ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” | ကောက်နုတ်ချက် ၁၇၄

လူသား၏အလုပ်သည် သူ၏အတွေ့အကြုံနှင့် သူ၏လူ့သဘာဝတို့ကို ကိုယ်စားပြုသည်။ လူသားပေးအပ်သည့်အရာနှင့် လူသားလုပ်ဆောင်သည့်အလုပ်သည် သူ့ကိုကိုယ်စားပြုသည်။ လူသား၏ တွေ့မြင်ခြင်း၊ လူသား၏စဉ်းစားနိုင်မှု၊ လူသား၏ဆင်ခြင်တွေးခေါ်မှုနှင့် သူ၏ကြွယ်ဝသော တွေးခေါ်မှု အားလုံးသည် သူ၏အလုပ်ထဲတွင် ပါဝင်သည်။ အထူးသဖြင့် လူသား၏အတွေ့အကြုံသည် သူ၏အလုပ်ကို ကိုယ်စားပြုရန် ပိုဖြစ်နိုင်ပြီး လူသားတစ်ဦး တွေ့ကြုံခဲ့သည့်အရာသည် သူ့အလုပ်၏ အစိတ်အပိုင်းများ ဖြစ်လိမ့်မည်။ လူသား၏အလုပ်သည် သူ၏အတွေ့အကြုံကို ဖော်ပြနိုင်သည်။ လူအချို့သည် မကောင်းသော အခြေအနေတစ်ခုတွင် တွေ့ကြုံနေချိန်တွင် သူတို့၏ မိတ်သဟာရအများစုသည် မကောင်းသော အစိတ်အပိုင်းများ ပါဝင်သည်။ အကယ်၍ သူတို့၏ အတွေ့အကြုံသည် အပြုသဘောဆောင်ပြီး သူတို့သည် အထူးသဖြင့် အပြုသဘောဆောင်သောဘက်မှ လမ်းကြောင်းများရှိပါက သူတို့ မိတ်သဟာရပြုသော အရာသည် အလွန်အားပေးသည့်အရာဖြစ်ပြီး လူတို့သည် သူတို့ထံမှ အပြုသဘောဆောင်သော ထောက်ပံ့မှုကို ရရှိနိုင်ပေလိမ့်မည်။ အကယ်၍ လုပ်သားတစ်ဦးသည် ဤအချိန်တွင် မကောင်းသည့် အခြင်းအရာ ဖြစ်ပေါ်လာပါက သူ၏မိတ်သဟာရသည် အမြဲလိုလို မကောင်းသော အစိတ်အပိုင်းများကို သယ်ဆောင်ပါလိမ့်မည်။ ဤသို့သော မိတ်သဟာရသည် စိတ်ဓာတ်ကျဖွယ်ရာဖြစ်ပြီး အခြားသူတို့သည် သူ၏မိတ်သဟာရနောက် လိုက်လျှောက်ရာတွင် သတိမထားမိဘဲ စိတ်ဓာတ်ကျကြလိမ့်မည်။ နောက်လိုက်သူများ၏ အခြေအနေသည် ခေါင်းဆောင်၏ အခြေအနေပေါ်မူတည်၍ ပြောင်းလဲသည်။ လုပ်သားတစ်ဦး၏အတွင်းတွင် မည်သို့ရှိသည်ဆိုသည်မှာ သူဖော်ပြသည့်အရာပင်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် တစ်ခါတစ်ရံတွင် လူသား၏အခြေအနေနှင့် အတူပြောင်းလဲသည်။ သူသည် လူသား၏အတွေ့အကြုံနှင့်အညီ အလုပ်လုပ်ဆောင်ပြီး လူသားကို တွန်းအားပေးခြင်းမရှိပေ။ သို့ရာတွင် လူသားတို့ကို လူ့အတွေ့အကြုံ၏ ပုံမှန်လမ်းကြောင်းနှင့်အညီ တောင်းဆိုမှုကို လုပ်ဆောင်သည်။ ဆိုလိုသည်မှာ လူသား၏မိတ်သဟာရဖွဲ့ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်ကွဲပြားသည်။ လူသားတို့ မိတ်သဟာရဖွဲ့သည့်အရာသည် သူတို့၏တစ်ဦးချင်း တွေ့မြင်ခြင်းနှင့် အတွေ့အကြုံတို့ကို လွှဲပြောင်းပေးပြီး ဘုရားသခင့်အလုပ်၏ အခြေခံအုတ်မြစ်ပေါ်တွင် သူတို့တွေ့မြင်ကာ ကြုံတွေ့ခဲ့ရသည့်အရာတို့ကို ဖော်ပြသည်။ သူတို့၏တာဝန်မှာ ဘုရားသခင်အလုပ်လုပ်ခြင်း သို့မဟုတ် ပြောကြားခြင်းပြီးနောက်တွင် သူတို့ ကျင့်ဆောင်သင့်သော သို့မဟုတ် ဝင်ရောက်သင့်သည့်အရာကို ရှာဖွေကာ နောက်လိုက်များထံသို့ ဝေမျှရန်ဖြစ်သည်။ ထို့ကြောင့် လူသား၏အလုပ်သည် သူ၏ဝင်ရောက်မှုနှင့် ကျင့်ဆောင်မှုကို ကိုယ်စားပြုသည်။ ထိုသို့သောအလုပ်သည် လူသား၏ သင်ခန်းစာများနှင့် အတွေ့အကြုံ သို့မဟုတ် လူသား၏ အချို့အတွေးများနှင့် ရောနှောနေသည်မှာ ဟုတ်ပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သို့အလုပ်လုပ်နေသည်ဖြစ်စေ၊ သူသည် လူသားပေါ် သို့မဟုတ် လူ့ဇာတိခံယူသော ဘုရားသခင်အထဲတွင် အလုပ်လုပ်သည်ဖြစ်စေ၊ ယင်းသည် လုပ်သားများက သူတို့မည်သည့်အရာဖြစ်ကြောင်းကို အမြဲတမ်း ဖော်ပြနေခြင်းသာဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က လုပ်ဆောင်နေခြင်း ဖြစ်သော်လည်း အလုပ်သည် လူသား၏ ရှိရင်းစွဲဖြစ်ခြင်းအပေါ်တွင် အခြေခံထားသည်။ အကြောင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်သည် အခြေခံအုတ်မြစ်မရှိဘဲ အလုပ်လုပ်ဆောင်ခြင်းမရှိပေ။ တစ်နည်းဆိုရသော် ဘာမျှမရှိဘဲ အလုပ်ကို လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ ထိုအစား အလုပ်သည် အမြဲလိုပင် မှန်ကန်သော အခြေအနေများနှင့် စစ်မှန်သော အနေအထားများနှင့်အညီ ဖြစ်လေသည်။ ဤနည်းအားဖြင့်သာ လူသား၏ အယူအဆဟောင်းများနှင့် အတွေးဟောင်းများကို ပြောင်းလဲနိုင်ပေမည်၊ လူသား၏ စိတ်သဘောထားကို အသွင်သဏ္ဌာန် ပြောင်းလဲနိုင်ပေမည်။ လူတို့ဖော်ပြသည့်အရာသည် သူမြင်သော၊ တွေ့ကြုံရသောအရာနှင့် စိတ်ကူးနိုင်သောအရာများ ဖြစ်သည်။ ယင်းသည် အယူဝါဒများ သို့မဟုတ် အယူအဆများ ဖြစ်နေလျှင်ပင် အားလုံးသည် လူသား၏တွေးခေါ်မှုမှ လက်လှမ်းမီနိုင်ပေသည်။ လူသား၏ အလုပ်အရွယ်အစား မည်သို့ပင် ဖြစ်လင့်ကစား ထိုအလုပ်သည် လူသား၏အတွေ့အကြုံ၊ သူမြင်တွေ့သည့်အရာ သို့မဟုတ် လူသား စိတ်ကူးထားသည့် သို့မဟုတ် တွေးထင်ထားနိုင်သည်ထက် ပိုလွန်နိုင်ခြင်းမရှိပေ။ ဘုရားသခင်ဖော်ပြသည့် အရာသည် ဘုရားသခင် ကိုယ်တော်တိုင်အကြောင်းဖြစ်ပြီး ထိုအရာသည် လူတို့လက်လှမ်းမီနိုင်သည်ထက် ကျော်လွန်သည်။ ထိုအရာသည် လူသားတို့၏ စဉ်းစားနိုင်မှုထက် ကျော်လွန်သည်။ သူသည် လူသားအားလုံးကို ဦးဆောင်သည့် သူ့အလုပ်ကိုဖော်ပြပြီး ထိုအလုပ်သည် လူသားအတွေ့အကြုံနှင့်ပတ်သက်သော အချက်အလက် အတိအကျများနှင့် သင့်လျော်မှု မရှိပေ။ ထိုအစား သူ၏ကိုယ်ပိုင်စီမံခန့်ခွဲမှုနှင့် သက်ဆိုင်လေသည်။ လူသားသည် သူ၏အတွေ့အကြုံကို ဖော်ပြနေသော်လည်း ဘုရားသခင်သည် သူ၏ဖြစ်တည်မှုကို ဖော်ပြလေသည်။ ဤဖြစ်တည်မှုသည် သူ၏ပင်ကိုစိတ်သဘောထားဖြစ်ပြီး လူသား လက်လှမ်းမီနိုင်သည်ထက် ကျော်လွန်လေသည်။ လူသား၏ အတွေ့အကြုံသည် ဘုရားသခင်က သူ၏ဖြစ်တည်မှုကို ဖော်ပြသည့် အပေါ်တွင်အခြေခံပြီး ရလာသည့် သူတွေ့မြင်သည့်အရာနှင့် အသိပညာတို့ဖြစ်သည်။ ထိုတွေ့မြင်ခြင်းနှင့် အသိပညာကို လူသား၏ ဖြစ်တည်မှုဟု ခေါ်သည်။ ယင်းတို့ကို လူသား၏ ပင်ကိုစိတ်သဘောထားနှင့် သူ၏ အရည်အချင်းမှန်တို့၏ အခြေခံပေါ်တွင် ဖော်ပြခြင်းခံရသည်။ သို့ဖြစ်၍ ယင်းတို့ကို လူသား၏ ဖြစ်တည်မှုဟုလည်းခေါ်သည်။ လူသားသည် သူတွေ့ကြုံပြီး မြင်ရသောအရာကို မိတ်သဟာရဖွဲ့နိုင်သည်။ သူမတွေ့ကြုံခဲ့ရသော သို့မဟုတ် မတွေ့မြင်ရသော သို့မဟုတ် သူ၏စိတ် လက်လှမ်းမမီနိုင်သောအရာ တစ်နည်းအားဖြင့် သူ၏အတွင်းတွင် မရှိသောအရာများကို သူသည် မိတ်သဟာရမဖွဲ့နိုင်ပေ။ အကယ်၍ လူသားဖော်ပြသောအရာသည် သူ၏တွေ့ကြုံမှုမဟုတ်ပါက ယင်းသည် သူ၏ စိတ်ကူးယဉ်ခြင်း သို့မဟုတ် အယူဝါဒသာဖြစ်သည်။ တစ်နည်းဆိုသော် သူ၏စကားလုံးများထဲတွင် မည်သည့် စစ်မှန်မှုမှမရှိပေ။ အကယ်၍ သင်သည် အသိုင်းအဝိုင်း၏အရာများနှင့် တစ်ခါမျှ ဆက်စပ်ခဲ့ခြင်းမရှိပါက သင်သည် အသိုင်းအဝိုင်းအတွင်းမှ ရှုပ်ထွေးသော ပတ်သက်ဆက်နွယ်မှုများကို ရှင်းလင်းစွာမိတ်သဟာရ ဖွဲ့နိုင်မည်မဟုတ်ပေ။ အကယ်၍ မိသားစုမရှိပါက အခြားသူများက မိသားစုနှင့်ပတ်သက်သော ပြဿနာအကြောင်းပြောလျှင် သူတို့ပြောနေသည့်အရာအများစုကို သင်နားလည်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် လူတို့ မိတ်သဟာရဖွဲ့သောအရာနှင့် သူပြုသောအလုပ်တို့သည် သူ၏အတွင်းပိုင်းမှ ဖြစ်ခြင်းကို ကိုယ်စားပြုခြင်း မရှိပေ။ အကယ်၍ တစ်စုံတစ်ယောက်သည် သူ၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့အပေါ် နားလည်မှုနှင့်ပတ်သက်၍ မိဿဟာရဖွဲ့လိုသော်လည်း ထိုကိစ္စနှင့် ပတ်သက်၍ တစ်ရာရာခိုင်နှုန်းသေချာဖို့ မဆိုထားနှင့်၊ သင့်ထံတွင် ယင်းနှင့်ပတ်သက်၍ အတွေ့အကြုံပင်မရှိပါက သင်သည် သူ၏သိရှိမှုကို ငြင်းဆန်ရဲမည်မဟုတ်ပေ။ ဤသို့ဖြစ်ရခြင်းမှာ သူမိတ်သဟာရဖွဲ့သောအရာသည် သင်တစ်ခါမျှ မတွေ့ကြုံခဲ့ဖူးသော၊ မသိခဲ့ဖူးသော သင့်စိတ်ဖြင့် မတွေးထင်ခဲ့ဖူးသော တစ်စုံတစ်ရာ ဖြစ်သောကြောင့်တည်း။ သင်သည် သူ၏အသိမှ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုနှင့် ပတ်သက်သော အနာဂတ်လမ်းတစ်ခုကိုသာ ယူနိုင်မည်ဖြစ်သည်။ သို့သော် ဤလမ်းသည် အယူဝါဒအပေါ်အခြေခံသော နားလည်မှုအဖြစ်သာ အသုံးခံနိုင်ပြီး သင့်ကိုယ်ပိုင်နားလည်မှုကို အစားမထိုးနိုင်ပေ။ သင်၏အတွေ့အကြုံကို ပို၍ပင်အစား မထိုးနိုင်ပေ။ သူပြောသောအရာသည် အတော်လေးမှန်သည်ဟု သင်ထင်ကောင်းထင်နိုင်သည်။ သို့သော် သင်တွေ့ကြုံချိန်တွင် အရာများစွာ၌ လက်တွေ့ကျခြင်းမရှိဟု သင်တွေ့သည်။ သင်က ကြားသော အသိပညာအချို့သည် အပြည့်အဝ လက်တွေ့ကျမှုမရှိဟု သင်ခံစားရကောင်း ခံစားရနိုင်သည်။ ထိုအချိန်တွင် ထိုအရာနှင့် ပတ်သက်၍ သင့်အယူအဆကို သိုထားသည်။ သင်သည် ထိုအသိပညာကိုလက်ခံသော်လည်း ထိုအရာကို စိတ်မပါစွာဖြင့်သာ ပြုလေသည်။ သို့ရာတွင် သင်တွေ့ကြုံချိန်၌ သင့်ကို အယူအဆများပေးသော အသိပညာသည် သင်၏လေ့ကျင့်မှုနည်းလမ်းကို ဖြစ်လာလေသည်။ သင်ကျင့်ဆောင်လေလေ သူ့စကားလုံးများ၏ စစ်မှန်သောတန်ဖိုးနှင့် အဓိပ္ပာယ်ကို သင်နားလည်လေလေဖြစ်သည်။ သင့်ထံတွင် အတွေ့အကြုံရှိပြီးသည့်နောက်တွင် သင်တွေ့ကြုံရသော အရာများနှင့်ပတ်သက်၍ သင်ရှိသင့်သော အသိပညာအကြောင်းကို သင်ပြောနိုင်သည်။ ထို့အပြင် သင်သည် အသိပညာစစ်မှန်ပြီး လက်တွေ့ကျသော သူများနှင့် အသိပညာသည် အယူဝါဒအပေါ်အခြေခံပြီး သုံးမရသည့် သူတို့ကိုလည်း ခွဲခြားနိုင်ပါလိမ့်မည်။ ထို့ကြောင့် သင်ပြောသော အသိပညာသည် သမ္မာတရားနှင့် ကိုက်ညီမှုရှိမရှိသည် သင့်ထံတွင် လက်တွေ့ အတွေ့အကြုံ ရှိမရှိအပေါ်တွင် ကြီးစွာမူတည်လေသည်။ သင့်အတွေ့အကြုံထဲတွင် သမ္မာတရားရှိပါက သင့်အသိပညာသည် လက်တွေ့ကျပြီး တန်ဖိုးရှိလိမ့်မည်။ သင့်အတွေ့အကြုံအားဖြင့် သင်သည် ချင့်ချိန်နိုင်စွမ်းနှင့် ထိုးထွင်းသိမြင်မှုကိုလည်း ရရှိနိုင်ပြီး၊ သင်၏အသိပညာ နက်နဲလာကာ သင့်ဉာဏ်ပညာ တိုးပွားလာပြီး သင့်ကိုယ်သင်ပြုမူရာတွင် ကိုယ်ပိုင်တွေးအခေါ် တိုးမြင့်လာမည်။ သမ္မာတရားကို မပိုင်ဆိုင်သောသူတို့ပြောသော အသိပညာသည် မည်မျှပင်မြင့်နေစေကာမူ အယူဝါဒပင်ဖြစ်သည်။ ဤသို့သော သူမျိုးတို့သည် ဇာတိပကတိကိစ္စများနှင့် ပတ်သက်လာလျှင် အလွန်ပင် တော်ကောင်းတော်နိုင်သော်လည်း ဝိညာဉ်ရေးရာကိစ္စများနှင့် ပတ်သက်လာလျှင် ခွဲခြားမှုမပြုနိုင်ကြပေ။ ထိုသို့ဖြစ်ရသည်မှာ ထိုသို့သော သူများသည် ဝိညာဉ်ရေးရာ ကိစ္စများတွင် အတွေ့အကြုံ လုံးဝမရှိသောကြောင့် ဖြစ်သည်။ ဤသူတို့သည် ဝိညာဉ်ရေးရာ ကိစ္စများတွင် ဉာဏ်အလင်းမရသောသူများဖြစ်ပြီး ဝိညာဉ်တော်ကို နားမလည်ကြပေ။ သင်သည် မည်သည့်အသိပညာရှုထောင့်နှင့်ပတ်သက်ကာ ပြောသည်ဖြစ်စေ သင့်ကိုယ်ပိုင် ဖြစ်တည်မှုသာ ဖြစ်နေသရွေ့ ထိုအရာသည် သင့်ကိုယ်ပိုင်အတွေ့အကြုံနှင့် သင့်အသိပညာအစစ်အမှန်ဖြစ်သည်။ အယူဝါဒကိုသာပြောသူများ တစ်နည်းအားဖြင့် သမ္မာတရား သို့မဟုတ် စစ်မှန်မှုကို မပိုင်ဆိုင်သူများက ပြောနိုင်သောအရာသည် သူတို့၏ဖြစ်ခြင်းသာဖြစ်သည်ဟု ဆိုနိုင်သည်။ အကြောင်းမှာ သူတို့၏အယူဝါဒသည် နက်ရှိုင်းသော ဆင်ခြင်သုံးသပ်ခြင်းမှသာ ရောက်လာနိုင်ပြီး သူတို့၏စိတ်မှ နက်ရှိုင်းစွာ စဉ်းစားထားသော ရလဒ်ဖြစ်သည်။ သို့ရာတွင် ယင်းသည် အယူဝါဒသာဖြစ်ပြီး၊ စိတ်ကူးယဉ်ထက်မပိုလွန်ပေ။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်” | ကောက်နုတ်ချက် ၂၆၀

ကမ္ဘာမြေကြီးပေါ်သို့ ရောက်ရှိလာသူ အားလုံးသည် အသက်ရှင်ခြင်းနှင့် သေခြင်းကို ကြုံတွေ့ရမည် ဖြစ်ပြီး၊ လူများစွာတို့သည် သေဆုံးခြင်းနှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏” | ကောက်နုတ်ချက် ၃၅၂

ငါ၏ နောက်သို့ လိုက်သောသူများမှာ အများအပြား ရှိ၏၊ သို့သော် ငါ့ကို စစ်မှန်သော နှလုံးသားဖြင့် ချစ်ကြသူများမှာ အနည်းငယ်သာ ရှိသည်ဟု...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည်” | ကောက်နုတ်ချက် ၁၅၁

ဘုရားသခင်သည် စာတန်ကို ချေမှုန်းနိုင်ဖို့ သူ၏စီမံခန့်ခွဲထားသည့် လူများကို အသုံးပြုသည်။ လူများကို ဖျက်ဆီးခြင်းအားဖြင့် စာတန်သည် လူသားတို့၏...