ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်၏ ယနေ့ကာလ အမှုကို သိခြင်း” | ကောက်နုတ်ချက် ၁၄၄

ယနေ့တွင် သင်တို့အားလုံး ရှင်းရှင်းလင်းလင်း သိသင့်သောအချက်မှာ နောက်ဆုံးသော ကာလ၌ ဘုရားသခင် ပြီးမြောက်အောင် လုပ်ဆောင်သည့်အရာမှာ အဓိကအားဖြင့် “နှုတ်ကပတ်တော်သည် လူ့ဇာတိ ခံယူသည်” ဟူသည့် အချက်ဖြစ်သည်။ ကမ္ဘာမြေကြီး၌ သူအမှန်တကယ် လုပ်ဆောင်သော အလုပ်မှတစ်ဆင့် သူ့ကို လူသားက သိစေရန်၊ လူသားနှင့် ထိတွေ့ဆက်ဆံရန်နှင့် သူအမှန်တကယ် လုပ်ဆောင်သော အရာများကို လူသားတို့ တွေ့မြင်အောင် လုပ်ဆောင်ခဲ့သည်။ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြနိုင်ကြောင်း၊ ခေတ်အပေါ်မူတည်ပြီး ထိုသို့ မလုပ်သော အချိန်များလည်း ရှိကြောင်းကို ဘုရားသခင်သည် လူသားအား ရှင်းရှင်းလင်းလင်း သိစေသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်သည် နိမိတ် လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို မပြနိုင်ခြင်းမဟုတ်၊ ထိုအစား သူလုပ်နေသည့်အလုပ်နှင့် ခေတ်အပေါ် မူတည်ပြီး အလုပ်လုပ်သော ပုံစံပြောင်းကြောင်းကို သင်သိနိုင်ပါသည်။ ယနေ့ခေတ်တွင် ဘုရားသခင် လုပ်ဆောင်လျက်ရှိသော အလုပ်အဆင့်၌ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို မပြပါ၊ ယေရှုခေတ်၌ ဘုရားသခင်သည် နိမိတ်လက္ခဏာအချို့နှင့် အံ့သြဖွယ်အမှုအချို့ကို ပြခဲ့သည်မှာ ထိုခေတ်၌ လုပ်ဆောင်သော အလုပ်သည် ယနေ့ခေတ်၌ လုပ်ဆောင်သော အလုပ်နှင့် မတူသောကြောင့် ဖြစ်သည်။ ယနေ့ခေတ်၌ ဘုရားသခင်သည် ထိုအလုပ်ကို မလုပ်ပါ။ ထို့ကြောင့် လူအချို့က ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြနိုင်စွမ်းမရှိ သို့မဟုတ် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို မပြလျှင် ဘုရားသခင်သည် ဘုရားသခင် မဟုတ်ဟု ယုံကြည်ကြသည်။ ထိုသို့ ယုံကြည်ခြင်းသည် အထင်အမြင် မှားခြင်းပင် မဟုတ်ပါလော။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြနိုင်စွမ်းရှိသည်။ သို့သော် သူသည် ကွဲပြားခြားနားသော ခေတ်တွင် အလုပ်လုပ်လျက် ရှိသောကြောင့် ထိုကဲ့သို့သော အလုပ်ကို မလုပ်ဆောင်ခြင်းဖြစ်သည်။ ယနေ့ခေတ်သည် ယခင်ခေတ်နှင့် မတူသောကြောင့်၊ ယနေ့ခေတ်တွင် လုပ်ဆောင်လျက်ရှိသော အလုပ်အဆင့်သည် ယခင်က လုပ်ဆောင်ခဲ့သော အဆင့်နှင့် မတူသောကြောင့် ရှင်းရှင်းလင်းလင်း ဖော်ပြသော သူ၏ လုပ်ရပ်သည်လည်း ယခင်ခေတ်နှင့် မတူခြင်းဖြစ်သည်။ ဘုရားသခင်အပေါ်၌ ထားသော လူသား၏ ယုံကြည်ခြင်းသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ၌ ယုံခြင်းမဟုတ်၊ တန်ခိုး၌လည်း ယုံခြင်းမဟုတ်၊ အသစ်သောခေတ်၌ လုပ်ဆောင်သော ဘုရားသခင်၏ စစ်မှန်သော အလုပ်ကို ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ အလုပ်လုပ်ပုံ အားဖြင့် လူသားသည် ဘုရားသခင်ကို သိလာပြီး ထိုအသိစိတ်သည် လူ၏အထဲ၌ ယုံကြည်ခြင်း၊ တစ်နည်းအားဖြင့် ဘုရားသခင်၏ အလုပ်နှင့် လုပ်ရပ်အပေါ်၌ ယုံကြည်သည့် စိတ်ကို ဖြစ်စေသည်။ အလုပ်၏ ဤအဆင့်၌ ဘုရားသခင်သည် အဓိကအားဖြင့် စကားပြောသည်။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို မြင်ရဖို့ စောင့်မနေပါနှင့်။ ထိုအရာများကို သင်တွေ့ရမည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်သည် ကျေးဇူးတော် ခေတ်အတွင်း၌ မွေးလာသူ မဟုတ်သောကြောင့် ဖြစ်သည်။ ထိုခေတ်တွင် မွေးလာသူ ဖြစ်ပါက သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို မြင်တွေ့နိုင်ခဲ့လိမ့်မည် ဖြစ်သည်။ သို့သော် သင်သည် နောက်ဆုံးသော ကာလ၌ မွေးလာသူ ဖြစ်သောကြောင့် ဘုရားသခင်၏ စစ်မှန်မှုနှင့် သာမန်ဖြစ်မှုကိုသာ တွေ့နိုင်သည်။ နောက်ဆုံးသော ကာလ၌ သဘာဝလွန် ယေရှုကို မြင်တွေ့ဖို့ မမျှော်လင့်ပါနှင့်။ သင်သည် လူ့ဇာတိခံယူသော လက်တွေ့ လုပ်ဆောင်တတ်သည့် ဘုရားသခင်၊ သာမန်လူတစ်ဦးနှင့် ဘာမျှ မခြားနားသော ဘုရားသခင်ကိုသာ မြင်နိုင်မည်။ ခေတ်တစ်ခေတ်ချင်းစီ၌ ဘုရားသခင်သည် သူ၏လုပ်ရပ် အမျိုးမျိုးကို ရှင်းရှင်းလင်းလင်း ဖော်ပြလေ့ရှိသည်။ ခေတ်တစ်ခေတ်ချင်းစီ၌ ဘုရားသခင်သည် သူ၏ လုပ်ရပ်များထဲမှ တစ်စိတ်တစ်ဒေသကို ရှင်းရှင်းလင်းလင်း ဖော်ပြလေ့ရှိပြီး၊ ခေတ်တစ်ခေတ်ချင်းစီ၌ ဘုရားသခင် လုပ်ဆောင်သည့် အလုပ်သည် ဘုရားသခင် စိတ်သဘောထား၏ တစ်စိတ်တစ်ဒေသကို ဖော်ပြသည်၊ သူ၏ လုပ်ရပ်များထဲမှ တစ်စိတ်တစ်ဒေသကိုလည်း ကိုယ်စားပြု ဖော်ပြသည်။ ဘုရားသခင် ရှင်းရှင်းလင်းလင်း ဖော်ပြသော လုပ်ရပ်များသည် တစ်ခေတ်နှင့် တစ်ခေတ် မတူပေ။ သို့သော် ထိုအရာများအားလုံးက လူသားကို ဘုရားသခင်အား ပိုမိုနက်ရှိုင်းစွာ သိသော အသိကို ပေးသည်၊ ဟန်ဆောင်မှုကင်း၍ လက်တွေ့ကျသော၊ ပို၍ စစ်မှန်သော ယုံကြည်ခြင်းကို ပေးသည်။ လူက ဘုရားသခင်ကို ယုံကြည်သည်မှာ ဘုရားသခင်၏ လုပ်ရပ်များ အားလုံးကြောင့်၊ ဘုရားသခင်သည် အလွန်ကောင်းမြတ်သောကြောင့်၊ အလွန်ကြီးမြတ်သောကြောင့်၊ အနန္တတန်ခိုးရှင် ဖြစ်သောကြောင့်၊ မသိနိုင်အောင် နက်နဲသောကြောင့် ဖြစ်သည်။ အကယ်၍ ဘုရားသခင်ကို သင်ယုံသည်မှာ ဘုရားသခင်က နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်အမှုများကို ပြနိုင်သောကြောင့်၊ မကျန်းမာသော သူများကို ကျန်းမာစေနိုင်သောကြောင့်၊ နတ်ဆိုးများကို နှင်ထုတ်နိုင်သောကြောင့် ဖြစ်လျှင် သင်၏ အမြင်သည် မှားနေသည်။ လူတချို့က သင့်ကို “နတ်ဆိုးတွေလည်း အဲဒါတွေကို လုပ်နိုင်တယ် မဟုတ်ဘူးလား” ဟု မေးမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ပုံရိပ်ကို စာတန်၏ ပုံရိပ်နှင့် ရောထွေးစေခြင်းပင် မဟုတ်လော။ ယနေ့တွင် လူသားက ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်၏ လုပ်ရပ်များစွာကြောင့်၊ ဘုရားသခင် လုပ်ကိုင်ပြောဆိုသည့် ပုံစံအမျိုးမျိုးကြောင့် ဖြစ်သည်။ ဘုရားသခင်သည် လူသားကို သိမ်းပိုက်ဖို့အတွက်၊ လူသားကို စုံလင်စေဖို့အတွက် သူ၏ ဖွင့်ဆိုချက်များကို အသုံးပြုလေ့ရှိသည်။ လူသားက ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်၏ လုပ်ရပ်များစွာကြောင့် ဖြစ်သည်။ ဘုရားသခင်က နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြနိုင်သောကြောင့် မဟုတ်ပါ။ လူသားက ဘုရားသခင်ကို နားလည်သည်မှာလည်း ဘုရားသခင်၏ လုပ်ရပ်များကို မြင်တွေ့သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ လုပ်ရပ် အစစ်အမှန်များ အကြောင်း၊ ဘုရားသခင် မည်သို့ အလုပ်လုပ်ကြောင်း၊ ဉာဏ်ပညာ အမြော်အမြင်နှင့် ပြည့်စုံသော မည်သည့် နည်းလမ်းများကို ဘုရားသခင် အသုံးပြုလေ့ရှိကြောင်း၊ ဘုရားသခင် မည်သို့ စကားပြောလေ့ရှိကြောင်း၊ လူသားကို မည်သို့ စုံလင်စေကြောင်း စသည့်အချက်များကို သိမှသာ သင်သည် ဘုရားသခင်၏ စစ်မှန်မှုကို သိပြီး ဘုရားသခင်၏ စိတ်သဘောထားကို နားလည်နိုင်မည်ဖြစ်သည်။ ဘုရားသခင် ဘာကြိုက်လဲ၊ ဘုရားသခင် ဘာကို စက်ဆုပ် ရွံရှာသလဲ၊ လူ၌ ဘုရားသခင် ဘယ်လို အလုပ်လုပ်သလဲ စသည်ဖြင့် ဘုရားသခင် ကြိုက်သည့်အရာများ၊ မကြိုက်သည့်အရာများကို သိနားလည်လျှင် သင်သည် အပြုသဘော ဆောင်သောအရာနှင့် အနုတ်သဘော ဆောင်သောအရာကို ခွဲခြားနိုင်မည် ဖြစ်ပြီး၊ ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏ အသိပညာမှတစ်ဆင့် သင့်အသက်တာတွင် တိုးတက်မှုရှိ မည်ဖြစ်သည်။ အချုပ်အားဖြင့်ဆိုသော် သင်သည် ဘုရားသခင်၏ အလုပ်အကြောင်းကို သိရမည်၊ ယုံကြည်ခြင်းနှင့် ပတ်သက်သော သင်၏အမြင်ကို မှန်ကန်အောင် လုပ်ရမည်ဖြစ်သည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

စစ်မှန်သော ယုံကြည်ခြင်း ဘုရားကို သိကျွမ်းခြင်းမှသာ လာ

ယခု ဘုရားရဲ့အမှုတော်ဟာ စကားပြောခြင်းဖြစ်၏၊ နိမိတ်လက္ခဏာ အံ့ဖွယ်အမှုများ မရှိတော့ပါ ဒါ ကျေးဇူးတော်ခေတ် မဟုတ်ပါ၊ ဘုရားသခင်ဟာ ရိုးစင်း၍ စစ်မှန် နောက်ဆုံးနေ့ကာလမှာသူဟာ သဘာဝလွန် ယေရှု မဟုတ် လူ့ဇာတိနဲ့ လက်တွေ့ဘုရား၊ လူသားနဲ့မခြား လူသားတို့ယုံကြည်ခြင်းက ဘုရားရဲ့ အမှုတော်၊ နှုတ်ကပတ်တရားနဲ့ ဆောင်ရွက်ချက်များကြောင့် လူသားကို သိမ်းယူ၊ စုံလင်စေတာ ဘုရား ရဲ့ အသံတော်ပါ နိမိတ်လက္ခဏာ အံ့ဖွယ်အမှုများသည် လူသားတို့ ယုံကြည်ခြင်းရဲ့အရင်းမြစ် မဟုတ် လူသားတို့ကို ဘုရားအကြောင်း သိကျွမ်းစေတာ ဘုရားရဲ့ဆောင်ရွက်ချက်တွေပဲ

ခေတ်ကာလတိုင်းမှာ ခြားနားသော စိတ်သဘောထားများ၊ သူလုပ်ဆောင်ချက်များ၏ ခြားနားသော အစိတ်အပိုင်းတစ်ခုကို ဖော်ပြ ထိုအရာအားလုံးသည် သူ့အကြောင်း ပိုမိုနက်ရှိုင်းစွာ သိစေ၊ ပိုမိုလက်တွေ့ကျ စစ်မှန်သောယုံကြည်ခြင်းကို ပေး လူသားတို့ယုံကြည်ခြင်းက ဘုရားရဲ့ အမှုတော်၊ နှုတ်ကပတ်တရားနဲ့ ဆောင်ရွက်ချက်များကြောင့် လူသားကို သိမ်းယူ၊ စုံလင်စေတာ ဘုရား ရဲ့ အသံတော်ပါ နိမိတ်လက္ခဏာ အံ့ဖွယ်အမှုများသည် လူသားတို့ ယုံကြည်ခြင်းရဲ့အရင်းမြစ် မဟုတ် လူသားတို့ကို ဘုရားအကြောင်း သိကျွမ်းစေတာ ဘုရားရဲ့ဆောင်ရွက်ချက်တွေပဲ

ဘုရားရဲ့လက်တွေ့ဆောင်ရွက်မှု၊ သူ မည်သို့ လုပ်ဆောင် ပြောဆို၊ ဉာဏ်ပညာတော်ကို မည်သို့ အသုံးချ၊ လူတို့ကို မည်သို့ စုံလင်စေလဲ သိခြင်းဖြင့်သာ ဘုရားရဲ့ လက်တွေ့ကျပုံကို နားလည်၊ စိတ်သဘောထားကို သဘောပေါက် လူသားအပေါ် မည်သို့ အမှုပြုသလဲ၊ ဘုရားကြိုက်သောအရာနဲ့ မကြိုက်သောအရာကို သဘောပေါက် ဒါဟာ အမှားတရားကို ခွဲခြား သိနိုင်စေသည် ဘုရားကို သိကျွမ်းခြင်းဖြင့် ဘဝအသက်တာ တိုးတက် လူသားတို့ယုံကြည်ခြင်းက ဘုရားရဲ့ အမှုတော်၊ နှုတ်ကပတ်တရားနဲ့ ဆောင်ရွက်ချက်များကြောင့် လူသားကို သိမ်းယူ၊ စုံလင်စေတာ ဘုရားရဲ့ အသံတော်ပါ နိမိတ်လက္ခဏာ အံ့ဖွယ်အမှုများသည် လူသားတို့ ယုံကြည်ခြင်းရဲ့အရင်းမြစ် မဟုတ် လူသားတို့ကို ဘုရားအကြောင်း သိကျွမ်းစေတာ ဘုရားရဲ့ဆောင်ရွက်ချက်တွေပဲ

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “သင်တို့အားလုံးသည် အကျင့်စရိုက် အလွန် ယုတ်ညံ့ကြသည်တကား” | ကောက်နုတ်ချက် ၃၄၂

ငါသည် နွေဦးနှင့် ဆောင်းဦး ကာလတစ်ချို့တွင် သင်တို့ကို ပေါင်းဖော်ရင်း၊ သင်တို့အကြားတွင် ရှိနေခဲ့၏။ ငါသည် အချိန်ကြာမြင့်စွာ သင်တို့ အကြားတွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ” | ကောက်နုတ်ချက် ၃၁၉

သင်တို့အားလုံးသည် ဘုရားသခင်၏ရှေ့၌ ဆုချီးမြှင့်ခံလိုကြပြီး ဘုရားသခင်၏ မျက်နှာသာပေးခြင်းကို ခံလိုကြသည်၊ လူတိုင်းသည် ဘုရားသခင်ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘာသာရေးအမှုဆောင်ခြင်းကို သန့်စင်ရမည်” | ကောက်နုတ်ချက် ၄၅၆

ယနေ့တွင် ဘာသာရေး အယူအဆများမရှိဘဲ မိမိတို့၏ ကိုယ်ဟောင်းကို စွန့်လွှတ်ရန် အသင့်ရှိသူများ၊ ရိုးသားပွင့်လင်းစွာဖြင့် ဘုရားသခင်ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း” | ကောက်နုတ်ချက် ၃၄၆

အလုပ်များစွာနှင့် စကားပေါင်းများစွာသည် သင့်အပေါ်သို့ မသက်ရောက်လျှင် ဘုရားသခင်၏ အလုပ်ကို ဖြန့်ဝေရန် အချိန်ကျသောအခါ သင့်တာဝန်ကို...