ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၅၆

ယင်းတွင် ဘုရားသခင်ကိုယ်တိုင်၏ အလုပ်ကို အဓိကအားဖြင့် ရည်ညွှန်းသည့် ရူပါရုံများပါဝင်ပြီး၊ ယင်းတွင် လူက လုပ်ဆောင်သင့်သည့် လက်တွေ့လုပ်ဆောင်မှုပါဝင်ကာ၊ ဘုရားသခင်နှင့် ဆက်နွှယ်မှု မရှိချေ။ ဘုရားသခင်၏အလုပ်ကို ဘုရားသခင် ကိုယ်တိုင်က ပြီးမြောက်စေခဲ့ခြင်းဖြစ်ပြီး၊ လူ၏လက်တွေ့လုပ်ဆောင်မှုကို လူကိုယ်တိုင်မှ စွမ်းဆောင်ရမည် ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင်က လုပ်ဆောင်သင့်သည်ကို လူက လုပ်ဆောင်ပေးရန် မလိုအပ်သကဲ့သို့၊ လူက လက်တွေ့လုပ်ဆောင်သင့်သည့်အရာကလည်း ဘုရားသခင်နှင့် ဆက်နွှယ်မှု မရှိပေ။ ဘုရားသခင်၏အလုပ်သည် သူ၏ကိုယ်ပိုင် အမှုတော်ဖြစ်ပြီး လူနှင့်သက်ဆိုင်မှု မရှိပေ။ ဤအလုပ်ကို လူကလုပ်ဆောင်ပေးရန် မလိုချေ၊ ထို့ပြင်၊ ထပ်ပြောရမည်ဆိုလျှင်၊ ဘုရားသခင်လုပ်ရမည့် အလုပ်ကို လူအနေဖြင့် လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ လက်တွေ့လုပ်ဆောင်ရန် လိုအပ်သည့် အရာကိုသာ လူ့အနေဖြင့် ဖြစ်မြောက်စေရမည်ဖြစ်သည်၊ ထိုသို့လုပ်ဆောင်ခြင်းသည် သူ့အသက်တာကို ဆက်ကပ်ခြင်း ဖြစ်စေ၊ သို့မဟုတ် သက်သေခံရန်အလို့ငှာ စာတန်ထံသို့ သူ့ကို ပေးပို့ခြင်းဖြစ်စေ၊ ဤအရာအားလုံးကို လူမှ ဖြစ်မြောက်စေရမည် ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်သည် သူလုပ်ဆောင်သင့်သည့် အလုပ်များအားလုံးကို လုပ်ဆောင် ပြီးစီးသည်၊ လူက လုပ်ဆောင်ရမည့်အရာကို လူအား ပြသပြီးဖြစ်သည်၊ ကျန်ရှိသည့် အလုပ်ကို လူသားအတွက် ချန်ထားခဲ့သည်။ ဘုရားသခင်သည် အပိုအလုပ် မလုပ်ပါ။ သူ့အမှုတော်အတွင်း၌ရှိသော အလုပ်ကိုသာ သူလုပ်ဆောင်သည်။ လမ်းခရီးကိုသာ လူအားပြသပြီးနောက်၊ လမ်းဖွင့်ပေးသည့်အလုပ်ကို လုပ်ဆောင်ကာ၊ လမ်းခင်းပေးသည့် အလုပ်ကို မလုပ်ဆောင်ပေ။ ဤအရာကို လူသားအနေဖြင့် နားလည်ထားသင့်သည်။ သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ ကျင့်ဆောင်ခြင်းဟု အဓိပ္ပာယ်ရသည်။ ထို့အပြင် ဤအရာအားလုံးသည် လူသား၏တာဝန်၊ လူက လုပ်ဆောင်သင့်သော အရာဖြစ်ပြီး ဘုရားသခင်နှင့် မသက်ဆိုင်ပေ။ ဘုရားသခင်သည် ညှဉ်းဆဲခြင်းနှင့် စစ်ဆေးခြင်းကို သမ္မာတရားထဲတွင် လူသားနည်းတူ ခံစားရန် လူကတောင်းဆိုပါက၊ လူသားသည် မနာခံသူ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ အလုပ်သည် သူ၏အမှုတော်ကို လုပ်ဆောင်ရန်နှင့် လူ၏တာဝန်မှာ ဘုရားသခင်၏ လမ်းညွှန်မှုအားလုံးကို အတိုက်အခံ တစ်ခုမျှမလုပ်ဘဲ နာခံရန်ဖြစ်သည်။ ယင်းကား ဘုရားသခင်သည် မည်သည့်နည်းဟန်ဖြင့် လုပ်ဆောင်သည်ဖြစ်စေ သို့မဟုတ် နေထိုင်သည်ဖြစ်စေ၊ လူသည် ဖြစ်မြောက်အောင် ပြုလုပ်ထိုက်သည်ကို ကြိုးပမ်းရရှိရမည်ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင်သည်သာလျှင် လူသားအပေါ် သတ်မှတ်ချက်များကို ပြဋ္ဌာန်းနိုင်သည်၊ ပြောရမည်ဆိုလျှင်၊ ဘုရားသခင် ကိုယ်တိုင်သာလျှင် လူသားအပေါ် သတ်မှတ်ချက်များကို ပြဋ္ဌာန်းရန် သင့်လျော်သည်။ လူသားသည် ရွေးချယ်စရာမရှိသင့်၊ ဘာကိုမျှ မလုပ်သင့်ဘဲ အပြည့်အဝ ဆက်ကပ်ကာ လက်တွေ့လုပ်ဆောင်သင့်သည်။ ဤအရာက လူအနေဖြင့် လက်ဝယ်ထားရှိသင့်သည့် အသိစိတ်ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင်က လုပ်ဆောင်သင့်သည့် အလုပ်ကို လုပ်ဆောင်ပြီးပါက၊ လူအနေဖြင့် ယင်းကို တစ်ဆင့်ပြီးတစ်ဆင့် တွေ့ကြုံရန် လိုအပ်သည်။ အကယ်၍ အဆုံးတွင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံး ပြီးမြောက်သည့်အချိန်၌၊ ဘုရားသခင်က အလိုရှိသည်ကို လူအနေဖြင့် မလုပ်ဆောင်ရသေးပါက၊ လူသားသည် အပြစ်ဒဏ်ပေးခြင်း ခံရပေမည်။ ဘုရားသခင် သတ်မှတ်ချက်များကို လူအနေဖြင့် မဖြည့်စွမ်းနိုင်ပါက၊ ယင်းသည် လူ၏ မနာခံမှုကြောင့်ဖြစ်သည်။ ဘုရားသခင်အနေဖြင့် သူ၏အလုပ်ကို မခြွင်းမချန်ပြည့်ဝစွာ မလုပ်ဆောင်ဟု မဆိုလိုချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်နိုင်သည့် ထိုသူများအားလုံး၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို မဖြည့်စွမ်းနိုင်သူများအားလုံးနှင့်၊ မိမိတို့၏ တာဝန်ကို သစ္စာမစောင့်သိ၊ မဖြည့်စွမ်းနိုင်သူများ အားလုံးသည် အပြစ်ဒဏ်ပေးခြင်း ခံရလိမ့်မည်။ ယနေ့ သင်ပြီးမြောက်ရန် လိုအပ်သည်မှာ ထပ်ဆောင်း တောင်းဆိုမှုများ မဟုတ်ဘဲ၊ လူအားလုံးက လုပ်ဆောင်သင့်သည့် လူ၏တာဝန်သာ ဖြစ်သည်။ အကယ်၍ မိမိ၏တာဝန်ကိုပင် သင်မလုပ်ဆောင်နိုင်ဘူးဆိုပါက၊ သို့မဟုတ် ထိုတာဝန်ကို ကောင်းစွာ သင်မလုပ်ဆောင်နိုင်ပါက၊ သင်သည် မိမိကိုယ်တိုင်အပေါ်သို့ ပြဿနာများ ယူဆောင်လာခြင်းပင် မဟုတ်ပေလော။ သင်သည် သေခြင်းတရားကို ဖိတ်ခေါ်နေသည် မဟုတ်လော။ အနာဂတ်နှင့် အလားအလာများကို သင်သည် အဘယ်သို့လျှင် မျှော်လင့်နေနိုင်သေးသနည်း။ ဘုရားသခင်၏ အလုပ်သည် လူအတွက်ဖြစ်ပြီး၊ လူ၏ ပူးပေါင်းဆောင်ရွက်မှုက ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် ဖြစ်သည်။ ဘုရားသခင်က သူလုပ်သင့်သည့်အရာ အားလုံးကို လုပ်ဆောင်ပြီးနောက်၊ လူအနေဖြင့် သူ၏လက်တွေ့လုပ်ဆောင်မှုတွင် တွန့်တိုခြင်းမရှိဘဲ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ ဘုရားသခင်၏အလုပ်ထဲတွင် လူက လုံ့လစိုက်ထုတ်ရန် မသင့်ဘဲ မိမိ၏သစ္စာရှိမှုကို ဆက်ကပ်ရန်လိုအပ်ကာ၊ အယူအဆအမျိုးမျိုးတွင် မွေ့လျော်မနေသင့်၊ သို့မဟုတ် သေခြင်းကိုသာ မလှုပ်မယှက် ထိုင်စောင့်မနေသင့်ပါ။ ဘုရားသခင်သည် သူ့ကိုယ်သူ လူသားအတွက် အနစ်နာခံနိုင်သည်၊ သို့ပြုလျှင် လူက မိမိ၏သစ္စာခံခြင်းကို ဘုရားသခင်အား အဘယ်ကြောင့် မဆက်ကပ်နိုင်သနည်း။ လူသားအပေါ်တွင် ဘုရားသခင်သည် တစ်စိတ်တစ်ဝမ်းတည်း ထားရှိရာ၊ လူက အဘယ်ကြောင့် ပူးပေါင်းဆောင်ရွက်မှု အနည်းငယ်မျှကိုပင် မဆက်ကပ်နိုင်ရသနည်း။ ဘုရားသခင်က လူသားမျိုးနွယ်အတွက် လုပ်ဆောင်သည်၊ သို့ပြုလျှင် လူက ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် မိမိ၏ တာဝန်အချို့ကို အဘယ်ကြောင့် မလုပ်ဆောင်နိုင်သနည်း။ ဘုရားသခင်၏ အလုပ်သည် ဤအထိရောက်ရှိလာပြီ၊ သို့သော်လည်း သင်မြင်နေရသော်ငြား မလုပ်ဆောင်သေး၊ ကြားပါသော်ငြား သင်မရွေ့။ ထိုသို့သော လူများသည် ထာဝရပြစ်ဒဏ်ခံရသူများ မဟုတ်လော။ ဘုရားသခင်သည် သူ၏အရာအားလုံးကို လူအတွက် ပေးအပ်မြှုပ်နှံထားပြီး ဖြစ်သည်၊ သို့ဆိုလျှင် ယနေ့တွင် လူသည် မိမိ၏တာဝန်ကို အဘယ်ကြောင့် စိတ်အားထက်သန်စွာဖြင့် မလုပ်ဆောင်နိုင်ရသနည်း။ ဘုရားသခင်အတွက် သူ၏အလုပ်သည် ပထမဦးစားပေးဖြစ်ပြီး၊ သူ့စီမံခန့်ခွဲမှု အလုပ်က အရေးအကြီးဆုံးဖြစ်သည်။ လူသားအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်စွမ်းခြင်းက ပထမဦးစားပေးကိစ္စဖြစ်သည်။ ထိုအရာကို သင်တို့အားလုံး နားလည်သင့်သည်။ သင့်ကိုပြောသည့် နှုတ်ကပတ်တော်များသည် သင့်အနှစ်သာရ၏ ဗဟိုချက်ကို ရောက်ရှိနေပြီး၊ ဘုရားသခင်၏အလုပ်သည် တစ်ခါမျှ မရောက်ဖူးသည့် ပိုင်နက်နယ်မြေသို့ ဝင်ရောက်နေပြီဖြစ်သည်။ လူအများတို့သည် ဤနည်းလမ်း၏ သမ္မာတရား သို့မဟုတ် မုသားကို နားမလည်ဆဲဖြစ်နေသည်။ သူတို့သည် စောင့်နေဆဲနှင့် မြင်နေဆဲဖြစ်ကာ၊ သူတို့၏တာဝန်ကို မလုပ်ဆောင်ကြပေ။ ယင်းအစား၊ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တစ်လုံးစီနှင့် လုပ်ဆောင်မှု တစ်ရပ်စီကို စစ်ဆေးကြပြီး၊ သူအဘယ်အရာကို စားသည်နှင့် အဘယ်အရာအား ဝတ်သည်ကိုသာ အာရုံစိုက်ကာ၊ သူတို့၏ အယူအဆများက ပို၍ပင်ဆိုးရွားလာသည်။ ထိုသို့သော လူများသည် ဘာမျှမဟုတ်သည်ကို ရေးကြီးခွင်ကျယ် လုပ်နေကြခြင်းပင် မဟုတ်လော။ ထိုလူများက မည်သို့လျှင် ဘုရားသခင်ကို ရှာဖွေသူများ ဖြစ်နိုင်မည်နည်း။ ထို့အပြင် ထိုသူတို့သည် ဘုရားသခင်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဆက်ကပ်သူများ မည်ကဲ့သို့ဖြစ်နိုင်မည်နည်း။ သူတို့၏သစ္စာခံမှုနှင့် တာဝန်ကို သူတို့စိတ်များ၏ နောက်သို့ပို့ထားပြီး၊ ဘုရားသခင် ဘယ်ဆီဘယ်ဝယ် ရောက်နေသည်ကိုသာ အာရုံစိုက်ကြသည်။ သူတို့သည် ရက်စက်ရမ်းကားသူပင် ဖြစ်တော့သည်တကား။ အကယ်၍ လူအနေဖြင့် မိမိနားလည်သင့်သည်များ အားလုံးကို နားလည်ခဲ့ပြီး၊ မိမိလက်တွေ့လုပ်ဆောင်သင့်သည်များ အားလုံးကို လက်တွေ့ လုပ်ဆောင်ခဲ့ပါက၊ ဘုရားသခင်မှ သူ၏ ကောင်းချီးမင်္ဂလာများကို လူအပေါ်သို့ ချပေးမည်မှာ သေချာလှပါသည်။ အကြောင်းမှာ လူထံမှ သူအလိုရှိသည်မှာ လူ၏တာဝန်ဖြစ်ပြီး၊ ယင်းတာဝန်မှာ လူလုပ်ဆောင်သင့်သည့်အရာပင် ဖြစ်သည်။ အကယ်၍ လူသည် မိမိနားလည်သင့်သည်ကို နားမလည်နိုင်၊ မိမိလက်တွေ့ လုပ်ဆောင်သင့်သည်ကို လက်တွေ့မလုပ်ဆောင်နိုင်ပါက၊ အပြစ်ဒဏ်ပေးခြင်း ခံရမည်။ ထင်ရှားစွာ ဆန့်ကျင်သည့် အဘယ်အရာကိုမျှ မလုပ်ဆောင်လျှင်ပင် ဘုရားသခင်နှင့် ပူးပေါင်းမဆောင်ရွက်သည့် ထိုသူများသည် ဘုရားသခင်ကို ရန်လိုသူများဖြစ်သည်၊ အလုပ်သစ်ကို လက်မခံသည့် ထိုသူများသည် ယင်းကို ဆန့်ကျင်သူများဖြစ်သည်။ ဘုရားသခင်က အလိုရှိသည့် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို မလုပ်ဆောင်သည့် ထိုသူများ အားလုံးသည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အထူးတလှယ် အလေးထားသည့်တိုင်အာင်၊ ထိုသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံမှုမရှိဘဲ တမင်တကာ ဆန့်ကျင်နေသူများဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မနာခံ၊ ဘုရားသခင်ကို မဆက်ကပ် မအပ်နှံသူများသည် ပုန်ကန်သူများ၊ ဘုရားသခင်ကို ဆန့်ကျင်သူများ ဖြစ်ကြသည်။ မိမိတို့၏ တာဝန်ကို မလုပ်ဆောင်သူများသည် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်မှု မရှိသူများဖြစ်ပြီး၊ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်မှု မရှိသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လက်မခံသူများဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၀၉

ဘုရားသခင်၏ စစ်ဆေးခြင်း ကြီးမားလေလေ၊ လူတို့၏ နှလုံးသားများသည် ဘုရားသခင်ကို ချစ်နိုင်လေလေ ဖြစ်၏။ ၎င်းတို့ စိတ်နှလုံးထဲရှိ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၅၆

ယနေ့တွင် ဘာသာရေး အယူအဆများမရှိဘဲ မိမိတို့၏ ကိုယ်ဟောင်းကို စွန့်လွှတ်ရန် အသင့်ရှိသူများ၊ ရိုးသားပွင့်လင်းစွာဖြင့် ဘုရားသခင်ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၆၂

စကြဝဠာတစ်လျှောက်လုံးမှ လူများသည် ငါ၏နေ့ရက်ရောက်လာခြင်းအပေါ် ပွဲလမ်းသဘင် ကျင်းပကြပြီး၊ ကောင်းကင်တမန်များသည် လူထုအလယ်တွင် လျှောက်သွားကြသည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၄၇

အနှစ်ခြောက်ထောင်ကျော်ကြာ ဆောင်ရွက်ခဲ့သည့် အမှုအလုံးစုံသည် မတူညီသော ခေတ်များ ကုန်လွန်သည်နှင့်အမျှ တဖြည်းဖြည်း ပြောင်းလဲလာပြီးဖြစ်သည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။