ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၁၅

19.04.2021

စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံး တစ်လျှောက်တွင်၊ အရေး အကြီးဆုံးအမှုမှာ စာတန်၏စွမ်းအားမှ လူသားကို ကယ်တင်ရန် ဖြစ်သည်။ အဓိကအမှုမှာ ဖောက်ပြန်ပျက်စီးနေသော လူသားကို လုံးဝ သိမ်းပိုက်ခြင်း ဖြစ်သည်၊ ထိုသို့ဖြင့် သိမ်းပိုက်ခြင်းခံရသော လူသား၏နှလုံးသားထဲတွင် ဘုရားသခင်အပေါ် မူလရိုသေလေးမြတ်မှုကို နဂိုအတိုင်း ပြန်ဖြစ်စေခြင်းနှင့် လူသားကို သူ၏ပုံမှန်အသက်တာ၊ ဆိုလိုသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ ပုံမှန်အသက်တာကို ရရှိခွင့်ပေးခြင်း ဖြစ်သည်။ ဤအမှုသည် အရေးပါလှပြီး၊ စီမံခန့်ခွဲခြင်း အမှု၏ ဗဟိုချက်ဖြစ်သည်။ ကယ်တင်ခြင်းအမှု၏ အဆင့်သုံးဆင့်တွင် ပညတ်တော်ခေတ်၏ အမှုနှင့် သက်ဆိုင်သော ပထမအဆင့်သည် စီမံခန့်ခွဲခြင်း အမှု၏ဗဟိုချက်နှင့် အလှမ်းကွာဝေး၏။ ယင်းသည် ကယ်တင်ခြင်းအမှု၏ အသွင်သဏ္ဌာန် အနည်းငယ်သာ ရှိပြီး စာတန်၏အုပ်စိုးမှုမှ လူသားကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ အမှု အစမဟုတ်ပေ။ ပညတ်တော်အောက်တွင် လူသားသည် ပညတ်တော်ကို လိုက်နာရန်သာ သိရှိကြပြီး သာ၍ များသော သမ္မာတရား မရှိခဲ့ကြသောကြောင့်၊ ပြီးလျှင် ပညတ်တော်ခေတ်ထဲက အမှုသည် စာတန်၏အုပ်စိုးမှုမှ လူသားကို ကယ်တင်ပုံနှင့် သက်ဆိုင်သည့် အမှုနှင့်ပတ်သက်ရန် မဆိုထားနှင့်၊ လူသား၏ စိတ်သဘောထား ပြောင်းလဲခြင်းများ ပါဝင်မှု မရှိသလောက် ဖြစ်သောကြောင့်၊ အမှု၏ ပထမအဆင့်ကို ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်ခဲ့သည်။ ထိုသို့ဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် လူသား၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်မပတ်သက်သော အလွန့်အလွန် ရိုးရှင်းသည့် ဤအမှုအဆင့်ကို လုပ်ဆောင်ပြီးစီးခဲ့သည်။ ဤအမှုအဆင့်သည် စီမံခန့်ခွဲခြင်း ဗဟိုချက်နှင့် ပတ်သက်မှု နည်းပါးပြီး၊ လူသား၏ ကယ်တင်ခြင်းနှင့်ဆိုင်သည့် တရားဝင်အမှုနှင့် ကြီးမားသော ဆက်စပ်မှု မရှိပေ၊ ထို့ကြောင့် ဘုရားသခင်အနေဖြင့် သူ၏အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန် လူ့ဇာတိခံယူဖို့ မလိုအပ်ခဲ့ပေ။ ဝိညာဉ်တော်က လုပ်ဆောင်သော အမှုသည် သွယ်ဝိုက်ပြီး၊ နားလည်၍ မရနိုင်သကဲ့သို့၊ ယင်းသည် လူသားအဖို့ အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းပြီး ချဉ်းကပ်၍ မရနိုင်ပေ။ ဝိညာဉ်တော်သည် ကယ်တင်ခြင်းအမှုကို တိုက်ရိုက် လုပ်ဆောင်ခြင်းနှင့် မသင့်တော်သကဲ့သို့၊ လူသားထံ အသက်ကို တိုက်ရိုက် ထောက်ပံ့ပေးရန် မသင့်တော်ပေ။ လူသားအတွက် အသင့်တော်ဆုံးမှာ ဝိညာဉ်တော်၏အမှုကို လူသားနှင့် နီးစပ်သည့် ချဉ်းကပ်နည်း တစ်ခုအဖြစ်သို့ အသွင်ပြောင်းရန် ဖြစ်သည်၊ ဆိုလိုသည်မှာ လူသားအတွက် အသင့်လျော်ဆုံးအရာမှာ ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ရန် ရိုးရိုး ပုံမှန်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် ပေတည်း။ ဤအရာက သူ၏ အမှုတွင် ဝိညာဉ်တော်၏နေရာကို ယူရန် ဘုရားသခင်သည် လူ့ဇာတိခံဖို့ လိုအပ်ပြီး၊ လူသားအတွက် ဘုရားသခင်အနေဖြင့် အမှုပြုရန် ထိုထက်ပို၍ သင့်တော်သော နည်းလမ်း မရှိတော့ပေ။ အမှု၏ ဤအဆင့်သုံးဆင့်ထဲတွင် အဆင့်နှစ်ဆင့်ကို လူ့ဇာတိက လုပ်ဆောင်ပြီး၊ ဤအဆင့်နှစ်ဆင့်သည် စီမံခန့်ခွဲခြင်း အမှု၏ အဓိကသော့ချက်အဆင့်များ ဖြစ်သည်။ လူ့ဇာတိခံယူခြင်း နှစ်ခုသည် နှစ်ဦးနှစ်ဖက် လိုက်ဖက်ညီကာ နှစ်ဦးနှစ်ဖက် လုံးဝ ပြည့်စုံစေသည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ပထမအဆင့်သည် ဒုတိယ အဆင့်အတွက် အခြေခံအုတ်မြစ်ကို ခင်းပေးပြီး၊ ယင်းမှာ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း နှစ်ခုသည် တစ်လုံးတစ်ဝတည်း ဖြစ်ကာ၊ အချင်းချင်း သဟဇာတမဖြစ်ခြင်းမရှိဟု ဆိုနိုင်သည်။ ဘုရားသခင့် အမှု၏ ဤအဆင့် နှစ်ဆင့်သည် စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံးအတွက် အလွန် အရေးကြီးသောကြောင့်၊ ဘုရားသခင်သည် သူ၏လူ့ဇာတိခံ ပင်ကိုလက္ခဏာဖြင့် ဆောင်ရွက်ခဲ့သည်။ ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း နှစ်ခုနှင့်ဆိုင်သည့် အမှုမရှိဘဲနှင့်၊ စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံးသည် ရပ်တန့်သွားမည် ဖြစ်ပြီး၊ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုသည် အနှစ်မဲ့သည့် စကားသာ ဖြစ်သွားမည်ဟု ပြော၍ရလုနီးနီး ဖြစ်သည်။ ဤအမှု အရေးကြီးသည် မကြီးသည်ဆိုသည်မှာ လူသားမျိုးနွယ်၏ လိုအပ်ချက်များအပေါ်၊ လူသားမျိုးနွယ်၏ အကျင့်ပျက်ပြားခြင်းနှင့်ဆိုင်သည့် လက်တွေ့အရှိတရားနှင့် စာတန်၏ မနာခံမှုနှင့် အမှုကို ၎င်း၏ နှောင့်ယှက်မှု ပြင်းထန်ခြင်းတို့အပေါ် အခြေခံသည်။ ဤအမှုကို လုပ်ဆောင်ဖို့လိုလားသည့် သင့်တော်သောသူကို အလုပ်လုပ်သူအားဖြင့် ထမ်းဆောင်သည့် အမှု၏သဘာဝနှင့် အမှု၏ အရေးပါမှုတို့အပေါ်တွင် ကြိုတင်ခန့်မှန်းရပေသည်။ ဤအမှု၏ အရေးကြီးမှုနှင့် ပတ်သက်လာသည့်အခါ- ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်သောအမှု၊ သို့မဟုတ် လူ့ဇာတိခံ ဘုရားသခင်က လုပ်ဆောင်သောအမှု၊ သို့မဟုတ် လူသားမှတစ်ဆင့် လုပ်ဆောင်သောအမှု- အမှုနှင့်ဆိုင်သည့် ခံယူရမည့် နည်းစနစ်အရ၊ ပထမဆုံး ဖယ်ရှားရမည်မှာ လူသားမှတစ်ဆင့် လုပ်ဆောင်သော အမှုဖြစ်ပြီး၊ အမှု၏သဘာဝ၊ ဝိညာဉ်တော်အမှုနှင့် လူ့ဇာတိ၏ အမှု၏ သဘာဝတို့အပေါ် အခြေခံ၍၊ လူသားအတွက် လူ့ဇာတိဖြင့် လုပ်ဆောင်သော အမှုသည် ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်သော အမှုထက် ပို၍ အကျိုးရှိပြီး၊ သာ၍ အကျိုးကျေးဇူးများ ပေးသည်ကို နောက်ဆုံးတွင် ဆုံးဖြတ်လေသည်။ ဤသည်မှာ အမှုကို ဝိညာဉ်တော်ဖြင့် လုပ်ဆောင်မည်၊ သို့မဟုတ် လူ့ဇာတိဖြင့် လုပ်ဆောင်မည်ကို ဆုံးဖြတ်ချိန် ထိုအချိန်က ဘုရားသခင်၏အကြံအစည် ဖြစ်သည်။ အမှု၏အဆင့် အသီးသီးအဖို့ အရေးပါမှုနှင့် အခြေခံတို့ရှိသည်။ ယင်းတို့သည် အခြေအမြစ် မရှိသော စိတ်ကူးစိတ်သန်းများ မဟုတ်သကဲ့သို့၊ ထင်ရာမြင်ရာ ဆောင်ရွက်ခြင်း မဟုတ်ပေ။ ယင်းတို့အဖို့ တိကျသေချာသော ဉာဏ်ပညာတစ်ခု ရှိပေသည်။ ယင်းသည် ဘုရားသခင်၏ အမှုအားလုံး နောက်ကွယ်မှ အမှန်တရား ဖြစ်သည်။ အထူးသဖြင့် လူ့ဇာတိခံ ဘုရားသခင်က လူသားအလယ် ကိုယ်တိုင်ကိုယ်ကျ အမှုပြုခြင်းကဲ့သို့သော ကြီးမားသည့် အမှုတစ်ခုတွင် ဘုရားသခင်၏ အစီအစဉ် သာ၍ပင် ရှိလေသည်။ ထို့ကြောင့် ဘုရားသခင်၏ ဉာဏ်ပညာနှင့် သူ၏ဖြစ်ခြင်း အလုံးစုံတို့သည် သူ၏ အမှုထဲက လုပ်ရပ်တိုင်း၊ အကြံအစည်တိုင်းနှင့် စိတ်ကူးတိုင်းတို့တွင် ထင်ဟပ်သည်။ ဤသည်မှာ သာ၍ ခိုင်လုံပြီး စနစ်ကျသော ဘုရားသခင်၏ ဖြစ်တည်ခြင်း ဖြစ်သည်။ ဤသိမ်မွေ့သော အကြံအစည်များနှင့် စိတ်ကူးများသည် လူသားအတွက် စိတ်ကူးရန် ခက်ခဲပြီး၊ ယုံကြည်ရန် ခက်ခဲကာ၊ ထို့အပြင် လူသားအတွက် သိရှိရန် ခက်ခဲပေသည်။ လူသားက လုပ်ဆောင်သောအမှုသည် လူသားအတွက် အလွန် စိတ်ကျေနပ်ဖွယ် ဖြစ်သော ယေဘုယျ အခြေခံသဘောတရားအတိုင်း လုပ်ဆောင်ခြင်း ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်၏အမှုနှင့် နှိုင်းယှဉ်ပါက၊ အလွန် ကြီးမားသော ကွာဟချက်တစ်ခု တကယ်ကို ရှိပေသည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် ကြီးမြတ်ပြီး၊ ဘုရားသခင်၏အမှုသည် ခမ်းနားကြီးကျယ်သော အတိုင်းအတာတစ်ခု ရှိသော်လည်း၊ ယင်းတို့နောက်ကွယ်တွင် လူသားအဖို့ မတွေးတတ်သည့် သေးငယ်ပြီး တိကျသော စီမံချက်များနှင့် အစီအစဉ်များစွာ ရှိလေသည်။ သူ၏အမှု အဆင့်တိုင်းကို အခြေခံသဘောတရားအတိုင်း ဆောင်ရွက်ထားခြင်း ဖြစ်သည်သာမက၊ အဆင့်အသီးသီးသည် လူ့ဘာသာစကားဖြင့် ရှင်းရှင်းလင်းလင်း ပြောဆို၍ မရနိုင်သည့်အရာများစွာ ပါဝင်ကာ၊ ဤသည်တို့မှာ လူသားဖို့ မြင်၍မရနိုင်သည့် အရာများဖြစ်သည်။ ဝိညာဉ်တော်၏အမှု ဖြစ်စေ၊ သို့မဟုတ် လူ့ဇာတိခံ ဘုရားသခင်၏အမှု ဖြစ်စေ အသီးသီးသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အစီအစဉ်များ ပါရှိသည်။ ဘုရားသခင်သည် အခြေအမြစ် မရှိဘဲ အမှုမပြုသကဲ့သို့၊ အရေးမပါသော အမှုကို မလုပ်ဆောင်ပေ။ ဝိညာဉ်တော်သည် တိုက်ရိုက် အလုပ်လုပ်သောအခါတွင်၊ ယင်းသည် သူ၏ပန်းတိုင်များဖြင့် ဖြစ်ပြီး၊ အမှုပြုရန် သူလူ့ဇာတိခံယူချိန်တွင် (ဆိုလိုသည်မှာ သူ၏ပြင်ပအကာကို အသွင်ပြောင်းချိန်တွင်)၊ ယင်းသည် သာ၍ပင် သူ၏ ရည်ရွယ်ချက်များဖြင့် ဖြစ်ပေသည်။ သို့မဟုတ်ပါက သူသည် သူ၏ ပင်ကိုလက္ခဏာကို အဘယ်ကြောင့်များ လိုလိုလားလား ပြောင်းလဲမည်နည်း။ သို့မဟုတ်ပါက အဘယ်ကြောင့်များ သူသည် နိမ့်ကျသကဲ့သို့ မှတ်ယူခံရပြီး နှိပ်စက်ညှဉ်းပန်းခံရသည့် လူတစ်ယောက် ဖြစ်လာမည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။