ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၁၄

22.03.2021

သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်တစ်ဆင့်ချင်းစီတွင် လူသား၏ သက်သေခံခြင်းကို တစ်ပြိုင်နက်တည်း လိုအပ်သည်။ အလုပ်တစ်ဆင့်ချင်းစီသည် ဘုရားသခင်နှင့် စာတန်အကြား တိုက်ပွဲတစ်ခုဖြစ်ပြီး၊ စစ်ပွဲ၏ဦးတည်သူမှာ စာတန်ဖြစ်နေစဉ်၊ ဤအလုပ်အားဖြင့် စုံလင်ခြင်းအောင် ပြုခြင်းခံရမည့်သူမှာ လူသားဖြစ်သည်။ ဘုရားသခင်၏ အလုပ်က အသီးသီးခြင်း ရှိမည် မရှိမည်က လူသား၏ ဘုရားသခင်အတွက် သက်သေခံမည့် နည်းနာအပေါ်တွင် မူတည်နေသည်။ ဤသက်သေခံခြင်းဆိုသည်မှာ သူ့နောက် လိုက်လျှောက်သူများထံမှ ဘုရားသခင် အလိုရှိသည့် အရာပင်ဖြစ်သည်။ ယင်းသည် စာတန်ရှေ့မှောက်တွင် ပြုလုပ်သည့် သက်သေခံခြင်းဖြစ်ပြီး၊ သူ့အလုပ်၏ အကျိုးသက်ရောက်မှုကို သက်သေပြခြင်းလည်း ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးကို အဆင့်သုံးဆင့်ဖြင့် ပိုင်းခြားထားသည်၊ အဆင့်တစ်ခုစီတွင်၊ လူသားအပေါ် သင့်လျော်သည့် သတ်မှတ်ချက်များကို ချမှတ်ထားခဲ့သည်။ ထို့အပြင် ခေတ်များ ပြီးဆုံးပြီး တိုးတက်လာသည်နှင့်အမျှ လူသားမျိုးနွယ် အားလုံးအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များက သာ၍ပင် မြင့်မားလာသည်။ ထို့အတွက်ကြောင့်၊ တစ်ဆင့်ချင်းစီသွားခြင်းဖြင့်၊ ဘုရားသခင်၏ ဤစီမံခန့်ခွဲမှုအလုပ်က အထွတ်အထိပ်သို့ ရောက်ရှိလာသည်မှာ လူသားသည် “လူ့ဇာတိထဲတွင် နှုတ်ကပတ်တော်၏ ပေါ်ထွန်းလာခြင်း” ဆိုသည့်အချက်ကို ရှုမြင်လာသည်အထိဖြစ်ပြီး၊ ဤနည်းလမ်းအားဖြင့် လူသားများအပေါ် သတ်မှတ်ချက်များက သာ၍ပင် မြင့်မားလာကာ၊ လူသား၏ သက်သေခံရန် သတ်မှတ်ချက်များကလည်း သာ၍ပင် မြင့်မားလာသည်။ လူသားသည် ဘုရားသခင်နှင့် အမှန်တကယ် ပူးပေါင်းဆောင်ရွက်နိုင်လေ၊ ဘုရားသခင်ကို ဘုန်းထင်ရှားစေလေ ဖြစ်သည်။ လူသား၏ ပူးပေါင်းဆောင်ရွက်မှုက သူခံရန် လိုအပ်သည့် သက်သေဖြစ်ပြီး၊ လူသား၏ လက်တွေ့ လုပ်ဆောင်မှုတွင် သူလုပ်ဆောင်သည့် သက်သေခံချက်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အလုပ်က ထိုက်သင့်သည့် အကျိုးသက်ရောက်မှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ သို့မဟုတ် စစ်မှန်သည့် သက်သေခံချက် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ယင်းတို့သည် လူသား၏ ပူးပေါင်းဆောင်ရွက်မှုနှင့် သက်သေခံချက်တို့နှင့် ခွဲခြားမရဘဲ ဆက်နွှယ်နေသည်။ အလုပ်ပြီးမြောက်သည့်အခါတွင်၊ ပြောရမည်ဆိုလျှင်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အားလုံး အဆုံးသတ်သို့ ရောက်ရှိသည့်အချိန်တွင်၊ လူသားသည် ပိုမိုအဆင့်မြင့်မားသည့် သက်သေခံမှုကို ပြုလုပ်ရန် လိုအပ်ပြီး၊ ဘုရားသခင်၏ အလုပ် အဆုံးသတ်သို့ ရောက်ရှိသည့်အချိန်တွင်၊ လူသား၏ လက်တွေ့ လုပ်ဆောင်မှုနှင့် ဝင်ရောက်မှုတို့သည် ယင်းတို့၏ အထွတ်အထိပ်သို့ ရောက်ရှိလိမ့်မည်။ ယခင်က၊ လူသားသည် ပညတ်တော်များ၊ ဥပဒေသများနှင့်အညီ လိုက်နာရန်လိုအပ်ခဲ့ပြီး၊ စိတ်ရှည်သည်းခံပြီး စိတ်နှိမ့်ချရန်လည်း လိုအပ်ခဲ့သည်။ ယနေ့တွင်၊ လူသားသည် ဘုရားသခင်၏ စီစဉ်မှု အားလုံးကို လိုက်နာရန်လိုအပ်ပြီး၊ ဘုရားသခင်၏ ချစ်မေတ္တာ အထွတ်အထိပ်ကို လက်ဝယ်ရှိထားရန်နှင့် ဆင်းရဲဒုက္ခအလယ် ရောက်ရှိစဉ်တွင် ဘုရားသခင်ကို ဆက်လက်ချစ်မြတ်နိုးရန် အဆုံးစွန် လိုအပ်သည်။ သူ၏ စီမံခန့်ခွဲမှု တစ်ခုလုံးတွင်၊ ဤအဆင့်သုံးဆင့်မှာ ဘုရားသခင်က လူသားအပေါ် ပြဋ္ဌာန်းထားသော တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်စေသည့် သတ်မှတ်ချက်များဖြစ်သည်။ ဘုရားသခင်၏ အမှုအဆင့်တစ်ဆင့်စီသည် ယခင်ကထက် ပိုနက်နဲလာပြီး၊ အဆင့်တစ်ဆင့်စီတွင် လူသားအပေါ် သတ်မှတ်ချက်များက ယခင်ကထက်ပို၍ လေးနက်လာသည်။ ဤနည်းအားဖြင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးက တဖြည်းဖြည်းနှင့် ပုံစံကျလာသည်။ ယင်းမှာ လူသားအပေါ် သတ်မှတ်ချက်များသည် ခါတိုင်းထက် မြင့်မားနေပြီး လူသား၏ စိတ်သဘောထားသည် ဘုရားသခင် အလိုတော်ရှိသော စံညွှန်းများနှင့် သာ၍ နီးစပ်လာသောကြောင့် အတိအကျဖြစ်သည်။ ထို့နောက်တွင်သာ လူသားမျိုးနွယ် တစ်ရပ်လုံးသည် စာတန်၏ လွှမ်းမိုးမှုမှ တစ်ဖြည်းဖြည်း ခွဲခွာလာပြီး၊ ဘုရားသခင်၏ အလုပ်သည် ပြီးပြည့်စုံသော အဆုံးသို့ရောက်သောအခါ လူသားမျိုးနွယ် တစ်ရပ်လုံးသည် စာတန်၏ လွှမ်းမိုးမှုမှ ကယ်တင်ပြီးဖြစ်လိမ့်မည်။ ၎င်းအချိန် ရောက်ရှိလာသည့်အခါ၊ ဘုရားသခင်၏ အလုပ်သည် အဆုံးသတ်သို့ ရောက်ရှိပြီးဖြစ်လိမ့်မည်ဖြစ်ပြီး၊ လူသားသည် သူ၏စိတ်သဘောထား ပြောင်းလဲစေရန်အတွက် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်မှုက ဆက်လက်ရှိတော့မည် မဟုတ်ပေ။ ထို့အပြင် လူသားမျိုးနွယ် တစ်ရပ်လုံးသည် ဘုရားသခင်၏ အလင်းအောက်တွင် နေထိုင်လိမ့်မည်ဖြစ်ပြီး၊ ထိုအချိန်မှစ၍၊ ဘုရားသခင်ကို ပုန်ကန်ခြင်းများ သို့မဟုတ် ဆန့်ကျင်ခြင်းများ ရှိလိမ့်မည် မဟုတ်တော့ပေ။ ဘုရားသခင်သည်လည်း လူသားကို တောင်းဆိုမှုများ ပြုတော့မည်မဟုတ်ဘဲ၊ လူသားနှင့် ဘုရားသခင်တို့အကြား ပိုမို၍ သဟဇာတဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှု ရှိလိမ့်မည်ဖြစ်သည်။ ထိုပူးပေါင်းဆောင်ရွက်မှုသည် လူသားနှင့် ဘုရားသခင်တို့ အတူတကွ ရှိသည့် အသက်တာဖြစ်လိမ့်မည်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုနောက်တွင် ဆက်လိုက်လာသည့် အသက်တာက လုံးဝအဆုံးသတ်သွားမည်ဖြစ်ပြီး၊ ထို့နောက်တွင် လူသည် စာတန်၏ လက်တွင်းမှ ဘုရားသခင်၏ အပြည့်အဝ ကယ်တင်ခြင်းကို ခံရမည်ဖြစ်သည်။ ဘုရားသခင်၏ ခြေလှမ်းများကို အနီးကပ် မလိုက်လျှောက်နိုင်သူများသည် ထိုသို့သော အသက်တာတစ်ခုကို မရရှိနိုင်ပေ။ သူတို့ကိုယ်သူတို့ ငိုကြွေးကာ အံသွားခဲကြိတ်နေရမည့် အမှောင်ထဲတွင် နှိမ့်ချနေရလိမ့်မည်။ သူတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့နောက်သို့ မလိုက်လျှောက်သူများ၊ ဘုရားသခင်ကို ယုံကြည်သောသူများ ဖြစ်သော်လည်း သူ့အလုပ်ကို မနာခံသူများ ဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။