ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၂၂

ဘုရားသခင်၏စီမံခန့်ခွဲမှု တည်ရှိကတည်းက သူ့အမှုကို အကောင်အထည်ဖော်ရန် အစဉ်အမြဲ အပြည့်အဝ အချိန်ပေး မြှုပ်နှံနေခဲ့သည်။ ကိုယ်တော်သည် လူသားများထံမှ သူ၏ဇာတိ အဖြစ်တော်ကို ဖုံးကွယ်ထားသော်လည်း လူတို့အပေါ်တွင် အမှုပြုလျက်၊ သူ၏စိတ်သဘောထားကို ဖော်ပြလျက်၊ လူသားမျိုးနွယ်များကို သူ၏အနှစ်သာရနှင့် လမ်းပြပေးလျက် လူသားဘေးတွင် အမြဲရှိနေခဲ့သည်။ ထို့ပြင် သူ၏အစွမ်းတန်ခိုး၊ သူ၏ဉာဏ်ပညာနှင့် သူ၏အခွင့်အာဏာတို့အားဖြင့် တစ်ယောက် ချင်းစီအပေါ်တွင် သူ၏အမှုကို ပြုနေခဲ့သည်။ ထိုသို့ဖြင့် ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် ယနေ့နိုင်ငံတော်ခေတ် ဟူ၍ ရှိလာရခြင်းဖြစ်သည်။ ဘုရားသခင်သည် သူ၏ဇာတိ အဖြစ်တော်ကို လူသားများထံမှ ဖုံးကွယ်ထားသော်လည်း သူ၏စိတ်သဘောထား၊ သူ၏ဖြစ်ခြင်းနှင့် သူ၏အရာအားလုံးတို့ အပြင် လူသားများအတွက် သူ၏အလိုတော်ကိုမူ လူသားများ မြင်တွေ့ပြီး တွေ့ကြုံနိုင်ရန် မခြွင်းမချန် ဖော်ပြတော်မူ၏။ တစ်နည်းအားဖြင့် လူသားများသည် ဘုရားသခင်ကိုမမြင်နိုင်၊ မထိတွေ့နိုင်သော်လည်း လူသားမျိုးနွယ်မှ ထိတွေ့ဆက်ဆံနေ ခဲ့သည့် ဘုရားသခင်၏စိတ်သဘောထားနှင့် အနှစ်သာရတို့သည် ဘုရားသခင်ကိုယ်တော်တိုင်၏ ဖော်ပြခြင်း ဧကန်ပင်ဖြစ်သည်။ ၎င်းသည် သမ္မာတရား မဟုတ်ပေလော။ မည်သို့သောနည်းလမ်း၊ သို့မဟုတ် မည်သို့သောရှုထောင့်ဖြင့် ဘုရားသခင်သည် မိမိအမှုကို ပြုသည်ဖြစ်စေ ဘုရားသခင်သည် သူပြုသင့်သည့်အရာကို ပြုလျက် သူပြောသင့်သည့်အရာကိုပြောကာ လူသားတို့ကို မိမိ၏စစ်မှန်သည့် ကိုယ်ပိုင်လက္ခဏာဖြင့် အမြဲဆက်ဆံ၏။ ဘုရားသခင်သည် တတိယကောင်းကင်တွင် တည်နေကောင်း တည်နေနိုင်သည်၊ သို့မဟုတ် ဇာတိခန္ဓာထဲတွင် တည်နေကောင်း တည်နေနိုင်သည်၊ သို့မဟုတ် သာမန်လူသားအဖြစ်ပင် ဖြစ်နေနိုင်သည်၊ မည်သည့်အနေအထားမှ ဘုရားသခင်ပြောဆို သည်ဖြစ်စေ၊ သူသည် လှည့်စားခြင်းနှင့် ဖုံးကွယ်ထားခြင်းမရှိဘဲ မိမိ၏စိတ်နှလုံးအကြွင်းမဲ့ဖြင့် လူသားတို့ကို အစဉ်အမြဲ ပြောဆို၏။ ဘုရားသခင်သည် မိမိ၏အမှုကို လုပ်ဆောင် သောအခါ မိမိ၏နှုတ်ကပတ်တော်နှင့် စိတ်သဘောထားကို ဖော်ပြပြီး မိမိ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို မည်သည့်အရာမျှ ခြွင်းချန်ထားခြင်းမရှိဘဲ ဖော်ပြ၏။ လူသားမျိုးနွယ်ကို မိမိ၏အသက်၊ မိမိ၏ဖြစ်ခြင်းနှင့် အရာအားလုံးတို့ဖြင့် သူလမ်းပြ၏။ ဤသည်ကား လူသားမျိုးနွယ်၏ အစပျိုးရာခေတ် ဖြစ်သည့် ပညတ်တရားခေတ်၌ မြင်တွေ့၍မရ၊ ထိတွေ့၍မရသော ဘုရားသခင်၏ လမ်းပြခြင်းဖြင့် လူသားများ မည်ကဲ့သို့ အသက်ရှင်ခဲ့သည့်အကြောင်းဖြစ်သည်။

ဘုရားသခင်သည် ပညတ်တော်ခေတ်ပြီးနောက် ပထမဆုံး အကြိမ် လူ့ဇာတိကိုခံယူခဲ့သည်။ ထိုသို့လူ့ဇာတိ ခံယူခြင်းသည် သုံးဆယ့်သုံးနှစ်ခွဲကြာခဲ့သည်။ လူသားတစ်ယောက်အတွက် သုံးဆယ့်သုံးနှစ်ခွဲသည် ရှည်ကြာသော အချိန်ဟုတ်သလော။ (မရှည်ကြာပါ။) လူသားများ၏ပျှမ်းမျှသက်တမ်းသည် နှစ်ပေါင်း သုံးဆယ်ထက် များစွာရှည်လျားသည်နှင့်အညီ ထိုသက်တမ်းမှာ လူသားတစ်ဦးအတွက် အလွန်ရှည်လျားသည့် အချိန်ကာလ မဟုတ်ပေ။ သို့သော် လူ့ဇာတိခံယူသော ဘုရားသခင်အတွက်မူ သုံးဆယ့်သုံးနှစ်ခွဲသည် အလွန်ကြာသည်။ သူသည် လူပုဂ္ဂိုလ် တစ်ဦးဖြစ်လာပြီး ဘုရားသခင်၏ အမှုတော်နှင့် တာဝန်ပေး စေခိုင်းချက်ကို ထမ်းဆောင်ခဲ့သော သာမန်လူတစ်ယောက်ပင် ဖြစ်သည်။ ထိုသို့ဆိုရာတွင် သာမန်လူတစ်ဦးမခံရပ်နိုင်သော ဆင်းရဲဒုက္ခကို သည်းခံလျက် သာမန်လူတစ်ဦး မနိုင်နင်းသည့် အမှုကို တာဝန်ယူခဲ့သည်ဟု ဆိုလိုသည်။ သူ၏အမှုတော်အစမှ ကားတိုင်ပေါ် သံမှိုစွဲနှက်ခြင်းခံရသည်အထိ ကျေးဇူးတော်ခေတ် အတွင်း သခင်ယေရှုခံစားခဲ့ရသည့် နာကျင်မှုပမာဏ၊ ယနေ့ လူသားများက မျက်မြင်တွေ့နိုင်မည့်အရာမျိုး မဟုတ်သော်လည်း အနည်းဆုံးအနေဖြင့် သမ္မာကျမ်းစာထဲ၌ ဖော်ပြထားသည့် အကြောင်းအရာများအားဖြင့် ၎င်းကို အနည်းငယ်လောက်မျှ သင်တို့ နားလည်နိုင်သလော။ ထိုမှတ်တမ်းတင်ထားသည့် အချက်အလက်များတွင် အသေးစိတ်အချက်များ မည်မျှရှိသည် ဖြစ်စေ၊ ခြုံကြည့်သော် ဤကာလအတွင်း ဘုရားသခင်၏ အမှုသည် ခက်ခဲမှုနှင့် ဆင်းရဲဒုက္ခများဖြင့် ပြည့်နှက်နေခဲ့သည်။ ပျက်စီးနေသည့် လူသားတစ်ယောက်အတွက်ဆိုလျှင် သုံးဆယ့် သုံးနှစ်ခွဲဟူသောအချိန်မှာ ကြာလှသည်မဟုတ်ပေ။ အနည်းငယ် သော ဆင်းရဲဒုက္ခသည် မပြောပလောက်ပေ။ သို့ရာတွင် လူသားအပေါင်းတို့၏ အပြစ်များကို ထမ်းသွားရသောသူ၊ အပြစ်သားများနှင့် အသက်ရှင်နေထိုင် စားသောက်သည့် သန့်ရှင်းပြီး ပြစ်မျိုးမှဲ့မထင်သော ဘုရားသခင်အတွက်မူ ဤဆင်းရဲဒုက္ခသည် အလွန်ကြီးလေးလှသည်။ သူသည် ဖန်ဆင်းရှင်ဖြစ်ပြီး၊ အရာအားလုံး၏သခင်နှင့် အရာအားလုံးကို အုပ်စိုးသူဖြစ်သော်လည်း လောကသို့ သူဆင်းကြွလာသောအခါ ပျက်စီးနေသော လူသားများ၏ ဖိနှိပ်ချုပ်ချယ်မှုနှင့် နှိပ်စက်မှုကို ခံခဲ့ရသည်။ ကိုယ်တော်သည် သူ၏အမှုကို ပြီးမြောက်ဖို့နှင့် လူသားများကို ဝေဒနာထဲမှ ကယ်လွတ်ဖို့ရန်အလို့ငှာ လူသားများ၏ ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရပြီး လူအပေါင်းတို့၏ အပြစ်များကို ထမ်းခဲ့ရသည်။ သူကြုံတွေ့ခံစားခဲ့ရသည့် ဆင်းရဲဒုက္ခပမာဏကို သာမန်လူသားများက ဉာဏ်မီနိုင်ခြင်း သို့မဟုတ် နားလည်နိုင်ခြင်းမရှိပေ။ ဤဆင်းရဲဒုက္ခသည် မည်သည့်အရာကို ကိုယ်စားပြုသနည်း။ ၎င်းသည် လူသားများ အပေါ်၌ ဘုရားသခင်၏ ကြီးမားသောသံယောဇဉ်ကို ကိုယ်စားပြုသည်။ ၎င်းသည် လူသားများကို အပြစ်ထဲမှ ရွေးနုတ်ရန်နှင့် သူ့အမှု၏ဤအဆင့်ကို ပြီးမြောက်ရန် သူခံစားခဲ့ရသည့် အရှက်ကွဲခြင်းနှင့် လူသားတို့၏ ကယ်တင်ခြင်းအတွက် သူပေးဆပ်ခဲ့ရသည့် အဖိုးအခဖြစ်သည်။ လူသားသည် ဘုရားသခင်အားဖြင့် ကားတိုင်မှ ရွေးနှုတ်ခြင်းခံရလိမ့်မည်ဟုလည်း ဆိုလိုသည်။ ၎င်းသည် အသွေးဖြင့်၊ အသက်ဖြင့် ပေးချေရသော အဖိုးအခဖြစ်ပြီး ဖန်ဆင်းခံသတ္တဝါများ မတတ်နိုင်သောအရာဖြစ်သည်။ သူ၌ ဘုရားသခင်၏အနှစ်သာရရှိပြီး သူသည် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့နှင့် ပြည့်စုံသောကြောင့် ဤသို့သော ဆင်းရဲဒုက္ခနှင့် ဤသို့သောအမှုကို သူထမ်းဆောင်နိုင်ခြင်း ဖြစ်သည်။ ဤအရာသည် သူ့ကိုယ်စား မည်သည့်ဖန်းဆင်းခံ သတ္တဝါမျှ မလုပ်နိုင်သောအရာ ဖြစ်သည်။ ဤသည်မှာ ကျေးဇူးတော်ခေတ်အတွင်း ဘုရားသခင်၏အမှုဖြစ်ပြီး သူ၏ စိတ်သဘောထားကို ဖော်ပြခြင်းလည်းဖြစ်သည်။ ၎င်းသည် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းအကြောင်း တစ်စုံ တစ်ရာကို ဖော်ပြသလော။ ၎င်းကို လူသားများ သိထိုက်သလော။

ထိုကာလ၌ လူသားတို့သည် ဘုရားသခင်၏ ဇာတိ အဖြစ်တော်ကို မမြင်ရသော်လည်း သူတို့သည် ဘုရားသခင်၏ အပြစ်ဖြေရာယဇ်ကို ရရှိခဲ့ကြပြီး ဘုရားသခင်အားဖြင့် ကားတိုင်မှ ရွေးနှုတ်ခြင်းခံခဲ့ကြ၏။ လူသားတို့သည် ကျေးဇူးတော်ခေတ် အတွင်း ဘုရားသခင်လုပ်ဆောင်ခဲ့သည့်အမှုနှင့် ရင်းနှီးမှုမရှိခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့ရာတွင် ထိုကာလအတွင်း၌ ဘုရားသခင်ဖော်ပြခဲ့သည့် စိတ်သဘောထားနှင့် အလိုတော်နှင့် ရင်းနှီးသည့်သူ တစ်စုံတစ်ယောက်ရှိသလော။ လူသားသည် မတူညီသည့်ခေတ်ကာလများတစ်လျှောက်တွင် အမျိုးမျိုးသော လမ်းကြောင်းများမှတစ်ဆင့် ဘုရားသခင်အမှု၏ အသေးစိတ် အကြောင်းအရာများကို သိရုံမျှသာရှိသည်၊ သို့မဟုတ် ဘုရားသခင်သည် သူ့အမှုကို လုပ်ဆောင်နေသည့် တစ်ချိန်တည်းတွင် ဖြစ်ပျက်ခဲ့သည့် ဘုရားသခင်နှင့် ဆက်စပ်သည့် အကြောင်းအရာများကိုသာ သိရှိသည်။ ဤအသေးစိတ်အချက်အလက်များနှင့် အဖြစ်အပျက်များသည် ဘုရားသခင်နှင့်ပတ်သက်သည့် သတင်းအချက်အလက် သို့မဟုတ် ထုံးဟောင်းပုံပြင်များသာဖြစ်ပြီး ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့နှင့် ဘာမျှပတ်သက်မှု မရှိပေ။ ထို့ကြောင့် လူတို့သည် ဘုရားသခင်နှင့်ပတ်သက်သည့် အကြောင်းအရာ မည်မျှပင် သိနေပါစေ ထိုသို့သိရှိခြင်းက သူတို့သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို နက်နဲသော နားလည် သဘောပေါက်မှုရှိသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ပညတ်တော်ခေတ် နည်းတူ ကျေးဇူးတော်ခေတ်မှ လူများသည် လူ့ဇာတိရှိ ဘုရားသခင်ကို နီးနီးကပ်ကပ်နှင့် ရင်းနှီးသော ဆက်ဆံမှုကို တွေ့ကြုံခဲ့ကြသော်လည်း ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရအပေါ် သူတို့၏ သိကျွမ်းခြင်းသည် အမှန်တကယ် မတည်ရှိခဲ့ပေ။

နိုင်ငံတော်ခေတ်တွင် ပထမအကြိမ်ပြုခဲ့သကဲ့သို့ ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကို နောက်ထပ်တစ်ခါ ခံယူ ခဲ့သည်။ ဤအမှုကာလတွင် ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်ကို ပွင့်ပွင့်လင်းလင်းဖော်ပြလျက် သူလုပ်သင့် သော အမှုကို လုပ်ဆောင်ကာ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို ဖော်ပြဆဲရှိ၏။ တစ်ချိန်တည်းမှာပင် လူသားတို့၏ မနာခံမှုနှင့် မသိနားမလည်မှုကို သူဆက်လက်အောင့်အည်း သည်းခံခဲ့သည်။ ဘုရားသခင်သည် ဤအမှုကာလ၌ သူ၏ စိတ်သဘောထားကို စဉ်ဆက်မပြတ်ဖော်ပြပြီး သူ၏ အလိုတော်ကို ဖော်ပြသည်မဟုတ်လော။ ထို့ကြောင့် လူသားကို ဖန်ဆင်းသည့်အချိန်မှစ၍ယနေ့ထိ ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ဖြစ်ခြင်းနှင့် အရာအားလုံး၊ သူ၏ အလိုတော်တို့ကို လူအယောက်တိုင်းထံ အစဉ်ဖွင့်ပြထား၏။ ဘုရားသခင်သည် သူ၏ အနှစ်သာရ၊ သူ၏စိတ်သဘောထားနှင့် သူ၏အလိုတော်တို့ကို မည်သည့်အခါမျှ တမင်တကာ ဖုံးကွယ်မထားဖူးပေ။ လူသားများကသာ ဘုရားသခင် လုပ်ဆောင်နေသည့်အရာနှင့် ဘုရားသခင်၏ အလိုတော်ကို အလေးမထားခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်နှင့် ပတ်သက်၍ လူသား၏နားလည်ခြင်းသည် အလွန် သိမ်ဖျင်းလှခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် သူ၏ဇာတိအဖြစ်တော်ကို ဖုံးကွယ်ထားစဉ် သူ၏အလိုတော်၊ သူ၏ စိတ်သဘောထားနှင့် အနှစ်သာရများကို ထင်ရှားစွာ ဖော်ပြလျက် သူသည် အချိန်တိုင်း၌ လူသားတို့၏ အနားမှာ ရပ်လျက်နေတော်မူ၏။ တစ်နည်းအားဖြင့် ဘုရားသခင်၏ ဇာတိအဖြစ်တော်ကို လူတို့ထံဖွင့်ပြသော်လည်း လူသားတို့၏ မျက်ကန်းမှုနှင့် မနာခံမှုတို့ကြောင့် သူတို့သည် ဘုရားသခင်၏ ပုံပန်းသဏ္ဌာန်ကို အစဉ်အမြဲ မမြင်တွေ့နိုင်ကြပေ။ ဤသို့ဆိုလျှင် ဘုရားသခင်၏စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင်ကို နားလည်ခြင်းသည် လူတိုင်းအတွက် လွယ်ကူ သင့်သည်မဟုတ်လော။ ၎င်းသည် ဖြေဆိုရန် အလွန်ခက်ခဲသော မေးခွန်းဖြစ်၏၊ မှန်သလော။ ၎င်းသည် လွယ်ကူသည်ဟု သင်တို့ဆိုနိုင်သည်။ သို့သော် လူအချို့ ဘုရားသခင်ကို သိကျွမ်းဖို့ ရှာဖွေကြသောအခါ သူတို့သည် ဘုရားသခင်ကို အမှန်တကယ် မသိရှိနိင်ကြ သို့မဟုတ် ဘုရားသခင်ကို ရှင်းလင်းစွာ နားမလည်နိုင်ကြပေ။ အမြဲမထင်မရှား၊ မရေရာသာဖြစ်သည်။ အကယ်၍ သင်တို့က ၎င်းသည် မလွယ်ကူဟုပြောလျှင်လည်း မမှန်ပြန်ပေ။ ဘုရားသခင်၏ အမှုပြုခြင်းခံရသည့်အရာအဖြစ် ကြာမြင့်စွာ ရှိနေခဲ့ပြီးဖြစ်၍ အယောက်စီတိုင်းသည် မိမိတို့၏ အတွေ့အကြုံများမှတစ်ဆင့် ဘုရားသခင်နှင့် စစ်မှန်သော အဆက်အသွယ်ရှိသင့်ပြီဖြစ်သည်။ သူတို့သည် အနည်းဆုံး မိမိတို့၏နှလုံးသားထဲတွင် ဘုရားသခင်ကို အထိုက်အလျောက် သိသင့်သည်၊ သို့မဟုတ် ယခင်က ဝိညာဉ်ရေးရာအဆင့်၌ ဘုရားသခင်နှင့် ဆုံမိခဲ့သင့်သည်။ ထို့ကြောင့် သူတို့၌ ဘုရားသခင်၏စိတ်သဘောထားအပေါ် နားလည် သဘောပေါက် သည့် အမြင်အချို့ အနည်းဆုံး ရှိသင့်သည် သို့မဟုတ် ဘုရားသခင်နှင့်စပ်လျဉ်း၍ နားလည်ခြင်းအချို့ ရှိသင့်သည်။ လူသားသည် ဘုရားသခင်နောက်ကို လိုက်သည့် အချိန်မှစ၍ ယခုထိ လူသားတို့သည် များစွာရရှိပြီးဖြစ်သည်။ သို့သော် လူသား၏ အရည်အချင်း ညံ့ဖျင်းခြင်း၊ မသိနားမလည်ခြင်း၊ ဆန့်ကျင်ပုန်ကန်ခြင်းနှင့် ရည်ရွယ်ချက် အမျိုးမျိုးတို့ဖြစ်သည့် အကြောင်းရင်းအမျိုးမျိုးကြောင့် လူသားတို့သည် ထိုအရာများစွာ ကိုလည်း ဆုံးရှုံးခဲ့ရသည်။ ဘုရားသခင်သည် လူသားတို့ကို လုံလုံလောက်လောက် ပေးအပ်ခဲ့ပြီမဟုတ်လော။ ဘုရားသခင် သည် မိမိ၏ဇာတိအဖြစ်တော်ကို လူသားများထံမှ ဖုံးကွယ်ထား သော်လည်း မိမိ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့အပြင် မိမိ၏ အသက်ဖြင့်ပင် သူတို့ကို ကူညီဖေးမ၏။ ဘုရားသခင်အပေါ် လူသားတို့၏အသိပညာသည် ယခုဖြစ်သည့်အတိုင်းအတာသာ မဖြစ်သင့်ပေ။ ထိုအကြောင်းကြောင့် ဘုရားသခင်၏အမှုတော်၊ ဘုရားသခင်၏စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင် ဟူသည့် အကြောင်းအရာတို့နှင့်ပတ်သက်၍ သင်တို့နှင့် ဆက်လက်မိတ်သဟာယဖွဲ့ရန် လိုအပ်သည်ဟု ငါယူဆခြင်း ဖြစ်သည်။ ရည်မှန်းချက်မှာ လူသားများအပေါ် ဘုရားသခင် သွန်းလောင်းပေးခဲ့သည့် နှစ်ပေါင်းထောင်နှင့်ချီသည့် ဂရုစိုက်မှု နှင့် အတွေးတို့သည် အချည်းနှီးအဆုံးသတ် မသွားရန်ဖြစ်ပြီး လူသားတို့သည် မိမိတို့အပေါ်ထားသည့် ဘုရားသခင်၏ အလိုတော်ကို အမှန်တကယ်နားလည်ကာ သဘောပေါက်နိုင်ရန် ဖြစ်သည်။ ဤသည်မှာ လူသားတို့သည် ဘုရားသခင်ကို သူတို့၏သိကျွမ်းမှု၌ အဆင့်သစ်ဆီသို့ ရှေ့တိုးနိုင်ရန်ဖြစ်သည်။ ၎င်းသည် လူသားတို့၏နှလုံးသားထဲ၌ ဘုရားသခင်ကို သူ၏နေရာမှန်သို့ ပြန်ပို့ပေးမည်ဖြစ်သည်၊ ဆိုလိုသည်မှာ သူ့ကို တရားမျှတစွာ ဆက်ဆံရန်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၅၈

ဘုရားသခင်၏ စမ်းသပ်မှုများအပေါ် ဒွိဟအတွေးများ မရှိစေနှင့် ယောဘထံမှ သက်သေခံချက်ကို ရပြီးနောက် သူ၏စမ်းသပ်မှုများ ပြီးဆုံးသည့်နောက်တွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၂၆

၎င်းတို့၏ ယုံကြည်ခြင်းတွင်၊ လူတို့သည် ဘုရားသခင်ကို ၎င်းတို့အား သင့်တော်သည့် ခရီးပန်းတိုင်နှင့် ၎င်းတို့ လိုအပ်သည့် ကျေးဇူးတော်အားလုံးကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၅၄

အသက်၏ လမ်းခရီးသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခုမဟုတ်။ လူတိုင်း အလွယ်တကူ ရယူနိုင်သော အရာလည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အသက်သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၈၇

ယုဒပြည်၌ ယေရှုအမှုထမ်းခဲ့ချိန်တွင် ပွင့်လင်းစွာ သူပြုခဲ့သည်၊ သို့သော် ယခုမူ ငါသည် သင်တို့ကြားထဲတွင် လျှို့ဝှက်စွာ အလုပ်လုပ်၍ စကားပြောသည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။