ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၀၄

22.04.2021

လူသားအားလုံး ယေရှု၏စစ်မှန်သောမျက်နှာကို မြင်လိုကြပြီး သူနှင့်အတူ ရှိလိုကြ၏။ ယေရှုကိုမတွေ့လိုကြောင်း သို့မဟုတ် ယေရှုနှင့်အတူမရှိလိုပါဟုပြောမည့် ညီအစ်ကို မောင်နှမများ တစ်ဦးတစ်ယောက်မျှရှိမည်မဟုတ်ကြောင်း ငါယုံကြည်သည်။ ယေရှုကို သင်တို့ မမြင်ဖူးမီ၊ ဆိုလိုသည်မှာ လူဇာတိခံယူထားသောဘုရားသခင်ကို သင်တို့မမြင်ဖူးမီ သင်တို့တွင် ဥပမာအားဖြင့် ယေရှု၏ရုပ်သွင်၊ သူ၏ စကားပြောပုံ၊ သူ၏ဘဝနေထိုင်ပုံ အစရှိသည်တို့အပေါ် အတွေးများစွာ ရှိလိမ့်မည်။ သို့ရာတွင် သင်သည် သူ့ကို အမှန်တကယ် မြင်သည့်အခါ သင်၏အတွေးတို့သည် လျင်မြန်စွာပြောင်းလဲလိမ့်မည်။ အဘယ်ကြောင့် ဤသို့ ဖြစ်သနည်း။ သင်သိလိုပါသလား။ လူသား၏အတွေးအခေါ်ကို ဂရုမပြု၍ မရသော်လည်း လူသားသည် ခရစ်တော်၏ အနှစ်သာရကို ပြောင်းလဲသည်မှာ ပို၍ပင် သည်းမခံနိုင်စရာဖြစ်သည်။ သင်တို့သည် ခရစ်တော်ကို ထာဝရအသက်ရှင်သောသူ၊ ဘုရားနှင့် ဆိုင်သောအနှစ်သာရရှိသူဟု မှတ်ယူသော်လည်း မည်သူမျှ ခရစ်တော်ကို ဘုရားသခင်၏ အနှစ်သာရရှိသော သေမျိုးဟု မှတ်ယူခြင်းမရှိ။ ထို့ကြောင့် ဘုရားသခင်အား နေ့ရောညပါ မြင်လိုကြသူအများအပြားသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်သူများဖြစ်ပြီး ဘုရားသခင်နှင့် သဟဇာတ မဖြစ်ကြပါ။ ဤသည်မှာ လူသားဘက်က အမှား မဟုတ်ပါလား။ ယခုတိုင်အောင် သင်တို့သည် သင်တို့၏ယုံကြည်ချက်နှင့် သစ္စာရှိမှုတို့ကြောင့် ခရစ်တော်၏ မျက်နှာကို မြင်ထိုက်သည်ဟု ထင်နေဆဲဖြစ်သည်။ သို့သော် ပို၍ကိုင်တွယ် ထိတွေ့နိုင်သော အရာများဖြင့် သင်တို့ကိုယ်သင်တို့ ပြင်ဆင်ထားရန် ငါတိုက်တွန်း၏။ အကြောင်းမူကား အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တွင် ခရစ်တော်နှင့် ပတ်သက်ခဲ့သူ အများအပြား ကျရှုံးခဲ့ကြသည်- ထိုသူတို့အားလုံး ဖာရိရှဲတို့၏အခန်းကဏ္ဍမှ ပါဝင်ကြ၏။ သင်တို့သည် မည်သည့် အကြောင်းရင်းကြောင့် ကျရှုံးရသနည်း။ ဤသည်မှာ သင်တို့၏အတွေးများထဲတွင် ကြီးမြတ်ပြီး ကြည်ညိုဖွယ်ကောင်းသော ဘုရားသခင်ရှိနေခြင်းကြောင့်သာ ဖြစ်သည်။ သို့သော် အမှန်တရားသည် လူသား၏အလိုအတိုင်း မဟုတ်။ ခရစ်တော်သည် ကြီးမြတ်ခြင်းမရှိရုံသာမက သူသည် အလွန်သေးသိမ်၏။ သူသည် လူသားဖြစ်ရုံမက သာမန်လူသား တစ်ဦးဖြစ်သည်။ သူသည် ကောင်းကင်ဘုံသို့ တက်ကြွသွားနိုင်ခြင်း မရှိရုံမက မြေကြီးပေါ်တွင်လည်း လွတ်လပ်စွာ သွားလာနိုင်ခြင်းမရှိ။ ထို့ကြောင့် လူများက တစ်ချိန်လုံး “စစ်မှန်သောခရစ်တော်” ကြွလာရန် စောင့်စားနေဆဲအချိန်တွင် သူ့အား သာမန် လူတစ်ဦးအဖြစ် ဆက်ဆံကြ၏၊ သူနှင့် အတူရှိစဉ် သူတို့၏သဘောအတိုင်း ပြုလုပ်ကြပြီး သူ့အား ဂရုမမူသောစကားများကို ပြောကြ၏။ သင်တို့သည် ကြွလာပြီးသော ခရစ်တော်ကို သာမန်လူတစ်ဦးကဲ့သို့ သဘောထားပြီး သူ၏ စကားကို သာမန်လူတစ်ဦး၏စကားကဲ့သို့ မှတ်ယူ၏။ ထို့ကြောင့် ယေရှုခရစ်တော်ထံမှ မည်သည့်အရာမျှ သင်တို့မရရှိဘဲ သင်တို့၏အကျည်းတန်မှုကို အလင်းတွင် လုံးဝမြင်သာအောင် ပြသခဲ့၏။

ခရစ်တော်နှင့် မဆက်သွယ်မီ သင်၏စိတ်နေသဘောထားသည် လုံးဝပြောင်းလဲခဲ့ပြီဟု သင်ယူဆနိုင်၏။ သင်သည် ခရစ်တော်နောက်ကို သစ္စာရှိစွာ လိုက်သူဟု ယူဆနိုင်ပြီး ခရစ်တော်၏ ကောင်းကြီးမင်္ဂလာများကို ခံစားထိုက်ဆုံးသူဟု ယူဆနိုင်သည်။ သင်သည် လမ်းခရီးများစွာ သွားခဲ့ပြီးပြီ၊ အလုပ်များစွာလုပ်ခဲ့ပြီးပြီဖြစ်သလို များစွာသောအသီးကို သီးခဲ့ပြီးပြီဖြစ်သဖြင့် အဆုံးတွင် သင်သည် သရဖူကိုရမည့်သူ ဖြစ်ရမည်ဟု ယူဆနိုင်သည်။ သို့ရာတွင် သင်မသိသော သမ္မာတရားတစ်ရပ် ရှိ၏- လူသားသည် ခရစ်တော်ကို မြင်သောအခါ သူ၏ ပျက်စီးသော စိတ်သဘောထားနှင့် ပုန်ကန်စိတ်နှင့် တွန်းလှန်ခြင်းတို့ ပေါ်လွင်လာပြီး ထိုသို့သောအချိန်တွင် မြင်သာလှသည့် ပုန်ကန်မှုနှင့် တွန်းလှန်ခြင်းတို့မှာ အခြားအချိန်ထက်ပို၍ လုံးဝပြည့်စုံပေါ်လွင်နေ၏။ ဤသည်မှာ ခရစ်တော်သည် လူသားဖြစ်ပြီး သာမန်လူ့သဘာဝ ရှိသဖြင့် လူသားသည် သူ့ကို ရိုသေခြင်းမရှိ၊ လေးစားခြင်းလည်းမရှိသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ၌ အသက်ရှင်သဖြင့် လူသား၏ပုန်ကန်မှုကို လုံးဝထင်ရှားစွာ ပေါ်လွင်စေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်ကြွလာခြင်းသည် လူသား၏ပုန်ကန်စိတ်အားလုံးကို ထွက်ပေါ်စေခဲ့ပြီး လူ့သဘာ၀ကို ရှင်းလင်းစွာ မြင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ငါဆိုသည်။ ဤသည်ကို “ကျားတစ်ကောင်ကို တောင် အောက်သို့ဆင်းလာအောင် ဖျားယောင်းခြင်း” နှင့် “မြေခွေးတစ်ကောင်ကို ဂူအပြင်သို့ထွက်လာအောင် သွေးဆောင်ခြင်း” ဟု ခေါ်သည်။ သင်သည် ဘုရားသခင်အပေါ် သစ္စာရှိသည်ဟု ဆိုရဲပါသလား။ သင်သည် ဘုရားသခင်အပေါ် အပြည့်အဝ နာခံကြောင်း ပြသသည်ဟုဆိုရဲပါသလား။ သင်သည် ပုန်ကန်လိုစိတ် မရှိဟု ဆိုရဲပါသလား။ ဘုရားသခင်သည် ကျွန်ုပ်၏ပတ်ဝန်းကျင်ကို ဖန်ဆင်းတိုင်း ကျွန်ုပ်သည်အမြဲနာခံ၍ မည်သည့်အခါမျှ ညည်းတွားခြင်း မရှိဟု အချို့သူများက ဆိုမည်။ ထို့အပြင် ကျွန်ုပ်သည် ဘုရားသခင် အပေါ် မည်သို့မျှလည်း သဘောမထားဟု ဆိုမည်။ အချို့သူများက ဘုရားသခင် ကျွန်ုပ်ကိုစေခိုင်းသည့် အရာခပ်သိမ်းကို ကျွန်ုပ်အကောင်းဆုံး လုပ်ဆောင်ပြီး မည်သည့်အခါမျှ တာဝန်ကိုဂရုမစိုက်ဘဲ မနေဟု ဆိုမည်။ ထိုအခါ သင်တို့ကို ယခုကဲ့သို့ငါမေး၏- ခရစ်တော်နှင့်အတူ အသက်ရှင်နေထိုင်သည့်အခါ သင်တို့ သူနှင့် သဟဇာတ ဖြစ်မည်လား။ သူနှင့် မည်မျှကြာ သဟဇာတ ဖြစ်မည်နည်း။ တစ်ရက်လား။ နှစ်ရက်လား။ တစ်နာရီလား။ နှစ်နာရီလား။ သင်တို့၏ ယုံကြည်ခြင်း သည် ချီးမွမ်းထိုက်ပေ၏။ သို့သော် သင်တို့တွင် ဇွဲလုံ့လ သိပ်မရှိ။ သင်သည် ခရစ်တော်နှင့် အမှန် တကယ် အသက်ရှင်နေထိုင်ပါက သင်၏စကားများ၊ အပြုအမူများက ကိုယ့်ကိုယ်ကို ဖြောင့်မတ်မှန်ကန်သည်၊ ကိုယ့်ကိုယ်ကိုအရေးကြီးသည်ဟု ထင်နေသည့်စိတ်များအား တဖြည်းဖြည်း ပေါ်လွင်လာစေပြီး သင်၏လွန်ကဲသောဆန္ဒများနှင့် နာခံမှု မရှိခြင်းနှင့် ရောင့်ရဲတင်းတိမ်မှု ကင်းမဲ့ခြင်း တို့ကိုလည်း တစ်ပြိုင်နက်တည်း ထုတ်ဖော်ပြခံရလိမ့်မည်။ နောက်ဆုံးတွင် သင်၏ဝင့်ဝါမှု သာ၍ ကြီးမားလာပြီး ရေသည် မီးနှင့်သဟဇာတ မဖြစ်နိုင်သကဲ့သို့ သင်သည် ခရစ်တော်နှင့် သဟဇာတ မဖြစ်နိုင်သောအခါ သင်၏သဘောသဘာဝသည် လုံးဝမြင်သာနေလိမ့်မည်။ ထိုအချိန်တွင် သင်၏ အတွေးအခေါ်များကို ဖုံးကွယ်ထား၍ မရတော့ပါ။ သင်၏မကျေနပ်ချက်များကိုလည်း တစ်ပြိုင်နက် ထုတ်ဖော်ပြီး သင်၏ညစ်ညမ်းသော လူ့သဘာဝကိုလည်း လုံးဝ ထုတ်ဖော်ပြသလိမ့်မည်။ သို့သော် သင်သည် သင်ကိုယ်တိုင်၏ ပုန်ကန်မှုကို ဆက်လက်၍ ငြင်းဆို၏။ ထို့အပြင် ခရစ်တော်သည် ဤသို့ ဖြစ်နေသဖြင့် လက်ခံရန်မလွယ်ကူ၊ သူသည် လူသားအပေါ် လွန်ကဲစွာ တင်းကြပ်သည်ဟု သင်ယူဆပြီး၊ အကယ်၍သူသည် ဤသို့မဟုတ်လျှင်၊ ပို၍ကြင်နာတတ်သော ခရစ်တော်ဖြစ်လျှင်၊ သင်သည် လုံးဝ နာခံလိမ့်မည်ဟုယူဆသည်။ အကြောင်းရင်းတစ်ရပ်ကြောင့် သင်တို့ ပုန်ကန်ရခြင်းဖြစ်ပြီး ခရစ်တော်သည် သင်တို့ကို အတိုင်းအတာတစ်ခုရောက်အောင် တွန်းသည့်အခါမှသာ သူ့ကို ပုန်ကန်သည်ဟု သင်တို့ယူဆသည်။ ခရစ်တော်ကို ဘုရားသခင်ဟု သင်တို့မမှတ်ယူ ကြောင်းကိုလည်းကောင်း၊ သူ့ကို နာခံရန်ရည်ရွယ်ချက် မရှိကြောင်းကိုလည်းကောင်း မည်သည့်အခါကမျှ သင်တို့သိနားလည်ခြင်း မရှိခဲ့။ ထိုသို့ဖြစ်ရမည့်အစား ခရစ်တော်သည် သင့်သဘောအတိုင်း အမှုလုပ်ဆောင်ရမည်ဟု သင်ခေါင်းမာစွာ တောင်းဆိုပြီး ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း မရှိသည့်အမှုတိုင်းအတွက် သူသည် ဘုရားသခင်မဟုတ်ဘဲ လူသားတစ်ဦး ဖြစ်သည်ဟု သင်ယုံကြည်သည်။ ဤနည်းဖြင့် သင်တို့ထဲတွင် သူနှင့် ဖက်ပြိုင်ခဲ့သူ အများအပြား မရှိပေဘူးလား။ သင်တို့ ယုံကြည်သူမှာ မည်သူနည်း။ ထို့အပြင် သင်တို့မည်သို့ ရှာဖွေနေသနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။