ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၄၁

ဘုရားသခင်သည် လူသားကို ဖန်ဆင်းခဲ့ပြီးကတည်းက လူသားတို့၏အသက်တာကို အစဉ်အမြဲ ဦးဆောင်ခဲ့၏။ လူသားတို့ကို ကောင်းချီးများပေးသည့်နေရာမှာပင်ဖြစ်စေ၊ ဥပဒေသများနှင့် သူ၏ ပညတ်တော်များကို ပေးသည့်နေရာမှာပင်ဖြစ်စေ၊ သို့မဟုတ် အသက်တာအတွက် အမျိုးမျိုးသော စည်းမျဉ်း စည်းကမ်းများကို ပြဋ္ဌာန်းသည့် နေရာမှာပင်ဖြစ်စေ၊ ဤအရာများကို လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်၏ရည်ရွယ်ထားသည့် ရည်မှန်းချက်မှာ အဘယ်အရာ ဖြစ်သည်ကို သင်တို့သိပါသလော။ အရင်ဦးစွာ ဘုရားသခင်ပြုသည့် အရာမှန်သမျှသည် လူသားတို့၏ ကောင်းကျိုးအတွက်ဖြစ်သည်ဆိုသည်ကို သေချာပေါက် ပြောနိုင်သလော။ (ဟုတ်ကဲ့၊ ပြောနိုင်ပါသည်။) ဤဝါကျမှာ အတော်ပင် ထွေပြားပြီး ပေါ့တန်သည်ဟု သင်တို့ တွေးကောင်းတွေးလိမ့်မည်၊ သို့သော် တိတိကျကျပြောရလျှင် ဘုရားသခင် ပြုသမျှသည် လူသားကို သာမန်ဘဝတစ်ခု ရှင်သန်နိုင်ရန် ဦးဆောင်လမ်းပြဖို့အတွက် ဖြစ်သည်။ ယင်းက လူသားမှာ သူ၏စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်းစေရန်ပင်ဖြစ်စေ သို့မဟုတ် သူ၏ပညတ်များကို စောင့်ထိန်းစေရန်ပင် ဖြစ်စေ လူသားအတွက် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ စာတန်ကို မကိုးကွယ်ရန်၊ စာတန်၏ ဘေးပြုခြင်းကို မခံရရန်ဖြစ်သည်။ ဤအရာသည် အခြေခံကျဆုံး ဖြစ်ပြီး အစအဦး လုပ်ဆောင်ခဲ့သည့်အရာ ဖြစ်သည်။ အစအဦးတွင် လူသားသည် ဘုရားသခင်၏ အလိုတော်ကို နားမလည်ခဲ့သောအခါ ဘုရားသခင်က ရိုးရှင်းသည့်ပညတ်များနှင့် စည်းမျဉ်းစည်းကမ်းတချို့ကိုယူပြီး ဖြစ်နိုင်သည့် ကဏ္ဍတိုင်းကို ခြုံငုံသည့် စည်းကမ်းချက်များကို ထုတ်ခဲ့၏။ စည်းကမ်းချက်များက အင်မတန် ရိုးရှင်းသော်လည်း ဤအရာများသည် ဘုရားသခင်၏ အလိုတော်ထဲတွင်ပင် ရှိနေပေသည်။ ဘုရားသခင်သည် လူသားများကို တန်ဖိုးထား၏၊ မြတ်နိုး၏၊ အင်မတန်မှပင် ချစ်ခင်၏။ ဟုတ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် သူ၏နှလုံးသားက သန့်ရှင်းသည်ဟု ငါတို့ပြော၍ရသလော။ သူ့နှလုံးသားက စင်ကြယ်သည်ဟု ငါတို့ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ဘုရားသခင်တွင် ကွယ်ဝှက်ထားသည့် ရည်ရွယ်ချက်များ ရှိနေသလော။ (မရှိပါ။) သို့ဆိုလျှင် သူ၏ ရည်ရွယ်ချက်က မှန်ကန်ပြီး အပြုသဘောဆောင်သည်ပေါ့။ (ဟုတ်ပါသည်။) ဘုရားသခင်က မည်သို့သော စည်းကမ်းချက်များ ထုတ်ခဲ့ပါစေ၊ သူအမှုပြုစဉ်ကာလတစ်လျှောက်တွင် ထိုအရာများအားလုံးက လူသားအပေါ် အပြုသဘောဆောင်သည့် အကျိုးသက်ရောက်မှု ရှိပြီးလျှင် ၎င်းတို့က လမ်းခရီးကို ဦးဆောင်ပေး၏။ ထို့ကြောင့် ဘုရားသခင်၏ စိတ်ထဲတွင် ကိုယ်ကျိုးဖက်သည့် အတွေးများ ရှိနေသလော။ လူသားနှင့် ပတ်သက်သည့်နေရာတွင် ဘုရားသခင်ထံ နောက်ထပ် ရည်ရွယ်ချက်များ ရှိနေသလော၊ သို့မဟုတ် လူသားကို တခြားနည်းလမ်းဖြင့် သူအသုံးပြုချင်သည်မှာ ဟုတ်သလော။ (မဟုတ်ပါ။) လုံးဝ မဟုတ်ပါ။ ဘုရားသခင်သည် သူပြောသည့်အတိုင်း ပြု၏၊ သူ့နှလုံးသားထဲတွင်လည်း ဤနည်းအတိုင်းသာ သူတွေးတောသည်။ ရည်ရွယ်ချက် အမျိုးမျိုးအဖုံဖုံ မရှိ၊ ကိုယ်ကျိုးဖက်သည့် အတွေးများ မရှိပါ။ ဘုရားသခင်သည် မည်သည့်အရာကိုမျှ သူ့အတွက် မလုပ်ဆောင်ဘဲ အရာအားလုံးကို ပုဂ္ဂိုလ်ရေး ရည်ရွယ်ချက်များ မပါဘဲနှင့် လူသားအတွက် အကြွင်းမဲ့ လုပ်ဆောင်သည်။ သူ့ထံတွင် လူသားအတွက် အစီအစဉ်များနှင့် ရည်ရွယ်ချက်များ ရှိသော်လည်း မည်သည့်အရာတစ်ခုကိုမျှ သူကိုယ်တိုင် အတွက် သူမလုပ်ပါ။ သူလုပ်သမျှ အရာခပ်သိမ်းသည် လူသားတွေအတွက် သက်သက်သာ ဖြစ်ပြီး၊ လူသားများကို ကာကွယ်ရန်၊ လူသားများကို လမ်းလွဲသွားခြင်းမှ ထိန်းထားရန်သာဖြစ်သည်။ ထို့ကြောင့် ဤနှလုံးသားသည် အဖိုးမတန်ပေဘူးလော။ (အဖိုးတန်ပါသည်။) အဖိုးတန်သည့် ဤနှလုံးသား၏ အရိပ်အယောင် အသေးငယ်ဆုံး လေးပင်လျှင် စာတန်အထဲတွင် သင်တွေ့ရသလော။ တွေ့နိုင်သလော။ (မတွေ့နိုင်ပါ။) အရိပ်အယောင် တစ်ခုတလေကိုမျှ စာတန်ထဲ မတွေ့နိုင်ပါ။ ဘုရားသခင်ပြုသည့် အရာရာတိုင်းသည် သဘာဝအလျောက်သာ ဖော်ပြခံရသည်။ ဘုရားသခင် အမှုပြုသည့်နည်းလမ်းကို ကြည့်ခြင်းအားဖြင့် သူမည်သို့အမှုပြုသနည်း။ ဘုရားသခင်သည် ဤပညတ်များနှင့် သူ့နှုတ်ကပတ်တော်များကို ယူပြီးလျှင် လူသားတစ်ဦးစီတိုင်းအပေါ် စည်းကြပ်ရင်း သတ္တုကွင်းနှင့် တင်းကျပ် စေသောမန္တန် ကဲ့သို့ လူတိုင်း၏ ခေါင်းပတ်ပတ်လည်၌ တင်းတင်း ကျပ်ကျပ် ချည်နှောင်ထားသလော။ ဘုရားသခင်သည် ဤကဲ့သို့သော နည်းဖြင့် အမှုပြုသလော။ (မပြုပါ။) သို့ဆိုလျှင် ဘုရားသခင်သည် မည်သို့သောနည်းလမ်းဖြင့် အမှုပြုသနည်း။ (ကျွန်ုပ်တို့ကို သူလမ်းပြ ပါသည်။) (သူက အကြံဉာဏ်ပေးပြီး ခွန်အားပေးပါသည်။) ယင်းမှာ ဒုတိယတစ်နည်း။ ထပ်ရှိသေးသလော။ သူက ခြိမ်းခြောက်သလော။ ဘုရားသခင်သည် သင်တို့ကို ကွေ့လည်ကြောင်ပတ် ပြောသလော။ (မပြောပါ။) သမ္မာတရားကို သင်နားမလည်သည့်အခါ ဘုရားသခင်က သင့်ကို မည်ကဲ့သို့လမ်းပြသနည်း။ (သူက အလင်းပေးပါသည်။) ဤသည်မှာ သမ္မာတရားနှင့် မကိုက်ညီသည့်အရာနှင့် သင်မည်သည့်အရာ လုပ်သင့်သည်ကို ရှင်းရှင်းလင်းလင်းပြောပြရင်း သင့်ကို သူအလင်းပေး၏။ ဘုရားသခင် အမှုပြုသည့် ဤနည်းလမ်းများမှ သင်သည် ဘုရားသခင်နှင့် မည်ကဲ့သို့သော ဆက်ဆံရေးမျိုး ရှိသည်ဟု ခံစားရသနည်း။ ဘုရားသခင်သည် သင်နားလည်နိုင်သည့် အတိုင်းအတာကို ကျော်လွန်နေ သည်ဟု ထိုအရာများက သင့်ကို ခံစားစေသလော။ (မခံစားစေပါ။) ထိုသို့ဆိုလျှင် ထိုအရာများက သင့်ကို မည်ကဲ့သို့ခံစားစေသနည်း။ ဘုရားသခင်က သင်နှင့် အထူးသဖြင့် နီးကပ်သည်၊ သင်တို့အကြားတွင် မည်သည့်အကွာအဝေးမျှ မရှိ။ ဘုရားသခင်က သင့်ကို လမ်းပြသည့်အခါ၊ သူက သင့်ကို ထောက်ပံ့ပေးသည့်အခါ၊ သင့်ကို ကူညီပြီး မစသည့်အခါ၊ ဘုရားသခင်၏ ဖော်ရွေခြင်း၊ သူ၏လေးစားဖွယ်ဖြစ်ခြင်းကို သင်ခံစားရ၏၊ သူမည်မျှ နှစ်လိုဖွယ်ဖြစ်သနည်း၊ အဘယ်မျှ နွေးထွေးသနည်းဆိုသည်ကို သင်ခံစားရသည်။ သို့သော် ဘုရားသခင်က သင်၏ဖောက်ပြန်ပျက်စီးမှုကို အပြစ်ဟူသည့်အခါ၊ သို့မဟုတ် သူ့ကို ဆန့်ကျင်ပုန်ကန်သောကြောင့် သင့်ကို တရားစီရင်ပြီး ဆုံးမပဲ့ပြင်သည့်အခါ၊ ဘုရားသခင်သည် အဘယ်သို့သော နည်းလမ်းကို အသုံးပြုသနည်း။ သူသည် သင့်ကို နှုတ်ကပတ်တော်များနှင့် အပြစ်ဆိုသလော။ ပတ်ဝန်းကျင်မှတစ်ဆင့်၊ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှတစ်ဆင့် သင့်ကို သူဆုံးမပဲ့ပြင်သလော။ (ပဲ့ပြင်ပါသည်။) ဤဆုံးမပဲ့ပြင်ခြင်းသည် မည်သည့်အဆင့်သို့ ရောက်သနည်း။ (လူသားက ခံနိုင်သည့် အဆင့်အထိရောက်ပါသည်။) သူ၏ ဆုံးမပဲ့ပြင်သည့် အဆင့်သည် စာတန်က လူသားကို ဘေးပြုသည့်အဆင့်ထိ ရောက်သလော။ (မရောက်ပါ။) ဘုရားသခင်က သိမ်မွေ့သည့်နည်း၊ ချစ်ခင်နူးညံ့ပြီး ဂရုတစိုက်ရှိသည့် နည်းဖြင့် အမှုပြု၏၊ အထူးသဖြင့် ချင့်ချင့်ချိန်ချိန်ရှိပြီး သင့်လျော်သည့် နည်းဖြင့်ဖြစ်သည်။ “ဘုရားသခင်သည် ငါ့ကို ဤအရာလုပ်ခွင့်ပေးရမည်”၊ သို့မဟုတ် “ဘုရားသခင်သည် ငါ့ကို ထိုအရာလုပ်ခွင့်ပေးရမည်” ဟူသည့် ပြင်းထန်သော စိတ်ခံစားမှုများကို သူ့နည်းလမ်းက သင့်ကို မခံစားစေပါ။ မခံနိုင်လောက်အောင် ဖြစ်စေသည့် ထိုကဲ့သို့သော ပြင်းထန်သည့် စိတ်နေစိတ်ထားမျိုး၊ သို့မဟုတ် ပြင်းထန်သည့် ခံစားချက်မျိုးကို ဘုရားသခင်က သင့်ကို ဘယ်သောအခါမျှ မပေးပါ။ ဟုတ်သည် မဟုတ်လော။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း နှုတ်ကပတ်တော်များကို သင်လက်ခံသည့်အခါတွင်ပင် သင်မည်သို့ခံစားရ သနည်း။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကို သင်ခံစားမိသည့်အခါ သင်မည်ကဲ့သို့ ခံစားရသနည်း။ ဘုရားသခင်က ဘုရားသဘောသဘာဝနှင့် ပြည့်စုံပြီး အစဉ်လေးစားလိုက်နာအပ်သည်ဟု ခံစားရသလော။ (ခံစားရပါသည်။) ဤအချိန်များတွင် ဘုရားသခင်ထံမှ ဝေးကွာနေသည်ဟု သင်ခံစားရသလော။ ဘုရားသခင်ကို သင်အထိတ်တလန့် ဖြစ်သလော။ (မဖြစ်ပါ။) မဖြစ်ပေ၊ ယင်းအစား ဘုရားသခင်ကို ကြောက်ရွံ့သည့် ရိုသေလေးမြတ်မှုကို သင်ခံစားရ၏။ ဤအရာများအားလုံးကို ဘုရားသခင်၏ အမှုကြောင့် လူများက ခံစားရသည် မဟုတ်လော။ စာတန်က လူ့အပေါ် လုပ်ဆောင်မည်ဆိုလျှင် ၎င်းတို့က ခံစားချက်များ ရှိကြပါ့မည်လော။ (မရှိပါ။) လူသားကို မစရန် လူသားအတွက် အစဉ်မပြတ် ထောက်ပံ့ပေးရန် ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များ၊ သူ၏သမ္မာတရားနှင့် သူ၏အသက်ကို အသုံးပြု သည်။ လူသားက အားနည်းသည့်အခါ၊ စိတ်ဓာတ်ကျသည့်အခါ၊ ဘုရားသခင်က ပြင်းပြင်း ထန်ထန် လုံးဝမပြောဆိုပါ။ “စိတ်ဓာတ်မကျနှင့်။ အဘယ်အတွက်ကြောင့် စိတ်ဓာတ်ကျနေရသနည်း။ အဘယ် အတွက်ကြောင့် အားနည်းနေသနည်း။ အားနည်းနေစရာ မည်သည့်အကြောင်း ရှိသနည်း။ သင်အလွန်အားနည်းပြီး အမြဲတမ်း စိတ်ဓာတ်ကျနေသည်၊ အသက်ရှင်ရသည်မှာ အဘယ်ထူး သနည်း။ သေသာ သေလိုက်တော့” ဟု သူမပြောပေ။ ဘုရားသခင်သည် ဤကဲ့သို့သော နည်းဖြင့် အမှုပြုသလော။ (မပြုပါ။) ဤနည်းဖြင့် ပြုမူရန် ဘုရားသခင် ထံတွင် သြဇာအာဏာရှိသလော။ (ရှိပါသည်။) သို့သော် ဘုရားသခင်က ဤနည်းဖြင့် ပြုမူသလော။ (မပြုမူပါ။) ဘုရားသခင်က ဤနည်းဖြင့် မပြုမူရသည့် အကြောင်းရင်းမှာ သူ၏ အနှစ်သာရကြောင့်၊ ဘုရားသခင်၏ သန့်ရှင်းခြင်း အနှစ်သာရကြောင့်ပင်ဖြစ်သည်။ သူ၏ လူသားကို ချစ်ခြင်း၊ လူသားကို တန်ဖိုးထားခြင်းနှင့် မြတ်နိုးခြင်းတို့ကို ဝါကျတစ်ကြောင်း နှစ်ကြောင်းတည်းဖြင့် ရှင်းရှင်းလင်းလင်း ဖော်ပြ၍ မရနိုင်ပေ။ ဤသည်မှာ လူသား၏ ကြွားဝါမှုကြောင့် ဖြစ်ပေါ်လာသည့် အရာတစ်ခု မဟုတ်ဘဲ စစ်မှန်သည့် လက်တွေ့လုပ်ဆောင်မှုထဲတွင် ဘုရားသခင် ထုတ်ဆောင် လာသည့် အရာတစ်ခုပင် ဖြစ်သည်၊ ဤသည်မှာ ဘုရားသခင့် အနှစ်သာရ၏ ဖွင့်ပြချက်ဖြစ်သည်။ ဘုရားသခင်အမှုပြုသည့် နည်းလမ်းများ အားလုံးသည် လူသားအား ဘုရားသခင်၏ သန့်ရှင်းခြင်းကို မြင်တွေ့ခွင့် ပေးသလော။ ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များ အပါအဝင်၊ လူသားအပေါ် ဘုရားသခင် ရရှိလိုသည့် ရလဒ်များအပါအဝင်၊ လူသားအပေါ် အမှုပြုရန် ဘုရားသခင် ရွေးချယ်လိုသည့် ကွဲပြားခြားနားသော နည်းလမ်းများ၊ သူပြုသည့် အမှုအမျိုးအစား၊ လူသားကို သူနားလည်စေချင်သည့် အရာအပါအဝင်၊ ဘုရားသခင် အမှုပြုသည့် နည်းလမ်းများ အားလုံးထဲတွင် ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များထဲတွင် ဆိုးယုတ်ခြင်း သို့မဟုတ် ဉာဏ်ဆင်ထားသည့်အရာ တစ်ခုတလေများ သင်တွေ့သလော။ (မတွေ့ပါ။) သို့ဆိုလျှင် ဘုရားသခင်ပြုသည့် အရာရာတိုင်းတွင်၊ ဘုရားသခင် ပြောဆိုသည့် အရာရာတိုင်းတွင်၊ သူ့နှလုံးသားထဲသူတွေးသည့် အရာရာတိုင်းအပါအဝင် သူဖွင့်ပြသည့် ဘုရားသခင်၏ အနှစ်သာရ အားလုံးထဲတွင် ဘုရားသခင်ကို သန့်ရှင်းသည်ဟု ငါတို့ခေါ်နိုင်သလော။ (ခေါ်နိုင်ပါသည်။) သန့်ရှင်းခြင်းကို လောကကြီးထဲတွင် သို့မဟုတ် ကိုယ့်ကိုယ်တိုင်ထဲတွင် လူသားတစ်ယောက်တလေကများ တွေ့ဖူး သလော။ ဘုရားသခင်က လွဲပြီး ယင်းကို လူတစ်ယောက်ယောက်ထဲ သို့မဟုတ် စာတန်အထဲတွင်သင်တွေ့ဖူးသလော။ (မတွေ့ဖူးပါ။) ယခုထိ ငါတို့ ပြောလာခဲ့သမျှ အရာများမှ ဘုရားသခင်ကို အတုမရှိ၊ သန့်ရှင်းသည့် ဘုရားသခင် ကိုယ်တော်တိုင်ဟု ငါတို့ ခေါ်ဆိုနိုင်သလော။ (ခေါ်ဆိုနိုင်ပါသည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ လူသားအပေါ် ဘုရားသခင်အမှုပြုသည့် ကွဲပြားခြားနားသော နည်းလမ်းများ အပါအဝင် ဘုရားသခင်က လူသားကိုပေးသည့် အရာအားလုံးထဲတွင် လူသားကို ဘုရားသခင် ပြောသည့်အရာများ၊ လူသားကို ဘုရားသခင် သတိပေးသည့်အရာများ၊ သူအကြံဉာဏ်ပေးပြီး ခွန်အားပေးသည့် အရာတွေအားလုံးမှာ အနှစ်သာရ တစ်ခုတည်းကနေ ပေါ်ပေါက်လာသည်။ အားလုံးက ဘုရားသခင်၏သန့်ရှင်းခြင်းမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အကယ်၍ ထို့သို့ သန့်ရှင်းသည့် ဘုရားသခင်သာ မရှိခဲ့လျှင် သူပြုသည့်အမှုများကို လုပ်ဆောင်ရန် မည်သည့်လူသားကမျှ သူ့နေရာကို အစားထိုးနိုင်မည် မဟုတ်ပါ။ အကယ်၍ ဘုရားသခင်က လူများကို ယူပြီး သူတို့ကို စာတန်ဆီ အပြည့်အဝ လွှဲပြောင်းပေးခဲ့လိုက်မည်ဆိုလျှင် ယနေ့ သင်တို့အားလုံး ရောက်နေကြမည့် အခြေအနေမျိုးကို သင်တို့ စဉ်းစား မိကြသလော။ သင်တို့အားလုံးက ဤနေရာမှာ ပြီးပြည့်စုံပြီး အထိအခိုက် မရှိဘဲနှင့် ထိုင်နေကြပါ့မည်လော။ (မဟုတ်ပါဘူး။) ထို့ကြောင့် သင်တို့က မည်သို့ဖြစ်နေမည်နည်း။ သင်တို့ရော “မြေကြီးပေါ်တွင် ခေါက်တုံ့ ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်” ဟု ပြောကြမည်လော။ အင်မတန်မှ ဟိတ်ဟန်ထုတ်ပြီး လမ်းလျှောက်မည်လော၊ ဘုရားသခင် ရှေ့တွင် အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး ကြွားဝါမည်လော၊ ဤသို့သောနည်းဖြင့် ပြောဆိုရင်း ဝင့်ဝင့်ကြွားကြွား လမ်းလျှောက်ကြ မည်လော။ (ဟုတ်ပါသည်။) တစ်ရာရာခိုင်နှုန်း လုပ်ကြမည်ပေါ့။ လုံးဝ လုပ်ကြပါလိမ့်မည်။ လူသားအပေါ် စာတန်၏ သဘောထားက စာတန်၏ သဘာဝသည် ဘုရားသခင်နှင့်လုံးဝဥဿုံ ကွာခြားသည်ဆိုသည်ကို ၎င်းတို့ကို မြင်စေ၏။ သူ၏အနှစ်သာရက ဘုရားသခင်နှင့် လုံးဝ ခြားနားသည်။ စာတန်၏ မည်သည့်အနှစ်သာရသည် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဆန့်ကျင်ဘက် ဖြစ်သနည်း။ (သူ၏ဆိုးယုတ်မှုဖြစ်သည်။) စာတန်၏ ဆိုးယုတ်သည့် သဘာဝက ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ လူအများစုက ဘုရားသခင်၏ ဖော်ပြခြင်းနှင့် ဘုရားသခင်၏ သန့်ရှင်းခြင်း အနှစ်သာရကို မမှတ်မိသည့် အကြောင်းရင်းမှာ ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်၊ စာတန်၏ ပျက်စီးခြင်းနှင့် စာတန်၏လူနေမှု ခြံဝင်းထဲတွင် နေထိုင်ကြသောကြောင့် ဖြစ်သည်။ သန့်ရှင်းခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်နှင့် သန့်ရှင်းခြင်းကို မည်သို့အဓိပ္ပာယ်ဖွင့်ဆိုရမည်ကို ၎င်းတို့ မသိကြပါ။ ဘုရားသခင်၏ သန့်ရှင်းခြင်းကို သင်သိမြင်သည့် အခါတွင်ပင် ထိုအရာကို ဘုရားသခင်၏ သန့်ရှင်းခြင်းအဖြစ် သေချာပေါက် သင်အဓိပ္ပာယ် မဖွင့်ဆိုနိုင်သေးပါ။ ဤသည်မှာ ဘုရားသခင်၏ သန့်ရှင်းမှု အကြောင်း လူသားများ သိနားလည်မှုထဲက ခြားနားချက်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၃၅

မည်မျှလောက်သော ဘာသာရေးထုံးတမ်းအစဉ်အလာများကို သင်စောင့်ထိန်းသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အကြိမ်မည်မျှ ဆန့်ကျင်ကာ မိမိအလိုအတိုင်း...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၂၃

ဒုတိယဆုံမှတ်- အရွယ်ရောက်လာခြင်း မည်သည့်မိသားစုမျိုးမှာ မွေးလာသည်ဆိုသည့်အပေါ် မူတည်ပြီး လူတို့သည် မတူညီသည့်အိမ် ပတ်ဝန်းကျင်များတွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း | ကောက်နုတ်ချက် ၈၅

ငါ၏နှုတ်ကပတ်တော်များသည် ခက်ထန်ကောင်း ခက်ထန်နိုင်သော်လည်း၊ ငါသည် နှုတ်ကပတ်တော်များကိုသာ ပြောဆိုနေပြီး လူသား၏ ခန္ဓာကို အပြစ်ပေးနေခြင်း...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၁၀

အမှုအဆင့်သုံးဆင့်ကို ဘုရားသခင် တစ်ပါးတည်းကသာ ဆောင်ရွက်ခဲ့၏။ ဤသည်မှာ အကြီးမားဆုံးသော အမြင်ဖြစ်၍ ဘုရားသခင်ကို သိရှိခြင်းအတွက် တစ်ခုတည်းသော...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။