ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည်” | ကောက်နုတ်ချက် ၁၅၁

ဘုရားသခင်သည် စာတန်ကို ချေမှုန်းနိုင်ဖို့ သူ၏စီမံခန့်ခွဲထားသည့် လူများကို အသုံးပြုသည်။ လူများကို ဖျက်ဆီးခြင်းအားဖြင့် စာတန်သည် လူသားတို့၏ ကံကြမ္မာကို အဆုံးသတ်စေပြီး ဘုရားသခင်၏အလုပ်ကို နှောင့်ယှက်သည်။ တစ်ဖက်၌လည်း ဘုရားသခင်၏အလုပ်သည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်သည်။ ဘုရားသခင်၏ အလုပ်၏ မည်သည့်အဆင့်သည် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ငှာ ရည်ရွယ်ထားခြင်း မဟုတ်သနည်း။ အဘယ်အဆင့်က လူများကို သန့်ရှင်းစေဖို့၊ ဖြောင့်မတ်သည့်အရာကို သူတို့ပြုလုပ်စေဖို့နှင့် ချစ်ခြင်းကို ခံရနိုင်သည့် ပုံရိပ်ကို ဖန်တီးပေးမည့် အပြုအမူနှင့် နေထိုင်ဖို့ မရည်ရွယ်ပါသနည်း။ သို့သော်လည်း စာတန်မူကား ဤကဲ့သို့မလုပ်ခဲ့ပေ။ ၎င်းသည် လူသားမျိုးနွယ်ကို ဖျက်ဆီးသည်။ ၎င်းသည် စကြဝဠာတစ်လျှောက် လူသားမျိုးနွယ်ကို ဖျက်ဆီးသည့် ၎င်း၏အလုပ်ကို အဆက်မပြတ် လုပ်ဆောင်နေသည်။ ဘုရားသခင်ကလည်း သူ၏အလုပ်ကို သူလုပ်နေသည်။ သူသည် စာတန်ကို အရေးမစိုက်ချေ။ စာတန်၌ အခွင့်အာဏာ မည်မျှပင်ရှိရှိ သူ၏အခွင့်အာဏာက ဘုရားသခင်ထံမှ ရခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် သူ၏ အခွင့်အာဏာအားလုံးကို အမှန်တကယ် ပေးလိုက်ခြင်းကား မဟုတ်။ ထို့ကြောင့် စာတန်သည် မည်ကဲ့သို့ပင်လုပ်ပါစေ ဘုရားသခင်ကို မကျော်လွန်နိုင်ပါဘဲ ဘုရားသခင်၏ လက်ထဲ၌သာ အမြဲတမ်းရှိနေသည်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိနေစဉ်မှာ သူ၏ ပြုမူလုပ်ဆောင်မှုများကို ဖွင့်မပြခဲ့ပေ။ ကောင်းကင်တမန်များကို အုပ်ချုပ်ဖို့အတွက် စာတန်ကို အခွင့်အာဏာ တစ်စိတ်တစ်ပိုင်းလောက်သာ ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းမည်သည့်အရာလုပ်လုပ် ဘုရားသခင်၏ အာဏာကို မကျော်လွန်နိုင်ချေ။ အဘယ်ကြောင့်ဆိုလျှင် ဘုရားသခင် ၎င်းကိုပေးခဲ့သည့် အခွင့်အာဏာသည် ကန့်သတ်ထားခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်က အလုပ်လုပ်နေချိန်မှာ စာတန်က နှောင့်ယှက်သည်။ နောက်ဆုံးသောကာလမှာ စာတန်၏နှောင့်ယှက်မှုသည် ပြီးဆုံးသွားမည်ဖြစ်သည်။ ဤကဲ့သို့ပင် ဘုရားသခင်၏ အလုပ်သည်လည်း ပြီးဆုံးပါလိမ့်မည်။ ဘုရားသခင်က ပြည့်စုံစေချင်သည့် လူမျိုးကလည်း ပြည့်စုံသွားပါလိမ့်မည်။ ဘုရားသခင်သည် လူများကို အပြုသဘောဆောင်ပြီး ညွှန်ကြားသည်။ သူ၏ အသက်သည် အကန့်အသတ်မရှိဖြစ်ပြီး တိုင်းတာ၍မရသည့် သက်စမ်းရေဖြစ်သည်။ စာတန်က လူသားကို အတိုင်းအတာ တစ်ခုအထိ ပျက်ဆီးစေခဲ့သည်။ အဆုံးမှာတော့ ဘဝ၏ သက်စမ်းရေသည် လူသားကို ပြည့်စုံစေမှာဖြစ်ပြီး စာတန်အတွက် တားဆီးနှောင့်ယှက်ဖို့နှင့် ၎င်း၏အလုပ်ကို လုပ်ဆောင်ဖို့အတွက် ဖြစ်နိုင်မည် မဟုတ်တော့ချေ။ ထို့ကြောင့် ဘုရားသခင်သည် ဤလူများကို လုံးဝ ယူဆောင်မည်ဖြစ်သည်။ စာတန်သည် ဤအရာကို လက်ခံဖို့ ငြင်းပယ်တုန်းပင်။ ၎င်းသည် ဘုရားသခင်ကို အဆက်မပြတ် ယှဉ်ပြိုင်နေသော်လည်း ဘုရားသခင်မူကား အာရုံမစိုက်ချေ။ ငါသည် စာတန်၏ အမှောင်စွမ်းအားများနှင့် မှောင်မိုက်ခြင်း၏ လွှမ်းမိုးမှုအားလုံးကို အနိုင်ယူမည်ဟု သူပြောခဲ့သည်။ ဤအရာသည် ဇာတိပကတိအထဲမှာ ယခု ပြီးမြောက်စေရမည့် အလုပ်ဖြစ်ပြီး ဤအရာသည် လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်လည်း ဖြစ်သည်။ ဤအရာသည် နောက်ဆုံးသောကာလမှာ စာတန်ကို ချေမှုန်းခြင်း အလုပ်၏အဆင့် ပြီးမြောက်စေဖို့ စာတန်နှင့်သက်ဆိုင်သည့် အရာအားလုံးကို ဖယ်ရှားပစ်ဖို့ဖြစ်သည်။ စာတန်ကို ဘုရားသခင် အနိုင်ယူခြင်းသည် ရှောင်လွှဲ၍မရသည့် လမ်းစဉ်တစ်ခုပင် ဖြစ်သည်။ တကယ်တမ်းတော့ စာတန်က ရှုံးနိမ့်ခဲ့သည်မှာ ကြာလှချေပြီ။ လူ့ဇာတိခံယူထားသည့် ဘုရားသခင်သည် အလုပ်ကိုစလုပ်ပြီး စတင် လှုပ်ရှားသည့်အခါ အဆင်းနီသည့် နဂါးကြီး၏ နယ်မြေတစ်လျှောက်မှာ ဘုရားသခင်၏ ဧဝံဂေလိ သတင်းစကား စတင်ပျံ့နှံ့သွားသည့်အချိန်၌ စာတန်သည် အကြွင်းမဲ့ ချေမှုန်းခံရပြီးဖြစ်သည်။ လူ့ဇာတိခံယူခြင်းသည် စာတန်ကို ချေမှုန်းဖို့ ဖြစ်သည့်အတွက်ကြောင့် ဖြစ်သည်။ ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိခံယူခဲ့ပြီး သူ့အလုပ်ကိုလည်း စတင်ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်ကို စာတန်က မြင်ခဲ့ပြီး၊ မည်ကဲ့သို့အင်အားမျိုးကမှ အလုပ်ကို ရပ်တန့်၍မရနိုင်သည်ကို ၎င်းမြင်ခဲ့သည်။ ထို့ကြောင့် ဤလုပ်ဆောင်ခြင်းကို မြင်ခဲ့သည့်အခါ ၎င်းသည် ကြက်သေသေသွားပြီး နောက်ထပ် လုပ်ဆောင်မှုများကို ဆက်မလုပ်ရဲတော့ချေ။ အစ၌ကား စာတန်သည် သူသည်လည်း များပြားသည့် ဉာဏ်ပညာများကို ပိုင်ဆိုင်သည်ဟု ထင်မြင်ပြီး ဘုရားသခင်၏ အလုပ်ကို ကြားဖြတ်ပြီး နှောင့်ယှက်ခဲ့သည်။ သို့သော်လည်း ဘုရားသခင်သည် လူ့ဇာတိကို နောက်တစ်ကြိမ် ခံယူလိမ့်မည် ဆိုသည်ကို မမျှော်လင့်ထားခဲ့ချေ။ သူ၏အလုပ်မှာ ဘုရားသခင်သည် ၎င်း၏ ပုန်ကန်မှုကို လူသားမျိုးနွယ်အတွက် ဗျာဒိတ်နှင့် တရားစီရင်မှုအနေနှင့် အသုံးပြုခဲ့ပြီး၊ ဤနည်းလမ်းနှင့် လူသားမျိုးနွယ်ကို သိမ်းပိုက်ပြီး ၎င်းကို ချေမှုန်းမည်ဟု မမျှော်လင့်ခဲ့ပေ။ ဘုရားသခင်သည် ၎င်းထက် ပိုပြီး ဉာဏ်ပညာကြီးမားပြီး သူ၏အလုပ်သည် ၎င်းထက် များစွာ သာလွန်သည်။ ထို့ကြောင့် အစောပိုင်းမှာ ဤအချက်ကို ငါဖော်ပြခဲ့သည်။ ငါလုပ်သည့် အလုပ်သည် စာတန်၏ လှည့်ကွက်များပေါ်မှာ တုံ့ပြန်သည့်အနေနှင့် လုပ်ဆောင်သည်။ အဆုံးမှာတော့ ငါ၏ အနန္တတန်ခိုးနှင့် ပြည့်စုံမှုနှင့် စာတန်၏ တန်ခိုးအစွမ်းကင်းမဲ့မှုကို ဖွင့်ပြမည်။ ဘုရားသခင်သည် သူ့အလုပ်ကို လုပ်ဆောင်စဉ်မှာ စာတန်သည် သူ့နောက်မှ အဆုံးမှာ ဖျက်ဆီးခြင်းခံရသည့်အထိ ချောင်းမြောင်းခဲ့သည်။ ၎င်းအဘယ်အရာဖြစ်သွားမှန်းပင် ၎င်းသိလိုက်မည် မဟုတ်။ ၎င်းသည် ဖျက်ဆီး ချေမှုန်းခံရပြီးသည့် အချိန်မှသာ သမ္မာတရားကို သိမြင်လာမည်ဖြစ်သည်။ ဤအချိန်မှာဆိုလျှင် ၎င်းသည် မီးကန်ထဲမှာ လောင်နေပြီးဖြစ်နေမည်ဖြစ်သည်။ ဤအရာဆိုလျှင် ၎င်းသည် လုံးဝ ယုံကြည်လက်ခံသွားမည် မဟုတ်လော။ ၎င်းအတွက် နောက်လုပ်စရာ အစီအစဉ် မရှိတော့သည့် အတွက်ဖြစ်သည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အခန်း ၁၁” | ကောက်နုတ်ချက် ၂၄၀

ယနေ့ ငါသည်သင်တို့အားဤနေရာအထိ လမ်းပြခဲ့ပြီးဖြစ်သဖြင့် ငါသည် သင့်လျော်သော အစီအမံများကို ပြုလုပ်ပြီးဖြစ်သည့်အပြင် ငါ့တွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ” | ကောက်နုတ်ချက် ၁၀၂

ပထမ လူ့ဇာတိခံယူသော ဘုရားသခင်သည် လူ့ဇာတိခံယူခြင်း၏ အလုပ်ကို ပြီးမြောက်အောင် မလုပ်ဆောင်ခဲ့ပေ၊ သူသည် ဘုရားသခင် ဇာတိပကတိ၌ လုပ်ဆောင်နိုင်ရန်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်” | ကောက်နုတ်ချက် ၅၀၆

ယနေ့တွင် လူအများစု၌ ထိုအသိပညာ မရှိကြပေ။ ဒုက္ခဝေဒနာခံစားရခြင်းမှာ တန်ဖိုးမရှိဟု ၎င်းတို့ယုံကြည်ကြသည်၊ ၎င်းတို့သည် လောကကြီး၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ခရီးပန်းတိုင်နှင့်ပတ်သက်၍” | ကောက်နုတ်ချက် ၃၃၄

ခရီးပန်းတိုင်ကို ဖော်ပြသည့်အခါတိုင်းတွင်၊ သင်တို့သည် ယင်းကို အထူးလေးနက်စွာ သဘောထားကြသည်။ ထို့အပြင်၊ ယင်းသည် အထူးသဖြင့် သင်တို့အားလုံး...