကြမည်မဟုတ်ပေ။ သို့ဆိုလျှင် မည်သည်က ပို၍အရေးကြီးသနည်း။ သမ္မာတရားလော သို့မဟုတ် လူတို့၏ ကိုယ်ပိုင်အခြေအနေများလော။ (သမ္မာတရားက ပို၍အရေးကြီးပါသည်။) သမ္မာတရားကို လိုက်စားခြင်းနှင့် သမ္မာတရားကို နားလည်ခြင်းတို့သည် အရေးကြီးဆုံးအရာများ ဖြစ်သည်။ သို့ဖြစ်၍ သင်၏ လူ့သဘာဝ သို့မဟုတ် သင်၏ ပင်ကိုအခြေအနေများအရ သင်၌ မည်သို့သော ချို့ယွင်းချက်များပင် ရှိသည်ဖြစ်စေ သင်သည် ၎င်းတို့၏ ဘောင်ခတ်ခြင်းကို မခံရပေ။ ထိုအစား သင်သည် သမ္မာတရားကို လိုက်စားသင့်ပြီး သမ္မာတရားကို နားလည်ခြင်းဖြင့် သင်၏ အမျိုးမျိုးသော ချို့ယွင်းချက်များကို ဖြည့်ဆည်းသင့်ကာ သင်ကိုယ်တိုင်၌ အားနည်းချက်အချို့ကို တွေ့ရှိလျှင် ၎င်းတို့ကို ပြင်ဆင်ရန် အလျင်အမြန်လုပ်ဆောင်သင့်သည်။ အချို့လူများသည် သမ္မာတရားကို လိုက်စားခြင်းအပေါ် အာရုံစိုက်ရမည့်အစား ၎င်းတို့၏ လူ့သဘာဝရှိ အခက်အခဲများ၊ ဟာကွက်များနှင့် ချို့ယွင်းချက်များကို ဖြေရှင်းခြင်းနှင့် ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော ပြဿနာများကို ပြုပြင်ခြင်းအပေါ် အမြဲအာရုံစိုက်ကြပြီး ၎င်းတို့သည် နှစ်အတန်ကြာ အားထုတ်ကြိုးပမ်းသော်လည်း ရှင်းလင်းသောရလဒ်များ မရရှိဘဲ နောက်ဆုံးတွင် ၎င်းတို့သည် ကိုယ့်အပေါ်ကိုယ် စိတ်ပျက်ကာ ၎င်းတို့၏ လူ့သဘာဝသည် အလွန်ညံ့ဖျင်းပြီး ၎င်းတို့သည် ကယ်တင်ခြင်းမခံရနိုင်ဟု တွေးကြသည်။ ဤသည်မှာ အလွန် မိုက်မဲသည် မဟုတ်လော။