ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၈၁

ယေရှုသည် ရှင်ပြန်ထမြောက်ပြီးနောက် ပေါင်မုန့်ကိုစားပြီး ကျမ်းစာကို ရှင်းပြ၏

ရှင်လုကာခရစ်ဝင်ကျမ်း ၂၄:၃၀-၃၂ စားပွဲ၌ သူတို့နှင့်အတူ လျောင်းတော်မူစဉ်၊ မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူသည်တွင်၊ သူတို့သည် မျက်စိပွင့်လင်း၍ ကိုယ်တော်ဖြစ်သည်ကို သိကြ၏။ ထိုအခါ ကိုယ်တော်သည် ကွယ်တော်မူ၏။ တပည့်တော်တို့ကလည်း၊ လမ်းခရီး၌ ငါတို့နှင့်ဟောပြော၍ ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသောအခါ၊ ငါတို့ စိတ်နှလုံးသည် ယိုဖိတ်မတတ်ဖြစ်သည်မဟုတ်လောဟု အချင်းချင်းပြောဆိုကြ၏။

တပည့်တော်တို့သည် ယေရှုစားဖို့ ငါးကင်ကိုပေး၏

ရှင်လုကာခရစ်ဝင်ကျမ်း ၂၄:၃၆-၄၃ ထိုသို့အချင်းချင်း ပြောဆိုသောအခါ၊ ယေရှုသည် သူတို့အလယ်၌ ရပ်တော်မူလျက်၊ သင်တို့အား ငြိမ်သက်ခြင်းဖြစ်စေသတည်းဟု မိန့်တော်မူ၏။ တပည့်တော်တို့သည် တစ္ဆေကိုမြင်သည်ဟု စိတ်ထင်နှင့် ထိတ်လန့် ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။ ကိုယ်တော်ကလည်း၊ အဘယ်ကြောင့် အထူးထူးအထွေထွေသော စိတ်ရှိကြသနည်း။ သင်တို့နှလုံးသားထဲ၌ အဘယ်ကြောင့် အတွေးများ ယောက်ယက်ခတ်နေသနည်း။ ငါ့လက်ကို ကြည့်ကြလော့။ ငါ့ခြေကိုလည်း ကြည့်ကြလော့။ ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကို ကြည့်ရှုစမ်းသပ် ကြလော့။ ငါသည် သင်တို့မြင်သည်အတိုင်း အရိုး အသားနှင့်ပြည့်စုံ၏။ တစ္ဆေမည်သည်ကား ဤကဲ့သို့ မပြည့်စုံဟု မိန့်တော်မူလျက်၊ လက်တော်ခြေတော်တို့ကို တပည့်တော်တို့အား ပြတော်မူ၏။ ထိုသူတို့သည် အံ့ဩ၍ ဝမ်းမြောက်သောအားဖြင့် မယုံနိုင်ဘဲ နေသေးသောအခါ၊ သင်တို့၌ စားစရာ တစုံတခုရှိသလောဟု မေးတော်မူလျှင်၊ ငါးကင်တပိုင်းနှင့် ပျားလပို့ကို ကပ်ပေးကြ၏။ ကိုယ်တော်သည် ယူ၍ သူတို့ရှေ့မှာ စားတော်မူ၏။

နောက်တစ်ခုမှာ အပေါ်က ကျမ်းစာ၏ စာပိုဒ်ကို ငါတို့ ကြည့်ကြမည်။ ပထမအပိုဒ်က သခင်ယေရှု ပေါင်မုန့်စားပုံကို ပြန်ပြောပြခြင်းဖြစ်ပြီး သူ၏ ရှင်ပြန်ထမြောက်ပြီးနောက်မှာ ကျမ်းစာတို့ကို ရှင်းပြနေခြင်းဖြစ်သည်။ ဒုတိယအပိုဒ်က သခင်ယေရှု ငါးကင်စားပုံကို ပြန်ပြောပြခြင်းဖြစ်သည်။ ဤစာပိုဒ်နှစ်ခုက ဘုရားသခင်၏ စိတ်သဘောထားကို သိရန်အတွက် အကူအညီရရန် မည်သို့ထောက်ပံ့ပေးသနည်း။ သခင်ယေရှု ပေါင်မုန့်စားခြင်းနှင့် ငါးကင်ကိုစားခြင်း၏ ဤအသေးစိတ်အချက်အလက်တို့မှ သင်တို့ရသော အဓိပ္ပာယ်ကို စဉ်းစားကြည့်နိုင်မည်လော။ သင်တို့ရှေ့မှာ သခင်ယေရှုက ပေါင်မုန့်စားနေလျှင် သင်တို့ မည်ကဲ့သို့ခံစားရမည်နည်းဆိုသည်ကို စဉ်းစားကြည့်နိုင်သလော။ သို့မဟုတ် သူက သင်တို့နှင့်အတူတူ စားပွဲတစ်ခုတည်းမှာ စားနေလျှင်၊ လူတို့နှင့်အတူ ငါးနှင့်ပေါင်မုန့်ကိုစားနေလျှင်၊ ထိုအချိန်မှာ သင်တို့ မည်ကဲ့သို့ခံစားမှုမျိုး ရနိုင်မည်နည်းဆိုသည်ကို သင်တို့ စဉ်းစားကြည့်နိုင်သလော။ သင်က သခင်နှင့် အလွန်နီးစပ်နေမည်၊ သူက သင်နှင့် အလွန်ရင်းနှီးမည်ဟု ခံစားရလျှင် ဤခံစားချက်က မှန်ကန်၏။ ၎င်းသည် ရှင်ပြန်ထမြောက်ပြီးနောက်တွင် စုရုံးထားသော လူတို့ရှေ့၌ ပေါင်မုန့်နှင့် ငါးကို စားခြင်းမှ သူရရှိလိုသော ရလဒ်အတိအကျပင်ဖြစ်သည်။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်ပြီးနောက်မှာ သူသည် လူတို့နှင့် စကားသာပြောခဲ့လျှင် လူတို့က သူ၏ အသွေးအသားနှင့် အရိုးတို့ကို မခံစားရဘဲ သူသည် လက်လှမ်းမမီနိုင်သော ဝိညာဉ်တစ်ခုဖြစ်သည်ဟု ခံစားရလျှင် သူတို့ မည်ကဲ့သို့ခံစားရမည်နည်း။ သူတို့ စိတ်ပျက်သွားမှာ မဟုတ်သလော။ လူတို့သည်စိတ်ပျက်သွားလျှင် စွန့်ပစ်ခံရသည်ဟု သူတို့ မခံစားရသလော။ သခင်ယေရှုခရစ်တော်နှင့် ဝေးကွာသွားသည်ဟု သူတို့ မခံစားရသလော။ ဤအကွာအဝေးက ဘုရားသခင်နှင့် လူတို့၏ ဆက်ဆံရေးအပေါ် မည်ကဲ့သို့ အဖျက်သဘောဆောင်သော သက်ရောက်မှုတို့ကို ဖန်တီးပေးမည်နည်း။ သေချာသည်မှာ လူတို့သည် ကြောက်ရွံ့ကြလိမ့်မည်။ သူ့အနားကို မသွားရဲတော့ဘဲ သင့်တော်သော အကွာအဝေးမှာထားရန် စိတ်သဘောထားတို့ ရှိလာကြလိမ့်မည်။ ထိုအချိန်မှစပြီး သခင်ယေရှုနှင့် ရင်းနှီးသော သူတို့၏ ဆက်ဆံရေးကို ဖြတ်တောက်ပြီး ကျေးဇူးတော်ခေတ်မတိုင်ခင်က လူသားမျိုးနွယ်နှင့် ကောင်းကင်ဘုံပေါ်မှ ဘုရားသခင်ကြားက ဆက်ဆံရေးကို ပြန်သွားလိမ့်မည်။ လူတို့ ထိတွေ့၍၊ ခံစား၍မရသော ဝိညာဉ်ခန္ဓာသည် ဘုရားသခင်နှင့်သူတို့၏ ရင်းနှီးမှုကို ဖျက်ဆီးပစ်လိမ့်မည်။ သူနှင့်လူသားတို့ကြားမှာ အကွာဝေးမရှိခဲ့သော၊ သခင်ယေရှု လူ့ဇာတိ၌ရှိသော အချိန်ကာလအတွင်းမှာ တည်ဆောက်ခဲ့သော ဤရင်းနှီးသောဆက်ဆံရေးကို ပျောက်ကွယ်စေပါလိမ့်မည်။ ဝိညာဉ်ခန္ဓာအပေါ် လူတို့၏ ခံစားချက်တို့သည် ကြောက်ရွံ့ခြင်း၊ ရှောင်ကြဉ်ခြင်းနှင့် စကားမပြောဘဲ စူးစိုက်ကြည့်ခြင်းတို့သာ ဖြစ်ပါလိမ့်မည်။ သူတို့သည် သူ့နောက်ကိုလိုက်ရန်၊ ယုံကြည်ရန်၊ သို့မဟုတ် မျှော်လင့်ချက်ထားရန်ဝေးစွ အနားပင်မကပ်ရဲပေ၊ သို့မဟုတ် သူနှင့် စကားမပြောရဲပေ။ ဘုရားသခင်သည် သူ့အတွက် လူသားတို့ရှိသော ဤခံစားချက်မျိုးကို မြင်ရရန် သူမလိုလားပေ။ လူတို့က သူ့ကို ရှောင်ကြဉ်ခြင်းမျိုး၊ သို့မဟုတ် သူတို့ကိုယ်သူတို့ သူ့ဆီမှ ဆုတ်ခွာနေခြင်းမျိုးကို သူမမြင်လိုပေ။ သူသည် လူတို့အား သူ့ကိုနားလည်ရန်၊ သူ့အနားကိုလာရန်၊ သူ့မိသားစုဖြစ်ရန်သာ အလိုရှိ၏။ သင်၏ကိုယ်ပိုင်မိသားစု၊ သင်၏ ကလေးတို့က သင့်ကိုမြင်သော်လည်း သင့်ကို မမှတ်မိလျှင်၊ သင့်အနားကိုမလာရဲဘဲ သင့်ကို အမြဲတမ်းရှောင်နေလျှင်၊ သူတို့အတွက် သင်လုပ်ခဲ့သော အရာတိုင်းအတွက် သူတို့၏ နားလည်မှုကို သင်မရရှိလျှင်၊ သင် မည်ကဲ့သို့ခံစားရမည်နည်း။ နာကျင်ရမည် မဟုတ်သလော။ သင်အသည်းကွဲရမည် မဟုတ်သလော။ ၎င်းက လူတို့က ဘုရားသခင်ကို ရှောင်ကြဉ်သောအခါ၌ သူခံစားရသောအရာ အတိအကျပင်ဖြစ်သည်။ ထို့ကြောင့် သူရှင်ပြန်ထမြောက်အပြီးမှာ သခင်ယေရှုသည် သူ၏ အသွေးအသားပုံသဏ္ဌာန်နှင့် လူတို့ရှေ့ဝယ် ပေါ်လာဆဲဖြစ်ပြီး သူတို့နှင့်အတူ စားသောက်ခဲ့သည်။ ဘုရားသခင်သည် လူတို့ကို မိသားစုအနေနှင့် ရှုမြင်ပြီး လူသားမျိုးနွယ်ကိုလည်း သူ့ကို ဤကဲ့သို့သောပုံစံရှုမြင်ရန် သူအလိုရှိ၏။ ဤနည်းနှင့်သာ ဘုရားသခင်သည် လူတို့ကို အမှန်တကယ်ရရှိနိုင်မည်ဖြစ်ပြီး လူတို့က ဘုရားသခင်ကို အမှန်တကယ်ချစ်ပြီး ကိုးကွယ်နိုင်မည် ဖြစ်သည်။ ယေရှုက ပေါင်မုန့်ကိုစားပြီး သူရှင်ပြန်ထမြောက်အပြီး ကျမ်းစာကိုရှင်းပြပြီး တပည့်တော်တို့က သူစားရန် ငါးကင်ပေးသော ကျမ်းနှစ်ပိုဒ်ကို ကောက်နုတ်ရသော ငါ၏ရည်ရွယ်ချက်ကို သင်တို့ အခု နားလည်နိုင်သလော။

သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်း၌ သူပြောဆိုလုပ်ကိုင်ခဲ့သောအရာ တသီတန်းတို့တွင် တွေးဆချင့်ချိန်ပြီး ရည်ရွယ်ချက်ကောင်းဖြင့်လုပ်ခဲ့သည်ဟု ဆိုနိုင်သည်။ ဤအရာတို့၌ လူသားမျိုးနွယ်အပေါ် ဘုရားသခင်ထားခဲ့သော ကြင်နာခြင်း၊ ချစ်ခင်ခြင်းတို့နှင့် ပြည့်နေပြီး လူ့ဇာတိတွင် သူရှိနေသည့် အချိန်အတောအတွင်း၌ လူသားမျိုးနွယ်နှင့် သူတည်ဆောက်ခဲ့သည့် ရင်းနှီးသော ဆက်ဆံရေးအပေါ် သူထားရှိခဲ့သော ချစ်ခင်မြတ်နိုးမှု၊ တိကျစေ့စပ်သော ဂရုစိုက်မှုတို့နှင့်လည်း ပြည့်နေသည်။ ထို့အပြင် လူ့ဇာတိထဲ၌ သူရှိနေချိန်အတောအတွင်း သူ၏နောက်လိုက်တို့နှင့် စားသောက်ခဲ့သော သူ့အသက်တာနှင့် ပတ်သက်၍ သူခံစားခဲ့ရသော တောင့်တမှု၊ အတိတ်ကို လွမ်းဆွတ်တမ်းတမှုတို့နှင့် ပြည့်နေသည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားနှင့် ဘုရားသခင်အကြား ဝေးကွာခြင်းကို လူတို့ခံစားရရန် အလိုမရှိသကဲ့သို့ လူသားမျိုးနွယ်ကိုလည်း သူတို့ကိုယ်သူတို့ ဘုရားနှင့် ဝေးကွာအောင်ပြုလုပ်ရန် အလိုမရှိပေ။ ထို့အပြင်ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်း သခင်ယေရှုသည် လူတို့နှင့် အလွန်ရင်းနှီးခဲ့သော သခင်မဟုတ်တော့ကြောင်း၊ သူသည် ဝိညာဉ်လောကကို ပြန်သွားသောကြောင့်၊ လူတို့ လုံးဝ မမြင်နိုင်၊ လက်လှမ်းမမီနိုင်သော ခမည်းတော်ဆီသို့ ပြန်သွားသောကြောင့် လူသားမျိုးနွယ်နှင့် အတူမရှိတော့ဟုဆိုခြင်းမျိုးကို လူသားမျိုးနွယ်ကို သူမခံစားစေလိုပေ။ သူနှင့် လူသားမျိုးနွယ်ကြားမှာ အနေအထားမတူညီမှုတို့ရှိသည်ဟု လူတို့ကို မခံစားစေလိုခဲ့ပေ။ သူ့နောက်ကိုလိုက်လိုသော်လည်း သူနှင့် ခပ်ခွာခွာနေသော လူတို့ကို ဘုရားသခင် မြင်သောအခါ သူတို့၏နှလုံးသားသည် သူနှင့် အလွန်ဝေးကွာနေသည်ဟု အဓိပ္ပာယ်ရခြင်းကြောင့်၊ သူတို့၏နှလုံးသားကို ရရှိရန် သူ့အတွက် အလွန်ခက်ခဲသည်ဟု အဓိပ္ပာယ်ရခြင်းကြောင့် သူ့နှလုံးသားသည် နာကျင်ရသည်။ ထို့ကြောင့် သူသည် လူတို့ မမြင်နိုင်၊ ထိတွေ့၍မရနိုင်သော ဝိညာဉ်ခန္ဓာနှင့် သူတို့ရှေ့၌ ကိုယ်ထင်ပြလျှင် ၎င်းက လူသားကို ဘုရားသခင်ဆီမှ နောက်တစ်ကြိမ်ထပ်ပြီး ဝေးကွာစေပါလိမ့်မည်။ တဖန် ၎င်းသည် ခရစ်တော် ရှင်ပြန်ထမြောက်ပြီးနောက် လူသားမျိုးနွယ်က သူ့ကို အလွန်မြင့်မြတ်သွားသောအနေနှင့်၊ လူသားတို့နှင့် မတူညီသော ပုံစံအဖြစ်နှင့်၊ လူသားတို့သည် အပြစ်ရှိသောကြောင့်၊ ညစ်ညမ်းပြီး ဘုရားသခင်နှင့် လုံးဝမနီးစပ်နိုင်ခြင်းကြောင့် လူသားနှင့်အတူ စားပွဲတစ်ခုထဲ မထိုင်နိုင်တော့သောသူတစ်ယောက်အဖြစ်နှင့် မှားယွင်းစွာ မြင်စေပါလိမ့်မည်။ လူသားမျိုးနွယ်၏ ဤအထင်လွဲခြင်းတို့ကို ဖယ်ရှားရန်အတွက် သခင်ယေရှုသည် သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားသည့်အတိုင်း သူလူ့ဇာတိမှာရှိစဉ်က လုပ်ခဲ့သော အရာတချို့ကို လုပ်ဆောင်ခဲ့သည်။ “မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူသည်”။ သူလုပ်လေ့ရှိသကဲ့သို့ပင် သူတို့အား ကျမ်းစာကိုလည်း ရှင်းပြခဲ့သည်။ သခင်ယေရှုလုပ်ခဲ့သော ဤအရာအားလုံးသည် သခင်သည် ပြောင်းလဲမသွားကြောင်း၊ သူသည် ယခင်က သခင်ယေရှုပင်ဖြစ်သည်ဆိုကြောင်းကို သူ့ကိုမြင်သောလူတိုင်းကို ခံစားသိရှိစေခဲ့သည်။ သူသည် လက်ဝါးကပ်တိုင်မှာ သံနှင့်ရိုက်ခံရပြီး သေခြင်းကို ကြုံတွေ့ခဲ့ရပြီး ရှင်ပြန်ထမြောက်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ်ကို ထားမသွားပေ။ သူသည် လူသားတို့ကြားထဲသို့ ပြန်လာပြီး သူ၏ အရာရာတိုင်းသည် ပြောင်းလဲမသွားပေ။ လူတို့ရှေ့မှာရပ်နေသော လူသားသည် ယခင်က သခင်ယေရှုပင်ဖြစ်သည်။ သူ၏အပြုအမူနှင့် သူ၏ လူတို့နှင့် စကားပြောခြင်းတို့က အလွန်ရင်းနှီးသကဲ့သို့ ခံစားရသည်။ သူသည် ချစ်ခင်ကြင်နာခြင်းများ၊ ကျေးဇူးတော်နှင့် သည်းခံခြင်းများနှင့် ပြည့်နေတုန်းပင်ဖြစ်သည်။ သူသည် သူ့ကိုယ်သူချစ်သကဲ့သို့ သူတပါးကိုချစ်သော၊ လူသားမျိုးနွယ်ကို ခုနစ်ဆယ် ခုနစ်လီ ခွင့်လွှတ်နိုင်သော ထိုသခင်ယေရှုပင်ဖြစ်သည်။ ခါတိုင်းလိုပင်၊ လူတို့နှင့်အတူ သူစားသည်။ သူတို့နှင့် ကျမ်းစာ ဆွေးနွေးသည်။ ပိုအရေးကြီးသည်မှာ ယခင်ကလိုပင် သူသည် အသွေးအသားနှင့်ပြုလုပ်ထားပြီး ထိတွေ့နိုင်၊ မြင်နိုင်သည်။ ဤပုံစံနှင့်လူသားသည် ဤရင်းနှီးမှုကို လူတို့အား ခံစားရစေသည်။ စိတ်သက်သာရာရစေသည်။ ပျောက်ဆုံးသွားသော အရာတစ်ခုကို ပြန်လည်ရရှိသော ဝမ်းမြောက်မှုကို ခံစားရစေသည်။ သူတို့သည်လည်း လူသားမျိုးနွယ်၏အပြစ်တို့ကို ခွင့်လွှတ်နိုင်သော ဤလူသားကို ရဲရင့်စွာ၊ ယုံကြည်မှုရှိစွာနှင့် အမှီပြု အားထားရန် လုံလောက်စွာ စိတ်သက်သာရာရခြင်းကို ခံစားကြရသည်။ သူတို့သည်လည်း နှောင့်နှေးမနေဘဲ သခင်ယေရှု၏ အမည်နာမ၌ ဆုတောင်းရန်၊ သူ၏ ကျေးဇူးတော်၊ သူ၏ကောင်းချီးကို လက်ခံရရှိစေရန်၊ သူ့ဆီမှ ငြိမ်ချမ်းခြင်းနှင့် ဝမ်းမြောက်ခြင်းကို လက်ခံရရှိရန်အတွက် ဆုတောင်းရန်၊ သူ့ဆီမှ ဂရုစိုက်မှုနှင့် ကာကွယ်မှုကို ရရှိရန်အတွက် ဆုတောင်းရန် စတင်ပြုလုပ်လာကြပြီး သခင်ယေရှု၏နာမတော်ဖြင့် ဆေးကုသခြင်းနှင့် နတ်ဆိုးတို့ကို နှင်ထုတ်ခြင်းတို့ကို အစပြုလုပ်ဆောင်လာကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၈၅

သန့်ရှင်းသော ဝိညာဉ်တော် လုပ်သော အလုပ်သည် နေ့စဉ်နေ့တိုင်း ပြောင်းလဲနေပြီး အလုပ်အဆင့် တစ်ခုစီတိုင်းသည် သာ၍ အဆင့်မြင့်လာလေ့ရှိသည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၅၂

လူအများကြား ဘုရားသခင်၏ အလုပ်တွင် လူသည် ဤအလုပ်၏ ပြုလုပ်ခံရသူဖြစ်ပြီး၊ ဘုရားသခင်ကို သက်သေခံနိုင်သည့် ဘုရားသခင် ဖန်ဆင်းထားသည့် တစ်ခုတည်းသော...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၅၈

ငါ၏ နက်နဲမှုများ ထုတ်ဖော်ပြခံရပြီး ပွင့်ပွင့်လင်းလင်း ထင်ရှားကာ မကွယ်ဝှက်တော့သည်မှာ ငါ၏ ကျေးဇူးနှင့် ကရုဏာကြောင့် လုံးလုံးလျားလျား ဖြစ်၏။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၄၁

ကမ္ဘာမြေကြီးပေါ်တွင် ငါသည် လူတို့၏ နှလုံးသားများထဲ၌ ရှိသည့် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်သည်။ ကောင်းကင်ဘုံတွင် ငါသည်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။