ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၄၁

သူ၏ စီမံခန့်ခွဲမှု အလုံးစုံ တစ်လျှောက်တွင် ဘုရားသခင်၏ အလုပ်သည် စုံလင်ရှင်းလင်းသည်။ ကျေးဇူးတော် ခေတ်သည် ကျေးဇူးတော် ခေတ်ဖြစ်ပြီး၊ နောက်ဆုံးသော ကာလသည် နောက်ဆုံးသော ကာလ ဖြစ်သည်။ ခေတ်တစ်ခုချင်းစီအတွင်း သိသာသော ခြားနားမှုများ ရှိသည်၊ အကြောင်းမှာ ထိုခေတ်တစ်ခုချင်းစီ အတွက် ဘုရားသခင်၏ လုပ်ဆောင်မှုမှာ ထိုခေတ်ကို ကိုယ်စားပြုသောကြောင့် ဖြစ်သည်။ နောက်ဆုံးသော ကာလ၏ အလုပ်ပြီးမြောက်စေရန်အတွက်၊ ထိုခေတ်ကို အဆုံးသတ်စေရန် လောင်ကျွမ်းမှု၊ တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှု၊ ဒေါသအမျက်နှင့် ဖျက်စီးမှုများ ရှိရမည် ဖြစ်သည်။ နောက်ဆုံးသော ကာလ ဆိုသည်မှာ နောက်ဆုံးခေတ်ကို ရည်ညွှန်းသည်။ နောက်ဆုံးခေတ် အတွင်းတွင်၊ ဘုရားသခင်သည် ခေတ်ကို အဆုံး သတ်ရန် မလုပ်ဘဲ ရှိလိမ့်မည်လော။ ခေတ်ကို အဆုံးသတ်ရန် ဘုရားသခင်သည် ပြစ်တင်ဆုံးမမှုနှင့် တရား စီရင်မှုများကို သူနှင့်အတူ ယူဆောင်ရမည်။ ထိုနည်းအားဖြင့်သာ သူသည် ခေတ်ကို အဆုံးသတ်နိုင်သည်။ ယေရှု၏ ရည်ရွယ်ချက်မှာ လူသား ဆက်လက်ရှင်သန်စေရန်၊ ဆက်လက် နေထိုင်ရန်နှင့် ပိုမိုကောင်းမွန်သော နည်းလမ်းဖြင့် ဆက်လက်တည်ရှိစေနိုင်ရန် ဖြစ်ခဲ့သည်။ လူသားမှ ဆင်းသက်လာသူများကို ဆိုးယုတ်မှုသို့ သွားခြင်းအား ရပ်တန့်ရန်နှင့် မရဏနိုင်ငံနှင့် ငရဲတွင် ဆက်လက်မနေစေရန် သူသည် လူကို အပြစ်မှ ကယ်တင် ခဲ့ပြီး၊ လူအား မရဏာနိုင်ငံနှင့် ငရဲတို့မှ ကယ်တင်ခြင်းအားဖြင့် သူသည် လူကို ဆက်လက် ရှင်သန်နေထိုင်ရန် အခွင့်ပေးခဲ့သည်။ ယခုအခါ နောက်ဆုံးသော ကာလသည် ဆိုက်ရောက်လာခဲ့ပြီ။ သူသည် လူကို ချေမှုန်းပြီး လူသားမျိုးနွယ်ကို လုံးဝ ဖျက်ဆီးလိမ့်မည်။ ဆိုလိုသည်မှာ သူသည် လူသားမျိုးနွယ်၏ ပုန်ကန်မှုကို အသွင် ပြောင်းလိမ့်မည်။ ထိုအကြောင်းရင်းအတွက် အတိတ်က ကြင်နာသနားမှုနှင့် ချစ်မြတ်နိုးခြင်း စိတ်သဘောထားအားဖြင့် ဘုရားသခင်သည် ခေတ်ကို အဆုံးသတ်ရန် သို့မဟုတ် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်အား ဆောင်ယူလာမှုကို အကောင်အထည် ဖော်ရန်အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ခေတ် တိုင်းသည် ဘုရားသခင်၏ စိတ်သဘောထားအား အထူးကိုယ်စားပြုမှုကို ဖော်ဆောင်ပြီး၊ ခေတ်တိုင်းတွင် ဘုရားသခင် လုပ်ဆောင်ရန် လိုသော အလုပ် ပါဝင်သည်။ ထို့ကြောင့် ခေတ်တစ်ခုချင်းတွင် ဘုရားသခင် ကိုယ်တော်တိုင် လုပ်ဆောင်သော အလုပ်တွင် သူ၏ စစ်မှန်သော စိတ်သဘောထားနှင့် ခေတ်တစ်လျှောက် တွင် သူ၏ နာမတော်နှင့် သူလုပ်ဆောင်သော အပြောင်းအလဲ အလုပ်နှစ်ခုလုံးတို့ကို ဖော်ပြချက်များ ပါဝင် သည်။ ယင်းတို့ အားလုံးမှာ အသစ်သော အရာများ ဖြစ်သည်။ ပညတ်တော်ခေတ်အတွင်း လူသားမျိုးနွယ်အား လမ်းညွှန်သောအလုပ်ကို ယေဟောဝါ၏ နာမတော်အောက်တွင် ပြုလုပ်ပြီး၊ အလုပ်၏ပထမအဆင့်ကို ကမ္ဘာမြေကြီးပေါ်တွင် အစပျိုးလုပ်ဆောင်ခဲ့သည်။ ထိုအဆင့်တွင် အလုပ်သည် ဗိမာန်တော်နှင့် ယဇ်ပလ္လင်ဆောက်လုပ်ခြင်း၊ ဣသရေလလူမျိုးတို့ကို လမ်းပြရန်နှင့် သူတို့အလယ်တွင် အလုပ်လုပ်ရန် ပညတ်တော်များ အသုံးပြုခြင်းတို့ ပါဝင်သည်။ ဣသရေလလူမျိုးတို့ကို လမ်းပြခြင်းဖြင့် သူသည် ကမ္ဘာမြေကြီးပေါ်ရှိ သူ၏အလုပ်အတွက် အခြေစိုက်ရာကို ဖော်ဆောင်ခဲ့သည်။ ထိုအခြေစိုက်ရာမှနေ၍ သူသည် သူ၏အလုပ်ကို ဣသရေလပြင်ပသို့ တိုးချဲ့ခဲ့သည်၊ ဣသရေလမှစတင်ပြီး သူသည် သူ၏အလုပ်ကို အပြင်ဖက်သို့ ချဲ့ထွင်ခြင်းအားဖြင့်၊ နောင်လာနောက်သားများကို ယေဟောဝါသည် ဘုရားသခင်ဖြစ်ကြောင်း တဖြည်းဖြည်း သိလာစေပြီး၊ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သူမှာ ယေဟောဝါဖြစ်ကြောင်း၊ သတ္တဝါအားလုံး၏ ဖန်ဆင်းရှင်မှာ ယေဟောဝါဖြစ်ကြောင်း သိလာစေသည်ဟု ပြောရမည်။ ကိုယ်တော်သည် သူ၏အလုပ်ကို ဣသရေလလူတို့မှတစ်ဆင့် သူတို့ကို ကျော်လွန်၍ ပြင်ပသို့ ဖြန့်ကျက်သည်။ ဣသရေလနယ်မြေသည် ကမ္ဘာမြေကြီးပေါ်တွင် ယေဟောဝါအလုပ်၏ ပထမဆုံး သန့်ရှင်းသောနေရာ ဖြစ်ခဲ့ပြီး၊ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင် ပထမဆုံး သွားရောက် အလုပ်လုပ်သောနေရာမှာ ဣသရေလနယ်မြေအတွင်းဖြစ်သည်။ ယင်းမှာ ပညတ်တော်ခေတ်၏ အလုပ်ဖြစ်သည်။ ကျေးဇူးတော်ခေတ်၏ အလုပ်အတွက်မူ၊ ယေရှုသည် လူကို ကယ်တင်သော ဘုရားသခင်ဖြစ်ခဲ့သည်။ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းများမှာ ကျေးဇူးတော်၊ ချစ်ခြင်း မေတ္တာ၊ သနားကြင်နာခြင်း၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ နှိမ့်ချခြင်း၊ စောင့်ရှောက်ခြင်းနှင့် သဘောထားကြီးခြင်းတို့ဖြစ်ပြီး သူလုပ်ခဲ့သော အလုပ် အများအပြားမှာ လူသားကို ရွေးနှုတ်ခြင်းအလို့ငှာ ဖြစ်သည်။ သူ၏ စိတ်သဘောထားအတွက်မူ ယင်းသည် သနားကြင်နာခြင်းနှင့် ချစ်မြတ်နိုးခြင်းအနက်မှ တစ်ခုဖြစ်ပြီး၊ သူသည် သနားကြင်နာတတ်ပြီး ချစ်မြတ်နိုးတတ်သောကြောင့် ဘုရားသခင်သည် သူ့ကိုယ်ကို ချစ်မြတ်နိုးသကဲ့သို့ လူကို ချစ်မြတ်နိုးကြောင်းပြရန် လူသားတို့အတွက် လက်ဝါးကပ်တိုင်တွင် သံမှိုရိုက်ခြင်း ခံရသည်။ သူသည် သူ၏ အလုံးစုံကို ပေးအပ်ခဲ့သည် အထိဖြစ်သည်။ ကျေးဇူးတော်ခေတ်အတွင်း ဘုရားသခင်၏ နာမတော်မှာ ယေရှုဖြစ်သည်၊ တစ်နည်းအားဖြင့်ဆိုရလျှင် ဘုရားသခင်သည် လူကို ကယ်တင်ခဲ့သော ဘုရားသခင်ဖြစ်ခဲ့ပြီး၊ သူသည် ကြင်နာသနားတတ်သော၊ ချစ်မြတ်နိုးတတ်သော ဘုရားသခင်ဖြစ်ခဲ့သည်ဟု ပြောရမည်။ ဘုရားသခင်သည် လူနှင့်အတူရှိခဲ့သည်။ သူ၏ချစ်ခြင်းမေတ္တာ၊ သူ၏ကြင်နာသနားခြင်း နှင့် သူ၏ကယ်တင်ခြင်းသည် လူတစ်ဦးချင်းနှင့် လူသားအားလုံးနှင့် တွဲဖက်လျက်ရှိသည်။ ယေရှု၏နာမတော်နှင့် သူ၏ မျက်မှောက်တော်ကို လက်ခံခြင်းအားဖြင့်သာ လူသည် ငြိမ်သက်ခြင်း နှင့် ဝမ်းမြောက်ခြင်းကိုရနိုင်သည်၊ သူ၏ကောင်းချီးမင်္ဂလာ၊ သူ၏ကြီးမားများပြားသော ကျေးဇူးတော်များနှင့် သူ၏ ကယ်တင်ခြင်းကို ရရှိနိုင်သည်။ ယေရှု၏ လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအားဖြင့်၊ သူ့ကို လိုက်လျှောက်သူ အားလုံးတို့သည် ကယ်တင်ခြင်းကို ရရှိပြီး သူတို့၏ အပြစ်များမှာ လွှတ်ခြင်းခံရသည်။ ကျေးဇူးတော် ခေတ်အတွင်းတွင် ယေရှုသည် ဘုရားသခင်၏ နာမတော်ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုသော်၊ ကျေးဇူးတော်ခေတ်၏ အလုပ် ကို အဓိကအားဖြင့် ယေရှု၏ နာမတော်အောက်တွင် လုပ်ဆောင်သည်။ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင် ကို ယေရှုဟု ခေါ်သည်။ သူသည် ဓမ္မဟောင်း ကျမ်းစာကို ကျော်လွန်သည့် အသစ်သော အလုပ် အဆင့်ကို လုပ်ဆောင်ပြီး သူ၏ အလုပ်သည် လက်ဝါးကပ်တိုင်တွင် အသေခံခြင်းဖြင့် အဆုံးသတ်သည်။ ယင်းသည် သူ့အလုပ်တစ်ခုလုံး ဖြစ်သည်။ သို့ဖြစ်ရာ ပညတ်တော်ခေတ်အတွင်းတွင် ယေဟောဝါသည် ဘုရားသခင်၏ နာမတော်ဖြစ်ပြီး၊ ကျေးဇူးတော်ခေတ်တွင် ယေရှု၏ နာမတော်သည် ဘုရားသခင်ကို ကိုယ်စားပြုသည်။ နောက်ဆုံးသော ကာလတွင် သူ၏ နာမတော်မှာ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်— လူကို လမ်းပြရန်၊ လူကို သိမ်းပိုက်ရန်နှင့် လူကို ရရှိရန် သူ၏ စွမ်းအားကို အသုံးပြုသော အနန္တတန်ခိုးရှင် ဖြစ်ပြီး၊ နောက်ဆုံးတွင် ခေတ်ကို အဆုံးသတ်စေသည်။ ခေတ်တိုင်းတွင် သူ့အလုပ်၏ အဆင့်တိုင်းတွင် ဘုရားသခင်၏ စိတ်သဘော ထားသည် ထင်ရှားမြင်သာသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၃၂

ယခုတစ်ကြိမ်တွင်မူ ဘုရားသခင်သည် ဝိညာဏခန္ဓာကိုယ်အားဖြင့် မဟုတ်ဘဲ အလွန်သာမညကျသော ခန္ဓာကိုယ်အားဖြင့် အမှုပြုရန် ကြွလာသည်။ ထို့ပြင် ယင်းမှာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၄၇

ယောဘသည် သူ့အားဖြင့် ဘုရားသခင်ကို မနာကျင်စေလိုသဖြင့် သူမွေးဖွားခဲ့သော နေ့ရက်ကို ကျိန်ဆဲသည် ဘုရားသခင်သည် လူတို့၏ အတွင်းစိတ်နှလုံးကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၀၈

လူတို့သည် စာတန်၏ လွှမ်းမိုးမူအောက်သို့ ကျရောက်ပါက၊ ၎င်းတို့အတွင်းတွင် ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ မရှိကြသကဲ့သို့၊ ၎င်းတို့၏ ယခင်က...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၉၄

အစအဦး၌ ဘုရားသခင်သည် အနားယူလျက် ရှိခဲ့သည်။ ထိုအချိန်က ကမ္ဘာမြေကြီးပေါ်တွင် လူသားများ သို့မဟုတ် အခြားမည်သည့်အရာမျှ မရှိခဲ့သကဲ့သို့၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။