ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၄၆

ယောဘနှင့်ပတ်သက်၍ လူတို့၏ များစွာသော နားလည်မှုလွဲမှားခြင်းများ

ယောဘခံစားခဲ့ရသည့် ဆင်းရဲဒုက္ခသည် ဘုရားသခင် စေလွှတ်ခဲ့သော တမန်များ၏ လုပ်ရပ်ကြောင့် မဟုတ်သကဲ့သို့ ဘုရားသခင်၏ လက်အားဖြင့် ဖြစ်ပေါ်စေခဲ့ခြင်း မဟုတ်ပေ။ ထိုသို့မဟုတ်ဘဲ ၎င်းမှာ ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်ကိုယ်တိုင် ဖြစ်စေခဲ့ခြင်းပင် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ယောဘ ခံစားခဲ့ရသော ဆင်းရဲဒုက္ခ၏ အဆင့်မှာ အလွန်ကြီးမားခဲ့သည်။ သို့သော်လည်း ဤအခိုက်အတန့်တွင် ယောဘသည် သူ၏ စိတ်နှလုံးထဲမှ ဘုရားသခင်ကို နေ့စဉ် သိသော အသိ၊ သူ၏ နေ့စဉ် လုပ်ဆောင်ချက်များ၏ နိယာမများနှင့် ဘုရားသခင်အပေါ် သူ၏ သဘောထားတို့ကို ကန့်သတ်ချက် မရှိဘဲ လက်တွေ့ပြသခဲ့ပြီး ဤသည်မှာ အမှန်တရား ဖြစ်သည်။ အကယ်၍ ယောဘသည် စုံစမ်းနှောင့်ယှက်ခြင်းကို မခံခဲ့ရပါက၊ အကယ်၍ ဘုရားသခင်သည် ယောဘအပေါ် စမ်းသပ်မှုများကို ဆောင်လာခဲ့ခြင်း မရှိပါက “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နှုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ” ဟု ယောဘ ပြောသည့်အခါ သင်က ယောဘသည် သူတော်ကောင်း ယောင်ဆောင်သောသူ တစ်ဦး ဖြစ်သည်၊ ဘုရားသခင်သည် သူ့အား ပစ္စည်းဥစ္စာများစွာကို ပေးခဲ့ခြင်းကြောင့် သူသည် ယေဟောဝါ၏ နာမကို ဧကန် ကောင်းချီးပေးခဲ့ခြင်း ဖြစ်သည်ဟု သင်ဆိုလိမ့်မည် ဖြစ်သည်။ အကယ်၍ စမ်းသပ်မှုများကို မခံစားရမီ ယောဘက “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော” ဟုဆိုခဲ့ပါက ယောဘသည် ပုံကြီးချဲ့ပြောနေခြင်းဖြစ်ပြီး သူသည် ဘုရားသခင်၏ လက်အားဖြင့် မကြာခဏ ကောင်းချီးမင်္ဂလာကို ခံစားခဲ့ရခြင်းကြောင့် ဘုရားသခင်၏ နာမကို စွန့်ပယ်လိမ့်မည် မဟုတ်ဟု သင်ဆိုလိမ့်မည် ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် သူ့အပေါ် ဘေးဒုက္ခကို ဆောင်ယူခဲ့ပါက သူသည် ဘုရားသခင်၏နာမကို ဧကန်အမှန် စွန့်ပယ်ခဲ့လိမ့်မည် ဖြစ်သည်ဟု သင်ဆိုလိမ့်မည်ဖြစ်သည်။ သို့သော်လည်း ယောဘသည် သူ့ကိုယ်သူ မည်သူမျှ အလိုမရှိသော၊ သို့မဟုတ် မမြင်လိုသော၊ သို့မဟုတ် ၎င်းတို့အပေါ် မကျရောက်စေလိုသော၊ မိမိတို့အပေါ် ကျရောက်မည်ကို လူအများ စိုးရိမ်သော အခြေအနေများ၊ ဘုရားသခင်ပင်လျှင် ကြည့်ရက်နိုင်ခြင်း မရှိသော အခြေအနေများထဲ၌ ရောက်ရှိနေခဲ့ကြောင်း သိသည့်အခါ၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နှုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေဟု ဆိုလေ၏” ထို့အပြင် “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော” ဟူ၍ ယောဘသည် သူ၏ တည်ကြည်ခြင်းကို ဆက်၍ ဆုပ်ကိုင်နိုင်ခဲ့သည်။ ယနေ့ခေတ်တွင် ယောဘ၏ပြုမူပုံနှင့် ရင်ဆိုင်ခဲ့ရပါက ကြီးကျယ်သော စကားများ ပြောရသည်ကို နှစ်ခြိုက်သောသူများနှင့် စာလုံးများနှင့် အယူဝါဒများ ဟောပြောရသည်ကို နှစ်ခြိုက်သောသူများသည် နှုတ်ဆိတ်ကုန်ကြသည်။ ဘုရားသခင်၏နာမကို အပြောဖြင့်သာ ထောမနာပြုသော်လည်း ဘုရားသခင်၏ စမ်းသပ်မှုများကို မည်သည့်အခါမျှ လက်မခံခဲ့သောသူများသည် ယောဘ မြဲမြံစွာ စွဲကိုင်ခဲ့သော တည်ကြည်မှုအားဖြင့် ပြစ်တင်ရှုတ်ချခြင်းကို ခံရကြပြီး လူသားသည် ဘုရားသခင်၏ လမ်းခရီးကို မြဲမြံစွာ စွဲကိုင်နိုင်မည် မဟုတ်ဟူ၍ မည်သည့်အခါကမျှ မယုံကြည်ခဲ့သော သူများသည် ယောဘ၏ သက်သေခံချက်အားဖြင့် စီရင်ခြင်းကို ခံရမည် ဖြစ်သည်။ ဤစမ်းသပ်မှုများ အတောအတွင်း ယောဘ၏ ပြုမူပုံနှင့် သူပြောခဲ့သော စကားများကို ရင်ဆိုင်ခဲ့ရပါက လူအချို့တို့သည် စိတ်ရှုပ်ထွေးကြလိမ့်မည်၊ အချို့တို့သည် မနာလိုဖြစ်ကြလိမ့်မည်၊ အချို့တို့သည် သံသယဖြစ်ကြလိမ့်မည် ဖြစ်ပြီး အချို့တို့သည် စိတ်မဝင်စားပုံပေါ်ကာ ယောဘ၏ သက်သေခံချက်အပေါ် ၎င်းတို့၏ နှာခေါင်းများကို ရှုံ့ကြလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စမ်းသပ်မှုများ အတောအတွင်း ယောဘအပေါ် ကျရောက်ခဲ့သော နှိပ်စက်ညှဉ်းပန်းမှုကို မြင်ရပြီး ယောဘပြောခဲ့သော စကားများကို ဖတ်ရကြသည် သာမက မိမိအပေါ် စမ်းသပ်မှုများ ရောက်လာခဲ့သည့်အချိန်တွင် ယောဘပြခဲ့သော လူသား “အားနည်းချက်” မြင်ကြရခြင်းကြောင့် ဖြစ်သည်။ ယောဘ၏ စုံလင်ခြင်းထဲတွင် မစုံလင်ခြင်း ဖြစ်သည်ဟု ၎င်းတို့ ယုံကြည်သော ဤ “အားနည်ချက်” ဖြစ်သည့် လူသားတစ်ဦး၏ အမည်းစက်မှာ ဘုရားသခင်၏အမြင်တွင် စုံလင်ခဲ့သည်။ တစ်နည်းအားဖြင့် ဆိုသော် စုံလင်သောသူများမှာ အပြစ်အနာအဆာကင်းသော၊ အစွန်းအထင်း သို့မဟုတ် ညစ်နွမ်းမှုမရှိသော၊ အားနည်းချက်များ မရှိသော၊ နာကျင်မှုဝေဒနာအကြောင်း မသိသော၊ မပျော်မရွှင် ဖြစ်ခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်း မည်သည့်အခါမျှ ခံစားရခြင်း မရှိသော၊ မုန်းတီးခြင်း သို့မဟုတ် အပြင်ပိုင်း အစွန်းရောက်သော အပြုအမူ တစ်စုံတစ်ရာ မရှိသောသူများ ဖြစ်သည်ဟု ယုံကြည်တတ်ကြသည်၊ ရလဒ်အနေဖြင့် ယောဘသည် အမှန်တကယ် စုံလင်ခဲ့ကြောင်းကို လူအများစုတို့က မယုံကြည်ကြပေ။ သူ၏ စမ်းသပ်မှုများ အတောအတွင်း သူ၏အပြုအမူများစွာကို လူတို့က လက်မခံကြပေ။ ဥပမာ ယောဘသည် သူ၏ ဥစ္စာပစ္စည်းနှင့် သားသမီးများကို ဆုံးရှုံးခဲ့ရသည့်အခါ၊ သူသည် လူတို့ စိတ်ကူးသကဲ့သို့ မျက်ရည်ကျ ငိုကြွေးခဲ့ခြင်း မရှိခဲ့ပေ။ သူ၏မိသားစုအတွက် သူ၌ မျက်ရည်များ သို့မဟုတ် ချစ်ခြင်း မရှိခဲ့သည့်အတွက် သူ၏ “ဖြစ်ရိုးဖြစ်စဉ်နှင့် မကိုက်ညီမှု” သည် လူတို့က သူ့အား အေးစက်သောသူ ဖြစ်သည်ဟု ထင်စေသည်။ ဤအရာမှာ ယောဘသည် လူတို့အား ပထမဦးဆုံး ပေးသော မကောင်းသည့် ထင်မြင်ချက် ဖြစ်သည်။ ထို့နောက် ၎င်းတို့က သူ၏အပြုအမူသည် ပို၍ပင် ဦးနှောက်ခြောက် စေသည်ဟု မြင်ကြသည်၊ “မိမိဝတ်လုံကိုဆုတ်ပြီး” ဆိုသည်မှာ သူသည် ဘုရားသခင်အား မရိုသေခြင်း ဖြစ်သည်ဟူ၍ လူတို့က အဓိပ္ပာယ်ကောက်ခဲ့ကြပြီး “ဦးခေါင်းကိုရိတ်၍” ဆိုသည်မှာ ယောဘသည် ဘုရားသခင်အား စော်ကားခြင်းနှင့် ဆန့်ကျင်ခြင်းကို ဆိုလိုကြောင်း တလွဲယုံကြည်ကြလေသည်။ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နှုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ” ဟူသော ယောဘ၏ စကားများမှလွဲ၍ လူတို့က ယောဘထဲ၌ ဘုရားသခင်၏ ချီးကျူးခြင်းကို ခံခဲ့ရသော ဖြောင့်မတ်ခြင်း တစ်စုံတစ်ခုမျှ မမြင်ကြသဖြင့် ယောဘအပေါ် အများစုဖြစ်သော ၎င်းတို့၏ အကဲဖြတ်ချက်မှာ နားမလည်နိုင်ခြင်း၊ နားလည်မှုလွဲခြင်း၊ သံသယဖြစ်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် အယူအဆအားဖြင့်သာ လက်ခံခြင်းထက် မပိုပေ။ ယောဘသည် စုံလင်ပြီး ဖြောင့်မတ်သော လူသားတစ်ဦး ဖြစ်ကြောင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခဲ့သောသူတစ်ဦး ဖြစ်ကြောင်း ယေဟောဝါဘုရားသခင်၏ စကားများကို ၎င်းတို့ တစ်ဦးတစ်ယောက်မျှ စစ်မှန်စွာ နားလည်နိုင်ခြင်းနှင့် အသိအမှတ်ပြုနိုင်ခြင်း မရှိကြပေ။

ယောဘအပေါ် ၎င်းတို့၏ အထက်ပါ ထင်မြင်ချက်ကို အခြေခံပြီး လူတို့သည် သူ၏ ဖြောင့်မတ်ခြင်းနှင့်စပ်လျဉ်းပြီး ဆက်လက်၍ သံသယများ ရှိကြသည်၊ အဘယ်ကြောင့်ဆိုသော် သမ္မာကျမ်းထဲ၌ မှတ်တမ်းတင်ခဲ့သော ယောဘ၏ လုပ်ဆောင်ချက်များနှင့် ပြုမူပုံတို့မှာ လူတို့ စိတ်ကူးထားသကဲ့သို့ ကမ္ဘာတုန်လောက်အောင် ထိမိခြင်း မရှိသောကြောင့် ဖြစ်သည်။ သူသည် ကြီးမားသော စွမ်းဆောင်မှုများကို လုပ်ဆောင်ခြင်း မရှိခဲ့သည့်အပြင် သူသည် ပြာကြားတွင် ထိုင်နေစဉ် သူ့ကိုယ်သူ ကုတ်ခြစ်ရန် အိုးခြမ်းပဲ့ကိုလည်း ယူခဲ့ပြန်သည်။ ဤလုပ်ရပ်သည်လည်း လူတို့အား အံ့အားသင့်စေပြီး ယောဘ၏ ဖြောင့်မတ်ခြင်းကို သံသယ ဖြစ်စေသည့်အပြင် ပို၍ပင် ငြင်းပယ်စေသည်၊ အဘယ်ကြောင့်ဆိုသော် ယောဘသည် သူ့ကိုယ်သူ ခြစ်နေစဉ် ဘုရားသခင်ထံ ဆုတောင်းခဲ့ခြင်း သို့မဟုတ် ဘုရားသခင်အား ကတိပေးခဲ့ခြင်း မရှိခဲ့၊ ထိုမျှမက သူသည် နာကျင်မှု မျက်ရည်များဝိုင်း၍ ငိုကြွေးသည်ကို မမြင်ခဲ့ရပေ။ ယနေ့အချိန်တွင် လူတို့သည် ယောဘ၏ အားနည်ချက်ကိုသာ မြင်ကြပြီး အခြားအရာ တစ်စုံတစ်ခုကိုမျှ မမြင်ကြသောကြောင့် “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော” ဟု ယောဘ ဆိုသည်ကို ၎င်းတို့ ကြားသော်လည်း ၎င်းတို့သည် လုံးဝ တုန်လှုပ်ခြင်း မရှိပေ၊ သို့မဟုတ် ချီတုံချတုံ ဖြစ်ခြင်း မရှိဘဲ ယောဘ၏ စကားများထဲမှ သူ၏ ဖြောင့်မတ်ခြင်းကို သိမြင်နိုင်ခြင်း မရှိသေးပေ။ စမ်းသပ်မှုများကြောင့် နှိပ်စက်ညှဉ်းပန်းခြင်းကို သူခံရစဉ်အတောအတွင်း လူတို့အား ယောဘပေးသည့် အခြေခံကျသော ထင်မြင်ချက်မှာ သူသည် ကပ်ဖားရပ်ဖားလည်း မလုပ်၊ မာနလည်း မကြီးသောသူ ဖြစ်ခဲ့သည်ဟူ၍ ဖြစ်သည်။ သူ၏ စိတ်နှလုံး အတွင်းခန်းများထဲ၌ ဖြစ်ပျက်ခဲ့သော သူ၏အပြုအမူ နောက်ကွယ်မှ ဇာတ်လမ်းကို မမြင်ကြသည် သာမက သူ၏စိတ်နှလုံးအတွင်းမှ ဘုရားသခင်ကို ကြောက်ရွံခြင်း သို့မဟုတ် မကောင်းမှု ရှောင်သည့် လမ်းခရီး၏ နိယာမကို စောင့်ထိန်းခြင်းကို မမြင်ကြပေ။ သူ၏ တုန်လှုပ်မှုကင်းခြင်းသည် လူတို့အား သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့မှာ အဓိပ္ပာယ်မရှိသော စကားများဖြစ်ကြောင်း၊ ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းမှာ ကောလာဟလမျှသာ ဖြစ်ကြောင်း ထင်စေသည်၊ ထိုစဉ် သူအပြင်ပန်းတွင် ထုတ်ဖော်ခဲ့သော “အားနည်ချက်” သည် ၎င်းတို့အပေါ် အလွန်ကြီးသော ထင်မြင်ချက်ကို ကျန်ရစ်စေပြီး ဘုရားသခင်က စုံလင်ဖြောင့်မတ်သည်ဟု သတ်မှတ်သော လူသားအပေါ် “အမြင်သစ်” တစ်ခုနှင့် “နားလည်မှုအသစ်” တစ်ခုကိုပင် ပေးခဲ့သည်။ ယောဘသည် သူ၏နှုတ်ကိုဖွင့်ကာ သူမွေးဖွားခဲ့သော နေ့ရက်ကို ကျိန်ဆဲခဲ့သည့်အခါ ယင်းကဲ့သို့ “အမြင်သစ်” နှင့် “နားလည်မှုအသစ်” များမှာ သက်သေပြပြီး ဖြစ်ခဲ့သည်။

သူခံစားခဲ့ရသော နှိပ်စက်ညှဉ်းပန်းမှု အတိုင်းအတာမှာ မည်သည့်လူသားမျှ စိတ်ကူး၍ မရဘဲ နားမလည်နိုင်သော်လည်း သူသည် မိစ္ဆာဒိဋ္ဌိစကားများကို မပြောခဲ့ပါ၊ သို့သော်လည်း သူ၏ ကိုယ်ခန္ဓာ နာကျင်မှုဝေဒနာကို သူ၏ ကိုယ်ပိုင် နည်းလမ်းဖြင့် သက်သာစေခဲ့ခြင်းသာ ဖြစ်သည်။ သမ္မာကျမ်းထဲ၌ မှတ်တမ်းတင်ခဲ့သည်နှင့်အညီ၊ “ငါဖွားသော နေ့ရက်ပျက်စီးပါစေ။ သားယောက်ျားကို ပဋိသန္ဓေယူပြီဟု သတင်းကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ” (ယောဘ ၃:၃) ဟု သူဆိုခဲ့သည်။ ဤစကားများကို အရေးကြီးသည်ဟု မည်သူတစ်ဦးတစ်ယောက်က တစ်ခါမျှ မထင်မှတ်ခြင်းဖြစ်နိုင်ပြီး ၎င်းတို့အား အာရုံစိုက်ခဲ့ပြီးသော လူများလည်း ရှိကောင်းရှိနိုင်ပါသည်။ သင်တို့၏ အမြင်တွင် ယောဘသည် ဘုရားသခင်ကို ဆန့်ကျင်ခဲ့သည်ဟု ၎င်းတို့ ဆိုလိုခြင်း ဖြစ်သလော။ ၎င်းတို့သည် ဘုရားသခင်ကို ညည်းညူမှုတစ်ခု ဖြစ်သလော။ သင်တို့ထဲမှ များစွာသည် ယောဘပြောခဲ့သော ဤစကားများနှင့်ပတ်သက်၍ ထိုသို့သေ အတွေးအခေါ်များ ရှိကြပြီး အကယ်၍ ယောဘသည် စုံလင်ပြီး ဖြောင့်မတ်ပါက သူသည် အားနည်းချက် သို့မဟုတ် ပူဆွေးသောက တစ်စုံတစ်ရာကို မပြသင့်ဘဲ ယင်းအစား စာတန်ထံမှ တိုက်ခိုက်မှု တစ်စုံတစ်ရာကို အပြုသဘောဆန်စွာဖြင့် ရင်ဆိုင်ခဲ့သင့်ပြီး စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို ရင်ဆိုင်ရသော်လည်း ပြုံး၍ပင် နေခဲ့သင့်သည်ဟု ယုံကြည်ကြကြောင်းကို ငါသိသည်။ သူသည် သူ၏ခန္ဓာကိုယ်ပေါ်၌ ကျရောက်ခဲ့သော နှိပ်စက်ညှဉ်းပန်းမှု တစ်စုံတစ်ရာအပေါ် အနည်းငယ်မျှသော တုံ့ပြန်မှု မရှိသင့်သည့်အပြင် သူ၏ စိတ်နှလုံးအတွင်းမှ စိတ်ခံစားချက် တစ်စုံတစ်ရာအပေါ် သစ္စာဖောက်ခြင်း မပြုခဲ့သင့်ပေ။ ဤစမ်းသပ်မှုများကို ပို၍ပင် ပြင်းထန်စေရန် ဘုရားသခင်အား သူတောင်းလျှောက်ခဲ့သင့်သည်။ ဤသည်မှာ ဘုရားသခင်ကို စစ်မှန်စွာ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူ တစ်စုံတစ်ဦး၌ ရှိသင့်ပြီး လက်တွေ့ပြသင့်သောအရာ ဖြစ်သည်။ အလွန်ပြင်းထန်သော ဤနှိပ်စက်ညှဉ်းပန်းမှုကြားတွင် ယောဘသည် သူမွေးဖွားသော နေ့ရက်ကို အမှန်ပင် ကျိန်ဆဲခဲ့သည်။ သူသည် ဘုရားသခင်ကို ညည်းညူခြင်း မပြုခဲ့ပေ၊ ဘုရားသခင်ကို ဆန့်ကျင်ရန် ရည်ရွယ်ချက် တစ်စုံတစ်ရာ သူ၌ ရှိရန်မှာ ပို၍ပင် မဖြစ်နိုင်ခဲ့ပေ။ ဤအရာသည် အလုပ်ထက် အပြောက ပို၍ လွယ်ကူသည်၊ အဘယ်ကြောင့်ဆိုသော် ရှေးယခင် ခေတ်များကတည်းက ယနေ့အထိ ယောဘပေါ် ကျရောက်ခဲ့သော ယင်းကဲ့သို့ စုံစမ်းနှောင့်ယှက်မှုများကို တွေ့ကြုံဖူးသော သို့မဟုတ် ခံစားဖူးသောသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။ ယောဘ ခံစားခဲ့ရသော တူညီသည့် စုံစမ်းနှောင့်ယှက်မှုမျိုးကို မည်သူတစ်ဦးတစ်ယောက်မျှ အဘယ်ကြောင့် မခံစားခဲ့ရသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မြင်သည်နှင့်အညီ မည်သူမျှ ယင်းကဲ့သို့ တာဝန် သို့မဟုတ် တာဝန်ပေးစေခိုင်းချက် တစ်ခုကို တာဝန်ယူနိုင်ခဲ့ခြင်း မရှိ၊ ယောဘပြုခဲ့သည့်နည်းတူ မည်သူမျှ မပြုနိုင်ခဲ့ခြင်းနှင့် ထိုမျှမက မည်သူမျှ ၎င်းတို့ မွေးဖွားခဲ့သော နေ့ရက်ကို ကျိန်ဆဲခြင်းမှ လွဲ၍ ယောဘအပေါ် ယင်းကဲ့သို့ နှိပ်စက်ညှဉ်းပန်းမှု ကျရောက်စဉ် သူပြုခဲ့သည်နည်းတူ ဘုရားသခင်၏နာမကို မစွန့်ပယ်ခဲ့ဘဲ ယောဟောဝါဘုရားသခင်၏ နာမကို ဆက်၍ကောင်းချီးပေးခြင်းကို မပြုနိုင်သေးခြင်းကြောင့် ဖြစ်သည်။ တစ်စုံတစ်ဦးသောသူသည် ဤအရာကို ပြုနိုင်ခဲ့သလော။ ယောဘနှင့်ပတ်သက်၍ ဤအရာကို ငါတို့ ပြောသောအခါ ငါတို့သည် သူ၏အပြုအမူကို ချီးကျူးနေခြင်း ဖြစ်သလော။ သူသည် ဖြောင့်မတ်သော လူသားတစ်ဦးဖြစ်ခဲ့ပြီး ဘုရားသခင်ကို ယင်းကဲ့သို့ သက်သေခံနိုင်ခဲ့သည့်အပြင် စာတန်အား ၎င်း၏ဦးခေါင်းကို လက်ထဲ၌ ကိုင်ကာ ထွက်ပြေးစေရန် ပြုနိုင်စွမ်းရှိသဖြင့် ၎င်းသည် နောက်တစ်ဖန် ဘုရားသခင် ရှေ့သို့ လာပြီး သူ့ကို မည်သည့်အခါမျှ စွပ်စွဲခြင်း ပြုနိုင်တော့မည် မဟုတ်၊ ထို့ကြောင့် သူ့ကို ချီးကျူးခြင်းမှာ အဘယ် အမှားရှိသနည်း။ သင်တို့၌ ဘုရားသခင်ထက် ပိုမြင့်သော စံနှုန်းများ ရှိနေခြင်းကြောင့် ဖြစ်နိုင်သလော။ သင်တို့အပေါ်၌ စမ်းသပ်မှုများ ရောက်လာခဲ့သည့်အခါ သင်တို့သည် ယောဘထက် ပို၍ ကောင်းစွာ ပြုမူနိုင်မည် ဖြစ်ခြင်းကြောင့် ဖြစ်နိုင်သလော။ ယောဘသည် ဘုရားသခင်၏ ချီးကျူးခြင်းကို ခံခဲ့ရသည်၊ သင်တို့၌ အဘယ် ကန့်ကွက်ချက်များ ရှိနိုင်သနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၄၂

နောက်ဆုံးသော ကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်သည် အဓိကအားဖြင့် သူ၏ နှုတ်ကပတ်တော်များကို ပြောရန်၊ လူ့ဘဝအတွက် လိုအပ်သမျှကို ရှင်းပြရန်၊ လူသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၆၃

သင်တို့အားလုံးသည် ငါ့ကို သစ္စာဖောက်ခြင်း မည်မျှ သင်တို့အတွင်း ကျန်ရှိသည်ကို မြင်ဖို့ရန် ယခု မြန်နိုင်သမျှမြန်မြန် မိမိကိုယ်ကိုယ်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၆၁

ကျေးဇူးတော်ခေတ်တွင် ယေရှုသည်လည်း များစွာ ပြောဆိုခဲ့ပြီး အမှုများစွာကို ပြုခဲ့သည်။ သူသည် ဟေရှာယနှင့် မည်သို့ ကွာခြားသနည်း။ သူသည် ဒံယေလနှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း | ကောက်နုတ်ချက် ၉၃

နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏အမှု အတောအတွင်း- ဆိုလိုသည်မှာ သန့်စင်စေခြင်း၏ နောက်ဆုံးသောအမှု...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။