လိုက်လျှောက်အသက်ရှင်မှုကို အာရုံစူးစိုက်မှုရှိသူများသာ ပြီးပြည့်စုံမှုရရှိနိုင်မည်

နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် မိမိလုပ်ဆောင်စရာရှိသည့် အမှုအရာများကို လုပ်ဆောင်ရန်နှင့် သူ၏ နှုတ်ကပတ်တော် သာသနာလုပ်ငန်းကို ထမ်းဆောင်ရန် လူ့ဇာတိကို ခံယူခဲ့သည်။ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသောသူများကို ပြီးပြည့်စုံစေဖို့ရန်အလို့ငှာ လူသားများကြားတွင် သူကိုယ်တိုင် ဆင်းသက်လာခဲ့သည်။ ဖန်ဆင်းခြင်းကာလမှသည် ယနေ့ထိတိုင်အောင် ထိုကဲ့သို့ အမှုအရာကို နောက်ဆုံးသောကာလတွင်သာ လုပ်ဆောင်လျက်ရှိသည်။ နောက်ဆုံးသော ကာလတွင်သာ ဘုရားသခင်သည် ထိုကဲ့သို့ ကြီးမားသည့် အမှုအရာကို လုပ်ဆောင်သည်။ သူသည် လူ့အမြင်တွင် လွန်စွာခက်ခဲမည်ဟု ထင်ရသည့် အခက်အခဲများကို ကြံ့ကြံ့ခံနိုင်ခဲ့သော်လည်း၊ ကြီးမြတ်သည့် ဘုရားသခင် တစ်ပါးအနေနှင့် သာမန်လူသားတစ်ယောက်အဖြစ် ခံယူသည်အထိ နှိမ်ချမှု ရှိခဲ့သော်လည်း၊ ထိုအရာများကြောင့် သူ့အလုပ်၏ မည်သည့် သွင်ပြင်လက္ခဏာကမှ နှောင့်နှေးသွားခြင်းမရှိပေ။ သူ၏အစီအစဉ်များလည်း ရှုပ်ထွေးခြင်းသို့ မရောက်ခဲ့ပေ။ သူသည် မိမိ၏ မူရင်းအစီအစဉ်အတိုင်း လုပ်ဆောင်နေသည်။ လူ့ဇာတိကို ခံယူခြင်း၏ ရည်ရွယ်ချက်တစ်ခုမှာ လူသားများကို သိမ်းပိုက်ရန်ဖြစ်သည်။ အခြားရည်ရွယ်ချက် တစ်ခုမှာမူ သူချစ်သော သူများကို ပြီးပြည့်စုံစေရန်ဖြစ်သည်။ သူပြီးပြည့်စုံစေသော လူများကို သူ၏ မျက်စိနှင့် တပ်အပ်မြင်လိုသည့် စိတ်ဆန္ဒရှိသည်။ ပြီးလျှင် သူပြီးပြည့်စုံစေခဲ့သော လူများသည် သူ့အတွက် မည်ကဲ့သို့ သက်သေခံကြသည် ကိုလည်း တွေ့မြင်လိုသည်။ ပြီးပြည့်စုံစေမည့်သူများမှာ တစ်ယောက်တည်းသာမဟုတ်ပါ။ နှစ်ယောက်တည်း လည်း မဟုတ်ပါ။ အလွန်နည်းပါးသည့် လူနည်းစုတစ်စုဖြစ်သည်။ ထိုသူများသည် ကမ္ဘာ၏ နိုင်ငံအသီးသီးမှ လာကြသည်။ ကမ္ဘာအရပ်ရပ်မှလာသည့် နိုင်ငံသားအသီသီးတို့ ဖြစ်ကြသည်။ ဤမျှ များပြားသော အလုပ်ကို လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဤလူတစ်စုကို ရရှိဖို့ရန်၊ ဤလူတစ်စုမှ ဘုရားသခင်အတွက် သက်သေ ခံခြင်းများ ရှိလာဖို့ရန်နှင့် ဤလူတစ်စုအားဖြင့် ဘုရားသခင်၏ ဘုန်းတော် ထင်ရှားဖို့ရန်အတွက် ဖြစ်သည်။ ဘုရားသခင်သည် အဓိပ္ပါယ်မရှိသောအလုပ်ကို မလုပ်၊ တန်ဖိုးမရှိသည့် အလုပ်ကိုလည်း မလုပ်ပေ။ ဘုရား သခင်သည် များစွာသော အလုပ်ကို လုပ်ရခြင်း၏ ရည်မှန်းချက်မှာ သူပြီးပြည့်စုံစေလိုသော သူများကို ပြီးပြည့်စုံစေရန် ဖြစ်သည်ဟု ပြောနိုင်သည်။ မည်သည့် ပိုလျှံသော အချိန်တွင် ဘုရားသခင်သည် ဤဘောင်ကို ကျော်လွန်ခဲ့သနည်း။ ဆိုးယုတ်သောသူများကို သုတ်သင်ရှင်းလင်းမည်ဖြစ်သည်။ သူသည် ဤအလုပ်များကို လုပ်နေခြင်းမှာ ဆိုးယုတ်သောသူများအတွက် လုပ်ဆောင်နေခြင်းမဟုတ်ကြောင်း သိထားပါ။ ယင်းအစား သူ့အားဖြင့် ပြီးပြည့်စုံမှုကို ရရှိမည့် ထိုလူနည်းစုအတွက် သူ၏ အရာခပ်သိမ်းကို ပေးနေခြင်းဖြစ်သည်။ သူလုပ်ဆောင်ခဲ့သည့်အရာများ၊ သူမြွက်ဆိုခဲ့သည့်အရာများ၊ သူဖွင့်ပြခဲ့သည့် အံ့ဩဖွယ်ရာများနှင့် သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုများသည် ထိုလူနည်းစုတစ်စုအတွက်သာ ဖြစ်သည်။ ထိုဆိုးယုတ်သော သူများအတွက် လူ့ဇာတိခံယူခဲ့ခြင်း မဟုတ်ပါ။ ထိုသူများသည် ဘုရားသခင်၏ အမျက်ဒေါသကို ဆွသူများ မဟုတ်ပါသလော။ ဘုရားသခင်သည် ပြီးပြည့်စုံမှုကို ရရှိမည့် ထိုလူနည်းတစ်စုအတွက် သမ္မာတရားနှင့် ဝင်ရောက်ခြင်း အကြောင်းများကို ပြောကြားသည်။ ထိုလူများအတွက် လူ့ဇာတိကို ခံယူခဲ့သည်။ မိမိ၏ ကတိတော်နှင့် ကောင်းချီးမင်္ဂလာများကိုလည်း ထိုလူများအတွက် နှင်းအပ်သည်။ သမ္မာတရား၊ ဝင်ရောက် ခြင်းနှင့် လူ့သဘောသဘာဝထဲမှ အသက်အကြောင်း ပြောရာတွင် ထိုဆိုးယုတ်သော သူများအတွက် ပြောခြင်း မဟုတ်ပေ။ သူသည် ဆိုးယုတ်သောသူများနှင့် စကားပြောခြင်းကို ရှောင်ကြဉ်လို၍ သမ္မာတရား အားလုံးကို မိမိ ပြီးပြည့်စုံစေလိုသည့် သူများလက်ထဲသို့ နှင်းအပ်လိုသောသူ ဖြစ်သည်။ သို့သော် ဘုရားသခင်၏ လုပ်ဆောင်ချက်ထဲတွင် ဆိုးယုတ်သောသူများက ဘုရားသခင်၏ ကြွယ်၀ခြင်းကို ခဏတာ ခံစားခွင့်ရရန် လိုအပ်သည်။ သမ္မာတရားကို လိုက်လျှောက်ခြင်းမရှိသူ၊ ဘုရားသခင်ကို စိတ်ကျေနပ်မှု မပေးနိုင်သူနှင့်၊ ဘုရားသခင်ပြုသည့် အမှုကို နှောင့်ယှက်နေသော သူများသည် ဆိုးယုတ်သောသူများ ဖြစ်သည်။ ထိုသူများ သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်ပြီး ဘုရားသခင်၏ ငြင်းပယ်ခြင်းကို ခံရကာ၊ ပြီးပြည့်စုံမှုကိုလည်း ရရှိနိုင်မည် မဟုတ်ပေ။ အပြန်အလှန်အားဖြင့်၊ ဘုရားသခင်အားဖြင့် ပြီးပြည့်စုံမည့်သူများမှာမူ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ခြင်း ရှိသောသူများ၊ ဘုရားသခင်အား ကျေနပ်မှုရှိစေသော သူများနှင့် ဘုရားသခင်၏ အမှုတော် အတွက် မိမိတို့အသက်တာကို ဆက်ကပ်အပ်နှံထားသောသူများ ဖြစ်ကြသည်။ ဘုရားသခင် ပြီးပြည့်စုံ စေလိုသောသူများမှာ ထိုသူများအပြင် အခြားသူများမရှိပါ။ ဘုရားသခင် လုပ်ဆောင်နေသော အရာမှာလည်း ထိုသူများအတွက်သာ ဖြစ်သည်။ သူဟောကြားနေသည့် သမ္မာတရားမှာလည်း ယင်းကို လက်တွေ့လုပ်ဆောင် ကျင့်သုံးလိုသော ထိုသူများကို ရည်စူးပြောကြားနေခြင်း ဖြစ်သည်။ သမ္မာတရားကို လက်တွေ့ကျင့်သုံး လုပ်ဆောင်မှု မရှိသောသူများကို မပြောကြားလိုပေ။ ထိုးထွင်းဉာဏ် တိုးတက်လာခြင်းနှင့် အမြော်အမြင် ကြီးထွားလာခြင်းဟု ပြောရာတွင် အမှန်တရားကို လိုက်လျှောက် ကျင့်သုံးနိုင်သော သူများကို ရည်စူးပြောဆို နေခြင်းဖြစ်သည်။ ပြီးပြည့်စုံစေမည့် သူများဟုပြောရာတွင် ထိုကဲ့သို့သောသူများကို ပြောနေခြင်းဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် ထိုသူတို့ကို ဦးတည်လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဉာဏ်ပညာရှိခြင်းနှင့် လူ့သဘောသဘာဝရှိခြင်း တို့သည်လည်း သမ္မာတရားကို လိုက်လျှောက်ကျင့်သုံးသော သူများအတွက် ဖြစ်သည်။ သမ္မာတရားအတိုင်း လိုက်လျှောက်အသက်ရှင်ခြင်း မရှိသည့်သူများသည် သမ္မာ တရားများစွာကို ကြားနာခွင့်ရကာ နားလည်သော်လည်း ဆိုးယုတ်သောသူများ အကြားတွင် ရှိနေသည့် အားလျော်စွာ သိရှိနားလည်ထားသည့် သမ္မာတရားသည် အယူဝါဒ သဘောတရားနှင့် စကားလုံးများသာ ဖြစ်သွားကြသည်။ ၎င်းတို့စိတ်သဘောထားထဲတွင် ထူးခြားသည့် ပြောင်းလဲမှု တစ်စုံတစ်ရာမျှ မဖြစ်ပေါ် စေပေ။ ထိုကဲ့သို့သောသူများသည် ဘုရားသခင်အား သစ္စာမစောင့်ကြပေ။ ထိုသူများသည် ဘုရားသခင်ကို တွေ့သော်လည်း မရရှိကြ၊ ဘုရားသခင်၏ ပြစ်ပယ်ခြင်းခံရသူများဖြစ်သည်။

လူတစ်ဦးတစ်ယောက်ချင်းစီ၌ သန့်ရှင်းသော ဝိညာဉ်တော်သည် လျှောက်လှမ်း ရမည့် လမ်းကြောင်းရှိပြီး အယောက်စီတိုင်းကို စုံလင်စေခြင်း ခံရခွင့် ပေးသည်။ သင်၌ရှိသည့် အပျက်သဘောထားမှတစ်ဆင့် သင်ကိုယ်တိုင်၏ ပျက်စီးခြင်းကို သင့်ကို သိစေပြီး၊ ထိုအပျက်သဘောထားကို စွန့်လွှတ်လိုက်ခြင်းအားဖြင့် သင်သည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကို ရှာတွေ့မည် ဖြစ်သည်။ ထိုအရာ အားလုံးတို့သည် သင့်ကို စုံလင်စေသည့် နည်းများပေတည်း။ ထို့အပြင် သင့်အတွင်း၌ရှိသည့် အပြုသဘောဆောင်သော အရာအချို့ ၏ အဆက်မပြတ် လမ်းပြပို့ဆောင်မှုနှင့် အလင်းပေးခြင်းအားဖြင့် သင်သည် သင်၏ လုပ်ငန်းတာဝန်ကို ကြိုတင် ဖြည့်ဆည်းမည် ဖြစ်ပြီး၊ ထိုးထွင်းသိမြင်မှုကြီးထွားလာပြီး အမြော်အမြင် ရရှိလာမည် ဖြစ်သည်။ သင်သည် အဆင်ပြေနေသည့် အချိန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုရန် အထူးလိုလားပြီး ဆုတောင်းရန် အထူးလိုလားကာ၊ ကြားနာရသည့် ဒေသနာများကို သင်၏အသက်တာနှင့် ဆက်စပ်နိုင်သည်။ ထိုကဲ့သို့သော အချိန်များတွင် ဘုရားသခင်သည် သင်၏အတွင်း၌ အသိဉာဏ်ပွင့်လင်းစေကာ အလင်းပေး၍၊ အပြုသဘောဆောင်သည့် လက္ခဏာထဲရှိသော အရာအချို့ကို သင့်အား နားလည်သဘောပေါက်စေသည်။ ဤသည်မှာ အပြုသဘောဆောင်သော လက္ခဏာထဲတွင် သင့်ကို စုံလင်စေပုံ ဖြစ်၏။ အပျက်သဘောဆောင်သော အခြေအနေများတွင် သင်သည် အားနည်းကာ မတုန်မလှုပ် ရှိသည်။ သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိသကဲ့သို့ ခံစားရသော်လည်း ဘုရားသခင်သည် သင့်ကိုအလင်းပေးကာ လက်တွေ့လုပ်ဆောင်ဖို့ ကူညီနေသည်။ ဤအခြေအနေမျိုးမှ ထွက်လာခြင်းသည် အပျက်သဘောလက္ခဏာထဲမှ စုံလင်စေခြင်းကို ရရှိခြင်းဖြစ်သည်။ ဘုရားသခင်သည် လူသားကို အပြုသဘောဆန်သော ရှုထောင့်၌သော်လည်းကောင်း၊ အနုတ်သဘောဆန်သော ရှုထောင့်၌သော်လည်းကောင်း စုံလင်အောင်ပြုနိုင်သည်။ ထိုအချက်မှာ သင့်အနေဖြင့် တွေ့ကြုံနိုင်ခြင်းရှိမရှိအပေါ် မူတည်ပြီး၊ ဘုရားသခင်အားဖြင့် စုံလင်အောင်ပြုခံရခြင်းကို သင်လိုက်မလိုက်အပေါ် မူတည်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို ခံရရန်အလို့ငှာ အမှန်တကယ် ရှာဖွေလျှင်၊ အနုတ်သဘောသည် သင့်အား ဆုံးရှုံးမှုကို ခံစားစေနိုင်မည် မဟုတ်ဘဲ သာ၍စစ်မှန်သောအရာများကို သယ်ဆောင်လာပေးမည်ဖြစ်ပြီး သင်၏အထဲတွင် ချို့တဲ့နေသော အရာများကို သာ၍သိရှိစေနိုင်မည်ဖြစ်သည်၊ သင်၏ အခြေအနေအမှန်များကိုလည်း သာ၍ဆုပ်ကိုင်မိစေမည်ဖြစ်ပြီး၊ လူသည်ဘာမျှမရှိသောသူ၊ ဘာမှမဟုတ်သောသူ ဖြစ်သည်ကို သိမြင်လာစေမည်၊ အကယ်၍ သင်သည် စမ်းသပ်မှုများကို မကြုံရလျှင် သိမည်မဟုတ်ဘဲ မိမိကိုယ်မိမိ သူတစ်ပါးထက်သာကာ သူတစ်ပါးအထက်မှာသာ ရှိသည်ဟု အမြဲထင်မြင်မည်ဖြစ်သည်။ ဤအရာများအားဖြင့် ယခင်ဖြစ်ပွားခဲ့သည့် အရာများသည် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာများဖြစ်ပြီး ဘုရားသခင်၏ ကာကွယ်စောင့်ရှောက်မှုကို ခံထားရသည်ကို သင်သိလာလိမ့်မည်ဖြစ်သည်။ စမ်းသပ်မှုများအတွင်းသို့ ဝင်ရောက်ခြင်းသည် သင့်အား ချစ်ခြင်းနှင့် ယုံကြည်ခြင်း ကင်းမဲ့စေကာ၊ ဆုတောင်းခြင်းလည်း မရှိ၊ ဓမ္မသီချင်းများလည်း သီဆိုနိုင်စွမ်းမရှိ ဖြစ်စေမည်ဖြစ်သည်၊ ထို့ပြင် ထိုကဲ့သို့သောအချိန်မျိုးတွင် သင်သည် သတိမထားမိဘဲနှင့် မိမိကိုယ်မိမိ သိကျွမ်းလာမည်ဖြစ်သည်။ ဘုရားသခင်တွင် လူသားကို စုံလင်အောင် ပြုခြင်းအတွက် လုပ်ဆောင်နည်း အမျိုးမျိုးရှိသည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကိုင်တွယ်ရန်အတွက် ပတ်ဝန်းကျင်အမျိုးမျိုးကို သူအသုံးချသည်၊ လူသားကို ဖော်ထုတ်လှန်ထားရန်အလို့ငှာ အရာအမျိုးမျိုးကို အသုံးပြုသည်၊ တစ်ဖက်တွင် လူသားကို သူကိုင်တွယ်ပြီး တစ်ဖက်တွင် လူသားကို ဖော်ထုတ်လှန်ထားကာ အခြားတစ်ဖက်တွင် လူသားကို ဖွင့်ဟပြသည်၊ လူသား၏ စိတ်နှလုံးအတွင်း နက်ရှိုင်းရာ၌ရှိသော “နက်နဲရာများ” ကို တူးဆွကာ ဖော်ပြသည်၊ သူ၏ အခြေအနေများ အများအပြားကို ဖော်ပြခြင်းအားဖြင့် လူသားအား သူ၏သဘောသဘာဝကို သိရှိစေသည်။ ဘုရားသခင်သည် နည်းလမ်းအမျိုးမျိုးသုံးကာ လူသားကို စုံလင်အောင်ပြုလုပ်သည်၊ ဖော်ပြခြင်း၊ ကိုယ်တွယ်ဆုံးမခြင်း၊ စစ်ဆေးပြုပြင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းများကို အသုံးပြုသည်၊ ထိုသို့အားဖြင့် ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားဖြစ်သည်ကို လူသားသိရန်ဖြစ်သည်။

သင်တို့ယခု ရှာဖွေနေသော အရာသည် အဘယ်အရာ ဖြစ်သနည်း။ ဘုရားသခင်အားဖြင့် ပြီးပြည့် စုံခြင်းကို ရရှိရန် သို့မဟုတ် ဘုရားသခင်အား သိရှိရန် သို့မဟုတ် ပေတရု၏ ကိုးဆယ် ပုံစံအတိုင်းဖြစ်ရန် သို့မဟုတ် ယောဘ၏ ယုံကြည်ခြင်းထက်ကြီးသော ယုံကြည်ခြင်းရှိရန်တို့ ဖြစ်နိုင်သည်။ ဘုရားသခင်မှ ဖြောင့်မတ်သောသူဟု အခေါ်ခံရကာ ပလ္လင်တော်ရှေ့တွင် ဆင့်ခေါ်ခြင်းခံရရန် အလို့ငှာလည်းကောင်း၊ ကမ္ဘာလောကတွင် ဘုရားသခင်အတွက် ဟိန်းထွက်နေသော သက်သေခံခြင်းကို ပြုခြင်းအားဖြင့် ဘုရားသခင်ကို သိရှိစေကြခြင်းငှာ လည်းကောင်း၊ ထိုအရာများကို ကြိုးစားရှာဖွေလိုမည်ဖြစ်သည်။ မည်သည့်အရာကို ရှာဖွေသည်ဖြစ်စေ၊ ခြုံငုံကြည့်လျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက်သာ ဖြစ်သည်။ ဖြောင့်မတ်သောသူအဖြစ် အသက်ရှင်ရန် ရှာဖွေလျှင်သော်လည်းကောင်း၊ ပေတရု၏ပုံစံဖြင့် အသက်ရှင်ရန်အလို့ငှာ ရှာဖွေလျှင်သော်လည်းကောင်း၊ ယောဘကဲ့သို့သော ယုံကြည်ခြင်းမျိုးရှိရန် ရှာဖွေလျှင်သော်လည်းကောင်း၊ ဘုရားသခင်အားဖြင့် ပြီးပြည့်စုံမှု ရရှိရန် ရှာဖွေလျှင်သော်လည်းကောင်း၊ အဆုံးသတ်တွင် အရာအားလုံးသည် ဘုရားသခင် လုပ်ဆောင်သည့် အရာများသာဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် သင်သည် မည်သည့်အရာကို ရှာဖွေနေပါစေ ထိုအရာများသည် ဘုရားသခင်အားဖြင့် ပြီးပြည့်စုံစေရန်ဖြစ်သည်။ ထိုအရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ထိတွေ့ခံစားနိုင်ရန်အလို့ငှာ ဖြစ်သည်။ ဘုရားသခင်ကို နှစ်လိုစေရန်ဖြစ်သည်။ ဘုရားသခင်၏ နှစ်သက်ဖွယ်ရာ အရာများကို ရှာဖွေတွေ့ရှိရန်ဖြစ်သည်။ ပုန်ကန်ထကြွတတ်သည့် မိမိတို့၏ စိတ်သဘောထားများကို ခဝါချနိုင်ကာ လိုက်လျှောက် အသက်ရှင်ရမည့်လမ်းကို ရှာဖွေနိုင်ရန်ဖြစ်သည်။ မိမိတို့အတွင်းမှ ပုံမှန်အခြေအနေကို လက်ခံရရှိနိုင်ရန်ဖြစ်သည်။ ဘုရားသခင်၏ အလိုတော်နှင့် လုံးလုံး လျားလျား ကိုက်ညီနိုင်ရန်ဖြစ်သည်။ မှန်ကန်သည့်သူ ဖြစ်လာရန်ဖြစ်သည်။ လုပ်ဆောင်သည့် အရာတိုင်းသည် မှန်ကန်သည့် အကြောင်းအရာအပေါ် အခြေခံကာလုပ်ဆောင်ရန်ဖြစ်သည်။ ဤအရာများအားလုံးကို ကြုံတွေ့ နေရခြင်းသည် ဘုရားသခင်ကို သိရှိလာရန်နှင့် အသက်တာတွင် တိုးပွားမှုရှိနေရန်ဖြစ်သည်။ သင်ကြုံတွေ့ နေရသော အရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်နေသော်လည်း၊ သင်တွေ့ကြုံနေရသော အရာများသည် စစ်မှန်သည့် အဖြစ်အပျက်များ၊ လူများ၊ အကြောင်းအရာများနှင့် သင်၏ဘေးတွင် ဖြစ်ပျက် နေသော အရာများ ဖြစ်နေပါသော်လည်း၊ အဆုံးတွင်မူ ထိုအရာများသည် ဘုရားသခင်ကို သိရန်နှင့် ဘုရားသခင်အားဖြင့် ပြီးပြည့်စုံမှုရရှိစေရန် ဖြစ်သည်။ ဖြောင့်မတ်သောသူများ လျှောက်သည့်လမ်းကို ရွေးချယ်လျှောက်လှမ်းခြင်း သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးခြင်းတို့သည် ပြေးလမ်းများ ဖြစ်ကြသည်။ ဘုရားကိုသိခြင်းနှင့် ဘုရားသခင်အားဖြင့် ပြီးပြည့်စုံခြင်းကို ရရှိခြင်းသည် ခရီးဆုံး ပန်းတိုင်ဖြစ်သည်။ ဘုရားသခင်အားဖြင့် ပြီးပြည့်စုံခြင်းကို ရှာဖွေခြင်းဖြစ်စေ၊ ဘုရားသခင်အတွက် သက်သေခံခြင်းဖြစ်စေ၊ ခြုံငုံကြည့်လျှင် ဤအရာများသည် အဆုံးတွင်မူ ဘုရားသခင်ကို သိရှိရန်အတွက်ပင် ဖြစ်သည်။ ဘုရားသခင် သင့်အထဲတွင် လုပ်ဆောင်နေသည့် အရာများသည် အချည်းနှီးမဟုတ်၊ အဆုံးတွင် ဘုရားသခင်၏ လက်တွေ့သဘောကို သိရှိလာကာ၊ ဘုရားသခင်၏ ကောင်းမြတ်ကြောင်းကို သိရှိလာရန် ဖြစ်သည်။ ထို့အပြင် ဘုရားသခင်၏ နှိမ့်ချမှုနှင့် သိုဝှက်မှု၊ သင့်အထဲတွင် ဘုရားသခင် လုပ်ဆောင်နေသည့် အရာများကိုလည်း သိရှိလာရန်ဖြစ်သည်။ ယိုယွင်းပျက်စီးပြီး ညစ်ညူးနေသည့် ဤလူသားများကြားတွင် လုပ်ဆောင်စရာရှိသည့် အရာများကို လုပ်ဆောင်ရန်အလို့ငှာနှင့် သူ၏လူနည်းစုတစ်စုကို ပြီးပြည့်စုံစေရန် အလို့ငှာ ဘုရားသခင်သည် မိမိကိုယ်မိမိ အတိုင်းအတာတစ်ခုအထိ နှိမ့်ချခဲ့ပြီးဖြစ်သည်။ ဘုရားသခင်သည် လူသားများကြားတွင် နေထိုင်စားသောက်ရန်၊ လူသားများကို ထိန်းကျောင်းဖို့ရန်နှင့် လူသားများ၏ လိုအပ်မှု များကို ဖြည့်ဆည်းပေးဖို့ရန် အလို့ငှာသာ လူ့ဇာတိခံယူခဲ့သည် မဟုတ်ချေ။ သာ၍ အရေးအကြီးသည့် အချက်မှာ သူ၏ကြီးမားသော ကယ်တင်ခြင်း အလုပ်နှင့် အဆမတန် ယိုယွင်းပျက်စီးနေသည့် လူသားများကို သိမ်းပိုက်ရန်ဖြစ်သည်။ သူသည် အယိုယွင်း အပျက်စီးဆုံး လူသားများကို ကယ်တင်ရန်နှင့် လူသားများ အားလုံးအားပြောင်းလဲကာ အသစ်ပြုပြင်ရန်အလို့ငှာ အဆင်းနီသည့် နဂါးကြီး၏ နှလုံးထဲသို့ လာခဲ့ပြီ ဖြစ်သည်။ ဘုရားသခင် ကြုံတွေ့ရသည့် ကြီးမားသော အခက်အခဲသည် လူ့ဇာတိခံယူသည့် ဘုရားသခင် ကြုံတွေ့ရသည့် အခက်အခဲမျှသာ မဟုတ်၊ အဓိကအားဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် အဆုံးစွန်သော အရှက်ကွဲခြင်းနှင့် ကြုံတွေ့ရခြင်းဖြစ်သည်။ ဘုရားသခင်သည် မိမိကိုယ်ကို နှိမ့်ချလွန်းပြီး သိုဝှက်လွန်းသည့် အတွက် သူသည် သာမန်လူတစ်ယောက် ဖြစ်လာခဲ့သည်။ ဘုရားသခင်သည် လူသားများသည် သူ့အား သာမန်လူကဲ့သို့ မြင်စေရန်အလို့ငှာ၊ သာမန်လူတို့လိုအပ်သည့် အရာများကို သူလည်းလိုအပ်ကြောင်း မြင်စေရန်အလို့ငှာ လူ့ဇာတိကိုခံယူခဲ့ပြီး ဇာတိပကတိ၏ သဏ္ဌာန်ကို ဆောင်ခဲ့သည်။ ဘုရားသခင်သည် အတိုင်းအတာတစ်ခုအထိ နှိမ့်ချမှုရှိကြောင်းကို သက်သေပြရန် ဤအရာက လုံလောက်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိတွင် သဏ္ဌာန်ပေါ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အလွန်တရာ မြင့်မြတ်ကာ ကြီးမြတ်သည့်အရာဖြစ်စေကာမူ သူသည် ဝိညာဉ်တော်၏ လုပ်ဆောင်စရာရှိသည့် အရာများကို လုပ်ဆောင်ရန်အလို့ငှာ သာမန်လူတစ်ယောက်၏ သဏ္ဌာန်ကို ခံယူခဲ့သည်။ သင်တို့အသီးသီး၏ အရည် အချင်း၊ ထိုးထွင်းဉာဏ်၊ အာရုံခံစားမှု၊ လူ့သဘောသဘာဝနှင့် အသက်တာများတို့သည် ဘုရားသခင်၏ ဤလုပ်ဆောင်ချက်များနှင့် မထိုက်တန်ကြောင်းကို ပြနေသည်။ သင်တို့အတွက် ဘုရားသခင်ကို ထိုကဲ့သို့ အခက်အခဲများ ကြုံတွေ့စေရန်မှာ သင်တို့နှင့် လုံး၀မထိုက်တန်ပေ။ ဘုရားသခင်သည် ကြီးမြတ်လွန်းလှသည်။ သူသည် အလွန်ကြီးမြတ်ပြီး လူသားများမူကား အလွန်နိမ့်ကျကာ သဘောထား သေးသိမ်သော်လည်း ဘုရားသခင်သည် လူသားများအတွက် လုပ်ဆောင်ပေးမြဲဖြစ်သည်။ သူသည် လူ့ဇာတိခံယူရာတွင် လူသား များအတွက် ထောက်ပံ့ပေးရုံသာမဟုတ်၊ စကားပြောရုံသာလည်းမဟုတ်၊ လူသားများနှင့် အတူတကွ နေထိုင်ခဲ့သည်။ ဘုရားသခင်သည် အလွန်ပင်နှိမ့်ချသော ဘုရားဖြစ်သည်။ အလွန်နှစ်သက်ဖွယ်သော ဘုရား ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကျေးဇူးတရားတော်အကြောင်း ဖေါ်ပြခံရသည်နှင့် သင်သည် မျက်ရည်များစီးကျကာ ကြီးမားစွာ ချီးမွမ်းလျှင်၊ သင်သည် ဤအခြေအနေသို့ ရောက်လျှင်၊ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ မှန်ကန်သော အသိပညာ ရှိပြီဖြစ်သည်။

ယနေ့လူများ၏ ရှာဖွေမှုများတွင် လွဲမှားနေသည့် အရာများရှိနေသည်။ လူများသည် ဘုရားသခင်ကို ချစ်ရန်နှင့် နှစ်လိုစေရန်အတွက်သာ ရှာဖွေကြသည်။ ဘုရားသခင်ကို သိကျွမ်းခြင်းမရှိကြ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုနှင့် မိမိတို့အတွင်းထဲမှ ဉာဏ်အလင်းကိုမူ လျစ်လျှုရှုထားကြသည်။ ဘုရားသခင် အား သိကျွမ်းခြင်းကိုမူ သူတို့၏ အခြေခံအုတ်မြစ်အဖြစ် မရှိကြ။ ဤနည်းအားဖြင့် အတွေ့အကြုံများနှင့် ကြုံတွေ့လာရသည်နှင့် အားအင်များ ကုန်ခမ်းလာကြသည်။ ဘုရားသခင်ကို သိကျွမ်းရန် ရှာဖွေသူများ၊ ပြီးခဲ့သော အချိန်ကာလများတွင် ကောင်းမွန်သည့် အခြေအနေ မရှိခဲ့သူများ၊ အဆိုးများနှင့် အားနည်းချက် နောက် လိုက်ခဲ့သူများ၊ မကြာခဏ ငိုကြွေးခဲ့ရသူများ၊ စိတ်ပျက်အားငယ်ခဲ့ရသူများ၊ စိတ်မကောင်းခြင်းနှင့် ကြုံခဲ့ရသူများ၊ ထိုသူများသည် ပိုမိုအတွေ့အကြုံရှိသည့် အားလျော်စွာ ယခုအခါတွင် ပိုမိုကောင်းမွန်သော အဆင့်သို့ တိုးတက်နေကြပြီဖြစ်သည်။ ကြေကွဲဖွယ်ရာများနှင့် တွေ့ကြုံပြီးသောအခါနှင့် စစ်ဆေးပြုပြင်ခြင်း ခံနေရသောအခါတွင် တိုးတက်မှုကို ရရှိနေခြင်းဖြစ်သည်။ ထိုအခြေအနေများသည် ၎င်းတို့အပေါ် ထပ်မံ ကျရောက်စေမည်မဟုတ်၊ ၎င်းတို့၏ အသက်စိတ်သဘောထားများလည်း ပြောင်းလဲကာ၊ ဘုရားသခင်၏ ချစ်ခြင်း မေတ္တာသည် သူတို့အထဲတွင် ရှိနေပြီဖြစ်သည်။ ဘုရားသခင်၏ လူသားများကို စုံလင်စေခြင်းတွင် စည်းကမ်းတစ်ခု ရှိသည်။ ယင်းက သင်၌ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်း တစ်ခုရှိပြီး သင့်ကို အပျက်သဘောဆောင်သော အခြေအနေများက ခွဲထုတ်နိုင်ရန်၊ သူသည် သင်၏နှစ်လိုဖွယ်ရာ ကောင်းသောအပိုင်းကို အသုံးပြုလျက်၊ သင်၏ ဝိညာဉ်ကို လွတ်မြောက်မှုကို ရရှိစေလျက်၊ သင့်အား သူ့ကို ပိုချစ်နိုင်အောင် ပြုလုပ်လျက် သင့်ကို အသိဉာဏ်ပွင့်လင်းစေခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် စာတန်၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို စွန့်ပယ်နိုင်မည်ဖြစ်သည်။ သင်သည် ရိုးစင်းပြီး ပွင့်လင်းသည်။ မိမိကိုယ်မိမိ သိရန် လိုလားပြီး သမ္မာတရားကိုလည်း လက်တွေ့လုပ်ဆောင်လိုသည်။ ဘုရားသခင်သည် သင့်ကို မုချဧကန် ကောင်းချီးပေးလိမ့်မည်။ ထို့ကြောင့် သင်သည် အားနည်းကာ အပျက်သဘော ဆောင်သောအခါများတွင် သင့်ကိုယ်သင် သာ၍ သိမြင်လာရန်၊ သင့်အတွက်သင် အပြစ်ဝန်ခံသော စိတ်ဆန္ဒပိုရှိရန်နှင့် လက်တွေ့ လုပ်ဆောင်သင့်သည့် အရာများကို လက်တွေ့လုပ်ဆောင်နိုင်ရန် ကူညီလျက် ဘုရားသခင်သည် သင့်အား ဉာဏ်အလင်း နှစ်ဆပေးသည်။ ဤနည်းအားဖြင့်သာ သင်၏စိတ်နှလုံးသည် ငြိမ်းချမ်း သက်သာရာရမည် ဖြစ်သည်။ ဘုရားသခင်ကို သိမြင်ရန် သာမန်အားဖြင့် အလေးဂရုပြုသောသူ၊ မိမိကိုယ်ကိုယ် သိမြင်ရန် အလေးဂရုပြုသောသူနှင့် မိမိ၏ လက်တွေ့လုပ်ဆောင်မှုကို အလေးဂရုပြုသောသူသည် ဘုရားသခင်၏ လုပ်ဆောင်မှုကို မကြာခဏ လက်ခံရရှိနိုင်မည့်အပြင် ကိုယ်တော်၏ လမ်းပြမှုနှင့် ဉာဏ်အလင်းပေးမှုကိုလည်း မကြာခဏ ရရှိနိုင်ပေမည်။ ထိုကဲ့သို့သောသူသည် အပျက်သဘောဆောင်သော အခြေအနေတစ်ရပ်တွင် ရှိသော်လည်း၊ သူသည် အသိစိတ်၏ လုပ်ဆောင်မှုကြောင့်ဖြစ်စေ၊ ဘုရားသခင် နှုတ်ကပတ်တော်၏ ဉာဏ်အလင်းပေးမှုကြောင့်ဖြစ်စေ၊ အမှုအရာများကို ချက်ချင်းပင် ပြောင်းလဲနိုင်သည်။ လူတစ်ဦးသည် မိမိ၏စိတ်နေသဘာထားကို ပြုပြင်နိုင်သည့်အချိန်သည် မိမိ၏ အခြေအနေ မှန်ကို သိသည့်အခါနှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် စိတ်သဘောထားကို သိသည့်အခါများတွင် ဖြစ်သည်။ မိမိကိုယ်မိမိသိလိုကာ ပွင့်လင်းသောသဘော ရှိသူများသည် သမ္မာတရားကို လိုက်လျှောက်နိုင်မည် ဖြစ်သည်။ ထိုကဲ့သို့သောသူများသည် ဘုရားသခင်ထံတွင် သစ္စာရှိသောသူများဖြစ်သည်။ ဘုရားသခင်ကို သစ္စာရှိသောသူများသည် နက်နဲသည်ဖြစ်စေ တိမ်ပါးသည်ဖြစ်စေ၊ နည်းပါးသည်ဖြစ်စေ၊ များပြားသည် ဖြစ်စေ ဘုရားသခင်ကို သိရှိနားလည်သောသူဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်ပြီး၊ လူသားများ ရရှိထားသည့်အရာ ဖြစ်သည်။ လူသားများ ပိုင်ဆိုင်သည့်အရာဖြစ်သည်။ ဘုရားသခင်ကို သိရှိသောသူသည် အခြေခံရှိကာ ရူပါရုံရှိသောသူဖြစ်သည်။ ထိုသူသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို အသေအချာသိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏အလုပ်ကိုလည်း အသေအချာသိသည်။ ဘုရားသခင်သည် မည်ကဲ့သို့ လုပ်ဆောင်နေစေကာမူ၊ မည်ကဲ့သို့ ပြောဆို နေစေကာမူ၊ အခြားသူများသည် မည်ကဲ့သို့ အနှောင့်အယှက် ဖြစ်နေစေကာမူ၊ ထိုသူသည် မားမားမတ်မတ် ရပ်ကာ ဘုရားသခင်၏ သက်သေကိုခံမည်ဖြစ်သည်။ ထိုသူသည် ထိုကဲ့သို့ဖြစ်လေ၊ မိမိနားလည်သည့် သမ္မာတရားကို လိုက်လျှောက်နိုင်လေဖြစ်ပေမည်။ ထိုသူသည် ဘုရားသခင်၏ နူတ်ကပတ်တော်ကို အစဉ် လိုက်လျှောက်သောသူ ဖြစ်သောကြောင့် ထိုသူသည် ဘုရားသခင်အား သိရှိနားလည်မှုကို ပိုမိုကာ ရရှိနေ သည်။ ဘုရားသခင်အတွက် ထာဝရ သက်သေခံရန် ပိုင်းဖြတ်ထားသော စိတ်ကိုလည်း ပိုင်ဆိုင်ထားပြီး ဖြစ်သည်။

ဝိညာဉ်ရေး၌ စိတ်ဝင်စားမှုရှိရန် ချင့်ချိန်တတ်ခြင်း၊ နာခံတတ်ခြင်းနှင့် သိမြင်နိုင်သောအစွမ်းတို့ ရှိရန်ဆိုသည်မှာ သင်သည် တစ်စုံတစ်ရာနှင့် ကြုံတွေ့သည်နှင့် တစ်ပြိုင်နက်၊ သင်၏အတွင်း၌ ဘုရားသခင်၏ နူတ်ကပတ်တော်သည် အလင်းပြခြင်းနှင့် ဉာဏ်အလင်းပေးခြင်းရှိသည်ကို ဆိုလိုခြင်းဖြစ်သည်။ ဤအရာကို ဝိညာဉ်ရေးကို စိတ်ဝင်စားမှုရှိခြင်းဟုခေါ်သည်။ ဘုရားသခင် လုပ်ဆောင်နေသော အရာအားလုံးသည် လူတို့၏ ဝိညာဉ်များကို နိုးကြားစေရန်အတွက်ဖြစ်သည်။ အဘယ်ကြောင့် ဘုရားသခင်က လူများသည် ထုံထိုင်းကာ ဉာဏ်နှေးနေကြသည်ဟု အမြဲပြောသနည်း။ အဘယ်ကြောင့်ဆိုသော် လူများ၏ ဝိညာဉ်များသည် သေဆုံးနေကြပြီဖြစ်ပြီး၊ ဝိညာဉ်နှင့်ဆိုင်သည့် အရာများကို လုံး၀သတိမမူတော့သည့် အခြေအနေသို့တိုင် ထုံထိုင်းနေကြပြီဖြစ်သည်။ ဘုရားသခင်၏အလုပ်သည် လူသားများ၏ အသက်တာများကို တိုးတက်စေရန်၊ လူတို့၏ ဝိညာဉ်များ ရှင်သန်လာကြခြင်းအလို့ငှာ လုပ်ဆောင်ရန်ဖြစ်သည်။ ထိုနည်းအားဖြင့် ဝိညာဉ်ရေး ဆိုင်ရာ အရာများကို သိရှိလာမည်ဖြစ်ပြီး သူတို့သည် သူတို့၏နှလုံးသားများထဲတွင် ဘုရားသခင်ကို အစဉ်အမြဲချစ်နိုင်ကာ ဘုရားသခင်ကို နှစ်လို စေမည်ဖြစ်သည်။ ဤအခြေအနေသို့ ရောက်ရှိလာပါက ထိုသူ၏ ဝိညာဉ်သည် ပြန်လည်နိုးကြားလာသည်ကို ပြနေခြင်းဖြစ်သည်။ ထိုသူသည် နောက်တစ်ကြိမ်တွင် တစ်စုံတစ်ရာ ကြုံလာသည့်အခါတွင် ချက်ချင်း တုန့်ပြန်နိုင်မည် ဖြစ်သည်။ သူသည် တရားဒေသနာများကိုလည်း တုန့်ပြန်မှုရှိပြီး ကြုံလာသည့် အခြေအနေ များကိုလည်း လျှင်မြန်စွာ တုန့်ပြန်တတ်မည်ဖြစ်သည်။ ဤအရာသည် မိမိ၏ဝိညာဉ်ကို စိတ်ဝင်စားမှု ရှိလာခြင်းဖြစ်သည်။ လူအတော်များများသည် အပြင်ဖက်တွင် ဖြစ်ပျက်နေသည့်အရာများကို လျှင်မြန်စွာ တုန့်ပြန်တတ်ကြသည်။ သို့သော် သူတို့သည် လက်တွေ့သဘောထဲ ဝင်ရောက်လာသည့်အခါ သို့မဟုတ် ဝိညာဉ်နှင့် ပတ်သက်သည့် အသေးစိတ်အရာများကို ဖော်ပြပြောကြားသည့် အခါများတွင်မူ သူတို့သည် ထုံထိုင်းကာ ဉာဏ်နှေးလာကြသည်။ သူတို့အား ငေးစိုက်ကြည့်သည့် အရာများကို နားလည်တတ်ကြသည်။ ဤလက္ခဏာများသည် ဝိညာဉ်ရေးတွင် ထုံထိုင်းကာ ဉာဏ်နှေးနေခြင်းနှင့် ဝိညာဉ်ရေးနှင့် ပတ်သက်သည့် အမှုအရာများတွင် အတွေ့အကြုံ အလွန်နည်းနေသေးသည်ကို ပြနေခြင်းဖြစ်သည်။ အချို့လူများသည် ဝိညာဉ်ရေးကို စိတ်ဝင်စားမှုရှိကာ အမြော်အမြင်လည်းရှိသည်။ သူတို့၏ အခြေအနေနှင့် ကိုက်ညီသည့် အကြောင်းအရာ တစ်စုံတစ်ခုကို ကြားသည်နှင့် အချိန်မဆွဲပဲ ချက်ချင်းရေးမှတ်ကြသည်။ မိမိတို့ တွေ့ကြုံ နေရသည့် အရာများနှင့် မိမိတို့ကိုယ်ကို ပြုပြင်ပြောင်းလဲရန်အတွက် ချက်ချင်းအသုံးပြုလိုက်ကြသည်။ ထိုသူများသည် မိမိတို့၏ဝိညာဉ်ရေးကို စိတ်ဝင်စားသောသူများဖြစ်သည်။ ထိုသူသည် အဘယ်ကြောင့် လျှင်မြန်စွာ တုန့်ပြန်နိုင်သနည်း။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် မိမိ၏ နေ့စဉ်အသက်တာတွင် ဤအရာနှင့် ပတ်သက်သည့်အကြောင်းကို သတိမူသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ထိုအရာနှင့် ပတ်သက်သည့် အကြောင်းကို ဖော်ပြခြင်းရှိပါက သူ၏ အတွင်းအခြေအနေနှင့် ကိုက်ညီနေတတ်ပြီး ချက်ချင်းပင် လက်ခံနိုင်ခြင်းဖြစ်သည်။ ထိုအရာသည် ဆာလောင်နေသောသူအား အစာပေးခြင်းနှင့် ဆင်တူသည်။ ထိုသူသည် ချက်ချင်းစားနိုင်သည်။ ဆာလောင်မှု မရှိသည့်သူကို အစာပေးပါက ထိုသူသည် မြန်မြန်ဆန်ဆန် တုန့်ပြန်မှုပေးမည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ထံ မကြာခဏ ဆုတောင်းသောကြောင့် တစ်စုံတစ်ရာနှင့် ကြုံသောအခါတွင် သင်သည် ချက်ချင်းတုန့်ပြန်မှု ပေးနိုင်သည်။ ဘုရားသခင် အလိုရှိသော အရာသည်လည်း ဤအရာပင်ဖြစ်သည်။ သင်ပြုမူသင့်သည့် ပုံစံလည်းဖြစ်သည်။ ဘုရားသခင်သည် ယခင်က ဤကဲ့သို့သော အခြေအနေမျိုး၌ သင့်ကို လမ်းပြပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည်။ ယခုအခါ ထိုကဲ့သို့သော အခြေအနေမျိုးနှင့် ထပ်မံတွေ့ကြုံရသောအခါ ဘုရားသခင်ကို နှစ်လိုစေရန်အလို့ငှာ မည်ကဲ့သို့ လုပ်ဆောင် ရမည်ကို သင်သိရှိပြီးဖြစ်သည်။ သင်သည် ဤကဲ့သို့ ကြုံသည့်အခါတိုင်း ဤကဲ့သို့ အစဉ်အမြဲ လေ့ကျင့်ပါက တစ်ချိန်ချိန်တွင် ဤအရာကို ကောင်းစွာကိုင်တွယ်လာနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ နူတ်ကပတ်တော်ကို ဖတ်သည့်အခါ ဘုရားသခင်သည် မည်ကဲ့သို့သောသူများကို ရည်ညွှန်းပြောဆိုနေသည်ကို သင်သိလာမည် ဖြစ်သည်။ မည်ကဲ့သို့သော ဝိညာဉ်ရေးရာအကြောင်းများကို ပြောကြားနေသည်ဖြစ်ကြောင်း သင်သိလာမည် ဖြစ်သည်။ အဓိက အကြောင်းအရာများကိုလည်း သိရှိကာ လက်တွေ့ အသုံးချနိုင်မည်လည်း ဖြစ်သည်။ ဤသည်မှာ သင်သည်ခံယူကြုံတွေ့နိုင်ကြောင်းကို ဖော်ပြနေခြင်းဖြစ်သည်။ အဘယ်ကြောင့် အချို့သော သူများသည် ဤကဲ့သို့သော ရှုထောင့်လက္ခဏာ ချို့ယွင်းနေကြသနည်း။ အဘယ်ကြောင့်ဆိုသော် ထိုသူများ သည် လက်တွေ့လိုက်လျှောက် ကျင့်သုံးမှုအပိုင်းတွင် အားစိုက်ထုတ်မှု မရှိသောကြောင့် ဖြစ်သည်။ သမ္မာတရားကို လိုက်လျှောက် အသက်ရှင်လိုကြသော်လည်း အစေခံခြင်း၏ အသေးစိတ် အကြောင်းအရာ များနှင့် မိမိတို့အသက်တာ၏ သမ္မာတရားဆိုင်ရာ အသေးစိတ်များကို ကောင်းစွာ နားလည်သဘောပေါက်မှု မရှိသေးပေ။ တစ်စုံတစ်ခုဖြစ်သောအခါ တွေဝေတတ်ကြသည်။ ဤအခြေအနေမျိုးတွင် ပရောဖက် အတု အယောင်၊ တမန်တော် အတုယောင်များနှင့် တွေ့သည့်အခါ သင်သည် သွေဖယ်သွားနိုင်သည်။ စဉ်းစား ချိန့်ချိန်နိုင်စွမ်းကို လျစ်လျှုရှုထားခြင်းသည် လက်ခံနိုင်ဖွယ်မရှိပေ။ ဝိညာဉ်ရေး အမှုအရာများကို အစဉ်အမြဲ သတိမူရမည်ဖြစ်သည်။ ဘုရားသခင်သည် အဘယ်အရာကို ပြောဆိုနေသနည်း။ ဘုရားသခင်သည် မည်ကဲ့သို့ အလုပ်လုပ်နေသနည်း။ လူအများပေါ်တွင် ဘုရားသခင် အဘယ်အရာ တောင်းဆိုနေသနည်း။ မည်ကဲ့သို့ သူများနှင့် အဆက်အသွယ် လုပ်ရမည်နည်း။ မည်ကဲ့သို့သူများကို ရှောင်ရှားရမည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်သည့်အချိန်များနှင့် တကယ့်အတွေ့အကြုံများ တွေ့ကြုံနေသည့်အချိန်များတွင် ဤအရာများကို စိတ်နှလုံး သွင်းထားရမည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဤနည်းအတိုင်း အစဥ်အမြဲကြုံတွေ့နေပါက၊ သင်သည် သမ္မာတရားကို နားလည်သဘောပေါက်လာပြီး အရာအတော်များများကို နှံ့စပ်စွာ သိရှိနားလည်လာမည်ဖြစ်ပြီး ချင့်ချိန်နိုင်စွမ်းလည််း ရှိလာမည်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် ၏ ဆုံးမပဲ့ပြင်ခြင်းမှာ အဘယ်နည်း၊ လူသား၏ ရည်ရွယ်ချက်မှ ထွက်လာသည့် ပြစ်တင်ဝေဖန်ခြင်းမှာ အဘယ်နည်း၊ သန့်ရှင်းသော ဝိညာဥ်တော်၏ လမ်းပြပို့ဆောင်ခြင်းမှာ အဘယ်နည်း၊ ပတ်ဝန်းကျင်၏ စီစဥ်မှု ဆိုသည်မှာ အဘယ်နည်း၊ အတွင်း၌ နှုတ်ကပတ်တော်၏ ဉာဏ်အလင်းရခြင်းဆိုသည်မှာ အဘယ်နည်း။ ဤအရာများကို ရှင်းလင်းစွာမသိထားပါက ချင့်ချိန်နိုင်စွမ်း ရှိနိုင်မည်မဟုတ်ပါ။ သန့်ရှင်းသော ဝိညာဉ်တာ်မှ လာသည့်အရာများကို သင်သည် သိရမည်။ ပုန်ကန်သော စိတ်သဘောထားဆိုသည်မှာ မည်သည်ဖြစ်သည်ကို သိထားရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ လိုက်လျှောက်နာခံရမည်ကို သိရမည်။ သင်၏ ပုန်ကုန်တတ်သည့် သဘောသဘာ၀များကို စွန့်လွှတ်တတ်ရမည်။ ဤသမ္မာတရားများ အားလုံးကိုလည်း အသေးစိတ် သိထားရမည်ဖြစ်သည်။ သို့မှသာလျှင် တစ်စုံတစ်ရာ ဖြစ်လာသောအခါ သင့်တွင် နိုင်းယှဉ်ရန် အတွက် သင့်လျော်သော သမ္မာတရားလည်း ရှိပြီးဖြစ်မည်။ သင့်လျော်သော ရူပါရုံလည်း အခြေခံအုတ်မြစ် အဖြစ် ရှိပြီးဖြစ်မည်။ သင်လုပ်ဆောင်သည့် အမှုအရာတိုင်း၌ စည်းစနစ်ကျပြီး သမ္မာတရားနှင့်အညီ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ဤသို့ဖြင့် သင်၏အသက်တာသည် ဘုရားသခင်၏ ဉာဏ်အလင်းရခြင်းနှင့်အတူ ကောင်းချီးမင်္ဂလာများနှင့် ပြည့်နေမည်ဖြစ်သည်။ ဘုရားသခင်သည် သူ့အားရိုးသားစွာရှာဖွေသည့် မည်သူ့ကိုမဆို မတရား ဆက်ဆံမည် မဟုတ်ပေ။ ဘုရားသခင်သည် သူ၏အလိုတော်နှင့်အညီ အသက်ရှင်သည့်၊ သူ့အတွက် သက်သေခံပေးသည့် မည်သူကိုမဆို မတရား ဆက်ဆံမည် မဟုတ်ပေ။ သမ္မာတရားအတွက် စိတ်ရင်းအမှန်နှင့် ဆာငတ်သည့် မည်သူကိုမဆို ကျိန်ဆဲမည်မဟုတ်ပေ။ နှုတ်ကပတ်တော်ကို စားသုံးသည့်အခါနှင့် သောက်သုံးသည့် အခါများတွင် မိမိ၏ အခြေအနေအမှန်၊ မိမိ၏ လိုက်လျှောက်မှုများနှင့် မိမိ၏ သိရှိနားလည်မှုများကို သတိမူပါ။ ထိုနည်းဖြင့် ပြဿနာနှင့် ကြုံသည့်အခါတွင် ဉာဏ်အလင်းကို ရရှိမည်ဖြစ်ပြီး လက်တွေ့ကျသည့် နားလည်မှုကို ရရှိမည်ဖြစ်သည်။ ထိုနည်းအားဖြင့် သင်သည် လိုက်လျှောက်ရမည့်လမ်းကို သိရှိမည်ဖြစ်ပြီး အရာရာတိုင်းကို ချင့်ချိန်နိုင်မည်ဖြစ်သည်။ သမ္မာတရား ရှိသောသူသည် လွယ်ကူစွာ လှည့်ဖြားခြင်း ခံရမည် မဟုတ်။ ဖျက်လိုဖျက်ဆီး ပြုမူမည်မဟုတ်။ လွန်ကဲစွာ ပြုမူမည်လည်း မဟုတ်ပေ။ သမ္မာတရားကြောင့် ထိုသူသည် လုံခြုံမည်ဖြစ်သည်။ သာ၍ နားလည်နိုင်စွမ်းလည်း ရရှိမည်ဖြစ်သည်။ လိုက်လျှောက် ကျင့်သုံး ရမည့် လမ်းများကိုလည်း ပိုမိုတွေ့ရှိမည်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ရန်လည်း အခွင့်အရေး ပိုရှိမည်ဖြစ်သည်။ ပြီးလျှင် ပြီးပြည့်စုံရန် အတွက်လည်း အခွင့်အရေး ပိုရရှိမည်ဖြစ်သည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။