ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၃၉

ဘုရားသခင်၏ စိတ်သဘောထားကို လူတို့အား မမြင်စေရန် မည်သည့်အခါကမျှ ဖုံးကွယ်ခဲ့ခြင်း မရှိ၊ လူတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ လမ်းလွဲခဲ့လေပြီ

ဘုရားသခင်၏ စိတ်သဘောထားသည် ဖန်ဆင်းသည့် အချိန်ကတည်းက သူ၏အမှုနှင့် တစ်ထပ်တည်း ရှိနေခဲ့သည်။ ၎င်းကို လူမမြင်စေရန် မည်သည့်အခါမျှ ဖုံးကွယ်ထားခြင်းမရှိဘဲ လူသိရှင်ကြား အပြည့်အဝ ကြေငြာခဲ့ပြီး လူကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း အချိန်ကုန်လွန်လာသည်နှင့်အမျှ လူ၏စိတ်နှလုံးသည် ဘုရားသခင်ထံမှ ပို၍ဝေးကွာလာပြီး လူ၏ ဖောက်ပြန်ပျက်စီးခြင်းသည် ပို၍ နက်ရှိုင်းလာသဖြင့် လူနှင့် ဘုရားသခင်သည် ပို၍ ပို၍ အလှမ်းဝေးလာခဲ့သည်။ လူသည် ဘုရားသခင်၏ မျက်စိအောက်မှ တဖြည်းဖြည်းချင်း ဖြစ်သော်လည်း ဧကန် ပျောက်ကွယ်ခဲ့လေသည်။ လူသည် ဘုရားသခင်ကို “မြင်” နိုင်စွမ်းမရှိ ဖြစ်လာကာ ယင်းက ဘုရားသခင်ထံမှ “သတင်း” တစ်စုံတစ်ရာမျှ မရသည့်အဖြစ်သို့ ရောက်စေခဲ့သည်၊ ထို့ကြောင့် သူသည် ဘုရားသခင် ရှိမရှိ မသိဘဲ ဘုရားသခင်၏ တည်ရှိခြင်းကို လုံးလုံးလျားလျား ငြင်းပယ်သည့်တိုင်အောင် တစ်ဖက်စွန်းရောက်သည်အထိ ဖြစ်လေသည်။ အကျိုးဆက်အနေဖြင့် လူသည် ဘုရားသခင်၏ စိတ်သဘောနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို နားမလည်ခြင်းမှာ ဘုရားသခင်သည် လူမမြင်စေရန် ပုန်းကွယ်နေခြင်းကြောင့် မဟုတ်ဘဲ သူ၏ စိတ်နှလုံးမှာ ဘုရားသခင်ကို ကျောခိုင်းသွားခဲ့ခြင်းကြောင့် ဖြစ်သည်။ လူသည် ဘုရားသခင်ကို ယုံကြည်သော်လည်း လူ၏ စိတ်နှလုံး၌ ဘုရားသခင် မရှိပေ၊ ထို့အပြင် သူသည် ဘုရားသခင်ကို အဘယ်သို့ ချစ်ရမည်ကို မသိနားမလည်သည့်အပြင် ဘုရားသခင်ကို မချစ်လိုပေ၊ အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်နှလုံးသည် ဘုရားသခင်ထံပါးသို့ ဆွဲခေါ်ခြင်း မရှိသည့်အပြင် သူသည် ဘုရားသခင်ကို အမြဲ ရှောင်တိမ်းခြင်းကြောင့် ဖြစ်သည်။ ရလဒ်အနေဖြင့် လူ၏စိတ်နှလုံးသည် ဘုရားသခင်ထံမှ ဝေးကွာလေ၏။ ထိုသို့ဆိုသော် သူ၏ စိတ်နှလုံးသည် မည်သည့်နေရာ၌ ရှိသနည်း။ အကယ်စင်စစ် လူ၏စိတ်နှလုံးမှာ မည်သည့်နေရာကိုမျှ ရောက်သွားခြင်း မရှိပါ၊ ၎င်းကို ဘုရားသခင်အား ပေးမည့်အစား သို့မဟုတ် ဘုရားသခင် မြင်စေရန် ၎င်းကို ထုတ်ဖော်ရမည့်အစား သူသည် ၎င်းကို သူကိုယ်တိုင်အတွက် သိမ်းထားခဲ့ခြင်း ဖြစ်သည်။ အချို့တို့က “အို ဘုရားသခင်၊ ကျွန်ုပ်၏ စိတ်နှလုံးကို ကြည့်တော်မူပါ၊ ကျွန်ုပ်တွေးသော အရာမှန်သမျှကို ကိုယ်တော် သိပါ၏၊” ဟု မကြာခဏ ဆုတောင်းကာ ဆိုတတ်ကြပြီး အချို့တို့ကမူ အကယ်၍ ၎င်းတို့၏ ကျမ်းသစ္စာကို ၎င်းတို့ ချိုးဖောက်မိပါက အပြစ်ဒဏ်ခတ်ခြင်းကို ခံရကောင်း ခံရရန် ၎င်းတို့အပေါ် ဘုရားသခင် ကြည့်စေရန် ကျိန်ဆိုခြင်းကိုပင် ပြုကြသည်။ လူသည် ဘုရားသခင်ကို သူ၏ စိတ်နှလုံးအတွင်းသို့ ကြည့်ရန် အခွင့်ပေးသော်လည်း ဤအရာမှာ သူသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို နာခံနိုင်စွမ်း ရှိကြောင်း ဆိုလိုခြင်း မဟုတ်သည့်အပြင် သူသည် သူ၏ ကံကြမ္မာနှင့် တက်လမ်းများနှင့် သူ၏ ဖြစ်တည်သမျှကို ဘုရားသခင်၏ ထိန်းချုပ်မှုအောက်၌ ထားရှိခဲ့ပြီဟု ဆိုလိုခြင်းလည်း မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်ထံ သင်မည်သည့် ကျမ်းသစ္စာများကို ပြုသည်ဖြစ်စေ သို့မဟုတ် သူ့ထံ မည်သည့်အရာကို ကြွေးကြော်သည်ဖြစ်စေ ဘုရားသခင်၏ အမြင်တွင် သင်၏စိတ်နှလုံးသည် သူနှင့် နီးကပ်လျက်ရှိသေးသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် သင်၏ စိတ်နှလုံးကို ဘုရားသခင်အား ကြည့်ရန်သာ ခွင့်ပြုသော်လည်း ၎င်းကို ထိန်းချုပ်ရန်အတွက် သူ့အား အခွင့်မပေးခြင်းကြောင့် ဖြစ်သည်။ တစ်နည်းဆိုသော် သင်သည် သင်၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ခြင်း လုံးဝမရှိသေးသည့်အပြင် ဘုရားသခင် နားထောင်ရန် ကြားကောင်းသော စကားများကိုသာ ပြောလျက်နေသည်၊ သင်၏ လှည့်စားတတ်သော ရည်ရွယ်ချက် အမျိုးမျိုး၊ သင်၏ တိတ်တိတ်ပုန်းအကြံများ၊ လျှို့ဝှက်ကြံစည်ခြင်းနှင့် အစီအစဉ်များနှင့်တကွ ဘုရားသခင် မမြင်စေရန် သင်ပုန်းကွယ်နေစဉ်၊ သင်သည် သင်၏ တက်လမ်းများနှင့် သင်၏ လက်ထဲ၌ ဆုပ်ကိုင်ထား၍ ၎င်းတို့အား ဘုရားသခင် နုတ်ယူသွားမည်ကို အလွန့်အလွန် စိုးရိမ်လျက်ရှိသည်။ ထို့ကြောင့် ဘုရားသခင်သည် သူ့အား လူ၏ ရိုးသားမှုကို မည်သည့်အခါမျှ မမြင်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူ၏ စိတ်နှလုံး၏ အတိမ်အနက်ကို ဧကန်အမှန် စောင့်ကြည့်ပြီး လူစဉ်းစားနေသော အရာများနှင့် သူ၏စိတ်နှလုံးထဲ၌ ပြုလိုသော အရာများကို မြင်၍ သူ၏ စိတ်နှလုံးအတွင်း မည်သည့် အရာများကို ဝှက်ထားကြောင်းကို မြင်သော်လည်း၊ လူ၏ စိတ်နှလုံးကို ဘုရားသခင် မပိုင်ဆိုင်ပေ၊ သူသည် ၎င်းကို ဘုရားသခင်၏ ထိန်းချုပ်မှုသို့ မပေးအပ်ရသေးချေ။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်သည် စောင့်ကြည့်ရန် အခွင့်အရေး ရှိသော်လည်း သူ၌ ထိန်းချုပ်ရန် အခွင့်အရေး မရှိပါ။ လူ၏ ဓမ္မဓိဌာန်ကျသော အသိဉာဏ်ထဲတွင် လူသည် သူ့ကိုယ်သူ ဘုရားသခင်၏ သနားခြင်းကရုဏာကို ခံလိုခြင်း သို့မဟုတ် ခံရန် ရည်ရွယ်ခြင်း မရှိပေ။ လူသည် ဘုရားသခင်ထံ မိမိကိုယ်ကို ကင်းကွာစေခဲ့သည် သာမက မှားယွင်းသော သဘောထားကို ဖန်တီးရန်နှင့် ဘုရားသခင်၏ ယုံကြည်မှုကို ရရန် ပြေပြစ်သော စကားနှင့် မြှောက်လုံးပင့်လုံးကို အသုံးပြုကာ မိမိတို့၏ စိတ်နှလုံးများကို ပတ်စည်းထားရန် နည်းလမ်းများကို စဉ်းစားသော လူများပင် ရှိကြပြီး ၎င်းတို့၏ သရုပ်အမှန်ကို ဘုရားသခင် မမြင်စေရန် ဖုံးကွယ်ထားလျက်ရှိကြသည်။ ဘုရားသခင် မမြင်စေရန် အခွင့်မပေးရာ၌ ၎င်းတို့၏ ရည်မှန်းချက်မှာ ၎င်းတို့သည် အမှန်အားဖြင့် မည်ကဲ့သို့ ဖြစ်ကြကြောင်းကို ဘုရားသခင် သတိမူမိခြင်း မရှိစေရန် အခွင့်မပေးခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများကို ဘုရားသခင်အား မပေးလိုကြဘဲ ၎င်းတို့ကိုယ်တိုင် သိမ်းထားလိုကြသည်။ ဤအရာ၌ ဝှက်ထားသော အဓိပ္ပာယ်မှာ လူပြုသောအရာနှင့် သူအလိုရှိသော အရာအားလုံးမှာ စီစဉ်၊ တွက်ချက်ပြီး လူကိုယ်တိုင် ဆုံးဖြတ်ခဲ့ခြင်းပင် ဖြစ်သည်၊ သူသည် ဘုရားသခင် ပါဝင်ခြင်း သို့မဟုတ် ကြားဝင်ခြင်းကို မလိုအပ်ပေ၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များဆိုပါက ပို၍ပင် မလိုအပ်ချေ။ ထို့ကြောင့် ဘုရားသခင်၏ ပညတ်များ၊ သူ၏ တာဝန်ပေးစေခိုင်းချက် သို့မဟုတ် လူအပေါ် ဘုရားသခင် သတ်မှတ်ထားသော သတ်မှတ်ချက်များနှင့် ပတ်သက်၍ဖြစ်စေ၊ လူ၏ဆုံးဖြတ်ချက်များသည် သူ၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် စိတ်ဝင်စားမှုများ၊ ထိုစဉ်အချိန်က သူ၏ ကိုယ်ပိုင်အနေအထားနှင့် အခြေအနေများအပေါ် မူတည်ခြင်း ဖြစ်သည်။ လူသည် သူရင်းနှီးကျွမ်းဝင်သော အသိနှင့် ထိုးထွင်းအမြင်များ၊ သူ၏ ကိုယ်ပိုင် အသိဉာဏ်ကို အမြဲတစေ အသုံးပြု၍ လူလိုက်လျှောက်သင့်သော လမ်းကြောင်းကို စီရင်ရွေးချယ်ပြီး ဘုရားသခင်၏ ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းကို အခွင့်မပေးပါ။ ဤသည်မှာ ဘုရားသခင် မြင်သော လူ၏ စိတ်နှလုံးပင် ဖြစ်သည်။

ကနဦးအချိန်မှ ယနေ့တိုင်အောင် လူသာလျှင် ဘုရားသခင်နှင့် စကားပြောဆိုနိုင်စွမ်း ရှိခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်၏ သက်ရှိအရာများနှင့် သတ္တဝါ အားလုံးအကြားတွင် လူသာလျှင် ဘုရားသခင်နှင့် စကားပြောနိုင်စွမ်း ရှိခဲ့သည်။ လူ၌ သူ့ကို ကြားစေနိုင်သော နားများရှိပြီး သူ့ကို မြင်စေသော မျက်လုံးများ ရှိသည်၊ သူ၌ ဘာသာစကားရှိပြီး သူ၏ ကိုယ်ပိုင် အတွေးအခေါ်များနှင့် လွတ်လပ်သော စိတ်သဘောရှိသည်။ သူသည် ဘုရားသခင်စကားပြောခြင်းကိုကြားရန်၊ ဘုရားသခင်၏အလိုကို နားလည်ရန်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန်အတွက် လိုအပ်သမျှကို ပိုင်ဆိုင်သဖြင့် ဘုရားသခင်သည် သူ၏အလိုအားလုံးကို လူအပေါ် ပေးအပ်၍ လူကို သူနှင့် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ပြီး သူနှင့် လျှောက်လှမ်းနိုင်သော အဖော်တစ်ဦး ဖြစ်စေလိုသည်။ ဘုရားသခင်သည် စီမံခန့်ခွဲရန် စတင်ခဲ့ခြင်းကြောင့် လူသည် မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေး၍ သန့်စင်စေပြီး ပြည့်စုံစေဖို့ အခွင့်ပေးရန်၊ ဘုရားသခင် ကျေနပ်စေသောသူနှင့် ဘုရားသခင် ချစ်သောသူ ဖြစ်စေရန်၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူ ဖြစ်စေရန်နှင့် ဒုစရိုက်ကိုရှောင်ရန် ဘုရားသခင် စောင့်ဆိုင်းလျက်နေခဲ့သည်။ ဘုရားသခင်သည် ဤရလဒ်ကို အစဉ် မျှော်လင့်ကာ စောင့်ဆိုင်းနေခဲ့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၃၀

အောင်မြင်မှုနှင့် စည်းစိမ်တို့ကို ရှာဖွေရင်းနှင့် ကုန်ဆုံးသည့်ဘဝသည် သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ဘာလုပ်ရမှန်းမသိ ဖြစ်စေသည် ဖန်ဆင်းရှင်၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၃၃

ဘုရားသခင်၏အမှုမှာ သင်သဘောမပေါက်နိုင်သော အရာတစ်ခု ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ရွေးချယ်မှု မှန်မမှန်ကို အပြည့်အဝ နားမလည်နိုင်သကဲ့သို့၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၉၄

လူသားတို့ ချို့ယွင်းသည့်အရာမှာ ဝိညာဉ်ရေးရာ အသက်တာ၏ ထောက်မခြင်းနှင့် ဘုရားသခင်ကို သိကျွမ်းခြင်း၏ အတွေ့အကြုံသာ မကဘဲ ထို့ထက်ပိုအရေးကြီးသည်မှာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- သမ္မာကျမ်းစာနှင့် ပတ်သက်သည့် နက်နဲမှုများ | ကောက်နုတ်ချက် ၂၆၉

သမ္မာကျမ်းစာသည် သမိုင်းအခြေခံသော စာအုပ်တစ်အုပ် ဖြစ်သည်၊ သင်သည် ဓမ္မဟောင်းကျမ်းကို ကျေးဇူးတော်ခေတ်ထဲတွင် စားသောက်ခဲ့မည်ဆိုလျှင်၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။