ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” | ကောက်နုတ်ချက် ၇၈

“တရားစီရင်ခြင်း” ဟူသော နှုတ်ကပတ်တော်နှင့် ပတ်သက်လာသောအခါ ယေဟောဝါသည် နေရာတိုင်းကို မိန့်ခဲ့ပြီး၊ ယေရှုက ဖာရိရှဲတို့ကို ပြစ်တင်ပြောဆိုရာတွင် သုံးနှုန်းခဲ့သော နှုတ်ကပတ်တော်ဖြစ်၏ဟု သင်စဉ်းစားမိမည်။ သူတို့၏ ပြင်းထန်မှုများ အားလုံးအတွက် ထိုနှုတ်ကပတ်တော်များသည် လူသားအတွက် ဘုရားသခင်၏ တရားစီရင်မှု မဟုတ်ချေ၊ မတူသော ပတ်ဝန်းကျင်၊ အခင်းအကျင်းများ အတွင်း၌ ဘုရားသခင် မိန့်ခဲ့သော နှုတ်ကပတ်တော်များဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် နောက်ဆုံးသော ကာလ၌ ခရစ်တော်က လူသားကို တရားစီရင်ရာတွင် သူပြောခဲ့သော နှုတ်ကပတ်တော်များနှင့် မတူပါ။ နောက်ဆုံးသော ကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို ခွဲခြမ်းစိတ်ဖြာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ထိုနှုတ်ကပတ်တော်များတွင် အမျိုးမျိုးသော သမ္မာတရားများ ပါရှိသည်။ လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့ နာခံသင့်သည့် အကြောင်း၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ကြောင်း၊ လူသားသည် ပုံမှန်လူ့သဘောသဘာဝဖြင့် မည်သို့နေထိုင်ရမည့်အကြောင်း၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်နေသဘာထားကဲ့သို့သော အရာများ ပါဝင်သည်။ ထိုနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ ယိုယွင်းပျက်စီးနေသော စိတ်သဘောထားတို့ကို ညွှန်ပြသည်။ အထူးသဖြင့် ဘုရားသခင်ကို လူသားက မည်ကဲ့သို့ ပစ်ပယ်သည့်အကြောင်း ဖော်ထုတ်ပြသည့် ထိုနှုတ်ကပတ်တော်များမှာ လူသည် စာတန်၏ပုံဆောင်မှု မည်ကဲ့သို့ ဖြစ်ကြောင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူ့အင်အား မည်ကဲ့သို့ဖြစ်ကြောင်းနှင့် စပ်လျဉ်း၍ ပြောထားခြင်းဖြစ်သည်။ သူ၏ တရားစီရင်ခြင်း အမှုကို ဆောင်ရွက်ရာတွင် ဘုရားသခင်သည် လူသား၏ သဘာဝကို စကားလုံး အနည်းငယ်မျှသာဖြင့် ရှင်းလင်းရန် ရိုးရှင်းစွာ မပြုပေ။ သူသည် ရေရှည်အတွက် ဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေး၏။ ထိုဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းတို့ကို သာမန်စကားလုံးဖြင့် အစားမထိုးနိုင်ပဲ၊ လူသားများ လုံးဝ မပိုင်ဆိုင်သော သမ္မာတရားအားဖြင့်သာ အစားထိုးနိုင်သည်။ ဤအမျိုးအစားပါ နည်းလမ်းများကသာ၊ တရားစီရင်မှုဟု စဉ်းစားယူဆရသည်။ ဤတရားစီရင်မှု အမျိုးအစားအားဖြင့်သာ လူသားကို သိမ်းပိုက်ရရှိနိုင်ပြီး ဘုရားသခင်ထံသို့ လုံးဝပါဝင်ဆက်ကပ်လာနိုင်ကာ ဆက်၍ ဘုရားသခင်နှင့် ပတ်သက်သည့် မှန်သော အသိတရားကို ရရှိလာပေမည်။ ဘုရားသခင်၏ မှန်သောမျက်နှာကို လူက သိနားလည်ခြင်း အကြောင်းနှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုအကြောင်း သမ္မာတရားတို့ကို တရားစီရင်ခြင်း အမှုက ယူဆောင်လာပါသည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် သူ့အတွက် နားမလည်နိုင်သော နက်နဲရာများတို့ကို အလွန်များပြားလှစွာဖြင့် သဘောပေါက် နားလည်မှု ရရှိလာစေရန် လူသားကို အခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ယိုယွင်းပျက်စီးသော အနှစ်သာရနှင့် ယိုယွင်းပျက်စီးမှု၏ ဇစ်မြစ်ကို သိနားလည်စေရန် အခွင့်ပေးလေ၏။ ထို့ပြင် လူသား၏ အကျည်းတန်မှုကိုပါ ရှာဖွေတွေ့ရှိ စေလေသည်။ ဤအကျိုးသက်ရောက်မှု အားလုံးတို့မှာ တရားစီရင်ခြင်း အမှုနှင့် ပတ်သက်၍ ဆောင်ယူရရှိခဲ့လေ၏။ အကြောင်းမှာ ဤအမှု၏ အခြင်းအရာသည် အမှန်တွင်တော့ ဘုရားသခင်အား ယုံကြည်သူများ အားလုံးထံသို့ ဘုရားသခင်၏ သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ဖွင့်ပြပေးရန်ပင်ဖြစ်သည်။ ဤအမှုသည် ဘုရားသခင်ပြုသော တရားစီရင်ခြင်းအမှုပင် ဖြစ်ပေ၏။ အကယ်၍ သင်သည် ဤသမ္မာတရားများကို အရေးကြီးအရာများအဖြစ် မမှတ်ယူလျှင်၊ ၎င်းတို့ကို အစဉ်တစိုက် ရှောင်ရှားရန် ကြိုးစားနေလျှင် သို့မဟုတ် ၎င်းတို့မှခွဲထွက်နိုင်မည့် လမ်းသစ်တစ်ခုကို ရှာဖွေနေမည်ဆိုလျှင် သင်သည် ဝမ်းနည်းဖွယ်ရာကောင်းသော အပြစ်သားတစ်ဦးပင်ဖြစ်သည်ဟု ငါပြောမည်။ သင်သည် ဘုရားသခင်၌ ယုံကြည်မှု ရှိသော်ငြားလည်း၊ သင်သည် ယခုတိုင် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို မရှာသေးလျှင်၊ ဘုရားသခင်အနီးသို့ ဆောင်ကျဉ်းပေးနိုင်သော လမ်းခရီးကိုလည်း မနှစ်သက်နိုင်သေးလျှင်၊ သင်သည် တရားစီရင်မှုကို ကြိုးစား၍ ရှောင်တိမ်းနေသူ တစ်ယောက်ဖြစ်ပြီး၊ သင်သည် မဟာပလ္လင်ဖြူမှ ထွက်ပြေးနေသော သစ္စာဖောက်နှင့် ရုပ်သေးရုပ်တစ်ရုပ် ဖြစ်နေချေပြီဟု ငါပြောမည်။ ဘုရားသခင်သည် သူ၏ မျက်မှောက်မှ တိမ်းရှောင်နေသော ပုန်ကန်သူ မည်သူ့ကိုမှ အလွတ်ပေးလိမ့်မည် မဟုတ်။ ထိုလူတို့သည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်ကိုပင် ခံကြရလိမ့်မည်။ ဘုရားသခင်၏ ရှေ့မှောက်သို့ တရားစီရင်မှုကို ခံယူရန် လာရောက်ကာ သန့်စင်မှုကို ခံရသောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်တွင် ထာဝရ နေရလိမ့်မည်။ ဤအရာသည် အနာဂတ်တွင် ရှိနေသည်ဟူသည်မှာ မှန်ပါ၏။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

နောက်ဆုံးသောကာလ၌ ဘုရားသခင်၏တရားစီရင်ခြင်းအလုပ်၏အဓိပ္ပာယ်

နောက်ဆုံးသောကာလမှာ

ခရစ်တော်သည် လူတို့ကို သွန်သင်ဖို့၊ သူတို့၏

သဘောသဘာဝအား ဖော်ထုတ်ဖို့၊ သူတို့အပြုမူ၊ စကားတို့ကို ခွဲခြမ်းဖို့

အမျိုးမျိုးသော သမ္မာတရားကို အသုံးပြု

ထိုနှုတ်ကပတ်တော်တွင် လူ့တာဝန်ဆိုင်ရာ အမှန်တရာများ

ပုံမှန်လူ့အသက်တာတွင် ဘယ်လိုနေထိုင်ရမည်၊

ဘုရားအပေါ် ဘယ်လိုသစ္စာရှိပြီး နာခံရမည်၊

ဘုရား၏ စိတ်သဘောထား၊ ဉာဏ်ပညာတို့ပါဝင်။

ဤနှုတ်ကပတ်တော်သည် လူ၏ သဘာဝ၊ ဖောက်ပြန်ခြင်းတို့ကို ညွန်ပြပြီး

လူသည် ဘုရားကို ဘယ်လိုငြင်းပယ်ကြောင်း ဖော်ပြသည့် နှုတ်ကပတ်တော်သည်

လူသည် စာတန်၏ပြယုဂ်၊ ဘုရား၏ရန်သူအဖြစ် ပြောဆိုထား၏။

တရားစီရင်ခြင်း၏ အမှုသည်

လူတို့အား သူတို့၏ ပုန်ကန်လိုမှုများနှင့်

ဘုရား၏စစ်မှန်ခြင်းကို နားလည်စေသည်။

ဘုရား၏အလိုတော်၊ အမှုတော်၏ရည်ရွယ်ချက်နှင့် သူတို့နားမလည်သည့်

ခက်ခဲမှုများကိုလည်း သဘောပေါက်စေ။

သူတို့၏ ဖောက်ပြန်သောသဘောနှင့် အကြောင်းရင်း၊

လူ၏အကျည်းတန်မှုကို တွေ့မြင်စေသည်။

ဘုရားသည် သူ့အမှုတော်နှင့် တရားစီရင်ခြင်းအမှုအားလုံးကို ဆောင်ရွက်ရာတွင်

လူ့သဘောအား ဆုံးမခြင်းနှင့် ပြုပြင်ခြင်း၊ ဖွင့်ပြခြင်းဖြင့်

စကားအနည်းငယ်ဖြင့်မဟုတ်၊ အချိန်ကာလတစ်ခုအတွင်း ဖော်ပြသည်။

ဒီနည်လမ်းအား စကားများဖြင့် အစားမထိုးနိုင်။

လူမပိုင်ဆိုင်သည့် သမ္မာတရားအားဖြင့်သာ ပြုနိုင်သည်။

ထိုနည်းလမ်းများသည် တရားစီရင်ခြင်းဖြစ်ပြီး

ဘုရားကို မှန်ကန်စွာ လူတို့သိလာစေကာ

ဘုရားထံ ဝန်ခံအပ်နှံလာစေရန် တိုက်တွန်း၊ထိန်းချုပ်၏။

တရားစီရင်ခြင်း၏ အမှုသည်

လူတို့အား သူတို့၏ ပုန်ကန်လိုမှုများနှင့်

ဘုရား၏စစ်မှန်ခြင်းကို နားလည်စေသည်။

ဘုရား၏အလိုတော်၊ အမှုတော်၏ရည်ရွယ်ချက်နှင့် သူတို့နားမလည်သည့်

ခက်ခဲမှုများကိုလည်း သဘောပေါက်စေ။

သူတို့၏ ဖောက်ပြန်သောသဘောနှင့် အကြောင်းရင်း၊

လူ၏အကျည်းတန်မှုကို တွေ့မြင်စေသည်။

တရားစီရင်ခြင်းအမှုသည်

ဘုရား၏ သမ္မာတရား၊ အသက်၊ လမ်းခရီး တို့အား

သူ့ကိုယုံကြည်သောသူတိုင်းအတွက် ဖွင့်ပြ။

ဒါဟာ ဘုရားပြုသော တရားစီရင်ခြင်း၏အမှု

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အခန်း ၉” | ကောက်နုတ်ချက် ၂၃၉

သင်သည် ငါ့အိမ်ထောင်ရှိ လူများထဲမှ တစ်ဦးဖြစ်သောကြောင့်နှင့် ငါ၏ နိုင်ငံတော်အပေါ်သင်သည် သစ္စာစောင့်သိသောကြောင့် သင်လုပ်သမျှ အရာအားလုံးသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ- အခန်း ၁၅” | ကောက်နုတ်ချက် ၅၂

အနန္တတန်ခိုးရှင်ဘုရားသခင်။ သူ၏ဘုန်းအာနုဘော်နှင့်ပြည့်စုံသော ကိုယ်ခန္ဓာသည် ပွင့်လင်းစွာပင်ပေါ်ထွန်းကာ သန့်ရှင်းသော ဝိညာဉ်ခန္ဓာသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” | ကောက်နုတ်ချက် ၈၀

တရားစီရင်မှုက အဘယ်သို့၊ သမ္မာတရားက အဘယ်သို့ ဆိုသည်ကို ယခု သင်နားလည်သလော။ သင် နားလည်သည် ဆိုပါလျှင် သင့်ကို ငါတိုက်တွန်းလိုသည်မှာ...

“နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” | ကောက်နုတ်ချက် ၁၄၀

ဘုရားသခင် လူ့ဇာတိခံယူခြင်းကို ခရစ်တော်ဟုခေါ်၏။ ထို့ကြောင့် လူသားတို့အား သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ ဤသည်တွင်...