စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်

သင်တို့အားလုံးသည် စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းတို့အလယ်တွင် ရှိကြ၏။ စစ်ဆေးခြင်းအတွင်းတွင် သင်သည် ဘုရားသခင်ကို အဘယ်သို့ ချစ်သင့်သနည်း။ စစ်ဆေးခြင်းကို ကြုံတွေ့ပြီးနောက်၊ လူတို့သည် ဘုရားသခင်ထံ စစ်မှန်သော ချီးမွမ်းခြင်းကို ဆက်ကပ်နိုင်ပြီး၊ စစ်ဆေးခြင်း အလယ်တွင် ၎င်းတို့ အလွန်ပင် ချို့တဲ့ကြသည်ကို မြင်နိုင်ကြသည်။ သင်၏ စစ်ဆေးခြင်း ကြီးမားလေလေ၊ သင်သည် ဇာတိပကတိကို စွန့်လွှတ်ရန် တတ်စွမ်းနိုင်လေလေ ဖြစ်သည်။ လူတို့၏ စစ်ဆေးခြင်း ကြီးမားလေလေ၊ ဘုရားသခင်အတွက် ၎င်းတို့၏ ချစ်ခြင်းမေတ္တာ ကြီးမားလေလေ ဖြစ်သည်။ ဤသည်မှာ သင် နားလည်သင့်သည့်အရာ ဖြစ်သည်။ လူတို့ အဘယ်ကြောင့် စစ်ဆေးခြင်းခံရမည်နည်း။ မည်သည့်အကျိုးသက်ရောက်မှုကို ရရှိရန် ထိုစစ်ဆေးခြင်းက ရည်ရွယ်သနည်း။ လူသား၌ ဘုရားသခင်၏ စစ်ဆေးခြင်းအမှု၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ရှာဖွေလျှင်၊ အတိုင်းအတာတစ်ခုအထိ သူ၏ စစ်ဆေးခြင်းကို ကြုံတွေ့ခံစားပြီးနောက် ယင်းသည် အလွန့်အလွန် ကောင်းမွန်ပြီး အဆုံးစွန် လိုအပ်မှုဖြစ်သည်ကို သင် ခံစားရလိမ့်မည်။ စစ်ဆေးခြင်း အတောအတွင်းတွင် လူသားသည် ဘုရားသခင်ကို မည်သို့ ချစ်သင့်သနည်း။ ဘုရားသခင်၏ စစ်ဆေးခြင်းကို လက်ခံဖို့ ကိုယ်တော့်ကို ချစ်ရန်သန္နိဌာန်ကို အသုံးပြုခြင်းဖြင့်- စစ်ဆေးခြင်းအတောအတွင်းတွင် သင်သည် ဓားတစ်လက်က သင်၏ နှလုံးသားကို မွှေနှောက်လျက်ရှိသကဲ့သို့ အတွင်းပိုင်း၌ ညှဉ်းဆဲ ခံရသော်လည်း၊ သင်သည် ဘုရားသခင်ကို ချစ်သည့် သင်၏နှလုံးသားကို အသုံးပြုလျက် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် လိုလိုလားလားရှိနေပြီး၊ ဇာတိပကတိကို ဂရုစိုက်ရန် လိုလိုလားလား ရှိမနေပေ။ ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်းအား လက်တွေ့လုပ်ဆောင်ခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ သင်သည် အတွင်းပိုင်းကို နာကျင်နေပြီး သင်၏ ဆင်းရဲဒုက္ခခံစားမှုသည် အတိုင်းအတာတစ်ခုထိ ရောက်ရှိပြီးဖြစ်သော်လည်း၊ သင်သည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာရန် ဆန္ဒရှိဆဲဖြစ်ကာ၊ “အိုး ဘုရားသခင်။ ကျွန်ုပ်သည် ကိုယ်တော်ကို မစွန့်ခွာနိုင်ပါ။ ကျွန်ုပ်အတွင်းတွင် မှောင်မိုက်သော်လည်း ကိုယ်တော်ကို ကျေနပ်စေရန် ဆန္ဒရှိပါသည်။ ကိုယ်တော်သည် ကျွန်ုပ်၏ နှလုံးသားကို သိပြီး၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်အထဲတွင် ပို၍မြှုပ်နှံစေလိုပါ၏” ဟု ဆိုလျက်၊ ဆုတောင်းသည်။ ဤအရာကို စစ်ဆေးခြင်း အတောအတွင်းတွင် လက်တွေ့လုပ်ဆောင်မှု ဖြစ်လေသည်။ သင်သည် ဘုရားသခင်ကို ချစ်ခြင်းအား အခြေခံအုတ်မြစ်အဖြစ် အသုံးပြုလျှင် စစ်ဆေးခြင်းသည် သင့်ကို ဘုရားသခင်နှင့် ပိုနီးစပ်အောင် ဆောင်ကြဉ်း သွားနိုင်ပြီး ဘုရားသခင်နှင့် သာ၍ ရင်းနှီးစေနိုင်၏။ ဘုရားသခင်ကို သင် ယုံကြည်သည့်အတွက်၊ သင်၏နှလုံးသားကို ဘုရားသခင်ထံ သင် လွှဲပြောင်းပေးအပ်ရမည်။ အကယ်၍ သင်သည် သင်၏နှလုံးသားကို ဘုရားသခင် ရှေ့မှောက်တွင် ဆက်ကပ်ပြီး ချခင်းထားပါက၊ စစ်ဆေးခြင်း အတောအတွင်းတွင် ဘုရားသခင်ကို ငြင်းပယ်ရန် သို့မဟုတ် ဘုရားသခင်ကို စွန့်ခွာရန်မှာ သင့်အတွက် မဖြစ်နိုင်ပေ။ ဤနည်းဖြင့်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ယခင်ထက် သာ၍ နီးကပ်လာမည် ဖြစ်ပြီး၊ ယခင်ထက် သာ၍ ပုံမှန်ဖြစ်လာလိမ့်မည် ဖြစ်ကာ၊ ဘုရားသခင်နှင့် သင်၏ မိတ်သဟာယဖွဲ့ခြင်းသည် ယခင်ထက်သာ၍ ကြိမ်ဖန် များလာလိမ့်မည် ဖြစ်သည်။ သင်သည် ဤနည်းလမ်းဖြင့် အမြဲ လက်တွေ့လုပ်ဆောင်ပါက၊ ဘုရားသခင်၏အလင်း၌ ပို၍ အချိန်ကုန်ဆုံးလိမ့်မည် ဖြစ်ပြီး၊ သူ၏နှုတ်ကပတ်တော်၏ လမ်းပြမူအောက်တွင် ပို၍ အချိန်ကုန်ဆုံး လိမ့်မည် ဖြစ်သည်။ သင်၏ စိတ်သဘောထားတွင်လည်း ပို၍ ပို၍ အပြောင်းအလဲများ ရှိလိမ့်မည်ဖြစ်ပြီး၊ သင်၏ အသိပညာသည် တစ်နေ့ထက် တစ်နေ့ တိုးပွားလိမ့်မည်။ ဘုရားသခင်၏ စမ်းသပ်မှုများ သင့်အပေါ် ရုတ်တရက် ကျရောက်သည့် ရက် ရောက်လာသည့်အခါတွင်၊ သင်သည် ဘုရားသခင် ဘက်တွင် ရပ်တည်ပေးနိုင်လိမ့်မည် ဖြစ်ရုံသာမက၊ ဘုရားသခင်ကိုလည်း သက်သေခံနိုင်လိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်၊ သင်သည် ယောဘနှင့် ပေတရုကဲ့သို့ ဖြစ်မည်။ ဘုရားသခင်ကို သက်သေခံရင်း၊ သင်သည် သူ့ကို အမှန်တကယ် ချစ်လိမ့်မည်ဖြစ်ပြီး သူ့အတွက် သင့်အသက်ကို ဝမ်းမြောက်စွာ စွန့်လွှတ်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ သက်သေဖြစ်ကာ ဘုရားသခင် ချစ်သောသူတစ်ဦး ဖြစ်လိမ့်မည်။ စစ်ဆေးခြင်းကို ကြုံတွေ့ခံစားရပြီးဖြစ်သည့် ချစ်ခြင်းမေတ္တာသည် အားနည်းခြင်းမရှိဘဲ၊ သန်မာလေသည်။ ဘုရားသခင်က သင့်ကို သူ၏ စမ်းသပ်မှုများအား မည်သည့်အချိန် သို့မဟုတ် မည်သို့ ခံစားစေသည်ကို ပဓာနမထားဘဲ၊ သင် ရှင်မည်လား သေမည်လားဆိုသည်နှင့်ပတ်သက်၍ သင်၏စိုးရိမ်ပူပန်မှုများကို စွန့်လွှတ်နိုင်သည်၊ ဘုရားသခင်အတွက် အရာရာကို ဝမ်းမြောက်စွာ ဘေးဖယ်ထားနိုင်၍ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို ပျော်ရွှင်စွာ သည်းခံနိုင်လေသည်- ထိုသို့ဖြင့် သင်၏ချစ်ခြင်းမေတ္တာသည် ဖြူစင်ပြီး သင်၏ ယုံကြည်ခြင်းသည် စစ်မှန်လိမ့်မည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်၏ အမှန်တကယ် ချစ်ခြင်းခံရသောသူနှင့် ဘုရားသခင်၏ စုံလင်စေခြင်းကို အမှန်တကယ် ခံရသောသူတစ်ဦး ဖြစ်လိမ့်မည်။

လူတို့သည် စာတန်၏ လွှမ်းမိုးမူအောက်သို့ ကျရောက်ပါက၊ ၎င်းတို့အတွင်းတွင် ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ မရှိကြသကဲ့သို့၊ ၎င်းတို့၏ ယခင်က ရူပါရုံများ၊ ချစ်ခြင်းမေတ္တာနှင့် သန္နိဌာန်တို့ ကွယ်ပျောက်ကြပြီး ဖြစ်သည်။ လူတို့က ၎င်းတို့အနေဖြင့် ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံစားသင့်သည်ဟု တွေးထင်လေ့ရှိခဲ့ကြသော်လည်း၊ ယနေ့တွင် ထိုသို့လုပ်ဆောင်ခြင်းက အရှက်ရစရာဖြစ်သည်ဟု ၎င်းတို့ထင်ကြပြီး ၎င်းတို့တွင် ညည်းညူခြင်းများက ပြတ်လပ်မသွားပေ။ ဤသည်မှာ စာတန်၏အလုပ်၊ လူသားသည် စာတန်၏ အုပ်စိုးမှုအောက် ကျရောက်ပြီး ဖြစ်သည့် လက္ခဏာဖြစ်သည်။ သင်သည် ဤအခြေအနေနှင့် ကြုံရပါက၊ ဆုတောင်းရမည်ဖြစ်ပြီး၊ သင် တတ်နိုင်သမျှမြန်မြန် ပြန်လှည့်ရမည်ဖြစ်သည်- ဤအရာက စာတန်၏ တိုက်ခိုက်မှုများမှ သင့်ကို ကွယ်ကာပေးမည် ဖြစ်သည်။ လူသားသည် စာတန်၏ လွှမ်းမိုးမူအောက်သို့ အလွယ်ဆုံး ကျရောက်နိုင်သည်မှာ ခါးသီးသော စစ်ဆေးမှု အတောအတွင်းတွင် ဖြစ်သည်၊ ထို့ကြောင့် ထိုသို့စစ်ဆေးခြင်း အတောအတွင်းတွင် သင်သည် ဘုရားသခင်ကို မည်သို့ ချစ်သင့်သနည်း။ သင်သည် သင်၏ စိတ်နှလုံးကို ဘုရားသခင်၏ ရှေ့မှောက်တွင် ချထားရင်းနှင့် သင်၏ နောက်ဆုံးအချိန်ကို သူ့ထံ ဆက်ကပ်ရင်း၊ သင်၏ စိတ်စွမ်းအားကို လှုံ့ဆော်သင့်ပေသည်။ ဘုရားသခင်က သင့်ကို မည်သို့ စစ်ဆေးသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် သမ္မာတရားကို လက်တွေ့ လုပ်ဆောင်နိုင်သင့်ပြီး ဘုရားသခင်ကို ရှာဖွေရန်နှင့် မိတ်သဟာယဖွဲ့ခြင်းကို ရှာဖွေရန် သင်ကိုယ်တိုင် လုပ်ဆောင်သင့်သည်။ ဤသို့သောအချိန်များတွင် သင်သည် မတုန်မလှုပ် ဖြစ်လေလေ အပျက်သဘောဆောင်လာလေ ဖြစ်လိမ့်မည်ဖြစ်ပြီး သင့်အတွက် ဆုတ်ယုတ်ဖို့ ပိုလွယ်ကူလေလေ ဖြစ်လိမ့်မည်။ သင်၏ လုပ်ငန်းတာဝန်ကို သင်ထမ်းဆောင်ဖို့ လိုအပ်သည့်အခါ၊ သင်သည် ကောင်းစွာ မထမ်းဆောင်သော်လည်း၊ သင် တတ်နိုင်သမျှ လုပ်ဆောင်ပြီး ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းထက် မည်သည့်အရာကိုမျှ မသုံးဘဲ ထိုသို့ လုပ်ဆောင်၏။ အခြားလူများ မည်သည့်အရာ ပြောသည်ဖြစ်စေ- သင်သည် ကောင်းစွာ လုပ်ဆောင်ခဲ့သည် သို့မဟုတ် သင်သည် ဆိုးရွားစွာ လုပ်ဆောင်ခဲ့သည်ဟု ၎င်းတို့ ပြောကြသည်ဖြစ်စေ- သင်၏ ရည်ရွယ်ချက်များသည် မှန်ကန်ပြီး သင်သည် ဘုရားသခင်ကိုယ်စား ပြုမူနေသည့်အတွက် မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူခြင်းမရှိပေ။ အခြားသူများက သင့်ကို နားလည်မှုလွဲသောအခါ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး၊ “အိုး ဘုရားသခင်။ အခြားသူများက အကျွန်ုပ်ကို သည်းခံဖို့၊ သို့မဟုတ် ကျွန်ုပ်ကို ကောင်းကောင်း ဆက်ဆံဖို့ ကျွန်ုပ် မတောင်းဆိုသကဲ့သို့၊ ၎င်းတို့ ကျွန်ုပ်ကို နားလည်ဖို့ သို့မဟုတ် လက်ခံဖို့ ကျွန်ုပ် မတောင်းဆိုပါ။ ကျွန်ုပ်၏ နှလုံးသားထဲတွင် ကိုယ်တော့်ကို ချစ်နိုင်ဖို့၊ ကျွန်ုပ်၏ နှလုံးသားထဲတွင် ငြိမ်းငြိမ်းချမ်းချမ်းရှိဖို့နှင့် ကျွန်ုပ်၏ လိပ်ပြာသန့်နိုင်ဖို့သာ ကျွန်ုပ်တောင်းဆိုပါ၏။ အခြားသူများက ကျွန်ုပ်ကို ချီးကျူးဖို့၊ သို့မဟုတ် ကျွန်ုပ်ကို အထင်ကြီးလေးစားဖို့ ကျွန်ုပ် မတောင်းဆိုပါ။ ကျွန်ုပ်နှလုံးသားမှ ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့သာ အကျွန်ုပ် ကြိုးစားပါသည်။ ကျွန်ုပ် တတ်နိုင်သမျှ လုပ်ဆောင်ခြင်းအားဖြင့် ကျွန်ုပ်၏အခန်းကဏ္ဍကို ကျွန်ုပ်ထမ်းဆောင်ပြီး၊ အကျွန်ုပ်သည် မိုက်မဲသောသူ၊ စဉ်းစားဉာဏ်မရှိသောသူ၊ အရည်အချင်း ညံ့ဖျင်းသောသူနှင့် မျက်စိကန်းသောသူ ဖြစ်သော်လည်း၊ ကိုယ်တော်သည် ချစ်ခင်နှစ်လိုဖွယ်ကောင်းသည်ကို ကျွန်ုပ်သိပြီး၊ ကျွန်ုပ်၌ ရှိသမျှအားလုံးကို ကိုယ်တော်ထံ ဆက်ကပ်ဖို့ ဆန္ဒရှိပါသည်” ဟု ဆိုနိုင်စွမ်း ရှိပေသည်။ ဤနည်းဖြင့် သင်ဆုတောင်းသည်နှင့် တစ်ပြိုင်နက်၊ ဘုရားသခင်အတွက် သင်၏ ချစ်ခြင်းမေတ္တာသည် ထွက်ပေါ်လာပြီး သင်၏စိတ်နှလုံးထဲတွင် သာ၍များစွာ စိတ်သက်သာရာ ရလေသည်။ ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်းအား လုပ်တွေ့လုပ်ဆောင်ခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ သင်ကြုံတွေ့သည်နှင့်အညီ၊ သင်သည် နှစ်ကြိမ်ကျရှုံးပြီး တစ်ကြိမ် အောင်မြင်လိမ့်မည်၊ သို့မဟုတ်ပါက ငါးကြိမ် ကျရှုံးပြီး နှစ်ကြိမ် အောင်မြင်လိမ့်မည် ဖြစ်ကာ ဤနည်းလမ်းဖြင့် သင်ကြုံတွေ့သည်နှင့်အမျှ၊ ကျရှုံးခြင်းအလယ်၌သာ သင်သည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို တွေ့မြင်နိုင်လိမ့်မည် ဖြစ်ပြီး သင့်အတွင်းတွင် မည်သည့်အရာချို့တဲ့နေသည်ကို ရှာဖွေတွေ့ရှိနိုင်ပေမည်။ ထိုသို့ အခြေအနေများနှင့် နောက်တစ်ကြိမ် သင်ကြုံသောအခါတွင်၊ သင်သည် မိမိကိုယ်ကိုယ် သတိပေးသင့်သည်၊ သင်၏ ခြေလှမ်းများကို ချုပ်တည်းသင့်ပြီး၊ မကြာခဏ ပို၍ ဆုတောင်းသင့်သည်။ သင်သည် ထိုသို့သော အခြေအနေများတွင် အောင်မြင်နိုင်စွမ်း တဖြည်းဖြည်း တိုးတက်လာလိမ့်မည်။ ထိုအရာ ဖြစ်ပျက်သောအခါ သင်၏ဆုတောင်းခြင်းများသည် ထိရောက်လေပြီ ဖြစ်သည်။ ဤအကြိမ်တွင် သင်အောင်မြင်ပြီး ဖြစ်သည်ကို သင်မြင်သောအခါ၊ အတွင်းတွင် သင် အားရကျေနပ်မည် ဖြစ်ပြီး၊ သင် ဆုတောင်းသောအခါ ဘုရားသခင်ကို သင်ခံစားနိုင်မည် ဖြစ်ကာ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်က သင့်ကို မစွန့်ခွာသည်ကို သင်ခံစားရမည်- ထိုအခါမှသာ သင့်အတွင်းတွင် ဘုရားသခင် မည်သို့ အမှုပြုသည်ကို သင်သိလိမ့်မည်။ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် သင့်ကို ကြုံတွေ့ခြင်းဆီသို့ လမ်းကြောင်းတစ်ခု သင့်အား ပေးလိမ့်မည်။ သင်သည် သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်ပါက၊ သင့်အတွင်းတွင် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်မရှိဘဲ ဖြစ်လိမ့်မည်။ သို့ရာတွင် သင်သည် အမှုအရာများကို အဖြစ်ကို အဖြစ်အတိုင်း ကြုံတွေ့ရသည့် အချိန်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပါက၊ သင်သည် အတွင်း၌ နာကျင်သော်လည်း၊ နောက်ပိုင်းတွင် သန့်ရှင်းသောဝိညာဉ်တော်သည် သင်နှင့်အတူ ရှိမည်ဖြစ်သည်၊ သင်ဆုတောင်းသောအခါ ဘုရားသခင်၏ မျက်မှောက်ကို သင်ခံစားနိုင်လိမ့်မည်၊ ဘုရားသခင်၏ နူတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် သင် ခွန်အားရှိမည် ဖြစ်ပြီး၊ သင်၏ ညီအစ်ကို မောင်နှမများနှင့် မိတ်သဟာယဖွဲ့စဉ် သင်၏ အသိစိတ်အပေါ် ဖိစီးသည့် မည်သည့်အရာမျှ မရှိဘဲ သင်သည် ငြိမ်သက်ခြင်း ခံစားရမည်ဖြစ်ပြီး၊ ဤနည်းဖြင့် သင်သည် ပြီးမြောက်ခဲ့သည့် အရာကို ဖော်ထုတ်နိုင်လိမ့်မည်ဖြစ်သည်။ အခြားသူများ မည်သည့်အရာ ပြောကြသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးတစ်ခု ရှိနိုင်လိမ့်မည်၊ အခြားသူများအားဖြင့် ဘောင်ခတ်ခြင်း ခံရလိမ့်မည်မဟုတ်၊ သင်သည် အရာရာကို ကျော်လွှားနိုင်လိမ့်မည်ဖြစ်ပြီး- ဤအရာတွင်၊ ဘုရားသခင်၏ နူတ်ကပတ်တော်များကို သင် လက်တွေ့လုပ်ဆောင်ခြင်းသည် ထိရောက်မှုရှိသည်ကို သင်သည် ထင်ရှားစေလိမ့်မည်။

ဘုရားသခင်၏ စစ်ဆေးခြင်း ကြီးမားလေလေ၊ လူတို့၏ နှလုံးသားများသည် ဘုရားသခင်ကို ချစ်နိုင်လေလေ ဖြစ်၏။ ၎င်းတို့ စိတ်နှလုံးထဲရှိ ညှဉ်းပန်းနှိပ်စက်မှုသည် ၎င်းတို့၏အသက်များ အတွက် အကျိုးရှိသည်၊ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် သာ၍ ငြိမ်သက်ခြင်း ရှိနိုင်ကြသည်၊ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည် သာ၍နီးစပ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ အထွတ်အထိပ် ချစ်ခြင်းမေတ္တာနှင့် သူ၏ အမြင့်မားဆုံးသော ကယ်တင်ခြင်းကို သာ၍ကောင်းစွာ မြင်နိုင်ကြလေသည်။ ပေတရုသည် စစ်ဆေးခြင်းကို အကြိမ်ရာချီ ကြုံတွေ့ခဲ့သကဲ့သို့၊ ယောဘသည်လည်း စစ်သပ်ခြင်းအချို့ကို ဖြတ်သန်း ခဲ့ရသည်။ သင်တို့သည် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရရန် ဆန္ဒရှိပါက၊ သင်တို့သည်လည်း စစ်ဆေးခြင်းကို အကြိမ်ရာချီ ကြုံရမည်ဖြစ်သည်။ ဤဖြစ်စဉ်ကို သင်တို့ ဖြတ်သန်းပြီး ဤအဆင့်ပေါ်တွင် အားထားမှသာလျှင်၊ သင်သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနိုင်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရလိမ့်မည် ဖြစ်သည်။ စစ်ဆေးခြင်းသည် လူတို့ကို ဘုရားသခင် စုံလင်စေသည့် အကောင်းဆုံး နည်းလမ်းဖြစ်၏။ စစ်ဆေးခြင်းနှင့် ခါးသီးသော စမ်းသပ်ခြင်းများသည်သာ လူတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဖော်ထုတ်ပေးနိုင်သည်။ အခက်အခဲမရှိဘဲ၊ လူတို့သည် ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်း ကင်းမဲ့သည်။ အတွင်း၌ ၎င်းတို့ စမ်းသပ်မခံရပါက၊ စစ်ဆေးခြင်းကို အမှန်တကယ် ခံရခြင်းမရှိပါက၊ ၎င်းတို့၏စိတ်နှလုံးများသည် ပြင်ပဝန်းကျင်တွင် ရောက်ရာပေါက်ရာသွားလိမ့်မည်။ အတိုင်းအတာ တစ်ခုအထိ စစ်ဆေးခြင်းခံရပြီးနောက်၊ သင်သည် သင်ကိုယ်တိုင်၏ အားနည်းချက်များနှင့် အခက်အခဲများကို မြင်ရလိမ့်မည်၊ သင်မည်မျှ ချို့တဲ့နေပြီး၊ သင်ကြုံရသည့် ပြဿနာများစွာကို သင်မနိုင်သည်ကို မြင်ရလိမ့်မည်ဖြစ်ကာ၊ သင်၏မနာခံမှု မည်မျှ ကြီးမားသည်ကို သင်မြင်ရလိမ့်မည်။ လူတို့သည် စမ်းသပ်မှုများအတွင်း၌သာ မိမိတို့၏ စစ်မှန်သော အခြေအနေများကို အမှန်တကယ် သိနိုင်ကြသည်။ စမ်းသပ်မှုများက လူတို့ကို ပိုမိုကောင်းမွန်စွာ စုံလင်ခြင်းခံရနိုင်စေသည်။

သူ၏ တစ်သက်တာအတွင်းတွင်၊ ပေတရုသည် စစ်ဆေးခြင်းကို အကြိမ်ရာချီ ကြုံတွေ့ခဲ့ပြီး နာကျင်စရာ ဒုက္ခသုက္ခများစွာကို ကြုံခဲ့ရသည်။ ဤစစ်ဆေးခြင်းသည် ဘုရားသခင်ကို သူ၏ အထွတ်အထိပ် ချစ်ခြင်းအတွက် အခြေခံအုတ်မြစ်ဖြစ်လာခဲ့သကဲ့သို့ သူ၏ အသက်တာတစ်ခုလုံး၏ အရေးပါဆုံးသော အတွေ့အကြုံလည်း ဖြစ်လာခဲ့သည်။ ဘုရားသခင်ကို အထွတ်အထိပ် ချစ်ခြင်းမေတ္တာ သူပိုင်ဆိုင်နိုင်ခဲ့သည်မှာ တစ်နည်းအားဖြင့် ဘုရားသခင်ကို ချစ်ဖို့ သူ၏သန္နိဋ္ဌာန်ကြောင့်ဖြစ်သည်။ သို့သော်၊ ပို၍အရေးကြီးသည်မှာ သူကြုံခဲ့ရသည့် စစ်ဆေးခြင်းနှင့် ဆင်းရဲဒုက္ခကြောင့် ဖြစ်သည်။ ဤဆင်းရဲဒုက္ခသည် ဘုရားသခင်ကို ချစ်ခြင်းလမ်းကြောင်းပေါ် သူ၏လမ်းပြဖြစ်လာခဲ့ပြီး၊ သူ့အဖို့ အမှတ်ရဆုံးအရာ ဖြစ်လာခဲ့သည်။ လူတို့သည် ဘုရားသခင်ကို ချစ်သောအခါ၌ စစ်ဆေးခြင်း၏ နာကျင်မှုကို မကြုံရပါက၊ ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည် မစင်ကြယ်မှုများနှင့် ၎င်းတို့၏ ဦးစားပေးမှုများဖြင့် ပြည့်နေသည်၊ ဤသို့သောချစ်ခြင်းတွင် စာတန်၏ စိတ်ကူးများ ပြည့်နေပြီး၊ အခြေခံအားဖြင့် ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းပေးနိုင်ပေ။ ဘုရားသခင်ကိုချစ်ရန် သန္နိဌာန်ရှိခြင်းသည် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းနှင့် မတူပေ။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့ စဉ်းစားသည့် အရာများအားလုံးသည် ဘုရားသခင်ကို ချစ်ခြင်းနှင့် ကျေနပ်စေခြင်းအတွက် ဖြစ်သော်လည်း၊ ၎င်းတို့၏ အတွေးများက ဘုရားသခင်ကို လုံးဝ ဆက်ကပ်အပ်နှံပြီး မည်သည့်လူသားစိတ်ကူးမျှ လုံးဝမရှိသည့်ပုံရသော်လည်း၊ ၎င်းတို့၏ အတွေးများ ဘုရားသခင်ရှေ့မှောက်သို့ ယူဆောင်ခံရသောအခါတွင်၊ ဘုရားသခင်သည် ထိုသို့သောအတွေးများကို မချီးကျူးပေ သို့မဟုတ် ကောင်းချီးမပေးပေ။ လူများသည် သမ္မာတရားများ အားလုံးကို အပြည့်အဝ နားလည်သောအခါ၌ပင်- ထိုအရာအားလုံးကို ၎င်းတို့သိလာသောအခါ၌ပင်- ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်း လက္ခဏာဖြစ်သည်ဟု ပြော၍မရသကဲ့သို့၊ ဤလူတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်သည်ဟု ပြော၍မရပေ။ စစ်ဆေးခြင်းမကြုံရဘဲ သမ္မာတရားများစွာကို နားလည်ခြင်းရှိသော်လည်း၊ လူတို့သည် ဤသမ္မာတရားများကို လက်တွေ့လုပ်ဆောင်ရန် တတ်စွမ်းနိုင်ခြင်းမရှိကြချေ။ စစ်ဆေးခြင်းအတောအတွင်း၌သာ လူများသည် ဤသမ္မာတရားများ၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်နိုင်သည်၊ ထိုအခါမှသာ လူတို့သည် ထိုသမ္မာတရားများ၏ အတွင်းပိုင်းအဓိပ္ပာယ်ကို စစ်မှန်စွာ သဘောပေါက်နိုင်သည်။ ထိုအချိန်တွင် ၎င်းတို့ တစ်ဖန် ကြိုးစားကြသောအခါ၊ သမ္မာတရားများကို မှန်ကန်စွာနှင့် ဘုရားသခင်၏ အလိုတော်နှင့်အညီ ၎င်းတို့ လက်တွေ့ လုပ်ဆောင်နိုင်ကြလေသည်။ ထိုအချိန်တွင်၊ ၎င်းတို့၏ လူ့စိတ်ကူးများ နည်းပါးလာသည်၊ ၎င်းတို့၏ လူ့ဖောက်ပြန်ပျက်စီးခြင်း လျော့နည်းသွားပြီး၊ ၎င်းတို့၏ လူ့စိတ်ခံစားမှုတို့သည်လည်း လျော့သွားလေသည်။ ထိုအချိန်မှသာလျှင် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုသည် ဘုရားသခင်ကို ချစ်ခြင်း၏ စစ်မှန်သော သရုပ်သကန် ဖြစ်လေသည်။ ဘုရားသခင်ကို ချစ်ခြင်းနှင့်ဆိုင်သည့် သမ္မာတရား၏ အကျိုးသက်ရောက်မှုကို နှုတ်ပြောအသိပညာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ လိုလားမှုတို့မှတစ်ဆင့် မရရှိသကဲ့သို့၊ ထိုသမ္မာတရားကို သိနားလည်ခြင်း သက်သက်အားဖြင့် မရရှိနိုင်ပေ။ ယင်းသည် လူတို့က အဖိုးအခပေးဖို့ လိုအပ်သည်၊ ၎င်းတို့အနေဖြင့် စစ်ဆေးခြင်းအတောအတွင်းတွင် များစွာသော ခါးသီးမှုကို ကြုံရန် လိုအပ်ပြီး၊ ထိုအခါမှသာ ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည် ဖြူစင်လာလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်လိမ့်မည် ဖြစ်သည်။ လူသားက သူ့ကို ချစ်ရန်ဖြစ်သည့် သူ၏သတ်မှတ်ချက်တွင်၊ ဘုရားသခင်သည် လူသားကို သူ့အား ချစ်ဇောဟုန် သို့မဟုတ် မိမိ၏ ကိုယ်ပိုင်လိုအင်ဆန္ဒကို အသုံးပြုခြင်းဖြင့် ချစ်ရန် မတောင်းဆိုပေ။ သူ့ကို အစေခံရန် သစ္စာရှိခြင်းနှင့် သမ္မာတရားကို အသုံးပြုခြင်းမှတစ်ဆင့်သာ၊ လူသားသည် သူ့ကို စစ်မှန်စွာ ချစ်နိုင်ပေသည်။ သို့သော်လည်း လူသားသည် ဖောက်ပြန်ပျက်စီးခြင်းအလယ် အသက်ရှင်သောကြောင့်၊ ဘုရားသခင်ကို အစေခံရန် သမ္မာတရားနှင့် သစ္စာရှိခြင်းတို့ကို အသုံးပြုနိုင်စွမ်းမရှိပေ။ သူသည် ဘုရားသခင်နှင့်ပတ်သက်၍ အလွန်အမင်း ချစ်ဇောဟုန်ပြင်းပြသည်၊ သို့မဟုတ် အလွန်အမင်း ဖော်ရွေမှုကင်းပြီး ဂရုစိုက်ခြင်းမရှိပေ။ သူသည် ဘုရားသခင်ကို အစွန်းရောက် ချစ်တတ်သည်၊ သို့မဟုတ် အစွန်းရောက် သူ့ကို စက်ဆုပ်တတ်လေသည်။ ဖောက်ပြန်ပျက်စီးခြင်းအလယ် အသက်ရှင်သောသူတို့သည် မိမိတို့ကိုယ်တိုင်၏ လိုအင်ဆန္ဒဖြင့် အမြဲအသက်ရှင်သော်လည်း၊ မိမိတို့ မှန်ကန်သည်ဟု ယုံကြည်ကြလျက်၊ ဤအစွန်းရောက်မှုနှစ်ခုကြားတွင် အမြဲ အသက်ရှင်ကြလေသည်။ ငါသည် ဤအရာကို အကြိမ်ကြိမ် ပြောဆိုပြီး ဖြစ်သော်လည်း၊ လူတို့သည် ဤအရာကို အလေးအနက် ခံယူရန် မတတ်စွမ်းနိုင်ကြ၊ ယင်း၏ အရေးပါမှုကို အကုန်အစင် နားလည်ခြင်းငှာ ၎င်းတို့ မတတ်စွမ်းနိုင်ကြပေ၊ ထို့ကြောင့် ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် လှည့်ဖြားခြင်းနှင့်ဆိုင်သည့် ယုံကြည်မှုကြား၊ မိမိတို့၏ ကိုယ်ပိုင် လိုအင်ဆန္ဒပေါ် အားထားသည့် ဘုရားသခင်ကို ချစ်ခြင်းနှင့်ဆိုင်သော လှည့်စားမှုတွင် အသက်ရှင်ကြလေသည်။ သမိုင်းတစ်လျှောက်တွင်၊ လူသားမျိုးနွယ်သည် တိုးတက်ပြီးဖြစ်ကာ ခေတ်များ ကုန်ဆုံးပြီးဖြစ်သည်နှင့်အမျှ၊ လူသားအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များသည် ယခင်ထက် ပို၍ မြင့်မားလာပြီး ဖြစ်ကာ၊ လူသားအနေဖြင့် သူ့အပေါ် အကြွင်းမဲ့ဖြစ်ရန် တိုး၍တိုး၍ သူတောင်းဆိုပြီးဖြစ်သည်။ သို့သော်လည်း၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် လူသား၏ အသိပညာသည် ပို၍ပို၍ မရေမရာနှင့် စိတ်ကူးသက်သက်ဖြစ်လာပြီး၊ တစ်ချိန်တည်းမှာပင် သူ၏ဘုရားသခင်ကို ချစ်ခြင်းသည် ပို၍ပို၍ မဖြူမစင် ဖြစ်လာပြီ ဖြစ်သည်။ လူသားသည် စာတန်အားဖြင့် ယခင်ကထက် ပို၍နက်ရှိုင်းစွာ ဖျက်ဆီးခြင်းခံလာရပြီ ဖြစ်သည့်အတွက်၊ လူသား၏ အခြေအနေနှင့် သူလုပ်ဆောင်သော အရာအားလုံးသည် ဘုရားသခင်၏ အလိုတော်နှင့် တိုး၍ သဘောကွဲလွဲလေသည်။ ဤအရာသည် ဘုရားသခင်အနေဖြင့် ပို၍များပြားပြီး ပို၍ကြီးမားသော ကယ်တင်ခြင်းအမှုကို လုပ်ဆောင်ရန် လိုအပ်ပေသည်။ လူသားသည် ဘုရားသခင်အပေါ် သူ၏ တောင်းဆိုမှုများကို တိုး၍ အတင်းတောင်းဆိုနေပြီး ဘုရားသခင်အပေါ် သူ၏ ချစ်ခြင်းသည် ယခင်ထက် လျော့နည်းလာနေလျက်ရှိသည်။ လူတို့သည် လူ့သဘာဝမရှိသည့် အသက်တာများကို အသက်ရှင်ရင်း၊ နာခံမှုမရှိ၊ သမ္မာတရားမရှိဘဲ အသက်ရှင်ကြ၏။ ၎င်းတို့သည် ဘုရားသခင်ကို ချစ်ခြင်း အနည်းငယ်မျှ မရှိသည်သာမက မနာခံခြင်းနှင့် ဆန့်ကျင်ခြင်းတို့ များပြားလျက်ရှိကြလေသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် အဆုံးစွန် ချစ်ခြင်းမေတ္တာရှိနှင့်ပြီး ဖြစ်သည်၊ ဘုရားသခင်အပေါ် မည်သို့မျှ ပို၍လိုက်လျောခြင်း မရှိနိုင်ကြတော့ဟု ၎င်းတို့ တွေးထင်ကြသော်လည်း၊ ဘုရားသခင်က ဤအရာကို ထိုသို့ မယုံကြည်ပေ။ သူ့အပေါ် လူသား၏ ချစ်ခြင်းသည် အဘယ်မျှ စွန်းထင်းသည် ဆိုသည်မှာ သူ့အတွက် လုံးဝရှင်းလင်းပြီး၊ လူသား၏ အလိုဖြည့်ခြင်းကြောင့် လူသားနှင့်သက်ဆိုင်သော သူ၏ အယူအဆကို ဘယ်သောအခါမျှ သူ မပြောင်းလဲသကဲ့သို့၊ ဆက်ကပ်မှု၏ရလဒ်အဖြစ် လူသား၏ စေတနာကိုလည်း ဘယ်သောအခါမျှ ကျေးဇူးမဆပ်ပေ။ လူသားနှင့် မတူဘဲ၊ ဘုရားသခင်သည် ခွဲခြားနိုင်၏- အဘယ်သူက သူ့ကို အမှန်တကယ် ချစ်ပြီး၊ အဘယ်သူက အမှန်တကယ် မချစ်သည်ကို သူသိကာ၊ လူသား၏ တဒင်္ဂ ရုတ်တရက်ဖြစ်သော ဆန္ဒကြောင့်၊ ကိုယ်တော်သည် စိတ်အားထက်သန်မှုဖြင့် မွှန်ထူကာ နစ်မျောသွားမည့်အစား၊ လူသားကို ၎င်း၏ အနှစ်သာရ၊ အပြုအမူများနှင့်အညီ သူဆက်ဆံလေသည်။ နောက်ဆုံးတွင်၊ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး၊ သူ၌ သူ့ဂုဏ်သိက္ခာ နှင့် ထိုးထွင်းသိမြင်မှုများ ရှိသည်။ နောက်ဆုံးတွင် လူသားသည် လူသားဖြစ်ပြီး၊ သမ္မာတရားနှင့် သဘောကွဲလွဲသည့်အခါ လူသား၏ ချစ်ခြင်းကြောင့် ဘုရားသခင် ဦးလှည့်မည် မဟုတ်ပေ။ ဆန့်ကျင်ဖက်အနေဖြင့်၊ သူသည် လူသားလုပ်ဆောင်သမျှ အားလုံးကို လျော်ကန်စွာ ဆက်ဆံလေသည်။

လူသား၏ အခြေအနေနှင့် ဘုရားသခင်အပေါ် လူသား၏ သဘောထားတို့နှင့် ရင်ဆိုင်ရလျက်၊ ဘုရားသခင်သည် သူနှင့် သက်ဆိုင်သည့် အသိပညာနှင့် သူ့အပေါ် နာခံခြင်း၊ ချစ်ခြင်းမေတ္တာနှင့် သက်သေခံခြင်း နှစ်ခုစလုံးတို့ကို လူသားအား ပိုင်ဆိုင်ခွင့်ပေးရင်း၊ အမှုသစ်ကို လုပ်ဆောင်ပြီးဖြစ်သည်။ ထို့ကြောင့်၊ လူသားသည် သူ့အပေါ် ဘုရားသခင်၏ စစ်ဆေးခြင်းအပြင်၊ သူ၏ တရားစီရင်ခြင်း၊ သူ့ကို ကိုင်တွယ်ခြင်းနှင့် ပြုပြင်ခြင်းတို့ကို ကြုံတွေ့ရမည်ဖြစ်သည်၊ ထိုအရာများမရှိဘဲ လူသားသည် ဘုရားသခင်ကို ဘယ်သောအခါမျှ သိမည်မဟုတ်သကဲ့သို့၊ ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းနှင့် သက်သေခံခြင်းတို့ ဘယ်သောအခါမျှ တတ်စွမ်းနိုင်လိမ့်မည် မဟုတ်ပေ။ လူသားအပေါ် ဘုရားသခင်၏ စစ်ဆေးခြင်းသည် တစ်ဖက်သတ် အကျိုးသက်ရောက်မှုအတွက်သာ မဟုတ်ဘဲ ရှုထောင့်များစွာ အကျိုးသက်ရောက်မှုအတွက် ဖြစ်သည်။ ဤနည်းအားဖြင့်သာ သမ္မာတရားကို ရှာဖွေရန် ဆန္ဒရှိသူများတွင် ဘုရားသခင်သည် ၎င်းတို့၏ သန္နိဋ္ဌာန်နှင့် ချစ်ခြင်းကို သူ့အားဖြင့် စုံလင်စေဖို့အလို့ငှာ စစ်ဆေးခြင်းအမှုကို လုပ်ဆောင်လေသည်။ သမ္မာတရားကို ရှာဖွေရန် လိုလားနေသူများနှင့် ဘုရားသခင်ကို တမ်းတသူများအဖို့ ဤသို့သော စစ်ဆေးခြင်းထက် မည်သည့်အရာမျှ ပို၍အဓိပ္ပာယ်မရှိ၊ သို့မဟုတ် ပို၍ကြီးမားသော အထောက်အပံ့မဖြစ်ပေ။ အဆုံးတွင် ဘုရားသခင်သည် ဘုရားသခင် ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ စိတ်သဘောထားကို လူသားက အလွန်လွယ်လင့်တကူ မသိ၊ သို့မဟုတ် နားမလည်ပေ။ အခြေခံအားဖြင့်၊ ဘုရားသခင်အတွက် လူသားကဲ့သို့ အလားတူ စိတ်သဘောထားရှိရန် မဖြစ်နိုင်သောကြောင့် လူသားအတွက် ဘုရားသခင်၏ စိတ်သဘောထားကို သိရှိရန် မလွယ်ကူပေ။ သမ္မာတရားကို လူသားက ပင်ကိုအားဖြင့် မပိုင်ဆိုင်သကဲ့သို့၊ စာတန်၏ ဖျက်ဆီးခြင်းခံရသော လူများက အလွယ်တကူ နားမလည်ပေ။ လူသားသည် သမ္မာတရား လုံးဝမရှိသကဲ့သို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သန္နိဋ္ဌာန် လုံးဝမရှိပေ။ ပြီးလျှင် သူသည် ဆင်းရဲဒုက္ခမခံစားရဘဲ အစစ်ဆေးမခံရသကဲ့သို့ တရားစီရင်ခြင်း မခံရပါက၊ သူ၏သန္နိဋ္ဌာန်သည် မည်သည့်အခါတွင်မျှ စုံလင်စေခြင်း ခံရမည်မဟုတ်ပေ။ လူများအားလုံးအတွက်၊ စစ်ဆေးခြင်းသည် ဝေဒနာပြင်းထန်ပြီး၊ လက်ခံရန် အင်မတန် ခက်ခဲသည်- သို့သော်လည်း ဘုရားသခင်သည် လူသားထံ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ပေါ်လွင်စေပြီး၊ လူသားအတွက် သူ၏သတ်မှတ်ချက်များကို လူသိရှင်ကြား ဖြစ်စေကာ၊ သာ၍ ဉာဏ်အလင်းပွင့်ခြင်းကို ပေးပြီး၊ သာ၍ စစ်မှန်သော ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ပေးသည်မှာ စစ်ဆေးခြင်း အတောအတွင်းတွင် ဖြစ်သည်။ အမှန်တရားများနှင့် သမ္မာတရားကြား နှိုင်းယှဉ်ခြင်းမှတစ်ဆင့်၊ သူသည် လူသားကို သူကိုယ်တိုင်နှင့်ဆိုင်သည့် သာ၍ ကြီးမားသော အသိပညာနှင့် သမ္မာတရားကို ပေးပြီး၊ ဘုရားသခင်၏ အလိုတော်နှင့်သက်ဆိုင်သော သာ၍ကြီးမားသည့် သိနားလည်ခြင်းကို လူသားအား ပေး၏၊ ထိုသို့ဖြင့် ဘုရားသခင်အပေါ် သာ၍စစ်မှန်ပြီး သာ၍ဖြူစင်သော ချစ်ခြင်းမေတ္တာရှိစေရန် လူသားကို အခွင့်ပေးလေသည်။ ယင်းမှာ စစ်ဆေးခြင်းကို ဆောင်ရွက်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်များ ဖြစ်သည်။ လူသား၌ ဘုရားသခင် လုပ်ဆောင်သည့် အမှုအားလုံးသည် ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် အရေးပါမှုတို့ရှိသည်။ ဘုရားသခင်သည် အဓိပ္ပာယ်မရှိသောအမှုကို မလုပ်ဆောင်သကဲ့သို့၊ လူသားအဖို့ အကျိုးမရှိသည့် အမှုကိုလည်း မလုပ်ဆောင်ပေ။ စစ်ဆေးခြင်းဟူသည်မှာ ဘုရားသခင် ရှေ့မှောက်မှ လူတို့အား ဖယ်ရှားခြင်းကို မဆိုလိုသကဲ့သို့၊ ၎င်းတို့ကို ငရဲတွင် ဖျက်ဆီးခြင်းကိုလည်း မဆိုလိုပေ။ ယင်းထက်၊ စစ်ဆေးခြင်း အတောအတွင်းတွင် လူသား၏ စိတ်သဘောထားကို ပြောင်းလဲခြင်း၊ သူ၏ ရည်ရွယ်ချက်များ၊ သူ၏ အမြင်ဟောင်းများကို ပြောင်းလဲခြင်း၊ ဘုရားသခင် အတွက် သူ၏ချစ်ခြင်းကို ပြောင်းလဲပေးခြင်းနှင့် သူ၏ဘဝတစ်ခုလုံး ပြောင်းလဲပေးခြင်းတို့ကို ဆိုလိုသည်။ စစ်ဆေးခြင်းသည် လူသားအား စစ်မှန်သော စစ်ဆေးမှုတစ်ခု ဖြစ်ပြီး၊ စစ်မှန်သော လေ့ကျင့်မှုပုံစံတစ်ခု ဖြစ်ကာ၊ စစ်ဆေးခြင်း အတောအတွင်းတွင်သာ သူ၏ချစ်ခြင်းမေတ္တာသည် ၎င်း၏ ပင်ကိုလုပ်ငန်းတာဝန်ကို ထမ်းဆောင်နိုင်ပေသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။