ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၂၆

28.11.2021

၎င်းတို့၏ ယုံကြည်ခြင်းတွင်၊ လူတို့သည် ဘုရားသခင်ကို ၎င်းတို့အား သင့်တော်သည့် ခရီးပန်းတိုင်နှင့် ၎င်းတို့ လိုအပ်သည့် ကျေးဇူးတော်အားလုံးကို ပေးစေရန်၊ သူ့အား ၎င်းတို့၏ အစေခံအဖြစ် ပြုရန်၊ မည်သည့်အချိန်တွင်မဆို ၎င်းတို့အကြားတွင် မည်သည့် ပဋိပက္ခမျှ လုံးဝ မရှိရန်အလို့ငှာ ၎င်းတို့နှင့် ငြိမ်းချမ်းသည့် ရင်းနှီးသော ဆက်ဆံရေးကို ဘုရားသခင်အား ထိန်းသိမ်းစေရန် ကြိုးစားကြလေသည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုသည် “သင်တို့ဆုတောင်းချက်အားလုံးကို ငါနားညောင်းမည်။” ဟူ၍ သမ္မာကျမ်းစာ၌ ၎င်းတို့ ဖတ်ရှုပြီးဖြစ်သည့် နှုတ်ကပတ်တော်များ နှင့်အညီ၊ ၎င်းတို့၏ လိုအပ်ချက်များ အားလုံးကို ဖြည့်ဆည်းပေးရန်နှင့် ၎င်းတို့ ဆုတောင်းသည့် မည်သည့်အရာကိုမဆို ၎င်းတို့အပေါ် အပ်နှင်းပေးရန် ဘုရားသခင်က ကတိပေးဖို့ကို တောင်းဆိုလေသည်။ ဘုရားသခင်သည် အချိန်တိုင်းနှင့် နေရာတိုင်း၌ လူတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းသည့် အမြဲတမ်း သနားကရုဏာနှင့်ပြည့်စုံသော ကယ်တင်ရှင်ယေရှု ဖြစ်သည့်အတွက်၊ ဘုရားသခင်အနေဖြင့် မည်သူကိုမျှ တရားမစီရင်ဖို့ရန် သို့မဟုတ် ကိုင်တွယ်ဖြေရှင်းခြင်း မပြုရန် ၎င်းတို့ မျှော်လင့်ကြလေသည်။ လူတို့ ဘုရားသခင်ကို ယုံကြည်ပုံမှာ ဤသို့ဖြစ်၏- ၎င်းတို့ ပုန်ကန်သည်ဖြစ်စေ၊ နာခံသည်ဖြစ်စေ၊ သူသည် ကျိုးကြောင်းမမြင်ဘဲ အရာရာကို ၎င်းတို့အား ပေးသနားမည်ဟု ယုံကြည်လျက် ၎င်းတို့သည် ဘုရားသခင်ထံ အရှက်မရှိ တောင်းဆိုမှုများသာ ပြုကြလေသည်။ ၎င်းတို့က ဘုရားသခင်သည် မည်သည့်အတိုက်အခံမျှ မရှိဘဲ၊ ၎င်းတို့ကို “ပြန်ဆပ်” ရမည်ဖြစ်သည့်အပြင် နှစ်ဆပေးရမည်ဟု ယုံကြည်လျက်၊ ဘုရားသခင်ထံ အဆက်မပြတ် “အကြွေးကောက်” ကြလေသည်။ ဘုရားသခင်က ၎င်းတို့ထံမှ တစ်ခုတစ်လေ ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ သူသည် ၎င်းတို့၏ ကြိုးကိုင်ခြယ်လှယ်ခြင်းကိုသာ ခံရနိုင်ပြီး၊ သူသည် နှစ်ပေါင်းများစွာ ကွယ်ဝှက်ထားပြီးဖြစ်သည့် သူ၏ဉာဏ်ပညာနှင့် ဖြောင့်မတ်သော စိတ်သဘောထားတို့ကို သူ လိုချင်သည့်အခါတိုင်းနှင့် ၎င်းတို့၏ ခွင့်ပြုချက် မရှိဘဲ၊ လူတို့ထံ ထုတ်ဖော်ပြဖို့ မဆိုထားနှင့်၊ သူသည် လူတို့ကို စိတ်ကူးပေါက် ပေါက်သလို ကြိုးကိုင်ခြယ်လှယ်၍ မရနိုင်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ ဘုရားသခင်က ယင်းတို့ကို ဖြေလွှတ်ပေးရုံမျှ ဖြေလွှတ်ပေးမည်၊ ထိုသို့ လုပ်ဆောင်ခြင်းကို သူ စိတ်ကုန်သွားမည် မဟုတ်သကဲ့သို့ ဤအရာ အစဉ်အမြဲ ဆက်ဖြစ်လိမ့်မည်ဟု ယုံကြည်လျက်၊ ဘုရားသခင်ထံ ၎င်းတို့၏ အပြစ်များကို ဝန်ခံရုံသက်သက် ဝန်ခံကြလေသည်။ သမ္မာကျမ်းစာထဲ၌ ဘုရားသခင်သည် သူတစ်ပါးကို စေစားခြင်းငှာ လာခြင်းမဟုတ်ဘဲ သူတစ်ပါး၏အစေခံခြင်းငှာ ကြွလာခဲ့သည်ဟု ရေးမှတ်ထားသောကြောင့်၊ သူသည် ၎င်းတို့ကို နာခံရုံသာ နာခံမည်ဖြစ်ပြီး၊ ၎င်းတို့၏ အစေခံဖြစ်ဖို့ ဤနေရာတွင် သူ ရှိခြင်းဖြစ်သည်ဟု ယုံကြည်လျက်၊ ဘုရားသခင်ကို ဩဇာပေးကြလေသည်။ သင်တို့သည် ဤနည်းဖြင့် အမြဲ ယုံကြည်ကြပြီး ဖြစ်သည်မဟုတ်လော။ သင်တို့သည် ဘုရားသခင်ထံမှ တစ်စုံတစ်ရာကို မရနိုင်သည့်အခါတိုင်းတွင်၊ ထွက်ပြေးလိုကြသည်။ တစ်စုံတစ်ရာကို သင်တို့ နားမလည်သည့်အခါ၊ တိုး၍ အလွန် မကျေမချမ်း ဖြစ်ကြပြီး သူ့ကို ဆဲရေးခြင်းမျိုးစုံ သံကုန်ဟစ်သည်အထိပင် လုပ်ကြသည်။ သင်တို့သည် ဘုရားသခင် ကိုယ်တော်တိုင်အား သူ၏ ဉာဏ်ပညာနှင့် အံသြဖွယ်ရာကို အပြည့်အဝ ထုတ်ဖော်ပြရန် တကယ်ကို အခွင့်ပေးကြလိမ့်မည် မဟုတ်ပေ။ ထိုအစား သင်တို့သည် ယာယီသာယာမှုနှင့် သက်သောင့်သက်သာရှိခြင်းကိုသာ မွေ့လျော် ခံစားလိုကြသည်။ ယခုထိတိုင် ဘုရားသခင်၌ သင်တို့၏ယုံကြည်မှုထဲက သဘောထားသည် တူညီသည့် အိုဟောင်းသော အမြင်များသာ ပါရှိသည်။ အကယ်၍ ဘုရားသခင်သည် ဘုန်းအာနုဘော် စိုးစဉ်းမျှကိုသာ သင်တို့ကို ပြသပါက၊ သင်တို့ မပျော်မရွှင် ဖြစ်လာကြသည်။ ယခု သင်တို့၏ ဝိညာဉ်ရင့်ကျက်မှု မည်မျှ ကြီးမားသည်ကို အတိအကျ သိမြင်ကြပြီလော။ အမှန်တွင် သင်တို့၏အမြင်ဟောင်းများ မပြောင်းလဲသေးသည့်အချိန်၌၊ သင်တို့အားလုံးသည် ဘုရားသခင်ကို သစ္စာစောင့်သိကြသည်ဟု မယူဆကြနှင့်။ သင့်အပေါ် မည်သည့်အရာမျှ မကျရောက်ချိန်တွင်၊ အရာရာသည် ချောချောမောမော ဖြစ်နေသည်ဟု သင်တို့ ယုံကြည်ကြပြီး ဘုရားသခင်ကို သင်တို့၏ ချစ်ခြင်းက မြင့်မားသော အဆင့်တစ်ခုကို ရောက်ရှိသည်။ သေးငယ်သော တစ်စုံတစ်ရာ သင့်အပေါ် ကျရောက်သည့်အခါတွင်၊ သင်သည် မရဏာနိုင်ငံထဲသို့ ကျဆင်း လေတော့သည်။ ဤသည်မှာ ဘုရားသခင်ကို သစ္စာစောင့်သိခြင်း ဖြစ်သလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။