ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၀၉

20.07.2020

ခရစ်တော်၏အလုပ်နှင့် ဖော်ပြမှုတို့က သူ၏ဂုဏ်ဒြပ်ကို သတ်မှတ်ပေးသည်။ ခရစ်တော်သည် မိမိအား တာဝန်ပေးစေခိုင်းထားသည့် အရာကို စစ်မှန်သော နှလုံးသားနှင့်အတူ ပြီးပြည့်စုံစေနိုင်သည်။ စစ်မှန်သော နှလုံးသားဖြင့် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သူကိုးကွယ်နိုင်သည့်အပြင် ခမည်းတော် ဘုရားသခင်၏ အလိုတော်ကိုလည်း စစ်မှန်သော နှလုံးသားဖြင့် ရှာဖွေနိုင်သည်။ ယင်းအချက်အားလုံးတို့ကို သူ၏ဂုဏ်ဒြပ်က သတ်မှတ်ပေးသည်။ ထိုနည်းတူ သူ၏ပင်ကိုဖွင့်ပြခြင်းကိုလည်း သူ၏ ဂုဏ်ဒြပ်က သတ်မှတ်ပေးသည်၊ ယင်းကို ပင်ကိုဖွင့်ပြခြင်းဟု ခေါ်ဆိုရသည့် အကြောင်းရင်းမှာ သူ၏ဖော်ပြမှုသည် တုပလုပ်ဆောင်ခြင်းမျိုး မဟုတ်၊ သို့မဟုတ် လူသား၏ပညာဖြင့် ရနိုင်ကောင်းသည့် ရလဒ်မဟုတ်၊ သို့မဟုတ် နှစ်ပေါင်းများစွာ လူသားတို့ ပြုစုပျိုးထောင်လာခြင်း၏ ရလဒ်လည်း မဟုတ်သောကြောင့်ဖြစ်သည်။ ခရစ်တော်သည် ထိုအရာကို မသင်ယူခဲ့ပါ၊ သို့မဟုတ် ထိုအရာနှင့် သူ့ကိုယ်သူလည်း မဆင်မြန်းခဲ့ပါ၊ စင်စစ်အားဖြင့် ထိုအရာများမှာ သူ့အထဲ၌ မွေးရာပါဖြစ်သည်။ လူသားက သူ၏အလုပ်၊ သူ၏ဖွင့်ထုတ်ပြမှု၊ သူ၏လူ့သဘာဝနှင့် သူ့သာမန်လူ့သဘာဝ၏ အသက်တာတစ်ခုလုံးကို ငြင်းဆန်ကောင်း ငြင်းဆန်ပါလိမ့်မည်၊ သို့သော် ခရစ်တော်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားဖြင့် ဝတ်ပြုကိုးကွယ်သည့်အကြောင်း မည်သူမျှမငြင်းဆိုနိုင်ပါ။ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို ဖြည့်ဆည်းပေးရန် သူကြွလာခဲ့သည့်အကြောင်းနှင့် ခရစ်တော်သည် ဟန်ဆောင်မှုကင်းလျက် ခမည်းတော် ဘုရားသခင်ကို ရှာဖွေနေကြောင်း စသည်တို့ကို မည်သူမျှ မငြင်းဆန်နိုင်ပါ။ ခရစ်တော်၏ ပုံသဏ္ဌာန်မှာ အာရုံခံစားမှုများကို စိတ်ကျေနပ်မှု မဖြစ်စေသော်ငြားလည်း၊ သူ၏ အကျယ်တဝင့် ဟောပြောချက်ထဲ၌ အံ့မခန်းဖွယ်အကြောင်းများ မပါသော်ငြားလည်း၊ ထို့ပြင် သူ့အလုပ်အကိုင်မှာ လူတို့တွေးထင်ထားသကဲ့သို့ ကမ္ဘာကို တုန်သွားစေလောက်သော သို့မဟုတ် ကောင်းကင်ဘုံကို လှုပ်ခါသွားစေလောက်သော အရာမျိုးလည်း မဟုတ်သော်ငြား၊ သူသည် ခရစ်တော်စင်စစ်ဖြစ်သည်၊ စစ်မှန်သော နှလုံးသားဖြင့် ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို ဖြည့်ဆည်းပေးသူ၊ ကောင်းကင်ဘုံရှိ ခမည်းတော်ကို အပြည့်အဝ ကျိုးနွံနာခံသူဖြစ်ပြီး သေသည့်တိုင်အောင် နာခံသောသူဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ဂုဏ်ဒြပ်မှာ ခရစ်တော်၏ ဂုဏ်ဒြပ်ပင် ဖြစ်သောကြောင့်ဖြစ်သည်။ ဤသမ္မာတရားကို လူသားအနေဖြင့် ယုံကြည်နိုင်ရန် အင်မတန်ခက်ခဲပါသည်၊ သို့သော် ယင်းမှာ အမှန်တကယ် တည်ရှိနေသော အကြောင်းအရာဖြစ်သည်။ ခရစ်တော်၏ အမှုတော်သည် အကုန်အစင် ပြီးမြောက်သွားသောအခါ၌၊ သူ၏လုပ်ဆောင်မှုမှတစ်ဆင့် သူ၏စိတ်သဘောထားနှင့် သူ၏ဖြစ်ခြင်းမှာ ကောင်းကင်ဘုံမှ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဖြစ်ခြင်းအား ကိုယ်စားပြုသည်ကို လူများ တွေ့မြင်နိုင်မည် ဖြစ်သည်။ ထိုအချိန်၌ ခရစ်တော်၏ လုပ်ဆောင်မှုအားလုံး၏ အချုပ်က ခရစ်တော်သည် အမှန်စင်စစ် လူ့ဇာတိခံယူသော နှုတ်ကပတ်တော်ဖြစ်သည် ဆိုခြင်းနှင့် လူသားကဲ့သို့ အသွေးအသားဖြင့် တည်ဆောက်ထားခြင်းမျိုး မဟုတ်ဆိုခြင်းကို သက်သေပြုနိုင်ပေမည်။ ကမ္ဘာပေါ်ရှိ ခရစ်တော်၏ လုပ်ဆောင်မှုအဆင့်တိုင်း၌ ၎င်းတို့ကို ကိုယ်စားပြုသော အဓိပ္ပာယ်ရှိသည်၊ သို့သော်လည်း အဆင့်တစ်ခုချင်းစီ၏ အမှန်တကယ်အလုပ်ကို တွေ့ကြုံခံစားရသူမှာ ခရစ်တော်အလုပ်၏ အဓိပ္ပာယ်ကို နားလည်သဘောပေါက်မှု မရှိနိုင်ပါ။ အထူးသဖြင့် ဤအချက်သည် ဒုတိယ လူ့ဇာတိခံယူသည့် ဘုရားသခင်မှ လုပ်ဆောင်သော လုပ်ဆောင်မှုအဆင့် အချို့အတွက် အမှန်ကျသည်။ ခရစ်တော်၏ နှုတ်ကပတ်တော်များကို ကြားရရုံ သို့မဟုတ် မြင်ရရုံလောက်သာရှိပြီး သူ့ကို တစ်ခါမျှ မမြင်ဖူးသူ အများစုမှာ သူ့အလုပ်နှင့် ပတ်သက်၍ အယူအဆများ မရှိကြပါ၊ ခရစ်တော်ကို မြင်ဖူးပြီး သူ၏နှုတ်ကပတ်တော်များကို ကြားဖူးသည့်အပြင် သူ၏အလုပ်ကိုလည်း တွေ့ကြုံဖူးသူတို့မှာမူ ခရစ်တော်၏အလုပ်ကို လက်ခံနိုင်ရန် ခက်ခဲကြသည်။ ဤသည်မှာ ခရစ်တော်၏ ပုံပန်းသဏ္ဌာန်နှင့် သာမန်လူ့သဘာဝတို့သည် လူသားတို့ အကြိုက်မဟုတ်၍ပင် မဟုတ်ပါလား။ ခရစ်တော် ပြန်လည် တက်ကြွသွားပြီးနောက်မှ သူ၏အမှုကို လက်ခံသူတို့မှာမူ ယင်းအခက်အခဲမျိုး ရှိမည်မဟုတ်ပါ၊ အဘယ်ကြောင့်ဆိုသော် သူတို့သည် ခရစ်တော်၏အလုပ်ကို လက်ခံရုံသာရှိပြီး ခရစ်တော်၏ သာမန်လူ့သဘာဝနှင့် မတွေ့ကြုံကြ၍ ဖြစ်သည်။ လူသားသည် ဘုရားသခင်နှင့် ပတ်သက်သည့် သူ၏အယူအဆများကို မဖျက်ထုတ်နိုင်ပါ၊ ထိုအစား ဘုရားသခင်ကို အလွန်ပြင်းထန်စွာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ဤသို့ဖြစ်ရသည်မှာ လူသားသည် သူ၏ပုံပန်းသဏ္ဌာန်အပေါ်၌သာ အာရုံစိုက်ထားပြီး ခရစ်တော်၏အလုပ်နှင့် သူ၏နှုတ်ကပတ်တော်များအပေါ် အခြေခံ၍ သူ၏ဂုဏ်ဒြပ်ကို မသိမှတ် နားမလည်နိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ လူသားသည် ခရစ်တော်၏ ပုံပန်းသဏ္ဌာန်ကို လျစ်လျူရှုထားမည် သို့မဟုတ် ခရစ်တော်၏ လူ့သဘာဝကို ဆွေးနွေးရန် ရှောင်ဖယ်ပြီး၊ မည်သည့်လူသားမျှ မရရှိနိုင်သည့် သူ၏အလုပ်နှင့် နှုတ်ကပတ်တော်များဖြစ်သည့် ခရစ်တော်၏ ဘုရားသဘောသဘာဝအကြောင်းကိုသာ ပြောဆိုမည်ဆိုပါက၊ လူသား၏ အယူအဆမှာ တစ်ဝက်ထိုးကျသွားနိုင်သည်၊ လူသား၏ အခက်အခဲများအားလုံးကို ဖြေရှင်းပြီးသား အခြေအနေထိပင် ထိုးကျသွားနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်၏ အနှစ်သာရမှာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို နာခံခြင်းဖြစ်သည်

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။