ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း | ကောက်နုတ်ချက် ၈၃

လူသား၏ ဇာတိပကတိ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်ခြင်း အမှုအတွက် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်ထက် မည်သူမျှ သာ၍ မသင့်တော်သကဲ့သို့ သာ၍ အရည်အချင်းမပြည့်မီပေ။ အကယ်၍ တရားစီရင်မှုကို ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက် ဆောင်ရွက်ခဲ့မည်ဆိုပါက၊ အလုံးစုံခြုံငုံမိမည် မဟုတ်ပေ။ ထို့အပြင်၊ လူသားသည် ပုန်ကန်ပြစ်မှား၍ မရနိုင်သော ဘုရားသခင်၏ စိတ်သဘောထားကို သာ၍ ရှင်းလင်းစွာ ရှုမြင်နိုင်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်သည် လူသားထံ မျက်နှာချင်းဆိုင် မလာနိုင်သည့်အတွက်၊ ထိုသို့သောအမှုကို လူသားအနေဖြင့် လက်ခံရန် ခက်ခဲမည် ဖြစ်ပြီး၊ ဤအရာကြောင့် အကျိုးသက်ရောက်မှုများကို ချက်ချင်းရရှိမည် မဟုတ်ပေ။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်မှသာလျှင် စာတန်ကို အပြည့်အဝ အနိုင်ယူနိုင်ပေသည်။ လူသားကဲ့သို့ ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်သည့်နည်းတူ၊ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် လူသား၏ ဖြောင့်မတ်မှုမရှိခြင်းကို တိုက်ရိုက် တရားစီရင်ဆုံးဖြတ်နိုင်သည်၊ ဤသည်မှာ သူ၏ရှိရင်းစွဲ သန့်ရှင်းမှုနှင့် သူ၏သာမန်ထက်ထူးခြားမှု၏ အမှတ်လက္ခဏာ ဖြစ်သည်။ ဘုရားသခင်သည် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းကို ပိုင်ဆိုင်သောကြောင့် လူသားကို တရားစီရင်နိုင်သည့်အတွက်၊ သူသာလျှင် လူသားကို တရားစီရင်ရန် အရည်အချင်းပြည့်မီကာ တရားစီရင်နိုင်သည့် အနေအထားတွင်ရှိသည်။ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းမရှိသော သူတို့သည် အခြားသူများကို တရားစီရင်ရန် မသင့်တော်ပေ။ အကယ်၍ ဤအမှုကို ဘုရားသခင်၏ ဝိညာဉ်တော်က လုပ်ဆောင်ခဲ့ပါက၊ ယင်းသည် စာတန်အပေါ် အောင်နိုင်ခြင်းဟု အဓိပ္ပာယ်ရမည် မဟုတ်ပေ။ ဝိညာဉ်တော်သည် သေမျိုးများထက် ပင်ကိုအားဖြင့် သာ၍ ချီးမြှောက်ခြင်းခံရပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ပင်ကိုအားဖြင့် သန့်ရှင်းကာ လူ့ဇာတိအပေါ် အောင်နိုင်သည်။ အကယ်၍ ဝိညာဉ်တော်သည် ဤအမှုကို တိုက်ရိုက်လုပ်ဆောင်ခဲ့ပါက၊ သူ့အနေဖြင့် လူသား၏ မနာခံမှုအားလုံးကို တရားစီရင်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ လူသား၏ မဖြောင့်မတ်မှု အားလုံးကို ထုတ်ဖော်ပြနိုင်လိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ တရားစီရင်ခြင်း အမှုကို လူသား၏ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများမှတစ်ဆင့်လည်း ဆောင်ရွက်ခြင်း ဖြစ်ပြီး၊ လူသားသည် ဝိညာဉ်တော်နှင့်ပတ်သက်၍ မည်သည့် အယူအဆမျှ မရှိသည့်အတွက် ဖြစ်သည်၊ ထို့ကြောင့် ဝိညာဉ်တော်သည် ထိုသို့သော မဖြောင့်မတ်မှုကို လုံးဝ ဖွင့်ချရန်မဆိုထားနှင့်၊ လူသား၏ မဖြောင့်မတ်မှုကိုပင် သာ၍ကောင်းစွာ ထုတ်ဖော်ပြနိုင်စွမ်း မရှိပေ။ လူ့ဇာတိခံ ဘုရားသခင်သည် သူ့ကို မသိသောသူများ အားလုံး၏ ရန်သူ ဖြစ်သည်။ လူသား၏ အယူအဆများနှင့် သူ့ကိုဆန့်ကျင်မှုများအား တရားစီရင်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ မနာခံမှုအားလုံးကို လှစ်ဟထုတ်ဖော်သည်။ လူ့ဇာတိ၌ သူ့အမှု၏ အကျိုးတရားများသည် ဝိညာဉ်တော် အမှု၏ အကျိုးတရားများထက် ပို၍ သိသာထင်ရှားလေသည်။ ထို့ကြောင့် လူသားမျိုးနွယ် တစ်ရပ်လုံးကို တရားစီရင်ခြင်းအား ဝိညာဉ်တော်က တိုက်ရိုက်မဆောင်ရွက်ဘဲ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ အမှုဖြစ်လေသည်။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်ကို လူသားက မြင်ကာ ထိတွေ့နိုင်ပြီး လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် လူသားကို လုံးဝ သိမ်းပိုက်နိုင်သည်။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်နှင့် သူ၏ဆက်ဆံရေးတွင်၊ လူသားသည် ဆန့်ကျင်မှုမှ နာခံမှုသို့၊ ညှဉ်းပန်းနှိပ်စက်မှုမှ လက်ခံမှုသို့၊ အယူအဆများမှ အသိပညာသို့၊ ပြီးလျှင် ငြင်းပယ်ခြင်းမှ ချစ်ခြင်းမေတ္တာသို့ တိုးတက်သွားသည်- ဤသည်တို့မှာ လူ့ဇာတိခံ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အကျိုးတရားများ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တရားစီရင်မှုကို လက်ခံခြင်းမှတစ်ဆင့်သာ ကယ်တင်ခြင်း ခံရသည်၊ ဘုရားသခင်၏ နှုတ်ထွက် စကားများမှတစ်ဆင့်သာ လူသားသည် ဘုရားသခင်ကို တဖြည်းဖြည်း သိလာသည်၊ လူသည် ဘုရားသခင်ကို သူ၏ ဆန့်ကျင်ခြင်း အတောအတွင်းတွင် ဘုရားသခင်၏ သိမ်းပိုက်ခြင်းခံရပြီး၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုကို လက်ခံခြင်း အတောအတွင်းတွင် အသက်အထောက်အပံ့ကို ဘုရားသခင်ထံမှ လူသားက ရရှိပေသည်။ ဤအမှုအားလုံးသည် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏ အမှုဖြစ်ပြီး ဝိညာဉ်တော်အဖြစ် သူ၏ပင်ကိုလက္ခဏာ၌ ရှိသည့် ဘုရားသခင်၏ အမှု မဟုတ်ပေ။ လူ့ဇာတိခံ ဘုရားသခင် လုပ်ဆောင်သည့် အမှုသည် အကြီးမားဆုံးအမှုနှင့် အနက်နဲဆုံးသော အမှုဖြစ်ပြီး၊ ဘုရားသခင်အမှု၏ အဆင့်သုံးဆင့်ထဲမှ အရေးပါလှသော အပိုင်းများမှာ လူ့ဇာတိခံယူခြင်း အမှု၏ အဆင့်နှစ်ဆင့် ဖြစ်သည်။ လူသား၏ နက်နဲသော ဖောက်ပြန်ပျက်စီးမှုသည် လူ့ဇာတိခံ ဘုရားသခင်၏ အမှုအဖို့ ကြီးမားသော အတားအဆီးတစ်ခု ဖြစ်သည်။ အထူးသဖြင့် နောက်ဆုံးသောကာလ၏ လူတို့အပေါ် ဆောင်ရွက်သည့် အမှုသည် အလွန်တရာ ခက်ခဲပြီး၊ ပတ်ဝန်းကျင်သည် ရန်လိုကာ လူတစ်မျိုးစီတိုင်း၏ အရည်အချင်းသည်လည်း အတော်အတန် ညံ့ဖျင်းလေသည်။ သို့ရာတွင် ဤအမှု၏အဆုံးတွင်၊ အပြစ်အနာအဆာများ မရှိဘဲ မှန်ကန်သည့် အကျိုးတရားကို ရရှိလိမ့်ဦးမည် ဖြစ်သည်။ ဤသည်မှာ လူ့ဇာတိ အမှု၏ အကျိုးတရား ဖြစ်ပြီး၊ ဤအကျိုးတရားသည် ဝိညာဉ်တော် အမှု၏ အကျိုးတရားထက် သာ၍ ဆွဲဆောင်နိုင်‌ပေသည်။ ဘုရားသခင် အမှု၏ အဆင့်သုံးဆင့်တို့ကို လူ့ဇာတိ၌ အဆုံးသတ်မည် ဖြစ်ပြီး၊ ယင်းတို့ကို လူ့ဇာတိခံ ဘုရားသခင်က နိဂုံးချုပ်ရမည် ဖြစ်သည်။ အရေးအကြီးဆုံးနှင့် အရေးအပါဆုံးအမှုကို လူ့ဇာတိဖြင့် လုပ်ဆောင်ပြီး၊ လူသား၏ ကယ်တင်ခြင်းကို လူ့ဇာတိ၌ရှိသည့် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ရမည် ဖြစ်သည်။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် လူသားနှင့် ဆက်နွှယ်မှု မရှိပုံပေါ်သည်ဟု လူသားမျိုးနွယ် တစ်ရပ်လုံးက ခံစားကြရသော်လည်း၊ အမှန်တွင် ဤလူ့ဇာတိသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာ၊ တည်ရှိမှုတို့နှင့် သက်ဆိုင်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၁၆

ဘုရားသခင်၏စီမံခန့်ခွဲမှုအလုပ်သည် ကမ္ဘာကိုဖန်ဆင်းချိန်က စတင်ခဲ့ပြီး လူသားသည် ဤအလုပ်၏ ဗဟိုအချက်အချာတွင်ရှိသည်။ ဘုရားသခင်၏ အရာအားလုံးကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၇၉

ဘုရားသခင်ကို သိခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သူ၏ ဝမ်းမြောက်ခြင်း၊ ဒေါသ၊ ဝမ်းနည်းခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၂၉

ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အမှုအဆင့်အသီးသီးတို့၌ ၎င်းတို့၏ကိုယ်ပိုင် လက်တွေ့ကျသော ရည်ရွယ်ချက်ရှိသည်။ ထိုစဉ်အချိန်က ယေရှုကြွလာခဲ့သောအခါ၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၄၃

နောက်ဆုံးသော ကာလ၌ ဘုရားသခင်သည် အဓိကအားဖြင့် သူ၏ နှုတ်ကပတ်တော်များကို ပြောရန် ရောက်လာခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူ၏ စကားများကို ဝိညာဉ်တော်၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။