ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၀၄

သင်တို့ကိုယ်တိုင် အသက်ရှင်ကျန်ရစ်ရန်၊ ငါ့လုပ်ငန်းဆောင်တာများလည်း ချောမွေ့စွာ အခြေအနေတိုးတက်လာရန်၊ တိုင်းနိုင်ငံအသီးသီးရှိ လူများထံသို့ ငါ့စကား၊ ငါ့အာဏာ၊ ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းအကြောင်း ဖော်ပြရင်း စကြဝဠာတစ်လျှောက်လုံး ငါအစပြုသည့်အလုပ်များကို ပိုမိုပြည့်စုံစွာနှင့် ပိုမိုသင့်တော်အောင် ဆက်လက် လုပ်ဆောင်ရန် ယနေ့တွင် သင်တို့ကို သတိပေးလိုက်ပါသည်။ သင်တို့အကြား ငါလုပ်ဆောင်သော အလုပ်သည် စကြဝဠာတစ်လျှောက် လုပ်ဆောင်သော ငါ့အမှုများ၏ အစဖြစ်သည်။ ယခုအချိန်သည် နောက်ဆုံးသောကာလ ဖြစ်သော်လည်း “နောက်ဆုံးသော ကာလ” သည် ခေတ်ကာလတစ်ခု၏ အမည်သာ ဖြစ်သည်ကို သိရှိပါ။ ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်ကဲ့သို့ ထိုအရာသည် ခေတ်ကာလတစ်ခုကို ရည်ညွှန်းထားခြင်းဖြစ်ပြီး၊ အနည်းငယ်သော နောက်ဆုံးနှစ် သို့မဟုတ် လများကို ညွှန်းဆိုထားခြင်းထက် ခေတ်ကာလတစ်ခုလုံးကို ညွှန်းဆိုထားခြင်း ဖြစ်သည်။ သို့သော်လည်း နောက်ဆုံးသော ကာလသည် ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်တို့ကဲ့သို့ လုံးဝမဟုတ်ပါ။ နောက်ဆုံးသောကာလ၏ လုပ်ငန်းကို ဣသရေလပြည်တွင် မလုပ်ဆောင်ပဲ တစ်ပါးအမျိုးသားများ အကြားတွင် လုပ်ဆောင်သည်။ စကြဝဠာတစ်လျှောက်ရှိ ငါ့ဘုန်းတန်ခိုးသည် အာကာသတစ်ခုလုံး ပြည့်နှံ့စေဖို့အလို့ငှာ ထိုအလုပ်သည် ဣသရေလ၏ ပြင်ပရှိ တိုင်းနိုင်ငံများနှင့် လူမျိုးများမှ လူတို့ကို ငါ့ပလ္လင်ရှေ့တွင် သိမ်းပိုက်အောင်မြင်မှု ဖြစ်ပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ပိုမိုကြီးမားသော ဘုန်းတန်ခိုးကိုရရှိဖို့အလို့ငှာ၊ ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးသည် တိုင်းနိုင်ငံတိုင်းသို့ ငါ့ဘုန်းတန်ခိုးကို လက်ဆင့်ကမ်းနိုင်ဖို့ အလို့ငှာ၊ ကမ္ဘာပေါ်၌ ငါခံသည့် ဘုန်းတန်ခိုးအားလုံးကို မျိုးဆက်အားလုံး၊ သက်ရှိအားလုံး မြင်တွေ့နိုင်ဖို့ရန်ဖြစ်သည်။ နောက်ဆုံးသောကာလတွင် ငါလုပ်ဆောင်သော အလုပ်သည် သိမ်းပိုက်ခြင်းလုပ်ငန်းဖြစ်သည်။ ထိုအရာသည် ကမ္ဘာပေါ်ရှိ လူသားများ အားလုံး၏အသက်ကို လမ်းပြခြင်း မဟုတ်ဘဲ လူသားမျိုးနွယ်၏ မပျောက်ပျက်နိုင်သော နှစ်ထောင်ချီကြာ ကမ္ဘာပေါ်၌ ဒုက္ခခံစားရခြင်း၏ အဆုံးသတ်ဖြစ်ပါသည်။ အကျိုးဆက်အနေဖြင့် နောက်ဆုံးသောကာလ၏ အလုပ်သည် နှစ်ထောင်ပေါင်း အချို့မျှကြာသော ဣသရေလပြည်တွင် အလုပ်လုပ်ခြင်းနှင့်လည်းကောင်း၊ ဆယ်စုနှစ်ကြာ ယုဒပြည်တွင် လုပ်ဆောင်ပြီးမှ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း မတိုင်မီအထိ နှစ်ထောင်ပေါင်းများစွာ ကြာညောင်းမည့် အလုပ်နှင့်လည်းကောင်း မတူညီနိုင်ပါ။ နောက်ဆုံးသောကာလ၏ လူတို့သည် ရွေးနုတ်သောသူ လူ့ဇာတိ၌ ပြန်လည် ပေါ်ထွန်းလာသည်ကိုသာ တွေ့ကြုံကြရပြီး ဘုရားသခင် ကိုယ်တိုင်၏ စကားတော်နှင့် အလုပ်ကို လက်ခံရရှိ ကြသည်။ နောက်ဆုံးသောကာလ အချိန်မကုန်ဆုံးမီ နှစ်ပေါင်း နှစ်ထောင် ကြာလိမ့်မည် မဟုတ်ပါ။ အချိန်သည် တိုတောင်းမည်ဖြစ်ကာ ယုဒပြည်၌ ကျေးဇူးတော်ခေတ်အတွင်း ယေရှု လုပ်ဆောင်ခဲ့သကဲ့သို့ ဖြစ်လာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးသောကာလသည် ခေတ်ကာလတစ်ခုလုံး၏ အဆုံးသတ် ဖြစ်သောကြောင့် ဖြစ်သည်။ ထိုကာလသည် ဘုရားသခင်၏ နှစ်ပေါင်းခြောက်ထောင်ကြာ စီမံခန့်ခွဲမှု အစီအစဉ်အဆုံးသတ်နှင့် ပြီးမြောက်ခြင်းဖြစ်ကာ လူသားမျိုးနွယ် ဒုက္ခခံစားရခြင်း အသက်တာ ခရီးလမ်း၏ အဆုံးသတ်လည်း ဖြစ်ပါသည်။ ၎င်းတို့သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ခေတ်ကာလသစ်ထဲသို့ ယူဆောင်သွားခြင်းမရှိပဲ လူသားမျိုးနွယ်၏ အသက်တာကိုလည်း ဆက်လက်အသက်ရှင်ဖို့ ခွင့်ပြုမထားပါ။ ထိုအရာသည် လူသား၏ ဖြစ်တည်မှု သို့မဟုတ် ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် အဓိပ္ပာယ်မရှိပါ။ လူသားမျိုးနွယ်သည် ဤကဲ့သို့သာ ဆက်လက် အသက်ရှင်သန်နေမည်ဆိုပါက အနှေးနှင့်အမြန် ဆိုသလို သူတို့သည် စာတန်၏ လုံးလုံးလျားလျား ဝါးမြိုခြင်းကို ခံရပြီး၊ ငါပိုင်ဆိုင်သော ဝိညာဉ်များသည်ပင် အဆုံး၌ စာတန်လက်ထဲတွင် အဆုံးရှုံးခံရလိမ့်မည်။ ငါ့လုပ်ငန်းသည် နှစ်ပေါင်း ခြောက်ထောင် ကြာညောင်းပြီး၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို စာတန်၏ ထိန်းချုပ်ခြင်းသည်လည်း နှစ်ပေါင်း ခြောက်ထောင်ထက် မကြာအောင် ငါကတိပြုပါသည်။ ထို့ကြောင့် ယခုအချိန်စေ့ပြီဖြစ်သည်။ ငါသည် ဆက်လက် လုပ်ဆောင်မည် မဟုတ်သကဲ့သို့ ထပ်၍ နှောင့်နှေးစေတော့မည် မဟုတ်။ နောက်ဆုံးသောကာလ အတောအတွင်း စာတန်ကို နှိမ်နင်းပြီး၊ ငါ၏ဘုန်းတန်ခိုးအားလုံးကို ပြန်လည်သိမ်းပိုက်ကာ ဘေးရောက်နေသော ဝိညာဉ်အားလုံး ဒုက္ခဘေးမှ လွှတ်မြောက်အောင် ကမ္ဘာပေါ်ရှိ ငါနှင့် သက်ဆိုင်သော ဝိညာဉ်အားလုံးကို ပြန်လည် သိမ်းယူပြီး၊ ကမ္ဘာပေါ်ရှိ ငါ့အလုပ် တစ်ခုလုံးကို အဆုံးသတ်စေမည်ဖြစ်သည်။ ဤနေ့မှစ၍ ကမ္ဘာပေါ်တွင် ငါသည် ဘယ်တော့မှ လူ့ဇာတိခံယူမည် မဟုတ်တော့ပါ၊ အရာခပ်သိမ်းကို ထိန်းချုပ်သည့် ငါ၏ဝိညာဉ်ကို ကမ္ဘာပေါ်တွင် ဘယ်တော့မျှ လုပ်စေမည်မဟုတ်တော့ပါ။ ကမ္ဘာပေါ်တွင် တစ်ခုသာ လုပ်ဆောင်တော့မည် ဖြစ်သည်။ လူသားမျိုးနွယ်ကို အသစ်ပြုပြင်မည်၊ ထိုလူသားမျိုးနွယ်သည် သန့်ရှင်းစင်ကြယ်ပြီး၊ ထိုသူတို့သည် ကမ္ဘာပေါ်ရှိ ငါ၏ သစ္စာရှိသောမြို့ ဖြစ်လိမ့်မည်။ တစ်လောကလုံးကို ငါသည် အမြစ်ဖြတ် သုတ်သင်ပယ်ရှင်းမည် မဟုတ်ကြောင်းနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးကို အမြစ်ဖြတ် သုတ်သင်ပယ်ရှင်းမည် မဟုတ်ကြောင်း သိရှိပါ။ ကျန်ရှိသော သုံးပုံတစ်ပုံကို ငါထိန်းသိမ်းမည်။ ငါ့ကိုချစ်ပြီး ငါက လုံးလုံးလျားလျား သိမ်းပိုက်ထားသော သုံးပုံတစ်ပုံကို ကမ္ဘာပေါ်တွင် မျိုးပွား၊ တိုးပွားစေကာ ကမ္ဘာကြီး၏ ချမ်းသာကြွယ်ဝမှုနှင့် ပေါများစွာသော သိုး၊ ဆိတ်များဖြင့် အာဟာရ ဖြည့်တင်းပေးရင်း ပညတ်တော် အောက်တွင် အသက်ရှင်သော ဣသရေလလူမျိုးများ ကဲ့သို့ဖြစ်စေမည်။ ဤလူသားမျိုးနွယ်သည် ငါနှင့်အတူ ထာဝရ ကျန်ရစ်နေပြီး၊ စက်ဆုပ်ရွံရှာဖွယ်သော ယခုလူသားမျိုးနွယ် ကဲ့သို့မဟုတ်၊ ငါ၏ ရယူခြင်းကို ခံခဲ့ပြီးသော သူအားလုံး၏ အစုအဝေးဖြစ်သည့် လူသားမျိုးနွယ်ပင် ဖြစ်သည်။ ထိုကဲ့သို့သော လူသားမျိုးနွယ်သည် စာတန်ကို ငါအောင်နိုင်ပြီးနောက် ကမ္ဘာပေါ်တွင် တည်ရှိသည့် တစ်ခုတည်းသော လူသားမျိုးနွယ် ဖြစ်လိမ့်မည်ဖြစ်ပြီး၊ စာတန်၏ဝိုင်းရံထားခြင်း၊ နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်း ခံရတော့မည် မဟုတ်ပါ။ ထိုလူသားမျိုးနွယ်သည် ယနေ့တွင် ငါသိမ်းပိုက်ပြီးသောသူများ၊ ငါ၏ကတိကို ရရှိပြီးသော သူများဖြစ်ကြသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ အတောအတွင်း သိမ်းပိုက်ခြင်းခံရသော လူသားမျိုးနွယ်သည် လွတ်ငြိမ်းခွင့်ရသော သူများဖြစ်ကြပြီး၊ ငါ၏ ထာဝရ ကောင်းချီးမင်္ဂလာများကို ရရှိခံစားကြလိမ့်မည်။ ထိုအရာသည်သာ စာတန်အပေါ် ငါ့အောင်နိုင်ခြင်းကို ပြသသည့် တစ်ခုတည်းသော သက်သေအထောက်အထား ဖြစ်လိမ့်မည်ဖြစ်ပြီး၊ စာတန်နှင့် ငါ၏တိုက်ပွဲမှ တစ်ခုတည်းသော လက်ရပစ္စည်းများ ဖြစ်လာမည်။ စစ်ပွဲ၏ ဤလက်ရပစ္စည်းများသည် စာတန် အုပ်စိုးခြင်းမှ ငါကယ်တင်ပြီး၊ နှစ်ပေါင်းခြောက်ထောင်ကြာ ငါ့စီမံခန့်ခွဲမှု အစီအစဉ်၏ တစ်ခုတည်းသော အသီးအပွင့်နှင့် မြင်တွေ့နိုင်သော ရလဒ်တို့ဖြစ်သည်။ သူတို့သည် တိုင်းနိုင်ငံခပ်သိမ်း၊ ဂိုဏ်းဂဏ ခပ်သိမ်း၊ နေရာခပ်သိမ်းနှင့် စကြဝဠာတစ်လျှောက်ရှိ တိုင်းပြည်ခပ်သိမ်းမှ ရောက်ရှိလာကြခြင်းဖြစ်သည်။ သူတို့သည် အမျိုးမျိုးသော မျိုးနွယ်စု၊ အမျိုးမျိုးသော ဘာသာစကား၊ အမျိုးမျိုးသော ရိုးရာနှင့် အသားအရောင်ရှိသောသူများ ဖြစ်ကြပြီး၊ ကမ္ဘာတစ်ဝှမ်း ဂိုဏ်းဂဏခပ်သိမ်း၊ တိုင်းနိုင်ငံခပ်သိမ်း၊ ကမ္ဘာ့နေရာ အစွန်ဆုံးအထိတိုင် ပျံ့နှံ့ကြသည်။ နောက်ဆုံး၌ သူတို့သည် စာတန်၏ အင်အားစုများ လက်လှမ်းမမီနိုင်သော လူသားအစုအဝေးတစ်ခု၊ ပြီးပြည့်စုံသော လူသားမျိုးနွယ် တစ်ခုကို ဖွဲ့စည်းရန် အတူတကွ ရောက်လာကြလိမ့်မည်။ လူသားမျိုးနွယ်စုထဲမှ ငါ၏ သိမ်းပိုက်ခြင်း၊ ကယ်တင်ခြင်းကို မခံရသော လူသားများသည် ပင်လယ်နက်ထဲတွင် တိတ်တဆိတ် နှစ်မြုပ်သွားမည်ဖြစ်ကာ ငါ၏ လောင်မြိုက်နေသည့် မီးတောက်ထဲတွင် ထာဝရကာလတိုင် လောင်ကျွမ်းခြင်းကို ခံရကြလိမ့်မည်ဖြစ်သည်။ သိုးသငယ်၏ အသားကိုစား၊ သိုးသငယ်၏ အသွေးကိုသောက်ကာ သူတို့၏ တံခါးထုပ်များကို သိုးသငယ်၏ အသွေးဖြင့် အမှတ်အသားပြုလုပ်သော ဣသရေလလူမျိုးများကို ချန်ရစ်လျက် အဲဂုတ္တုပြည်၏ သားဦးနှင့် ကျွဲနွားတိရစ္ဆာန်များကို ငါသည် အမြစ်ဖြတ် သုတ်သင်ခဲ့ သကဲ့သို့ အလွန့်အလွန် ညစ်ညမ်းသော လူသားမျိုးနွယ်၊ ဤလူဟောင်းများကို ငါအမြစ်ဖြတ် သုတ်သင်ပယ်ရှင်းမည်။ ငါသိမ်းပိုက်ထားပြီးသည့် ငါ့မိသားစုဝင်များဖြစ်ကြသော လူများသည် သိုးသငယ်ဖြစ်သည့် ငါ့အသားကိုစား၊ ငါ၏ အသွေးကို သောက်သောသူများ ဖြစ်ကြပြီး၊ ငါရွေးနုတ်ပြီးသောသူများ၊ ငါ့ကိုကိုးကွယ်သောသူများ မဟုတ်ကြသလော။ ထိုလူတို့သည် ငါ့ဘုန်းတန်ခိုးနှင့်အတူ အစဉ်အမြဲရှိသောသူ မဟုတ်ကြသလော။ သိုးသငယ်ဖြစ်သည့် ငါ၏အသား မပါသော ထိုသူများသည် ပင်လယ်နက်ထဲသို့ တိတ်တဆိတ် နှစ်မြုပ်သွားပြီးသောသူများ မဟုတ်ကြသလော။ ယနေ့တွင် သူတို့သည် ငါ့ကိုပုန်ကန်ကြပြီ၊ ယနေ့ ငါ့စကားများသည် ဣသရေလသားများ၊ မြေးများထံပြောခဲ့သည့် ယေဟောဝါ စကားကဲ့သို့ ဖြစ်သည်။ သို့သော်လည်း သင်တို့၏ နှလုံးသားများအတွင်းရှိ မာကျောမှုက ငါ့အမျက်ဒေါသကို သိုလှောင်ထားပြီး သင်တို့၏ ကိုယ်ခန္ဓာအပေါ် ဘေးဒုက္ခ ပိုမိုယူဆောင်လာလျက်၊ သင်တို့၏ အပြစ်များအတွက် တရားစီရင်မှု ပိုမို ယူဆောင်လာကာ သင်တို့၏ မဖြောင့်မတ်ခြင်းကြောင့် အမျက်ဒေါသ ပိုမိုတိုးပွားစေသည်။ ယနေ့တွင် ငါ့ကို ထိုကဲ့သို့ ဆက်ဆံလျှင် အမျက်ဒေါသနေ့တွင် အဘယ်သူသည် လွတ်မြောက်နိုင်မည်နည်း။ ငါ၏ ပြစ်တင်ဆုံးမခြင်း မျက်စိအောက်မှ အဘယ်သို့သော ဖြောင့်မတ်သူသည် လွတ်မြောက်နိုင်မည်နည်း။ အနန္တတန်ခိုးရှင် ငါ့လက်တော်မှ အဘယ်သူ၏ အပြစ်များသည် လွတ်မြောက်နိုင်သနည်း။ အနန္တတန်ခိုးရှင် ငါ့တရားစီရင်ခြင်းကို အဘယ်သူ၏ အာဏာ ဖီဆန်ခြင်းက လွတ်မြောက်နိုင်သနည်း။ ငါ ယေဟောဝါသည် တစ်ပါးအမျိုးသား မိသားစုမှ ဆင်းသက်လာသော သင်တို့ကို ပြောနေသည်။ ငါသင်တို့ကို မိန့်ဆိုသည့်စကားမှာ ကျေးဇူးတော်ခေတ်၊ ပညတ်တော်ခေတ်တို့ကို ကျော်လွန်သော်လည်း သင်တို့သည် အဲဂုတ္တုလူမျိုးများထက် မာကျောကြသည်။ ငါသည် ငြိမ်သက်စွာ အလုပ်လုပ်စဉ် ငါ၏ အမျက်ဒေါသကို သင်တို့ သိုထားပြီ မဟုတ်လော။ အနန္တတန်ခိုးရှင် ငါ့နေ့ရက်မှ အနာတရမဖြစ်ဘဲ သင်တို့သည် အဘယ်သို့ လွတ်မြောက် နိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမျက်ဒေါသ ကျရောက်မည့်နေ့ကို အသွေးအသားရှိသောသူ မည်သူမျှ မလွတ်မြောက်နိုင်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၈၄

ထိုအချိန်က ယေရှု၏ အမှုမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနှုတ်ခြင်း ဖြစ်ခဲ့သည်။ သူ့ကို ယုံကြည်သူတို့၏ အပြစ်များအားလုံးသည် ခွင့်လွှတ်ခြင်း...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၅၂

အနန္တတန်ခိုးရှင်ဘုရားသခင်။ သူ၏ဘုန်းအာနုဘော်နှင့်ပြည့်စုံသော ကိုယ်ခန္ဓာသည် ပွင့်လင်းစွာပင်ပေါ်ထွန်းကာ သန့်ရှင်းသော ဝိညာဉ်ခန္ဓာသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၀၃

ဘုရားသခင်တွင် ခံစားတတ်သော စိတ်ရှိသောကြောင့် လူသားသည် ဘုရားသခင်နှင့် မဆည်းပူးနိုင်ခြင်း မဟုတ်ပေ။ လူသား၏ဆည်းပူးခြင်းကို ဘုရားသခင်က...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၀၃

ဤအဆင့်တွင် လူ့ဇာတိခံယူသော ဘုရားသခင်သည် အခက်အခဲကို ကြံ့ကြံ့ခံနေသည် ဖြစ်စေ၊ သူ၏ အမှုတော်ကို ထမ်းဆောင်နေရသည် ဖြစ်စေ၊ လူ့ဇာတိခံယူခြင်း၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။