ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၄၁

13.10.2020

အစေခံခြင်းနှင့်ဆိုင်သော သင်၏အနာဂတ်လမ်းကြောင်းတွင်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို မည်သို့ ပြည့်စုံစေနိုင်သနည်း။ အရေးကြီးသော အချက်တစ်ချက်မှာ အသက်တာထဲ ဝင်ရောက်မှု ရရှိရန် အားထုတ်ဖို့၊ စိတ်သဘောထား ပြောင်းလဲခြင်းတစ်ခုကို ရရှိရန် အားထုတ်ဖို့နှင့် သမ္မာတရားထဲသို့ သာ၍နက်ရှိုင်းစွာ ဝင်ရောက်ခြင်းကို ရရှိရန် အားထုတ်ဖို့ဖြစ်သည်- ဤသည်မှာ ဘုရားသခင်အားဖြင့် စုံလင်ခံရခြင်းနှင့် ဘုရားသခင်၏ရယူခြင်းကို ခံရခြင်းဆီသို့သွားရာ လမ်းကြောင်း ဖြစ်သည်။ သင်တို့အားလုံးသည် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို လက်ခံရရှိသူများ ဖြစ်ကြသော်လည်း၊ မည်သည့် စေခိုင်းချက်တာဝန်မျိုးနည်း။ ဤအရာသည် အမှု၏ နောက်တဆင့်နှင့် ဆက်နွှယ်နေ၏။ အမှု၏ နောက်တစ်ဆင့်သည် စကြဝဠာတစ်ခွင်လုံးအနှံ့ ဆောင်ရွက်သည့် သာ၍ကြီးမားသော အမှုဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်သည် သင်တို့အား သူ၏ အနာဂတ်အမှုအတွက် နမူနာများ ဖြစ်စေလျက်၊ အနာဂတ်တွင် ဘုရားသခင်သည် သူ၏ အမှုမှတစ်ဆင့် သူ၏ ဘုန်းအသရေကို ရရှိခြင်း၏ သက်သေ အမှန်တကယ် သင် ဖြစ်လာဖို့အလို့ငှာ သင်၏ အသက်တာ စိတ်သဘောထား၌ ပြောင်းလဲမှုများကို ယနေ့ သင် ရရှိအောင် အားထုတ်သင့်ပေသည်။ သင့်အနေဖြင့် ဘုရားသခင်၏ အသုံးပြု‌ခြင်း ခံရနိုင်ကာ သူ့အတွက် သက်သေခံနိုင်ဖို့အလို့ငှာ၊ ယနေ့ ရရှိအောင် အားထုတ်ခြင်းသည် အနာဂတ်အမှုအတွက် အခြေခံအုတ်မြစ် ချခင်းခြင်းအတွက် လုံးလုံးလျားလျား ဖြစ်သည်။ ဤအရာကို သင်၏ ရရှိအောင်အားထုတ်မှု၏ ရည်မှန်းချက်ဖြစ်စေပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်ကို သင် ရရှိနိုင်လိမ့်မည် ဖြစ်သည်။ သင်၏ ရရှိအောင်အားထုတ်မှု ရည်မှန်းချက်ကို မြင့်မားစွာ သင်ချမှတ်လေလေ၊ သင်သည် စုံလင်ခြင်းခံရနိုင်လေလေ ဖြစ်သည်။ သမ္မာတရားနောက် သင် လိုက်လေလေ၊ သန့်ရှင်းသောဝိညာဉ်တော်သည် အလုပ်လုပ်လေလေ ဖြစ်သည်။ သင်၏ ရရှိအောင် အားထုတ်မှုတွင် သင် အားအင် စိုက်ထုတ်လေလေ၊ သင်သည် ရရှိလေလေ ဖြစ်မည်။ သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့ကို ၎င်းတို့၏အတွင်းပိုင်း အခြေအနေအရ စုံလင်စေသည်။ လူအချို့က ၎င်းတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရဖို့ သို့မဟုတ် သူ၏ စုံလင်စေခြင်းခံရဖို့ လိုလားခြင်းမရှိ၊ ၎င်းတို့အနေဖြင့် ၎င်းတို့၏ဇာတိပကတိကိုသာ ဘေးကင်းစေချင်ပြီး မည်သည့် ကံမကောင်း အကြောင်းမလှသည့် ဖြစ်ရပ်ကိုမျှ မခံစားစေချင်ဟု ဆိုကြသည်။ လူအချို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် လိုလားခြင်း မရှိကြသော်လည်း၊ အနက်ဆုံးသော တွင်းထဲသို့ ကျဆင်းရန် လိုလားနေကြ၏။ ထိုသို့ဆိုပါက၊ ဘုရားသခင်သည် သင်၏ဆန္ဒကိုလည်း ခွင့်ပြုမည် ဖြစ်သည်။ သင် မည်သည့်အရာကို ရရှိအောင် အားထုတ်ပါစေ၊ ဘုရားသခင်သည် ဖြစ်စေလိမ့်မည်။ ထို့ကြောင့်၊ လက်ရှိအချိန်တွင် သင်သည် မည်သည့်အရာကို ရရှိအောင် အားထုတ်နေသနည်း။ စုံလင်ခြင်းခံရခြင်းလော။ သင်၏ ယခုလက်ရှိ လုပ်ဆောင်ချက်များနှင့် အပြုအမူများသည် ဘုရားသခင်၏ စုံလင်ခြင်းခံရခြင်းနှင့် ဘုရားသခင်၏ရယူခြင်းကို ခံရခြင်း အတွက်လော။ သင့်အနေဖြင့် သင်၏ နေ့စဉ်အသက်တာတွင် မိမိကိုယ်မိမိ ထိုသို့ စဉ်ဆက်မပြတ် စဉ်းစားဆင်ခြင်ရမည် ဖြစ်သည်။ သင်သည် တစ်ခုတည်းသော ရည်မှန်းချက်ကို ရရှိအောင် သင်၏စိတ်နှလုံး ရှိသမျှဖြင့် အားထုတ်ပါက၊ ဘုရားသခင်သည် သင့်ကို ဧကန်မုချ စုံလင်စေမည် ဖြစ်သည်။ ယင်းမှာ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းကြောင်းဖြစ်သည်။ လူတို့ကို သန့်ရှင်းသောဝိညာဉ်တော် ဦးဆောင်သည့် လမ်းကြောင်းသည် ၎င်းတို့၏ ရရှိအောင် အားထုတ်ခြင်းအားဖြင့် ရရှိပေသည်။ ဘုရားသခင်၏ စုံလင်စေခြင်းနှင့် ရယူခြင်းတို့ကို သင် ဆာငတ်လေလေ၊ သင့်အတွင်းတွင် သန့်ရှင်းသောဝိညာဉ်တော် အမှုပြုလေလေ ဖြစ်သည်။ သင်သည် ရှာဖွေရန်ပျက်ကွက်လေလေ ဖြစ်ပြီး၊ အပျက်သဘောဆောင်က နောက်ဆုတ်လေလေ၊ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ရန် အခွင့်အလမ်းများကို သင် ပိတ်ပင်လေလေ ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို စွန့်ပစ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ စုံလင်ခြင်းခံရရန် ဆန္ဒရှိသလော။ ဘုရားသခင်၏ရယူခြင်းခံရန် သင် ဆန္ဒရှိသလော။ သင်သည် ဘုရားသခင်၏အသုံးပြုခြင်းခံရန် ဆန္ဒရှိသလော။ သင်တို့သည် စကြဝဠာထဲရှိ အရာခပ်သိမ်းတို့က ဘုရားသခင်၏လုပ်ဆောင်ချက်များ သင်တို့အထဲ၌ ထင်ရှားသည်ကို မြင်နိုင်ကြဖို့အလို့ငှာ၊ သင်တို့သည် ဘုရားသခင်အားဖြင့် စုံလင်ခြင်းခံရရန်၊ ဘုရားသခင်၏ ရယူခြင်းခံရရန်နှင့် ဘုရားသခင်၏အသုံးပြုခြင်းကိုခံရန်အတွက် အရာရာကို လုပ်ဆောင်ခြင်းကို လုပ်ဆောင်သင့်ကြပေသည်။ သင်တို့သည် အရာခပ်သိမ်းထဲတွင် ဆရာတစ်ဆူ ဖြစ်ပြီး၊ ရှိသမျှ အရာအားလုံးအလယ်တွင်၊ သင်တို့သည် ဘုရားသခင်အား သက်သေခံချက်နှင့် ဘုန်းထင်ရှားခြင်းတို့ကို သင်တို့မှတစ်ဆင့် မွေ့လျော်ခံစားခွင့် ပေးကြလိမ့်မည်- ဤသည်မှာ သင်တို့သည် မျိုးဆက်များအားလုံးထဲမှ ကောင်းချီးမင်္ဂလာအခံစားရဆုံး ဖြစ်သည်ဆိုသည့် သက်သေဖြစ်ပေ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။