ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၅၄

10.07.2020

အသက်၏ လမ်းခရီးသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခုမဟုတ်။ လူတိုင်း အလွယ်တကူ ရယူနိုင်သော အရာလည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အသက်သည် ဘုရားသခင်ထံမှသာ လာနိုင်သည့်အတွက်ကြောင့် ဖြစ်၏။ ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တိုင်သည်သာ အသက်၏ အနှစ်သာရကို ပိုင်ဆိုင်၏။ ဘုရားသခင် ကိုယ်တိုင်မရှိဘဲ အသက်၏ လမ်းခရီးမရှိပါ။ ထို့ကြောင့် ဘုရားသခင်သာလျှင် အသက်၏ အရင်းအမြစ်ဖြစ်၍ ထာဝရစီးဆင်းနေသော အသက်စမ်းရေ ဖြစ်၏။ ကမ္ဘာမြေကြီးကို သူဖန်ဆင်းချိန်မှစ၍ ဘုရားသခင်သည် အသက်၏ တက်ကြွမှုနှင့်ပတ်သက်သည့် အမှုများစွာကို ဆောင်ရွက်ခဲ့၏။ လူသားအတွက် အသက်ယူဆောင်လာသည့် အမှုများစွာကို ဆောင်ရွက်ခဲ့၏။ ထို့အပြင် လူသားက အသက်ရရှိစေရန် ကြီးမားသော အဖိုးအခလည်း ပေးခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ကိုယ်တိုင်သည် ထာဝရအသက်ဖြစ်၍ ဘုရားသခင် ကိုယ်တိုင်သည် လူသားကို ရှင်ပြန်ထမြောက်စေသည့် လမ်းခရီးလည်း ဖြစ်သောကြောင့် ဖြစ်၏။ ဘုရားသခင်သည် လူသား၏နှလုံးသားမှ မည်သည့်အခါမျှ ကင်းမဲ့ခြင်းမရှိဘဲ လူသားအကြားတွင် အစဉ်နေထိုင်၏။ သူသည် လူသားအသက်ရှင်မှု၏ တွန်းအား၊ လူသားဖြစ်တည်နေမှု၏ အခြေခံနှင့် လူသား မွေးဖွားပြီးနောက် တည်ရှိနေရေးအတွက် ကြွယ်ဝသောသိုက် ဖြစ်၏။ သူသည် လူသားကို ပြန်လည်မွေးဖွားစေ၍ လူသားကို ၎င်း၏ အခန်းကဏ္ဍတိုင်းတွင် ဇွဲလုံ့လဖြင့် အသက်ရှင်နိုင်စေ၏။ သူ့တန်ခိုး၏ ကျေးဇူးကြောင့်နှင့် သူ၏ငြိမ်းသတ်၍မရသော အသက်အင်အားကြောင့် လူသားသည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် နေထိုင်ခဲ့ကာ ထိုသို့ နေထိုင်စဉ် ကာလတစ်လျှောက် ဘုရားသခင်၏ အသက်တန်ခိုးသည် လူသားတည်ရှိရေးအတွက် အဓိကပံ့ပိုးမှုဖြစ်၍ လူသားတည်ရှိရေးအတွက် မည်သည့် သာမန် လူသားကမျှ ပေးဆပ်ခဲ့ဖူးခြင်းမရှိသော အဖိုးအခကို ဘုရားသခင်က ပေးဆပ်ခဲ့၏။ ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ၎င်းအပြင် မည်သည့် တန်ခိုးထက်မဆို သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏။ သူ၏တန်ခိုးသည် ထူးကဲ၍ ဖန်ဆင်းထားသည့် မည်သည့် သတ္တဝါ သို့မဟုတ် မည်သည့် ရန်သူအင်အားကမျှ သူ၏အသက်အင်အားကို အလွယ်တကူ လွှမ်းမိုးနိုင်ခြင်း မရှိပါ။ အချိန် သို့မဟုတ် နေရာနှင့် သက်ဆိုင်ခြင်းမရှိဘဲ ဘုရားသခင်၏ အသက်အင်အားသည် တည်ရှိ၍ ၎င်း၏ တောက်ပသောရောင်ခြည်ကို ထွန်းလင်း၏။ ဘုရားသခင်၏ အသက်သည် ကောင်းကင်နှင့် မြေကြီး ကသောင်းကနင်း ဖြစ်နေချိန်များတစ်လျှောက် အစဉ်မပြောင်းလဲဘဲ တည်ရှိ၏။ အရာခပ်သိမ်း မတည်သော်လည်း ဘုရားသခင်၏ အသက်သည် ဆက်လက်တည်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် အရာခပ်သိမ်း တည်ရှိနေရေး၏ အရင်းအမြစ်ဖြစ်၍ ၎င်းတို့ တည်ရှိနေရေး၏ ရေသောက်မြစ် ဖြစ်သောကြောင့် ဖြစ်၏။ လူသား၏ အသက်သည် ဘုရားသခင်ထံမှ အစပြု၏။ ဘုရားသခင်ကြောင့် ကောင်းကင်တည်ရှိ၍ ကမ္ဘာမြေကြီး တည်ရှိနေခြင်းသည် ဘုရားသခင်၏ အသက်တန်ခိုးကြောင့် ဖြစ်၏။ အသက်၏ တက်ကြွမှုရှိသော မည်သည့်အရာမျှ ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ကျော်လွန်နိုင်ခြင်း မရှိပါ။ ထို့အပြင် ကြံ့ခိုင်သော မည်သည့်အရာမျှ ဘုရားသခင်၏ သြဇာအာဏာ ပိုင်နက်မှ ခွဲထွက်သွားနိုင်ခြင်း မရှိပါ။ ဤနည်းဖြင့် မည်သူပင်ဖြစ်စေ လူတိုင်း ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နာခံရမည်။ လူတိုင်း ဘုရားသခင်၏ ပညတ်တော်အရ အသက်ရှင် နေထိုင်ရမည်ဖြစ်၍ မည်သူမျှ သူ၏ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်ခြင်း မရှိပါ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

ဘုရားသခင်၌သာ အသက်လမ်းရှိ

အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူး လူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူး အသက်မှာ ဘုရားဆီကသာ လာသည်မို့ ဘုရားသခင်၌သာ အသက်၏အခြေအမြစ် ရှိ ဘုရားသခင်၌သာ အသက်လမ်းရှိ ဘုရားသခင်သာ အသက်၏မူလအစ အစဉ်စီးဆင်းနေသော အသက်စမ်းရေ ဇာစ်မြစ် ကမ္ဘာကြီးကို ဖန်ဆင်းခဲ့ချိန်မှ လူသားတို့ကို အသက်ပေးသော ဘဝအားအင် အပါအဝင် အမှုတော်များစွာ ဘုရားသခင် ပြုခဲ့ လူသားများ အသက်ရဖို့ ကြီးမားသော အဖိုးအခ သူပေးခဲ့ ဘုရားရှင်ကိုယ်တိုင်သည် ထာဝရအသက်ဖြစ်ပေမို့ ဘုရားသည် လူတို့ရှင်ပြန်ထမြောက်ခြင်း အခွင့်ရသော လမ်းပင်ဖြစ်သည် ဘုရားသည် လူတို့ရှင်ပြန်ထမြောက်ခြင်း အခွင့်ရသော လမ်းပင်ဖြစ် ဘုရားသခင် လူသား၏နှလုံးသားနဲ့ဘယ်တော့အခါမှ မဝေးကွာ လူသားတို့ကြားမှာ သူအမြဲတမ်းရှိနေသည် သူဟာ လူသားတို့ ရှင်သန်ရန် တွန်းအား လူသားတို့ဖြစ်တည်မှုအုတ်မြစ်နှင့် ရှင်သန်ရန် လုံခြုံသော အာမခံချက် လူသားတို့ကို တစ်ဖန်မွေးဖွားစေသူ လူသားတို့ကို တစ်ဖန်မွေးဖွားစေသူ လူသားတို့ကို အမျိုးမျိုး ကြံ့ခိုင်စွာ ရှင်သန်စေ ဘုရားသခင်၌သာ အသက်၏အခြေအမြစ် ရှိ ဘုရားသခင်၌သာ အသက်လမ်းရှိ ဘုရားသခင်၌သာ အသက်၏အရင်းအမြစ် အစဉ်စီးဆင်းနေသော အသက်စမ်းရေ ဇာစ်မြစ် ဘုရား၏တန်ခိုးနဲ့ အစဉ်တည်မြဲသော သူ၏ဘဝခွန်အားကြောင့် ခေတ်တွေဆက်ဆက် လူသားတို့ အသက်ရှင်ခဲ့သည် ဘုရား၏အသက်စွမ်းအားသည် လူကို အစဉ်မပြတ်ပံ့ပိုး သာမန်လူသားများ မပေးဆပ်ဖူးသော အဖိုးအခကို သူသည်ပေးဆပ်ခဲ့သည်

ဘုရား၏အသက်စွမ်းအားသည် တန်ခိုးထက်တွင် ရှိ တန်ခိုးထက် သာလွန် ဘုရား၏အသက်စွမ်းအားသည် တန်ခိုးအားလုံးအထက်တွင် ရှိ တန်ခိုးထက် သာလွန် ဘုရား၏အသက်သည် ထာဝရ၊ သူ့တန်ခိုးတော် အံ့မခန်း မည်သည့် ဖန်ဆင်းခံလူသား၊ ရန်သူမဆို အချိန်တိုင်း နေရာတိုင်း တောက်ပသောရောင်ခြည် ဝင်းဖြာသော ဘုရား၏အသက်စွမ်းအားကို မအောင်နိုင်ရာ ဘုရားသခင်၌သာ အသက်၏အခြေအမြစ် ရှိ ဘုရားသခင်၌သာ အသက်လမ်း ရှိ ဘုရားသခင်သာ အသက်၏မူလအစ အစဉ်စီးဆင်းသော အသက်စမ်းရေ ဇာစ်မြစ် ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ဘုရား၏အသက် အစဉ်တည် ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ဘုရား၏အသက် အစဉ်တည် ခပ်သိမ်းသောအရာများ ကွယ်ပျောက်လည်း ဘုရား၏အသက်တည် ဘုရားသည် ခပ်သိမ်းသောအရာများ၏ဖြစ်တည်မှု အရင်းအမြစ် ဘုရားသခင်ကိုယ်တိုင်သည် ထာဝရအသက်ဖြစ်သည်

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။