၂၀၇ ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် သိမ်းပိုက်ခြင်းခံရသည်

၁ သခင့်ကို နှစ်များစွာ ကျွန်ုပ် ယုံကြည်ခဲ့သော်လည်း သမ္မာတရားကို လိုက်စားရန် မသိခဲ့သေးပေ။ ဘာသာရေး အခမ်းအနားကို ကျွန်ုပ် ဖက်တွယ်ခဲ့၊ ဘုရားသခင်၌ ကျွန်ုပ်၏ ယုံကြည်ခြင်းက မရေရာကာ စိတ်ကူးသက်သက်ဖြစ်ခဲ့။ ကျမ်းစာ အနည်းအကျဉ်း ကျွန်ုပ် နားလည်ခဲ့သောကြောင့် ဘုရားသခင်ကို ကျွန်ုပ် သိကျွမ်းသည်ဟု ထင်မိခဲ့။ ဆုလာဘ်ချီးမြင့်ခံရကာ သရဖူဆောင်းခံရဖို့ရန်အလို့ငှာ သခင့်အတွက် ကျွန်ုပ် အသုံးခံကာ ဒုက္ခခံခဲ့ပေ။ ကျွန်ုပ်၏ စိတ်နှလုံးက ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများဖြင့် ပြည့်ခဲ့ပေ။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာတို့ကို ပျော်မွေ့ခြင်းအား ကျွန်ုပ်၏ စိတ်နှလုံးက တပ်မက်ခဲ့။ လူ့ဇာတိခံ လူသား၏ မိန့်မြွက်ချက်များကို ကျွန်ုပ် ရှုမြင်ရသည့်အခါ၊ ဘုရားသခင်၏ အမှုတော်ကို တိုင်းတာဖို့ သမ္မာကျမ်း နှုတ်ကပတ်တော်များကို ကျွန်ုပ် အသုံးပြုခဲ့။ ဘာသာရေး အယူအဆများကို ကျွန်ုပ် ဖက်တွယ်ကာ ဤအရာက သခင့်ကို သစ္စာရှိခြင်းဖြစ်သည်ဟု ကျွန်ုပ် ထင်ခဲ့ပေ။ ကျွန်ုပ်၏ လုပ်ရပ်များက ဖာရိရှဲများ နှင့် အဘယ်သို့ ကွဲပြားခဲ့သနည်း။

၂ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို ကျွန်ုပ် တွေ့ကြုံရသည့်အခါ၊ ယင်းက အိပ်မက်တစ်ခုမှ နိုးထသကဲ့သို့ ဖြစ်ခဲ့ပေ။ ကျွန်ုပ်၏ မာနထောင်လွှားခြင်းက ကျွန်ုပ်အား အသိစိတ်နှင့် ဆင်ခြင်တုံတရားအားလုံးကို မည်သို့ ဆုံးရှုံးစေခဲ့သည်ကို ကျွန်ုပ်တွေ့ရသည်။ သမ္မာတရား မရှိဘဲ၊ အယူအဆများနှင့် စိတ်ကူးများဖြင့် ကျွန်ုပ် ဘုရားသခင်ကို မကြာခဏ ဘောင်ခတ်ခဲ့။ ခရစ်တော်နှင့် ပတ်သက်၍လည်း သူက သာမန်လူတစ်ဦးဖြစ်သည့်အလား ဝေဖန်အကဲဖြတ်ကာ သူ့ကို ကျွန်ုပ် ငြင်းပယ်ခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များအားဖြင့် ကျွန်ုပ် သိမ်းပိုကအုပ်စိုးခံရသောအခါမှသာ၊ ဘုရားသခင်၏ ပေါ်ထွန်ခြင်းကို ကျွနုပ် ရှုမြင်ခဲ့ရပေ။ အလွန်မာနထောင်လွှားကာ ဘုရားသခင်ကို သိကျွမ်းဖို့ မျက်ကန်းဖြစ်ခဲ့ခြင်းအတွက် ကျွန်ုပ် မိမိကိုယ်ကိုယ် စက်ဆုပ်မိခဲ့။ ကျွန်ုပ်၏ အတိတ်က မနာခံမှုနှင့် ဆန့်ကျင်မှုတို့ကို စဉ်းစားရင်း၊ ဝမ်းနည်းမှုဖြင့် ကျွန်ုပ် ပြည့်ခဲ့ရ။ ဘုရားသခင်ရှေ့မှောက် ဦးညွှတ်ရင်း၊ အဆုံးစွန်သော နောင်တကို ကျွန်ုပ် ခံစားခဲ့ရ။ သမ္မာတရားကို လိုက်စားဖို့နှင့် လူ၏ ဆင်တူမှုအတိုင်း အသက်ရှင်နေထိုင်ဖို့ ကျွန်ုပ် စိတ်ဆုံးဖြတ်ခဲ့သည်။ ဘုရားသခင်နောက်လိုက်ခြင်းအပေါ် ကျွန်ုပ်၏ စိတ်နှလုံးကို ထားရှိကာ သမ္မာတရားကို ကျွန်ုပ် ရရှိသည်အထိ ကျွန်ုပ် အနားယူမည်မဟုတ်ပေ။

အရှေ့သို့- ၂၀၆ ဘုရားကို ဘယ်တော့မှ ကျောခိုင်းသွားတော့မည် မဟုတ်ပါ

နောက်တစ်ခုသို့- ၂၀၈ ဘုရားသခင်၏ တရားစီရင်ခြင်းက ကောင်းချီးမင်္ဂလာတစ်ပါးပေ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကို ကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။