ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၁၂

လူသားမျိုးနွယ်သည် ရိုးသားစစ်မှန်သည့် နောင်တရခြင်းမှတစ်ဆင့် ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံမှုကို ရယူနိုင်သည် (လက်ရွေးစင် ကျမ်းပိုဒ်များ)

ယေဟောဝါဘုရားသခင်၏ သတိပေးချက်များက နိနေဝေမြို့သားများဆီသို့ ရောက်သည်

ဒုတိယအပိုဒ်၊ ယောနဝတ္ထု၏ တတိယအခန်းကို ဆက်သွားကြရအောင်။ “ယောနသည် မြို့ထဲသို့ တစ်နေ့ခရီး စတင်ဝင်ရောက်ပြီး၊ အရက်လေးဆယ်ကျော်ပြီးနောက် နိနေဝေမြို့သည် ဖျက်ဆီးခြင်းခံရလိမ့်မည်ဟု ကြွေးကြော်လေ၏။” နိနေဝေမြို့သားများကိုပြောဖို့ ဘုရားသခင်က ယောနကို တိုက်ရိုက်ချပေးလိုက်သည့် စကားလုံးများ ဖြစ်ပါသည်။ ၎င်းတို့က ပင်ကိုအတိုင်းပဲ ယေဟောဝါက နိနေဝေမြို့သားများကို ပြောချင်သည့် စကားလုံးများလည်း ဖြစ်ပါသည်။ သူတို့၏ ဆိုးယုတ်မှုများသည် ဘုရားသခင်ရှေ့ကို ရောက်လာသည့်အတွက် ဘုရားသခင်သည် ဤမြို့မှာရှိသည့် လူတို့ကို စက်ဆုပ် မုန်းတီးပြီး ဤမြို့ကို သူဖျက်ဆီးချင်ကြောင်းကို ဤစကားလုံးများက လူတို့ကို ပြောပြပါသည်။ သို့သော်လည်း ဘုရားသခင်က ဤမြို့ကို မဖျက်ဆီးခင်မှာ သူသည် နိနေဝေမြို့သားများဆီကို ကြေညာချက်တစ်ခုလုပ်လိမ့်မည်။ သူတို့၏ ဆိုးယုတ်မှုများကို နောင်တရပြီး အသစ်စတင်ဖို့အတွက် အခွင့်အရေးတစ်ခုကို သူတို့ကို တစ်ပြိုင်နက် ပေးပါလိမ့်မည်။ ဤအခွင့်အရေးက ရက်လေးဆယ်ကြာမည်။ တစ်နည်းပြောရလျှင် ဤမြို့ထဲကလူတို့က ရက်လေးဆယ်အတွင်းမှာ နောင်တရခြင်း၊ သူတို့၏အပြစ်များကို ဝန်ခံခြင်း သို့မဟုတ် ယေဟောဝါဘုရားသခင်ရှေ့မှာ သူတို့ကိုယ်သူတို့ ပျပ်ဝပ်ကိုးကွယ်ခြင်း မရှိလျှင် ဘုရားသခင်သည် သောဒုံမြို့ကို သူလုပ်ခဲ့သကဲ့သို့ ဤမြို့ကို ဖျက်ဆီးပစ်မှာဖြစ်ပါသည်။ ၎င်းက ယောဟောဝါဘုရားသခင်သည် နိနေဝေမြို့က လူတို့ကို ပြောချင်သည့်အရာများဖြစ်ပါသည်။ ၎င်းက ရိုးရှင်းသည့် ကြေညာချက်တစ်ခုမဟုတ်သည်မှာ ရှင်းပါသည်။ ၎င်းက ယေဟောဝါဘုရားသခင်၏ ဒေါသကို အသိပေးရုံတင် မဟုတ်ဘဲ နိနေဝေမြို့သားများအပေါ် သူ၏ သဘောထားကိုလည်း အသိပေးထားသည်။ တစ်ချိန်တည်းမှာပဲ ဤရိုးရှင်းသည့် ကြေညာချက်က မြို့ထဲမှာ အသက်ရှင်နေထိုင်နေသည့် လူတို့အပေါ် လေးနက်သည့် သတိပေးချက်အဖြစ်လည်း ရည်ညွှန်းပါသည်။ သူတို့၏ ဆိုးယုတ်သည့် လုပ်ရပ်များသည် ယေဟောဝါဘုရားသခင်၏ မုန်းတီးခြင်းကို ရရှိစေကြောင်းကို ဤသတိပေးချက်က သူတို့ကိုပြောပြပြီး သူတို့၏ ဆိုးယုတ်သည့် လုပ်ရပ်များသည် မကြာခင်မှာ သူတို့ကိုယ်တိုင်၏ အဆုံးစွန်ပျက်စီးခြင်းကို ဖြစ်ပေါ်စေလိမ့်မည်ဆိုသည်ကိုလည်း ပြောပါသည်။ ထို့ကြောင့် နိနေဝေမှာရှိသည့် လူတိုင်း၏ အသက်သည် အန္တရာယ်ကျရောက်လုဆဲဆဲမှာ ရှိပါသည်။

ယေဟောဝါဘုရားသခင်၏ သတိပေးချက်အပေါ် နိနေဝေမြို့နှင့် သောဒုံမြို့၏ တုံ့ပြန်ချက်၌ သိသာသည့် ကွာခြားချက်

ချေမှုန်းခံရခြင်းဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်း။ အရပ်သုံးစကားနှင့်ပြောရလျှင် ပျောက်ကွယ်သွားသည်ဟု ဆိုလိုပါသည်။ သို့သော်လည်း မည်ကဲ့သို့မျိုးနည်း။ မြို့တစ်ခုလုံးကို ချေမှုန်းပစ်ဖို့ မည်သူက လုပ်နိုင်သနည်း။ လူသားအတွက်ကတော့ ဤလုပ်ရပ်မျိုးလုပ်ဖို့ မဖြစ်နိုင်ပေ။ ဤလူတို့က မိုက်မဲသူများမဟုတ်ပေ။ ဤကြေညာချက်ကို သူတို့ကြားလိုက်သည်နှင့် ဘာကိုဆိုလိုသည်ဆိုခြင်းကို သူတို့သိခဲ့သည်။ ဤသည်မှာ ဘုရားသခင်ဆီမှ လာသည်ဆိုသည်ကို သူတို့သိသည်။ ဘုရားသခင်က သူ့အလုပ်ကိုသူ လုပ်ဆောင်တော့မည်ဆိုသည်ကို သူတို့သိသည်။ သူတို့၏ဆိုးယုတ်မှုသည် ယေဟောဝါဘုရားသခင်ကို အမျက်ထွက်စေပြီး သူတို့အပေါ်ကို သူစိတ်ဆိုးသည်၊ ထို့ကြောင့် မကြာခင်မှာ သူတို့သည် သူတို့၏မြို့နှင့်အတူ ဖျက်ဆီးခံရမည် ဆိုသည်ကို သူတို့သိသည်။ ယေဟောဝါဘုရားသခင်၏ သတိပေးချက်ကို နားထောင်ပြီးနောက် ဤမြို့မှာရှိသည့်လူတို့က မည်သို့ပြုမူခဲ့သနည်း။ သူတို့၏ဘုရင်မှ သာမန်လူအထိ ဤလူတို့ မည်သို့တုံ့ပြန်ခဲ့သည် ဆိုသည်ကို သမ္မာကျမ်းစာမှာ အသေးစိတ် ဖော်ပြထားသည်။ ကျမ်းစာမှာ ဖော်ပြထားသည့်အတိုင်း “ထို့ကြောင့် နိနေဝေမြို့သားတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ၎င်းတို့တွင် အကြီးဆုံးသောသူမှ အငယ်ဆုံးသောသူတိုင်အောင် အစာရှောင်ခြင်းကိုကြေညာပြီး လျှော်တေအဝတ်ကို ဝတ်ကြ၏။ နိနေဝေမင်းကြီးထံ သတင်းရောက်ရှိခဲ့သည့်အတွက် သူသည် ရာဇပလ္လင်မှဆင်းကာ သူ၏ ဝတ်လုံတော်ကို ချွတ်ပြီး လျှော်တေအဝတ်ကိုဝတ်ကာ ပြာထဲ၌ ထိုင်လေ၏။ လူဖြစ်စေ၊ သားရဲတိရစ္ဆာန်ဖြစ်စေ၊ တိရစ္ဆာန်အုပ် သို့မဟုတ် သိုးနွားအုပ်ဖြစ်စေ မည်သည့်အရာကိုမျှ မမြည်းစေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။ လူနှင့် သားရဲတိရစ္ဆာန်တို့သည် လျှော်တေအဝတ်ကို ခြုံကြစေ။ ပြင်းပြင်းထန်ထန် ဘုရားသခင်ကို ဟစ်အော်ကြစေ။ အယောက်တိုင်း မိမိတို့၏ ဆိုးယုတ်သောလမ်းမှလည်းကောင်း၊ မိမိတို့လက်များထဲက အဓမ္မအမှုများမှလည်းကောင်း လှည့်ပြန်ကြစေ။...ဟု မင်းကြီးနှင့် မှူးမတ်အာဏာဖြင့် နိနေဝေမြို့လုံးတွင် ကြွေးကြော်ကာ ထုတ်ပြန်ကြေညာစေတော်မူ၏...” (ယောန ဝတ္ထု ၃:၅-၉)

ယေဟောဝါဘုရားသခင်၏ ကြေညာချက်ကို ကြားပြီးနောက်မှာ နိနေဝေမြို့မှာရှိသည့်လူတို့သည် သောဒုံမြို့မှာရှိသည့်လူတို့နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည့် သဘောထားကို ပြခဲ့သည်။ သောဒုံမြို့ကလူတို့သည် မကောင်းမှုများ ထပ်ကာထပ်ကာလုပ်ရင်း ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခဲ့သည်။ သို့သော်လည်း ဤစကားလုံးများကို ကြားပြီးနောက်မှာ နိနေဝေမြို့သားတို့သည် ဤကိစ္စကို လျစ်လျူမရှုခဲ့သကဲ့သို့ ဆန့်ကျင်ခြင်းလည်း မပြုလုပ်ခဲ့ပေ။ ဤကဲ့သို့မဟုတ်ဘဲ သူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး အစာရှောင်ဆုတောင်းဖို့အတွက် ကြေညာခဲ့သည်။ “ယုံကြည်” ဆိုသည်မှာ ဤနေရာတွင် ဘာကိုရည်ညွှန်းသနည်း။ ဤစကားလုံးကိုယ်၌မှာ ယုံကြည်ခြင်းနှင့် လိုက်လျှောက်ခြင်းကိုပြသည်။ ဤစကားလုံးကိုရှင်းပြဖို့ နိနေဝေမြို့သားတို့၏ တကယ့်အပြုအမူကို အသုံးပြုလျှင် ဘုရားသခင်က သူပြောသကဲ့သို့ လုပ်နိုင်ပြီး သူပြောသကဲ့သို့ လုပ်လိမ့်မည်ဆိုသည်ကို သူတို့ယုံပြီး သူတို့သည် နောင်တရဖို့ ဆန္ဒရှိနေသည်ဟု ဆိုလိုသည်။ နိနေဝေမြို့၏ လူတို့သည် ကျရောက်လုဆဲ ဘေးဒုက္ခကို ကြောက်ရွံ့ခဲ့ကြသလော။ သူတို့နှလုံးသားထဲမှာ ကြောက်ရွံ့ခြင်းကို ထည့်ပေးခြင်းက သူတို့၏ ယုံကြည်မှုဖြစ်သည်။ နိနေဝေမြို့သားတို့၏ ယုံကြည်မှုနှင့် ကြောက်ရွံ့မှုကို သက်သေပြဖို့ မည်သည်ကို အသုံးပြု၍ရမည်နည်း။ သမ္မာကျမ်းစာက ပြောသကဲ့သို့ပင်ဖြစ်သည်။ “လူကြီးလူငယ်အပေါင်းတို့သည် အစာရှောင်ရာ အချိန်ကို ကြော်ငြာ၍ လျှော်တေအဝတ်ကို ဝတ်ကြ၏။” ဆိုလိုသည်မှာ နိနေဝေမြို့သားတို့က အမှန်တကယ်ပင် ယုံကြည်ခဲ့ကြသည်။ ဤယုံကြည်မှုမှတဆင့် ကြောက်ရွံ့ခြင်းရောက်ရှိလာပြီး အစာရှောင်ခြင်းနှင့် လျှော်တေအဝတ်ကိုဝတ်ခြင်းတို့ ဖြစ်စေခဲ့သည်။ ဤသည်မှာ သူတို့၏ နောင်တရခြင်းအစကို ပြသည့်ပုံစံဖြစ်ပါသည်။ သောဒုံမြို့ကလူတို့နှင့် လုံးဝကွာခြားပြီး နိနေဝေမြို့သားတို့သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းမပြုလုပ်ရုံတင် မကဘဲ သူတို့၏အပြုအမူနှင့် လုပ်ဆောင်ချက်တို့မှတစ်ဆင့် သူတို့၏နောင်တရခြင်းကို ရှင်းရှင်းလင်းလင်း ပြသခဲ့ပါသည်။ ဟုတ်ပါသည်။ ၎င်းက နိနေဝေ၏ သာမန်လူတို့သာလျှင် ပြုလုပ်ခဲ့ခြင်းမဟုတ်ပေ။ သူတို့၏ဘုရင်က ခြွင်းချက်ထဲမှာ မပါပေ။

နိနေဝေဘုရင်၏ နောင်တရခြင်းက ယေဟောဝါဘုရားသခင်၏ ချီးမြှောက်ခြင်းကို ရယူနိုင်ခဲ့သည်

နိနေဝေဘုရင်က ဤသတင်းကို ကြားသည့်အခါမှာ သူ့ပလ္လင်မှ သူထလိုက်သည်။ သူ၏ဝတ်စုံကို ချွတ်လိုက်သည်။ လျှော်တေအဝတ်ကိုဝတ်ပြီး ပြာများထဲမှာ ထိုင်လိုက်သည်။ ထို့နောက်မှာ သူသည် မြို့ထဲက မည်သူမှ ဘာကိုမှ မစားရ၊ မွေးမြူရေးတိရစ္ဆာန်များ၊ သိုးသငယ်များ၊ နွားများကိုလည်း အစာမကျွေး၊ ရေမတိုက်ရဟု ကြေညာခဲ့သည်။ လူသားနှင့် မွေးမြူရေးတိရစ္ဆာန်တို့ အတူတူပင် လျှော်တေအဝတ်ကို ဝတ်ကြဖို့ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို လေးနက်စွာ တောင်းပန်တိုးလျှိုးကြသည်။ လူတိုင်းသည် သူတို့၏မကောင်းသည့်လမ်းခရီးများကို ငြင်းပယ်ပြီး သူတို့လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်ပစ်ဖို့ကိုလည်း ဘုရင်ကြီးက ကြေညာခဲ့သည်။ ဤလုပ်ရပ်အစဉ်လိုက်ကို ကြည့်လျှင် နိနေဝေ၏ဘုရင်သည် သူ၏ ရိုးသားလေးနက်သည့် နောင်တရခြင်းကို ထုတ်ဖော်ပြသခဲ့ပါသည်။ သူ့ပလ္လင်ပေါ်မှ ထခြင်း၊ သူ၏ဘုရင်ဝတ်စုံကို ပစ်ခြင်း၊ လျှော်တေအဝတ်ကိုဝတ်ပြီး ပြာများထဲမှာ ထိုင်နေခြင်းစသည့် သူပြုလုပ်ခဲ့သည့် လုပ်ရပ်အစဉ်လိုက်တို့က နိနေဝေ၏ဘုရင်သည် သူ၏တော်ဝင်အဆင့်အတန်းကို ဘေးဖယ်ထားပြီး သာမန်လူများနှင့်အတူ လျှော်တေအဝတ်ကိုဝတ်ဆင်သည်ဟု လူတို့ကို ပြောလိုက်ခြင်းပင်ဖြစ်သည်။ ဆိုလိုသည်မှာ နိနေဝေဘုရင်သည် ယေဟောဝါဘုရားသခင်၏ ကြေညာချက်ကိုကြားပြီးသည့်နောက်မှာ သူ့လက်မှာရှိသည့် သူ၏မကောင်းသည့်လမ်းခရီးများ သို့မဟုတ် ရက်စက်ကြမ်းကြုတ်ခြင်းများကို ဆက်လုပ်ဖို့ သူ၏ တော်ဝင်နေရာကို မယူထားခဲ့ပေ။ သူကိုင်စွဲထားသည့် သြဇာအာဏာကို ဘေးချထားပြီး ယေဟောဝါဘုရားသခင်၏ရှေ့မှာ နောင်တရခဲ့သည်။ ဤအချိန်ခဏ၌ နိနေဝေဘုရင်သည် ဘုရင်တစ်ပါးအနေနှင့် နောင်တရခြင်းမဟုတ်ပေ။ သူသည် ဘုရားသခင်၏ သာမန် အရာဝတ္ထုတစ်ခုအနေနှင့် သူ့အပြစ်များကို ဝန်ခံပြီး နောင်တရဖို့ ဘုရားသခင်ရှေ့ကို လာခဲ့ခြင်းပင်ဖြစ်သည်။ တဖန် သူ့လိုပုံစံမျိုးနှင့် ယေဟောဝါဘုရားသခင်ရှေ့မှာ မိမိ၏အပြစ်များကို ဝန်ခံပြီး နောင်တရဖို့ တစ်မြို့လုံးကို သူပြောခဲ့သည်။ ထပ်ဖြည့်စွက်ရလျှင် သူ့မှာ မည်သို့လုပ်မည်ဆိုသည့် သီးသန့်အစီအစဉ်တစ်ခုရှိခဲ့သည်။ ကျမ်းစာမှာ မြင်ရသည့်အတိုင်း၊ “လူဖြစ်စေ၊ သားရဲတိရစ္ဆာန်ဖြစ်စေ၊ တိရစ္ဆာန်အုပ် သို့မဟုတ် သိုးနွားအုပ်ဖြစ်စေ မည်သည့်အရာကိုမျှ မမြည်းစေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။...ပြင်းပြင်းထန်ထန် ဘုရားသခင်ကို ဟစ်အော်ကြစေ။ အယောက်တိုင်း မိမိတို့၏ ဆိုးယုတ်သောလမ်းမှလည်းကောင်း၊ မိမိတို့လက်များထဲက အဓမ္မအမှုများမှလည်းကောင်း လှည့်ပြန်ကြစေ။” ဤမြို့၏ အုပ်ချုပ်သူအနေနှင့် နိနေဝေဘုရင်သည် မြင့်မားသည့်အဆင့်အတန်းနှင့် အာဏာကိုပိုင်ဆိုင်ပြီး သူဆန္ဒရှိသည့်အရာ ဘယ်အရာမဆို လုပ်နိုင်သည်။ ယေဟောဝါဘုရားသခင်၏ ကြေညာချက်ကို ရင်ဆိုင်ရသည့်အခါမှာ သူသည် ဤအကြောင်းအရာကို လျစ်လျူရှု၍ ရနိုင်သည်။ သို့မဟုတ် သူ့အပြစ်ကိုသာလျှင် နောင်တရပြီး ဝန်ခံလိုက်၍ရသည်။ မြို့ထဲကလူတို့က နောင်တရဖို့ ရွေးချယ်သည်ဖြစ်စေ၊ မရွေးချယ်သည်ဖြစ်စေ၊ ဤအကြောင်းကိစ္စကို သူလုံးဝ လျစ်လျူရှု၍ ရနိုင်သည်။ သို့သော်လည်း နိနေဝေဘုရင်က ဤကဲ့သို့ လုံးဝမလုပ်ခဲ့ပေ။ သူ့ပလ္လင်မှ ထရုံသာမကဘဲ လျှော်တေအဝတ်နှင့် ပြာများကို ဝတ်ဆင်ပြီး ယေဟောဝါဘုရားသခင်ရှေ့မှာ သူ၏အပြစ်များကို ဝန်ခံပြီး နောင်တရခဲ့သည်။ မြို့ထဲမှာရှိသည့်လူတို့နှင့် မွေးမြူရေးတိရစ္ဆာန်များအားလုံးကိုလည်း ဤကဲ့သို့လုပ်ဖို့ သူအမိန့်ထုတ်ခဲ့သည်။ လူတို့ကို “ကြိုးစားပြီး ဘုရားသခင်ကိုဆုတောင်းဖို့” ကိုတောင် သူအမိန့်ထုတ်ခဲ့သည်။ ဤလုပ်ရပ်အစဉ်လိုက်မှတစ်ဆင့် နိနေဝေဘုရင်သည် အုပ်ချုပ်သူတစ်ယောက်လုပ်သင့်သည်ကို အမှန်တကယ် လုပ်ဆောင်ခဲ့သည်။ သူ၏လုပ်ရပ်အစဉ်လိုက်သည် လူသားသမိုင်းမှာ မည်သည့်ဘုရင်အတွက်မဆို လုပ်နိုင်ဖို့ ခက်ခဲပြီး မည်သူမှ မလုပ်နိုင်ခဲ့သည့် အရာလည်းဖြစ်ပါသည်။ ဤလုပ်ရပ်များကို လူသားသမိုင်းမှာ တစ်ခါမှမဖြစ်ဖူးသည့် လုပ်ဆောင်ချက်များဟု ခေါ်ဆိုနိုင်ပါသည်။ ၎င်းတို့သည် လူသားမျိုးနွယ်၏ အောက်မေ့ခြင်းခံရဖို့၊ အတုခိုးခြင်း ခံရဖို့ ထိုက်တန်ပါသည်။ လူသား၏ အစအဦးကတည်းက ဘုရင်တိုင်းသည် ဘုရားသခင်ကို ခုခံဆန့်ကျင်ရန် သူ၏လူများကို ဦးဆောင်ခဲ့သည်။ သူတို့၏ ဆိုးယုတ်မှုအတွက် ရွေးနှုတ်ခြင်းကို ရှာဖွေဖို့ ဘုရားသခင်ကို တောင်းပန်တိုးလျှိုးဖို့၊ ယေဟောဝါဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို ရယူပြီး ဖြစ်လာတော့မည့် အပြစ်ဒဏ်ခတ်မှုကို ရှောင်ကြဉ်ဖို့ မည်သူကမှ သူ့လူများကို ဦးမဆောင်ခဲ့ပေ။ သို့သော်လည်း နိနေဝေဘုရင်က သူ့လူများကို ဘုရားဆီသို့ ဦးဆောင်ဖို့၊ သူတို့၏ သက်ဆိုင်ရာ မကောင်းသည့်လမ်းခရီးများကို ထားခဲ့ပြီး သူတို့လက်မှာရှိသည့် ကြမ်းတမ်းရက်စက်မှုများကို စွန့်လွှတ်ဖို့ ပြုလုပ်နိုင်ခဲ့သည်။ တဖန် သူ၏ပလ္လင်ကိုလည်း ဘေးချထားနိုင်ခဲ့သည်။ အပြန်အလှန်အနေနှင့် ယေဟောဝါဘုရားသခင်သည် ပြန်လှည့်ပြီး နောင်တရခဲ့သည်။ သူ၏အမျက်ဒေါသကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး မြို့မှာရှိသည့်လူများကို အသက်ရှင်ခွင့်ပေးပြီး ဖျက်ဆီးခြင်းမှ ကင်းလွတ်ခွင့်ပေးလိုက်သည်။ ဘုရင်ကြီး၏ အပြုအမူကို လူသားသမိုင်းမှာ ရှားပါးသည့် ဆန်းကြယ်မှုဟုပင် ခေါ်ဆိုနိုင်ပါသည်။ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်က ဘုရားသခင်ရှေ့မှာ သူတို့၏အပြစ်များကို ဝန်ခံခြင်းနှင့် နောင်တရခြင်းတို့၏ စံပြတစ်ခုဟုပင် ခေါ်ဆိုနိုင်ပါသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၁၂

နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အလုပ်အဆင့်သုံးဆင့် ခွဲခြားထားသည်။ တစ်ခုတည်းသော မည်သည့်အဆင့်ကမျှ ခေတ်သုံးခေတ်၏အလုပ်ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၆၅

စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခု ရရှိခြင်းတွင် အဓိကသော့ချက်မှာ မိမိ၏ ကိုယ်ပိုင်သဘာဝကို သိရှိရန်ဖြစ်ပြီး၊ ဤအရာသည် ဘုရားသခင်ထံမှ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၈၆

ဖာရိရှဲတို့ ယေရှုကိုဆန့်ကျင်ရခြင်းအကြောင်းရင်းကို သင်တို့သိလိုပါသလား။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိလိုပါသလား။ ၎င်းတို့သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၀၃

ဤအဆင့်တွင် လူ့ဇာတိခံယူသော ဘုရားသခင်သည် အခက်အခဲကို ကြံ့ကြံ့ခံနေသည် ဖြစ်စေ၊ သူ၏ အမှုတော်ကို ထမ်းဆောင်နေရသည် ဖြစ်စေ၊ လူ့ဇာတိခံယူခြင်း၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။