သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)

စာတန်၏ နက်ရှိုင်းစွာဖျက်ဆီးခံခဲ့ရသော လူသားမျိုးနွယ်သည် ဘုရားသခင်တစ်ဆူ ရှိသည်ကိုမသိဘဲ ဘုရားသခင်ကို ကိုးကွယ်ခြင်းအား ရပ်စဲခဲ့သည်။ ကနဦးအစ အာဒံနှင့် ဧဝတို့ ဖန်ဆင်းခံရချိန်တွင် ယေဟောဝါ၏ ဘုန်းအသရေနှင့် ယေဟောဝါ၏ သက်သေခံချက်တို့သည် အမြဲရှိနေခဲ့၏။ သို့သော် ဖျက်ဆီးခြင်းခံရပြီးနောက် အယောက်တိုင်းက ဘုရားသခင်ကို ပုန်ကန်ပြီး သူ့ကို ကြောက်ရွံ့ခြင်းအား လုံး၀ရပ်တန့်ခဲ့ကြသောကြောင့် လူသားသည် ဘုန်းအသရေနှင့် သက်သေခံချက်တို့ကို ဆုံးရှုံးခဲ့လေသည်။ ဖန်ဆင်းခံများကြားတွင် သက်သေရှိဖို့ရန်အတွက် ယနေ့ သိမ်းပိုက်ခြင်းအလုပ်မှာ သက်သေခံချက်အားလုံးနှင့် ဘုန်းအသရေအားလုံးကို ပြန်လည်ရယူရန်ဖြစ်ပြီး လူသားများအားလုံး ဘုရားသခင်ကို ကိုးကွယ်စေဖို့ဖြစ်သည်။ ဤသည်မှာ ဤလုပ်ငန်းအဆင့်တွင် လုပ်ဆောင်ရန် လိုအပ်သည့်အရာ ဖြစ်သည်။ လူသားမျိုးနွယ်ကို အတိအကျအားဖြင့် မည်ကဲ့သို့ သိမ်းပိုက်ရမည်နည်း။ လူသားကို အပြည့်အဝ လက်ခံယုံကြည်စေဖို့ ဤအဆင့်၏ နှုတ်ကပတ်တော်များ၏ လုပ်ဆောင်ချက်ကို အသုံးပြုခြင်းဖြင့်၊ သူ့အား လုံးဝနာခံစေရန်အလို့ငှာ ထုတ်ဖော်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် မငဲ့ညှာဘဲ ကျိန်ဆဲခြင်းတို့ကို အသုံးပြုခြင်းဖြင့်၊ သူသည် လူသားမျိုးနွယ်၏ မဖြောင့်မတ်ခြင်းနှင့်ညစ်ညမ်းမှုကို သိရှိနိုင်ရန် လူသား၏ပုန်ကန်မှုကို ဖွင့်ပြခြင်းနှင့် သူ၏ခုခံမှုကို တရားစီရင်ခြင်းအားဖြင့်ဖြစ်ပြီး၊ ထို့ကြောင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားအား မီးမောင်းထိုးပြရန် ယင်းအရာများကို အသုံးပြုရမည်ဖြစ်သည်။ လူသားကိုသိမ်းပိုက်ပြီး သူ့ကို အပြည့်အဝ လက်ခံယုံကြည်စေသည်မှာ အဓိကအားဖြင့် ဤနှုတ်ကပတ်တော်များမှတစ်ဆင့် ဖြစ်သည်။ နှုတ်ကပတ်တော်များသည် လူသားမျိုးနွယ်ကို အဆုံးစွန်သိမ်းပိုက်ခြင်း၏ လမ်းစဉ်ဖြစ်ပြီး သိမ်းပိုက်ခြင်းကို လက်ခံသောသူအားလုံးက သူ၏နှုတ်ကပတ်တော်များ၏ ရိုက်နှက်မှုနှင့် တရားစီရင်မှုကို လက်ခံရမည်ဖြစ်သည်။ ယနေ့စကားပြောခြင်း၏ လုပ်ငန်းစဉ်သည် သိမ်းပိုက်ခြင်းလုပ်ငန်းစဉ် ဟုတ်ပေသည်။ လူတို့သည် အတိအကျအားဖြင့် မည်သို့ ပူးပေါင်းလုပ်ဆောင်သင့်သနည်း။ ဤနှုတ်ကပတ်တော်များကို စားသောက်ပုံကို သိခြင်းနှင့် ၎င်းတို့ကို နားလည်သဘောပေါက်ခြင်းတို့အားဖြင့် ဖြစ်သည်။ လူတို့ သိမ်းပိုက်ခံရပုံနှင့်ပတ်သက်၍မူ၊ ယင်းသည် လူတို့ ၎င်းတို့ကိုယ်တိုင် ပြုလုပ်နိုင်သည့်အရာ တစ်ခု မဟုတ်ပေ။ သင်ပြုလုပ်နိုင်သည်မှာ ဤနှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့် သင်တို့၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုးယုတ်ညစ်ညမ်းမှု၊ သင်တို့၏ ပုန်ကန်ခြင်းနှင့် မဖြောင့်မတ်ခြင်းတို့ကို သိရှိလာကာ ဘုရားသခင့်ရှေ့မှောက်တွင် လဲကျကြရန်သာ ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ပြီးနောက် ယင်းကို လက်တွေ့လုပ်ဆောင်နိုင်ကာ၊ အကယ်၍ သင်၌ ရူပါရုံရှိပြီး ဤနှုတ်ကပတ်တော်များကို လုံးလုံးလျားလျားနာခံနိုင်လျှင်၊ ထို့အပြင် မည်သည့်ရွေးချယ်မှုကိုမျှ ကိုယ်တိုင် မပြုလုပ်ဘဲနေနိုင်လျှင် သင်သည် သိမ်းပိုက်ခြင်းခံရပြီး ဖြစ်လိမ့်မည်။ ထို့ပြင် ဤနှုတ်ကပတ်တော်များ၏ အကျိုးဆက်ပင် ဖြစ်လိမ့်မည်။ လူသားမျိုးနွယ်သည် သက်သေခံချက်ကို အဘယ်ကြောင့် ဆုံးရှုံးခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် မည်သူမျှ ဘုရားသခင်၌ ယုံကြည်ချက်မရှိ၊ လူတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်အတွက် နေရာမရှိသည့်အတွက် ဖြစ်သည်။ လူသားမျိုးနွယ်ကို သိမ်းပိုက်ခြင်းဆိုသည်မှာ လူသားမျိုးနွယ်၏ ယုံကြည်ခြင်းကို ပြန်လည်ထိန်းသိမ်းပေးခြင်းဖြစ်သည်။ လူတို့သည် သာမန်လောကဘက်သို့ အမြဲတမ်း ဒရောသောပါး ပြေးလိုကြသည်၊ များပြားလွန်းလှသော မျှော်လင့်ချက်များ သိုထားကြသည်၊ သူတို့၏အနာဂတ်အတွက် အဆမတန် လိုချင်ကြပြီး အလွန်အကျွံတောင်းဆိုချက်များ များစွာရှိကြသည်။ သူတို့သည် သူတို့၏ ဇာတိပကတိအကြောင်း အမြဲတွေးတောနေကြ၏၊ ဇာတိပကတိအတွက် စီစဉ်နေကြပြီး ဘုရားသခင်အပေါ် ယုံကြည်မှုနည်းလမ်း ရှာဖွေရာ၌ လုံး၀စိတ်မဝင်စားကြပေ။ သူတို့စိတ်နှလုံးများသည် စာတန်၏လုယူခြင်းကို ခံကြရပြီးဖြစ်သည်။ ဘုရားအပေါ် သူတို့၏ချစ်ကြောက်ရိုသေခြင်း ပျောက်ဆုံးခဲ့ကြပြီဖြစ်ပြီး သူတို့သည် စာတန်ကို စွဲလမ်းနေကြသည်။ သို့သော် လူသားကို ဘုရားသခင်က ဖန်ဆင်းထားခြင်းဖြစ်သည်။ သို့အတွက်ကြောင့် လူသားက သက်သေခံချက် ဆုံးရှုံးခဲ့ပြီဖြစ်သည်၊ ဆိုလိုသည်မှာ သူသည် ဘုရားသခင်၏ ဘုန်းတော်ကို ဆုံးရှုံးခဲ့ပြီဖြစ်သည်။ လူသားမျိုးနွယ်ကို သိမ်းပိုက်ခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင်အပေါ် လူသား၏ ချစ်ကြောက်ရိုသေခြင်း ဘုန်းအသရေကို ပြန်လည်ထိန်းသိမ်းရန် ဖြစ်သည်။ ဤသို့ဆို၍ ရသည်- ဘဝကို မလိုက် လျှောက် သောသူများစွာရှိသည်။ လိုက်လျှောက် သူအချို့ ရှိမည်ဆိုလျှင်ပင် အရေအတွက်က တစ်ဦးတည်း၏ လက်ချောင်းများဖြင့် ရေတွက်နိုင်လောက်သည်။ လူတို့သည် သူတို့၏အနာဂတ်အကြောင်းကိုသာ အများဆုံး စိုးရိမ်ပူပန်ကြပြီး ဘဝကို မည်သို့မျှ အာရုံစိုက်တတ်ကြသည်မဟုတ်ပေ။ လူအချို့တို့သည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ကာ အတိုက်အခံလုပ်ကြပြီး သူ၏နောက်ကျောတွင် သူ့ကို စီရင်ကြကာ သမ္မာတရားကို လက်တွေ့ မကျင့်ဆောင်ကြပါ။ ယခုတွင် ငါသည် ဤလူတို့ကို လျစ်လျူရှုပြီး ပုန်ကန်ခြင်း၏ သားများဖြစ်သည့် ဤအတန်းအစားကို ကိုင်တွယ်ခြင်းမှ ငါရှောင်ကြဉ်သည်။ အနာဂတ်၌ သင်သည် ငိုကြွေရင်းနဲ့ အံကြိတ် ရင်း မှောင်မိုက်၌ အသက်ရှင်ရလိမ့်မည်။ ထိုအထဲ၌ အသက်ရှင်ချိန်တွင် အလင်း၏ အဖိုးတန်မှုကို သင်တို့မခံစားရကြ၊ သို့သော် အမှောင်ည၌ သင်တို့ရှင်သန်ရသည်နှင့် တပြိုင်နက် ၎င်း၏ အဖိုးတန်မှုကို သိမြင်ရကြမည်ဖြစ်သည်။ ထို့နောက် သင်တို့ ဝမ်းနည်းကြလိမ့်မည်။ သင်သည် ယခုအဆင်ပြေနေသော်လည်း သင်ဝမ်းနည်းရမည့် နေ့ရက်ရောက်လာလိမ့်မည်။ ထိုနေ့ရက်ရောက်လာပြီး မှောင်မိုက်သက်ဆင်းကာ အလင်းနောက်ထပ်မရှိတော့သည့်အချိန် သင်၏နောင်တ သိပ်နောက်ကျလိမ့်မည်။ ထိုသို့ဖြစ်ရသည့် အကြောင်းမှာ ယခုသင့်အချိန်ကို မြတ်နိုးတန်ဖိုးထားဖို့ ပျက်ကွက်သည့် ပစ္စုပ္ပန်အမှုကို သင်နားမလည်သေးပဲ ရှိခြင်းကြောင့်ဖြစ်သည်။ စကြဝဠာတစ်ခုလုံးနှင့်ဆိုင်သော အလုပ် စတင်သည်နှင့် တပြိုင်နက်၊ ဆိုလိုသည်မှာ ယနေ့ ငါမိန့်ဆိုနေသောအရာအားလုံး အမှန်ဖြစ်လာသောအခါ လူများစွာတို့သည် မိမိတို့၏ဦးခေါင်းများကို ကိုင်ကာ ခါးသီးစွာ ငိုကြွေးကြလိမ့်မည်။ ယင်းမှာ ငိုကြွေးခြင်းနှင့် အံကြိတ် ခြင်းတို့ဖြင့် မှောင်မိုက်ထဲသို့ လဲကျခြင်း မဟုတ်ပါလား။ အသုံးပြုရန် မသင့်လျော်သော ပုန်ကန်ခြင်း၏ သားအားလုံး သည်သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို မည်သို့မျှ မရရှိပဲ မည်သည့်အရာကိုမျှ အဓိပ္ပါယ်ရှိအောင် မလုပ်နိုင်ပဲရှိနေရင်း မှောင်မိုက်ထဲသို့ ကျစဉ်တွင်၊ ဘဝကို အမှန်ပင်လိုက်လျှောက် ပြီး စုံလင်ခြင်းခံရသောသူတို့အားလုံးသည် အသုံးဝင်ကြလိမ့်မည်။ သို့အတွက်ကြောင့် သူတို့သည် မြည်တမ်းကာ ငိုကြွေးဖို့ ပြစ်ဒဏ်ပေးခြင်းထဲသို့ ကျရောက်ကြလိမ့်မည်။ သင်သည် အလုပ်၏ ဤအဆင့်၌ အဆင်သင့်ဖြစ်ပြီး သင့်အသက်တာ ရင့်ကျက်ပြီဆိုလျှင် အသုံးပြုခံရရန် သင့်လျော်သောသူ ဖြစ်ပေသည်။ အကယ်၍ သင်သည် အဆင်သင့်မရှိလျှင် အလုပ်၏နောက်တစ်ဆင့်အတွက် သင့်ကိုပြင်ဆင်ထားလျှင်ပင် သင်သည် သင့်လျော်မည်မဟုတ်ပါ။ ထိုအခြေအနေတွင် သင်ကိုယ်သင် ပြင်ဆင်ချင်လျှင်ပင် အခွင့်အလမ်း ကုန်လွန်သွားပါလိမ့်မည်။ ဘုရားက ထွက်ခွာသွားပြီး ဖြစ်လိမ့်မည်၊ ယခု သင့်ရှေ့၌ ရှိသော အခွင့်အလမ်းမျိုးကို သင်အဘယ်မှာ သွားပြီး ရှာဖွေမည်နည်း၊ သို့ဖြစ်လျှင် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ စီစဉ်ပေးသော စွမ်းဆောင်မှုကို သင်အဘယ်မှာ သွားပြီး လက်ခံရရှိမည်နည်း။ ထိုအခြေအနေတွင် ကိုယ်တိုင်ကိုယ်ကျ စကားပြောနေသူမှာ ဘုရားဖြစ်လိမ့်မည်မဟုတ်၊ သို့မဟုတ် သူ့အသံကို ပေးမည်မဟုတ်ပါ။ သင်သည် ယနေ့ ပြောလျက်ရှိသည့်အရာကိုသာ ဖတ်ရှုနိုင်ပါလိမ့်မည်။ သင်မည်သို့ အလွယ်တကူ နားလည်သဘောပေါက်နိုင်ပါမည်နည်း။ နောက်ဘဝက ယနေ့ဘဝနှင့် မည်သို့ တူညီနိုင်ပါလိမ့်မည်နည်း။ ထိုအခြေအနေတွင် သင်သည် ငိုကြွေးခြင်းနှင့် အံကြိတ် ခြင်းဖြင့် သေခြင်းတရားကို ခံစားနေရမည် မဟုတ်ပါလား။ ကောင်းကြီးမင်္ဂလာကို သင်တို့အား ယခု ပေးအပ်လျက်ရှိသော်လည်း မည်သို့ပျော်မွေ့ရမည်ကို သင်မသိ၊ ကောင်းကြီးထဲ သင်ရှင်သန်နေသော်လည်း သင်က ထိုအရာကို နားလည်သဘောပေါက်ခြင်းမရှိပါ။ ဤအရာက သင်သည် ဝေဒနာခံစားရကိန်း ကြုံသည်ကို သက်သေထူသည်။ လက်ရှိတွင် လူအချို့က အတိုက်အခံလုပ်ကြပြီး၊ အချို့က ပုန်ကန်ကြကာ၊ အချို့က တစ်ခု မဟုတ် တစ်ခု လုပ်ကြသည်။ ငါသည် သင့်ကို ယတိပြတ် လစ်လျူရှုသည်၊ သင်တို့၏ထိုအမှုကိစ္စများကို ငါ သတိမထားမိဘူးဟု မထင်နှင့်။ သင်တို့၏ အနှစ်သာရကို ငါသည် နားမလည်သလော။ အဘယ်ကြောင့် ငါ့ကို ဆန့်ကျင်မြဲ ဆန့်ကျင်ကြသနည်း။ သင့်အဘို့အလို့ငှာ အသက်နှင့် ကောင်းကြီး မင်္ဂလာနောက်သို့ လိုက်လျှောက်ရန် ဘုရားသခင်ကို သင်မယုံကြည်သလော။ သင်ယုံကြည်ခြင်းရှိသည်မှာ သင့်အဘို့အလို့ငှာ မဟုတ်လော။ ယခုအချိန်မှာ ငါသည် ငါ့စကားများဖြင့် သိမ်းပိုက်ခြင်းအလုပ်ကို လုပ်ဆောင်နေသည်။ ဤသိမ်းပိုက်ခြင်းအလုပ် အဆုံးသတ်သည်နှင့် သင်၏အဆုံးသတ်လည်း သိသာလိမ့်မည်။ ငါ ပို၍ ရှင်းရှင်းလင်းလုပ်ဖို့ လိုအပ်ပါသလား။

လက်ရှိသိမ်းပိုက်ခြင်းအလုပ်သည် လူသား၏ဘ၀နိဂုံး အဘယ်အရာဖြစ်လိမ့်မည်ကို ထင်ရှားစေရန် ရည်ရွယ်သည်။ ယနေ့ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် နောက်ဆုံးသောကာလ၏ ကြီးမြတ်သော ပလ္လင်ဖြူရှေ့ တရားစီရင်ခြင်းဖြစ်သည်ဟု အဘယ်ကြောင့် ငါ ပြောရသနည်း။ သင် ဤအရာကို မမြင်သလော။ သိမ်းပိုက်ခြင်းအလုပ်က အဘယ်ကြောင့် နောက်ဆုံးအဆင့် ဖြစ်သနည်း။ ထိုအရာမှာ လူတန်းစားအသီးသီး မည်သို့ဇာတ်သိမ်းမည်ကို ထင်ရှားစေဖို့ အတိအကျပင် မဟုတ်လော။ ထိုအရာမှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သော သိမ်းပိုက်ခြင်းလုပ်ငန်းစဉ်အတွင်း၊ လူတိုင်းကို မိမိ၏ သရုပ်မှန်အား ပြသခွင့်ပြုပြီး၊ ထိုနောက်တွင် အမျိုးအစားအတိုင်း ခွဲခြားခြင်းခံရစေဖို့ မဟုတ်သလော။ ဤသည်မှာ လူသားမျိုးနွယ်ကို သိမ်းပိုက်သည်ဟု ဆိုသည်ထက်၊ လူအဆင့်အတန်း အသီးသီး အဘယ်သို့ ဇာတ်သိမ်းမည်ကို ပြသည်ဟုဆိုလျှင် ပိုကောင်းလိမ့်မည်။ ဤသည်မှာ လူတို့၏အပြစ်များကို တရားစီရင်ခြင်းနှင့် ၎င်းနောက် လူ့အဆင့်အတန်းများအမျိုးမျိုးကို ဖော်ပြပြီး၊ ထိုသို့ဖြင့် ၎င်းတို့ ဆိုးယုတ်သည် သို့မဟုတ် ဖြောင့်မတ်သည်ကို ဆုံးဖြတ်ပေးခြင်း ဖြစ်သည်။ သိမ်းပိုက်ခြင်းအလုပ်ပြီးသည့်နောက်တွင် အကောင်းအတွက် ဆုလာဘ်ပေးခြင်းနှင့် အဆိုးအတွက် ပြစ်ဒဏ်ပေးခြင်းအလုပ် လာသည်။ အပြည့်အဝနာခံသောလူများ၊ ဆိုလိုသည်မှာ လုံးလုံးလျားလျား သိမ်းပိုက်ခံရသူများသည် စကြဝဠာတစ်ခုလုံးသို့ ဘုရားသခင်၏အလုပ်အား ဖြန့်ဝေခြင်းဟူသည့် နောက်တစ်ဆင့်၌ နေရာချထားခံကြရမည်၊ သိမ်းပိုက်မခံရသောသူတို့သည် မှောင်မိုက်၌ နေရာချထားခံရမည်ဖြစ်ပြီး ဘေးဒုက္ခနှင့် တွေ့ကြုံကြရမည်ဖြစ်သည်။ လူသားသည် အမျိုးအစားအလိုက် ဤသို့ ခွဲခြားသတ်မှတ်ခံရမည်၊ အဆိုးလုပ်သူများသည် နေအလင်းရောင်ကို နောက်တစ်ဖန် လုံးဝမမြင်ရဖို့ ဆိုးညစ်မှုနှင့် စုဖွဲ့ခံကြရမည်၊ ဖြောင့်မတ်သူတို့သည် အလင်းကိုံရရှိကာ အလင်းထဲ၌ ထာဝရအသက်ရှင်သွားဖို့ ကောင်းမြတ်မှုနှင့် စုဖွဲ့ခံကြရမည်။ အရာအားလုံးအတွက် အဆုံးသည် နီးလာပြီဖြစ်သည်၊ လူသား၏နိဂုံးကို သူ၏မျက်လုံးများအား ရှင်းရှင်းလင်းလင်း ပြသပြီးဖြစ်ပြီး၊ အရာအားလုံးသည် အမျိုးအစားအတိုင်း ခွဲခြားသတ်မှတ်ခံရလိမ့်မည်။ ထိုသို့ဖြစ်လျှင် လူတို့သည် အသီးသီး အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်း၏ မချိတင်ကဲဝေဒနာမှ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။ အရာအားလုံးအတွက် အဆုံးသတ် နီးကပ်လာချိန်တွင် လူ့အဆင့်အတန်းအသီးသီး၏ နိဂုံးအား ဖွင့်ပြပြီး၊ ယင်းကို စကြဝဠာတစ်ခွင်လုံးအား သိမ်းပိုက်ခြင်းအလုပ်အတွင်း၌ (လက်ရှိအလုပ်မှစ၍ သိမ်းပိုက်ခြင်းအလုပ်အားလုံး အပါအဝင်) လုပ်ဆောင်သည်။ လူသားမျိုးနွယ်တစ်ခုလုံး၏ နိဂုံးကို ဖွင့်ပြခြင်းသည် တရားစီရင်ရာပလ္လင်ရှေ့မှောက်တွင် ပြစ်တင်ဆုံးမခြင်း လုပ်ငန်းစဉ်အတွင်းနှင့် နောက်ဆုံးသောကာလ သိမ်းပိုက်ခြင်း လုပ်ငန်းစဉ်အတွင်း၌ လုပ်ဆောင်သည်။ လူတို့အား အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်းသည် လူတို့ကို သူတို့၏ မူလအဆင့်အတန်းများသို့ ပြန်ပို့ခြင်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းချိန်၌ လူသားတစ်မျိုးတည်းသာ ရှိခဲ့သည်။ တစ်ခုတည်းသော ခွဲခြားမှုမှာ ယောက်ျားနှင့် မိန်းမအကြားသာ ဖြစ်သည်။ ကွဲပြားသော လူအမျိုးအစားများစွာ မရှိခဲ့ပေ။ နှစ်ထောင်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးပြီး နောက်တွင်သာ ကွဲပြားခြားနားသော လူ့အဆင့်အတန်းများ ပေါ်ထွက်လာကြခြင်းဖြစ်ပြီး၊ အချို့က ညစ်ညူးသော နတ်ဆိုးတို့၏ အုပ်စိုးမှုအောက် ရောက်ရှိကြပြီးလျှင်၊ အချို့မှာ ဆိုးယုတ်သောနတ်ဆိုးများ၏ အုပ်စိုးမှုအောက်၊ အသက်လမ်းစဉ်ကို လိုက်လျှောက်သောသူအချို့မှာ အနန္တတန်ခိုးရှင်၏ အုပ်စိုးမှုအောက်တွင် ဖြစ်သည်။ ဤနည်းလမ်းအားဖြင့်သာလျှင် အဆင့်အတန်းများက လူတို့ကြားတွင် တဖြည်းဖြည်း ဖြစ်တည်လာပြီး၊ ဤကဲ့သို့သာလျှင် လူသား၏ ကြီးမားသောမိသားစုအတွင်း၌ လူတို့သည် အဆင့်အတန်းများ ခွဲထွက်လာကြသည်။ လူအားလုံးက ကွဲပြားသော “ဖခင်များ” ရှိလာကြသည်၊ လူသားသည် ပုန်ကန်လွန်းသောကြောင့် အနန္တတန်ခိုးရှင်၏ အုပ်စိုးမှုအောက် လူတိုင်း လုံးလုံးလျားလျားရှိလာသည် မဟုတ်ပေ။ ဖြောင့်မတ်သော တရားစီရင်ခြင်းက လူပုဂ္ဂိုလ်အမျိုးအစားတစ်ခုစီ၏ နဂိုအစစ်အမှန်ကို ဖွင့်ပြပြီး မည်သည့်အရာကိုမျှ ကွယ်ဝှက်မထားပေ။ လူတိုင်း အလင်း၌ မိမိ၏ မျက်နှာအမှန်ကို ပြသသည်။ ဤအခိုက်တွင် လူသည် နဂိုမူလက ဖြစ်ခဲ့သည့်အတိုင်း မဟုတ်တော့ဘဲ သူ၏ဘိုးဘေးများနှင့် နဂိုသဏ္ဍာန်တူညီမှု ပျောက်ကွယ်ခဲ့သည်မှာ ရှည်ကြာခဲ့ပြီ၊ အဘယ့်ကြောင့်ဆိုသော် အာဒံနှင့် ဧဝတို့၏ မရေတွက်နိုင်သော သားစဉ်မြေးဆက်တို့သည် ကောင်းကင်ကနေကို နောက်တဖန်လုံးဝ မသိမမြင်ရဖို့ စာတန်၏ ဖမ်းဆီးခြင်းကို ခံခဲ့ကြရပြီး၊ လူတို့သည် စာတန်၏ အဆိပ်အမျိုးမျိုးတို့နှင့် ပြည့်နေခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူတို့တွင် သူတို့၏ သင့်လျော်သောခရီးပန်းတိုင်များ ရှိကြသည်။ ထို့ပြင် သူတို့၏ မတူညီသောအဆိပ်များပေါ် အခြေခံပြီး သူတို့ကို အမျိုးအစားအလိုက် အတန်းစားခွဲခြားထားခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ သူတို့ကို ယနေ့ သိမ်းပိုက်ထားသော အတိုင်းအတာအားဖြင့် ခွဲခြားထားခြင်း ဖြစ်သည်။ လူသား၏နိဂုံးသည် ကမ္ဘာမြေဖန်ဆင်းခြင်းကတည်းက ခွဲခန့်မှတ်သားထားခဲ့သည့် အရာတစ်ခု မဟုတ်ပေ။ ဤသည်မှာ အစအဦးတွင် “လူသားမျိုးနွယ်” ဟု စုပေါင်းခေါ်ဝေါ်သည့် အတန်းအစားတစ်ခုသာ ရှိခဲ့သောကြောင့်ဖြစ်သည်။ ပြီးလျှင် အစ၌ လူသားသည် စာတန်၏ ဖျက်ဆီးခြင်း မခံခဲ့ရသည့်အပြင်၊ သူတို့အပေါ် မည်သည့် မှောင်မိုက်မျှ ကျရောက်ခြင်း မရှိဘဲ ဘုရားသခင်၏ အလင်းထဲ၌ လူအားလုံး အသက်ရှင်နေထိုင်ခဲ့ကြသည်။ သို့သော် လူသည် စာတန်၏ ဖျက်ဆီးခြင်းခံခဲ့ရပြီးနောက် လူတို့၏ အတန်းအစားနှင့် အမျိုးအစားအားလုံး ကမ္ဘာမြေတစ်ပြင်လုံးသို့ ပျံ့နှံ့ခဲ့လေသည်— ယောက်ျားနှင့် မိန်းမတို့ဖြင့် ဖွဲ့တည်ထားသော “လူသားမျိုးနွယ်” ဟု စုပေါင်းခေါ်ဝေါ်သည့် မိသားစုမှလာသော လူတို့၏ အတန်းအစားနှင့် အမျိုးအစားများအားလုံးပင် ဖြစ်သည်။ သူတို့အားလုံးကို သူတို့၏ အကြီးရင့်ဆုံး ဘိုးဘေးများ— ယောက်ျားနှင့်မိန်းမ ပါဝင်သည့် လူသားမျိုးနွယ် (၎င်းမှာ သူတို့၏ အကြီးရင့်ဆုံး ဘိုးဘေးများဖြစ်သည့် မူရင်း အာဒံနှင့်ဧဝတို့)- မှ လမ်းလွဲသွားဖို့ သူတို့၏ ဘိုးဘေးဘီဘင်များက ဦးဆောင်ခဲ့ကြသည်။ ထိုအချိန်က ဣသရေလအမျိုးသားများသည်သာ မြေကြီးပေါ် အသက်ရှင်နေထိုင်ဖို့ ယေဟောဝါ ဦးဆောင်နေခဲ့သည့် တစ်ခုတည်းသောလူမျိုး ဖြစ်ခဲ့သည်။ ထို့နောက်တွင် ဣသရေလတစ်ခုလုံးမှ (မူရင်းမိသားစုမျိုးရိုးစုမှဟု ဆိုလိုသည်) ထွက်ပေါ်လာသော လူအမျိုးမျိုးတို့သည် ယေဟောဝါ၏ လမ်းပြမှုကို ဆုံးရှုံးခဲ့ကြသည်။ လူ့လောက၏ ကိစ္စရပ်များကို လုံးဝမသိသည့် ဤအစောပိုင်းလူမျိုးများသည် နောက်ပိုင်းတွင် သူတို့တောင်းဆိုခဲ့ကြသည့် နယ်မြေများတွင် နေထိုင်ရန် သူတို့၏ဘိုးဘေးများနှင့်အတူ လိုက်သွားခဲ့ကြပြီး ယင်းသည် ယနေ့ထက်တိုင် ဆက်၍ဖြစ်နေသည်။ ထို့ကြောင့် သူတို့သည် ယေဟောဝါထံမှ မည်သို့လမ်းလွဲခဲ့ကြပြီး အမျိုးမျိုးသော ညစ်ညူးသည့် နတ်ဆိုးများနှင့် ဆိုးယုတ်သော ဝိညာဉ်တို့၏ ဖျက်ဆီးခြင်း မည်သို့ခံခဲ့ကြရသည်ကို မသိဘဲ ရှိနေကြဆဲဖြစ်၏။ ကြီးလေးစွာဖျက်ဆီးခံရပြီး ယခုတိုင် အဆိပ်သင့်သောသူတို့၊ အခြေခံအားဖြင့် ကယ်ဆယ်၍မရနိုင်သော သူတို့သည် သူတို့ကို ဖျက်ဆီးခဲ့သော ညစ်ညူးသည့် နတ်ဆိုးများဖြစ်သော သူတို့၏ဘိုးဘေးတို့နှင့် သွားကြရုံမှလွဲ၍ အခြားရွေးချယ်စရာရှိမည် မဟုတ်ပေ။ အခြေခံအားဖြင့် ကယ်ဆယ်၍ရနိုင်သော သူတို့သည် လူသားမျိုးနွယ်၏ သင့်လျော်သော ခရီးပန်းတိုင်သို့ သွားလိမ့်မည်၊ ဆိုလိုသည်မှာ ကယ်တင်ခံရသူနှင့် သိမ်းပိုက်ခံရသူတို့အတွက် သီးသန့်ထားရှိသော အဆုံးသတ်သို့ ဖြစ်သည်။ ကယ်တင်ခြင်းခံရနိုင်သော သူတို့ကို ကယ်တင်ရန်အတွက် အရာအားလုံးကို လုပ်ဆောင်မည်ဖြစ်သည်၊ သို့သော် အရေထူပြီး ကုသ၍မရနိုင်သောသူတို့အဘို့ သူတို့၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ ဆုံးမပြစ်တင်ခြင်း၏ အနက်ဆုံးတွင်းထဲသို့ သူတို့၏ ဘိုးဘေးများနောက်မှ လိုက်ကြဖို့သာ ဖြစ်လိမ့်မည်။ သင်၏နိဂုံးကို အစအဦးကတည်းက ခွဲခန့်မှတ်သားထားခဲ့ပြီး ယခုမှသာ ဖွင့်ပြသည်ဟု မထင်လေနှင့်။ သင်ထိုသို့ထင်လျှင် လူသားမျိုးနွယ်၏ ကနဦးဖန်ဆင်းခြင်းအတွင်း သီးခြားစာတန်အတန်းအစား မဖန်ဆင်းခဲ့သည်ကို သင်မေ့လျော့ပြီလော။ အာဒံ နှင့် ဧဝဖြင့် ဖွဲ့တည်ထားသည့် တစ်ခုတည်းသော လူသားမျိုးနွယ်အား ဖန်ဆင်းခဲ့သည် (ယောက်ျားနှင့် မိန်းမသာ ဖန်ဆင်းခံခဲ့ရသည်ဟု ဆိုလိုသည်) ကို သင်မေ့လျော့ပြီလော။ သင်တို့သည် အစအဦး၌ စာတန်မှ ဆင်းသက်လာသူဖြစ်ခဲ့လျှင် ယင်းမှာ ယေဟာဝါ လူသားကို ဖန်ဆင်းသောအခါ သူ၏ဖန်ဆင်းခြင်း၌ စာတန်အုပ်စုတစ်စု သူထည့်သွင်းခဲ့သည်ဟု ဆိုလိုလိမ့်မည်မဟုတ်လော။ ထိုကဲ့သို့သော အရာတစ်ခုကို သူလုပ်ဆောင်ခဲ့နိုင်မည်လော။ သူသည် မိမိ၏သက်သေခံချက်အဘို့အလို့ငှာ လူသားကို ဖန်ဆင်းခဲ့ခြင်းဖြစ်သည်၊ သူသည် မိမိဘုန်းအသရေအဘို့အလို့ငှာ လူသားကို ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ သူ့ကို တမင်တကာ ခုခံရန် စာတန်၏နောင်လာနောက်သား လူတန်းစားတစ်ခုကို အဘယ်ကြောင့် သူဖန်ဆင်းမည်နည်း။ ယေဟောဝါသည် ဤကဲ့သို့သော အရာတစ်ခုကို လုပ်ဆောင်ခဲ့နိုင်မည်လော။ အကယ်၍ သူလုပ်ဆောင်ခဲ့လျှင် သူသည် ဖြောင့်မတ်သောဘုရားဖြစ်သည်ဟု မည်သူဆိုနိုင်လိမ့်မည်နည်း။ သင်တို့အချို့သည် အဆုံး၌ စာတန်နှင့်အတူ သွားရလိမ့်မည်ဟု ငါယခုဆိုသောအခါ၊ သင်သည် အစအဦးကတည်းက စာတန်နှင့် ရှိခဲ့သည်ဟု မဆိုလိုပေ၊ ထို့ထက် သင်သည် အလွန်နိမ့်ကျအောင် နစ်မြုပ်ခဲ့ကြသဖြင့် ဘုရားသခင် သင့်ကိုကယ်တင်ဖို့ ကြိုးစားလျှင်သော်မှ ထိုကယ်တင်ခြင်းကို သင်မရယူနိုင်ခဲ့ဟု ဆိုလိုခြင်းဖြစ်သည်။ သင့်ကို စာတန်နှင့်အတူ မျိုးတူသတ်မှတ်ဖို့မှလွဲ၍ ရွေးချယ်စရာမရှိပေ။ ဤသည်မှာ သင်သည် ကယ်ဆယ်၍ မရနိုင်သောကြောင့်ဖြစ်ပြီး ဘုရားသခင် သင့်အပေါ် မဖြောင့်မတ်သောကြောင့်မဟုတ်၊ ဘုရားသခင်က သင်၏ကံကြမ္မာကို စာတန်၏ ပြယုဂ်တစ်ခုအဖြစ် တမင်တကာ သတ်မှတ်ပြီးနောက် စာတန်နှင့်အတူ သင့်ကို မျိုးတူသတ်မှတ်ကာ တမင်သက်သက် သင့်ကို ဝေဒနာခံစားစေလို၍ မဟုတ်ပေ။ ထိုအရာသည် သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းကျကျ အမှန်တရားမဟုတ်ပေ။ ထိုအရာသည် သင်ယုံကြည်သည့် အရာဖြစ်လျှင် သင်၏နားလည်သဘောပေါက်မှုက အလွန် တစ်ဖက်သတ်ဆန်လှသည်တကား။ သိမ်းပိုက်ခြင်း၏ နောက်ဆုံးအဆင့်မှာ လူတို့ကို ကယ်တင်ရန်နှင့် လူတို့၏ နိဂုံးများကိုလည်း ထုတ်ဖော်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ယင်းသည် တရားစီရင်ခြင်းအားဖြင့် လူတို့၏ ဆုတ်ယုတ်လာမှုကို ထုတ်ဖော်ပြီး ထိုသို့ဖြင့် သူတို့ကို နောင်တရစေကာ ထစေပြီး အသက်နှင့်လူ့ဘဝ၏ လမ်းကြောင်းအမှန်ကို လိုက်စေရန်ဖြစ်သည်။ ထိုအရာမှာ ထုံပြီး တုံးသော လူတို့၏ စိတ်နှလုံးများကို နှိုးရန်နှင့် တရားစီရင်ခြင်းအားဖြင့် သူတို့၏ အတွင်းပုန်ကန်မှုကို ပြသရန်ဖြစ်သည်။ သို့သော် လူတို့သည် နောင်တမရနိုင်သေးဘဲ၊ လူ့ဘဝ၏ လမ်းကြောင်းအမှန်ကို မလိုက်နိုင်သေးဘဲလျက် ဤဖောက်ပြန်ပျက်စီးမှုများကို မစွန့်ပစ်နိုင်သေးလျှင် သူတို့သည် ကယ်ဆယ်မရနိုင်ဘဲ စာတန်က မျိုချလိမ့်မည်။ ဤသည်မှာ လူတို့ကို ကယ်တင်ရန်နှင့် သူတို့၏ နိဂုံးများကိုလည်း ပြသရန် ဘုရားသခင်၏ သိမ်းပိုက်ခြင်း၏ အရေးပါမှုဖြစ်သည်။ ကောင်းသော နိဂုံးများ၊ မကောင်းသော နိဂုံးများ— ယင်းတို့အားလုံးကို သိမ်းပိုက်ခြင်းအလုပ်အားဖြင့် ထုတ်ဖော်ပြသသည်။ လူတို့ ကယ်တင်ခံရမည် သို့မဟုတ် ကျိန်ဆဲခံရမည် ဟူသည့်အရာသည် သိမ်းပိုက်ခြင်းအလုပ် အတောအတွင်း၌ အားလုံး ထုတ်ဖော်ခံရမည်ဖြစ်သည်။

ခပ်သိမ်းသောအရာအားလုံးကို သိမ်းပိုက်ခြင်းအားဖြင့် အမျိုးအစားအလိုက် မျိုးတူစုခံရမည့်အချိန်သည် နောက်ဆုံးသောကာလ ဖြစ်သည်။ သိမ်းပိုက်ခြင်းသည် နောက်ဆုံးသောကာလ၏ လုပ်ငန်းဖြစ်သည်၊ တစ်နည်းအားဖြင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အပြစ်များကို စီရင်ခြင်းသည် နောက်ဆုံးသောကာလ၏ လုပ်ငန်းဖြစ်သည်။ ထိုသို့မဟုတ်လျှင် လူများကို မည်သို့ အမျိုးအစားခွဲခြားနိုင်မည်နည်း။ သင်တို့အကြား လုပ်ဆောင်လျက်ရှိသော ခွဲခြားခြင်းအမှုသည် စကြဝဠာတစ်ခွင်လုံး၌ ဤကဲ့သို့သောအလုပ်၏ အစဖြစ်သည်။ ဤနောက်တွင်ကား နေရာတိုင်းတွင်ရှိသော တိုင်းနိုင်ငံအားလုံးမှ လူတို့သည် သိမ်းပိုက်ခြင်းအလုပ်ကို ခံစားစေရကြလိမ့်မည်။ ဤသည်မှာ ဖန်ဆင်းရာထဲ၌ရှိသော ပုဂ္ဂိုလ်တိုင်း တရားစီရင်ခံရဖို့ တရားစီရင်ရာပလ္လင်ရှေ့သို့ လာကြပြီး အမျိုးအစားအလိုက် ခွဲခြားခံရမည်ကို ဆိုလိုသည်။ ဤပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းကို ကြုံရခြင်းမှ အဘယ်ပုဂ္ဂိုလ်နှင့် အဘယ်အရာမျှ မလွတ်မြောက်နိုင်၊ ထို့ပြင် အဘယ်ပုဂ္ဂိုလ်နှင့် အဘယ်အရာမျှ ဤအမျိုးအစားအလိုက် ခွဲခြားစုဖွဲ့ခြင်းကို ရှောင်ကွင်းမသွားနိုင်၊ အယောက်တိုင်း အတန်းအစားများထဲသို့ ခွဲခြားခံရမည်ဖြစ်သည်။ ထိုအရာမှာ အရာခပ်သိမ်းတို့အတွက် အဆုံးသတ်နီးလာပြီး ခပ်သိမ်းသော ကောင်းကင်နှင့်မြေကြီးတို့သည် သူတို့၏နိဂုံးသို့ ရောက်ရှိလာကြသောကြောင့်ပင် ဖြစ်သည်။ လူသည် သူ့တည်ရှိမှု၏အဆုံးသတ်ကို အဘယ်သို့ လွှဲရှောင်နိုင်မည်နည်း။ ထို့ကြောင့် သင်တို့သည် သင်တို့၏ မနာခံမှုလုပ်ရပ်များကို မည်မျှကြာကြာ ဆက်လက်လုပ်နေနိုင်မည်နည်း။ သင်တို့၏ နောက်ဆုံးကာလ ရောက်အံ့ဆဲဆဲ ဖြစ်သည်ကို သင် တို့ မမြင်သလော။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး သူပေါ်ထွန်းလာဖို့ တောင့်တသူတို့အနေဖြင့် ဘုရားသခင်၏ ဖြောင့်မတ်သော ပေါ်ထွန်းလာခြင်း နေ့ရက်ကို မည်သို့ မမြင်နိုင်သနည်း။ ကောင်းမြတ်မှုအတွက် နောက်ဆုံးဆုလာဘ်ကို သူတို့ မည်သို့ မခံယူနိုင်သနည်း။ သင်သည်ကောင်းသောအမှုကို ပြုသောသူတစ်ဦးလော သို့မဟုတ် မကောင်းသောအမှုကို ပြုသောသူတစ်ဦးလော။ သင်သည် ဖြောင့်မတ်သော တရားစီရင်ခြင်းကို လက်ခံပြီးနောက် နာခံသောသူတစ်ဦးလော သို့မဟုတ် နောက်တွင် ကျိန်ခြင်းခံရသောသူလော။ သင်သည် တရားစီရင်ရာ ပလ္လင်တော်ရှေ့ အလင်း၌ အသက်ရှင်ခဲ့သောသူလော သို့မဟုတ် မရဏနိုင်ငံထဲ မှောင်မိုက်၌ အသက်ရှင်ခဲ့သူလော။ သင်ကိုယ်တိုင် သင်၏အဆုံးသတ်က ဆုလာဘ်ရသောသူတစ်ဦး သို့မဟုတ် ပြစ်ဒဏ်ပေးခြင်းခံရသူတစ်ဦးဟု အရှင်းလင်းဆုံး သိထားသူတစ်ဦးမဟုတ်သလော။ သင်သည် ဘုရားသခင်ဖြောင့်မတ်သည်ဟု အရှင်းလင်းဆုံးသိပြီး အနက်ရှိုင်းဆုံး နားလည်သဘောပေါက်သောသူ မဟုတ်လော။ ထို့ကြောင့် အမှန်တကယ်အားဖြင့်၊ သင်၏အမူအကျင့်က အဘယ်သို့နည်း၊ သင်၏ စိတ်နှလုံး ကအဘယ်မှာနည်း။ သင့်ကို သိမ်းပိုက်ခြင်းအကြောင်း ယနေ့ငါပြောသည်နှင့်အညီ၊ သင်၏ အပြုအမူက ဆိုးညစ်သောအရာ သို့မဟုတ် ကောင်းမြတ်သောအရာနှင့်ဆိုင်သည်ဟု သင့်အတွက် ရှင်းလင်းဖော်ပြဖို့ ငါ့ကို အမှန်တကယ် သင်လိုအပ်သလော။ ငါ့အတွက် အဘယ်မျှလောက် သင်စွန့်လွှတ်ခဲ့ပြီးသနည်း။ အဘယ်မျှလောက် နက်နက်ရှိုင်းရှိုင်း ငါ့ကို သင်ကိုးကွယ်သနည်း။ သင် ငါ့အပေါ် အဘယ်သို့ရှိသည်ကို သင်ကိုယ်တိုင် အရှင်းလင်းဆုံးသိသည်— ဆိုသည်မှာ မမှန်သလော။ အဆုံးစွန် သင်မည်သို့ အဆုံးသတ်လိမ့်မည်ကို မည်သူမဆိုထက် သင်ပို၍ကောင်းကောင်း သိသင့်သည်။ ငါအမှန်ဆိုသည်ကား ငါသာ လူသားတို့ကို ဖန်ဆင်းခဲ့ပြီး သင့်ကို ဖန်ဆင်းခဲ့သည်၊ သို့သော် သင်တို့ကို ငါ စာတန်လက်သို့ မအပ်ခဲ့၊ သင်တို့ ငါ့ကို ပုန်ကန် သို့မဟုတ် အတိုက်အခံလုပ်သောကြောင့် ငါ့အားဖြင့် ပြစ်ဒဏ်ပေးခံရရန်လည်း ရည်ရွယ်ချက်ရှိရှိ ငါသင်တို့ကို မလုပ်ခဲ့။ သင်တို့ စိတ်နှလုံးများ အလွန်အမင်း မာကြောပြီး သင်တို့ အမူအကျင့်က အလွန်အမင်း စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသောကြောင့် ဤဘေးဒုက္ခများကို သင်တို့ ရရှိခဲ့ကြသည်မဟုတ်လော။ ထို့ကြောင့် သင်တို့၏ကိုယ်ပိုင်အဆုံးသတ်ကို သင်တို့ဆုံးဖြတ်နိုင်သည်ဆိုသည်မှာ အမှန်မဟုတ်လော။ မည်သို့ သင်တို့ အဆုံးသတ်မည်ကို မည်သူမဆိုထက် သင်တို့စိတ်နှလုံးများထဲ၌ သင်တို့ပိုသိကြသည်မှာ အမှန်မဟုတ်လော။ လူတို့ကို ငါ သိမ်းပိုက်နေခြင်းအကြောင်းရင်းမှာ သူတို့ကို ဖော်ထုတ်ရန်နှင့် သင်၏ ကယ်တင်ခြင်းကို ပို၍ သေချာစေရန်လည်း ဖြစ်သည်။ သင် မကောင်းသောအရာကို လုပ်ဖို့ သို့မဟုတ် ပျက်ဆီးခြင်းငရဲထဲသို့ သင့်ကို တမင်တကာ လျှောက်စေဖို့ မဟုတ်ပါ။ အချိန်ကျရောက်လာသောအခါ သင်၏ ဒုက္ခဝေဒနာ၊ သင်၏ ငိုကြွေးခြင်း နှင့် အံကြိတ်ခြင်းအားလုံး— ထိုအရာအားလုံးသည် သင်၏ အပြစ်များကြောင့် ဖြစ်လိမ့်မည် မဟုတ်လော။ ထို့ကြောင့် သင့်ကိုယ်ပိုင် ကောင်းမြတ်ခြင်း သို့မဟုတ် သင့်ကိုယ်ပိုင် ဆိုးညစ်ခြင်းက အကောင်းဆုံးသော သင်၏တရားစီရင်ခြင်း မဟုတ်လော။ ထိုအရာသည် သင်၏ အဆုံးသတ်မည်သည့်အရာဖြစ်မည် ဆိုသည့် အကောင်းဆုံးသက်သေအထောက်အထား မဟုတ်လော။

ယခုအချိန်တွင် သူတို့၏ ပုန်ကန်သော စိတ်သဘောထားအားလုံးကို ဖွင့်ချရန် နှင့် သူတို့၏ အကျည်းတန်မှုကို ဖော်ထုတ်ရန် တရုတ်ပြည်၌ရှိသော ဤလူတို့အပေါ်မှ အလုပ်ကို ငါ အသုံးပြုနေသည်။ ဤအရာကား ငါပြောရန်လိုအပ်သမျှကို ပြောနေခြင်းအတွက် နောက်ခံအကြောင်းအရာ ဖြစ်သည်။ ထို့နောက်မှ စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်ခြင်းနှင့်ဆိုင်သော အလုပ်၏ နောက်တစ်ဆင့်ကို ငါပြုမည်။ လူသားမျိုးနွယ်ကြားတွင် အသင် လူတို့သည် ပုန်ကန်တတ်သောသူတို့၏ ကိုယ်စားလှယ်များဖြစ်ကြခြင်းကြောင့် စကြဝဠာတစ်ခုလုံးရှိ လူတိုင်း၏ မတရားသောအမှုကို စစ်ကြောစီရင်ရန် သင်တို့အား ငါ၏တရားစီရင်ခြင်းအမှုကို ငါအသုံးပြုမည်။ မတက်လှမ်းနိုင်သောသူတို့သည် အဖြည့်ခံများသာသာ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး အသုံးတော်ခံများဖြစ်မည်၊ တက်လှမ်းနိုင်သော သူတို့မူကား အသုံးပြုခြင်း ခံရကြမည်။ အဘယ်ကြောင့် မတက်လှမ်းနိုင်သောသူတို့သည် အဖြည့်ခံများအနေနဲ့သာ အသုံးတော်ခံမည်ဟု ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ငါ၏ လက်ရှိစကားလုံးများနှင့် အလုပ်များအားလုံးသည် သင်တို့၏နောက်ခံကို ညွှန်ကြပြီး သင်တို့သည် လူသားမျိုးနွယ်အားလုံးတို့တွင် ပုန်ကန်တတ်သောသူတို့၏ ကိုယ်စားလှယ်များနှင့် သရုပ်သကန် ဖြစ်လာခဲ့ကြခြင်းကြောင့်ဖြစ်သည်။ နောက်ပိုင်းတွင် ငါသည် သင်တို့ကို သိမ်းပိုက်သော ဤစကားလုံးများကို ပြည်ပနိုင်ငံများသို့ ယူဆောင်သွားပြီး ထိုအရပ်၌ရှိသော လူတို့ကို သိမ်းပိုက်ရန် အသုံးပြုမည်ဖြစ်သော်လည်း သင်သည် သူတို့ကို ရရှိလိမ့်မည်မဟုတ်။ ယင်းက သင်တို့ကို အဖြည့်ခံတစ်ခုအဖြစ် ရောက်စေသည် မဟုတ်လော။ လူသားထုအားလုံး၏ ပျက်စီးသော သဘောသဘာဝများ၊ လူသား၏ ပုန်ကန်သော လုပ်ရပ်များ၊ လူသား၏ အကျည်းတန်သော ပုံရိပ်များနှင့် မျက်နှာများ၊ အားလုံးတို့သည် သင်တို့ကို သိမ်းပိုက်ရန် အသုံးပြုသော စကားလုံးများထဲ၌ မှတ်တမ်းတင်ထားသည်။ သင်တို့သည် စံနမူနာ နှင့် သာဓက ဖြစ်ကြခြင်းကြောင့် တိုင်းနိုင်ငံတိုင်း၏ လူများ နှင့် ဘာသာရေးဂိုဏ်းတိုင်းကို သိမ်းပိုက်ဖို့ ငါအသုံးပြုမည်။ သို့သော်လည်း ငါသည် ရည်ရွယ်ချက်ရှိရှိ သင်တို့ကို စွန့်ပစ်ဖို့ အစမပြုခဲ့၊ သင်၏ လိုက်လျှောက်မှုတွင် ကောင်းကောင်းသင်မလုပ်နိုင်သောကြောင့် ကုသ၍မရနိုင်သူအဖြစ် သင်သက်သေပြလျှင် သင်သည် အသုံးတော်ခံ တစ်ခု နှင့် အဖြည့်ခံတစ်ခု ဖြစ်ရုံမျှ ဖြစ်လိမ့်မည် မဟုတ်လော။ ငါ့ဉာဏ်ပညာသည် စာတန်၏ အကြံအစည်များပေါ် အခြေခံပြီး ကျင့်သုံးသည်ဟု တစ်ချိန်က ငါဆိုခဲ့၏။ အဘယ်ကြောင့် ထိုသို့ ငါဆိုသနည်း။ ယင်းက ယခု ငါပြောနေ၊ လုပ်နေသောအရာ၏ နောက်ကွယ်က အမှန်တရား မဟုတ်လော။ သင်သည် မတက်လှမ်းနိုင်လျှင်၊ စုံလင်ခြင်းမခံရလျှင်၊ သို့သော် ထို့အစား အပြစ်ပေးခံရလျှင် သင်သည် အဖြည့်ခံတစ်ခု ဖြစ်လာလိမ့်မည် မဟုတ်လော။ သင့်အနေဖြင့် ဝေဒနာများစွာ ခံစားခဲ့ပြီးဖြစ်နိုင်သည်၊ သို့သော် ယခု ဘာကိုမျှ သင်နားမလည်သေး၊ အသက်အကြောင်း အရာခပ်သိမ်းကို သင်မသိပဲ ဖြစ်နေသည်။ သင်သည် ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်းကို ခံရပြီးဖြစ်သော်လည်း သင်ဘာကိုမျှ မပြောင်းလဲသလို သင်၏အတွင်းနက်နဲရာတွင် အသက်ကိုမရရှိပါ။ သင်၏အလုပ်ကို စမ်းသပ်ဖို့ အချိန်ကျရောက်လာသောအခါ မီးတမျှ ပြင်းထန်သော စမ်းသပ်ခြင်းနှင့် ပိုကြီးမားသော ဆင်းရဲဒုက္ခကိုပင်လျှင် သင်ခံစားရမည်။ ဤမီးက သင်၏ဖြစ်တည်ခြင်း တစ်ခုလုံးကို ပြာမှုံများအဖြစ်သို့ ပြောင်းသွားစေလိမ့်မည်။ အသက်တာမပိုင်သော သူတစ်ဦး၊ အတွင်း၌ ရွှေစင်တစ်အောင်စမျှ မရှိသော သူတစ်ဦး၊ အိုဟောင်းပျက်စီးသော စိတ်သဘောထားနှင့် ကပ်ငြိဆဲသူတစ်ဦး နှင့် အဖြည့်ခံအဖြစ်၌ ကောင်းမြတ်သောအလုပ်တစ်ခုကိုပင် မလုပ်နိုင်သောသူတစ်ဦးဖြစ်သည်နှင့်အညီ အဘယ်သို့ သင်သည် ဖယ်ရှားခြင်း မခံရနိုင်မည်နည်း။ တစ်ပြားမတန်သကဲ့သို့ အသက်မပိုင်သောသူ တစ်ဦးသည် သိမ်းပိုက်ခြင်းအမှုအတွက် အသုံးဝင်မှု တစ်စုံတစ်ရာ ရှိနိုင်ပါသလော။ အချိန်တန်သောအခါ သင်တို့၏ နေ့ရက်ကာလများသည် နောဧ နှင့် သောဒုံတို့၏ နေ့ရက်ကာလများထက် ပိုခက်ခဲလိမ့်မည်ဖြစ်သည်။ သင်၏ ဆုတောင်းချက်များသည် ထို့နောက်တွင် သင့်ကို ကောင်းကျိုးပြုလိမ့်မည်မဟုတ်။ ကယ်တင်ခြင်းအလုပ် အဆုံးသတ်သည်နှင့် နောင်တရရန် သင်သည် အစမှ မည်သို့ ပြန်စနိုင်မည်နည်း။ ကယ်တင်ခြင်းအလုပ်အားလုံး ပြီးမြောက်သည်နှင့်တပြိုင်နက် နောက်ထပ် ကယ်တင်ခြင်းအလုပ် ရှိတော့မည်မဟုတ်။ ရှိမည့်အရာမှာ ဆိုးယုတ်သောသူကို တရားစီရင်ခြင်းအလုပ် စတင်ခြင်းဖြစ်သည်။ သင် အတိုက်အခံလုပ်သည်၊ ပုန်ကန်သည်၊ ပြီးလျှင် ဆိုးညစ်မှန်းသိသောအရာများကို သင်လုပ်သည်။ သင်သည် ပြင်းထန်သော ပြစ်ဒဏ်စီရင်ခြင်း၏ ပစ်မှတ် မဟုတ်လော။ ယနေ့ ဤအရာကို သင့်အတွက် ငါရှင်းအောင်ပြောနေသည်။ နားမထောင်ဖို့ သင်ရွေးချယ်လျှင်၊ နောက်ပိုင်းတွင် သင့်အပေါ်သို့ ဘေးဒုက္ခ ကျရောက်သည့်အခါ၊ နောက်ပိုင်းမှ သင်နောင်တရခံစားပြီး ယုံကြည်ဖို့ စတင်လျှင် အလွန်နောက်ကျသွားလိမ့်မည် မဟုတ်လော။ ငါသည် သင့်ကို ယနေ့ နောင်တရဖို့ အခွင့်အရေးပေးနေသော်လည်း သင်သည် ဆန္ဒမရှိ။ သင် အဘယ်မျှကာလပတ်လုံး စောင့်ဆိုင်းချင်သနည်း။ ပြစ်တင်ဆုံးမခြင်း နေ့ရက်တိုင်အောင်လော။ ယနေ့ ငါသည် သင်၏ အတိတ်က လွန်ကျူးခြင်းများကို မအောက်မေ့ပါ။ ငါသည် သင်၏ အပြုသဘော ဘက်သို့သာ ကြည့်ဖို့ရန် အပျက်သဘောကို အဝေးသို့လှည့်ရင်း သင့်ကို အဖန်ဖန် ငါ ခွင့်လွှတ်၏၊ အဘယ့်ကြောင့်ဆိုသော် ငါ၏ လက်ရှိ စကားလုံးအားလုံးနှင့် အလုပ်အားလုံးတို့သည် သင့်ကို ကယ်တင်ဖို့ရန်ဖြစ်ပြီး သင့်အပေါ်မကောင်းသော ရည်ရွယ်ချက် ငါမရှိပါ။ သို့သော် ဝင်လာဖို့ သင် ငြင်းဆန်၏၊ မကောင်းသောအရာမှ ကောင်းသောအရာကို သင်မပြောနိုင်သလို ကြင်နာမှုကို မည်သို့အသိအမှတ်ပြုရမည်ကို သင်မသိ။ ယင်းသို့ ပြစ်ဒဏ်ပေးခြင်းနှင့် ဖြောင့်မတ်သော ဒဏ်ခတ်ခြင်းကို ရိုးရှင်းစွာ တိမ်းညွှတ် စောင့် ဆိုင်းနေသည်မှာ ဤပုဂ္ဂိုလ်မျိုးမဟုတ်လော။

မောရှေက ကျောက်တုံးကို ရိုက်ခဲ့သည့်အခါ ယေဟောဝါပေးသနားသောရေ ပန်းထွက်လာခဲ့ခြင်းသည် သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ဒါဝိဒ်သည် နှလုံးသားထဲ ရွှင်လန်းခြင်း အပြည့်နှင့် ငါယေဟောဝါကို ချီးမွမ်း၍ စောင်းတီးခဲ့သောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ယောဘသည် တောင်များအပေါ် ပြည့်လျှံနေသော သူ၏ခြံမွေးတိရစ္ဆာန်နှင့် သူ၏ မပြောပြနိုင်လောက်သော စည်းစိမ်ချမ်းသာများ ဆုံးရှုံးသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် အနာစိမ်းများနှင့် ဖုံးလွှမ်းခံခဲ့ရသောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူသည် ယေဟောဝါဖြစ်သော ငါ၏အသံကို ကြားနိုင်ခဲ့ပြီး၊ ငါ၏ ဘုန်းအာနုဘော်ကို မြင်နိုင်ခဲ့သောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ပေတရုသည် ယေရှုခရစ်တော်နောက် လိုက်နိုင်ခဲ့ခြင်းမှာလည်း သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူသည် ငါ့အကြောင်းကြောင့် ကားတိုင်ပေါ်မှာ သံမှိုစွဲနှက်ခြင်းခံရပြီး ကြီးမားစွာ သက်သေခံနိုင်ခဲ့သည်မှာလည်း သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ယောဟန်သည် လူသားတော်၏ ကြီးမြတ်သော ပုံသဏ္ဌာန်ကို မြင်တွေ့ခဲ့သောအခါ သူ၏ ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်။ သူသည် နောက်ဆုံးသော ကာလ၏ ရူပါရုံကို မြင်ခဲ့ရသည်မှာလည်း သူ၏ ယုံကြည်ခြင်းအားဖြင့် သာ၍ပင် ဖြစ်သည်။ မြောက်မြားလှစွာသော တစ်ပါးအမျိုးသား တိုင်းနိုင်ငံများဟုဆိုသော ထိုတိုင်းနိုင်ငံများသည် ငါ၏ ထုတ်ဖော်ခြင်းရပြီး လူသားများအကြားတွင် ငါ၏အမှုကို ပြုဖို့ရန်အတွက် ဇာတိခန္ဓာနှင့် ငါဆင်းကြွလာသည်ဆိုခြင်းကို သိလာရသည့် အကြောင်းရင်းသည်လည်း ၎င်းတို့၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ငါ၏ ကြမ်းတမ်းသော စကားလုံးများဖြင့် ရိုက်ခတ်ခံရသော်လည်း သူတို့အားဖြင့် နှစ်သိမ့်မှုခံရသောသူတို့နှင့် ကယ်တင်ခံရသောသူတို့အားလုံး— ၎င်းတို့အားလုံး မိမိတို့၏ ယုံကြည်ချက်ကြောင့် ပြုခဲ့ကြပြီ မဟုတ်လော။ လူတို့သည် ၎င်းတို့၏ ယုံကြည်ခြင်းကြောင့် အမှုအရာများစွာကို ရရှိခဲ့ကြသည်။ ယင်းသည် ကောင်းချီးမင်္ဂလာတစ်ရပ် အမြဲမဟုတ်ပေ။ ဒါဝိဒ် ခံစားခဲ့ရသော ပျော်ရွှင်မှုနှင့် ဝမ်းမြောက်ခြင်းမျိုးကို မခံစားခဲ့ရဘဲ ရှိချင်ရှိနိုင်သည်၊ သို့မဟုတ် မောရှေပြုသကဲ့သို့ ယေဟောဝါအား ရေပေးကမ်းစေခြင်း မရှိဘဲ ဖြစ်နိုင်သည်။ ဥပမာအားဖြင့်၊ ယောဘသည် သူ၏ယုံကြည်ခြင်းကြောင့် ကောင်းချီးမင်္ဂလာ ခံစားရသော်လည်း သူသည် ကပ်ဆိုက်မှုကိုလည်း ခံစားခဲ့ရသည်။ သင့်အနေဖြင့် ကောင်းချီးမင်္ဂလာ ခံစားရသည်ဖြစ်စေ ကပ်ဆိုက်မှု ခံစားရသည်ဖြစ်စေ၊ နှစ်ခုလုံးသည် မင်္ဂလာရှိသော ဖြစ်ရပ်များ ဖြစ်ကြသည်။ ယုံကြည်ခြင်းမရှိလျှင် သင်တို့သည် ဤသိမ်းပိုက်ခြင်းအလုပ်ကို ရရှိနိုင်လိမ့်မည်မဟုတ်၊ ယနေ့ သင်တို့မျက်မှောက်၌ ပြသသော ယေဟောဝါ၏ လုပ်ဆောင်ချက်များကို သာ၍ပင်မမြင်နိုင်ပေ။ သင်တို့ မြင်တွေ့နိုင်လိမ့်မည် မဟုတ်သလို ရရှိနိုင်စွမ်း သာ၍ပင် မရှိနိုင်ပေ။ ဤကပ်ဆိုက်မှုများ၊ ဤဘေးဒုက္ခများနှင့် တရားစီရင်ခြင်းအားလုံး— ဤအရာများ သင့်အပေါ်သို့ မကျရောက်ခဲ့လျှင် ယနေ့ ယေဟောဝါ၏ လုပ်ဆောင်မှုများကို သင် မြင်နိုင်လိမ့်မည်လော။ ယနေ့ သင်တို့ အသိမ်းပိုက်ခံရဖို့ အခွင့်ပေးသည်မှာ ယုံကြည်ခြင်း ဖြစ်ပြီး၊ သိမ်းပိုက်ခံနေရခြင်းက ယေဟောဝါ၏ လုပ်ဆောင်မှုတိုင်းကို ယုံကြည်ရန် သင့်ကို အခွင့်ပေးခြင်းဖြစ်သည်။ ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမျိုးကို ယုံကြည်ခြင်းကြောင့်သာ သင်လက်ခံရရှိခြင်းဖြစ်သည်။ ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအားဖြင့် သင်သည် သိမ်းပိုက်ခံရပြီး စုံလင်ခြင်းသို့ရောက်ရှိသည်။ ယနေ့ သင်လက်ခံရရှိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမျိုး မရှိလျှင် သင်၏ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်လိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်ကို သိမည် မဟုတ်သောကြောင့် ဖြစ်သည်။ သင်သည် သူ့ကို အဘယ်မျှလောက် ယုံကြည်သည်ဖြစ်စေ သင့်ယုံကြည်ခြင်းသည် စစ်မှန်မှု၌ အခြေခံမထားသော အနှစ်မဲ့ဖော်ပြချက်သာ ဖြစ်နေဦးမည်ဖြစ်သည်။ သင့်ကို လုံးလုံးလျားလျားနာခံစေသော အလုပ်ဖြစ်သည့် ဤသိမ်းပိုက်ခြင်းအလုပ်ကို သင်လက်ခံရရှိပြီးမှသာလျှင် သင်၏ ယုံကြည်ခြင်းသည် စစ်မှန်လာပြီး ယုံကြည်စိတ်ချရလာကာ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ဘက်သို့ လှည့်ခြင်းဖြစ်သည်။ ဤ “ယုံကြည်ခြင်း” ဟူသော စကားလုံးကြောင့် သင်သည် ကြီးမားသော တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းကိုခံရသော်လည်း သင့်မှာ စစ်မှန်သော ယုံကြည်ခြင်းရှိပြီး အမှန်ကန်ဆုံး၊ အစစ်မှန်ဆုံးနှင့် အဖိုးတန်ဆုံးသောအရာကို သင်လက်ခံရရှိခြင်း ဖြစ်ပေသည်။ ဤသို့ဖြစ်ရသည်မှာ တရားစီရင်ခြင်းဖြစ်စဉ်အထဲ၌သာ ဘုရားသခင်၏ ဖန်ဆင်းခံများ၏ နောက်ဆုံးပန်းတိုင်ကို သင်မြင်ရသောကြောင့် ဖြစ်သည်။ ဖန်ဆင်းရှင်က အချစ်ခံရဖို့ဖြစ်သည်ကို သင်မြင်ရသည်မှာ ဤတရားစီရင်ခြင်းထဲ၌ ဖြစ်သည်၊ သင်သည် ဘုရားသခင်၏ လက်တော်ကိုမြင်ရသည်မှာ ထိုသို့သော သိမ်းပိုက်ခြင်းအလုပ်ထဲ၌ ဖြစ်သည်၊ လူ့အသက်တာကို သင်အပြည့်အဝ နားလည်သဘောပေါက်လာသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌ ဖြစ်သည်၊ သင်သည် လူ့အသက်၏ မှန်ကန်သောလမ်းကို ရပြီး “လူသား” ၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်သဘောပေါက်လာသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌ ဖြစ်သည်။ သင်သည် အနန္တတန်ခိုးရှင်နှင့် သူ၏ လှပပြီး ဘုန်းအသရေရှိသော မျက်နှာတော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ဖူးတွေ့ရသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌သာ ဖြစ်သည်၊ သင်သည် လူသား၏ ဇာစ်မြစ်ကို သိပြီး လူသားမျိုးနွယ်အားလုံး၏ “ထာဝရရှင်သန်သော သမိုင်း” ကို နားလည်ရသည်မှာ ဤသိမ်းပိုက်ခြင်းအလုပ်၌ ဖြစ်သည်။ လူသားမျိုးနွယ်၏ ဘိုးဘေးများနှင့် လူသားမျိုးနွယ်၏ ပျက်စီးခြင်း ဇာစ်မြစ်ကို သင်နားလည်လာရသည်မှာ ဤသိမ်းပိုက်ခြင်းအလုပ်ထဲ၌ ဖြစ်သည်။ ဝမ်းမြောက်ခြင်းနှင့် နှစ်သိမ့်ခြင်းသာမက အဆုံးမဲ့ ပြစ်တင်ဆုံးမမှု၊ ပြစ်ဒဏ်ပေးခြင်းနှင့် ဖန်ဆင်းရှင်မှ အဖန်ဆင်းခံ လူသားမျိုးနွယ်အား အပြစ်တင်သည့် နှုတ်ကပတ်တော်များကို သင်လက်ခံရရှိသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌ ဖြစ်သည်၊ သင်ကောင်းချီးမင်္ဂလာများအပြင် လူသားရရှိသင့်သည့် ဘေးဒုက္ခများကိုလည်း လက်ခံရရှိသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌ ဖြစ်သည်။...ဤအရာအားလုံးသည် သင်၏ ယုံကြည်ခြင်းအနည်းငယ်ကြောင့် ဖြစ်သည် မဟုတ်လော။ ထို့အပြင် ဤအရာများ ရရှိပြီးနောက် သင်၏ ယုံကြည်ခြင်း ကြီးထွားခဲ့သည် မဟုတ်လော။ သင်သည် ကြီးမားသည့် ပမာဏတစ်ခု ရရှိခဲ့သည် မဟုတ်လော။ သင့်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီး ဘုရားသခင်၏ ဉာဏ်ပညာကို မြင်တွေ့ခဲ့သည်သာမက သူ့အလုပ်၏ အဆင့်တစ်ခုစီကိုလည်း ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားခဲ့ရပြီ ဖြစ်သည်။ သင့်အနေဖြင့် ယုံကြည်ခြင်းမရှိခဲ့လျှင် ဤပြစ်တင်ဆုံးမမှုမျိုး သို့မဟုတ် ဤတရားစီရင်ခြင်းမျိုးကို သင်ခံစားရမည်မဟုတ်ဟု သင်ပြောကောင်း ပြောလိမ့်မည်။ သို့သော် သင်သိသင့်သည်မှာ ယုံကြည်ခြင်းမရှိလျှင် အနန္တတန်ခိုးရှင်ထံမှ ဤပြစ်တင်ဆုံးမမှုမျိုး သို့မဟုတ် ဤပြုစုစောင့်ရှောက်မှုမျိုးကို သင်လက်ခံရရှိနိုင်လိမ့်မည် မဟုတ်သည်သာမက ဖန်ဆင်းရှင်ကို မြင်တွေ့ဖို့ အခွင့်အလမ်းကိုလည်း သင်ထာဝရ ဆုံးရှုံးလိမ့်မည် ဖြစ်သည်။ သင်သည် လူသားမျိုးနွယ်၏ မူလအစကို ဘယ်သောအခါမျှ သိလိမ့်မည်မဟုတ်သလို လူ့အသက်တာ၏ အရေးပါမှုကိုလည်း လုံးဝ နားလည်လိမ့်မည် မဟုတ်။ သင့်ကိုယ်ခန္ဓာ သေဆုံးပြီး သင်၏ဝိညာဉ်ထွက်ခွာလျှင်ပင် ဖန်ဆင်းရှင်၏ လုပ်ဆောင်မှုအားလုံးကို သင် နားလည်လိမ့်ဦးမည် မဟုတ်ပေ။ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက် ဖန်ဆင်းရှင်သည် ကမ္ဘာမြေကြီးပေါ် ဤမျှ ကြီးမားသော အလုပ်ကို လုပ်ဆောင်တော်မူခဲ့သည်ကို သင် သာ၍ပင် သိမည်မဟုတ်ပေ။ သူဖန်ဆင်းသော လူသားမျိုးနွယ်၏ အဖွဲ့ဝင်တစ်ဦးအဖြစ် သင်သည် မသိနားမလည်စွာဖြင့် မှောင်မိုက်ထဲသို့ ဤသို့လဲကျပြီး ထာဝရ ပြစ်ဒဏ်စီရင်ခြင်းကို ခံစားလိုသလော။ သင်သည် ယနေ့ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်းတို့မှ သင့်ကိုယ်သင် ခွဲခွာမည်ဆိုပါက၊ သင်မည့်သည့်အရာနှင့် တွေ့ဆုံမည်နည်း။ လက်ရှိတရားစီရင်ခြင်းမှ ကွဲကွာသည်နှင့်တပြိုင်နက် ဤခက်ခဲသောဘဝမှ သင်လွတ်မြောက်နိုင်လိမ့်မည်ဟု ထင်သလော။ “ဤအရပ်” ကို သင်စွန့်ခွာလျှင် သင်ကြုံတွေ့ရမည့်အရာမှာ နတ်ဆိုးပေးသည့် နာကျင်သောညှဉ်းဆဲခြင်း သို့မဟုတ် ရက်စက်သော ညှဉ်းပန်းနှိပ်စက်ခြင်းများ ဖြစ်သည်မှာ အမှန်မဟုတ်လော။ သည်းမခံနိုင်သော နေ့နှင့်ညများကို သင် ရင်ဆိုင်နိုင်သလော။ ယနေ့ ဤတရားစီရင်ခြင်းမှ သင်လွတ်မြောက်သောကြောင့် အနာဂတ်ညှဉ်းပန်းနှိပ်စက်ခြင်းကို သင်ထာဝရ ရှောင်လွှဲနိုင်သည်ဟု သင်ထင်သလော။ သင့်လမ်း၌ အဘယ်အရာ လာလိမ့်မည်နည်း။ သင်မျှော်လင့်သော ရှန်ဂရီလာ အမှန်ပင် ဖြစ်နိုင်သလော။ သင်သည် ယခုသင်ပြုနေသကဲ့သို့ လက်တွေ့ဘ၀မှ အဝေးသို့ ပြေးရုံဖြင့်သာ နောက်နောင် ထာဝရ ပြစ်တင်ဆုံးမမှုမှ သင် လွတ်မြောက်နိုင်သည်ဟု ထင်သလော။ ယနေ့ပြီးနောက် ဤအခွင့်အလမ်းမျိုးနှင့် ဤကောင်းချီးမင်္ဂလာမျိုး နောက်တဖန် သင်ရှာတွေ့နိုင်လိမ့်ဦးမည်လော။ သင့်အပေါ် ဘေးဥပဒ်ကျရောက်သောအခါ ၎င်းတို့ကို သင်ရှာတွေ့နိုင် လိမ့်မည်လော။ လူသားမျိုးနွယ်အားလုံး ချမ်းသာထဲသို့ ဝင်ရောက်သောအခါ ၎င်းတို့ကို သင်ရှာတွေ့နိုင်လိမ့်မည်လော။ သင်၏ လက်ရှိပျော်ရွှင်သောဘဝနှင့် သဟဇတဖြစ်သော သင့်မိသားစုငယ်လေး— ၎င်းတို့က သင်၏အနာဂတ် ထာဝရ ပန်းတိုင်ကို အစားထိုးနိုင်သလော။ သင့်အနေဖြင့် စစ်မှန်သော ယုံကြည်ခြင်း ရှိလျှင်၊ သင်၏ ယုံကြည်ခြင်းအားဖြင့် ကြီးစွာ ရရှိလျှင် ထိုအရာအားလုံးသည်— အဖန်ဆင်းခံ သတ္တဝါတစ်ခုဖြစ်သော— သင်ရရှိသင့်သည့် အရာဖြစ်ပြီး ကနဦးကတည်းက သင်၌ ရှိခဲ့သင့်သော အရာလည်း ဖြစ်သည်။ သင်၏ယုံကြည်ခြင်းနှင့်ဘ၀အတွက် မည်သည့်အရာမျှ ဤသိမ်းပိုက်ခြင်းမျိုးထက် သာ၍အကျိုးမပြုပေ။

လက်ရှိအချိန်တွင် သိမ်းပိုက်ခြင်းခံနေရသူတို့အား ဘုရားသခင် တောင်းဆိုသောအရာ မည်သည့်အရာဖြစ်သည်၊ သိမ်းပိုက်ခြင်းခံရသူတို့အပေါ် သူ၏ စိတ်သဘောထား မည်သို့ရှိသည်နှင့် သင်အဘယ်သို့ ချက်ချင်း ဝင်ရောက်ရမည် ဆိုသည်တို့ကို သင်နားလည်ရန် လိုအပ်သည်။ အချို့အရာများကို သင်အနည်းငယ်သာ နားလည်ရန် လိုအပ်သည်။ နက်နဲမှုများအပေါ် ဟောပြောထားသော အချို့ကို သင်သဘောပေါက်ဖို့ စိတ်အနှောက်အယှက်ဖြစ်စရာ မလိုအပ်ပါ။ ဘဝမှာ ၎င်းတို့က များစွာ အကူအညီ မဖြစ်ပဲ ၎င်းတို့အား တစ်ချက် ကြည့်ယူဖို့ရန် လုံလောက်၏။ ဥပမာအားဖြင့် အာဒံနှင့် ဧဝတို့အကြောင်း ကဲ့သို့သော နက်နဲသောအရာများကို တစ်ချက်ကြည့်ဖို့ရန်သာ လိုအပ်သည်။ ပြီးခဲ့သည့် အာဒံနှင့် ဧဝတို့၏ အကြောင်းအရာအားလုံးနှင့် ယနေ့ ဘုရားသခင် ပြုလုပ်လိုသည့်အလုပ်— ဤအကြောင်းများကို သင်သိရန် လိုအပ်သည်။ လူကို သိမ်းပိုက်ခြင်းနှင့် စုံလင်စေခြင်းတို့ထဲတွင် ဘုရားသခင်က လူကို အာဒံနှင့် ဧဝတို့ ရှိခဲ့ကြသည့် လမ်းသို့ ပြန်လာစေချင်ကြောင်း သင်နားလည်ရန် လိုအပ်သည်။ စုံလင်သောသူတစ်ဦးသည် ဘုရားသခင်၏ စံကို အဘယ်သို့ မှီရမည်နည်း— ယင်းနှင့်ပတ်သက်၍ သင်သည် အသိစိတ်ကောင်းကောင်း ရှိသင့်ပြီး ထိုအရာအတွက် အရောက်လှမ်းလိုစိတ် ပြင်းပြရမည်။ ထိုအရာမှာ သင်၏ အလေ့အထအကြောင်းနှင့် သင် နားလည်သဘောပေါက်သင့်သည့် အရာဖြစ်သည်။ ဤကိစ္စရပ်များနှင့် သက်ဆိုင်သော စကားလုံးများအရ ဝင်ရောက်ရန် ကြိုးပမ်းဖို့ရန်သာ သင်လိုအပ်သည်။ “လူသားမျိုးနွယ်၏ သမိုင်းတိုးတက်မှုက နှစ်ပေါင်း သောင်းနှင့် ချီပြီး နောက်ပြန်သွားသည်” ဟု သင်ဖတ်ရသောအခါ သင် စူးစမ်းချင်နေသည်၊ ထို့ကြောင့် ညီအစ်ကို မောင်နှမများနှင့်အတူ ထိုအရာကို သဘောပေါက်နားလည်ဖို့ သင်ကြိုးစားသည်။ “လူသားမျိုးနွယ်၏ တိုးတက်မှုက နှစ်ခြောက်ထောင်ကို နောက်ပြန်လှည့်သည်ဟု ဘုရားက ပြောသည်မှာ မှန်သလား။ ဤနှစ်သောင်းချီဆိုသည့် အကြောင်းက ဘာလဲ။” ဤအရာကို နားလည်ဖို့ ကြိုးစားခြင်း၏ အသုံးဝင်မှုမှာ အဘယ်နည်း။ ဘုရားသခင် ကိုယ်တော်တိုင် နှစ်သောင်းချီ သို့မဟုတ် နှစ်သန်းပေါင်းရာချီပြီး အလုပ်လုပ်နေခဲ့သည်ဖြစ်ဖြစ်— ဤအရာကို သင်တွက်ဆပေးဖို့ သူလိုအပ်မည်လော။ ဤအရာသည် အဖန်ဆင်းခံ ဖြစ်သည်နှင့်အညီ သင်သိဖို့ လိုအပ်သောအရာ မဟုတ်ပါ။ ဤဆွေးနွေးမှုမျိုးကို သင်တစ်ချက်သာ ကြည့်ဖို့ လိုအပ်သည်၊ ရူပါရုံတစ်ခုလို ထိုအရာကို နားလည်ဖို့ မကြိုးစားနှင့်။ သင်သိဖို့လိုအပ်သည့်အရာမှာ အဘယ်သို့ သင်ဝင်ရောက်သင့်သည် ဆိုသည့်အရာနှင့် ယခုချက်ချင်း ရှင်းလင်းပြတ်သားမှု ရရှိခြင်းတို့ ဖြစ်သည်။ အကြိမ်ကြိမ် တွေးဆချင့်ချိန်ပြီး ဤအကြောင်းများကို ရှင်းရှင်းလင်းလင်း ဖြစ်စေပါ။ ထို့နောက်မှ သင်သည် သိမ်းပိုက်ခံရလိမ့်မည်။ အထက်ပါအကြောင်းအရာကို ဖတ်ရှုပြီးနောက်တွင် သင်သည် သာမန် တုန့်ပြန်မှုရှိလိမ့်မည်၊ ဘုရားသခင်သည် စိုးရိမ်ပူပန်မှုဖြင့် တောက်လောင် နေ၏။ သူသည် ကျွန်ုပ်တို့အား သိမ်းပိုက်ချင်ပြီး ဘုန်းအသရေနှင့် သက်သေကို ရလိုသည်။ ကျွန်ုပ်တို့သည် သူနှင့်အတူ မည်သို့ ပူပေါင်းလုပ်ဆောင်သင့်သနည်း။ သူ့အားဖြင့် လုံးလုံးသိမ်းပိုက်ခံရပြီး သူ၏ သက်သေဖြစ်လာဖို့ရန် ကျွန်ုပ်တို့ မည်သည့်အရာကို လုပ်ရမည်နည်း။ ဘုရားသခင်ကို ဘုန်းအသရေရစေရန် ကျွန်ုပ်တို့ မည်သည့်အရာ လုပ်ရမည်နည်း။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို ဘုရားသခင်၏ အုပ်စိုးမှုအောက်၌ အသက်ရှင်ပြီး စာတန်၏ အုပ်စိုးမှုအောက် အသက်မရှင်စေဖို့ရန် မည်သည့်အရာ လုပ်ဆောင်ရမည်နည်း။ ဤအရာမှာ လူတို့ စဉ်းစားသင့်သော အကြောင်းအရာဖြစ်သည်။ သင်တို့တစ်ဦးစီတိုင်း သိမ်းပိုက်ခြင်း၏ အရေးပါမှုအပေါ် ရှင်းရှင်းလင်းလင်း ဖြစ်သင့်သည်။ ယင်းမှာ သင်တို့၏ တာဝန်ဝတ္တရားဖြစ်၏။ ဤရှင်းလင်းပြတ်သားမှုကို ရရှိပြီးနောက်မှသာ သင်တို့ဝင်လမ်းရမည်၊ အလုပ်၏ ဤအဆင့်ကို သင်တို့သိမည်ဖြစ်ပြီး သင်တို့သည် လုံးလုံးနာခံမှု ရှိလာပါလိမ့်မည်။ သို့မဟုတ်လျှင်၊ စစ်မှန်သော နာခံမှုကို သင်တို့ ရရှိမည်မဟုတ်ပါ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။