ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၉၃

ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ

ကမ္ဘာဦးကျမ်း ၁၇:၄-၆ ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။ နောက်တဖန်သင်၏ အမည်ကို အာဗြံဟုမခေါ်ရ။ သင်၏အမည်ကို အာဗြဟံဟုခေါ်ရ၏။ အကြောင်းမူကား၊ ငါသည် သင့်ကို များစွာသော လူအမျိုးတို့၏ အဘအရာ၌ ခန့်ထားပြီ။ ငါသည် သင့်ကို အလွန်ပွါးများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏အမျိုးအနွယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်။

ကမ္ဘာဦးကျမ်း ၁၈:၁၈-၁၉ အာဗြဟံသည် ကြီးမြတ်၍၊ တန်ခိုးနှင့်ပြည့်စုံသော လူမျိုးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည် သူ့အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ အကြောင်းမှာ သူသည် သူ၏နောက်မှဖြစ်သော သူ့သားသမီးများနှင့် အိမ်သူအိမ်သားများအား အာဏာနှင့်အမိန့်ပေးမည်ကို ငါသိရှိသောကြောင့်ဖြစ်သည်။ သူတို့သည် ယေဟောဝါ၏ လမ်းခရီးကို လိုက်ကာ တရားမျှတစွာ စီရင်ဆုံးဖြတ်ကြလိမ့်မည်။ ယေဟောဝါသည် အာဗြဟံအပေါ် မိန့်တော်မူခဲ့သည့်အတိုင်း အာဗြဟံအပေါ်သို့ ပြုမည်ဟု မိန့်တော်မူ၏။

ကမ္ဘာဦးကျမ်း ၂၂:၁၆-၁၈ သင်သည် ဤအမှုကို ပြုပြီး သင်၏သား၊ တစ်ဦးတည်းသောသားကို ထိန်ဝှက်မထားသည့်အတွက်ကြောင့် ကောင်းကြီးမင်္ဂလာဖြင့် သင့်ကို ငါကောင်းကြီးပေးမည်၊ တိုးပွားများပြားခြင်း၌ သင်၏ အမျိုးအနွယ်ကို မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း ငါတိုးပွားများပြားစေမည်။ သင်၏ အမျိုးအနွယ်သည် သူ့ရန်သူတို့၏ တံခါးတို့ကို အပိုင်ရလိမ့်မည်၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ သင်သည် ငါ၏စကားသံကို နာခံသောကြောင့် ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီဟု ယေဟောဝါ မိန့်တော်မူ၏။

ယောဘ ၄၂:၁၂ ထိုသို့ သူသည် သိုးတစ်သောင်းလေးထောင်၊ ကုလားအုတ်ခြောက်ထောင်နှင့် နွားရှဉ်းတစ်ထောင်နှင့် မြည်းမတစ်ထောင်တို့ကို ရခဲ့သောကြောင့်၊ ယေဟောဝါသည် ယောဘ၏အစအဦးထက် နောက်ပိုင်းအဆုံးသတ်ကို သာ၍ ကောင်းကြီးပေးတော်မူလေသည်။

ဖန်ဆင်းရှင်၏ မိန့်မြွက်ချက်များ၏ အတုမရှိသည့် သဘောနှင့် လက္ခဏာများသည် ဖန်ဆင်းရှင်၏ အတုမရှိသည့် ဝိသေသလက္ခဏာနှင့် သြဇာအာဏာ၏ သင်္ကေတပင် ဖြစ်သည် (လက်ရွေးစင် ကျမ်းပိုဒ်)

ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များနှင့် လူသားပြောသည့် စကားလုံးတို့တွင် အဘယ်အရာက ကွာခြားသနည်း။ ဘုရားသခင်ပြောသည့် ဤနှုတ်ကပတ်တော်များကို သင်ဖတ်သည့်အခါတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တန်ခိုးအစွမ်းနှင့် ဘုရားသခင်၏ သြဇာအာဏာကို သင်ခံစားရသည်။ ဤနှုတ်ကပတ်တော်များကို လူများက ပြောသည့်အခါတွင် သင်မည်သို့ခံစားရသနည်း။ သူတို့သည် အလွန်အမင်း မောက်မာကာ ဝံ့ကြွားပြီး သူတို့ကိုယ်သူတို့ ကြွားဝါနေသည်ဟု သင်ထင်သလော။ သူတို့၌ ဤတန်ခိုး မရှိသည့်အတွက်၊ ဤကဲ့သို့သော သြဇာအာဏာကို မပိုင်ဆိုင်သည့်အတွက်၊ သူတို့သည် ဤကဲ့သို့သောအရာမျိုးကို ရရှိရန် လုံးဝ မတတ်နိုင်သည့်အတွက်ဖြစ်သည်။ သူတို့သည် သူတို့၏ ကတိများအပေါ် အလွန်သေချာနေခြင်းမှာ သူတို့မှတ်ချက်များ၏ ဂရုမစိုက်မှုများကိုသာ ပြသည်။ တစ်ယောက်ယောက်က ဤကဲ့သို့သောစကားမျိုးကိုပြောသည်ဆိုလျှင် သူတို့သည် သေချာပေါက်ပင် မောက်မာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲကြမည်ဖြစ်ကာ ကောင်းကင်တမန်မင်း၏ စိတ်သဘောထား၏ ဥပမာအနေနှင့် သူတို့ကိုယ်သူတို့ ပြသနေကြမည်ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်၏နှုတ်မှ လာသည်၊ ဤနှုတ်ကပတ်တော်များတွင် မောက်မာသည့် ပုံစံမျိုး ခံစားရသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဟာသသက်သက်ဟု သင်ခံစားရသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သြဇာအာဏာဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် အမှန်တရားဖြစ်သည်။ သူ၏နှုတ်တော်က နှုတ်ကပတ်တော်တို့ကို မမိန့်မြွက်မီတွင် တစ်နည်းအားဖြင့် တစ်ခုခုကိုလုပ်ရန် သူဆုံးဖြတ်ချက်ချသည့်အခါတွင် ထိုအရာသည် ပြီးမြောက်ပြီးဖြစ်သည်။ ဘုရားသခင်က အာဗြဟံကို ပြောသည့်အရာအားလုံးသည် ဘုရားသခင်က အာဗြဟံနှင့် ပြုလုပ်ခဲ့သည့် ပဋိညာဉ်ဖြစ်ပြီး ဘုရားသခင်က အာဗြဟံအပေါ်ထားခဲ့သည့် ကတိတစ်ခုဖြစ်သည်ဟု ဆိုနိုင်သည်။ ဤကတိသည် ထူထောင်ထားသည့် အချက်တစ်ခုဖြစ်ပြီး ပြီးမြောက်ခဲ့သည့် အချက်လည်းဖြစ်သည်။ ဤအချက်များသည် ဘုရားသခင်၏ အစီအစဉ်နှင့်အညီ ဘုရားသခင်၏ အတွေးများထဲတွင် တဖြည်းဖြည်း ပြီးမြောက်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်အတွက်မူ ဤကဲ့သို့သောနှုတ်ကပတ်တော်များကို ပြောရန်ဆိုသည်မှာ မောက်မာသည့် သဘောထားရှိခြင်းဖြစ်သည်ဟု မဆိုနိုင်ပေ။ အကြောင်းမှာ ဘုရားသခင်သည် ဤကဲ့သို့သောအရာမျိုးကို လုပ်ဆောင်နိုင်သောကြောင့်ဖြစ်သည်။ သူ့တွင် ဤကဲ့သို့သော တန်ခိုးနှင့် သြဇာအာဏာရှိပြီး ဤလုပ်ရပ်များကို ရရှိရန် အပြည့်အဝ တတ်စွမ်းနိုင်ပြီး ဤအရာများ၏ ပြီးမြောက်မှုများသည် သူ၏လုပ်နိုင်စွမ်းအတွင်းတွင်သာ လုံးဝ တည်ရှိသည်။ ဤကဲ့သို့သောနှုတ်ကပတ်တော်များကို ဘုရားသခင်၏နှုတ်မှ မိန့်မြွက်သည့်အခါတွင် ၎င်းတို့သည် ဘုရားသခင်၏ စစ်မှန်သည့် စိတ်သဘောထားကို ထုတ်ဖော်ခြင်းနှင့် ဖွင့်ပြခြင်းတို့ဖြစ်ပြီး ဘုရားသခင်၏ အနှစ်သာရနှင့် သြဇာအာဏာတို့၏ စုံလင်သည့်ဖွင့်ပြခြင်း၊ ထင်ရှားပြသခြင်းတို့ဖြစ်ကြကာ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာ၏ သက်သေအနေနှင့် ယင်းတို့ထက် ပိုပြီးသင့်လျော်သည့်၊ သင့်တော်သည့် အရာမရှိပေ။ ဤကဲ့သို့သောမိန့်မြွက်ချက်များ၏ သဘောထား၊ လေသံနှင့် အသုံးအနှုန်းတို့သည် ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာ၏ အမှတ်အသား အတိအကျဖြစ်ပြီး ဘုရားသခင်ကိုယ်တော်တိုင်၏ ဝိသေသလက္ခဏာ၏ ဖော်ပြချက်နှင့် လုံးဝကိုက်ညီသည်။ ဤမိန့်မြွက်ချက်များထဲတွင် ဟန်ဆောင်ခြင်း၊ သို့မဟုတ် မသန့်စင်ခြင်းတို့မပါဝင်ပေ။ ယင်းတို့မှာ ဖန်ဆင်းရှင်၏ အနှစ်သာရနှင့် သြဇာအာဏာများကို ပြည့်စုံစွာနှင့် ကုံလုံစွာ အကောင်းဆုံးဖော်ပြခြင်း ဖြစ်သည်။ ဖန်ဆင်းခံများကမူ သူတို့သည် ဤသြဇာအာဏာနှင့် ဤအနှစ်သာရများကို မပိုင်ဆိုင်ပေ။ ဘုရားသခင် ပေးအပ်သည့် တန်ခိုးကို ပိုင်ဆိုင်ရန်မှာ ပိုပြီး မဖြစ်နိုင်ပေ။ လူသားသည် ဤကဲ့သို့သော အပြုအမူမျိုးနှင့် သစ္စာဖောက်ပါက သေချာပေါက် သူ၏အကျင့်ပျက်စီးသည့် စိတ်သဘောထား ပေါ်ထွက်လာခြင်းဖြစ်ပြီး လူသား၏မောက်မာခြင်းနှင့် ရိုင်းစိုင်းသည့် ရည်မှန်းချက်များ ဝင်ရောက်လာသည်အထိ ကျရောက်လာမည်ဖြစ်ပြီး ဘုရားသခင်ကို သစ္စာဖောက်ရန်အတွက် လူများကို လှည့်စားသွေးဆောင်လိုသည့် နတ်ဆိုး၊ စာတန်၏ အန္တရာယ်ပြုလိုသည့် ရည်ရွယ်ချက်များ ပေါ်ထွက်လာခြင်းသာ ဖြစ်လိမ့်မည်။ ဤကဲ့သို့သောစကားမျိုးနှင့် ဖော်ပြခြင်းကို ဘုရားသခင်က မည်သို့ ထင်မြင်မည်နည်း။ သင်သည် သူ့နေရာကို လုယူလိုပြီး သူ့နေရာတွင်အစားဝင်ကာ ဟန်ဆောင်လိုသည်ဟု ဘုရားသခင်က ဆိုလိမ့်မည်။ သင်သည် ဘုရားသခင် မိန့်မြွက်ချက်များ၏ လေသံကို တုပပါက သင်၏ ရည်ရွယ်ချက်က လူများ၏နှလုံးသားထဲက ဘုရားသခင်၏နေရာကို အစားဝင်ရန်၊ ဘုရားသခင် တရားဝင် ပိုင်ဆိုင်သည့် လူသားမျိုးနွယ်ကို အပိုင်စီးရန်ဖြစ်သည်။ ဤသည်မှာ စာတန်ဖြစ်သည်။ ရှင်းလင်းရိုးရှင်းသည်။ ဤအရာတို့သည် ကောင်းကင်တမန်မင်း၏ လက်အောက်ခံ၏ လုပ်ရပ်များသာဖြစ်သည်၊ ကောင်းကင်ဘုံမှ သည်းမခံနိုင်စရာဖြစ်သည်။ သင်တို့ကြားထဲတွင် လူများကို အမြင်မှားစေရန် လှည့်စားရန် ရည်ရွယ်ချက်နှင့် ဤလူ၏ စကားလုံးနှင့်အပြုအမူများသည် ဘုရားသခင်၏သြဇာအာဏာနှင့် တန်ခိုးတို့ပါဝင်သည်၊ ဤလူ၏ အနှစ်သာရနှင့် ဝိသေသလက္ခဏာတို့သည် ထူးခြားသည်၊ ဤလူ၏ စကားလေသံပင်လျှင် ဘုရားသခင်နှင့် ဆင်တူသည်ဟု ခံစားရစေရန်ပြုလုပ်ရင်းနှင့် စကားအချို့ကိုပြောပြီး နည်းလမ်းတစ်ခုနှင့် ဘုရားသခင်ကို တုပသည့်သူ ရှိသလော။ ဤကဲ့သို့သောအရာမျိုးကို သင်တို့ လုပ်ဖူးသလော။ ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားပြုသည်ဟု ထင်ရသည့် လက်ဟန်ခြေဟန်နှင့်၊ ထင်မြင်ရသည့် တန်ခိုးအစွမ်းနှင့် သြဇာအာဏာတို့နှင့် သင်တို့၏ ဟောပြောချက်များတွင် ဘုရားသခင်၏လေသံကို တုပဖူးသလော။ သင်တို့အများစုသည် ဤကဲ့သို့သောနည်းနှင့် မကြာခဏ ပြုမူကြသလော သို့မဟုတ် ပြုမူရန် စီစဉ်ထားသလော။ သင်တို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာကို အမှန်တကယ် မြင်တွေ့၊ သတိပြု၊ သိရှိလာပြီး သင်တို့ပြုလုပ်လေ့ရှိသည့်အရာ၊ သင်တို့ကိုယ်သင်တို့ ဖွင့်ပြလေ့ရှိသည့်အရာကို ပြန်ကြည့်သည့်အခါတွင် ရွံရှာစက်ဆုပ်ခြင်းကို ခံစားရသလော။ သင်တို့၏ ညံ့ဖျင်းမှုနှင့် အရှက်မဲ့မှုကို သိမြင်သလော။ ဤကဲ့သို့သောလူများ၏ စိတ်သဘောထားနှင့် အနှစ်သာရကို ခွဲခြားစိတ်ဖြာကြည့်ပါက သူတို့သည် ကျိန်စာမိထားသည့် ငရဲသားများဖြစ်သည်ဟု ဆိုနိုင်မည်လော။ ဤကဲ့သို့သောအရာများကိုလုပ်သည့် လူတိုင်းက ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင်လုပ်နေကြသည်ဟု ဆိုနိုင်မည်လော။ ဤသဘောတရား၏ လေးနက်မှုကို သင်တို့ သိမြင်သလော။ မည်မျှ လေးနက်သနည်း။ ဤကဲ့သို့သောနည်းနှင့် ပြုမူကြသည့် လူများ၏ ရည်ရွယ်ချက်က ဘုရားသခင်ကို တုပရန်ဖြစ်သည်။ သူတို့သည် ဘုရားသခင်ဖြစ်ချင်ကြပြီး လူများက သူတို့ကို ဘုရားသခင်အနေနှင့် ကိုးကွယ်စေချင်ကြသည်။ သူတို့သည် လူများကို ထိန်းချုပ်ရန်၊ ဝါးမြိုရန်၊ သူတို့ပိုင်ဆိုင်သည့်အရာများကိုယူရန်အလို့ငှာ လူများ၏နှလုံးသားထဲက ဘုရားသခင်၏နေရာကို ဖျက်သိမ်းပစ်ချင်ကြပြီး လူသားကြားတွင် အလုပ်လုပ်သည့် ဘုရားသခင်ကို ဖယ်ထုတ်ပစ်ချင်ကြသည်။ လူတိုင်းတွင် မသိစိတ်မှ ဤကဲ့သို့သော ဆန္ဒများနှင့် ရည်ရွယ်ချက်များရှိကြပြီး လူတိုင်းက ဤကဲ့သို့သော အကျင့်ပျက်စီးသည့် စာတန်သဘောအတိုင်း အသက်ရှင်ကြကာ ဘုရားသခင်နှင့် ရန်သူဖြစ်သည့် ဘုရားသခင်ကို သစ္စာဖောက်ပြီး ဘုရားသခင်ဖြစ်ချင်သည့် စာတန်သဘောအတိုင်း အသက်ရှင်ကြသည်။ ဘုရားသခင်၏ သြဇာအာဏာခေါင်းစဉ်အပေါ် ငါ၏မိတ်သဟာယပြုမှုကို ကြားနာပြီးနောက် ဘုရားသခင်ကဲ့သို့ ဟန်ဆောင်ရန် သို့မဟုတ် ဘုရားသခင်ကို တုပရန် ဆန္ဒ သို့မဟုတ် စိတ်အားထက်သန်မှု သင်တို့တွင်ရှိကြသေးသလော။ သင်တို့တွင် ဘုရားဖြစ်ချင်သည့်ဆန္ဒ ရှိသေးသလော။ သင်တို့ ဘုရားဖြစ်ချင်သေးသလော။ ဘုရားသခင်၏ သြဇာအာဏာကို လူက တုပ၍မရပေ။ ဘုရားသခင်၏ ဝိသေသ လက္ခဏာနှင့် အဆင့်အတန်းကို လူက ဟန်ဆောင်၍မရပေ။ သင်သည် ဘုရားသခင်ပြောသည့် လေသံအတိုင်း တုပနိုင်စွမ်းရှိသော်လည်း ဘုရားသခင်၏ အနှစ်သာရများကို မတုပနိုင်ပေ။ ဘုရားသခင်၏နေရာတွင် ရပ်ပြီး ဘုရားကဲ့သို့ ဟန်ဆောင်နိုင်သော်လည်း ဘုရားသခင် လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အရာများကို မည်သည့်အခါမျှ သင်လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ အရာအားလုံးကို မည်သည့်အခါမျှ အုပ်စိုးပြီး အမိန့်ပေးနိုင်မည်မဟုတ်ပေ။ ဘုရားသခင်၏အမြင်တွင် သင်သည် သေးငယ်သည့် ဖန်ဆင်းခံတစ်ခုသာ ထာဝရဖြစ်နေမည်ဖြစ်သည်။ သင်၏ ကျွမ်းကျင်မှုနှင့် အရည်အချင်းက မည်မျှကြီးမားပါစေ၊ သင့်တွင် ဆုကျေးဇူးများ မည်မျှပင်ရှိပါစေ၊ သင်၏ အရာအားလုံးသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင်ရှိသည်။ သင်သည် မခန့်လေးစား စကားအချို့ ပြောနိုင်သော်လည်း ဤအချက်က သင့်တွင် ဖန်ဆင်းရှင်၏ အနှစ်သာရများရှိသည်ဟု မပြနိုင်သလို ဖန်ဆင်းရှင်၏ သြဇာအာဏာကို သင်ပိုင်ဆိုင်သည်ဟုလည်း မဖော်ပြပေ။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးသည် ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရများဖြစ်သည်။ ဤအရာများသည် သင်ယူထားခြင်းမဟုတ်သကဲ့သို့ အပြင်မှ ထည့်သွင်းထားခြင်းလည်း မဟုတ်ပေ။ ဘုရားသခင်ကိုယ်တော်တိုင်၏ ရှိရင်းစွဲ အနှစ်သာရများ ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခံကြားတွင်ရှိသည့် ဆက်နွှယ်မှုကို မည်သည့်အခါမျှ ပြောင်းလဲ၍ မရနိုင်ပေ။ ဖန်ဆင်းခံ တစ်ခုအနေနှင့် လူသားသည် သူ၏ ကိုယ်ပိုင်အနေအထားကို ထိန်းသိမ်းပြီး အသိဉာဏ်ရှိရှိပြုမူရမည်။ ဖန်ဆင်းရှင်က တာဝန်ပေးစေခိုင်းထားသည့် အရာကို တာဝန်သိတတ်စွာနှင့် စောင့်ရှောက်ရမည်။ လူသားသည် စည်းကျော်၍ မလုပ်ရ။ သို့မဟုတ် သူတတ်နိုင်သည်ထက် ပိုပြီး မလုပ်ရ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သည့် အရာများကို မလုပ်ရပေ။ လူသားသည် ကြီးမြတ်ရန် သို့မဟုတ် စွမ်းအားရှင်ဖြစ်ရန် သို့မဟုတ် အခြားလူများထက်ကျော်လွန်ရန် မလုပ်ရသကဲ့သို့ ဘုရားဖြစ်အောင်လည်း မကြိုးစားရ။ ဤသည်မှာ လူများ ဆန္ဒမပြုသင့်သည့် အရာဖြစ်သည်။ ကြီးမြတ်ရန် သို့မဟုတ် စွမ်းအားရှင်ဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက အဓိပ္ပာယ်မရှိပေ။ ဘုရားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက ပို၍ပင် ဆိုးဝါးသည်။ ဤသည်မှာ ရွံ့ရှာစက်ဆုပ်ဖွယ်ဖြစ်ပြီး ယုတ်ညံ့သည်။ ချီးကျူးထိုက်ပြီး အရာအားလုံးထက် ဖန်ဆင်းခံတို့ စွဲကိုင်ထားသင့်သည်မှာ စစ်မှန်သည့် ဖန်ဆင်းခံ ဖြစ်ရန်ဖြစ်၏။ ဤသည်မှာ လူအားလုံး လိုက်လျှောက်သင့်သည့် တစ်ခုတည်းသော ပန်းတိုင်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၈၉

နှစ်ထောင်ပေါင်းများစွာကြာသည့် ဘုရားသခင်၏ အစီအစဉ်တွင်၊ အမှု၏ အစိတ်အပိုင်းနှစ်ခုကို လူ့ဇာတိ၌ လုပ်ဆောင်လေသည်- ပထမပိုင်းသည် ကားစင်တင်ခံရခြင်း...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၀၁

ဘုရားသခင်၏ သြဇာအာဏာက အဘယ်အရာကို သင်္ကေတပြုသနည်း။ ဘုရားသခင် ကိုယ်တော်တိုင်၏ ဝိသေသလက္ခဏာကို သင်္ကေတပြုသလော။ ဘုရားသခင် ကိုယ်တော်တိုင်၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၄၀

ဘုရားသခင် လူ့ဇာတိခံယူခြင်းကို ခရစ်တော်ဟုခေါ်၏။ ထို့ကြောင့် လူသားတို့အား သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ ဤသည်တွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၇၀

သမ္မာတရားအကြောင်း ရှင်းလင်းသော မိတ်သဟာယ၏ ရည်ရွယ်ချက်မှာ လူတို့ကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်နိုင်စေဖို့နှင့် ၎င်းတို့၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။