ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၉၁

18.09.2020

ဘုရားသခင်သည် ဟောင်ကောင်နှင့် ထိုင်ဝမ်ရှိ တစ်နယ်တည်းသားများက ကုန်းတွင်းပိုင်းဟုခေါ်သော တရုတ် ပြည်မကြီးတွင် လူ့ဇာတိခံယူ၏။ ဘုရားသခင်သည် ကောင်းကင်မှ မြေကြီးသို့ ကြွလာခဲ့စဉ်က ကောင်းကင်နှင့် မြေကြီးမှ မည်သူမျှ မသိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဘုရားသခင်သည် ဖုံးကွယ်ထားသော ပုံစံဖြင့် ပြန်ကြွလာခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်၍ဖြစ်သည်။ သူသည် ကာလကြာမြင့်စွာ ဇာတိပကတိ၏သဏ္ဌာန်ဖြင့် အလုပ်လုပ်ကာ အသက်ရှင်လျက် ရှိခဲ့သော်လည်း ဤအကြောင်းကို မည်သူမျှ မသိခဲ့ပေ။ ယနေ့ထိတိုင်အောင် မည်သူမျှ မသိပေ။ ဤသည်မှာ ထာဝရပုစ္ဆာတစ်ရပ်အဖြစ် ဆက်လက်တည်ရှိကောင်း တည်ရှိ လိမ့်မည်။ ယခုအကြိမ်၌ ဘုရားသခင်၏ ဇာတိအတွင်း လာရောက်ခြင်းသည် မည်သူမဆို သိရှိနိုင်သည့်အရာတစ်ခု မဟုတ်ပေ။ ဝိညာဉ်တော်၏အလုပ်သည် မည်မျှပင် ကြီးကျယ်ကာ သြဇာတိက္ကမကြီးမားသည်ဖြစ်စေ ဘုရားသခင်သည် အစဉ် တည်ငြိမ်အေးဆေးနေကာ မည်သည့်အခါမျှ သူ့ကိုယ်သူ ဖော်ပြခြင်း မရှိပေ။ သူ့အမှု၏ ဤအဆင့်သည် ကောင်းကင်လောက၌ ဖြစ်ပေါ်နေသည့်အလားဖြစ်သည်ဟု ဆိုနိုင်၏။ ၎င်းသည် လူတိုင်းအတွက် အလွန်ပင် သိသာထင်ရှားသော်လည်း ၎င်းကို မည်သူမျှမသိပေ။ ဘုရားသခင်သည် သူ့အမှု၏ ဤအဆင့်ကို ပြီးဆုံးစေပြီးသည့်အခါ လူတိုင်းသည် ၎င်းတို့၏ ရှည်လျားသော အိပ်မက်မှ နိုးထကြကာ ၎င်းတို့၏ အတိတ်က သဘောထားကို ပြောင်းပြန်လှန်ကြလိမ့်မည်။ ဘုရားသခင်သည် တစ်ချိန်က “ဇာတိအတွင်း ဤတစ်ကြိမ်လာရသည်မှာ ကျား၏ သားရဲတွင်း အတွင်းသို့ ကျခြင်းနှင့်အလားတူသည်” ဟုပြောသည်ကို ငါမှတ်မိသည်။ ဤသည်မှာ ဘုရားသခင်၏အမှုသည် ဤအချီတွင် ဘုရားသခင် လူ့ဇာတိခံယူ၍ အဆင်းနီသော နဂါးကြီး၏ နေထိုင်ရာအရပ်တွင် မွေးဖွားခြင်းပါရှိသဖြင့် ဤအကြိမ် သူကမ္ဘာမြေကြီးသို့ လာခြင်းသည် ပြင်းထန်သောအန္တရာယ်များ သာ၍လိုက်ပါလာသည်ဟု ဆိုလိုခြင်းဖြစ်သည်။ သူရင်ဆိုင်ရသည့် အရာများမှာ ဓားများ၊ သေနတ်များနှင့် တင်းပုတ်များဖြစ်၏၊ သူရင်ဆိုင်ရသည့် အရာမှာ စုံစမ်းနှောင့်ယှက်ခြင်းဖြစ်၏၊ သူရင်ဆိုင် ရသည့်အရာမှာ သတ်ဖြတ်တော့မည့်ပုံပေါက်နေသော လူအုပ်များ ဖြစ်ကြ၏။ သူ့တွင် အချိန်မရွေး အသတ်ခံရမည့် အန္တရာယ် ရှိနေသည်။ ဘုရားသခင်သည် အမျက်ဒေါသနှင့် လာခဲ့၏။ သို့ရာတွင် သူသည် ရွေးနှုတ်ခြင်းအမှုပြီးနောက် ဆက်လက်တည်ရှိသည့် သူ့အမှု၏ ဒုတိယအပိုင်းကို ဆောင်ရွက်ရန်ရည်ရွယ်၍ စုံလင်စေခြင်းအမှုကိုပြုရန် ရောက်လာခဲ့၏။ သူ့အမှု၏ ဤအဆင့်အတွက် ဘုရားသခင်သည် အစွမ်းကုန်တွေးခေါ်မှုနှင့် ဂရုစိုက်ခြင်းတို့ကို ပေးအပ်မြှုပ်နှံကာ နှိမ့်ချစွာ သူ့ကိုယ်သူ ကွယ်ဝှက်ထားလျက် သူ၏ပင်ကိုလက္ခဏာကို မည်သည့်အခါမျှ ကြွားလုံးထုတ်ခြင်း မရှိဘဲ စုံစမ်းနှောင့်ယှက်ခြင်း၏ တိုက်ခိုက်မှုများကို ရှောင်ရှားရန် တွေးတောနိုင်သမျှ နည်းလမ်းတိုင်း ကို အသုံးပြုနေ၏။ လူသားကို လက်ဝါးကပ်တိုင်ပေါ်မှ ဖယ်ရှားကယ်တင်ရာတွင် ယေရှုသည် ရွေးနှုတ်ခြင်းအမှုကို ပြီးဆုံးရန်သာပြုလုပ်နေခြင်းဖြစ်၏။ သူသည် စုံလင်စေခြင်းအမှုကို ပြုလုပ်နေခြင်း မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်၏အမှု တစ်ဝက်သာ လုပ်ကိုင်နေခြင်းဖြစ်၍ ရွေးနှုတ်ခြင်းအမှုကို ပြီးဆုံးအောင်ပြုလုပ်ခြင်းသည် သူ၏အစီအစဉ်တစ်ရပ်လုံး၏ တစ်ဝက်သာဖြစ်သည်။ ခေတ်သစ်စလာခါနီး၍ ခေတ်ဟောင်းသည် နောက်ဆုတ်ခါနီးတွင် ဘုရားသခင်တည်းဟူသော ခမည်းတော်သည် သူ့အမှု၏ ဒုတိယအပိုင်းကို စတင်ချင့်ချိန်သုံးသပ်၍ ၎င်းအတွက် စတင်ပြင်ဆင်၏။ နောက်ဆုံးသောကာလ၏ ဤလူ့ဇာတိခံယူခြင်းကို အတိတ်တွင် ရှင်းလင်းစွာ ပရောဖက်ပြုခဲ့ခြင်း မရှိခဲ့ဘဲ ထိုသို့ဖြင့် ၎င်းသည် ယခုအကြိမ် ဘုရားသခင်၏ လူ့ဇာတိ၌ကြွလာခြင်းအပေါ် တိုး၍လျှို့ဝှက်ထားခြင်းအတွက် အခြေခံအုတ်မြစ်ချခဲ့၏။ မိုးလင်းသည့်အခါ မည်သူမျှမသိဘဲ ဘုရားသခင်သည် မြေကြီးပေါ်သို့လာ၍ သူ၏ဘဝကို လူ့ဇာတိ၌စတင်ခဲ့၏။ လူတို့သည် ဤအချိန်ကို မသိခဲ့ပေ။ ၎င်းတို့အားလုံး အိပ်မောကျချင် ကျနေခဲ့မည်၊ စောင့်ကြည့်လျက် နိုးနေသောသူအများအပြား စောင့်နေချင် စောင့်နေနိုင်ပြီး အများအပြားမှာ ကောင်းကင်ဘုံရှိ ဘုရားသခင်ကို တိတ်ဆိတ်စွာ ဆုတောင်းလျက် ရှိချင်ရှိနိုင်သည်။ သို့ရာတွင် ဘုရားသခင် ကမ္ဘာမြေကြီးပေါ်သို့ ရောက်နှင့်ပြီးဖြစ်ကြောင်း ဤလူအများအပြား ကြား၌ တစ်ဦးမျှ မသိပေ။ ဘုရားသခင်သည် သူ၏အမှုကို သာ၍ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက်နှင့် သာ၍ ကောင်းမွန်သော ရလဒ်များကို ရရှိရန်အပြင် သာ၍များပြားသော စုံစမ်းနှောင့်ယှက်ခြင်းများကိုလည်း ရှောင်ရှားရန် ဤသို့ ဆောင်ရွက်ခြင်းဖြစ်၏။ နွေဦးကာလ လူသားတို့အိပ်ပျော်နေရာမှ နိုးလာသည်နှင့် ဘုရားသခင်၏ အမှုပြီးဆုံးခဲ့သည်မှာ ကြာမြင့်ခဲ့လိမ့်မည်ဖြစ်ကာ သူသည် ကမ္ဘာမြေကြီးပေါ် ခြေဦးတည့်ရာသွားခြင်းနှင့် တည်းခိုနေခြင်းတို့ကို အဆုံးသတ်လျက် ထွက်ခွာသွားလိမ့်မည်။ ဘုရားသခင်၏အမှုသည် ဘုရားသခင် ကိုယ်တိုင် ပြုမူလုပ်ကိုင်ရန်နှင့် ပြောဆိုရန် လိုအပ်သောကြောင့်နှင့် လူသားမှ မည်သည့်နည်းနှင့်မျှ ကြားမဝင်နိုင်သည့်အတွက် ဘုရားသခင်သည် ဤအမှုကို သူကိုယ်တိုင် လုပ်ဆောင်ရေးအတွက် မြေကြီးပေါ်သို့ကြွလာရန် ပြင်းထန်သော နာကျင်မှုကို ခံစားခဲ့၏။ ဘုရားသခင်၏ အမှုအတွက် လူသားက အစားထိုး၍မရပေ။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ကိုယ်ပိုင်အလုပ်ကို လုပ်ကိုင်ရေးအတွက် အဆင်းနီသောနဂါးကြီးရှိရာသို့ လာရန်၊ သူ၏စဉ်းစားတွေးခေါ်မှု အားလုံးနှင့် စောင့်ရှောက်မှုအားလုံးကို ဤဆင်းရဲသောလူတစ်စု၊ နွားချေးပုံတွင် နစ်နေသော ဤလူတစ်စုကို ရွေးနှုတ်ရေးတွင် မြှုပ်နှံရန် ကျေးဇူးတော်ခေတ်အတွင်းမှ အန္တရာယ်များထက် ထောင်ပေါင်းများစွာ သာ၍ကြီးမားသော အန္တရာယ်များကို စွန့်စားခဲ့သည်။ ဘုရားသခင်ရှိကြောင်းကို မည်သူမျှမသိသော်လည်း ဤသည်မှာ ဘုရားသခင်၏အမှုအတွက် ကြီးမားသော အကျိုးကျေးဇူးများရှိသဖြင့် ဘုရားသခင်သည် စိတ်ဒုက္ခမဖြစ်ပေ။ လူတိုင်းသည် အလွန်ကြမ်းကြုတ်စွာ ဆိုးယုတ်သဖြင့် တစ်စုံတစ်ဦးသည် ဘုရားသခင်တည်ရှိခြင်းကို မည်သို့သည်းခံနိုင်မည်နည်း။ ထို့ကြောင့် မြေကြီးပေါ်တွင် ဘုရားသခင်သည် အစဉ်တိတ်ဆိတ်နေခြင်းဖြစ်သည်။ လူသားသည် မည်သို့ပင် လွန်ကဲစွာရက်စက်သော်လည်း ဘုရားသခင်သည် ၎င်းတစ်စုံတစ်ရာကို အလေးအနက်မထားဘဲ ကောင်းကင်ဘုံရှိ ခမည်းတော်မှပေးခဲ့သည့် သာ၍ကြီးမားသော တာဝန်ကို ဖြည့်ဆည်းရေးအတွက် သူလုပ်ရန်လိုအပ်သည့် အလုပ်ကို ဆက်လက်ဆောင်ရွက်နေ၏။ သင်တို့အကြား အဘယ်သူသည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို သိခဲ့သနည်း။ ဘုရားသခင်တည်းဟူသော ခမည်းတော်အတွက် သူ၏သားထက် သာ၍ကြီးမားသောငဲ့ညှာမှုကို အဘယ်သူပြသနည်း။ ဘုရားသခင် တည်းဟူသော ခမည်းတော်၏အလိုတော်ကို မည်သူနားလည် နိုင်သနည်း။ ဘုရားသခင်တည်းဟူသော ခမည်းတော်၏ ကောင်းကင်ဘုံ၌ရှိသော ဝိညာဉ်တော်သည် မကြာခဏ စိတ်ဒုက္ခရောက်ကာ မြေကြီးပေါ်ရှိ သူ့သားသည် သူ့နှလုံးသားများ အစိတ်စိတ်အမွှာမွှာကွဲသည်အထိ ပူပင်သောကရောက်လျက် ဘုရားသခင်တည်းဟူသော ခမည်းတော်၏ အလိုတော်အတွက် မကြာခဏ ဆုတောင်း၏။ သူ၏သားအပေါ် ဘုရားသခင်တည်းဟူသော ခမည်းတော်၏ ချစ်ခြင်းမေတ္တာကို သိသောသူ တစ်စုံတစ်ဦး ရှိသလော။ ချစ်သားသည် ဘုရားသခင်တည်းဟူသော ခမည်းတော်ကို မည်သို့လွမ်းဆွတ် သည်ကို သိသူတစ်စုံတစ်ဦးရှိသလော။ ကောင်းကင်နှင့်မြေကြီး နှစ်ခုအကြား ခွဲခွာနေရလျက် နှစ်ဦးသားသည် ဝိညာဉ်၌ ဘေးချင်းယှဉ်ကာ အဝေးမှနေ၍ တစ်ဦးကိုတစ်ဦး စဉ်ဆက်မပြတ် ငေးစိုက်ကြည့်နေကြသည်။ အို လူသားမျိုးနွယ်။ သင်မည်သည့်အခါ ဘုရားသခင်၏ နှလုံးသားကို ငဲ့ညှာမည်နည်း။ သင်မည်သည့်အခါ ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်မည်နည်း။ ခမည်းတော် နှင့်သားတော်တို့သည် တစ်ဦးနှင့်တစ်ဦး အစဉ်မှီခိုလာခဲ့သည်။ ထိုသို့ဖြစ်လျှင် ၎င်းတို့ကို အထက်ကောင်းကင်၌တစ်ဦး၊ အောက်အရပ်မြေကြီး၌တစ်ဦး အဘယ်ကြောင့် ခွဲခွာရမည်နည်း။ ခမည်းတော်သည် သူ့သားတော်ကိုချစ်သကဲ့သို့ သားတော် သည်လည်း ခမည်းတော်ကို ချစ်၏။ ထိုသို့ဖြစ်လျှင် သူသည် ဤကဲ့သို့သော တောင့်တမှုနှင့် ဤကဲ့သို့သောစိုးရိမ်မှုဖြင့် ကြာရှည်စွာ အဘယ်ကြောင့် စောင့်ရမည်နည်း။ ၎င်းတို့တစ်သီးတစ်ခြားနေသည်မှာ မကြာသေးသော်လည်း ခမည်းတော်သည် နေ့ပေါင်းညပေါင်းများစွာ စိုးရိမ်တကြီး တောင့်တလျက် သူ၏သားတော် လျင်မြန်စွာ ပြန်လာခြင်းကို မျှော်နေသည်ကို သိသူတစ်စုံတစ်ဦး ရှိသလော။ သူသည် စောင့်ကြည့်သည်၊ တိတ်ဆိတ်စွာ ထိုင်သည်၊ စောင့်သည်။ ဤသည်အားလုံးမှာ သူ၏ချစ်သား အလျင်အမြန် ပြန်လာရေး အတွက် ဖြစ်သည်။ မြေကြီးပေါ်တွင် လှည့်လည်သွားလာနေသော သားတော်နှင့် သူသည် မည်သည့်အခါတွင် တစ်ဖန်အတူရှိမည်နည်း။ တစ်ချိန်က အတူရှိခဲ့သော်လည်း ၎င်းတို့သည် ထာဝရ အတူရှိကြမည် ဖြစ်သော်လည်း အထက်ကောင်းကင်ဘုံတွင် တစ်ဦးနှင့် အောက်အရပ်မြေကြီးပေါ်တွင် တစ်ဦးရှိနေကာ ထောင်ပေါင်းများစွာသော သီးခြားစီနေရသည့် နေ့ညများကို သူအဘယ်သို့ ခံနိုင်မည်နည်း။ မြေကြီးပေါ်ရှိ အနှစ်ဆယ်ပေါင်း များစွာသည် ကောင်းကင်ဘုံ၌ အနှစ်ထောင်ပေါင်းများစွာ ကဲ့သို့ဖြစ်၏။ ဘုရားသခင်တည်းဟူသော ခမည်းတော်သည် မစိုးရိမ်ဘဲ အဘယ်သို့ ရှိနိုင်မည်နည်း။ ဘုရားသခင်သည် မြေကြီးသို့ကြွလာစဉ် လူသားကဲ့သို့ပင် လူ့လောက၏ များစွာသော လောကဓံတရားတို့ကို ကြုံတွေ့ခံစားရသည်။ ဘုရားသခင် ကိုယ်တော်တိုင်သည် အပြစ်ကင်းသောကြောင့် ဘုရားသခင်အား လူသားကဲ့သို့ တူညီသောနာကျင်မှုကို အဘယ်ကြောင့် ခံစားစေသနည်း။ ဘုရားသခင်တည်းဟူသော ခမည်းတော်သည် သူ၏သားတော်ကို လွန်စွာအရေးတကြီးတောင့်တသည်မှာ အံ့သြဖွယ် မဟုတ်ပေ။ ဘုရားသခင်၏ နှလုံးသားကို အဘယ်သူ နားလည်နိုင်သနည်း။ ဘုရားသခင်သည် လူသားကို ပေးသည်မှာ များလွန်း၏။ လူသားသည် ဘုရားသခင်၏နှလုံးသားကို အဘယ်သို့ အပြည့်အဝ ပြန်ပေးနိုင်မည်နည်း။ သို့သော် လူသားသည် ဘုရားသခင်ကိုပေးသည်မှာ နည်းလွန်း၏။ ထို့ကြောင့် ဘုရားသခင် သည် မစိုးရိမ်ဘဲ အဘယ်သို့နေနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၄)

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။