ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၈၅

ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းရန် နှုတ်ကပတ်တော်တို့ကို အသုံးပြုသည် (လက်ရွေးစင် ကျမ်းပိုဒ်များ)

တတိယနေ့တွင် ဘုရားဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် မြေကြီးနှင့် ပင်လယ်တို့ကို ပေါ်ပေါက်စေခဲ့ပြီး ဘုရားသခင်၏ သြဇာအာဏာသည် ကမ္ဘာကို သက်ရှိတို့နှင့် ပြည့်စေခဲ့သည်

ကမ္ဘာဦးကျမ်း ၁:၉-၁၁ ၏ ပထမဝါကျက ဤသို့ဆိုသည်- “တဖန်ဘုရားသခင်က မိုဃ်းကောင်းကင်အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေ ဟုမိန့်တော်မူခဲ့သည်။” ဘုရားသခင်က ရိုးရိုးပဲ “မိုဃ်းကောင်းကင်အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေ” ဟုပြောလိုက်သည့်အခါ မည်သည့်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သနည်း။ အလင်းနှင့် မိုဃ်းမျက်နှာကြက်မှလွဲ၍ ဤနေရာတွင် အဘယ်အရာရှိနေခဲ့သနည်း။ ကျမ်းစာထဲတွင် ဤသို့ရေးထားသည်၊ “ကုန်းကိုမြေဟူသော အမည်ဖြင့်၎င်း၊ ရေစုဝေးရာကို ပင်လယ်ဟူသောအမည်ဖြင့်၎င်း၊ ဘုရားသခင် ခေါ်ဝေါ်သမုတ်တော်မူ၍ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။” တစ်နည်းအားဖြင့် ယခုတွင် ဤနေရာ၌ မြေကြီးနှင့် ပင်လယ်တို့ရှိလာခဲ့ပြီး မြေကြီးနှင့်ပင်လယ်တို့သည် ခွဲခြားခြင်းခံခဲ့ရသည်။ ဤအသစ်သောအရာများ၏ ပေါ်ထွန်းမှုသည် ဘုရားသခင်၏နှုတ်တော်က ပညတ်ချက်များကို လိုက်နာခဲ့သည်။ “အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။” ဘုရားသခင်သည် ဤအရာများကိုလုပ်နေစဉ်တွင် အလုပ်ရှုပ်နေခြင်းမျိုးကို သမ္မာကျမ်းစာက ဖော်ပြသလော။ ကိုယ်ကာယအင်အားနှင့် အလုပ်လုပ်နေသည်ဟု ဖော်ပြသလော။ ဤသို့ဆိုလျှင် ဤအရာများအားလုံးကို ဘုရားသခင်က မည်သို့ပြုလုပ်ခဲ့သနည်း။ ဤအရာဝတ္ထုအသစ်များကို ဘုရားသခင်က မည်သို့ဖြစ်ပေါ်စေခဲ့သနည်း။ ရှင်းပြနေစရာမလိုပေ။ ဤအရာများအားလုံးကို ရရှိရန်၊ ဤအရာအားလုံးကို ဖန်ဆင်းရန် ဘုရားသခင်သည် နှုတ်ကပတ်တော်တို့ကို အသုံးပြုခဲ့သည်။

ဤကျမ်းပိုဒ်၏ နောက်ဆုံးဝါကျကို ဆက်သွားကြစို့။ “တဖန် ဘုရားသခင်က၊ မြေသည် မြက်ပင်ကို၎င်း၊ စပါးသီးကိုဖြစ်စေသော စပါးပင်ကို၎င်း၊ မြေပေါ်တွင် မျိုးစေ့ပါလျက် သစ်သီးမျိုးကိုဖြစ်စေသော သစ်ပင်ကို၎င်း၊ ပေါက်စေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။” ဘုရားသခင်က စကားပြောနေစဉ်တွင် ဤအရာအားလုံးသည် ဘုရားသခင်၏အတွေးကိုလိုက်ပြီး ဖြစ်တည်လာခဲ့ကာ ချက်ချင်းပင် အနုစိတ်ပြီး သေးငယ်သည့် သက်ရှိအမျိုးမျိုးတို့သည် မြေကြီးထဲမှ တုန်တုန်ရီရီနှင့် ခေါင်းလေးများ ပြူထွက်လာခဲ့ပြီး သူတို့ကိုယ်ခန္ဓာက မြေမှုန့်များကို ခါမချသေးခင်တွင်ပင် သူတို့သည် စိတ်ထက်သန်စွာနှင့် အချင်းချင်း နှုတ်ဆက်ရင်း ခေါင်းညိတ်ရင်းနှင့် လောကကြီးကို ပြုံးပြနေခဲ့ကြသည်။ ဖန်ဆင်းရှင်သည် သူတို့အပေါ်တွင် အသက်ကို ချပေးသနားသည့်အတွက် သူ့ကို ကျေးဇူးတင်ကြပြီး သူတို့သည် အရာအားလုံးထဲတွင် ပါဝင်သည့် တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဆိုခြင်းကို၊ သူတို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာကို ဖော်ထုတ်ပြသရန် သူတို့၏ ဘဝများကို အပ်နှံကြမည်ဆိုခြင်းကို ကြေညာခဲ့ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို မိန့်ကြားလိုက်သည့်အခါတွင် ကုန်းမြေသည် စိမ်းလန်းစိုပြည်လာခဲ့သည်။ လူတို့အသုံးချနိုင်သည့် ဆေးဘက်ဝင်အပင်အမျိုးမျိုးတို့သည် ရှင်သန်လာကြပြီး မြေကြီးထဲမှ ဖောက်ထွက်လာခဲ့ကြသည်။ တောင်များနှင့် လွင်ပြင်များသည် သစ်ပင်များ၊ တောများနှင့် ထူထပ်သွားခဲ့သည်။ သက်ရှိအရိပ်အယောင်လုံးဝမရှိခဲ့ဖူးသည့် ကျတ်တီးမြေဖြစ်သော ဤကမ္ဘာကြီးသည် မြက်ပင်များ၊ ဆေးပင်များ၊ သစ်ပင်များ တစ်ပုံတစ်ခေါင်းနှင့် တစ်ဟုန်ထိုး ဖုံးသွားပြီး သစ်ပင်ခြုံပင်များနှင့် ပြည့်လျှံသွားခဲ့သည်။ မြက်တို့၏ ရနံ့နှင့် ကုန်းမြေ၏ မွှေးပျံ့မှုသည် လေမှတစ်ဆင့် ပျံ့နှံ့သွားပြီး စီတန်းနေသည့် အပင်တို့သည် လေ၏လည်ပတ်မှုနှင့်ထပ်တူ လေကို ရှုရှိုက်ကြပြီး ကြီးထွားမှုဖြစ်စဉ်ကို အစပြုခဲ့ကြသည်။ တစ်ချိန်တည်းတွင်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် ဘုရားသခင်၏ အတွေးနောက်တွင် အားလုံးသောအပင်တို့သည် ရှင်သန်ကြီးထွားခြင်း၊ ပွင့်ဖူးခြင်း၊ အသီးသီးခြင်းနှင့် ပွားများခြင်းတို့ဖြစ်သည့် မပြီးဆုံးသည့် ဘဝစက်ဝိုင်းကို စတင်ခဲ့ကြသည်။ သူတို့၏ သက်ဆိုင်သည့် ဘဝပုံစံများကို သေသေချာချာ လိုက်လျှောက်ကြပြီး အရာအားလုံးကြားတွင် သူတို့၏ သက်ဆိုင်သည့်တာဝန်များကို စတင် ထမ်းဆောင်လာခဲ့ကြသည်။ သူတို့အားလုံးသည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကြောင့် မွေးဖွားပြီး ရှင်သန်ခဲ့ကြသည်။ သူတို့သည် ဖန်ဆင်းရှင်၏ မရပ်တန့်သွားမည့် ထောက်ပံ့ခြင်းနှင့် ပြုစုပျိုးထောင်ခြင်းတို့ကို ရရှိကြလိမ့်မည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးတို့ကို ထင်ရှားပြသကြရန်အတွက် ကုန်းမြေ၏ ထောင့်အသီးသီးတွင် အမြဲတမ်း ဇွဲနပဲကြီးစွာ ရှင်သန်ရပ်တည်ကြလိမ့်မည်။ ထို့ပြင် ဖန်ဆင်းရှင်က သူတို့အပေါ် အပ်နှင်းပေးခဲ့သည့် အသက်စွမ်းအားကို အမြဲပင် ထင်ရှားပြသကြပေလိမ့်မည်။

ဖန်ဆင်းရှင်၏ အသက်သည် ထူးခြားပြောင်မြောက်၏။ သူ၏အတွေးများသည် ထူးခြားပြောင်မြောက်သည်။ သူ၏သြဇာအာဏာသည် ထူးခြားပြောင်မြောက်သည်။ ထို့ကြောင့် သူ၏နှုတ်ကပတ်တော်များကို မိန့်မြွက်လိုက်သည့်အခါတွင် နောက်ဆုံးရလဒ်မှာ “အမိန့်တော်ရှိသည့်အတိုင်း ဖြစ်လေ၏” ပင်ဖြစ်သည်။ ရှင်းသည်၊ ဘုရားသခင်သည် သူလုပ်ဆောင်သည့်အခါတွင် သူ၏လက်များနှင့် အလုပ်လုပ်ရန် မလိုအပ်ပေ။ သူသည် သူ့အတွေးများကို ကွပ်ကဲအုပ်ချုပ်ရန်အတွက် အသုံးပြုပြီး အမိန့်ပေးရန်အတွက် သူ၏ နှုတ်ကပတ်တော်တို့ကို အသုံးပြုသည်။ ဤနည်းလမ်းနှင့် ကိစ္စများသည် ပြီးမြောက်သည်။ ဤနေ့ရက်တွင် ဘုရားသခင်သည် ရေများကို တစ်နေရာထဲတွင် စုဆောင်းပြီး ခြောက်သွေ့သည့် ကုန်းမြေကို ဖြစ်ပေါ်စေခဲ့သည်။ ပြီးနောက်တွင် ဘုရားသခင်သည် ကုန်းမြေပေါ်တွင် မြက်ပင်များကို ရှင်သန်ထွက်ပေါ်လာစေပြီး အစေ့ပါဝင်သည့် ဆေးပင်များ၊ အသီးသီးသည့်အပင်များ ကြီးထွားလာစေပြီး ဘုရားသခင်သည် ၎င်းတို့ကို အမျိုးအစားပေါ်မူတည်ပြီး ခွဲခြားသတ်မှတ်ခဲ့ကာ တစ်ခုစီတိုင်းတွင် ကိုယ်ပိုင်အစေ့တို့ ပါဝင်စေခဲ့သည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ အတွေးများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အမိန့်ပေးချက်များအရ ဖြစ်ပေါ်လာခဲ့ပြီး ဤကမ္ဘာသစ်တွင် တစ်ခုချင်းစီ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

ဘုရားသခင်သည် သူ၏အလုပ်ကို မစတင်မီတွင် သူ့စိတ်ထဲတွင် အဘယ်အရာကိုရရှိရန် ရည်ရွယ်ထားသည်ဆိုသည့် ပုံသဏ္ဌာန် ရှိနှင့်ပြီးဖြစ်ပြီး ဘုရားသခင်သည် ဤအရာများကို ရရှိရန် ပြင်ဆင်သည့်ခါတွင်၊ ဘုရားသခင်သည် ဤပုံသဏ္ဌာန်၏ အကြောင်းအရာကို မိန့်ဆိုရန် သူ့နှုတ်ကို ဖွင့်ဟလိုက်သည့်အခါတွင် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကြောင့် အရာအားလုံး၌ ပြောင်းလဲမှုများသည် စတင်ဖြစ်ပေါ်လာခဲ့သည်။ ဘုရားသခင်သည် မည်သို့လုပ်ဆောင်ခဲ့သည် သို့မဟုတ် သူ၏သြဇာအာဏာကို မည်သို့အသုံးချခဲ့သည်ဆိုခြင်းနှင့် မဆိုင်ဘဲ အားလုံးသည် ဘုရားသခင်၏ အစီအစဉ်နှင့်အညီ ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် တစ်ဆင့်ချင်းဖြစ်ပေါ်ခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သြဇာအာဏာတို့ကြောင့် ကောင်းကင်နှင့် မြေကြီးကြားတွင် တစ်ဆင့်ချင်း ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။ ဤပြောင်းလဲမှုများနှင့် ပေါ်ပေါက်လာမှု အားလုံးတို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာ၊ ဖန်ဆင်းရှင်၏ အသက်တန်ခိုး၏ ထူးခြားဆန်းကြယ်မှုနှင့် ကြီးမြတ်မှုတို့ကို ထင်ရှားစွာပြသသည်။ သူ၏ အတွေးများသည် ရိုးရှင်းသည့် စိတ်ကူးစိတ်သန်းများ သို့မဟုတ် အနှစ်မဲ့သည့် ပုံသဏ္ဌာန်မျိုး မဟုတ်ဘဲ ရှင်သန်တက်ကြွမှုနှင့် ထူးခြားဆန်းကြယ်သည့် တန်ခိုးရှိသည့် သြဇာအာဏာတစ်ခုဖြစ်ပြီး ဤအရာတို့သည် အရာအားလုံးကို ပြောင်းလဲစေသည့်၊ ပြန်လည်လန်းဆန်းစေသည့်၊ အသစ်တစ်ဖန်ဖြစ်စေသည့်၊ ပျက်စီးစေသည့် တန်ခိုးတို့ဖြစ်ကြသည်။ ဤအရာကြောင့် အရာအားလုံးသည် သူ၏အတွေးများကြောင့် လှုပ်ရှားကြပြီး တစ်ချိန်တည်းတွင်ပင် သူ၏နှုတ်ထွက်စကားများကြောင့် ဤအရာအားလုံးတို့ကို ပြီးမြောက်ခဲ့သည်။

အရာအားလုံး မပေါ်ပေါက်မီတွင် စုံလင်သော အစီအစဉ်တစ်ခုမှာ ဘုရားသခင်၏ အတွေးများထဲ၌ ကြာမြင့်စွာကတည်းက ဖြစ်ပေါ်နေခဲ့ပြီဖြစ်ပြီး ကမ္ဘာသစ်တစ်ခုကို ကြာမြင့်စွာကတည်းက ရရှိခဲ့ပြီးဖြစ်သည်။ တတိယ နေ့ရက်တွင် ကုန်းမြေပေါ်၌ အမျိုးမျိုးသောအပင်များ ပေါ်ပေါက်ခဲ့သော်လည်း ဘုရားသခင်အနေဖြင့် လောကကို ဖန်ဆင်းခြင်းအဆင့်များကို ရပ်တန့်ပစ်ရန် အကြောင်းရင်းမရှိခဲ့ပါချေ။ သူ၏နှုတ်ကပတ်တော်များကို ဆက်ပြောဆိုရန်၊ အသစ်သောအရာအားလုံးကို ဖန်ဆင်းခြင်းအား ဆက်လက်စွမ်းဆောင်ရန် သူရည်ရွယ်ခဲ့သည်။ သူသည် စကားပြောဆိုကာ၊ အမိန့်ပေးပြီး သူ၏သြဇာအာဏာကို အသုံးပြု၍ သူ၏တန်ခိုးကို ထင်ရှားပြသခဲ့လိမ့်မည်ဖြစ်ကာ အရာအားလုံးအတွက်နှင့် သူဖန်ဆင်းရန် ရည်ရွယ်ထားသည့် လူသားမျိုးနွယ်အတွက် ပြင်ဆင်ပေးရန် သူစီစဉ်ထားခဲ့သည့် အရာအားလုံးကို ပြင်ဆင်ခဲ့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၀၀

ယနေ့ သင့်အနေဖြင့် မည်ကဲ့သို့ သိမ်းပိုက်ခံရရန်နှင့် လူတို့အနေဖြင့် သိမ်းပိုက်ခံရပြီးနောက် မည်သို့ ကိုယ်တိုင်ပြုမူ ကျင့်ကြံကြသည်ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၄၄

စာတန်၏ စုံစမ်းသွေးဆောင်ခြင်း ရှင်မဿဲ ၄:၁-၄ ထိုအခါ မာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံစေမည်အကြောင်း၊ ဝိညာဉ်တော်သည် ယေရှုကို တောသို့...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၇၇

ပေတရုသည် ယေရှုနောက် စတင်လိုက်သည့် နောက်တွင် သဘာဝအလျောက် ထုတ်ဖော်ပြခြင်းများ အမှန်တကယ် ဖြစ်ပွားခဲ့သော်လည်း၊ သဘာဝအရ သူသည်၊ အစအဦးကတည်းက...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၅၆

ယနေ့တွင် ဘာသာရေး အယူအဆများမရှိဘဲ မိမိတို့၏ ကိုယ်ဟောင်းကို စွန့်လွှတ်ရန် အသင့်ရှိသူများ၊ ရိုးသားပွင့်လင်းစွာဖြင့် ဘုရားသခင်ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။