ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၃၇

ဘုရားသခင်သည် သူ့အလုပ်ကို စကြဝဠာတစ်ခုလုံး၌ လုပ်ဆောင်သည်။ သူ့ကို ယုံကြည်သူတိုင်းသည် သူ၏ နှုတ်ကပတ်တော်ကို လက်ခံရမည်၊ သူ၏ နှုတ်ကပတ်တော်ကို မှီဝဲ၊ သုံးဆောင်ရမည်။ ဘုရားသခင် ပြသော နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်သည်ဟူသည့် အချက်ကြောင့် တစ်ဦးတစ်ယောက်ကမျှ ဘုရားသခင်၏ ရယူခြင်းကို ခံရမည် မဟုတ်။ ခေတ်အဆက်ဆက်တွင် ဘုရားသခင်သည် လူသားကို စုံလင်အောင် ပြုလုပ်ပေးဖို့အတွက် နှုတ်ကပတ်တော်ကို အမြဲ အသုံးပြုခဲ့သည်။ ထို့ကြောင့် သင်တို့သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ၌သာ သင်တို့၏အာရုံကို မထားသင့်၊ ဘုရားသခင်က စုံလင်အောင် ပြုလုပ်ပေးသည်ကိုခံရဖို့ အာရုံထားသင့်သည်။ ဓမ္မဟောင်းခေတ်၊ ပညတ်တော်ခေတ်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်အချို့ပြောခဲ့သည်၊ ကျေးဇူးတော်ခေတ်၌ ယေရှုသည်လည်း နှုတ်ကပတ်တော်များစွာ ပြောခဲ့သည်။ ယေရှု နှုတ်ကပတ်တော်များစွာ ပြောပြီးနောက်၊ နောက်ပိုင်းတွင် တမန်တော်များနှင့် ပရောဖက်များသည် လူတို့ကို ယေရှုချမှတ်ခဲ့သည့် ဥပဒေသများ၊ ပညတ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင် စေခဲ့သည်၊ ယေရှုပြောသည့် အခြခံမူများအတိုင်း တွေ့ကြုံစေခဲ့သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် လူသားကို စုံလင်စေရန်အတွက် နှုတ်ကပတ်တော်ကို အဓိကအားဖြင့် အသုံးပြုနေသည်။ ဘုရားသခင်သည် လူသားကို ဖိနှိပ်ဖို့အတွက် သို့မဟုတ် လူသားလက်ခံအောင် လုပ်ဖို့အတွက် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အသုံးမပြုပေ။ ထိုသို့ လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ တန်ခိုးကို မထင်ရှားစေနိုင်ပါ။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုသာ ဘုရားသခင်ပြနေလျှင် ဘုရားသခင်၏ လက်တွေ့ အရှိသဘောကို ပြဖို့ခက်မည်ဖြစ်ပြီး ထိုသို့ခက်သောကြောင့် လူသားကို စုံလင်အောင် ပြုလုပ်ပေးဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများအားဖြင့် လူသားကို စုံလင်အောင် မလုပ်ပေးပါ။ လူသားကို ရေလောင်းပေးရန်နှင့် ထိန်းကျောင်းရန်အတွက် ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ နှုတ်ကပတ်တော်ကို အသုံးပြုပြီးနောက် လူသားက ဘုရားသခင်ကို အပြည့်အဝ နာခံနိုင်အောင်၊ ဘုရားသခင်ကို သိသောအသိ ပြည့်စုံအောင် လုပ်ပေးသည်။ ဘုရားသခင်လုပ်သည့် အလုပ်နှင့် ဘုရားသခင် ပြောသည့် နှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်သည် ထိုသို့ လုပ်ဆောင်ဖို့ဖြစ်သည်။ ဘုရားသခင်သည် လူသားကို စုံလင်အောင် ပြုလုပ်ပေးဖို့အတွက် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အသုံးပြုသည့် နည်းလမ်းကို မသုံးပါ၊ လူသားကို စုံလင်အောင် ပြုလုပ်ပေးဖို့အတွက် သူပြောသည့် နှုတ်ကပတ်တော်များနှင့် အလုပ်လုပ်နည်း မျိုးစုံကို အသုံးပြုသည်။ စစ်ဆေးသည့် အလုပ်ဖြစ်စေ၊ ဆုံးမသည့် အလုပ်ဖြစ်စေ၊ ပြုပြင်သည့် အလုပ်ဖြစ်စေ၊ နှုတ်ကပတ်တော်များပြောသည့် အလုပ်ဖြစ်စေ၊ ဘုရားသခင်သည် ရှုထောင့်အမျိုးမျိုးမှ ပြောဆိုပြီး လူသားကို စုံလင်အောင်၊ ဘုရားသခင်၏ အလုပ်၊ ဉာဏ်ပညာနှင့် အထူးတလည် ကောင်းမြတ်မှုကို သိသောအသိ လူသား၌ ပိုများလာအောင် ပြုလုပ်ပေးသည်။ နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် ခေတ်ကို အဆုံးသတ်ပြီး လူသားကို ပြည့်စုံစေသောအခါ လူသားသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မျှော်လင့်ဖို့အတွက် အရည်အချင်း ပြည့်မီနေလိမ့်မည်။ သင့်မှာ ဘုရားသခင်ကို သိသောအသိရှိပြီး ဘုရားသခင် ဘာလုပ်လုပ် သင်နာခံနိုင်စွမ်း ရှိသောအခါ သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ လက်တွေ့အရှိသဘောနှင့် ပတ်သက်ပြီး သင့်မှာ မည်သည့် အယူအဆမျှ ရှိနေမည် မဟုတ်သောကြောင့် ဖြစ်သည်။ သင်သည် အကျင့်ပျက်ပြီး ဘုရားသခင်ကို အပြည့်အဝ နာခံနိုင်စွမ်း မရှိသည့် လက်ရှိအချိန်၌ သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်တွေ့နိုင်ရန် အရည်အချင်းနှင့် ပြည့်မီသူ ဖြစ်ပါ၏လော။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ဘုရားသခင် ပြသည့်အချိန်သည် လူသားကို အပြစ်ပေးသည့်အချိန်၊ ခေတ်ပြောင်းလဲသည့် အချိန်၊ ခေတ်အဆုံးသတ်သည့် အချိန်ဖြစ်သည်။ ဘုရားသခင်၏ အလုပ်ကို ပုံမှန်လုပ်ဆောင်နေသော အချိန်၌ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြပါ။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသခြင်းသည် အလွန့်အလွန် လွယ်ကူသည်။ သို့သော် ထိုသို့ လုပ်ဆောင်ခြင်းသည် ဘုရားသခင် အလုပ်လုပ်သည့် မူမဟုတ်၊ လူသားကို စီမံခန့်ခွဲသည့် ဘုရားသခင်၏ ရည်ရွယ်ချက်လည်း မဟုတ်ပါ။ လူသားက နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်လျှင်၊ ဘုရားသခင်၏ ဝိညာဉ်တော်က လူသားကို ကိုယ်ထင်ပြလျှင် လူအားလုံးက ဘုရားသခင်ကို ယုံကြည်ကြမည် မဟုတ်လော။ ကြီးစွာသော ဆင်းရဲခြင်းဘေးမှလာသော အောင်မြင်သောသူ တစ်စုကို အရှေ့အရပ်မှ ရယူခဲ့ပြီး ဖြစ်သည်ဟု အရင်က ငါပြောခဲ့ပြီး ဖြစ်သည်။ ထိုစကားများ၏ အဓိပ္ပာယ်က အဘယ်နည်း။ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီးသော ထိုသူတို့သည် တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၊ ရိုက်နှက်ဆုံးမမှု၊ ပြုပြင်မှုနှင့် စစ်ဆေးမှုမျိုးစုံကို ခံပြီးမှ အမှန်တကယ် နာခံကြသည်ဟု အဓိပ္ပာယ်ရသည်။ ထိုသို့သော လူများ၏ ယုံကြည်ခြင်းသည် မရေရာသော ယုံကြည်ခြင်း မဟုတ်၊ စိတ်ကူးသက်သက်ဖြစ်သော ယုံကြည်ခြင်းမဟုတ်၊ စစ်မှန်သော ယုံကြည်ခြင်း ဖြစ်သည်။ သူတို့သည် မည်သည့် နိမိတ်လက္ခဏာ၊ အံ့သြဖွယ်ရာနှင့် သဘာဝလွန်ဖြစ်ရပ်ကိုမျှ မမြင်ရသေးပေ။ သူတို့သည် နက်နဲသော အက္ခရာများ၊ အယူဝါဒများ သို့မဟုတ် အလွန်လေးနက်သော ထိုးထွင်း နားလည်မှုများ အကြောင်းကို မပြောကြပေ။ သူတို့၌ လက်တွေ့အရှိသဘော၊ ဘုရားသခင်၏ စကားများနှင့် ဘုရားသခင်၏ လက်တွေ့အရှိသဘောနှင့် ပတ်သက်သည့် စစ်မှန်သော အသိတို့သာ ရှိကြသည်။ ထိုသို့သော လူစု၌ ဘုရားသခင်၏ တန်ခိုးကို သာ၍မြင်သာအောင် လုပ်နိုင်စွမ်း ပိုရှိသည် မဟုတ်လော။ နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏ အလုပ်သည် စစ်မှန်သော အလုပ်ဖြစ်သည်။ ယေရှုခေတ်၌ ယေရှုသည် လူသားကို စုံလင်အောင် ပြုလုပ်ပေးဖို့ လာခဲ့သည်မဟုတ်၊ လူသားကို ရွေးနုတ်ဖို့ လာခြင်းဖြစ်သည်။ ထို့ကြောင့် သူ့နောက်ကို လူများလိုက်အောင် အံ့သြဖွယ် အမှုအချို့ကို လုပ်ပြခြင်းဖြစ်သည်။ ယေရှုသည် အဓိကအားဖြင့် လက်ဝါးကပ်တိုင်၌ အသေခံသည့် အလုပ်ကို ပြီးမြောက်အောင် လုပ်ဖို့ လောကသို့ လာခြင်းဖြစ်သည်၊ နိမိတ်လက္ခဏာများ ပြခြင်းသည် သူ၏သာသနာ၌ ပါဝင်သော အစိတ်အပိုင်းတစ်ခု မဟုတ်ပေ။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ ပြခြင်းသည် သူ့အလုပ် ထိရောက်စေရန် လုပ်သည့် အရာများ ဖြစ်သည်။ ထိုအလုပ်များသည် အပိုဆောင်းလျက် လုပ်ဆောင်သောအလုပ် ဖြစ်သည်၊ ခေတ်တစ်ခေတ်လုံး၌ လုပ်မည့်အလုပ်ကို ကိုယ်စားမပြုပေ။ ဓမ္မဟောင်းခေတ်၊ ပညတ်တော်ခေတ်၌ ဘုရားသခင်သည်လည်း နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ ပြခဲ့သည်။ သို့သော် ဘုရားသခင် ယနေ့ခေတ်၌ လုပ်ဆောင်သော အလုပ်သည် စစ်မှန်သောအလုပ်ဖြစ်ပြီး ယနေ့ခေတ်၌ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မုချပြမည်မဟုတ်။ အကယ်၍ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ဘုရားသခင် ပြသပါလျှင် သူ၏ တကယ့်အလုပ်သည် ဖရိုဖရဲ ဖြစ်သွားမည်ဖြစ်ပြီး မည်သည့်အလုပ်ကိုမျှ သူထပ်လုပ်နိုင်တော့မည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားကို စုံလင်အောင် ပြုလုပ်ပေးဖို့ နှုတ်ကပတ်တော်ကို အသုံးပြုမည်ဟုပြောပြီး နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုလည်းပြလျှင် လူသားက ဘုရားသခင်ကို အမှန်တကယ် ယုံကြည်လား၊ မယုံကြည်ဘူးလားဆိုသည်ကို ရှင်းအောင် ပြုလုပ်၍ ရနိုင်ဦးမည်လော။ ထို့ကြောင့် ဘုရားသခင်က ထိုသို့ မလုပ်ခြင်း ဖြစ်သည်။ လူသား၏အထဲ၌ ဘာသာတရား အလွန်များနေသည်။ နောက်ဆုံးသော ကာလ၌ ဘုရားသခင်သည် လူသား၏ အထဲ၌ရှိသည့် ဘာသာတရားနှင့်ဆိုင်သော အယူအဆများ၊ သဘာဝလွန် ဖြစ်ရပ်များကို ဖယ်ထုတ်ဖို့၊ ဘုရားသခင်၏ လက်တွေ့အရှိသဘောကို လူသားသိစေဖို့အတွက် လောကသို့ လာခြင်းဖြစ်သည်။ မမြင်နိုင်သော၊ စိတ်ကူးသက်သက်ဖြစ်သော ဘုရားသခင်၏ ပုံရိပ်ကို၊ တစ်နည်းအားဖြင့် အမှန်တကယ် လုံးဝ မရှိသောပုံရိပ်ကို ဖယ်ရှားဖို့အတွက် ဘုရားသခင် ရောက်လာခြင်းဖြစ်သည်။ ထို့ကြောင့် သင့်အတွက် တန်ဖိုးရှိသည့် တစ်ခုတည်းသော အရာသည် လက်တွေ့အရှိသဘောကိုသိသော အသိကိုရရှိဖို့ ဖြစ်သည်။ သမ္မာတရားသည် အရာရာကို အနိုင်ယူပါသည်။ ယနေ့ သင့်မှာ သမ္မာတရား မည်မျှရှိသနည်း။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသောသူအားလုံးသည် ဘုရားသခင် ဖြစ်ပါ၏လော။ ဝိညာဉ်ဆိုးများသည်လည်း နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြနိုင်ကြသည်၊ ထိုနတ်ဆိုးများ အားလုံးသည် ဘုရားသခင် ဖြစ်ပါ၏လော။ ဘုရားသခင်ကို လူသားက ယုံကြည်သောအခါ လူသားရှာဖွေသော အရာသည် သမ္မာတရားနှင့် အသက်ဖြစ်သည်၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ ပန်းတိုင်သည် ထိုအရာများကို ရှာဖွေဖို့ ဖြစ်သင့်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၆၅

ကမ္ဘာမြေကြီးပေါ်တွင် ဝိညာဉ်ဆိုးများ အမျိုးမျိုးတို့သည် နားခိုရန်နေရာကို မပြီးနိုင်မဆုံးနိုင် ရှာဖွေချောင်းမြောင်းလျက် ရှိကြပြီး လူသေအလောင်း...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၃၇

သင်သည် သာမန်လူ့သဘာဝမှ အသက်ရှင်ခြင်းကိုရရှိပြီး၊ စုံလင်အောင်ပြုပြင်ခြင်းခံရပြီးသောအခါ၊ ပရောဖက်ပြုချက်နှင့် လျှို့ဝှက်နက်နဲမှုများကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၈၈

ခြောက်ရက်နေ့မြောက်တွင် ဖန်ဆင်းရှင်သည် စကားပြောပြီး သူ့စိတ်ထဲတွင်ရှိသည့် သက်ရှိသတ္တဝါတစ်မျိုးချင်းစီသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၃၀

ကမ္ဘာဦး ၉:၁၁-၁၃ သင်တို့နှင့် ငါပြုသော ပဋိညာဉ်ဟုမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။ မြေကြီးကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။