ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- သမ္မာကျမ်းစာနှင့် ပတ်သက်သည့် နက်နဲမှုများ | ကောက်နုတ်ချက် ၂၆၉

သမ္မာကျမ်းစာသည် သမိုင်းအခြေခံသော စာအုပ်တစ်အုပ် ဖြစ်သည်၊ သင်သည် ဓမ္မဟောင်းကျမ်းကို ကျေးဇူးတော်ခေတ်ထဲတွင် စားသောက်ခဲ့မည်ဆိုလျှင်၊ ဓမ္မဟောင်းကျမ်း ခေတ်က သတ်မှတ်ထားခဲ့သည့် အရာကို ကျေးဇူးတော်ခေတ်ထဲတွင် လက်တွေ့ကျင့်သုံးခဲ့ပါက၊ ယေရှုသည် သင်တို့ကို ငြင်းပယ်ခဲ့ပြီး ရှုတ်ချခဲ့မည်ဖြစ်သည်၊ သင်က ဓမ္မဟောင်းကျမ်းကို ယေရှု၏အမှု၌ ကျင့်သုံးခဲ့လျှင် သင်သည် ဖာရိရှဲဖြစ်ခဲ့လိမ့်မည်။ သင်သည် ယနေ့တွင် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်း နှစ်ခုစလုံးကို စားသောက်ရန်အတွက် ပေါင်းစည်းကာ လက်တွေ့လုပ်ဆောင်မည်ဆိုလျှင်၊ ယနေ့၏ ဘုရားသခင်သည် သင့်ကို ရှုတ်ချလိမ့်မည်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ယနေ့အလုပ်၌ နောက်ကျနေခဲ့မည် ဖြစ်သည်။ အကယ်၍ သင်သည် ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းကို စားသောက်လျှင်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း အပြင်၌ ရှိနေသူ ဖြစ်သည်။ ယေရှု၏ လက်ထက်၌၊ ယေရှုသည် ထိုစဉ်က သန့်ရှင်းသော ဝိညာဉ်တော်က သူ့ထဲတွင် အလုပ်လုပ်ခဲ့သည်နှင့်အညီ ယုဒလူများနှင့် သူ၏ နောက်သို့လိုက်သူများ အားလုံးကို လမ်းပြခဲ့သည်။ ယေရှုသည် မိမိပြုခဲ့သည့် အမှုများအတွက် သမ္မာကျမ်းစာကို အခြေခံအဖြစ် မခံယူခဲ့ဘဲ၊ မိမိ၏အမှုနှင့်အညီ ပြောဆိုခဲ့သည်။ သမ္မာကျမ်းစာထဲ မိန့်ဆိုထားသည်များကို သူဂရုမစိုက်ခဲ့သလို၊ သူ၏ နောက်လိုက်များကို ဦးဆောင်ရမည့် လမ်းကြောင်းကိုလည်း သမ္မာကျမ်းစာထဲမှာ မရှာခဲ့ပေ။ သူသည် စတင် အမှုပြုသည့်အခါမှစ၍ ဓမ္မဟောင်းကျမ်း၏ ပရောဖက်ပြုခြင်းများ၌ လုံးဝ မဖော်ပြထားခဲ့သည့် စကားတစ်လုံးဖြစ်သည့်- နောင်တရခြင်း လမ်းခရီးကို သူ ဖြန့်ဝေခဲ့လေသည်။ ယေရှုသည် သမ္မာကျမ်းစာနှင့်အညီ မပြုမူခဲ့သည့်အပြင်၊ သူသည် လမ်းကြောင်းအသစ်ကိုလည်း ဦးဆောင်လမ်းပြခဲ့ပြီး အမှုသစ်ကို ဆောင်ရွက်ခဲ့သည်။ ယေရှုက တရားဟောရာတွင် သမ္မာကျမ်းစာကို မည်သည့်အခါမျှ မကိုးကားခဲ့ပေ။ ပညတ်တော်ခေတ်အတွင်း၌၊ နာမကျန်းသော သူများကို ကုသပေးရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့နှင့် သက်ဆိုင်သော သူ၏ အံ့ဖွယ်အရာများကို မည်သူမျှ တစ်ခါမျှ လုပ်ပြနိုင်စွမ်း မရှိခဲ့ကြပေ။ ယေရှု၏ အမှု၊ သူ၏ သွန်သင်ချက်များနှင့် ပညတ်တော်ခေတ်တုန်းက မည်သည့် လူသားကိုမဆို ကျော်လွန်သည့် သူ့နှုတ်ကပတ်တော်များ၏ ဩဇာအာဏာနှင့် တန်ခိုးတော်တို့မှာလည်း ထို့အတူပင်ဖြစ်ခဲ့ကြသည်။ ယေရှုက သူ၏ သာ၍သစ်သော အမှုကိုသာ လုပ်ခဲ့သည်၊ ထို့အပြင် လူအများအပြားတို့က သမ္မာကျမ်းစာကို အသုံးချပြီး သူ့ကို ပြစ်တင်ရှုတ်ချခဲ့ကြသည့်တိုင်အောင်၊ သူ့အား လက်ဝါးကပ်တိုင်ပေါ်ကို တင်၍ အဆုံးစီရင်ရန် ဓမ္မဟောင်းကျမ်းကိုပင် အသုံးပြုခဲ့ကြသည့်တိုင်အောင်၊ သူ၏ အမှုသည် ဓမ္မဟောင်းကျမ်းကို ကျော်လွန်သွားခဲ့သည်၊ ထိုသို့သာမဟုတ်ခဲ့လျှင်၊ လူများက သူ့ကို လက်ဝါးကပ်တိုင်ပေါ်၌ သံမှိုစွဲခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။ ထိုသို့ ဖြစ်ခဲ့ရသည်မှာ ဓမ္မဟောင်းကျမ်းထဲတွင် ယေရှု၏ သွန်သင်မှုများအပြင်၊ သူ၏ နာမကျန်းသော သူများကို ကုသပေးနိုင်စွမ်းနှင့် နတ်ဆိုးများကို နှင်ထုတ်ပေးနိုင်စွမ်းတို့အကြောင်း တစ်လုံးတစ်ပါဒမျှ မိန့်ကြားမထားခြင်းကြောင့် မဟုတ်သလော။ ယေရှု၏ အမှုသည် လမ်းကြောင်းအသစ်ဖြင့် ဦးဆောင်လမ်းပြရန်ဖြစ်သည်၊ သမ္မာကျမ်းစာနှင့် တိုက်ပွဲ တမင်ဆင်နွှဲရန် သို့မဟုတ် ဓမ္မဟောင်းကျမ်းကို တမင်မသုံးဘဲ ဖယ်ထားရန် မဟုတ်ပေ။ ယေရှုသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့နှင့်၊ ၎င်းကို တမ်းတ၍ ရှာဖွေခဲ့ကြသူတို့ထံသို့ အမှုသစ်ကို ယူဆောင်လာဖို့သက်သက် လာခဲ့ခြင်း ဖြစ်သည်။ ယေရှုသည် ဓမ္မဟောင်းကျမ်းကို ရှင်းပြရန် သို့မဟုတ် ယင်း၏ အမှုကို အတည်ပြုရန် လာခဲ့ခြင်း မဟုတ်ပေ။ ယေရှု၏ အမှုမှာ ပညတ်တော်ခေတ်ကို ဆက်လက်ပြီး ဖွံ့ဖြိုးစေရန် မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် သူ၏အမှုသည် သမ္မာကျမ်းစာကို အခြေခံထားခဲ့ခြင်း ရှိ မရှိ ထည့်သွင်း မစဉ်းစားထားသောကြောင့် ဖြစ်သည်။ ယေရှုသည် ၎င်းအနေနှင့် ပြုအပ်သည့်အမှုကို ဆောင်ရွက်ဖို့သက်သက် လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်၊ ယေရှုသည် ဓမ္မဟောင်းကျမ်းထဲက ပရောဖက်ပြုချက်များကို ရှင်းမပြခဲ့သလို၊ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်၏ နှုတ်ကပတ်တော်များနှင့် အညီလည်း မဆောင်ရွက်ခဲ့ပေ။ သူသည် ဓမ္မဟောင်းကျမ်းက ဆိုထားသည်များကို လျစ်လျူရှုခဲ့သည်၊ ထိုကျမ်းသည် သူ၏အမှုနှင့် ကိုက်ညီခြင်း ရှိ၊ မရှိကို ဂရုမစိုက်ခဲ့ပေ၊ ထို့အပြင် အခြားသူတို့က သူ၏အမှုအကြောင်း မည်သည့်အရာများ သိရှိကြသည်၊ သို့မဟုတ် သူတို့က ၎င်းအား မည်သို့ ရှုတ်ချခဲ့ကြသည်ကိုလည်း ဂရုမစိုက်ခဲ့ပေ။ လူအများအပြားတို့က ဓမ္မဟောင်းကျမ်းထဲက ပရောဖက်တို့၏ ကြိုတင်ဟောကိန်းများကို အသုံးပြုပြီး ယေရှုကို ရှုတ်ချခဲ့ကြသော်လည်း၊ သူသည် လုပ်ဆောင်အပ်သည်များကိုသာ ဆက်ပြီးလုပ်ဆောင်ခဲ့သည်။ လူတို့အတွက်၊ ယေရှု၏ အမှုမှာ အခြေခံအကြောင်းရင်း မရှိသကဲ့သို့ ထင်စရာဖြစ်ခဲ့ပြီး၊ ဓမ္မဟောင်းကျမ်းထဲက မှတ်တမ်းများနှင့် မကိုက်ညီသည့် အချက်များ အများအပြား ရှိခဲ့ပုံ ထင်ရသည်။ ဤအချက်မှာ လူသား၏ အမှားဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ အမှုတွင် အယူဝါဒများကို အသုံးချဖို့ရန် လိုအပ်သလော။ ထို့အပြင် ဘုရားသခင်သည် ပရောဖက်များ၏ ကြိုတင်ဟောကိန်းများနှင့် အညီ လုပ်ကိုင်ရမည်လော။ အမှန်စင်စစ် ပိုကြီးမြတ်သည်က မည်သည့်အရာနည်း- ဘုရားသခင်လော၊ သမ္မာကျမ်းစာလော။ ဘုရားသခင်သည် မည်သည့်အတွက်ကြောင့် သမ္မာကျမ်းစာနှင့်အညီ အမှုပြုရမည်နည်း။ ဘုရားသခင်သည် သမ္မာကျမ်းစာကို ကျော်လွန်ခွင့် မရှိခြင်းကြောင့်များ ဖြစ်နိုင်သလော။ ဘုရားသခင်သည် သမ္မာကျမ်းစာမှ သွေဖည်လျက် အခြားအမှုကို မပြုနိုင်ပေဘူးလော။ ယေရှုနှင့် သူ၏ တပည့်များက ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ကြသည်မှာ အဘယ့်ကြောင့်နည်း။ ယေရှုသည် ဥပုသ်နေ့ကို စောင့်ထိန်းလျက် ဓမ္မဟောင်းကျမ်းလာ ပညတ်များကို လက်တွေ့လုပ်ဆောင်ခဲ့မည် ဆိုပါက၊ သူလာပြီးနောက် ယေရှုသည် ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ဘဲနှင့် ယင်းအစား ခြေကိုဆေးကြောခြင်း၊ ခေါင်းကိုဖုံးအုပ်ခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်းနှင့် စပျစ်ရည်ကို သောက်သုံးခြင်း ပြုလုပ်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ထိုအချက်များ အားလုံးသည် ဓမ္မဟောင်းကျမ်းလာ ပညတ်များ၌ ကင်းမဲ့နေသည် မဟုတ်လော။ ယေရှုက ဓမ္မဟောင်းကျမ်းကို လေးစားခဲ့သည်ဆိုလျှင်၊ သူသည် ထိုအယူဝါဒများကို ချိုးဖောက်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ဦးစွာလာသည်မှာ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော ဆိုသည်ကို သင် သိသင့်သည်။ ဥပုသ်နေ့၏ သခင်ဖြစ်လျက်၊ သူသည် သမ္မာကျမ်းစာ၏ သခင်ပါ မဖြစ်နိုင်လော။

ဓမ္မသစ်ကျမ်းကာလထဲက ယေရှုပြုသည့် အမှုသည် အမှုသစ်ကို စတင်ပေးခဲ့သည်- ယေရှုသည် ဓမ္မဟောင်းကျမ်းလာ အမှုတော်အတိုင်း မလုပ်ကိုင်ခဲ့သည့် အပြင်၊ ဓမ္မဟောင်းကျမ်းလာ ယေဟောဝါ ပြောသည့် နှုတ်ကပတ်တော်များကိုလည်း မကျင့်သုံးခဲ့ပေ။ ယေရှုသည် မိမိ၏ကိုယ်ပိုင်အမှုကို ပြုခဲ့ပြီး၊ ပိုသစ်သည့်အမှုကို ပြုခဲ့ကာ၊ ပညတ်ချက်ထက် ပိုမြင့်မားသည့်အမှုကို ပြုခဲ့သည်။ သို့ဖြစ်၍၊ သူသည်- “ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှါ ငါလာသတည်း။” ဆိုခဲ့၏။ ထို့ကြောင့်၊ ယေရှု အထမြောက်အောင် ဆောင်ရွက်ပြီးခဲ့သည့် အရာနှင့်အညီ၊ များစွာသော အယူဝါဒများ ချိုးဖောက်ခံခဲ့ကြရသည်။ ဥပုသ်နေ့တွင် ယေရှုသည် တပည့်များကို ဂျုံစပါးလယ်ကွက်များကြား ခေါ်သွားခဲ့ပြီး စပါးအသီးအနှံများကို သူတို့ ကောက်စားခဲ့သည်။ ယေရှုသည် ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ဘဲ- “လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။” ထိုအချိန်က၊ ဣသရေလလူမျိုးများ၏ စည်းကမ်းများအရ၊ ဥပုသ်နေ့ကို မစောင့်ထိန်းသူကို ကျောက်တုံးများဖြင့် သတ်ခဲ့၏။ သို့သော် ယေရှုသည် ဗိမာန်တော်ထဲကိုလည်း မဝင်ခဲ့၊ ဥပုသ်နေ့ကိုလည်း မစောင့်ထိန်းခဲ့ပေ၊ ထို့အပြင် သူ၏အမှုကို ဓမ္မဟောင်းကျမ်းခေတ်အတွင်းတွင် ယေဟောဝါမှ ပြုခဲ့သည် မဟုတ်ပေ။ သို့ဖြစ်သောကြောင့်၊ ယေရှုပြုခဲ့သည့် အမှုမှာ ဓမ္မဟောင်းကျမ်း၏ ပညတ်ချက်ကို ကျော်လွန်ခဲ့သည်၊ ဓမ္မဟောင်းကျမ်း၏ ပညတ်ချက်ထက် ပိုမြင့်မားခဲ့ပြီး ယင်းနှင့် ကိုက်ညီမှု မရှိခဲ့ပေ။ ကျေးဇူးတော်ခေတ်အတွင်း၌၊ ယေရှုသည် ဓမ္မဟောင်းကျမ်း၏ ပညတ်ချက်နှင့်အညီ အမှုပြုခဲ့ခြင်း မဟုတ်ဘဲ၊ ထိုသြဝါဒများကို ချိုးဖောက်ခဲ့နှင့်ပြီးဖြစ်သည်။ သို့သော် ဣသရေလ အမျိုးသားတို့သည် သမ္မာကျမ်းစာကို အလွန်အကြူး ဖက်တွယ်ထားပြီး၊ ယေရှုကို ပြစ်တင်ရှုတ်ချခဲ့သည်၊ ဤသည်မှာ ယေရှု၏အမှုတော်ကို ငြင်းပယ်နေခြင်း မဟုတ်သလော။ ယနေ့ ဘာသာရေးလောကသည်လည်း သမ္မာကျမ်းစာကို အလွန်အကြူး ဖက်တွယ်ထားပြီး၊ အချို့သောသူတို့က “သမ္မာကျမ်းစာသည် သန့်ရှင်းသောစာအုပ်တစ်အုပ်ဖြစ်ပြီး ယင်းကို ဖတ်ရှုရမည်” ဟု ပြောဆိုကြသည်။ အချို့သောသူတို့က “ဘုရားသခင်၏ အမှုကို ထာဝရ ထိန်းသိမ်းထားရမည်၊ ဓမ္မဟောင်းကျမ်းသည် ဣသရေလလူမျိုးများနှင့် ထားရှိခဲ့သည့် ဘုရားသခင်၏ ပဋိညာဉ်ဖြစ်ပြီး၊ ၎င်းကို ဘေးဖယ်ထား၍ မရနိုင်၊ ဥပုသ်နေ့ရက်ကို အစဉ် စောင့်ထိန်းရမည်” ဟု ဆိုကြသည်။ သူတို့သည် ရယ်စရာ မကောင်းကြပေဘူးလော။ ယေရှုသည် အဘယ်ကြောင့် ဥပုသ်နေ့ရက်ကို မစောင့်ထိန်းခဲ့သနည်း။ သူသည် မကောင်းမှုကို ကျူးလွန်နေခဲ့သလော။ မည်သူက ယင်းကဲ့သို့သော အမှုအရာများကို စေ့စပ်သေချာစွာ နားလည်နိုင်သနည်း။ လူတို့သည် သမ္မာကျမ်းစာကို မည်သို့ပင် ဖတ်ရှုသည်ဖြစ်စေ၊ ၎င်းတို့၏ သဘောပေါက် နားလည်နိုင်စွမ်းများကို အသုံးပြုလျက် ဘုရားသခင်၏ အမှုကို သိနားလည်ရန် မဖြစ်နိုင်ပေ။ ထိုသူတို့သည် ဘုရားသခင်အကြောင်း စစ်မှန်သည့် အသိပညာကို မရရုံသာမက၊ ၎င်းတို့၏ အယူအဆများသည် သာ၍ပင် ထူးခြားစွာ ဆိုးရွားလာသည်မှာ ဘုရားသခင်ကို ၎င်းတို့သည် စတင်ဆန့်ကျင်သည်အထိ ဖြစ်လာလိမ့်မည်။ ယနေ့ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း မရှိခဲ့လျှင်၊ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများကြောင့် ဖျက်ဆီးခြင်းခံကြရလျက် ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုများအကြား သေဆုံးကြလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၃၉

ဘုရားသခင်၌ အခြားလုပ်စရာ အလုပ်များစွာ ထပ်ရှိနေသောကြောင့် လူ့ဇာတိခံယူထားသော ဘုရားသခင်သည် အစဉ်အမြဲ လူနှင့်အတူ မနေနိုင်ပါ။ သူသည် ဇာတိခန္ဓာ၌...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၉၇

ဘုရားသခင်လူ့ဇာတိခံယူခြင်းသည် ဘာသာတရား အားလုံးနှင့် ကဏ္ဍအားလုံးတစ်လျှောက် ပြင်းထန်သည့် ဂယက်လှိုင်းများ ရိုက်ခတ်စေခဲ့၏၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၁၅

သမ္မာကျမ်းစာထဲမှ သောဒုံမြို့ကို ဘုရားသခင် ဖျက်ဆီးခဲ့သည့် မြင်ကွင်းကို ပြန်လည်သတိရလျက် လောတ၏မိန်းမ မည်ကဲ့သို့ ဆားတိုင်ဖြစ်သွားခဲ့သည်ကိုလည်း...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၉၅

အချို့လူများက ကောက်ချက်ချပြီး တွေးတောကြည့်ချင်ကြသည်။ သို့ရာတွင် လူ၏တွေးတောကြံဆမှုက မည်မျှအထိ ရောက်နိုင်မည်နည်း။ ဤကမ္ဘာမှ ကျော်ပြီး...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။